JanKo Enterprise

JanKo Enterprise Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JanKo Enterprise, Business consultant, Yangon.

15/12/2023

Hello Everyone

အိမ်တွေ ဆိုင်တွေမှာ တွေ့ရတဲ့ (လှိမ့်​ဝင်တည်သုံး)အဆောင် အကြောင်းမိတ်ဆွေတစ်ယောက်နဲ့ ၂ နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုက...
13/12/2023

အိမ်တွေ ဆိုင်တွေမှာ တွေ့ရတဲ့ (လှိမ့်​ဝင်တည်သုံး)အဆောင် အကြောင်း

မိတ်ဆွေတစ်ယောက်နဲ့ ၂ နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိမ်လေးနေရာမှာအခု အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။

သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို အဲ့..... သူ့အိမ်ရှေ့အဝင်ဝမှာ လှိမ့်ဝင် စဉ့်အရုပ်လေးကို အိမ်ဘက် လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ်။ အိမ်ဧည့်ခန်းမှာတော့ စဉ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွ့ရပါတယ်။ မေးကြည့်တော့ လှိမ့်ဝင် တည် သုံးလေတဲ့စီးပွားဖြစ်တယ်။ လုပ်ငန်းကောင်းတယ်တဲ့ဗျာ။

ကျွန်တော်တို့မြို့မှာထမင်းဆိုင်တစ်ဆိုင်ရှိတယ် အရမ်းကိုရောင်းရတယ်။ အလှူပေးနေသလိုကိုရောင်းရတာ သူတို့အိမ်မှာလည်းအိမ်ရှေ့သံတံခါးအုတ်ခုံမှာအဲဒီလှိမ့်ဝင်အရုပ်လေးအိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ပုံလေးတင်ထားတာတွေ့ရပါတယ်။သူ့ထမင်းဆိုင်ကတော့လူတွေလှိမ့်ဝင်နေတော့တာပါပဲဗျာ။

အဲဒါနဲ့လူမဝင် လုပ်ငန်းမကောင်းတဲ့သူနဲ့ အကြွေးတင်နေတဲ့မိတ်ဆွေတစ်ယောက် နှစ်ယောက်ကိုအဲဒီအရုပ်လေး နှစ်ခုကိုထားဖို့ ပြောလိုက်တာသူတို့လည်း ကျောက်ဆည် တပေါင်းပွဲနဲ့ကြုံတော့စဉ့်ကူးက စဉ့်အိုးသည်တွေလာတာနဲ့ အဲဒီအရုပ်လေးကို တစ်ရုပ်ကို အိမ်ရှေမှာထားပြီး တစ်ရုပ်ကို အိမ်ထဲမှာထားဖို့ ပြောလိုက်တာ အဲဒီ ၃ယောက်ဟာ ၆လအတွင်းလုံးဝမဆပ်နိုင်တော့ဘူးလို့ထင်ထားတဲ့အကြွေးတွေ ကြေပြီးအဆင်ပြေသူတွေဖြစ်နေပါပြီဗျာ။

အဲဒါနဲ့ ပြင်ဦးလွင်က ဗေဒင်ဆရာ ဆရာဝင်းမော်အောင် အိမ်လာတော့ အဲဒီယတြာအကြောင်းပြောပြလိုက်တာ သူလည်းသဘောကျပြီး အဲဒါကိုအားလုံးသိအောင် facebook ပေါ်တင်ပေးပါလို့ ပြောလို့တင်ပေးရာကနေ လှိမ့်ဝင်တည်သုံးအိုးသည်တွေ ရောင်းမလောက် ဖြစ်ကုန်တော့တာပါပဲဗျာ။

လှိမ့်ဝင်တည်သုံးစဉ့်အိုးလေးတွေဘယ်လိုဓာတ်ဆင်ရတာပါလဲ

အဲဒီလှိမ့်ဝင်တည်သုံး အရုပ်လေးတွေကဟိုအရင် လောကီပညာရှင်(ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ။

ပညှပ်သွားရာဓါတ်သက်ပါဆိုသလိုလူအများသုံးစကား လှိမ့်ဝင် ဆိုတာကိုယူပြီး လှိမ့်ဝင် နေတဲ့အရုပ်ကလေးတွေကို စီရင်ပေးသွားတာပါ။

အဲဒီမှာ စဉ့်အိုးလေးကိုလှိမ့်ဝင်နေတဲ့ ကောင်လေး(၂၄)ပုံ လေးပါ။ စဉ့်အိုးကို ဘာလို့သုံးလဲ တစ်ခြားဟာတစ်ခုခုကိုလည်းလှိမ့်ဝင် လို့ရတာပဲလို့ တွေးမိတော့ စဉ့်အိုး ၃၁ ဆိုတာ အောင်စေ အေးစေ= ၁၃ ကိုကက်ကင်းရိုက်သွားတယ်ထင်ပါတယ်။

လှိမ့်ဝင် ဆိုတာကတော့ဗျာ လှိမ့်ဝင် = ၄၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့ ...... လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေတစ်ရုပ်လုပ်သွားပါတယ်။ လှိမ့်ဝင်လာတဲ့ဟာတွေကို ဘုရားတည်။ ကျောင်းတည်။ ဇရပ်တည်။ သာသနာတည်နိုင်တဲ့ အထိ သုံးနိုင်ဖို့ လောကီဝိဇ္ဇာအဘများကစီရင်သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ။

ဘယ်လို သုံးမလဲ ဘယ်လိုဆောင်မလဲဗျာ ........

၁။ သန ချေ ရပါတယ်။ အညံ့ခြေရပါတယ် ကိုယ့်စီးပွားအတွက်အထွဋ်အမြတ်ဆောင်မည့်ပစ္စည်းဟာ ကားနဲ့သယ်လားရင် အမျိုးသား၊ အမျိုးသမီး ၊ ကလေး ၊လူကြီး ကျော်ခွသွားတာမျိုး၊ ကားထိုင်ခံအောက်ထဲထည့်သယ်လာတာမျိုး တွေရှိတတ်ပါတယ်။ အဲဒီလို အညံ့ဓါတ်တွေကင်းဖို့ ဆားရည် (ရေ ၁ဂါလံကို ဆား၂ ဇွန်းထည့်ပြီး)ကို ဇလုံထဲထည့်ပြီး လက်ဆယ်ချောင်က ဆေး ဖြစ်စေဆိုပြီး ၃ခါ ပြောပြီးလက်နှစ်ဖက်ကိုဇလုံထဲထည့်ပြီး သနပ်ခါး သွေးသလိုလက်ယာရစ် မွှေပြီးပါးစပ်မှာလည်း " ဉုမ်သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ " ဆိုပြီး ၃၇ ခေါက် ရွတ်ပြီးမှ အဲဒီ အရုပ်များကို ၎င်းရေနဲ့ ဆေးပါ ပြီးမှ ၎င်းအရုပ်များကို ရေမွှေး(နဝင်းရေ)ရည်နဲ့ပက်ဖြန်းပြီးမှာအိမ်ဘက်သို့အိုး လှိမ့်ဝင် နေတဲ့ပုံအိုးကို အိမ်ဘက်အတွင်းသို့ ထားပြီး အိမ်ရှေ့မှာထားလိုက်ပါ။ တည်သုံးအိုး လေးကိုတော့ အလုပ်စားပွဲ အိပ်ခန်းစားပွဲ အိမ်ထဲမှာထားထားလိုက်ပါ ထူးထူးခြားခြားအဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ်ခင်ဗျာ။

ဘယ်နေ့ဘယ်အချိန်မှာဆောင်ထားရမလဲ

မိမိမွေးနေ့မနက် 9 : 45 မှာတင် ဆောင်ထားပါလေ ။ လူမဝင်သောဆိုင်များ၊ တည်းခိုခန်းများ၊ ဟိုတယ်များ လူများလှိမ့်ဝင်လာပါလိမ့်မယ် အရောင်းအဝယ်လုပ်ငန်းများသိသိသာသာတိုးတက်လာတာကိုတွေ့ရပါလိမ့်မည်။

တစ်ပတ် လောက်လှိမ့်ဝင်နေပြီး နောက်ပိုင်းနည်းနည်းပါးသွားတာမျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင် အရုပ်ကလေးကို မျက်နှာသစ်ပေးလိုက်ပါပြီးတော့ ရေမွှေးလေး ဆွတ်ပေးလိုက်ပါပြီးတော့ လာထား ... လာထားဆိုပြီးတော့ လက်ခုတ်တီးပြီးပြောလိုက်ပါ ဝင်လာပါလိမ့်မယ်ဗျာ။

ပထမဆုံးဝင်သောငွေမှအနည်းအကျင်းကိုဘုရားလှူလိုက်ပါ၊ ပြီးမှကျန်တဲ့ပိုက်ဆံကိုသုံးပါလေ ပထမဆုံးဝင်တဲ့ပိုက်ဆံကို အနိဌပစ္စည်းတွေဝယ်မသုံးလိုက်ပါနဲ့။

နောက်ပြီးလာဘ်တိတ်စေတဲ့ အကြောင်းတရားတွေကို ရှောင်ပေးရပါတယ်အရင်က ရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ်။

၁။ မနက်အိပ်ယာထလျှင် အိမ်သာထဲသို့ တန်းမသွားရ မီးဖိုချောင်ထဲသို့တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်း တန်း မလုပ်ရပါ လာဘ်တိတ်တတ်ပါသည်။

၂။ ထမင်းစားလျှင် ဘေးမှာကျနေသာအမှိုက်များကိုထမင်းစားပြီးလျှင် မိမိပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ မယူသွားရပါ။

၃။ စားပြီး အိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ်ဆိုပြီး မီးဖိုချောင်ထဲမှာမဆေးပဲ တစ်ညလုံးပုံမထားသင့်ပါ။

၄။ အိမ်ထောင်ဦးအမျိုးသား၏ အင်္ကျီ၊ စွတ်ကျယ်၊ တဘက်၊ ပုဆိုးအဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ် မလုပ်ရပါ။

၅။ လင်မယားအချင်းချင်း ၉ နာရီမကျော်မီစောစောစီးစီးစကားများရန်မဖြစ်ရမငြူစူရ ဒေါသမဖြစ်ရပါ။ စောစောစီးစီးနိမိတ်မကောင်းသော အမင်္ဂလာ သီချင်းများမဖွင့်ရပါ အဲဒီ ၅ချက်မှ ၂ချက်လောက်လုပ်မိလျှင် လာဘ်တိတ်စေတတ်ပါတယ် ငွေဝင်ပါလျှင်လည်း အသာလွတ်ပြန်ပြန်ထွက်သွားတတ်ပါသည်။

ထို့ကြောင့်အဲဒီအချက်များကို ရှောင်သင့်ပါသည်။ အားလုံး ငွေကြေးရတနာများ လုပ်ငန်းကောင်းများ လှိမ့်ဝင်ကြပြီးအလှူအတန်း၊ ဘာသာရေး၊သာသာနာရေး၊ ပရဟိတအရေးအတွက်သုံးနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်း.............

Credit:

12/12/2023

ပုံစံ၁၀၅_ရှိရင်မြေပိုင်တယ်_ဂရံ_ရတယ်လို့ထင်နေကြသူများအတွက်

ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁၀၅ ကိုပြဂရန်ဆိုပြီး ရောင်းဝယ်နေကြတာရှိနေပါတယ်။လူတစ်ယောက်ကမေးတယ် “ဥပဒေဆရာတို့ဖြေကြားပေးပါ၊လွန်ခဲ့တဲ့ (၁၅) နှစ်ကမြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီးရောင်းအဝယ်လုပ်နေကြတယ်ဆိုပြီးသူတင်ပြတာကပုံစံ ၁၀၅ စာရွက်ဖြစ်နေပါတယ်။ဂရန်မဟုတ်ပါဘူး၊နောက်ပြီးစာရွက်မှာရေးထားတာ ကြည့်လိုက်တော့ရွာမြေအတွင်းမှာရှိတဲ့ မည်သူက်ိုမျှဂရန်အဖြစ်ထုတ်ပေးမထားတဲ့ မြေကွက်တစ်ကွက်ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ ကိုကာယကံရှင်များက မိမိတို့နည်းမိမိတို့ဟန်ဖြင့် ပုံစံ ၁၀၅ ထုတ်ယူထားခြင်းသာဖြစ်ပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဂရန်မှတ်တမ်းမှာစာရင်းမဝင်နိုင်သလိုမြေစာရင်းဌာနရဲ့ မြေပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း 1.A (၁-က)မှာလည်းမှတ်တမ်းမ၀င်နိုင်ပါဘူး။ရွာမြေကိုအခုမှတစ်မြို့နယ်တစ်ရွာနှုန်း မြေတိုင်းတာဂရန်ပေးနေတဲ့စီမံချက်နဲ့ လုပ်ပေးနေတာပါ။ကျေးရွာတိုင်းမြေဂရန်ရဖို့မလွယ်သေးပါဘူး၊အသေးစိတ် မြေတိုင်းတာခြင်းလုပ်ငန်းတွေအချိန်ယူလုပ်ဆောင်ရပါတယ်။

ရွာမှာအိမ်တစ်ကွက်ချင်းမည်သူပိုင်တယ်လို့တိုင်းတာပုံထုတ်မှတ်တမ်းတင်တဲ့စနစ်မရှိသေးပါဘူး။ကာယကံရှင်ကမိမိအကွက်ကိုမိမိအစီအစဉ်နဲ့တိုင်းတာပုံထုတ်ထားတာ ဖြစ်နိုင်ပါတယ်။မြေပိုင်ဆိုင်မှုအတွက်ပုံစံ ၁၀၅ ဆိုတာကအထောက်အကူမပြုပါဘူး။ ပုံစံ ၁၀၅ ဆိုတာ ရေးကူးလိုသောအကြောင်းတစ်ရပ်အတွက်ရေးကူးပေးသောမြေပုံသာဖြစ်ပါတယ်။မြေပိုင်ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန်(Lease)သို့မဟုတ် လိုင်စင် (License) မဟုတ်ပါဘူး။

လယ် ယာမြေ ဖြစ်ရင်လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကိုရပ်ကျေးမှမြို့နယ်၊မြို့နယ်မှခရိုင်အဆင့်ဆင့်လယ်စီအဖွဲ့ရဲ့သ ဘောထားအတည်ပြုချက်နဲ့ခရိုင်လယ်စီက အတည်ပြုပြီးအဖွဲ့၀င်(၇)ဦးပါတဲ့မြို့နယ်လယ်စီအဖွဲ့ကခွင့်ပြုပေးပါတယ်။မြို့မြေဂရန်ကိုကော်လိပ်တော်(ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ထွေအုပ်)ကခွင့်ပြုပါတယ်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကိုဧက ၃၀၀/၅၀ အောက်ဆိုရင်ပြည်နယ်တိုင်း ဝန်ကြီးချုပ်ဦးဆောင်သောမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပြီးထိုထက်ပိုရင်ဗဟိုမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပါတယ်။

လယ်ယာမြေအခြားနည်းအသုံးပြုမှုကိုလယ်မြေအတွက်ဗဟိုလယ်စီအဖွဲ့နဲ့ ဥယျဉ်မြေအတွက်ပြည်နယ်တိုင်းအစိုးရ + ပြည်နယ်တိုင်းလယ်စီအဖွဲ့ကခွင့်ပြုပါတယ်။မြေအမျိုးအစားအလိုက်သက်ဆိုင်ရာ ဌာန၊အဖွဲ့များကသာလုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်။အခုသူပြတဲ့ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ ၁၀၅ ဆိုတာက မြေပုံ၊ ပုံစံ ၁၀၆ က မြေရာဇ၀င်ပါ။မြေစာရင်းဌာနက ထုတ် ပေးတဲ့မြေစာရင်းပုံစံ ၁၀၅ ကို “လက်ရှိမြေပုံမှာယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံ”လို့ခေါ်ပါတယ်။စာတိုခေါ်ရရင် “မြေပုံ”ပေါ့။

နောက်မြို့ကြီးတွေမှာအိုးအိမ်ဦးစီးဌာနကထုတ်ပေးတဲ့ မြေပုံကိုတော့ “S-22” လို့ခေါ်ပါတယ်။ နောက်တစ်ခုကရန်ကုန် မြို့တော်စည်ပင်ကထုတ်ပေးတဲ့မြေပုံမှာကတော့ပုံစံနံပါတ်မပါရှိပါဘူး။ပုံစံ ၁၀၅ မြေပုံစာရွက်မှာကြည့်လို့ရ တာတွေအများကြီးရှိပါတယ်။

သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။တိုင်း၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ကွင်းအမှတ်၊ကွင်းအ မည်၊ဦးပိုင်အမှတ်၊မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ပိုင်ဆိုင်မှု၊မြေအမျိုးအစား၊အကျယ်အ၀န်းနဲ့ရေးကူးပေးရတဲ့ အကြောင်းအရာစသည်ဖြင့်တိကျမှန် ကန်စွာရေးသားထားကြပါတယ်။

သိထားသင့်တာက ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့”ပုံစံ တစ်ခုသာ”ဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ်ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ်အတွင်းမှာရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ လက်ထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ မြေပိုင်မယ်လို့ မထင်လိုက်ပါနဲ့။ မြေပိုင်ဆိုင်မှု တရားဝင်အထောက်အထားနဲ့ ပုံစံ ၁၀၅ အရဝယ်ထားတဲ့ မြေက “လယ်ယာမြေ” ဆိုရင်လယ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။ ပုံစံ ၁၀၅ မှာပါတဲ့မြေမျိုးနှင့်အတန်းမှာ ရေးတဲ့ သင်္ကေတများရဲ့ဆိုလိုချက်က-

(က) R = မိုးကောင်းလယ်မြေ။

(ခ) R1 = ပထမ အတန်းစား မိုးကောင်း လယ်မြေ။

(ဂ) R2 = ဒုတိယ အတန်းစား မိုးကောင်း လယ်မြေ။

(ဃ) R3 = တတိယ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၃၀ အောက်)

(င) R4 = စတုတ္ထ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၂၀ အောက်)

(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ။

(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ။

(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ။

(ဈ) Y = ယာမြေ။

(ည) D = ဓနိမြေ။

(ဋ) G = ဥယျာဉ်ခြံမြေ။

(ဋ္ဌ) L = ဂရန်မြေ။

(ဍ) B = ဘိုးဘပိုင်မြေ စသည်ဖြင့် ခွဲခြားပြထားတာပါ။

ပုံစံ ၁၀၅ သည်ပိုင်ဆိုင်မှုအတွက် ထုတ် ပေးချင်းမဟုတ်ပါဘူး။၁၀၅ ကို ထုတ် ပေးခြင်းသည်-

၁။ ဂရံလျှောက်ထားရန်အတွက် တင်ပြရန်။

၂။ ဘဏ်ချေးငွေ တင်ရန်အတွက် ဂရံရှိနေသော်လည်း ဘဏ်ချေးငွေ တင်ပြရန်။

၃။ အိမ်ဆောက်လုပ်ခွင့် အမိန့်အတွက် စည်ပင်သာယာတင်ပြရန်။

၄။ Sp/Gp ကိုယ်စားလှယ်လွှဲစာတွင် တွဲရန်။

၅။ မြေတည်နေရာ ပြရန်။

၆။ လက်ဝယ်ထားရန်။

၇။ ပါမစ်မြေပေးမိန့်အရ ရေးကူးရန် စသည်ဖြင့် ရေးဆွဲပေးခြင်းသာ ဖြစ်ပါတယ်။

ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက် မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပဒေတို့မှာပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ထွေအုပ်၊ မြေစာရင်းဌာန (၂) ခုပေါင်းစပ်ပြီးဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။ရန်ကုန်၊မန္တလေးလိုမြို့တော်တွေမှာ မြို့ တော်စည်ပင်ကဂရန်ထုတ်ပေးပါကြောင်း တင်ပြလိုက်ရပါတယ်။

စာ သား - စီ အာ ဒီ

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when JanKo Enterprise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share