REBEL - Wholesale Bags and Printing services

REBEL - Wholesale Bags and Printing services Punx Accessories And Quality Goody Bags Whatever You Need

⚡️🚩
20/06/2025

⚡️🚩

2021 စစ်အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်အထိ ထုတ်လုပ်ပြီးစီးခဲ့သော The Rebel Riot ရဲ့ Music Video များအားလုံးကို Youtube Link များနဲ့အတူ စုစည်းပြီး၊ တစ်ပေါင်းတစည်းတည်း တင်ပေးလိုက်ပါတယ်။... 🖤✊️🚩

“One Day" (Feb 11, 2021)
https://youtu.be/3ODKj6E-L5E

"A.C.A.B" (Mar 5, 2021)
https://youtu.be/wRjL-YD9oYI

"Abolish Military Slave Education"
(May 5, 2021)
https://youtu.be/Ilwzg0vHKNw

"Bella Ciao cover (Burmese Punk Version)"
(Dec 19, 2021)
https://youtu.be/Ddm5yNcuHPg

"United Forever, Fight Together And
Women Are The Front" (Feb 6, 2022)
https://youtu.be/9ebMKQnNWqk

"TO...DEAR COMRADE" (Jan 1, 2024)
https://youtu.be/so-mCMm4cuM

"Spring Nightmare" (Feb 1, 2024)
https://youtu.be/NE6m4QpdnQ8

"Talking is over (Pestpocken cover)"
(May 10, 2024)
https://youtu.be/dtREd9AEOv8

"¡A las Barricadas (Punk Version 2025)"
(Feb 6, 2025)
https://youtu.be/yHz4wH3KTA4

" Alerta Antifa, Fight back!"
(Jun 10, 2025)
https://youtu.be/mDx8TtFFzo8

🏴Ⓐ🤘

REBEL COLLECTIVE BUSINESSဆိုတာ ဘာလဲ ?COMMUNITY မှာ ဘာတွေ လုပ်ကြလဲ?Our community space!! ကျွန်တော်တို့ Communityဟာ  စီပွာ...
04/05/2025

REBEL COLLECTIVE BUSINESSဆိုတာ ဘာလဲ ?
COMMUNITY မှာ ဘာတွေ လုပ်ကြလဲ?

Our community space!!

ကျွန်တော်တို့ Communityဟာ စီပွားရေးလုပ်ငန်းတစ်ခု သက်သက်ရပ်တည်နေတာမဟုတ်ပါဘူး။ လမ်းသရဲ (ဂေါ်လီ) လူငယ်တွေအတူတူဖွဲ့စည်းတည်ဆောက်ထားတဲ့ Community တစ်ခုလည်းဖြစ်ပါတယ်။

Rebel မှာ ခေါင်းဆောင်မရှိသလို နောက်လိုက်လည်းမရှိဘူး။
သူဌေးမရှိသလို အလုပ်သမားလည်းမရှိဘူး။ တက်ကြွလှုပ်ရှားသူတွေပဲရှိပါတယ်။

What things We Against?

REBEL ရဲ့အဖွဲ့ဝင် အားလုံး ဘုံသဘောတူညီမှုကတော့ Community space မှာ လာပြီး အကျိုးမဲ့ အချိန်ဖြန်း၍ အခြား သူများ ကို စိတ်ပိုင်း ရုပ်ပိုင်း အနှောက်အယှက်ဖြစ်စေတဲ့ အပြုအမူများ၊
အမျိုးသမီးများ ၊ LGBT နဲ့ အခြားလူနည်းစု တွေ အပေါ် လေးစားမှု မရှိပဲ ခွဲခြားနှိပ့်ချ ဆက်ဆံမှုများ၊
လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားမှု နဲ့ အမုနိးပွါးစေတဲ့ ပြုမူပြောဆိုမှုများ၊
မူးဆစ်ဆေးဝါး နှင့် ဆက်စပ်သော အရာများ ယူဆောင်သုံးစွဲမှု ကို ပြင်းထန်စွာ ဆနိ့ကျင်ပါတယ်။

#ကျွန်တော်တို့ ဘာတွေလုပ်နေလဲ?

စီးပွားရေးအရဆိုရင်တော့ (DIY VIRUS - Punk Shop), (REBEL - Punk Shop Yangon) (REBEL - Screen Printing & Customized Bags Myanmar) (REBEL- Customized Furniture) အစရှိတဲ့ လုပ်ငန်းတွေနဲ့လည်ပတ်နေပြီးတော့
လူမှုလှုပ်ရှားမှုတွေအနေနဲ့ကတော့ (Food Not Bombs - Myanmar), (Books Not Bombs - Myanmar) , ( Free Shop - Myanmar) Program တွေအနေနဲ့လှုပ်ရှားနေတဲ့အပြင် Band လှုပ်ရှားမှုအနေနဲ့လည်း မိမိတို့ အယူအဆနဲ့ ဆက်စပ်တဲ့ သီချင်းများ အလျဉ်းသင့်သလို ပြုလုပ်နေပါတယ်။
လူငယ်ရေးရာ ကဏ္ဏတွေ အနေနဲ့ကတော့ (စာပေ၊ဂီတ၊ပန်းချီ နဲ့ အခြား လက်မှု ပညာ များ၊ ဘာသာစကား သင်ကြားလေ့လာရေးတို့ ကို အလျဉ်းသင့် သလို ၊ အချိန်ညှိ၍ workshop များပြုလုပ်နေပါတယ်။

#ကျွန်တော်တို့ရည်ရွယ်ချက်ကဘာလဲ?

ပိုမိုကောင်းမွန်တဲ့ လူအဖွဲ့အစည်းအသစ်တစ်ရပ်ကို ဖန်တီးလိုတဲ့ဆန္ဒရှိပြီးတော့ လူ့အဖွဲ့အစည်းက ပစ်ပယ်ထားတဲ့လူငယ်လူရွယ်တွေကို အနာဂတ်ကာလမှာ အလုပ်အကိုင်များပေးလိုခြင်း၊ လမ်းပေါ်က ကလေးငယ်များရဲ့ အနာဂတ်နွေးထွေးလုံခြုံမှုတွေအတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကူအညီများပေးလိုခြင်း၊ လမ်းပေါ်က အိမ်ခြေရာမဲ့သက်ကြီးရွယ်အိုများကို မိမိတတ်နိုင်တဲ့ဘက်မှ နွေးထွေးလုံခြုံမှုများပေးလိုခြင်းနဲ့ အနာဂတ်ကာလမှာ ကလေးများအတွက် Children centre, သက်ကြီးရွယ်အိုများအတွက် လူအိုရုံများဆောက်လုပ်ပေးလိုခြင်းတို့ပဲ ဖြစ်ပါတယ်။

#အထူးကျေးဇူးတင်ရှိခြင်း

ကျွန်တော်တို့ ထုတ်ကုန်များ၀ယ်ယူအားပေးကြခြင်းကို ကျွန်တော်တို့ Rebel Group မှ အထူးကျေးဇူးတင်ရှိသလို ၀ယ်ယူအားပေးခြင်းမှ ရရှိလာသောအကျိုးအမြတ်များကိုလည်း ကျွန်တော်တို့လက်ရှိ လှုပ်ရှားနေသော လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါ၀င်ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ပါသည်။

-Rebel-

Photo by
Kaung Kaung
Graphic by
Htoo Htoo(Kyaing Gyi)

01/04/2025
New Designs! Rebel မှ ထုတ်လုပ်​သော ဆေးသား​၊ ချုပ်သား ကွာလတီမိုက်မိုက် အိတ်များကို စျေးနှုန်းသင့်တင့်စွာဖြင့် တနိုင်ငံလုံ...
07/03/2025

New Designs!

Rebel မှ ထုတ်လုပ်​သော ဆေးသား​၊ ချုပ်သား ကွာလတီမိုက်မိုက် အိတ်များကို စျေးနှုန်းသင့်တင့်စွာဖြင့် တနိုင်ငံလုံးအတိုင်းအတာ လက်လီရော၊ လက်က္ကားရောပေးပါတယ်။

လွယ်ရင်လည်းတန်၊ ပြန်ရောင်းရင်လည်းကိုက်....
ကွာလတီအနေအထားကတော့ ဝယ်ဖူးသူတိုင်းသိတာမို့ မပြောတော့ပါဘူး။

အိတ်ရဲ့ ဆိုဒ်က​တော့ အမြင့် ၁၆ လက်မခွဲ၊ အကျယ် ၁၃ လက်မဖြစ်ပြီး​တော့ အတွင်းဇစ်အိတ်လည်းပါပါတယ်။

အိတ်ရဲ့ တစ်လုံးချင်းစျေးနှုန်းများက​တော့
၈၅၀၀၊ ၉၅၀၀ ကျပ်ပါ။ (တစ်သောင်းမကျော်ပါဘူး)

မှာယူလိုပါက Page messager က​နေလည်းရသလို ဖုန်းနံပါတ်က​နေလည်းရပါတယ်။ မှာယူပြီး ၁ပတ် အတွင်းပို့​ဆောင်​ပေးပါတယ်။

ဆက်သွယ်ရန်....
09893155334
09766528976
09401457913
09250020988

01/02/2024
Dec 10 ရက်နေ့မှာကျင်းပမယ့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လက်မှတ်အခမဲ့ပွဲမှာ punk/gothic လက်ပတ်၊ ခါးပတ်၊ လည်ပင်းပတ် ac...
09/12/2023

Dec 10 ရက်နေ့မှာကျင်းပမယ့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လက်မှတ်အခမဲ့ပွဲမှာ punk/gothic လက်ပတ်၊ ခါးပတ်၊ လည်ပင်းပတ် accessories တွေရောင်းချပေးသွားပါမယ်။ ဒီကြားရက်ထဲလိုင်းပေါ်ကကြိုမှာထားရင် ပွဲနေ့အတွက်ချန်ထားပေးပါတယ်။ ပွဲချိန်မတိုင်ခင် တစ်နာရီခွဲအလိုမှာ ဆိုင်စဖွင့်မှာမို့ ပွဲရောက်မှရွေးဝယ်ချင်ရင် ပွဲကိုစောစောလာခဲ့ဖို့ အသိပေးလိုပါကြောင်း...

accessories post link
https://www.facebook.com/100063559491761/posts/858203102974998/

Dec 3 ရက်နေ့မှာကျင်းပမယ့် Outcast Festival မက်တယ်ဂီတပွဲမှာ punk/gothic လက်ပတ်၊ ခါးပတ်၊ လည်ပင်းပတ် accessories တွေရောင်းခ...
01/12/2023

Dec 3 ရက်နေ့မှာကျင်းပမယ့် Outcast Festival မက်တယ်ဂီတပွဲမှာ punk/gothic လက်ပတ်၊ ခါးပတ်၊ လည်ပင်းပတ် accessories တွေရောင်းချပေးသွားပါမယ်။ ဒီကြားရက်ထဲလိုင်းပေါ်ကကြိုမှာထားရင် ပွဲနေ့အတွက်ချန်ထားပေးပါတယ်။ ပွဲချိန်မတိုင်ခင် တစ်နာရီအလိုမှာ ဆိုင်စဖွင့်မှာမို့ ပွဲရောက်မှရွေးဝယ်ချင်ရင် ပွဲကိုစောစောလာခဲ့ဖို့ အသိပေးလိုပါကြောင်း...

accessories post link
https://www.facebook.com/100063559491761/posts/858203102974998/

Nov 26 ရက်နေ့ Metal Fest ပွဲမှာ Punk/Gothic accessories, Patch နဲ့ t-shirt တွေရောင်းချပေးသွားမှာပါ။ Punk/Gothic accessor...
25/11/2023

Nov 26 ရက်နေ့ Metal Fest ပွဲမှာ Punk/Gothic accessories, Patch နဲ့ t-shirt တွေရောင်းချပေးသွားမှာပါ။ Punk/Gothic accessories အများစုက ဒီဇိုင်းတစ်မျိူးကိုတစ်ခုပဲရှိတာကြောင့် ကြိုမှာထားချင်ရင် ပွဲအတွက်ချန်ထားပေးပါတယ်။ ပွဲမစခင် တစ်နာရီအလိုလောက် စောရောက်နေမှာမို့ ပွဲရောက်မှရွေးချင်ရင် စောစောလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

Address

Yangon
11101

Website

Alerts

Be the first to know and let us send you an email when REBEL - Wholesale Bags and Printing services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share