03/08/2026
မြန်မာနိုင်ငံ FDA တွင် အစားအသောက် (Food)
မှတ်ပုံတင် လျှောက်ထားရာတွင် ယေဘုယျအားဖြင့်
အောက်ပါလုပ်ငန်းစဉ်များကို လိုက်နာရပါသည်
____________________________
ကုမ္ပဏီမှတ်ပုံတင် – Importer သို့မဟုတ် Manufacturer အဖြစ် ကုမ္ပဏီအချက်အလက်များကို FDA စနစ်တွင် မှတ်ပုံတင်ရပါသည် -
လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ခြင်း -
• Company Registration
• Import/Export Registration (လိုအပ်ပါက)
• Product Label
• Product Specification
• Certificate of Analysis (COA)
• Free Sale Certificate (FSC) သို့မဟုတ် ထုတ်လုပ်သည့်
နိုင်ငံမှ လိုအပ်သောထောက်ခံချက်
Manufacturer Authorization (လိုအပ်ပါက) -
Online လျှောက်လွှာတင်ခြင်း – FDA ၏ e-Submission စနစ်
မှတစ်ဆင့် လျှောက်ထားပြီး သတ်မှတ်ထားသော
အခကြေးငွေကို ပေးသွင်းရပါသည်။
FDA စိစစ်ခြင်း – တင်ပြထားသော စာရွက်စာတမ်းများနှင့်
လိုအပ်ပါက နမူနာကို FDA မှ စစ်ဆေးပါသည်။
အတည်ပြုခြင်း – စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါက FDA မှ Registration Certificate သို့မဟုတ် Import Recommendation ကို ထုတ်ပေးပါသည်။