Infracom: Trusted Network Solution

Infracom: Trusted Network Solution We are Tursted Network Solution for your great business. Please check our services in General Information in detail. Thank you. :)

We provide System/Network and Security Surveillance System Solutions ....

17/04/2019

[Zawgyi]
ျမန္မာ ျပည္သူ/သား၊ ကမာၻသူ /သားအေပါင္း မဂၤလာရွိေသာ ႏွစ္သစ္မွ စ၍ စိတ္၏ ခ်မ္းသာျခင္း၊ ကိုယ္၏ က်န္းမာျခင္းႏွင့္ ျပည္စံုၿပီး အလွဴအတန္းမ်ားႏွင့္ ကုသုိလ္ျပဳႏိုင္ၾကပါေစ၊ ေဘးရန္ ကင္းကြာၿပီး အႏၱရာယ္မ်ိဳးစံု ေက်ာ္ျဖတ္ႏိုင္ပါေစ၊ လူအခ်င္းခ်င္း လွည့္ပတ္ျခင္း ကင္း၍ စီးပြားလာဘ္လာဘမ်ားလဲ တိုးတက္ႏိုင္ ၾကပါေစ ေၾကာင္း ဆုေတာင္း ေမတၱာ ပို႕သ ပါသည္။

[Myanmar]
မြန်မာ ပြည်သူ/သား၊ ကမ္ဘာသူ /သားအပေါင်း မင်္ဂလာရှိသော နှစ်သစ်မှ စ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည်စုံပြီး အလှူအတန်းများနှင့် ကုသိုလ်ပြုနိုင်ကြပါစေ၊ ဘေးရန် ကင်းကွာပြီး အန္တရာယ်မျိုးစုံ ကျော်ဖြတ်နိုင်ပါစေ၊ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်း၍ စီးပွားလာဘ်လာဘများလဲ တိုးတက်နိုင် ကြပါစေ ကြောင်း ဆုတောင်း မေတ္တာ ပို့သ ပါသည်။

ဒီရက္ပိုင္း Mikrotik Routerေလးနဲ႕ လုပ္ေပးျဖစ္ခဲ့တဲ့ အင္တာနက္ ၂လိုင္းကို တစ္လိုင္းက် တစ္လုိင္းတက္တဲ့ ပံုစံေလးပါ ....
18/02/2019

ဒီရက္ပိုင္း Mikrotik Routerေလးနဲ႕ လုပ္ေပးျဖစ္ခဲ့တဲ့ အင္တာနက္ ၂လိုင္းကို တစ္လိုင္းက် တစ္လုိင္းတက္တဲ့ ပံုစံေလးပါ ....

31/12/2018

မၾကာမီ အခ်ိန္​ က်ေရာက္​ေတာ့မည္​့ နွစ္​သစ္​ကူးမွ စ၍ ျမန္​မာျပည္​သူ/သားအေပါင္​း ေဘးရန္​ကင္​းၿပီး ကိုယ္​စိတ္​က်န္​းမာ ႐ႊင္​လန္​း ခ်မ္​းေျမ့ၿပီး လိုအင္​ဆႏၵမ်ား ျပည္​့စံု ၾကပါေစ။ 🇲🇲🇲🇲🇲🇲

25/12/2018

Wish you all, Merry X'mas ...

လယ္တီ ဝိပႆနာ ေက်ာင္းတိုက္ႀကီးမွ ရွိၿပီးသား CCTV 32ch System (2)ခု အတြက္ လိုအပ္သည့္ Maintenanceမ်ား လုပ္ေပးျခင္း ....
23/12/2018

လယ္တီ ဝိပႆနာ ေက်ာင္းတိုက္ႀကီးမွ ရွိၿပီးသား CCTV 32ch System (2)ခု အတြက္ လိုအပ္သည့္ Maintenanceမ်ား လုပ္ေပးျခင္း ....

ေက်ာင္းေျမာင္းထဲက Jerry Liquorlandအတြက္ ရွိၿပီးသားIP Camနဲ႕ ထပ္တိုး အလံုးအတြက္ ႀကိဳးေျပးျခင္းႏွင့္ တပ္ဆင္ေပးျခင္း ...   ...
27/11/2018

ေက်ာင္းေျမာင္းထဲက Jerry Liquorlandအတြက္ ရွိၿပီးသားIP Camနဲ႕ ထပ္တိုး အလံုးအတြက္ ႀကိဳးေျပးျခင္းႏွင့္ တပ္ဆင္ေပးျခင္း ...

22/11/2018

တန္​ေဆာင္​မုန္​း လျပည္​့ေန႔တြင္​ ျမန္​မာျပည္​သူျပည္​သား အေပါင္​း စိတ္​ခ်မ္​းသာ ကိုယ္​က်န္​းမာ ရွိၾကပါေစေၾကာင္​း ဆုေတာင္​းေမတၲာ ပို႔သ အပ္​ပါသည္​ ......

23/10/2018

သီတင္​းကြၽတ္​ အခါသမယတြင္​ ျမန္​မာ ျပည္​သူျပည္​သားအေပါင္​း ကို္​ယ္​စိတ္​နွစ္​ျဖာ က်န္​းမာ ခ်မ္​းသာ ပါေစေၾကာင္​း ဆုေတာင္​း ေမတၱာ ပို႔သ လိုက္​ပါသည္​။

Data Storage Management and Backup System[Zawgyi]Dataသိမ္းဆည္းရာမွာ စနစ္တက်နဲ႕ သိမ္းဆည္းျခင္းဟာ ျပန္လည္ ရွာေဖြရာမွာ အခ်ိ...
15/09/2018

Data Storage Management and Backup System

[Zawgyi]
Dataသိမ္းဆည္းရာမွာ စနစ္တက်နဲ႕ သိမ္းဆည္းျခင္းဟာ ျပန္လည္ ရွာေဖြရာမွာ အခ်ိန္ၾကန္႕ၾကာမႈမရွိပဲ ျမန္ဆန္စြာ ရွာေဖြႏိုင္မွာ ျဖစ္ပါတယ္။ Folder Managementစနစ္က်မွ တျခားသူကို ရွာေဖြေစခ်င္ရင္လည္း လမ္းေၾကာင္းအတိအက် လမ္းညႊန္ႏိုင္ၿပီး ရွာေပးသူလဲ ဇေဝဇဝါ မျဖစ္ႏိုင္ေတာ့ဘူးေပါ့။ Systemတစ္ခု ထားျခင္းဟာ ကိုယ့္အတြက္တင္ မဟုတ္၊ တျခားသူအတြက္ပါ အဆင္ေျပေစႏိုင္တယ္ ဆုိတာ သိေစခ်င္ပါတယ္။
ဘယ္အလုပ္မွာ မဆို Systemေကာင္းတစ္ခုကို ပိုင္ဆိုင္ထားမယ္ဆို အလုပ္လုပ္ရာမွာ အဆင္ေျပေခ်ာေမြ႕ေနေစမွာပါ။ Dataေတြ Sharing လုပ္တဲ့ စနစ္ဟာလဲ Groupျဖစ္ျဖစ္၊ Organizationႀကီးမွာပဲ ျဖစ္ျဖစ္ ေကာင္းမြန္တဲ့ ရလာဒ္ေတြကို ပိုင္ဆိုင္ေစပါတယ္။ Dataေတြ ဖလွယ္ျခင္းအားျဖင့္ ေႏွာင့္ေႏွးၾကန္႕ၾကာမႈ ျဖစ္ေပၚေစမႈ မရွိေတာ့ပါဘူး။ အဲ့လို Sharingလုပ္ရာမွာလဲ စနစ္တက်နဲ႕ ထိမ္းသိမ္း ထားသိုမယ္ဆိုရင္ ပိုမိုထိေရာက္ၿပီး အလုပ္ကို တြင္က်ယ္ေစမွာပါ။

Dataေတြ သိမ္းဆည္း ထိမ္းသိမ္းရာမွာလဲ နည္းလမ္းမ်ိဳးစံုနဲ႕ သိမ္းဆည္းတတ္က်ပါတယ္။ Computerထဲ သိမ္းျခင္း၊ Portable Driveေလးေတြနဲ႕ သိမ္းျခင္း၊ File Serverနဲ႕သိမ္းျခင္း၊ ယေန႕ေခတ္မွ Cloud Storageေတြထိ သိမ္းဆည္းျခင္းစသျဖင့္ Backup Systemအမ်ိဳးမ်ိဳးရွိၾကရာမွာ … ကိုယ့္ အလုပ္၊ ကိုယ့္ ပတ္ဝန္းက်င္၊ ကိုယ့္ Budgetနဲ႕ အဆင္ေျပမဲ့ နည္းလမ္းေတြကို ေရြးခ်ယ္တတ္က်ပါတယ္။ အဲ့လို ေရြးခ်ယ္က်ရာမွာ ကိုယ္ေရြးခ်ယ္မႈေပၚမူတည္ၿပီး ေဆာင္ရန္ ေရွာင္ရန္မ်ားကိုလဲ ဂ႐ုျပဳသင့္ပါတယ္။ ကိုယ့္ Dataေတြ အတြက္ Backup Systemေကာင္း တစ္ခုကိုပိုင္ဆုိင္ ထားမွသာ စိတ္ေသာက ကင္းေဝးႏိုင္မွာပါ။ Backup Systemတစ္ခု အတြက္ ေပးလိုက္ရတဲ့ ပိုက္ဆံက လက္တေလာ အတြက္ မ်ားခ်င္ မ်ားေနပါလိိမ့္မယ္။ ျပန္ရႏိုင္တာကေတာ့ ေပးလိုက္ရတာထက္ မ်ားပါလိမ့္မယ္။ အက်ိဳးမယုတ္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုဆိုတာကို Dataေတြ ဆံုး႐ံႈးဖူးတဲ့ သူတိုင္း နားလည္ႏိုင္ၾကပါတယ္။

မိမိ Dataမ်ားကို Backup Systemတစ္ခုနဲ႕ သိမ္းဆည္း ထိမ္းသိမ္းျခင္းျဖင့္ ေသာက ကင္းေဝးႏိုင္ၾကပါေစ ….

[Myanmar]
Dataသိမ်းဆည်းရာမှာ စနစ်တကျနဲ့ သိမ်းဆည်းခြင်းဟာ ပြန်လည် ရှာဖွေရာမှာ အချိန်ကြန့်ကြာမှုမရှိပဲ မြန်ဆန်စွာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Folder Managementစနစ်ကျမှ တခြားသူကို ရှာဖွေစေချင်ရင်လည်း လမ်းကြောင်းအတိအကျ လမ်းညွှန်နိုင်ပြီး ရှာပေးသူလဲ ဇဝေဇဝါ မဖြစ်နိုင်တော့ဘူးပေါ့။ Systemတစ်ခု ထားခြင်းဟာ ကိုယ့်အတွက်တင် မဟုတ်၊ တခြားသူအတွက်ပါ အဆင်ပြေစေနိုင်တယ် ဆိုတာ သိစေချင်ပါတယ်။

ဘယ်အလုပ်မှာ မဆို Systemကောင်းတစ်ခုကို ပိုင်ဆိုင်ထားမယ်ဆို အလုပ်လုပ်ရာမှာ အဆင်ပြေချောမွေ့နေစေမှာပါ။ Dataတွေ Sharing လုပ်တဲ့ စနစ်ဟာလဲ Groupဖြစ်ဖြစ်၊ Organizationကြီးမှာပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ ရလာဒ်တွေကို ပိုင်ဆိုင်စေပါတယ်။ Dataတွေ ဖလှယ်ခြင်းအားဖြင့် နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်စေမှု မရှိတော့ပါဘူး။ အဲ့လို Sharingလုပ်ရာမှာလဲ စနစ်တကျနဲ့ ထိမ်းသိမ်း ထားသိုမယ်ဆိုရင် ပိုမိုထိရောက်ပြီး အလုပ်ကို တွင်ကျယ်စေမှာပါ။

Dataတွေ သိမ်းဆည်း ထိမ်းသိမ်းရာမှာလဲ နည်းလမ်းမျိုးစုံနဲ့ သိမ်းဆည်းတတ်ကျပါတယ်။ Computerထဲ သိမ်းခြင်း၊ Portable Driveလေးတွေနဲ့ သိမ်းခြင်း၊ File Serverနဲ့သိမ်းခြင်း၊ ယနေ့ခေတ်မှ Cloud Storageတွေထိ သိမ်းဆည်းခြင်းစသဖြင့် Backup Systemအမျိုးမျိုးရှိကြရာမှာ … ကိုယ့် အလုပ်၊ ကိုယ့် ပတ်ဝန်းကျင်၊ ကိုယ့် Budgetနဲ့ အဆင်ပြေမဲ့ နည်းလမ်းတွေကို ရွေးချယ်တတ်ကျပါတယ်။ အဲ့လို ရွေးချယ်ကျရာမှာ ကိုယ်ရွေးချယ်မှုပေါ်မူတည်ပြီး ဆောင်ရန် ရှောင်ရန်များကိုလဲ ဂရုပြုသင့်ပါတယ်။ ကိုယ့် Dataတွေ အတွက် Backup Systemကောင်း တစ်ခုကိုပိုင်ဆိုင် ထားမှသာ စိတ်သောက ကင်းဝေးနိုင်မှာပါ။ Backup Systemတစ်ခု အတွက် ပေးလိုက်ရတဲ့ ပိုက်ဆံက လက်တလော အတွက် များချင် များနေပါလိမ့်မယ်။ ပြန်ရနိုင်တာကတော့ ပေးလိုက်ရတာထက် များပါလိမ့်မယ်။ အကျိုးမယုတ်တဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုဆိုတာကို Dataတွေ ဆုံးရှုံးဖူးတဲ့ သူတိုင်း နားလည်နိုင်ကြပါတယ်။

မိမိ Dataများကို Backup Systemတစ်ခုနဲ့ သိမ်းဆည်း ထိမ်းသိမ်းခြင်းဖြင့် သောက ကင်းဝေးနိုင်ကြပါစေ ….

Img: batiburrillo

Data Security and Privacy[Zawgyi]လူတစ္ဦးဆီတိုင္းမွာ သူ႕ရဲ႕ ပိုင္ဆိုင္မႈေတြမွာ ေငြေၾကး ဥစၥာမွ မဟုတ္ပါဘူး … သူ႕ရဲ႕ အခ်က္အ...
27/07/2018

Data Security and Privacy
[Zawgyi]
လူတစ္ဦးဆီတိုင္းမွာ သူ႕ရဲ႕ ပိုင္ဆိုင္မႈေတြမွာ ေငြေၾကး ဥစၥာမွ မဟုတ္ပါဘူး … သူ႕ရဲ႕ အခ်က္အလက္ သူ႕ရဲ႕ ကိုယ္ပိုင္ လွ်ိဳ႕ဝွက္ခ်က္ဆိုတာလဲ အေရးႀကီးတဲ့ အရာပါပဲ … ယေန႕ေခတ္ Facebookသံုးေနၾကတဲ့သူတိုင္းမွာလဲ သူ႕Accountမွာ ရွိတဲ့ သူ႕ကိုယ္ပိုင္ အခ်က္အလက္ အားလံုးဟာလဲ အေရးႀကီးပါတယ္ … ကိုယ့္ Accountကို သူမ်ား မသိေစဖို႕နဲ႕ ကိုယ့္ Passwordကိုလဲ သူမ်ား လြယ္လြယ္ကူကူ မသိေစဖို႕ အေရးႀကီးပါတယ္ … ကိုယ့္ Accountသူမ်ား တစ္နည္းနည္းနဲ႕ ရသြားၿပီ ကို္ယ့္ အက်ိဳးပ်က္စီးရာ ပ်က္စီးေၾကာင္း နည္းလမ္း မ်ိဳးစံုနဲ႕ လုပ္ႏိုင္ေနတာေတြလဲ သိၾက ျမင္ၾကၿပီးျဖစ္မွာပါ …
ခု လထဲမွာ တက္ခဲ့တဲ့ MICTထဲက ပြဲေလး တစ္ခုမွ အသိပညာအခ်ိဳ႕ကို မွ်ေဝ ေပးခ်င္ပါတယ္ … သူတို႕ကေတာ့ “Cyber Security and Data Privacy” ေခါင္းစဥ္ေလးနဲ႕ ေဆြးေႏြးသြားခဲ့ၾကပါတယ္ … အဲ့ထဲကေန မွတ္မိသေလာက္ အခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္ …
ပြဲမွာ ေျပာသြားတာေလး တစ္ခု သတိရမိလိုက္တာက ကၽြန္ေတာ္တို႕ ျမန္မာေတြ အမ်ားစုက အေတြးက ကာကြယ္ဖို႕ထက္ ျဖစ္မွ လိုက္ဖာ တတ္ၾကတာပါပဲ … ဘာျဖစ္လို႕လဲဆိုေတာ့ Companyတစ္ခုအေနနဲ႕ သူတို႕ရဲ႕ အခ်က္အလက္ေတြ ကာကြယ္ဖို႕ အတြက္ သံုးတဲ့စရိတ္ကို အက်ိဳးတစ္စံုတစ္ရာ မရွိဘူးလို႕ ျမင္ၾကၿပီး အက်ိဳးရွိရွိ သံုးလိုက္တယ္လို႕ မျမင္ၾကတာပါပဲ ... ဒါကလဲ Companyေတြရဲ႕ Decision Makerေတြကို အက်ိဳးရွိရွိသံုးလိုက္တယ္ဆိုတဲ့ အေၾကာင္းကို ေသခ်ာ ရွင္းျပႏိုင္တဲ့ လူေတြ မရွိၾကလို႕ သံုးသပ္ၾကပါတယ္ …
ကုမၸဏီ တစ္ခုမွာ ITပိုင္းနဲ႕ ပတ္သက္လို႕ ျဖစ္သင့္တဲ့ စည္းမ်ဥ္းေတြ နဲ႕ ကုမၸဏီ ပိုင္ အခ်က္အလက္ေတြကို ကာကြယ္ထားသင့္တယ္လို႕ အႀကံျပဳခ်င္ပါတယ္ … ႏိုင္ငံျခား ကုမၸဏီ ေတြဆို ကုမၸဏီပိုင္ အခ်က္အလက္ေတြ တျခားသူေတြဆီ မေရာက္ဖို႕ ကုမၸဏီ လွ်ိဳ႕ဝက္ခ်က္ေတြ မေပါက္ၾကားဖို႕ စည္းမ်ဥ္းေတြ ခ်မွတ္ထားတတ္ပါတယ္ … ကုမၸဏီဝန္ထမ္း အဆင့္အလိုက္ ကန္႕သန္ခ်က္ေတြနဲ႕ သတ္မွတ္ထားတတ္ပါတယ္ … ကၽြန္ေတာ္ ဒီမွာ ျမင္ေနရတာေတြကေတာ့ ရံုးမွာျဖစ္ေစ၊ အျပင္မွာျဖစ္ေစ WiFi Freeရမယ္ဆို ကိုယ့္ဖုန္းေလး၊ ကိုယ့္ကြန္ပ်ဴတာေလးနဲ႕ ခ်ိတ္ၿပီး သံုးလိုက္ၾကတာပါပဲ … Public Areaေတြမွာ ေပးတဲ့ WiFiေတြေရာ … ဘယ္ကေန ဘယ္လို အေျခအေနနဲ႕ Freeရတယ္ဆိုဆုိ … သတိထားသံုးသင့္ပါတယ္ … အဲ့လို ေနရာေတြက WiFiေတြနဲ႕ ကိုယ့္ရဲ႕ အေရးႀကီး အခ်က္အလက္ေတြကို မသံုးမိေစဖို႕က ပိုအေရးႀကီးပါတယ္ … ဥပမာ Mobile bankingတို႕ တျခား Online Paymentေပးတာတို႕ေတြကို အထူးသတိထားသံုးတာထက္ မသံုးသင့္ဘူးလို႕ ေျပာခ်င္ပါတယ္ … အဲ့ဒါထက္ ကိုယ့္ Mobile Dataနဲ႕ သံုးတာကမွ ပိုေကာင္းမယ္ ေျပာခ်င္ပါတယ္ …
ေနာက္ထပ္ ေျပာခ်င္တာက ေတာ့ လူတစ္ေယာက္ခ်င္းစီဟာ ကိုယ္ပိုင္ အေရးႀကီးအခ်က္အလက္ေတြကို တျခားသူကို မေျပာမိ၊ အလြယ္တကူ မသိေအာင္ ထိန္းသိမ္းသင့္ပါတယ္ … ရီခ်င္စရာလဲ ျဖစ္ေကာင္း ျဖစ္ႏုိင္သလို အႏ ၱရာယ္လဲ ျဖစ္ေကာင္း ျဖစ္ႏိုင္တဲ့ အေၾကာင္းေလး ၾကားသိခဲ့ရတာကေတာ့ Bankဖက္ကေန ေဆြးေႏြးတဲ့သူေျပာတဲ့ အေၾကာင္းေလးေပါ့ … ATM Cardကိုင္ထားတဲ့ Customerတစ္ေယာက္က သူ႕ကဒ္ရဲ႕ PIN Codeေမ့မွာဆိုးလို႕တဲ့ ကဒ္ေပၚမွာ ေရးထားတယ္တဲ့ … တစ္ေယာက္ေယာက္စီ ေရာက္သြားရင္ ဘယ္လိုလုပ္မလဲ? … သူ႕ကလဲ ပိုက္ဆံ အမ်ားႀကီးထည့္ထားတယ္တဲ့ သူဆို ဘယ္လိုလုပ္မလဲ? အဲ့ဒါဘာကိုျပေနလဲဆိုေတာ့ ကၽြန္ေတာ္တို႕ လူမ်ိဳးေတြက ဒီAccountေတြ Passwordေတြကို မွတ္ရမွာ အလုပ္ရႈပ္တယ္ ပ်င္းၾကတာမို႕ ခုလို ကိုယ့္ ဒုကၡ ကိုယ္မျမင္ပဲ အလြယ္လမ္း လိုက္ေနသလားလို႕?
ေနာက္တစ္ခုက ကိုယ္ATMစက္မွာပဲ ထုတ္ေနေန Facebook accountဝင္ေနေန ကိုယ့္ရဲ႕ Passwordေတြကို တျခားသူ အလြယ္တကူ မသိႏိုင္ေအာင္ ကာကြယ္ရမဲ့ အျပင္ … ကိုယ္တိုင္ကလဲ အျခားသူ လုပ္ေနခ်ိန္ မၾကည့္မိေစဖို႕ ေစာင့္ထိန္းသင့္တယ္လို႕ အႀကံျပဳခ်င္ပါတယ္ … ကိုယ္တိုင္လဲ ကာကြယ္သလို တစ္ပါးသူအတြက္လဲ ေစာင့္ထိန္းျခင္းဟာ ကိုယ္က်င့္တရား ေဆာက္တည္ျခင္းပဲ ျဖစ္ပါတယ္ …
ဒါ့အျပင္ တတ္ကၽြမ္းနားလည္သူေတြက နည္းပညာအသိေတြကို စဥ္ဆက္မျပတ္ မွ်ေဝေနဖို႕ လိုအပ္ေနတယ္လို႕ ထင္မိပါတယ္ … ကိုယ္ပိုင္ အခ်က္အလက္ အားလံုးဟာ အေရးႀကီးတယ္ဆိုတဲ့ အျမင္ေလးတစ္ခု ရသြားေစခ်င္ပါတယ္ … မျဖစ္ခင္ ႀကိဳတင္ကာကြယ္ရမယ္ဆိုတဲ့ အသိေလးေတြလဲ ရသြားေစခ်င္ပါတယ္ … ေနာက္လဲ အျခား အေၾကာင္းအရာေတြ ထပ္ၿပီး မွ်ေဝသြားပါအံုးမယ္ … ေက်းဇူးတင္ပါတယ္ …
[Myanmar]
လူတစ်ဦးဆီတိုင်းမှာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေမှာ ငွေကြေး ဥစ္စာမှ မဟုတ်ပါဘူး … သူ့ရဲ့ အချက်အလက် သူ့ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက်ဆိုတာလဲ အရေးကြီးတဲ့ အရာပါပဲ … ယနေ့ခေတ် Facebookသုံးနေကြတဲ့သူတိုင်းမှာလဲ သူ့Accountမှာ ရှိတဲ့ သူ့ကိုယ်ပိုင် အချက်အလက် အားလုံးဟာလဲ အရေးကြီးပါတယ် … ကိုယ့် Accountကို သူများ မသိစေဖို့နဲ့ ကိုယ့် Passwordကိုလဲ သူများ လွယ်လွယ်ကူကူ မသိစေဖို့ အရေးကြီးပါတယ် … ကိုယ့် Accountသူများ တစ်နည်းနည်းနဲ့ ရသွားပြီ ကိုယ့် အကျိုးပျက်စီးရာ ပျက်စီးကြောင်း နည်းလမ်း မျိုးစုံနဲ့ လုပ်နိုင်နေတာတွေလဲ သိကြ မြင်ကြပြီးဖြစ်မှာပါ …
ခု လထဲမှာ တက်ခဲ့တဲ့ MICTထဲက ပွဲလေး တစ်ခုမှ အသိပညာအချို့ကို မျှဝေ ပေးချင်ပါတယ် … သူတို့ကတော့ “Cyber Security and Data Privacy” ခေါင်းစဉ်လေးနဲ့ ဆွေးနွေးသွားခဲ့ကြပါတယ် … အဲ့ထဲကနေ မှတ်မိသလောက် အချို့ကို မျှဝေပေးလိုက်ပါတယ် …
ပွဲမှာ ပြောသွားတာလေး တစ်ခု သတိရမိလိုက်တာက ကျွန်တော်တို့ မြန်မာတွေ အများစုက အတွေးက ကာကွယ်ဖို့ထက် ဖြစ်မှ လိုက်ဖာ တတ်ကြတာပါပဲ … ဘာဖြစ်လို့လဲဆိုတော့ Companyတစ်ခုအနေနဲ့ သူတို့ရဲ့ အချက်အလက်တွေ ကာကွယ်ဖို့ အတွက် သုံးတဲ့စရိတ်ကို အကျိုးတစ်စုံတစ်ရာ မရှိဘူးလို့ မြင်ကြပြီး အကျိုးရှိရှိ သုံးလိုက်တယ်လို့ မမြင်ကြတာပါပဲ ... ဒါကလဲ Companyတွေရဲ့ Decision Makerတွေကို အကျိုးရှိရှိသုံးလိုက်တယ်ဆိုတဲ့ အကြောင်းကို သေချာ ရှင်းပြနိုင်တဲ့ လူတွေ မရှိကြလို့ သုံးသပ်ကြပါတယ် …
ကုမ္ပဏီ တစ်ခုမှာ ITပိုင်းနဲ့ ပတ်သက်လို့ ဖြစ်သင့်တဲ့ စည်းမျဉ်းတွေ နဲ့ ကုမ္ပဏီ ပိုင် အချက်အလက်တွေကို ကာကွယ်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ် … နိုင်ငံခြား ကုမ္ပဏီ တွေဆို ကုမ္ပဏီပိုင် အချက်အလက်တွေ တခြားသူတွေဆီ မရောက်ဖို့ ကုမ္ပဏီ လျှို့ဝက်ချက်တွေ မပေါက်ကြားဖို့ စည်းမျဉ်းတွေ ချမှတ်ထားတတ်ပါတယ် … ကုမ္ပဏီဝန်ထမ်း အဆင့်အလိုက် ကန့်သန်ချက်တွေနဲ့ သတ်မှတ်ထားတတ်ပါတယ် … ကျွန်တော် ဒီမှာ မြင်နေရတာတွေကတော့ ရုံးမှာဖြစ်စေ၊ အပြင်မှာဖြစ်စေ WiFi Freeရမယ်ဆို ကိုယ့်ဖုန်းလေး၊ ကိုယ့်ကွန်ပျူတာလေးနဲ့ ချိတ်ပြီး သုံးလိုက်ကြတာပါပဲ … Public Areaတွေမှာ ပေးတဲ့ WiFiတွေရော … ဘယ်ကနေ ဘယ်လို အခြေအနေနဲ့ Freeရတယ်ဆိုဆို … သတိထားသုံးသင့်ပါတယ် … အဲ့လို နေရာတွေက WiFiတွေနဲ့ ကိုယ့်ရဲ့ အရေးကြီး အချက်အလက်တွေကို မသုံးမိစေဖို့က ပိုအရေးကြီးပါတယ် … ဥပမာ Mobile bankingတို့ တခြား Online Paymentပေးတာတို့တွေကို အထူးသတိထားသုံးတာထက် မသုံးသင့်ဘူးလို့ ပြောချင်ပါတယ် … အဲ့ဒါထက် ကိုယ့် Mobile Dataနဲ့ သုံးတာကမှ ပိုကောင်းမယ် ပြောချင်ပါတယ် …
နောက်ထပ် ပြောချင်တာက တော့ လူတစ်ယောက်ချင်းစီဟာ ကိုယ်ပိုင် အရေးကြီးအချက်အလက်တွေကို တခြားသူကို မပြောမိ၊ အလွယ်တကူ မသိအောင် ထိန်းသိမ်းသင့်ပါတယ် … ရီချင်စရာလဲ ဖြစ်ကောင်း ဖြစ်နိုင်သလို အန ္တရာယ်လဲ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ အကြောင်းလေး ကြားသိခဲ့ရတာကတော့ Bankဖက်ကနေ ဆွေးနွေးတဲ့သူပြောတဲ့ အကြောင်းလေးပေါ့ … ATM Cardကိုင်ထားတဲ့ Customerတစ်ယောက်က သူ့ကဒ်ရဲ့ PIN Codeမေ့မှာဆိုးလို့တဲ့ ကဒ်ပေါ်မှာ ရေးထားတယ်တဲ့ … တစ်ယောက်ယောက်စီ ရောက်သွားရင် ဘယ်လိုလုပ်မလဲ? … သူ့ကလဲ ပိုက်ဆံ အများကြီးထည့်ထားတယ်တဲ့ သူဆို ဘယ်လိုလုပ်မလဲ? အဲ့ဒါဘာကိုပြနေလဲဆိုတော့ ကျွန်တော်တို့ လူမျိုးတွေက ဒီAccountတွေ Passwordတွေကို မှတ်ရမှာ အလုပ်ရှုပ်တယ် ပျင်းကြတာမို့ ခုလို ကိုယ့် ဒုက္ခ ကိုယ်မမြင်ပဲ အလွယ်လမ်း လိုက်နေသလားလို့?
နောက်တစ်ခုက ကိုယ်ATMစက်မှာပဲ ထုတ်နေနေ Facebook accountဝင်နေနေ ကိုယ့်ရဲ့ Passwordတွေကို တခြားသူ အလွယ်တကူ မသိနိုင်အောင် ကာကွယ်ရမဲ့ အပြင် … ကိုယ်တိုင်ကလဲ အခြားသူ လုပ်နေချိန် မကြည့်မိစေဖို့ စောင့်ထိန်းသင့်တယ်လို့ အကြံပြုချင်ပါတယ် … ကိုယ်တိုင်လဲ ကာကွယ်သလို တစ်ပါးသူအတွက်လဲ စောင့်ထိန်းခြင်းဟာ ကိုယ်ကျင့်တရား ဆောက်တည်ခြင်းပဲ ဖြစ်ပါတယ် …
ဒါ့အပြင် တတ်ကျွမ်းနားလည်သူတွေက နည်းပညာအသိတွေကို စဉ်ဆက်မပြတ် မျှဝေနေဖို့ လိုအပ်နေတယ်လို့ ထင်မိပါတယ် … ကိုယ်ပိုင် အချက်အလက် အားလုံးဟာ အရေးကြီးတယ်ဆိုတဲ့ အမြင်လေးတစ်ခု ရသွားစေချင်ပါတယ် … မဖြစ်ခင် ကြိုတင်ကာကွယ်ရမယ်ဆိုတဲ့ အသိလေးတွေလဲ ရသွားစေချင်ပါတယ် … နောက်လဲ အခြား အကြောင်းအရာတွေ ထပ်ပြီး မျှဝေသွားပါအုံးမယ် … ကျေးဇူးတင်ပါတယ် …

Img: dacadoo

Prevention is better than the Cure ===========================[Zawgyi]လူကို ေရာဂါကုသေပးတဲ့ ဆရာဝန္ပဲ ျဖစ္ေစ၊ စက္ပစၥည္းရဲ႕...
25/06/2018

Prevention is better than the Cure
===========================
[Zawgyi]
လူကို ေရာဂါကုသေပးတဲ့ ဆရာဝန္ပဲ ျဖစ္ေစ၊ စက္ပစၥည္းရဲ႕ ခၽြတ္ယြင္းမႈေတြကို ျပင္ေပးရတဲ့ စက္ျပင္ဆရာပဲ ျဖစ္ေစ၊ ကြန္ပ်ဴတာ စနစ္ရဲ႕ ျပႆနာေတြကို ေျဖရွင္းေပးေနရတဲ့ အိုင္တီဆရာပဲ ျဖစ္ေစ … အားလံုးက ကိုယ္စားျပဳ သံုးႏႈန္းေနတဲ့ ဘံု စကားေလးျဖစ္တဲ့ “ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ပိုေကာင္းသည္”ဆိုတဲ့ အတိုင္း လူလဲ လူမို႕၊ စက္လဲ စက္မို႕၊ ကြန္ပ်ဴတာ စနစ္မွာလဲ သူ႕ အေလ်ာက္ ျဖစ္မွ ကုသ/ျပင္ဆင္တာထက္ မျဖစ္ခင္ သတိရွိစြာ ႀကိဳတင္ျပင္ဆင္ ကာကြယ္ထားမယ္ဆို အခ်ိန္ကုန္၊ ေငြကုန္၊ လူ/စိတ္ပင္ပန္း မျဖစ္ႏိုင္ေတာ့ဘူးေပါ့ …..

ဒီတစ္ခါ ေျပာခ်င္တာေလးကေတာ့ ကြန္ပ်ဴတာရဲ႕ စနစ္ႀကီးကို ခၽြတ္ယြင္းေစတတ္၊ ပံုမွန္အလုပ္မလုပ္ပဲ၊ တန္ဖိုးႀကီး Dataေတြပါ ဆံုး႐ံႈးေစတဲ့ Virusရန္က မျဖစ္ခင္ ႀကိဳတင္ ကာကြယ္ဖို႕အတြက္ ဘယ္ဟာေတြ သံုးမလဲ? ဘယ္လို အက်ိဳးေတြ ရွိမလဲ? ဆက္ၿပီး ၾကည့္ရေအာင္ …

Antivirus Softwareေတြမွာ နာမည္ အစံုနဲ႕ Free Versionေကာ License Versionေကာ ရွိပါတယ္ …
Free Versionကို ၾကည့္ရင္ တစ္ခ်ိဳ႕က ရက္နဲ႕ အကန္႕အသတ္ေပးတာ ရွိတတ္သလို၊ တစ္ခ်ိဳ႕ Security Featureေတြကို ေလွ်ာ့ၿပီး ပံုမွန္ Virusစစ္ေပးႏိုင္တာေတြလဲ ရွိတတ္ပါတယ္ …

Free Versionေတြထဲမွာ နာမည္ရွိတဲ့ Antivirusေတြကေတာ့ –
(1) Avast
(2) BitDefender
(3) AVG
(4) Avira
(5) Panda
(6) Microsoft Windows Defender,etc. တို႕ပဲ ျဖစ္ပါတယ္ …

Free Antivirus Softwareေတြကေတာ့ အတန္႕အသင့္ ကာကြယ္မႈေပးႏိုင္တဲ့ အျပင္ Web Shieldေတြပါ ပါလာတဲ့အတြက္ အင္တာနက္ အသံုးျပဳသူေတြ အတြက္ပါ အဆင္ေျပေစပါတယ္ … Virus Linkေတြကို မသိပဲ ႏွိပ္မိ/ဝင္ၾကည့္မိမယ္ဆိုရင္ေတာင္ Antivirusက အသိေပးၿပီး ဆက္ၾကည့္လို႕မရေအာင္ တားေပးထားႏိုင္ပါတယ္ … ကၽြန္ေတာ္တို႕ သံုးၾကည့္ဖူးတဲ့ အထဲမွာေတာ့ Avast, AVG, Aviraနဲ႕ Windows Defenderကေတာ့ ေပါ့ေပါ့ပါးပါးနဲ႕ အတန္သင့္ အကာအကြယ္ေပးႏိုင္တဲ့ Antivirusေတြပဲျဖစ္ပါတယ္ … Windows Defenderကေတာ့ Microsoft Windows 10မွာ built-inပါလာ ပါၿပီ ... Windows 7တုန္းကေတာ့ Microsoft Security Essentialနာမည္နဲ႕ သပ္သပ္တင္ေပးခဲ့ရပါတယ္ … Free Antivirusေတြကိုလဲ Licenseအေနနဲ႕ ဝယ္သံုးလို႕ရပါတယ္ …

License Versionေတြမွာေတာ့ Full Security Featureရေနေတာ့ စက္ရဲ႕Performanceေကာင္းဖို႕ေတာ့ လိုပါလိမ့္မယ္ … မဟုတ္ရင္လဲ မလိုအပ္ဘူး ထင္မဲ့ Featureေတြကို ပိတ္ထားလို႕ ရပါတယ္ … License Versionမွာက်ေတာ့ Antivirusရယ္ Internet Securityရယ္ ဆိုၿပီး ရွိတတ္ပါတယ္ … Networkခ်ိတ္ဆက္ အသံုးျပဳေနတဲ့ စက္ေတြ အတြက္ေတာ့ Internet Securityက လိုကို လိုအပ္ပါတယ္ …

License Versionမွာ နာမည္ရွိတဲ့ Internet Securityေတြကေတာ့ -
(1) Kaspersky Total Security
(2) Bitdefender Total Security
(3) Norton Security Premium
(4) Trend Micro Maximum Security
(5) McAfee Total Protection
(6) ESET Smart Security Premium
(7) Panda Global Protection, etc. တို႕ပဲျဖစ္ပါတယ္ …

ဒီ Security Suiteေတြကေတာ့ Full Featureေပးပါလိမ့္မယ္ … Online Paymentေတြ၊ Mobile Bankingေတြအတြက္ ကာကြယ္မႈေတြ ေကာင္းေကာင္းေပးႏိုင္ပါလိမ့္မယ္ … ၿပီးေတာ့ ခုေနာက္ပိုင္း ေပၚျပဴလာ ျဖစ္ေနတဲ့ Ransomewareလို ကိုယ့္ရဲ႕ အေရးႀကီးတဲ့ Dataေတြကို Encryptလုပ္ပစ္ၿပီး ပိုက္ဆံေပးမွ ကိုယ့္ Dataေတြ မူလအတိုင္း ျပန္ၿပီး သံုးလို႕ရေအာင္ လုပ္ေနတဲ့ Virusရန္မွလဲ ကာကြယ္ေပးႏိုင္ပါတယ္ … အစမွာ ေျပာထားသလိုပါပဲ မျဖစ္ခင္ ကာကြယ္မွပါ … ျဖစ္ၿပီးမွ ဒီAntivirus/Internet Securityေတြ ဝယ္တင္မယ္ဆိုရင္ေတာ့ ထူးမွာ မဟုတ္ပါဘူး …

License Versionထဲမွာေတာ့ Kasperနဲ႕ Bitdefenderတို႕က စက္Performanceေကာင္းမွသာ သံုးသင့္တယ္လို႕ သံုးသပ္ၿပီး … Trend Micro, McAfeeနဲ႕ ESETတို႕က သူတို႕ထက္ ေပါ့ပါးတယ္လို႕ ျမင္ပါတယ္ … ဒီေတာ့ မျဖစ္ခင္ ႀကိဳတင္ဝယ္ယူၿပီး ကာကြယ္မႈ ယူထားၾကပါ … ေနာက္တစ္ခ်က္ကေတာ့ Antivirusကို updateလဲ မွန္မွန္လုပ္ေပးၾကပါ … ဒါမွ အသစ္သစ္ေသာ Virusေတြရန္မွ ကာကြယ္ႏိုင္ပါလိမ့္မယ္ …

ဒီေလာက္ဆိုရင္ Antivirusေတြ အေၾကာင္း အေတာ္အသင့္ နားလည္ႏိုင္က်မယ္လို႕ ေမွ်ာ္လင့္မိပါတယ္ …

[Myanmar]
လူကို ရောဂါကုသပေးတဲ့ ဆရာဝန်ပဲ ဖြစ်စေ၊ စက်ပစ္စည်းရဲ့ ချွတ်ယွင်းမှုတွေကို ပြင်ပေးရတဲ့ စက်ပြင်ဆရာပဲ ဖြစ်စေ၊ ကွန်ပျူတာ စနစ်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေရတဲ့ အိုင်တီဆရာပဲ ဖြစ်စေ … အားလုံးက ကိုယ်စားပြု သုံးနှုန်းနေတဲ့ ဘုံ စကားလေးဖြစ်တဲ့ “ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းသည်”ဆိုတဲ့ အတိုင်း လူလဲ လူမို့၊ စက်လဲ စက်မို့၊ ကွန်ပျူတာ စနစ်မှာလဲ သူ့ အလျောက် ဖြစ်မှ ကုသ/ပြင်ဆင်တာထက် မဖြစ်ခင် သတိရှိစွာ ကြိုတင်ပြင်ဆင် ကာကွယ်ထားမယ်ဆို အချိန်ကုန်၊ ငွေကုန်၊ လူ/စိတ်ပင်ပန်း မဖြစ်နိုင်တော့ဘူးပေါ့ …..

ဒီတစ်ခါ ပြောချင်တာလေးကတော့ ကွန်ပျူတာရဲ့ စနစ်ကြီးကို ချွတ်ယွင်းစေတတ်၊ ပုံမှန်အလုပ်မလုပ်ပဲ၊ တန်ဖိုးကြီး Dataတွေပါ ဆုံးရှုံးစေတဲ့ Virusရန်က မဖြစ်ခင် ကြိုတင် ကာကွယ်ဖို့အတွက် ဘယ်ဟာတွေ သုံးမလဲ? ဘယ်လို အကျိုးတွေ ရှိမလဲ? ဆက်ပြီး ကြည့်ရအောင် …

Antivirus Softwareတွေမှာ နာမည် အစုံနဲ့ Free Versionကော License Versionကော ရှိပါတယ် …

Free Versionကို ကြည့်ရင် တစ်ချို့က ရက်နဲ့ အကန့်အသတ်ပေးတာ ရှိတတ်သလို၊ တစ်ချို့ Security Featureတွေကို လျှော့ပြီး ပုံမှန် Virusစစ်ပေးနိုင်တာတွေလဲ ရှိတတ်ပါတယ် … Free Versionတွေထဲမှာ နာမည်ရှိတဲ့ Antivirusတွေကတော့ –
(1) Avast
(2) BitDefender
(3) AVG
(4) Avira
(5) Panda
(6) Microsoft Windows Defender,etc. တို့ပဲ ဖြစ်ပါတယ် …

Free Antivirus Softwareတွေကတော့ အတန့်အသင့် ကာကွယ်မှုပေးနိုင်တဲ့ အပြင် Web Shieldတွေပါ ပါလာတဲ့အတွက် အင်တာနက် အသုံးပြုသူတွေ အတွက်ပါ အဆင်ပြေစေပါတယ် … Virus Linkတွေကို မသိပဲ နှိပ်မိ/ဝင်ကြည့်မိမယ်ဆိုရင်တောင် Antivirusက အသိပေးပြီး ဆက်ကြည့်လို့မရအောင် တားပေးထားနိုင်ပါတယ် … ကျွန်တော်တို့ သုံးကြည့်ဖူးတဲ့ အထဲမှာတော့ Avast, AVG, Aviraနဲ့ Windows Defenderကတော့ ပေါ့ပေါ့ပါးပါးနဲ့ အတန်သင့် အကာအကွယ်ပေးနိုင်တဲ့ Antivirusတွေပဲဖြစ်ပါတယ် … Windows Defenderကတော့ Microsoft Windows 10မှာ built-inပါလာ ပါပြီ ... Windows 7တုန်းကတော့ Microsoft Security Essentialနာမည်နဲ့ သပ်သပ်တင်ပေးခဲ့ရပါတယ် … Free Antivirusတွေကိုလဲ Licenseအနေနဲ့ ဝယ်သုံးလို့ရပါတယ် …

License Versionတွေမှာတော့ Full Security Featureရနေတော့ စက်ရဲ့Performanceကောင်းဖို့တော့ လိုပါလိမ့်မယ် … မဟုတ်ရင်လဲ မလိုအပ်ဘူး ထင်မဲ့ Featureတွေကို ပိတ်ထားလို့ ရပါတယ် … License Versionမှာကျတော့ Antivirusရယ် Internet Securityရယ် ဆိုပြီး ရှိတတ်ပါတယ် … Networkချိတ်ဆက် အသုံးပြုနေတဲ့ စက်တွေ အတွက်တော့ Internet Securityက လိုကို လိုအပ်ပါတယ် …

License Versionမှာ နာမည်ရှိတဲ့ Internet Securityတွေကတော့ -
(1) Kaspersky Total Security
(2) Bitdefender Total Security
(3) Norton Security Premium
(4) Trend Micro Maximum Security
(5) McAfee Total Protection
(6) ESET Smart Security Premium
(7) Panda Global Protection, etc. တို့ပဲဖြစ်ပါတယ် …

ဒီ Security Suiteတွေကတော့ Full Featureပေးပါလိမ့်မယ် … Online Paymentတွေ၊ Mobile Bankingတွေအတွက် ကာကွယ်မှုတွေ ကောင်းကောင်းပေးနိုင်ပါလိမ့်မယ် … ပြီးတော့ ခုနောက်ပိုင်း ပေါ်ပြူလာ ဖြစ်နေတဲ့ Ransomewareလို ကိုယ့်ရဲ့ အရေးကြီးတဲ့ Dataတွေကို Encryptလုပ်ပစ်ပြီး ပိုက်ဆံပေးမှ ကိုယ့် Dataတွေ မူလအတိုင်း ပြန်ပြီး သုံးလို့ရအောင် လုပ်နေတဲ့ Virusရန်မှလဲ ကာကွယ်ပေးနိုင်ပါတယ် … အစမှာ ပြောထားသလိုပါပဲ မဖြစ်ခင် ကာကွယ်မှပါ … ဖြစ်ပြီးမှ ဒီAntivirus/Internet Securityတွေ ဝယ်တင်မယ်ဆိုရင်တော့ ထူးမှာ မဟုတ်ပါဘူး …
License Versionထဲမှာတော့ Kasperနဲ့ Bitdefenderတို့က စက်Performanceကောင်းမှသာ သုံးသင့်တယ်လို့ သုံးသပ်ပြီး … Trend Micro, McAfeeနဲ့ ESETတို့က သူတို့ထက် ပေါ့ပါးတယ်လို့ မြင်ပါတယ် … ဒီတော့ မဖြစ်ခင် ကြိုတင်ဝယ်ယူပြီး ကာကွယ်မှု ယူထားကြပါ … နောက်တစ်ချက်ကတော့ Antivirusကို updateလဲ မှန်မှန်လုပ်ပေးကြပါ … ဒါမှ အသစ်သစ်သော Virusတွေရန်မှ ကာကွယ်နိုင်ပါလိမ့်မယ် …

ဒီလောက်ဆိုရင် Antivirusတွေ အကြောင်း အတော်အသင့် နားလည်နိုင်ကျမယ်လို့ မျှော်လင့်မိပါတယ် …

Img Crd: reviewtech

[Zawgyi]အသိပညာ မွ်ေဝတဲ့ ပို႕စ္ အဆက္ျပတ္ေနခဲ့တာ ၾကာသြားခဲ့တာ .. အခု File Systemေတြ အမ်ားႀကီးထဲက  FAT32နဲ႕ NTFS File Syste...
13/06/2018

[Zawgyi]
အသိပညာ မွ်ေဝတဲ့ ပို႕စ္ အဆက္ျပတ္ေနခဲ့တာ ၾကာသြားခဲ့တာ .. အခု File Systemေတြ အမ်ားႀကီးထဲက FAT32နဲ႕ NTFS File Systemေလး အေၾကာင္းကို USB Flash Driveေလးေပၚ အေျခခံၿပီး မွ်ေဝသြားခ်င္ပါတယ္ ….

FAT32 and NTFS file system on USB Flash Drive
======================================
ပံုမွန္အားျဖင့္ Hard Diskျဖစ္ေစ၊ Flash Driveျဖစ္ေစ formatခ်တဲ့ အခ်ိန္ File System: FAT32နဲ႕ NTFSဆိုၿပီးေရြးဖို႕ကို ျမင္ဘူး လုပ္ဘူး ၾကမွာပါ … FAT32 File Systemအေနနဲ႕ Flash Driveေတြမွာ အသံုးမ်ားၾကပါတယ္ … ဘာျဖစ္လို႕လဲ? ဘာေတြ ကြာလို႕လဲ? ဆိုတာ FAT32နဲ႕ NTFSကို ယွဥ္ၾကည့္ၾကရေအာင္ …

FAT32ဆိုတာက Windows XPမထြက္ခင္ကတည္းက အရင္ OSေတြမွာ သံုးခဲ့ၾကတယ္ … Windows XPမွာ စၿပီး Microsoftက NTFSကို သူ႕default file systemအေနနဲ႕ စသံုးခဲ့တယ္လို႕ မွတ္သားခဲ့ရပါတယ္ … အဲ့ဒါကို ဘာလို႕ ယခုခ်ိန္ထိ Flash Driveေတြမွာ သံုးေနရတာလဲ? NTFSသံုးရင္ေကာ မရဘူးလား?
အေျဖက ရပါတယ္ … Flash Driveေတြမွာ NTFS file systemသံုးလို႕ရပါတယ္ … ဘယ္အတြက္ သံုးရသလဲ? သံုးႏိုင္သလဲ? ဆိုတာ မေျပာခင္ FAT32ရဲ႕ ကန္႕သတ္ခ်က္ေလးေတြကို ေလ့လာၾကည့္ရေအာင္ …

FAT32 file systemက ဖိုင္ တစ္ဖိုင္ခ်င္းအတြက္ up to 4GBထိပဲ အေထာက္အပံ့ေပးပါတယ္တဲ့ … လက္ေတြ႕စမ္းသပ္ၾကည့္ပါ … တစ္ဖိုင္တည္း 4GB(သို႕)အဲ့ထက္ႀကီးတဲ့ ဆိုဒ္နဲ႕ ဖိုင္(.zip, .rar, .iso, etc.)ေတြကို FAT32 file systemသံုးေနတဲ့ USB Flash Driveတဲ့ထည့္ၾကည့္ပါ … ရသလားေပါ့?

ေနာက္တစ္ခု အေနနဲ႕ FAT file systemက Volume(Hard Drive or Flash Drive)အေနနဲ႕ up to 2TBအထိပဲ အေထာက္အပံ့ေပးတယ္တဲ့ … 3TB Hard Driveတစ္လံုးကို FAT32နဲ႕ Formatခ်ၾကည့္ပါ … ရႏိုင္မလား? အဆင္ေျပရင္ စမ္းၾကည့္က်ပါ … Dataေတြရွိတဲ့ Driveေတြကိုေတာ့ မစမ္းေစခ်င္ပါဘူး …

ေနာက္တစ္ခ်က္က ေတာ့ FAT file systemက NTFSလို journaling file systemမရွိပါဘူး … Journaling file systemဆိုလိုတာက Systemဟာ အေျပာင္းအလဲေတြ မလုပ္ခင္ journalဆိုတဲ့ fileထဲ သြားမွတ္ထားတာပါ … အဲ့ေတာ့ journaling file systemက ဘာေကာင္းလဲ? တကယ္လို႕ Systemက Fileတခုခု Driveေပၚေရးေနခ်ိန္ မီး ရုတ္တရက္ ပ်က္သြားခဲ့မယ္ဆို System Corruptionမျဖစ္ေအာင္ ကာကြယ္ေပးထားပါတယ္ … FAT32 file systemကေတာ့ System Corruptionျဖစ္ဖို႕ လြယ္ပါတယ္ …

ေနာက္ဆံုးအခ်က္ကေတာ ကိုယ့္fileေတြကို ဘယ္သူ ၾကည့္လို႕ရမယ္? ဘယ္သူေတြကိုပဲ ျပင္ခြင့္ေပးမယ္? ဆိုတဲ့security feature FAT32 file systemမွာ မပါပါဘူး …

ဒါဆို NTFS file systemကေကာ? file တစ္ဖုိင္ခ်င္းပဲ ျဖစ္ျဖစ္ Volumeတစ္ခုလံုးပဲ ျဖစ္ျဖစ္ ဆို္ဒ္ႀကီးေတြကို အေထာက္အပံ့ေပးပါတယ္ … journaling file systemလဲ ပါဝင္ၿပီး System Corruptionျဖစ္ခ်င္းမွလဲ ကာကြယ္ေပးပါတယ္ … ေနာက္ဆံုးအေနနဲ႕ Securityအားျဖင့္လဲ permissionေတြ ေပးႏိုင္လာပါတယ္ …

ဒါဆို ဘာလို႕ USB Flash Driveေတြမွာ FAT32 file systemဆက္လက္သံုးေနၾကသလဲ?
အေပၚက အေၾကာင္းအရာေတြက USB Flash Driveေတြအတြက္ ျပႆနာ မဟုတ္ပါဘူး … ဘာလို႕ဆိုတာ ဆက္ၾကည့္ရေအာင္ ...
အၾကမ္းဖ်င္း အားျဖင့္ Flash Driveေတြမွာ ခုခ်ိန္ထိ 2TBထိ မသံုးၾကေသးပါဘူး .. (ရွိတာေတာ့ ရွိပါလိမ့္မယ္)
ၿပီးေတာ့ fileတစ္ဖိုင္ခ်င္း up to 4GBဆိုတာကလဲ ရွိပါတယ္ … အဲ့ေလာက္ ပမာဏ သိမ္းေလ့ရွိတဲ့ သူေတြကေတာ့ NTFS file systemကို သံုးကို သံုးရပါလိမ့္မယ္ … ပံုမွန္သံုးသူေတြကေတာ့ FAT32 file systemကေတာ့ ေရြးခ်ယ္စရာပါပဲ …

ေနာက္တစ္ခ်က္ကေတာ့ Flash Driveေတြက data အကူးအေျပာင္းနဲ႕ သိမ္းဖို႕ သံုးေလ့ သံုးထရွိတာျဖစ္တဲ့ အတြက္ System Driveေတြမွာရွိဖို႕လိုအပ္တဲ့ Journaling file systemကိစၥကိုလဲ ေမ့လိုက္လို႕ရပါတယ္ … အဲ့ဟာသာ သံုးရမယ္ဆို Flash Driveေတြေပၚ ခနခန မွတ္ေနရမွာ ျဖစ္တဲ့ အတြက္ Flash Driveသက္တမ္းကို တို ေစပါတယ္ …

Securityအေနနဲ႕ Fileေတြကို permissionေပးဖို႕ကေတာ့ Flash Driveေတြ အတြက္ မလိုအပ္ပါဘူး … မဟုတ္ရင္ ဒီComputerက ဒီUserက ဟိုဖက္Computerမွာ ရွိခ်င္မွ ရွိႏိုင္မွာမို႕ … အလုပ္ ရႈပ္သြားပါလိမ့္မယ္ …

က်န္ေနတဲ့ အဓိက အခ်က္တစ္ခု ရွိေနေသးတယ္ … ဘာလဲ ဆိုေတာ့ Compatibility … ယခုေခတ္မွာက USB portေတြကို ေနရာတိုင္း ေတြ႕ေနရပါၿပီ … Smart TVလား .. Monitorလား .. DVDစက္ .. Printer အစရွိသျဖင့္ တြဲဖက္သံုးႏိုင္ၾကၿပီဆိုေတာ့ … အဲ့လို ပစၥည္းေတြနဲ႕ ေကာ ဘယ္ File Systemက အဆင္ေျပမလဲ?
တစ္ခ်ိဳ႕ ပစၥည္းေတြက NTFS file systemနဲ႕ အဆင္ေျပလာေပမယ့္ ဘံုသံုးအေနနဲ႕ အားလံုးနဲ႕ အဆင္ေျပဆံုးကေတာ့ FAT32 file systemျဖစ္ပါတယ္ …

အခ်ဳပ္အေနနဲ႕ကေတာ့ အၾကမ္းဖ်င္း အားျဖင့္ သာမန္အသံုးျပဳဖို႕ File Size: up to 4GBေတြ မသံုးတဲ့သူဆိုရင္ ကိုယ့္ Flash Driveအတြက္က FAT32က အေကာင္းဆံုးပါပဲ …

ဖတ္ေပးတဲ့ အတြက္ ေက်းဇူးပါ …

[Myanmar]
အသိပညာ မျှဝေတဲ့ ပို့စ် အဆက်ပြတ်နေခဲ့တာ ကြာသွားခဲ့တာ .. အခု File Systemတွေ အများကြီးထဲက FAT32နဲ့ NTFS File Systemလေး အကြောင်းကို USB Flash Driveလေးပေါ် အခြေခံပြီး မျှဝေသွားချင်ပါတယ် ….

FAT32 and NTFS file system on USB Flash Drive
======================================
ပုံမှန်အားဖြင့် Hard Diskဖြစ်စေ၊ Flash Driveဖြစ်စေ formatချတဲ့ အချိန် File System: FAT32နဲ့ NTFSဆိုပြီးရွေးဖို့ကို မြင်ဘူး လုပ်ဘူး ကြမှာပါ … FAT32 File Systemအနေနဲ့ Flash Driveတွေမှာ အသုံးများကြပါတယ် … ဘာဖြစ်လို့လဲ? ဘာတွေ ကွာလို့လဲ? ဆိုတာ FAT32နဲ့ NTFSကို ယှဉ်ကြည့်ကြရအောင် …

FAT32ဆိုတာက Windows XPမထွက်ခင်ကတည်းက အရင် OSတွေမှာ သုံးခဲ့ကြတယ် … Windows XPမှာ စပြီး Microsoftက NTFSကို သူ့default file systemအနေနဲ့ စသုံးခဲ့တယ်လို့ မှတ်သားခဲ့ရပါတယ် … အဲ့ဒါကို ဘာလို့ ယခုချိန်ထိ Flash Driveတွေမှာ သုံးနေရတာလဲ? NTFSသုံးရင်ကော မရဘူးလား?
အဖြေက ရပါတယ် … Flash Driveတွေမှာ NTFS file systemသုံးလို့ရပါတယ် … ဘယ်အတွက် သုံးရသလဲ? သုံးနိုင်သလဲ? ဆိုတာ မပြောခင် FAT32ရဲ့ ကန့်သတ်ချက်လေးတွေကို လေ့လာကြည့်ရအောင် …

FAT32 file systemက ဖိုင် တစ်ဖိုင်ချင်းအတွက် up to 4GBထိပဲ အထောက်အပံ့ပေးပါတယ်တဲ့ … လက်တွေ့စမ်းသပ်ကြည့်ပါ … တစ်ဖိုင်တည်း 4GB(သို့)အဲ့ထက်ကြီးတဲ့ ဆိုဒ်နဲ့ ဖိုင်(.zip, .rar, .iso, etc.)တွေကို FAT32 file systemသုံးနေတဲ့ USB Flash Driveတဲ့ထည့်ကြည့်ပါ … ရသလားပေါ့?

နောက်တစ်ခု အနေနဲ့ FAT file systemက Volume(Hard Drive or Flash Drive)အနေနဲ့ up to 2TBအထိပဲ အထောက်အပံ့ပေးတယ်တဲ့ … 3TB Hard Driveတစ်လုံးကို FAT32နဲ့ Formatချကြည့်ပါ … ရနိုင်မလား? အဆင်ပြေရင် စမ်းကြည့်ကျပါ … Dataတွေရှိတဲ့ Driveတွေကိုတော့ မစမ်းစေချင်ပါဘူး …

နောက်တစ်ချက်က တော့ FAT file systemက NTFSလို journaling file systemမရှိပါဘူး … Journaling file systemဆိုလိုတာက Systemဟာ အပြောင်းအလဲတွေ မလုပ်ခင် journalဆိုတဲ့ fileထဲ သွားမှတ်ထားတာပါ … အဲ့တော့ journaling file systemက ဘာကောင်းလဲ? တကယ်လို့ Systemက Fileတခုခု Driveပေါ်ရေးနေချိန် မီး ရုတ်တရက် ပျက်သွားခဲ့မယ်ဆို System Corruptionမဖြစ်အောင် ကာကွယ်ပေးထားပါတယ် … FAT32 file systemကတော့ System Corruptionဖြစ်ဖို့ လွယ်ပါတယ် …

နောက်ဆုံးအချက်ကတော ကိုယ့်fileတွေကို ဘယ်သူ ကြည့်လို့ရမယ်? ဘယ်သူတွေကိုပဲ ပြင်ခွင့်ပေးမယ်? ဆိုတဲ့security feature FAT32 file systemမှာ မပါပါဘူး …

ဒါဆို NTFS file systemကကော? file တစ်ဖိုင်ချင်းပဲ ဖြစ်ဖြစ် Volumeတစ်ခုလုံးပဲ ဖြစ်ဖြစ် ဆိုဒ်ကြီးတွေကို အထောက်အပံ့ပေးပါတယ် … journaling file systemလဲ ပါဝင်ပြီး System Corruptionဖြစ်ချင်းမှလဲ ကာကွယ်ပေးပါတယ် … နောက်ဆုံးအနေနဲ့ Securityအားဖြင့်လဲ permissionတွေ ပေးနိုင်လာပါတယ် …

ဒါဆို ဘာလို့ USB Flash Driveတွေမှာ FAT32 file systemဆက်လက်သုံးနေကြသလဲ?
အပေါ်က အကြောင်းအရာတွေက USB Flash Driveတွေအတွက် ပြဿနာ မဟုတ်ပါဘူး … ဘာလို့ဆိုတာ ဆက်ကြည့်ရအောင် ...
အကြမ်းဖျင်း အားဖြင့် Flash Driveတွေမှာ ခုချိန်ထိ 2TBထိ မသုံးကြသေးပါဘူး .. (ရှိတာတော့ ရှိပါလိမ့်မယ်)
ပြီးတော့ fileတစ်ဖိုင်ချင်း up to 4GBဆိုတာကလဲ ရှိပါတယ် … အဲ့လောက် ပမာဏ သိမ်းလေ့ရှိတဲ့ သူတွေကတော့ NTFS file systemကို သုံးကို သုံးရပါလိမ့်မယ် … ပုံမှန်သုံးသူတွေကတော့ FAT32 file systemကတော့ ရွေးချယ်စရာပါပဲ …

နောက်တစ်ချက်ကတော့ Flash Driveတွေက data အကူးအပြောင်းနဲ့ သိမ်းဖို့ သုံးလေ့ သုံးထရှိတာဖြစ်တဲ့ အတွက် System Driveတွေမှာရှိဖို့လိုအပ်တဲ့ Journaling file systemကိစ္စကိုလဲ မေ့လိုက်လို့ရပါတယ် … အဲ့ဟာသာ သုံးရမယ်ဆို Flash Driveတွေပေါ် ခနခန မှတ်နေရမှာ ဖြစ်တဲ့ အတွက် Flash Driveသက်တမ်းကို တို စေပါတယ် …

Securityအနေနဲ့ Fileတွေကို permissionပေးဖို့ကတော့ Flash Driveတွေ အတွက် မလိုအပ်ပါဘူး … မဟုတ်ရင် ဒီComputerက ဒီUserက ဟိုဖက်Computerမှာ ရှိချင်မှ ရှိနိုင်မှာမို့ … အလုပ် ရှုပ်သွားပါလိမ့်မယ် …

ကျန်နေတဲ့ အဓိက အချက်တစ်ခု ရှိနေသေးတယ် … ဘာလဲ ဆိုတော့ Compatibility … ယခုခေတ်မှာက USB portတွေကို နေရာတိုင်း တွေ့နေရပါပြီ … Smart TVလား .. Monitorလား .. DVDစက် .. Printer အစရှိသဖြင့် တွဲဖက်သုံးနိုင်ကြပြီဆိုတော့ … အဲ့လို ပစ္စည်းတွေနဲ့ ကော ဘယ် File Systemက အဆင်ပြေမလဲ?
တစ်ချို့ ပစ္စည်းတွေက NTFS file systemနဲ့ အဆင်ပြေလာပေမယ့် ဘုံသုံးအနေနဲ့ အားလုံးနဲ့ အဆင်ပြေဆုံးကတော့ FAT32 file systemဖြစ်ပါတယ် …

အချုပ်အနေနဲ့ကတော့ အကြမ်းဖျင်း အားဖြင့် သာမန်အသုံးပြုဖို့ File Size: up to 4GBတွေ မသုံးတဲ့သူဆိုရင် ကိုယ့် Flash Driveအတွက်က FAT32က အကောင်းဆုံးပါပဲ …

ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ …

Ref: howtogeek

Img: techlog360

Address

Latha Street
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Website

Alerts

Be the first to know and let us send you an email when Infracom: Trusted Network Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share