Perfect Oil

Perfect Oil Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Perfect Oil, Brand, Mingalardon, Yangon.

30/11/2023

ကလေးဝတ် ဂျာစီ
လက်တို ၊ ဘီတို
လက်ရှည် ၊ ဘီရှည် အဆင်စုံရ

လက်လီလက်ကား ဝယ်ယူအားပေးလို့ ရပါတယ်ရှင့်

မေမေ့ ချုပ်ထည်ပင်ရင်း ကထွက်တဲ့ ဝမ်းဆက်လေးနဲ့ လှနေသော လဝန်းလေး 😍
24/11/2023

မေမေ့ ချုပ်ထည်ပင်ရင်း ကထွက်တဲ့ ဝမ်းဆက်လေးနဲ့ လှနေသော လဝန်းလေး 😍

ကလေးဝတ် လက်တို ၊ ဘီတ်ို လက်ရှည် ၊ ဘီရှည် အဆင်လေးတွေ လှမှလှ😍
23/11/2023

ကလေးဝတ် လက်တို ၊ ဘီတ်ို
လက်ရှည် ၊ ဘီရှည်
အဆင်လေးတွေ လှမှလှ😍

22/11/2023

၂နှစ်ကနေ၃နှစ်အရွယ်ဝတ် လက်ရှည် ၊ ဘီရှည် 😍

22/11/2023

ပို့ပေးရမဲ့ လက်ပြတ် ၊ ဘီတို ဝမ်းဆက်လေးတွေ 😍

ညဘက်နို့ထတိုက်ရတော့နေ့ဘက်ကလေးအိပ်ချိန် လိုက်အိပ်ရသော ဖေဖေ😐
15/11/2023

ညဘက်နို့ထတိုက်ရတော့
နေ့ဘက်ကလေးအိပ်ချိန် လိုက်အိပ်ရသော ဖေဖေ😐

ကလေးဖြည့်စွက်စာကျွေးနည်းကလေးဖြည့်စွက်စာ ကျွေးတာနဲ့ပတ်သတ်ပြီး သိချင်နေတဲ့မေမေတို့အတွက် ဟိုတနေ့က ညီမသင်တန်းသွားတက်ထားတာနဲ့...
06/09/2023

ကလေးဖြည့်စွက်စာကျွေးနည်း
ကလေးဖြည့်စွက်စာ ကျွေးတာနဲ့ပတ်သတ်ပြီး သိချင်နေတဲ့မေမေတို့အတွက် ဟိုတနေ့က ညီမသင်တန်းသွားတက်ထားတာနဲ့ပတ်သတ်ပြီး ပြန်လည်ဝေမျှပေးချင်ပါတယ်။

အရေးကြီးဆုံးကတော့ ကလေးရဲ့ အစားအစာအတွက် အသုံးပြုရမယ့်အရာတွေက သန့်ရှင်းနေဖို့ပါ။ ဥပမာ (စဥ့်နီတုန်း ၊ အသားလှီးဓါး ၊ အသီးရွက်လှီးဓါး ) အတတ်နိုင်ဆုံး ကလေးအတွက် ချက်တဲ့အိုးကအစ သီးသန့်ထားပေးပါ ။ ကလေးလေးရဲ့အသုံးအဆောင်တွေကို ရေနွေးပြုတ်ပေးပါ။ သားသားမီးမီးလေးတွေကျန်းမာဖို့က နံပါတ် ၁ မို့ပါ။

ကလေးဖြည့်စွက်စာကို အနည်းဆုံး ၅လကနေ စကျွေးလို့ရပါပြီ။ (၅လအောက် ကလေးကတော့ လုံးဝ မကျွေးသင့်ပါဘူးနော်။ ကလေးလေးတွေရဲ့ အစာခြေအင်္ဂါတွေ ကျောက်ကပ်တွေက အရမ်းအလုပ်မလုပ်နိုင်သေးတဲ့အတွက် ၅လအောက်ကလေးအတွက်ကတော့ မိခင်နို့ရည်က အကောင်းဆုံးပါပဲ) နောက်တစ်ခုက ၅လမှာကျွေးရမယ်လို့ အတင်းကြီးမတိုက်တွန်းပါဘူး ။ တစ်ချို့က ၆လမှ စကျွေးကြတာမို့ပါ။

ဘယ်လိုအချိန်တွေက စ ဖြည့်စွက်စာကျွေးနိုင်ပြီလဲဆိုတော့
-၅လ ပြည့်ပြီ
-ကလေးခေါင်းထောင်နိုင်ပြီ (လည်ပင်းခိုင်တဲ့အချိန်)
-သွားရည်တွေကျတတ်နေ ပြီ
-လူကြီးမိဘ အစား စားတဲ့အခါ ကလေးက စိတ်ဝင်တစားလိုက်ကြည့်နေ ပြီ(တကယ်လို့များ ကလေးက အစားစားဖို့ စိတ်ဝင်စားမှုမရှိဘူးဆိုရင် ကိုယ် ထမင်းစားတဲ့အခါ ကလေးကို ပြတာမျိုးလုပ်ပြီး အစားအစာမှာ စိတ်ဝင်စားမှုရှိလာအောင် လုပ်ယူရပါမယ်တဲ့နော်)
-ကိုယ် အစားစားတဲ့ လိုက်တောင်းနေ ပြီ
-ဇွန်းကိုယူပြီး ပိုက်ဆံနားတေ့တတ်နေ ပြီ ဆိုရင် ဖြည့်စွက်စာ စကျွေးလို့ ရပါပြီ

ဖြည့်စွက်စာ ဘာတွေကျွေးရမလဲဆိုတော့
-စစချင်းကျွေးတဲ့ ၁ပတ်ကို ဆန်ပြုတ်ကျွေးရပါမယ်

ဆန်ပြုတ် ဘယ်လိုပြုတ်မလဲ
-ဆန် ၁ဆ ရေ ၁၀ပါ
(အနေအထားကို ပုံမှာ ကြည့်ပါနော် )

ဒီမှာက မီလီလီတာနဲ့သုံးလို့ ပမာဏက မီလီလီတာနဲ့ပဲသိလို့ပါနော်
၅ မီလီလီတာ(ထမင်းစားဇွန်း၁ဇွန်း မရှိတရှိ)
၁ရက်မြောက်နေ့ ၅မီလီလီတာ ၁ဇွန်း
၂ရက်မြောက်နေ့ ၅မီလီလီတာ ၁ဇွန်း
၃ရက်မြောက်နေ့ ၅မီလီလီတာ ၂ဇွန်း
၄ရက်မြောက်နေ့ ၅မီလီလီတာ ၂ဇွန်း
၅ရက်မြောက်နေ့ ၅မီလီလီတာ ၃ဇွန်း
၆ရက်မြောက်နေ့ ၅မီလီလီတာ ၃ဇွန်း
၇ရကျမွောကျနေ့ ၅မီလီလီတာ ၃ဇွန်း
(1 ပတ် ပြည့်ပြီးရင် ပမာဏ ၅ဇွန်းကနေ ၁၀ဇွန်းစာအထိ ကျွေးလို့ရပါတယ်)

ဆန်ပြုတ်ကျွေးတာ ၁ပတ်ပြည့်ပြီဆိုရင် အသီးအရွက် စကျွေးလို့ရပါပြီ
ဥပမာ-ရွှေဖရုံသီး ၊ မုန်လာဥနီ
ဆန်ပြုတ်ကျွေးတာ
၇ရကျမွောကျနေ့မှာ အသီးအရွက် ၅မီလီလီတာ ၁ဇွန်း
၈ရက်မြောက်နေ့ ၅မီလီလီတာ ၁ဇွန်း
၉ရက်မြောက်နေ့ ၅မီလီလီတာ ၂ဇွန်း
၁၀ရက်မြောက်နေ့ ၅မီလီလီတာ ၂ဇွန်း
၁၁ရက်မြောက်နေ့ ၅မီလီလီတာ ၂ဇွန်း
( ၁၂ရက်မြောက်ကနေ စ ၃ဇွန်းမှ ၆ဇွန်းစာအထိ)

ဆန်ပြုတ်နဲ့အသီးရွက်ကျွေးတာ ၁၁ရက်လောက်ရရင် တို့ဖူးနဲ့ အ ဖြူရောင်အသားရှိတဲ့ ငါးကို စကျွေးလို့ရပါပြီ
၁၁ရက်မြောက် ၅မီလီလီတာ ၁ဇွန်း
၁၂ရက်မြောက် ၅မီလီလီတာ ၁ဇွန်း
၁၃ရက်မြောက် ၅မီလီလီတာ ၂ဇွန်း
၁၄ရက်မြောက် ၅မီလီလီတာ ၂ဇွန်း
၁၅ရက်မြောက် ၅မီလီလီတာ ၂ဇွန်း
၁၆ရက်မြောက် ၅မီလီလီတာ ၃ဇွန်း
(၁၆ရက်မြောက် ကနေ ရက်၃၀ထိ ၅မီလီလီတာ ၃ဇွန်းစီ)
ဆန်ပြုတ်၊ အသီးရွက်၊ တို့ဖူးနဲ့ ငါးကို ဘယ်လိုအနေအထားပြုတ်ရလဲ ကိုပုံလေးတွေမှာ ကြည့်ပါနော်

ကလေးကို ဖြည့်စွက်စာကျွေးမယ်ဆိုရင် နို့ဘူးတိုက်တဲ့ကလေးအတွက်က နို့ဘူးပါတခါတည်း ပြင်ထားပေးပါ။ နို့တိုက်တဲ့မေမေတွေအတွက်ကတော့ ချိူချိုပေါ့နော်။ တချို့ကလေးလေးတွေက အစားစား ပြီးရင် နို့တောင်းတတ်ပါတယ်တဲ့။

၅လ ကနေ ၆လအထိက ၁နေ့ကို ၁ကြိမ်
၇လ ကနေ ၈လအထိက ၁နေ့ကို ၂ကြိမ်
၉လနဲ့ အထက်က ၁နေ့ကို ၃ကြိမ် ကျွေးလို့ရပါတယ်

ကြက်ဥ ကို တို့ဖူးနဲ့ အ ဖြူရောင် အသားရှိတဲ့ ငါး ကျွေးပြီးတဲ့ နောက်မှ စကျွေးရပါမယ် ။ ကျွေးတဲ့အခါ ၁၅မိနစ်လောက်ပြုတ်ရပါမယ်နော်။

သတိပြုရမှာတွေက
နွားနို့
ပျားရည်
(၁ နှစ်အောက် ကလေးလုံးဝ မတိုက်ကျွေးသင့်ပါဘူးတဲ့နော်)

ငါး
၅လ မှ ၆လအထိ အ ဖြူရောင် အသားရှိတဲ့ ငါး
၇လ မှ ၈လ အထိ အနီရောင် အသားရှိတဲ့ ငါး
၉လနဲ့ အထက် အ ပြာရောင်ပါတဲ့ ငါး ကျွေးပါ။
(ငါးအစိမ်း လုံးဝ မကျွေးသင့်ပါဘူးနော်)

အသား
၆လမှ ၉လအထိ ကြက်သား
၉လနဲ့အထက် အမဲသား ၊ ဝက်သား ကျွေးပါ။

ညီမတို့လို အခုမှ ဖြည့်စွက်စာ စကျွေးမယ့် မေမေတွေ ၊ ဘာကနေ စကျွေးပြီး ဘယ်လိုလုပ်ရမလဲ မသိတဲ့မေမေတွေအတွက် သိသလောက် ဝေမျှပေးတာပါ ။ တနေရာနဲ့တနေရာမတူတဲ့အတွက် ကျွေးတာချင်းက တူချင်မှ တူနိုင်မှာမို့ အဲဒါလေးတော့နားလည်ပေးပါနော်။ ညီမက ဂျပန်မှာနေတာမို့ ဒီက သင်ပေးတဲ့အတိုင်း ပြန်ဝေမျှပေးတာပါနော်။ အားလုံးပဲ အဆင်ပြေကြပါစေ ။

crd

၆ လ နှင့် အထက် သားသားမီးမီး တို့ အတွက် ဖြည့်စွက်စာကျွေးနည်းလမ်းညွှန်**ယခု ဖော်ပြထားသော ကလေးဖြည့်စွက်စာ ကျွေးနည်း လမ်းညွှ...
06/09/2023

၆ လ နှင့် အထက် သားသားမီးမီး တို့ အတွက် ဖြည့်စွက်စာကျွေးနည်းလမ်းညွှန်

**ယခု ဖော်ပြထားသော ကလေးဖြည့်စွက်စာ ကျွေးနည်း လမ်းညွှန်မှာ မေမေတို့ အနေဖြင့် အကြမ်းဖျင်း အကြံဉာဏ် ရရှိအောင်သာ ဖြစ်၍ မိမိ တို့ စိတ်ကူး ရှိသလို အာဟာရစုံလင် ပြည့်ဝစေရန် ချက်ပြုတ် ကျွေးမွေးနိုင်ပါသည်။**

မိမိတို့၏ ကလေးများအာဟာရစုံလင်စွာရရှိစေရန်
အစားအသောက်ပြင်ဆင်ရာတွင် ထမင်း၊ ကြက်သား၊ ငါး၊ အသီးအရွက်၊ အာလူး၊ ပဲအမျိုးမျိုး၊ နို့ ၊ ကြက်ဥ အစရှိသဖြင့် ပါဝင်အောင် ကျွေးပေးရမည် ဖြစ်ပါသည်။

ကလေး အသက် ၁ နှစ် မပြည့်ခင် အစားအသောက်ပြင်ဆင်ရာတွင် ဆားနှင့် သကြား မသုံးမိစေရန် သတိပြုပါ။

//ဒေါက်တာရဲရင့် raphamyanmar//

မီးမီးလေးတွေဝတ်ဖို့ ထုတ်ထားတဲ့ထဲမှာဒီစပေါ့လုံး  အဆင်လေးကအားလုံး Sold Out သွားပီမို့ နောက်ထပ်အဆင်သစ် ထပ်အပ်ထားပါတယ်ရှင့်ပ...
01/09/2023

မီးမီးလေးတွေဝတ်ဖို့ ထုတ်ထားတဲ့ထဲမှာ
ဒီစပေါ့လုံး အဆင်လေးက
အားလုံး Sold Out သွားပီမို့ နောက်ထပ်အဆင်သစ် ထပ်အပ်ထားပါတယ်ရှင့်

ပထမ မှာထားတဲ့သူတွေက ရပါမယ်ရှင့် 😍
ဝယ်ယူအားပေးတဲ့ Customer တယောက်ချင်းစီတိုင်း ကျေးဇူးပါ ရှင့် 😍

130 Lb Beauty 😜
01/09/2023

130 Lb Beauty 😜

မီးမီးလေးတွေ အတွက် ပေါ့ပေါ့ပါးပါး ဝတ်လို့ရမယ့် စပန့်ဝမ်းဆက်လေးတွေ 😍😍အဆင်လေးတွေလည်း လှမှလှ 😍 ဘောင်းဘီမှာလည်း အစည်းလေးပါပါ...
31/08/2023

မီးမီးလေးတွေ အတွက် ပေါ့ပေါ့ပါးပါး ဝတ်လို့ရမယ့် စပန့်ဝမ်းဆက်လေးတွေ 😍😍

အဆင်လေးတွေလည်း လှမှလှ 😍 ဘောင်းဘီမှာလည်း အစည်းလေးပါပါတယ်

လသားကနေ တစ်နှစ်ထိရပါတယ်

သေးရင် 1 နှစ်ခွဲ 2 နှစ်ထိရ

1 စုံ 4000

5 / 10 ထည် တစ်စည်း 3500 ( အဆင်မရွေးရ )

09 961361839

လသား မှ တစ်နှစ်ခွဲပိန်ရင် 2 နှစ်ထိရကလေးကျားဝတ် ဂျာစီဝမ်းဆက် အစုံ 20 sold out 😍😍ဘောင်းဘီက pattern ကျကျ ချုပ်ပေးထားပါတယ်2 ...
26/08/2023

လသား မှ တစ်နှစ်ခွဲ

ပိန်ရင် 2 နှစ်ထိရ

ကလေးကျားဝတ် ဂျာစီဝမ်းဆက် အစုံ 20 sold out 😍😍
ဘောင်းဘီက pattern ကျကျ ချုပ်ပေးထားပါတယ်

2 ထပ်ချုပ်ရိုးနဲ့ ဂွကျယ် တင်ကျယ် မို့ ဝတဲ့ကလေးတွေပါ ချောင်ချောင်လေး ဝတ်လို့ရပါတယ်ရှင့်

1 စုံ 3200

3 စုံယူ (၁စုံ _ 3000)

5 /10 စုံဈေး 2500

50/100 စျေး 2000

09 961361839 ( Viber & ph )

Kay ချုပ်ထည်ပင်ရင်း
#ကလေးဂျာစီဝမ်းဆက်

Address

Mingalardon
Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959961361839

Website

Alerts

Be the first to know and let us send you an email when Perfect Oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category