21/09/2022
Core subjects taught in MPA
------------------------------------------------
(၁) World of Public Administration:
သူကတော့ Public Administration အတွက်
မိတ်ဆက်ဘာသာရပ်လို့ဆိုရပါမယ်။
ပထမဆုံးတက်ရတဲ့ ဘာသာဖြစ်ပြီးတော့
ခေတ်အလိုက် အစိုးရယန္တရား အဆင့်ဆင့် ပြောင်းလဲလာပုံ၊ လက်ရှိ trend၊
အစိုးရနဲ့ ဗျူ ရိုကရက်တွေအကြား ဆက်ဆံရေး
စတာတွေကို သင်ကြားပေးပါတယ်။
PA ရဲ့ မသိမဖြစ်သီအိုရီဖြစ်တဲ့ Public Value Theory ကို လည်း လေ့လာရပါတယ်။
ပြီးတော့ အခုလက်ရှိ PA မှာကြုံတွေ့နေရတဲ့ Challenges တွေကို Themetic Area ၅ခုခွဲပြီးလေ့လာရပါတယ်။
အဲဒါတွေကတော့
Strategic Challenge, Boundary Challenge, Organizing Challenge, Performance Challenge နဲ့ Reform Challenge တွေပဲဖြစ်ပါတယ်။
အပိတ်မှာတော့ 21st Century မှာ Public Servant တယောက်ဟာ ဘယ်လိုအရည်အသွေးတွေ
ရှိသင့်တယ်ဆိုတာနဲ့ အဆုံးသတ်ပါတယ်။
(၂) Rule of Law:
ဒီဘာသာကတော့ အားလုံးသိတဲ့အတိုင်း
တရားဥပဒေစိုးမိုးရေးဖြစ်လို့
ဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့ ဥပဒေအားလုံးရဲ့ မြစ်ဖျားခံရာ အခြေခံဥပဒေရဲ့ အရေးပါပုံ၊ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ လွတ်လပ်ခွင့်၊
Human Rights စတာတွေကို လေ့လာရပါတယ်။
နောက်ပြီးတော့ဥပဒေကေို လေ့လာတော့မယ်
ဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့
Point of View နှစ်ခုဖြစ်တဲ့
Positivist Vs Naturalist Theory ဖြစ်ပေါ်လာပုံ၊ အသုံးချပုံတွေနဲ့ ကိုယ်ကဘယ်ရှုထောင့်က
မြင်ကြည့်မလဲ ဆိုတာကို မူတည်ပြီး
အဖြေထုတ်ပုံကွဲသွားတာကိုလည်း လက်တွေ့သင်ပေးပါတယ်။
Rule of Law ရှိတဲ့နိုင်ငံတွေနဲ့ အခုမှ
ဆောက်ယူနေဆဲနိုင်ငံတွေရဲ့ ကွာခြားပုံကိုလည်း
အင်ဒိုနီးရှားဥပမာနဲ့သင်ရပါတယ်။ အားလုံးထဲမှာ သဘောအခွေ့ဆုံးကတော့ Australian Constitution ပြင်ဖို့ လိုအပ်ချက်တွေနဲ့ ပြင်ဖို့အတော်ခက်ဆိုတာရယ်၊ Anti-Corruption Commission Integrity Bodies တွေရဲ့ Role ကိုလေ့လာရတာပါပဲ။
(၃) Nature of Governing:
ဒီဘာသာကတော့ democratic governance အကြောင်းသင်ဖို့ Guideline ထဲရေးထားပေမယ့် သင်မယ့်ဆရာမလာနိုင်လို့ MPA ဘာသာရပ်မှာ အတော်သြ ဇာညောင်းတဲ့ ပရောဖက်ဆာကြီး
လာသင်တယ်။
ဒါပေမယ့် သူသင်သွားတာက Policy Cycle ကို သင်ပေးတယ်။ အဲဒီအထဲမှာမှ Policy Brief တွေဘယ်လိုရေးရမယ်၊ ချမှတ်လိုက်တဲ့ Policy တစ်ခုရဲ့Consequenceတွေ၊ Program တစ်ခုအကောင်အထည်ဖော်တဲ့အခါမှာ လိုအပ်တဲ့ Stakeholder Collaboration & Leadership,
How to persuade politicians စတာတွေကို ဇောင်းပေးသင်ပေးတယ်။
ဒါ့အပြင် PA ရဲ့ နောက်ဆုံး trend တွေဖြစ်တဲ့ Collaborative Governance, Network Governance စတာတွေကိုလည်း
ခရေစေ့တွင်းကျကျ ဥပမာတွေနဲ့ သင်ပေးသွား
ပေမယ့် ယူကေနိုင်ငံဥပမာတွေမို့
ပေးကားပေး၏ သိပ်မရတော့ ဖြစ်သွားတယ်။
(၄) Managing Public Finance:
ဒီဘာသာရပ်မှာတော့ Public Financial Management အကြောင်း..
အထူးသဖြင့် Gender-based Budgeting,
Green Budgeting, Medium-term Fiscal Frameworks စတာတွေကို လေ့လာရပါတယ်။
ပြီးတော့ IMF ကထုတ်တဲ့ နိုင်ငံအလိုက်
PEFA Analysis ကို ဘယ်လိုဖတ်ရမလဲ၊
Policy Maker တယောက်အနေနဲ့ သိရမယ့် Technical terms တွေနဲ့ Concept တွေ
(ဥပမာ- Budget Cycle, Budget Oversight,
Debt Management, External Vs Internal Debt)
စတာတွေကို လေ့လာရပါတယ်။
အတော်လေးကို technical ဆန်တဲ့ဘာသာရပ်
ဆိုပေမယ့် Budget is King ဆိုသလို
Sustainable Governance ဖြစ်ဖို့က
Sustainable Budget Management မလုပ်ဘဲ
မဖြစ်နိုင်ပါဘူး။
(၅) Managing Effectively:
ဒီဘာသာရပ်ကတော့ ပေါ့ပေါ့ပါးပါး
အဖြစ်ဆုံးပါပဲ။
Public Servant တယောက်မှာရှိသင့်တဲ့
Skills တွေကို လေ့လာရတာပါ။
လက်တွေ့ပိုဆန်ပါတယ်။
Leadership Skill, Teamwork, Negotiation Skill, Conflict Management အစရှိတာတွေပါ။
အားလုံးထဲ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့
ကိုယ့်EQ ကို ပြန်ဆန်းစစ်နဲ့ ကိုယ့်အားနည်းချက်
တွေကို ပြန်သုံးသပ်ရတာပါ။
အဲလိုလုပ်တဲ့အခါ ကိုယ့်အကြောင်းသိသူတွေ
ဆီက Feedback တွေယူရတယ် (မကွယ်မဝှက်တမ်းယူရတာ) ဆိုတော့ ကိုယ့်မှာ ၃ရက်လောက်တောင် စားမဝင် အိပ်မပျော် ဖြစ်သွားသေးတယ်။ သင်ရတဲ့စာတွေက ပေါ့ပါးပေမယ့်
လိုက်လုပ်ရတာ၊ ကိုယ့်စိတ်ကိုယ်အတွင်းထဲ
အထိဝင်ကြည့်ရတာကြောက်ဖို့လည်း
ကောင်းတယ်၊ ပျော်ဖို့လည်းကောင်းတယ်။
(၆) Using Evidence:
ဒီဘာသာရပ်ကိုသင်တဲ့ ပရော်ဖက်ဆာလည်း နာမည်ကြီးတဲ့ အထဲပါတယ်။
သူက Economist ဆိုတော့ Policy တစ်ခုရေးတဲ့အခါ လိုအပ်တဲ့ သက်သေအချက်အလက်
အထူးသဖြင့် ကိန်းဂဏန်း အချက်အလက်တွေရဲ့ အရေးပါပုံ၊ အဲဒီအချက်အလက်တွေရဖို့
သုံးတဲ့နည်းလမ်းတွေ ..
Cost-benefit Analysis,
Before & After Analysis, Randomised Control Trials စတာတွေကို Policy Maker တယောက်
အနေနဲ့သိသင့် သလောက်ကို Case-studiesတွေနဲ့သင်ပေးတယ်။
Research paper တွေရဲ့ Integrity ကို ဘယ်လိုဆန်းစစ်မယ်၊ Policy Research လုပ်တဲ့ Think-tankတွေရဲ့ role နဲ့ ဘယ်လိုလည်ပတ်နေလဲ
စတာတွေကိုလည်း လေ့လာရပါတယ်။
(၇) Working Ethically:
ဒီဘာသာကတော့ Philosophy ဘာသာရပ်
ထဲမှာပါပါတယ်။ The role of ethics in public policy making ဆိုတဲ့ ရှုထောင့်ကချဉ်းကပ်ပြီး
သင်ပါတယ်။
လေ့လာရတဲ့ ခေါင်းစဉ်များကတော့
Workplace Hierarchy, Autonomy & Paternalism, Collective Action Problems, Coercion Vs Incentives, Responding to Implicit Bias, Confidentiality, Entitlements, Respect & Fair Treatment, Fair Distributions of Burden
စတာတွေဖြစ်ပါတယ်။ (နောက်ဆုံးတက်ထားတဲ့အတန်းမို့ ခေါင်းစဉ်တွေ အားလုံးမှတ်မိနေသေးတာပါ)
(၈) Administrative Challenges:
ဒီဘာသာကတော့ အရှေ့မှာတက်ထားတဲ့
အတန်းတွေထဲက World of Public Administration, Nature of Governing &
Rule of Law သုံးဘာသာ တက်ပြီးမှ
တက်လို့ရပါတယ်။
ဘာသာအားလုံးကို ပြန်ချုပ်ပေးတဲ့ ဘာသာ Capstone Subject လည်း ဖြစ်ပါတယ်။
ဒီဘာသာမှာတော့ သင်ထားသမ ျှအားလုံးကို ပေါ်လစီတစ်ခုအပေါ် သုံးသပ်ဖို့ ပြန်အသုံးပြုရပါတယ်။
Australia မှာလက်ရှိ အလှုပ်ခတ်ဆုံးနဲ့
အအောင်မြင်ဆုံး ပေါ်လစီ အပြောင်းအလဲဖြစ်တဲ့ National Disability Insurance Scheme (NDIS) ကို ဘုံတည်ပြီး သုံးသပ်ချက်တွေ ထုတ်ရတာပါ။ အထူးသဖြင့် Disability မှာ Medical Model ကနေ Social Model ပြောင်းလာပုံရယ်၊ တပုံစံတည်း အစိုးရကထောက်ပံ့နေရာကနေ တစ်ဦးတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်ကို မူတည်ပြီး လိုအပ်တဲ့ဝန်ဆောင်မှုပေးတာကို အာမခံပုံစံနဲ့ ထောက်ပံ့ဖို့ပြောင်းတာကို လေ့လာရတာ ကိုယ့်အတွက်တော့ မျက်မမြင်တယောက်ကို အလင်းရောင်ကဘယ်လို၊ အပြာကဘယ်လို၊ အနီကဘယ်လို လာပြောနေသလိုမို့ အတော်လေးရုန်းကန်ရတဲ့ ဘာသာဆိုလည်း
မမှားပါဘူး။
Credit Thei Su San