ရန်ကုန်ယူနိုက်တက်အမာခံ ပရိတ်သတ်များ စုစည်းထားသော YUFC Warriors (Supporter Fan Club) မှ လှိုက်လှဲစွာနဲ့ကြိုဆိုပါတယ် ဤဖန်အဖွဲ့သည် မိသားစုပုံစံလေးနဲ့
ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်တာကြောင့်အရမ်းကိုနွေးထွေးစေပါတယ်။
Yangon United ပရိတ်သတ်များသာမက ဘောလုံးကိုချစ်သော အခြားအသင်း ပရိတ်သတ်
မိတ်ဆွေများ အားလုံး Welcome ပါ :)
About of Yangon United Warriors
--------------------------------------------------
Ya
ngon United Warriors Fans စတင်ဖွဲ့စည်းသည့်နှစ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီအဖွဲ့လေးကို စတင်ဖွဲ့စည်းခဲ့သည့်နှစ်မှာ 2011 ခုနှစ်တွင်စတင်ပြီး
ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
Yangon United အသင်းမှ Official Fan Club အသိအမှတ်ပြုခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
YUFC Management မွ General Manager ျဖစ္သူ ကုိ Kyaw Thu Oo မွ
ရန်ကုန်ယူနိုက်တက်အမာခံပရိတ်သတ်များဖြင့် ဖွဲ့စည်းထားသည့်
ဝါရီယာအဖွဲ့လေးကို 21.12.2011 နေ့မှာ Official Fan Club အဖြစ်
သတ်မှတ်ပြီး Fan Club အောင်မြင်တိုးတက်ရေးအား ညှိနှိုင်းဆောင်ရွက်
ပေးမည်ဟုကတိကဝတ်ပေးကာ အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးခဲ့ပါသည်။
Yangon United Warriors Fans ကို စတင်ဖွဲ့စည်းခဲ့သည့် Founder များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
1. Mahar Dote ( Min Min Tun )
2. မောင်ကောင်း ( Kaung Myat Thu )
3. မစုိးစုိး ( Aye Mya Soe )
4. Light Day ( Han Win Zaw )
5. ☺☻ရွာသူကြီး☻☺ ( Aung Kyaw Soe )
ကိုမဟာမှဦးဆောင်ပြီး အဖွဲ့ဝင်(၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်
ဖန်အဖွဲ့လေးအတွက် ဘယ်နာမည်ပေးရင်ကောင်းမလဲ ဝိုင်းဝန်းစဉ်းစားခဲ့ကြ
တဲ့အခါမှာ မောင်ကောင်း ( Kaung Myat Thu ) က Warriors ဆိုတဲ့ နာမည်
လေးကို ရွေးခြယ်ပေးခဲ့ပါတယ် "ရန်ကုန်ယူနိုက်တက်အမာခံစစ်သည်တော်များ"
ဆိုတဲ့ အမည်ပြောင် Yangon United Warriors ကို နောက်ဆုံး အားလုံးက
သဘောကျသည့်အတွက် အတည်ပြု သတ်မှတ်ပေးခဲ့ကြပါတယ်။
www.ygnutdfans.com စတင်လွှင့်ခဲ့သည့်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်ပရိတ်သတ်အမာခံအဖွဲ့ဖြစ်သည့် ဝါရီယာအဖွဲ့လေးရဲ့
ဖန် Website ဖြစ်သည့် www.ygnutdfans.com ကုိ 9.11.2011 ေန ့မွာ
စတင်ပြီး လွှင့်တင်ခဲ့ပါသည်။
Warriors FC ( ဝါရီယာဘောလုံးအသင်း ) စတင်ဖွဲ့စည်းခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝါရီယာအဖွဲ့လေးကို စတင်ဖွဲ့စည်းပြီးမကြာမီ ဖန်အဖွဲ့လေးထဲက ယောက်ကျား
လေးတွေက ဖန်အဖွဲ့ဘောလုံးအသင်းလေးတစ်ခုဖွဲ့ပေးပါဆိုသည့်အတွက်
Warriors FC ဘောလုံးအသင်းလေး စတင်ဖွဲ့စည်းဖြစ်ခဲ့ကြပါတယ် စတင်ဖွဲ့ပြီး
လေ့ကျင့်ခန်းဆင်းရန် စိန်ပေါလ်ကွင်းကို ငှားရမ်းပြီး စနေ နဲ့တနင်္ဂနွေ နေ့များမှာ
ထရိန်နင် ဆင်းခဲ့ကြသလို ချိန်းပွဲများကိုလည်း အဲ့ဒီကွင်းမှာပဲ လက်ခံကစားခဲ့ကြ
ပါတယ်။
နောက်ပိုင်း ဖန်အဖွဲ့ထဲမှာ မိန်းမသားတွေများပြားလာတဲ့အတွက် သူတို့လဲ
ဘောလုံးကန်ချင်တယ် မိန်းကလေးအသင်းထောင်ပေးပါဆိုသည့်အတွက်
Warriors FC မိန်းကလေးအသင်းလည်း ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါတယ်
2011 ခုနှစ်မှာ စတင်ခဲ့တဲ့ ဝါရီယာဖန်လေးထဲက Online / Offline မန်ဘာ
တွေဟာ အင်မတန်မှ များပြားခဲ့ပါတယ် ဒါကြောင့် ထရိန်ဆင်းတဲ့အချိန်မှာ
YGNUTD Fans ထဲမှ Boy Warriors FC & Girl Warriors FC အသင်းသား
တွေဟာ အမြဲလိုလို အယောက် ၅၀ နဲ့အထက် လာရောက်ပြီး ထရိန်နင်
ဆင်းခဲ့ကြပါတယ်။
Warriors အဖွဲ့လေး၏ ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝါရီယာဖန်အဖွဲ့လေးဆိုသည်မှာ ရန်ကုန်ယူနိုက်တက်အသင်းကိုအားပေးသည့်
အမာခံပရိတ်သတ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရန်ကုန်အသင်းကို အမာခံ
အစဉ်တစိုက်အားပေးရန်၊ ရန်ကုန်အသင်းကိုအားပေးသည့် အနယ်အနယ်အရပ်
ရပ်မှ ပရိတ်သတ်များအား Online / Offline ပေါ်တွင် စုစုစည်းစည်းရှိစေရန်
ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
ဝါရီယာအဖွဲ့လေးစတင်ဖွဲ့စည်းတည်ထောင်ခဲ့စဉ်ကစပြီး အဖွဲ့ဝင်များသည်
သွေးမတော်သားမစပ်ကြပေမယ့် သွေးသားအရင်းအချာများကဲ့သို့ချစ်ခင်
ရင်းနှီးစွာဖြင့်အတူလက်တွဲပြီး ရန်ကုန်အသင်းကိုအားပေးခဲ့ကြသလို
ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမားနှင့်စုပေါင်းပြီး ပရဟိတအလုပ်
လေးများကိုလည်း တတ်စွမ်းသလောက်လုပ်ကိုင်လျှက်ရှိပါသည်။
ကမ္ဘာတည်သ၍ မြန်မာပြည်မှာ ရန်ကုန်အသင်းဆိုတာရှိနေသ၍
ရန်ကုန်ပရိတ်သတ် အမာခံများဖြင့်ဖွဲ့စည်းထားသည့် Warriors အဖွဲ့လေး
ထာဝတည်ရှိနေမည်ဖြစ်ပါသည်။ :)
ဟိုအရင်တုန်းကဆိုရင် Yangon United Warriors အဖွဲ့လေးရဲ့
Facebook Group ထဲဝင်ရောက်ဖို့ဆိုတာ အနည်းငယ် ခက်ခဲပါတယ်
အလွယ်တကူ Join လို့ရပေမယ့် Admin တွေက စိစစ်ပြီးမှသာလျှင်
Member ဖြစ်ခွင့်ရှိတယ်ဆိုပြီး လက်ခံပေးလိုက်မှသာ ဝါရီယာအဖွဲ့ဝင်အဖြစ်
Group ထဲကိုရောက်ရှိလာတာဖြစ်ပါတယ် ယခုနောက်ပိုင်းမှာ အရင်လို
စည်းကမ်းတွေ နည်းလမ်းတွေ အရမ်းမတင်းကြပ်ထားတော့ပါဘူး
Fake Account ပဲ ဖြစ်ဖြစ် အခြားသော MNL Club အသင်းများမှ
Member ( မည်သည့်အသင်းကိုမဆိုအားပေးသည့်ပရိတ်သတ်) များ
ဖြစ်နေပါစေ Yangon United Warriors Group လေးကိုလာရောက်ပြီး
Join လုပ်တာနဲ့လက်ခံပေးသွားမှာပဲဖြစ်ပါတယ် သို့သော်လည်း
Group နဲ့မသက်ဆိုင်သော Post , Photo ,Video နှင့်ကြော်ငြာ များတင်ခြင်း
Group အတွင်းမှ Member များနှင့်အချင်းများခြင်းများ ကိုယ်ရေးကိုယ်တာ
တိုက်ခိုက်စော်ကားခြင်းများ ပြုလုပ်လာလျှင်တော့ Member အဖြစ်ကနေ
ထုတ်ပယ်သွားမှာပဲ ဖြစ်ပါတယ် Yangon United Warriors မှ Admin များ
အနေဖြင့်လည်း Group ထဲကိုဝင်ရောက်လာသည့် မြန်မာနိုင်ငံသူနိုင်ငံသား
များအားလုံးကို Accept လုပ်ပေးကြဖို့ကိုအသိပေးပါတယ် Member တစ်ယောက် Join လာပြီဆိုရင် တိုင်းတပါးသား (နိုင်ငံရပ်ခြားမှ)ဆိုပါလျှင်
လက်ခံမပေးပဲ ပြည်တွင်း ကလူများဆိုပါက လက်ခံပေးစေလိုပါတယ်။
Yangon United Warriors Group လေးထဲကိုဝင်ရောက်လိုသူများအနေနဲ့
အောက်ပါ Link ကနေ ဝင်ရောက်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။
Official Group of Warriors => https://www.facebook.com/groups/ygnutdfans/
~~~~~~~~~~~~~~~~~~~~~~~~~~~
Admin Team : Ygnutdfans warriors
~~~~~~~~~~~~~~~~~~~~~~~~~~~