Aung Yell's Sharing

Aung Yell's Sharing Your Success is My Goal.

01/06/2024

Marketer တွေဟာ အထာကျဖို့ ....လိုတယ်။

ဈေးကွက် ထဲသွားတဲ့အခါ
ကျန်တော်တို့ဟာ Personal Selling
လုပ်ကြရပါတယ်။

ဘာကြောင့်လုပ်ရတာလဲ ဆိုရင်....ရှင်းပါတယ်။

Customer တွေရဲ့ ယုံကြည်မှု (Trust) ကို
လိုချင်လို့ပါ။

Personal Selling လုပ်တော့မယ့်
Marketerတစ်ယောက်ဟာ....

မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိရမယ်။

မိမိရဲ့ထုတ်ကုန် (Product or Service) ကို
ယုံကြည်မှု ရှိရမယ်။
သေချာ ရှင်းလင်းတင်ပြ တတ်ရမယ်။

လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေ
(မှတ်စု ၊ဘော့ပင်၊ Calculator .....) အစရှိသဖြင့် တစ်ပါတည်း ကိုယ်နဲ့မကွာ ပြင်ဆင်ထားရမယ်။

တစ်ကိုယ်ရည် အသွင်အပြင်
( အဝတ်အစား၊ ဆံပင်၊ ဖိနပ် ၊ခြေလက်.....)သန့်ရှင်းပြီး သပ်သပ်ရပ်ရပ်ရှိရမယ်။

ကိုယ်သင်းရနံ၊ အာခံတွင်းရနံ တို့ကလည်း
မွေးပျံ့ ပြီး အဆင်ပြေနေရမယ်။

Customer နဲ့ မျက်နှာချင်းဆိုင်
(Face to Face Communication) ပြောဆို
ဆက်သွယ်တဲ့အခါမှာလည်း အပိုအလိုမရှိသော....

ကိုယ်နေဟန်ထား
အမူအရာ
အသံ အနိမ့်အမြင့်
စကားအသုံးနှုန်း တို့ကို အသုံးပြုနိူင်ရမယ်။

ဖြူစင်ရိုးသားရမယ်။

အပြုသဘော အမြင်ရှိရမယ်။

အဖွဲ့အစည်း စိတ်ဓာတ်ရှိရမယ်။

သွက်လက်ပြီး ပြုံးရွှင်ပြသော
မျက်နှာအနေအထားရှိရမယ်။

သင့်ရဲ့ စျေးကွက် ကို အထာကျကျ သိမ်းပိုက်လိုက်ပါ...Marketer

#ကိုရဲ
#အသွေးအသားထဲကမားကတ်တင်း

23/05/2024

ငယ်ရေ...လောကမှာ...

စိုက်ပျိုးခြင်း နှင့် ရိတ်သိမ်းခြင်း ဆိုင်ရာ စကြဝဠာ နိယာမ ဆိုတာ ရှိတယ်။

ကိုယ် တို့ ဗုဒ္ဓဘာသာမှာလည်း အယူအဆ တစ်ခုရှိတယ် မဟုတ်လား....

ကိုယ်လုပ်တာ ကိုယ်ပြန်ရတယ် ဆိုတာ။

ပြီးတော့....
စကားဆိုလေး ငယ် ကြားဖူးပါလိမ့်မယ်။

"ကိုယ်ပြုသည့် ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်"

အဲ့ဒီအတိုင်းပါပဲ။

ကောင်းတာတွေလုပ်ရင် ကောင်းတာတွေရမယ်။

ကောင်းတာတွေလုပ်ဖို့ ကောင်းတာတွေ တွေးနေဖို့လိုပါတယ်.. ငယ်။

စ တွေးပါ။
စ လုပ်ပါ။
ဆက် လုပ်ပါ။
ပြီးဆုံးအောင် လုပ်ပါ။

Positive Energy တွေရရှိဖို့ ....
Positive Thinking ရှိဖို့ လိုပါတယ်။

Negative အတွေးတွေ တွေးနေပြီး
ကောင်းတာတွေ ဖြစ်ချင်နေတယ်
ရရှိချင်နေတယ်ဆိုရင်တော့....

ပန်းသီးပင်စိုက်ပြီး လိမ္မော်သီး သီးတာကို
ထိုင်စောင့်နေတာနဲ့ တူပါလိမ့်မယ်။

အချိန်တစ်ခု လိုတယ်...ငယ်

မြေပြင်မယ်။

မျိုးစေ့ ချမယ်။

ရေလောင်းမယ်။

ပေါင်းသင်မယ်။

အပင်ကြီးလာမယ်။

အပွင့် ပွင့်မယ်။

အသီး သီးမယ်။

အဆင့်ဆင့် အတွက် အချိန်လိုအပ်ပါတယ်။

အခုရေတွင်းတူး အခုရေကြည်သောက်ဖို့ရာ အဆင်မပြေဘူး..ငယ်

ရောင်းအားတက်ဖို့ ထိုင်ဆုတောင်းနေရုံနှင့် မရဘူး ငယ်...

📌 Follow up လိုက်ပါ...ဂရုစိုက်ပါ...📌

ချစ်သော...

#ကိုရဲ
#အသွေးအသားထဲကမားကတ်တင်း
#ငယ်ဖတ်ဖို့
#အပိုင်း(၁၃)

ရောင်းခိုင်းတိုင်း မရောင်းနိူင်ဘူး....ငယ်ဆိုကြပါစို့...စျေးများတယ်...စျေးကွက်ထဲမှာ😔စျေးကြီးနေတယ်...ပြိုင်ဘက်တွေထက်😮ရတယ် ...
22/05/2024

ရောင်းခိုင်းတိုင်း မရောင်းနိူင်ဘူး....ငယ်

ဆိုကြပါစို့...

စျေးများတယ်...စျေးကွက်ထဲမှာ😔

စျေးကြီးနေတယ်...ပြိုင်ဘက်တွေထက်😮

ရတယ် ကိစ္စမရှိဘူး.....

ရအောင် ရောင်းပြမယ်...ငယ်
(Customer Relationship ခိုင်တယ်)😳

ရွေးချယ်စရာတွေ အများကြီး အထဲမှာမှ ဘာလို့.မင်းတို့ကုန်ပစ္စည်း၊ ကုမ္ပဏီ ကိုရွေးချယ်ရမှာလဲ
(USP)

မအေးအေးဝင်း စီစဥ်တာမှ မဟုတ်တာ....

ဘဝဟာ..ရုပ်ရှင်ဇာတ်လမ်းမှ မဟုတ်တာ .....

အရည်အသွေး တူ
ဝန်ဆောင်မှု တူ
စျေးနှုန်း မတူရင် (မတူရင်)

တကယ့်လက်တွေ့စျေးကွက်မှာ...
ဖောက်သည်က စျေးနှုန်းသက်သာတဲ့ ရောင်းသူကိုသာ
ရွေးချယ်ဝယ်ယူကြမှာ အမှန်တရားပါ...ငယ်

Behind the scenes reasons တွေကို ဖောက်သည်က မသိချင်ဘူး
(သူတို့ အလုပ်မှ မဟုတ်တာ...)😁

ကုန်ကြမ်းစျေးကြီးလို့...

ဝယ်ယူရတဲ့ Supplier မတူလို့...

သူတို့က ဟိုလူကြီး လမ်းကြောင်းရှိလို့...

သူတို့ကလေ ကုန်ကားဂိတ်ကြီး ကိုယ်ပိုင်ထောင်ထားလို့..

ဘာဖြစ်လို့... ညာဖြစ်လို့...😁😁😁

ဒီကုန်ပစ္စည်း ဒီဝန်ဆောင်မှု ဒီ Payment Term ချင်းအတူတူ...စျေးကြီးနေရင်...
ကိုယ်တိုင်ရော...ဖောက်သည်နေရာခံစားကြည့်..

ဝယ်မလား ဟင်🙄

Customer Relationship အင်မတန် ခိုင်မာပါတယ်....

သို့သော်လည်း ...စီးပွားရေးလုပ်နေတာမို့ (အခုလို အရာရာကြပ်တည်းနေတဲ့ အချိန်ကြီးမှာ)... Sorry ပါ နောက်တစ်ခါစျေးနှုန်းချင်း တူခဲ့ရင်လေ (သို့မဟုတ်) နည်းနည်းလေး ကွာနေရင်လေ... အားပေးပါ့မယ်ဆိုပြီး 😔😔😔

သူ့လည်းကိုယ် အားနာ...ကိုယ့်လည်း သူ အားနာခဲ့ကြရမှာ...အမှန်ပါ..😩😩😩

ငယ်ရေ...

Marketing ရဲ့ အခြေခံ 4'P မှာ....

Price (စျေးနှုန်း)$$$

လည်း အဓိက နေရာမှာ ပါဝင်နေတာမို့...

သင့်တင့်မျှတသော...စျေးနှုန်းကို Cost Effective
ဖြစ်စေရန် BEP ကိုသာ ကြိုးစား ချိန်ညှိပြီး ....

စျေးနှုန်း သတ်မှတ်ကြပါရန်.. အရေးကြီးပါကြောင်း

အကြံပြု ရေးသားလိုက်ပါတယ်...ငယ်

ကိုယ်တို့ဟာ တန်ခိုးရှင်တွေ မဟုတ်ဘူး... ငယ်

ချစ်သော.....

#ကိုရဲ
#အသွေးအသားထဲကမားကတ်တင်း
#ငယ်ဖတ်ဖို့
#အပိုင်း(၁၁)

ငယ်ရေ...ကိုယ်တို့လို..အရောင်းသမား နဲ့ ဈေးကွက် ဖော်ဆောင်သူ ဘဝတွေဆိုတာဟာ လေ"မောတော့...မောတာပေါ့...ဒါပေမယ့် မမောဘူး"ဦးထီး(စ...
21/05/2024

ငယ်ရေ...ကိုယ်တို့လို..

အရောင်းသမား နဲ့ ဈေးကွက် ဖော်ဆောင်သူ ဘဝတွေဆိုတာဟာ လေ

"မောတော့...မောတာပေါ့...ဒါပေမယ့် မမောဘူး"

ဦးထီး(စိုင်းထီးဆိုင်) သီချင်းထဲကလိုပေါ့....ငယ်

Customer ရင်ထဲရောက်ဖို့....အရောင်းတစ်ခုဖြစ်ဖို့ ဆိုတာ လွယ်သလိုနဲ့ ခက်ခဲပါတယ်။

အထူးသဖြင့်....
အခုလို ပြောင်းလဲတိုးတက်လာတဲ့ ဈေးကွက်ခေတ်ထဲမှာ ရုန်းကန်ရတဲ့ ကိုယ် တို့ အသိဆုံးပါ။

ရောင်းချင်ဇောနဲ့ ဇွတ် ရောင်းနေပြန်ရင်လည်း...
အမှား ဖြစ်တတ်တယ်။(ကိုယ်တွေ့)

ပေးချင်ဇောနဲ့ ဇွတ် ပေးနေပြန်ရင်လည်း....
လိုတာတခြား...ပေးတာတခြား ဖြစ်နေတတ်တယ်...ငယ်

အရောင်းသမား က Sale closed ဖြစ်ရင်ပျော်သလို Repeat sales တတ်ရင်လည်း အမောပြေတယ်။

ဈေးကွက်ဖော်ဆောင်သူ က Customer ရင်ထဲ Brand ရောက်ရင် ပျော်သလို ပထမဆုံးသတိရတာကိုယ့် Brand ဆိုတာ...သိရရင် ပိုပြီး အမောပြေပါတယ်။

ဒါပေမယ့်
ကိုယ် တို့ မေ့နေတာ .....
သတိမရတာ ......
အမှုမဲ့အမှတ်မဲ့ ......
နေမိတာ တစ်ခုရှိတယ် ....ငယ်

Customer Focus ဆိုတဲ့နေရာမှာ External Customer တစ်မျိုးတည်းကိုအာရုံထားအလေးပေး နေလို့မရတော့ပါဘူး....။

သတိထား ကြည့်လိုက်ပါဦး....ငယ်ရေ

Internal Customer ဖြစ်တဲ့ ကိုယ်တို့ရဲ့ Organization ထဲက လူတွေ နဲ့ ရော...

အဆင်ပြေရဲ့လား...?

ဥပမာ...

ငယ်က... ဈေးကွက်ဖော်ဆောင်သူဆိုရင်...
Organization ရဲ့ရင်ထဲ ငယ်..ရောက်နေပြီလား....?
သူတို့ရဲ့ ရင်ထဲမှာရော...ငယ်.. ရှိလား....?

ဒါမှမဟုတ်

ငယ် ဟာ အရောင်းသမား တစ်ယောက်ဆိုရင်....
Organization ကို ငယ် Personal Selling လုပ်ပြီးပြီလား....?
သူတို့က ငယ် ရဲ့..Customer တွေ ဖြစ်နေပြီလား....?

အရေးကြီးတယ်...ငယ်

External & Internal Customer ပိုင်မှ တကယ့် Marketer စစ်စစ် ဖြစ်တာလို့ ကိုယ်ကတော့...အကြွင်းမဲ့ ယုံကြည်တယ်... ငယ်

ငယ်....
တစ်ခုခု အကျိုးရှိပါစေ...

ချစ်သော....

#ကိုရဲ
#အသွေးအသားထဲကမားကတ်တင်း
#ငယ်ဖတ်ဖို့
#အပိုင်း(၁၀)

ငယ်ရေ.....တစ်ခုခု ဆို ငယ်က သိပ်အငြင်းသန်သူမို့...ကိုယ်က ချစ်တဲ့စိတ်နဲ့...ကျေနပ်နေမိတာပါ... ငယ်...တကယ်တော့ ငြင်းခုံတယ် ဆိ...
20/05/2024

ငယ်ရေ.....

တစ်ခုခု ဆို ငယ်က သိပ်အငြင်းသန်သူမို့...ကိုယ်က ချစ်တဲ့စိတ်နဲ့...ကျေနပ်နေမိတာပါ... ငယ်...

တကယ်တော့ ငြင်းခုံတယ် ဆိုတာ....နေရာတိုင်းတော့ မကောင်းပေဘူးပေါ့ .....ငယ်

Customer နဲ့ ပြိုင်ငြင်းခုံဖူးပါသလား...?

ကိုယ်အရင်တုန်းက အလုပ် လုပ်ခဲ့တဲ့ ကုမ္ပဏီ တစ်ခုမှာပေါ့.....

အရောင်းဖြစ်စဉ် တစ်ခု။

Customer မှ ကြွေပြားဝယ်ယူလိုတယ်။

အိမ်သုံးအတွက်ဖြစ်ပြီး သူ့အိမ်နှင့်လိုက်ဖက်သော သူ့စိတ်ကြိုက်ဖြစ်သော ကြွေပြားဒီဇိုင်းနှင့် ဝန်ဆောင်မှု ကိုယ် ပေးနိူင်တယ်။

ပွတ်တိုက်မှု တစ်ခုရှိတယ်။

ပန်းရံဆရာ အလိုအရ ဘိလပ်မြေနှင့်သာ ကြွေပြားကပ်လိုတယ်။

ကိုယ် က ပြောင်းလဲလာသော ကြွေပြားအသားပုံစံကြောင့် ကြွေပြားကပ်ကော် ကိုသာ အသုံးပြုစေလိုတယ်။ သေသေချာချာ နားလည်အောင် ရှင်းပြတယ်။

စေတနာတစ်ရပ် ခပ်သန့်သန့်သာ။

ကိုယ်တို့ Company မှတင်သွင်းသော ကြွေပြားကပ်ကော် ရောင်းချလိုသော လောဘ အလျဉ်းမရှိ။

ရေရှည်အတွက် ။

အသုံးပြုထားသော Thialand ထုတ်ကြွေပြားများ ကို တွဲဖက်၍ ရေရှည် အဆင်ပြေစေဖို့ သက်သက်ပါ ငယ်။

ဆိုတော့...
လက်ခံသလိုလို နဲ့ တကယ့်အရောင်းဖြစ်ပေါ်ချိန်မှာတော့ ပန်းရံဆရာ အလိုကျ ကြွေပြားကပ်ရန် ဘိလပ်မြေကို သာ အသုံးပြုသွားခဲ့တယ်။

ကိုယ်လေ...
စေတနာ ဒေါသထွက်ခဲ့ရတယ်.... ငယ်။

သေချာပြန် စဉ်းစားကြည့်တော့ ......

ကိုယ့် လိုအပ်ချက်ကြောင့် ဖြစ်နေတယ်။

တိုက်တွန်းအကြံပေးသည့် ပုံစံမျိုးထက် မဖြစ်မနေ သုံးကိုသုံးသင့်သည် ဟုဖိအားပေးသည့် ပုံစံ ဖြစ်သွားခဲ့တယ်.....ငယ်။

ကိုယ်
တစ်ချက် သတိလက်လွတ် သွားတာကို ဝန်ခံပါရစေ.....

Customer ဆိုသည်မှာ .....
သူတို့ယုံကြည်ချက် တစ်ခုအပေါ် ဆရာလုပ် ဖိအားပေးခြင်းကို မကြိုက်နှစ်သက်သော သဘောရှိကြတယ်။

"ရွှေရောင်စည်းမျဉ်း တစ်ခုရှိတယ်"

"အရောင်းသမား တစ်ယောက်သည် ဝယ်သူဖောက်သည်နှင့် ဘယ်သောအခါမှ အပြိုင်အဆိုင်ငြင်းခုံခြင်း မပြုလုပ်ရ ၊ ဖိအားပေး ချောင်ပိတ်ရောင်းချခြင်း မပြုလုပ်ရ"

နောက်တစ်ခါ ဒီလိုမဖြစ်အောင် သတိထား ဆင်ခြင်ရပေဦးမယ်...ငယ်ရေ။

ကိုယ့်အပေါ် အနိူင်ယူလိုစိတ်နှင့် အငြင်းသန်တာလေး နည်းနည်းလျော့ပါ ငယ်......

ကိုယ့် တစ်ဘဝလုံးကို ငယ့် အတွက် အလျော့ပေးပြီးသားမို့ပါ...

ချစ်သော....

#ကိုရဲ
#အသွေးအသားထဲကမားကတ်တင်း
#ငယ်ဖတ်ဖို့
#အပိုင်း(၁၀)

ငယ်ရေ...ဒီနေ့တော့....Communication အကြောင်း နည်းနည်း ပြောကြမယ်လေ...ကိုယ်တို့ဟာ.. မိသားစု ၊ ပတ်ဝန်းကျင် ၊ လုပ်ငန်းခွင်တွေ...
19/05/2024

ငယ်ရေ...

ဒီနေ့တော့....Communication အကြောင်း နည်းနည်း ပြောကြမယ်လေ...

ကိုယ်တို့ဟာ.. မိသားစု ၊ ပတ်ဝန်းကျင် ၊ လုပ်ငန်းခွင်တွေမှာ နေ့စဉ် လူအများနဲ့ ပြောဆို ဆက်ဆံ နေကြရတယ် မဟုတ်လား... ငယ်

ဒါ့ကြောင့်မို့...
Communition ကောင်းသူ တစ်ယောက် ဟာ လူအများကြား သိသာ ထင်ရှားပါတယ်။

သူ့ရဲ့ အပြောအဆို ၊ အပြုအမူ တွေဟာ သူ့ပတ်ဝန်းကျင် ရှိ လူတွေအပေါ်မှာ အများကြီးအကျိုးသက်ရောက် စေတယ် ငယ်...

ဥပမာ ။ ။ Communition ကောင်းတဲ့သူ တစ်ယောက် ဆိုကြပါစို့.....။

သူ့ရဲ့ ပြောဆိုပုံ ၊ နေထိုင်ပုံ တွေကြောင့် နွေးထွေးတဲ့ ခံစားမှု ၊ ပေါ့ပါးတဲ့ ခံစားမှု ကို ကိုယ်တို့ ခံစားရတယ်။

သူ နဲ့ ပေါင်းသင်းဆက်ဆံ ရတာ စိတ်ချမ်းသာတယ် ။ ပွင့်လင်းတယ်။ စိတ်ထဲမှာ Tension မရှိဘူး ဆိုတာမျိုးပေါ့ .....ငယ်။

Communication ကောင်းကောင်း မရှိတဲ့ သူ ကြတော့ ဆန့်ကျင်ဘက် ခံစားမှုတွေ ခံစားရနိူင်ပါတယ်။

ပြီးတော့ Communication တစ်ခုမှာ တစ်ဖက်က ပြောလာတာကို ကောင်းတယ် ၊ မကောင်းဘူး ၊ ကြိုက်တယ် ၊ မကြိုက်ဘူး ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောဆိုပေးဖို့ အင်မတန် လိုအပ်တယ် လို့ ကိုယ်တော့ မြင်မိတယ်...ငယ်။

အဓိက တော့ ကြိုက်တယ် ဆိုရင်လည်း ကြိုက်နှစ်သက်ရသည့် အကြောင်း ၊ မကြိုက်ဘူး ဆိုရင်လည်း မကြိုက်မနှစ်သက်ရသည့် အကြောင်းရင်းကို သေသေချာချာ ပြောဆိုပေးဖို့လိုတယ်။

ဒါမှသာ တစ်ဖက်လူရဲ့ စိတ်ထဲရှင်းလင်းနေစေမှာ...မဟုတ်လား..ငယ်။

ငယ်...ရော..ဘယ်လိုမြင်မိလဲ.. ❓

Conflict ကင်းစင်သော မိသားစု ၊ ပတ်ဝန်းကျင် ၊ လုပ်ငန်းခွင်တွေ...ဖြစ်ရင်တော့ အကောင်းဆုံးပေါ့....ငယ် ရယ်......

ချစ်သော.....

#ကိုရဲ
#အသွေးအသားထဲကမားကတ်တင်း
#ငယ်ဖတ်ဖို့
#အပိုင်း(၉)

ငယ်ရေ....Word of Mouth Marketing ဆိုတာ တကယ်တော့ ကိုယ့်ဖောက်သည်တွေက ကိုယ့်ရဲ့ထုတ်ကုန်၊ ဝန်ဆောင်မှု အကြောင်းကို သူတို့အချင...
18/05/2024

ငယ်ရေ....
Word of Mouth Marketing ဆိုတာ တကယ်တော့ ကိုယ့်ဖောက်သည်တွေက ကိုယ့်ရဲ့ထုတ်ကုန်၊ ဝန်ဆောင်မှု အကြောင်းကို သူတို့အချင်းချင်း ပြန်ပြောစေတာပါ.....

ပန်းသတင်း လေညှင်းဆောင်သလို လူသတင်း လူချင်းဆောင်တာပေါ့...ငယ်

တစ်ခုက သူတို့က ချစ်ဖို့​ကောင်းတယ်
ကောင်းရင်..ကောင်းတယ်....
မကောင်းရင် မကောင်းဘူး။

ပုလင်းအဖုံး (၁၀၀၀) သာ ပိတ်လို့မယ်..ဖောက်သည်ရဲ့ ပါးစပ်ကိုတော့ ပိတ်ဖို့မလွယ်ဘူးလေ...ဟုတ်တယ်..ဟုတ်။

WOM ကိုသေချာ လုပ်​ဆောင်နိူင်မယ်ဆိုရင်..ကြော်ငြာစရိတ်တွေ Cost တွေ အများကြီးကိုလျော့ချနိူင်ပြီး လုပ်ငန်းပိုမို အောင်မြင်မယ်...

လူတွေက သူတို့အချင်းချင်း ပြန်ညွှန်းပေးတာကို ပိုယုံကြည်လေ့ရှိတယ်...ငယ်။

Word of Mouth Marketing လုပ်တော့မယ်ဆိုရင်....အောက်က အချက်လေးတွေတော့ လိုတယ်
ငယ် ရေ...

၁။ Marketing ရဲ့ အခြေခံဖြစ်တဲ့
Marketing Mix (7Ps)
( Product, Price, Place, Promotion, People, Process & Physical Evidence ) ကိုအရင်ဆုံး ကောင်းမွန်စွာ တည်ဆောက်ထားဖို့ လိုတယ်။

ဒါမှသာ..သူတို့က ပြန်ညွှန်းဖို့ ရာခိုင်နှုန်းပိုများမှာပါ။

၂။ Customer Journey ကောင်းကောင်း တည်ဆောက်ထားပေးနိူင်မှ သူတို့က Excellent Customer Experiences ကို သေချာပြန်ညွှန်းပေးချင်မှာပါ။

၃။ ပါးစပ်ယားဆေး သုတ်ပေးပါ။
Recommend ပေးဖို့တောင်းဆိုတာမျိုး
Feedback ပေးဖို့ လမ်းညွှန်တာမျိုးပေါ့။
Review ရေးခိုင်တာလည်း လုပ်လို့ရပါတယ်။

၄။ Refer Reward လေးတွေ ပေးပါ။
ပြန်ညွှန်းဆိုပေးတဲ့ ဖောက်သည်တွေအတွက် Gift Card ပေးတာမျိုး၊ (%)တစ်ခုလျော့ပေးတာမျိုးလုပ်လို့ရပါတယ်။

ဒီနည်းလမ်းဟာ..ကိုယ်ရဲ့လုပ်ငန်းရော Customer အတွက်ပါ Win-Win ဖြစ်စေမှာပါ။

၅။ Community တည်ဆောက်ပါ။
ဖောက်သည်တွေ အသုံးများတဲ့ Channels တွေမှာ မိမိတို့ဝန်ဆောင်မှု၊ ထုတ်ကုန်အကြောင်း ၊ User Experiences တွေအကြောင်း လွတ်လွတ်လပ်လပ် မျှဝေတာ၊ ဆွေးနွေးတာတွေလုပ်ပါ။ ဥပမာ...Viber ,Telegram, Facebook....

ငယ်ရေ...
အေးချမ်းသော ညချမ်းလေး ဖြစ်ပါစေ။

ချစ်သော....

#ကိုရဲ
#အသွေးအသားထဲကမားကတ်တင်း
#ငယ်ဖတ်ဖို့
#အပိုင်း(၈)

17/05/2024
ငယ်ရေ...ဒီနေ့ ရန်ကုန်မှာ မိုးတွေရွာတယ်...မုန်တိုင်းရှိတယ်လို့ ကြားမိတော့.....ငယ့်ကို စိတ်ပူသွားမိတယ်...ပြီးတော့ အခုတစ်လေ...
17/05/2024

ငယ်ရေ...
ဒီနေ့ ရန်ကုန်မှာ မိုးတွေရွာတယ်...
မုန်တိုင်းရှိတယ်လို့ ကြားမိတော့.....ငယ့်ကို စိတ်ပူသွားမိတယ်...

ပြီးတော့ အခုတစ်လော....
အရောင်း အေးနေလို့ ဘယ်လိုလုပ်ရမလဲ
အကို

အရောင်းအဝယ် မကောင်းလို့..ဘာလုပ်သင့်လဲ

ရောင်းအားကောင်းချင်လို့ နည်းလေးရှိရင်ပေးပါ ...ကိုကြီးရေ
ဆိုပြီး တစ်ချို့ကလေးတွေ မေးလာတာ
များတယ်။

ငယ်...သိတဲ့အတိုင်း ကိုယ်တို့ မားကတ်တာတွေက PESTEL မှာ အဆုံးစွန်ထိ ခန့်မှန်းတွက်ချက်ထားပါသော်လည်း.....အခြေအနေတွေက အစိုးမရတာမို့...သိပ်တော့မလွယ်ဘူး ....ငယ်။

Seasonal ထက် Irregular effects တွေက ရှိနေတာကိုး...

ထားပါတော့....
ရောင်းကောင်းချင် ရင် ဆုတောင်းရမှာပေါ့....

တကယ်...ရောင်းအား တက်လာလိမ့်မယ်...ငယ်
ဆုတောင်းနည်း ပြောပြပေးမယ်

ဆုတောင်းသည် = Pray

P = Prospective
R = Reconnection
A = Approaching
Y = You

No.1,

P = Prospective ဆိုတာ အလားအလာရှိသော Customer တွေ ရှာဖွေခြင်းပါ။

ဖောက်သည်အဟောင်းများ ရဲ့ အချက်အလက်များကို ပြန်လည်ရှာဖွေပါ ။အလားအလာရှိသော Customer များကို ပြန်လည်စုစည်းပါ။

ဖောက်သည်အသစ် ဖြစ်လာနိူင်ခြေများသော Customer များကို Online/Offline သုံးပြီး ရှာဖွေစုစည်းပါ။

No.2,

R = Reconnection ကတော့ ရှာဖွေစုစည်းလို့ ရလာတဲ့ Prospective Customer တွေကို ပြန်လည်ဆက်သွယ်ပါ။ ချိတ်ဆက်ပါ။

တယ်လီဖုန်းဆက်တာ၊ E-Mail ပို့တာ၊ SMS ပို့တာတို့လုပ်ဆောင်ပါ။

No.3,

A = Approaching အဆင့်မှာ Customer ကိုချဉ်းကပ်ဖို့ လုပ်ဆောင်ရပါမယ်။

ချဉ်းကပ်တယ် ဆိုတဲ့နေရာမှာလည်း...ကိုယ့်ဘက်က လိုအပ်တာတွေ ပြင်ဆင်သွားဖို့ လိုပါတယ်။
ဥပမာ....
Company Profile, Product Informations Detail, Power-point Presentation, Sample item, Name Card .....အစရှိတဲ့ အရာတွေကိုပြည့်ပြည့်စုံစုံ နှင့် Customer ကို သွားရောက်တွေ့ဆုံဖို့လိုပါတယ်။

ဈေးကွက်ထဲ ဆင်းပါ။ထိုင်မနေပါနဲ့။

No.4,

Y = You ဆိုတဲ့အဆင့်က အရေးကြီး ပါတယ်။

သင်ကိုယ်တိုင်မှ ....စတင်ခြင်းပါ။

Appointment တစ်ခု တွေ့ဆုံပြီးတာနဲ့ Within 3 days အတွင်းမှာ တွေ့ဆုံခဲ့တဲ့ Customer ကို သင်ကိုယ်တိုင် စတင်ပြီး Follow Up လိုက်ပါ။

တစ်ချို့...ရှိပါတယ်။
Customer ဖုန်းဆက်လာတာကို ထိုင်စောင့် နေကြပါတယ်။

သတိထားသင့်တဲ့ အချက်တွေ ပါ...

ကဲ...ငယ်ရေ.....ကိုယ်အခုဘဲ .....
အရောင်း "ပူ" အောင် ဆုတောင်း(Pray) တော့မှာမို့....

ငယ် လည်း.....ရာသီဥတု အပြောင်းအလဲ မှာ ကျန်းမာရေး ဂရုစိုက်ပါနော်....

ချစ်သော....

#ကိုရဲ
#အသွေးအသားထဲကမားကတ်တင်း
#ငယ်ဖတ်ဖို့
#အပိုင်း(၇)

ငယ်ရေ...ဒီနေ့ အတွေးလေး တစ်ခုရတယ်။ကိုယ်တို့ရဲ့ ဦးဆောင်မှု ပုံစံတွေအကြောင်းပေါ့..ကိုယ် Case Study လေး တစ်ခုပြောပြမယ်။Mont...
16/05/2024

ငယ်ရေ...

ဒီနေ့ အတွေးလေး တစ်ခုရတယ်။

ကိုယ်တို့ရဲ့ ဦးဆောင်မှု ပုံစံတွေအကြောင်းပေါ့..

ကိုယ် Case Study လေး တစ်ခုပြောပြမယ်။

Monthly Meeting တစ်ခုမှာ ဆိုပါစို့....

ကျန်တော်တို့ ဘယ်လိုလုပ်ရမလဲ..🤔
ကျန်တော်အပါအဝင် အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဦးနှောက်တွေ အလုပ်လုပ်သွားတယ်။

သက်ဆိုင်ရာ နယ်ပယ်မှာ လုပ်ငန်းအတွေ့အကြုံရှိသူများပီပီ ဖြစ်နိူင်ခြေရှိသည့် အကြံညဏ်များကို မှတ်စုစာအုပ်ပေါ် အသီးသီးချ ရေးမှတ်နေကြသည်။

Meeting ခန်း အတွင်း တစ်ခဏ တိတ်ဆိတ်သွားကြသည်။

BOD အဖွဲ့ဝင် အမ ခင်ဗျာ.. ...
ကျန်တော် စဉ်းစားမိတာ (၂)ခု ရှိပါတယ်။

တစ်ခုက ==== #==== #==== #
စကားပင်မဆုံးသေး ။

"အမ ဖြစ်ချင်တာက ==== #==== #==== #"

ကျန်တော် .....
ဒုတိယအကြံညဏ် ကိုပင် ပြောပြချိန်မရတော့။
ပထမ အဆိုပြုချက် လည်း မပြီးဆုံးလိုက်....
နှုတ်ဆိတ်သွားမိသည်။

ကိုသန်းထွန်း (Regional Supervisor) ကလည်း...
"အမရေ.....ကျန်တော်မြင်မိတာကတော့==== #==== #

"အေး....မောင်လေး ခဏ ။
အမ ပြောမယ်==== #==== #====

ကိုသန်းထွန်းလည်း ကျန်တော့်နည်းတူ သူပြောချင်သည့် အကြံညဏ် ကိုပင် ပြီးဆုံးအောင် မပြောလိုက်ရ ......နှုတ်ဆိတ်သွားပြန်သည်။

အခြားသော HOD များလည်း မည်သည့် စကားသံမှ ထွက်မလာတော့။

"ကဲ......အစည့်းအဝေး ပြီးပြီ..... အားလုံးရဲ့အကြံညဏ်တွေအတွက် ကျေးဇူးပါဘဲကွယ်။

အစည်းအဝေးတစ်ခု နိဂုံးကား...
ဤသို့ အပြီးသတ်ခဲ့သည်။

ဒီလိုပုံစံမျိုးတွေ ကိုယ်တို့ ပတ်ဝန်းကျင်မှာ ၊ လုပ်ငန်းခွင်မှာ အမြဲကြုံတွေ့နေရတယ်.....ငယ်

ပြောချင်တာက.......
Team Work ဆိုသည့် အကြောင်း......

Team Work ဆိုလို့ အားလုံး တစ်သွေးတည်းတစ်သားတည်း တစ်သံတည်း ဖြစ်ရမယ်လို့
မဆိုလို။
အဲ့လိုလည်း ဘယ်နည်းနှင့်မှ မဖြစ်နိူင်ဘူး...ငယ်

မတူညီကွဲပြားမှုကို လက်ခံပြီး အဖွဲ့အစည်း အတွက်ကောင်းကျိုး ၊ ကုမ္ပဏီ ရဲ့ကောင်းကျိုးအတွက် အကောင်းဆုံးသော အကြံညဏ် များကို အတူတကွ လက်ခံလုပ်ဆောင်ကြခြင်း ဖြစ်တယ်လို့ ကိုယ်ခံယူထားတယ်။
အခြေခံ Leadership Styles (၄) မျိုး ရှိတယ် ငယ်...

📌 Autocratic Leadership Style
📌 Laissez Faire Leadership Style
📌 Democratic Leadership Style
📌 Transformational Leadership Style

Autocratic Leadership Style ကို မည်သည့် Follower မှ ကြိုက်နှစ်သက်မည်ဟု မထင်ပါဘူးငယ်...

ပြီးတော့....
ကိုယ်သဘောကျမိတဲ့ စကားတစ်ခုရှိတယ်။
"Great Leaders are Good Listeners ."
ခေါင်းဆောင်ကောင်းတွေဟာ နားထောင်သူကောင်းတွေ ဖြစ်ကြတယ် တဲ့...ငယ်

ကိုယ်လေ...ဒီနေရာကနေ
ခေါင်းဆောင်တွေကို အကြံပြုပေးချင်ပါတယ်...

"များများ နားထောင်ပေးကြပါ"

#ကိုရဲ
#အသွေးအသားထဲကမားကတ်တင်း
#ငယ်ဖတ်ဖို့
#အပိုင်း(၆)

Address

Yangon

Telephone

+959690906222

Website

Alerts

Be the first to know and let us send you an email when Aung Yell's Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Yell's Sharing:

Share