Safely Agent

Safely Agent Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Safely Agent, Business service, Yangon.

သောက ကင်း​ေ၀း စိတ်အေးစေနိုင် FNI နောက် Policy တစ်စောင်အတွက်ပါရှင့်ယုံကြည်စွာ လက်တွဲပေးတာကျေးဇူးပါရှင့် 🥰😘🙏🙏🙏
02/11/2023

သောက ကင်း​ေ၀း စိတ်အေးစေနိုင် FNI
နောက် Policy တစ်စောင်အတွက်ပါရှင့်
ယုံကြည်စွာ လက်တွဲပေးတာကျေးဇူးပါရှင့် 🥰😘🙏🙏🙏

ဒီနေ့အတွက် ကားအာမခံ policy အသစ်လေးသောက ကင်း​ေ၀းစိတ်အေးစေနိုင် FNIအားပေးတဲ့ Customer ကိုလည်းအထူး ကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏
02/11/2023

ဒီနေ့အတွက် ကားအာမခံ policy အသစ်လေး
သောက ကင်း​ေ၀းစိတ်အေးစေနိုင် FNI
အားပေးတဲ့ Customer ကိုလည်းအထူး ကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏

ငွေစုရင်းအတိုးပွားပြီး ဘဝအတွက်အာမခံချက်လည်းရတဲ့အသက်အာမခံငွေစုနည်း=======================လူတိုင်း ဘဝရှေ့ရေးအတွက် ကြိုတင်ြ...
23/03/2020

ငွေစုရင်းအတိုးပွားပြီး ဘဝအတွက်အာမခံချက်လည်းရတဲ့
အသက်အာမခံငွေစုနည်း
=======================

လူတိုင်း ဘဝရှေ့ရေးအတွက်
ကြိုတင်ပြင်ဆင်ကြရာမှာ ငွေစုဆောင်းတဲ့ အလေ့တစ်ခုဟာလဲ ကြိုတင်ပြင်ဆင်တဲ့ နည်းများစွာအထဲက တစ်နည်းဖြစ်ပါတယ်။

ငွေစုနည်းများစွာ ရှိပါတယ်..
ဘဏ်မှာငွေစုကြသူတွေ ရှိသလို ရပ်ကွက်ထဲမှာလည်း
စုကြေးလိုက်သည့်နည်းနဲ့စု
ကြတာလဲရှိပါတယ်။
တစ်ချို့ကတော့ မိမိအစီအစဉ်
နဲ့ စုဗူးနဲ့ဖြစ်ဖြစ် မီးခံသေတ္တာ နဲ့
ဖြစ်ဖြစ် စုတတ်ကြပါတယ်။

အထက်က ငွေစုနည်းတွေမှာ
ဘဏ်မှာငွေစုနည်း တစ်ခုကလွဲ
ပြီး ကျန်စုနည်းတွေဟာ ကိုယ့်အတွက် စိတ်ချသေချာစရာ
အကြောင်းလုံးဝ မရှိပေ။
စိတ်ချလုံခြုံတဲ့ ဘဏ်မှာ ငွေစုနည်းထက် ပိုကောင်းတဲ့ ငွေစုနည်းလေးကို ပြောရင် သင်စိတ် ဝင်စားမလား.. ?

ဟုတ်ကဲ့..
အဲဒါကတော့ အခုလထဲမှ
ပေါ်ပေါက်လာခဲ့တဲ့ သက်တမ်းတို ငွေပင်ငွေရင်း အသက်အာမခံ Product တစ်ခုပဲ
ဖြစ်ပါတယ်။ သူ့ကို
Short Term Endowment Life Assurance လို့ခေါ်ပါတယ်.။
အများနားလည်လွယ်အောင်
ပြောရရင် ငွေစုသလို အတိုးလဲရ ဘဝရှေ့ရေးအတွက် အာမခံချက်လဲရှိပြီး အာမခံကုမ္ပဏီ နဲ့
စာချုပ်ချုပ်ဆိုပြီး စုဆောင်းရတာဖြစ်လို့ အတိုးရအသက်အာမခံငွေစုစာချုပ် လို့ ပြောရင်လည်း မမှားပါဘူး..။

မြန်မာနိုင်ငံရဲ့ အသက်အာမခံသမိုင်းတစ်လျောက်မှာ ယခင်
အသက်အာမခံများထက် များစွာ သာလွန်ကောင်းမွန်တာတွေ တွေ့ရမှာဖြစ်သလို..
ဘဏ်မှာစုတာထက် ပိုပြီးကောင်းမွန်တာတွေ ရှိလို့ နည်းနည်းလေး တင်ပြပေးပါရစေ..။

ကိုယ့်ရည်ရွယ်ချက်အရ လစဉ်
ဘဏ်မှာ ဘယ်၍ဘယ်မျှ(မိမိတတ်နိုင်သလောက်) ပုံမှန်ငွေစုမယ်.. နောက် ၅နှစ်ဆို ဘယ်လောက်ရပြီ.. အဲဒီအခါကြရင် ငါ ဘာလုပ်မယ်ဆိုပြီး ငွေစုကြတယ် ဆိုပါစို့..

လစဉ်ငွေစုနေရာက အကြောင်းအမျိုးမျိုးတွေကြောင့် ငွေစုဖို့
ပျက်ကွက်တတ်ကြတယ်လေ..။ ခရီးထွက်နေလို့ မအားလို့ အဆင်မပြေလို့ စသဖြင့်ပေါ့
ဘဏ်ဆိုတာကလဲ ငွေစုသူ လာစုမှ လက်ခံပေးမှာလေ..

အခု အသက်အာမခံ ငွေစုနည်းကတော့ အထက်က အကြောင်းပြချက်တွေကြောင့် ပျက်ကွက်တော့မယ် ဆိုရင် အာမခံကုမ္ပဏီ က ငွေစုဖို့
လစဉ်အကြောင်းကြား Notice
လုပ်ပေးနေမှာဖြစ်သလို ကိုယ်က ဆက်မစုဖြစ်ရင် တစ်နှစ်အတွင်းဆို သွင်းပြီးငွေ
ပြန်မရခြင်း တစ်နှစ်နောက်ပိုင်း
ဆိုရင် တစ်ချို့တစ်ဝက်ခြင်း
တို့ကြောင့် မဖြစ်မနေစုဖြစ်
ကြတော့ ငွေစုတဲ့ အလေ့အကျင့်ကောင်းတစ်ခု ရပြီလို့ ဆိုရပါမယ်။

ဒါတင်ပဲလား ဆိုတော့..
ကိုယ်လစဉ် စုတဲ့ငွေပမာဏကို
အခွန်သက်သာခွင့်ရနိုင်ပြီး
သက်တမ်းစေ့မြောက်ချိန် မှာ
ပြန်လည်ထုတ်ယူမဲ့ စုဆောင်းငွေအပေါ် မည်သူမှ ကြွေးဝရမ်းကပ်ပိုင်ခွင့် မရှိခြင်း၊ အခွန်ကောက်ခံပိုင်ခွင့် မရှိခြင်းတို့
ကြောင့် ငွေဖြူရတယ်လို့ ဆိုပါရစေ.။

ပိုပြီးထူးခြားတာကတော့ အသက်အာမခံ လို့ဆိုတာကြောင့်
ငွေစုနေရင်း မတော်တဆ ကွေးသောလက်မဆန့်မှီဆိုတဲ့ အတိုင်း ငွေစုသူ သေဆုံးခဲ့ရင်
စတင် စာချုပ်ချုပ်ဆိုထားတဲ့
ငွေပမာဏကို အကျိုးခံစားခွင့်
ရှိသူကို တစ်လုံးထဲ ထုတ်ပေးမှာဖြစ်ပါတယ်။

ဒါလေးကို နားလည်လွယ်အောင်ထပ်ရှင်းပြပါရစေ..။
လူတစ်ဦးဟာ ဘဏ်မှာ
တစ်လကို သုံးသိန်းနဲ့ ဆယ်နှစ်တိတိစုမယ်လို့
ရည်ရွယ်ပြီး ငွေစုနေစဉ် သေဆုံးခဲ့ရင် ဘဏ်ကပြန်ရမှာက
သူသွင်းပြီးငွေနဲ့ အတိုးသာ
ရမှာဖြစ်တယ်။
(ဥပမာ တစ်လ သုံးသိန်းနဲ့
သုံးလ စုငွေ ကိုးသိန်းနဲ့ အတိုးပဲရပါမယ်.။)

အခု အသက်အာမခံငွေစုနည်းမှာတော့ ဘဏ်ကလို ကိုးသိန်း
မဟုတ်ပဲ အာမခံစထားစဉ်က
စာချုပ်ချုပ်ထားတဲ့ ငွေပမာဏ
အပြည့်ဖြစ်တဲ့ သိန်းလေးရာ သိန်းငါးရာ စသဖြင့်
ပြန်ပေးလျော်မှာပါ..။
သေဆုံးမှု တစ်ခုထဲ
မဟုတ်ပဲ ကျန်းမာရေးကြောင့်
ဖြစ်စေ မတော်တဆကြောင့်ဖြစ်စေ ဝင်ငွေမရလောက်အောင်
မသန်မစွမ်းဖြစ်ခဲ့ရင်လဲ ငွေဆက်ပြီး စုစရာ မလိုပဲ စာချုပ်ချုပ်ဆိုထားတဲ့ ငွေပမာဏကို ခံစားခွင့်ရမှာပါ။.
(တစ်ခြားခံစားခွင်တွေကိုတော့
စာရှည်မှာစိုးလို့ မရေးတော့ဘူးနော်.. ငွေချေးလို့ရတာတွေလဲပါသေးတယ်)

ကဲ.. ဒါဆို
ငွေစုလို့ ရတဲ့ အသက်အရွယ်
လေး တင်ပြပေးပါရစေ..
အသက် ၁၀နှစ်ကနေ အသက်
၆၀ အတွင်းရှိ ကျန်းမာရေး ကောင်းမွန်သူတွေ ထားရှိနိုင်ပါတယ်။

စုဆောင်းနိုင်တဲ့ ငွေပမာဏကတော့ အနည်းဆုံး ကျပ် ၁၀သိန်းကနေ အများဆုံး ကျပ်သိန်း ၅၀၀ အထိဖြစ်ပါတယ်။

ငွေစုရမဲ့ သက်တမ်းကို
၅နှစ် ၊ ၇နှစ် နဲ့ ၁၀နှစ်ဆိုပြီး
သုံးမျိုးရွေးချယ်နိုင်ပါတယ်။

ဥပမာ..
သက်တမ်း ၁၀နှစ်ကို သိန်း
တစ်ရာစုမယ်လို့ ရွေးချယ်စာချုပ်ချုပ်ပြီဆိုပါတော့.
တစ်နှစ်ကို ကျပ်ဆယ်သိန်း
စုရမှာပါ.. တစ်နှစ်စာငွေကို တစ်ကြိမ်ထဲ မသွင်းပဲ
လစဉ်ပုံမှန်စုမယ်ဆိုရင် လဲရသလို ၃လတစ်ကြိမ် ဒါမှမဟုတ်
၆လတစ်ကြိမ် လဲရွေးချယ်သွင်းလို့ ရပါတယ်..။

ဟုတ်..အတိုးက ဘယ်လိုရသလဲဆိုရင်တော့..
အထက်က တင်ပြခဲ့တဲ့ ဆယ်နှစ်အတွင်း သိန်း၁၀၀ စုမဲ့သူဟာ
ဆယ်နှစ်အတွင်း စုစုပေါင်းသူ
ပေးသွင်းတဲ့ငွေဟာ သိန်း
၈၀ကျော်လောက်သာ ပေးသွင်းရပြီး သူပြန်ရမှာကတော့
သိန်း ၁၀၀ ဖြစ်လို့ အတိုး ၁၅
သိန်းလောက် ရမှာဖြစ်တယ်။

အသက်အာမခံဆိုတဲ့ အတိုင်း
အသက်ငယ်သူတွေက အတိုးပိုရနိုင်ပြီး အသက်ကြီးသူတွေကတော့ အတိုးကို ငယ်ရွယ်သူတွေလောက် မရနိုင်ပါဘူး..။

အသေးစိတ် တွက်ကြည့်လို့
ရအောင် အောက်မှာ ပရီမီယံ
နှုန်းဇယားလေး တင်ပြထားပါတယ်။

နမူနာ တွက်နည်းလေးလဲ တင်ပြထားပါတယ်

နှစ်​တို​ငွေပင်​​ငွေရင်းအသက်​အာမခံထားချင်​သူများ
09421104954 or cb ကိုဆက်​သွယ်​လိုက်​ပါ​နော်

သင့်​ကားကိုဘာ​ကြောင့်​အာမခံထားသင့်​သလဲ?
17/05/2019

သင့်​ကားကိုဘာ​ကြောင့်​အာမခံထားသင့်​သလဲ?

31/08/2018

ဘာကြောင့်သင့်ကားကို အာမခံထားသင့်သလဲ?
=================================
၁။ လူကြီးမင်း၏ ကားပျက်စီးဆုံးရှုံးမှုအတွက် မူလ ကားတန်ဖိုးအတိုင်း လျော်ကြေးရနိုင်ခြင်း။

၂။ သင်၏ကား မသမာဖက်ဆီးခံရခြင်းနှင့်ဆူပူဆန္ဒပြ ခြင်းများကြောင့် ယာဉ်ပျက်စီးခြင်းများအတွက် လျော်ကြေးရနိုင်ခြင်း။

၃။ သင့်ကားကြောင့် သူတစ်ပါးထိခိုက်ဒဏ်ရာရခြင်းနှင့် သူတစ်ပါးယာဉ်များအတွက် သိန်း(500) အထိ လျော်ကြေးရနိုင်ခြင်း။
(အာမခံထားသည့် ယာဉ်ကြောင့်
- သူတစ်ပါး ထိခိုက်ဒဏ်ရာရခြင်း
- လူသေဆုံးခြင်း
- သူတစ်ပါးပိုင်ယာဉ်၊ ပစ္စည်း ပျက်စီးခြင်း တို့ပါ လျော်ကြေးရနိုင်ခွင့်)

၎။ အရှေ့လေကာမှန် (Windscreen) ခဲမှန်ခြင်းကြောင့် ကွဲခြင်းနှင့် Accident ကြောင့်ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးရနိုင်ခြင်း။

၅။ သဘာဝဘေးအန္တရာယ်များဖြစ်သော လေမုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မိုးသီးကြွေခြင်းနှင့် ငလျင်စသော သဘာဝဘေးအန္တရာယ်များကြောင့် လူကြီးမင်းတို့၏ ကားများပျက်စီးမှုအတွက် လျော်ကြေးရနိုင်ခြင်း။

၆။ တိုက်ပေါ်မှ ပန်းအိုး၊ အုတ်ခဲအစရှိသည့် လေးလံသည့် ပစ္စည်းများကားပေါ်ပြုတ်ကျခြင်းကြောင့် ကားများပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးရနိုင်ခြင်း။

၇။ Back mirror ခိုးယူခြင်းမှစ၍ ကားတစ်စီးလုံးအခိုးခံရပါက အာမခံထားသည့်ကားနှင့် တန်ဖိုးတူကားလျော်ကြေးရနိုင်ခြင်း။

၈။ စစ်ဖြစ်ခြင်းနှင့် Center များတွင် ကားရပ်ထားစဉ်ဗုံးပေါက်ကွဲခြင်းကြောင့် ကားပျက်စီးခြင်းများအတွက် လျော်ကြေးရနိုင်ခြင်း။

၉။ တစ်ရက်အတွက်ကျသင့်ငွေ (300)ခန့်မျှနှင့် သိန်းရာချီသော သင့်အဖိုးတန်ကားကို 24နာရီပတ်လုံးအကာအကွယ်ရနိုင်ခြင်း။

အာမခံထားနိုင်သည့်ယာဉ်​များ
======================
ကညန တွင်လိုင်စင်ဝင်ထားပြီး သက်တမ်းရှိ ကိုယ်ပိုင်ယာဉ်၊ ကုန်တင်ယာဉ်၊ အငှါးယာဉ်များ၊ လူနာတင်​ယာဉ်​၊

အာမခံသက်တမ်း
=============
၃ လ မှ ၁၂ လအထိ ထားနိုင်

အာမခံတန်​ဘိုး
============
အာမခံထားမည့်​ ယာဉ်​၏ ကာလတန်​ဘိုး
(Market Value) ဖြင့်​ လက်​ခံပါသည်​။

ကျသင့် ပရီမီယံနှုန်း
===============
- အထက်ပါ အကာအကွယ်များအားလုံးအတွက်
. တစ်နှစ်စာ -
✏ ကိုယ်ပိုင်လူစီး
ကားတန်ဘိုး၏ ၁% နှုန်း ၀န်းကျင်
✏ ကုန်တင်၊ အငှါး၊ လုပ်ငန်းသုံး
ကားတန်ဘိုး၏ ၁.၅% ကျော် ၀န်းကျင်
- ကျသင့် ပရီမီယံကိုသာ ကုမ္ပဏီသို့ ပေးသွင်းရပြီး အာမခံကိုယ်စားလှယ်သို့ အကျိုးဆောင်ခ ထပ်မံပေးရန် မလိုပါ။

✔ အာမခံထားသည့်ကား ရောင်းချခဲ့လျှင်
- မိမိပိုင် တခြား ကားတစ်စီးနဲ့ အစားထိုးနိုင်သည်။ (သို့)
- တစ်​ခြားသူသို့ ပိုင်​ရှင်​အမည်​ လွှဲ​ပြောင်း​ပေးနိုင်​သည်​။

No Claim Bonus (​လျော်​​ကြေးမဲ့ဆု)
===========================
အာမခံသက်​တမ်း တစ်​နှစ်​အတွင်း ​လျော်​​ကြေး ​တောင်းခံခဲ့ခြင်း မရှိလျှင်​ သက်​တမ်းတိုးမည့်​ နှစ်​များအတွက်​ ​ယာဉ်​အာမခံ အ​ခြေခံပရီမီယံ​ပေါ်တွင်​ ​လျော်​​ကြေးမဲ့ဆုအဖြစ်​ ​လျော့​ပေးမည်​ ဖြစ်​ပါသည်​။

လိုအပ်ချက်များ
==============
- Owner book (သက်တမ်းရှိ)
အမည်​မ​ပေါက်​ပါက ရောင်းဝယ်စာချုပ် (သို့) အ၀ယ်ပြေစာ
- Wheel Tax

➳ သိရှိမေးမြန်းလိုတာဖြစ်ဖြစ်၊ အာမခံဝယ်ယူလိုတာဖြစ်ဖြစ်၊
သက်​တမ်းတိုးလိုတာဖြစ်​ဖြစ်​ ၀န်​​ဆောင်​ခ​ပေးရန်​မလို၊ 
မေတ္တာဖြင့်​ ဆွေးနွေးတိုင်ပင် ကူညီဆောင်ရွက်ပေးနေကြပါတယ်

မြန်​မာနိုင်​ငံအနှံ့ မြို့များတွင်​လည်း ၀န်​​ဆောင်​မှု ​များပေး​နေပါသည်​။

ကားအာမခံအတွက် (1)နာရီမျှအချိန်ပေးရုံဖြင့် ရိုးရှင်းလွယ်ကူစွာအာမခံထားနိုင်ခြင်း။

မှ
- အာမခံအကြောင်းအရာများကို အိမ်အရောက်လာရောက်ရှင်းပြပေးခြင်း။

- အာမခံထားရာတွင် လိုအပ်သော စာရွက်စာတမ်းကိစ္စများသာမက အာမခံစာချုပ်ရသည်အထိ အိမ်အရောက်ဝန်ဆောင်မှုပေးခြင်း။

- လျော်ကြေးပေါ်ပေါက်ပါကလိုအပ်သည်များကို လိုက်လံဆောင်ရွက်ပေးခြင်း၊ နောက်နှစ်သက်တမ်းဆက်ချိန်တွင် တစ်လကြိုတင် အကြောင်းကြားပြီးသက်တမ်းဆက်နိုင်ရန်အတွက် အခမဲ့ဝန်ဆောင်မှုပေးနေပါသည်။

အာမခံအကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက Safely Agent >> အာမခံအခမဲ့ဝန်ဆောင်မှုလုပ်ငန်း- 09-421104954

အာမခံအမျိုးမျိုအတွက်​ အခမဲ့ဝန်​​ဆောင်​မှု​ပေး​နေပါပြီ
Safely Agent 09421104954 (or) [email protected] ကို အခုပဲဆက်​သွယ်​လိုက်​ပါ
https://www.facebook.com/htetmontunkyaw7/

28/08/2017
21/08/2017

Address

Yangon

Telephone

09421104954

Website

Alerts

Be the first to know and let us send you an email when Safely Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share