Number One - Pest Management

  • Home
  • Number One - Pest Management

Number One - Pest Management Number One Pest Management (NOPM) offers customized residential, commercial and industrial services t

Our pest control Services competent to overcome all kind of pests cockroach, rodent, termite, mosquitoes, Flies, Lizard, Bedbugs etc and save the health of human. "WHY CHOOSE US"
- Safe & Effective Pest Control
- Government-registered premium grade chemicals
- Specialized inspection by our professionals to get to the source of the problem
- Competitive pricing & FOC survey
- 100% Satisfaction Guarantee

  Treament Termite Pest Service   Treatment Termite Pest Service  -PestManagement #ခြကာကွယ်နှိမ်နင်းရေး💢" 𝐁𝐞𝐭𝐭𝐞𝐫 𝐂𝐨𝐧𝐭𝐫𝐨𝐥...
18/05/2026

Treament Termite Pest Service
Treatment Termite Pest Service
-PestManagement
#ခြကာကွယ်နှိမ်နင်းရေး

💢" 𝐁𝐞𝐭𝐭𝐞𝐫 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐅𝐨𝐫 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 "💢
🌐𝐰𝐰𝐰.𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞-𝐩𝐞𝐬𝐭𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭.𝐜𝐨𝐦
📝𝐃𝐞𝐭𝐚𝐢𝐥𝐬 : 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭𝐛𝐨𝐱
☎️𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 : 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟏𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟐𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟑𝟎𝟎
♻️Yangon, Myanmar

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းကမ္ဘာသူ ကမ္ဘာသားများအားလုံး”သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ” ရှင်🙏🏼🙏🏼🙏🏼💢"...
17/04/2026

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း
ကမ္ဘာသူ ကမ္ဘာသားများအားလုံး

”သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ” ရှင်🙏🏼🙏🏼🙏🏼

💢" 𝐁𝐞𝐭𝐭𝐞𝐫 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐅𝐨𝐫 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 "💢
-PestManagement


🌐𝐰𝐰𝐰.𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞-𝐩𝐞𝐬𝐭𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭.𝐜𝐨m
☎️𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 : 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟏𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟐𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟑𝟎𝟎

တပို့တွဲလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ "ဩဝါဒပါတိမောက်" ရဲ့ အနှစ်သာရဟာ လူ့အဖွဲ့အစည်းအတွက် အမှောင်ထုကနေ လွတ်မ...
01/02/2026

တပို့တွဲလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ "ဩဝါဒပါတိမောက်" ရဲ့ အနှစ်သာရဟာ လူ့အဖွဲ့အစည်းအတွက် အမှောင်ထုကနေ လွတ်မြောက်ဖို့ လမ်းပြမြေပုံတစ်ခု အဖြစ်နဲ့လည်း နားလည်နိုင်ပါတယ်...

ဩဝါဒ ပါတိမောက် ဒေသနာကိုတော့ အားလုံးကြားဖူးနေကျပဲ...
“ခန္တီ ပရမံ တပေါ တိတိက္ခာ” ကနေစတယ်၊
သည်းခံခြင်းဟာ အမြတ်ဆုံးအကျင့်ပဲ တဲ့…

ဒီနေရာမှာ သည်းခံတယ်ဆိုတာက ဒုက္ခတွေကို အားမတန်လို့ ခေါင်းငုံ့ခံနေတာမျိုး မဟုတ်ဘူး။

ဘဝတွေထဲကို အတင်းအဓမ္မ ရိုက်သွင်းခံထားရတဲ့ ဆင်းရဲဒုက္ခတွေ၊ ပူလောင်မှုတွေနဲ့ စိတ်မချမ်းမြေ့စရာတွေကို စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံ ကျော်ဖြတ်နေတာမျိုးလို့ နားလည်ကြည့်နိုင်တယ်...

ပူလောင်လွန်းတဲ့ ခါးသီးလှတဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းရင်း၊ ကိုယ်စီကြုံရတဲ့ နာကျင်မှုတွေကို အနာဂတ်အတွက် ခွန်အားအဖြစ် ပြောင်းလဲပြီး ခံနိုင်ရည်ရှိရှိ ရပ်တည်နေတာဟာ တကယ့်ကို မြင့်မြတ်တဲ့ အကျင့် တစ်ခုပဲ။

နောက်ပြီး ဒီလို "သည်းခံခြင်း" ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ တကယ့်အဓိပ္ပာယ်က အမှန်တရားကို လက်မလွှတ်ဘဲ စွဲကိုင်ထားခြင်း ပါ။
အမှန်တရားဆီကို လျှောက်တဲ့လမ်းမှာ ဆင်းရဲကိုလည်း သည်းခံရသလို၊ သာယာမှုတွေကိုလည်း သည်းခံရတာပဲ။

နောက်ထပ်က
“န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော” ဆိုတဲ့ အဆုံးအမ — သူတစ်ပါးကို ညှဉ်းဆဲသတ်ဖြတ်သူဟာ ရဟန်း (သို့မဟုတ်) သူတော်စင် မဟုတ်ဘူးတဲ့...

တကယ့်သူတော်ကောင်း၊ တကယ့်လူသားဆန်သူဆိုတာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့ စွမ်းအား (ဒုတ်ဓား လက်နက်)တွေနဲ့ သူတစ်ပါးကို နာကျင်အောင် ဘယ်တော့မှ မလုပ်ပါဘူး။
သူတစ်ပါးကို ဖျက်ဆီးပြီးမှ ရလာတဲ့ အောင်နိုင်မှုဆိုတာ "ဓမ္မ" သဘောအရ ကြည့်ရင်တော့ တကယ့်ရှုံးနိမ့်ခြင်းပါ။
သူတော်စင်ယောင် ဆောင်နေပါစေဦးတော့၊ မြတ်စွာဘုရားရဲ့ ဒီစကားတော်အရ သူတို့ဟာ "အဓမ္မ" လမ်းပေါ်ကသူတွေဆိုတာ ထင်ရှားနေပါတယ်။

ဒါကြောင့် ဒီနေ့လို အခါတော်နေ့မှာ ညှဉ်းဆဲသူတွေရဲ့ လမ်းစဉ်ကို လုံးဝမလိုက်ဘဲ၊ ကိုယ်ချင်းစာတရားနဲ့ အမှန်တရားကိုပဲ ဆက်ပြီး လက်ကိုင်ထားဖို့ရာ သတိပေးကြဖို့လိုတယ်...

ညှဉ်းဆဲခြင်းကင်းတဲ့၊ ဘေးကင်းလုံခြုံတဲ့ လူ့အဖွဲ့အစည်းသစ်ဆီကို ရောက်ဖို့ဆိုရင် ဒီအနှစ်သာရကို ဒို့တွေရင်ထဲမှာ အမြဲကိန်းအောင်းနေဖို့ လိုပါတယ်။

ထပ်​​ပြီး
"သဗ္ဗပါပဿ အကရဏံ၊ ကုသလဿူပသမ္ပဒါ" — မကောင်းမှုကို လုံးဝမပြုဘဲ၊ ကောင်းမှုကုသိုလ်နဲ့ ပြည့်စုံအောင် အားထုတ်ပါတဲ့...

"မကောင်းမှုကို မပြုနဲ့" ဆိုတဲ့ စကားဟာ အဓမ္မကို ဓမ္မနဲ့ ခြားနားမှု ပြုလိုက်ခြင်းပါပဲ။

လူတစ်ဦးချင်းစီအတွက်သာမကဘဲ လူအုပ်စုတွေအတွက်ပါ အကြီးမားဆုံး သတိပေးချက်ဖြစ်ပါတယ်။ အဓမ္မနည်းနဲ့ ရယူထားတဲ့ အရာတွေဟာ ဘယ်သောအခါမှ တည်မြဲတဲ့ ငြိမ်းချမ်းမှုကို မပေးနိုင်ဘူးဆိုတဲ့ တရားကို သတိပြုမိစေမယ့် ဟောကြားဆုံးမမှုတစ်ခုပါ။

ဒါကြောင့် မတရားမှုတွေများတဲ့လောကမှာ မတရားမှုကို အားမပေးဘဲ အမှန်တရားဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခြင်းဟာ သာသနာတော်ရဲ့ အခြေခံမူကို လိုက်နာခြင်း ဖြစ်တယ်လို့ နားလည်နိုင်တယ်။

ပြီးတော့ မကောင်းတာ မလုပ်ရုံနဲ့တင် မကျေနပ်ဘဲ၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီဖြည့်ဆည်းပေးဖို့ လိုတဲ့အကြောင်းကို ကုသလဿူပသမ္ပဒါ (ကောင်းမှုကို ဖြည့်ဆည်းခြင်း) ဆိုတဲ့ အဆုံးအမနဲ့ နားလည်နိုင်တယ်...

တစ်ယောက်ကိုတစ်ယောက် ဖေးမတာ၊ ဒုက္ခရောက်နေသူတွေကို ဝိုင်းဝန်းကူညီတာ၊ အမှန်တရားဘက်ကနေ အားပေးကူညီတာတွေဟာ ဒီနေ့ခေတ်ရဲ့ အစွမ်းထက်ဆုံး ကုသိုလ်တွေပါပဲ။

ကောင်းမှုဆိုတာ ဘုရားကျောင်းကန်သွားမှ မဟုတ်ပါဘူး၊
ဒီကာလဆိုးကြီးကြားမှာ လူသားချင်းစာနာပြီး တစ်ဦးကိုတစ်ဦး လက်တွဲမဖြုတ်တာဟာ အမြင့်မြတ်ဆုံး ကောင်းမှုတစ်ခု ဖြစ်ပါတယ်။

နောက်ထပ် အရေးအကြီးဆုံးလို့ ပြောနိုင်တဲ့ အဆုံးအမကတော့
"သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ" — မိမိရဲ့ စိတ်ကို ဖြူစင်အောင် ထားခြင်းဟာ ဘုရားရှင်တိုင်းရဲ့ အဆုံးအမပါပဲ ဆိုတာလေးပါ။

ဒီစကားက ဒို့တွေ ဖြတ်သန်းနေရတဲ့ ခရီးကြမ်းကြီးမှာ စိတ်ဓာတ်မကျအောင် ထိန်းထားပေးတဲ့ ကျောက်ဆောင်တစ်ခုပါပဲ။

လောကကြီးမှာ မတရားမှုတွေ၊ ရက်စက်မှုတွေနဲ့ အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့အခါ ကိုယ့်ရဲ့ စိတ်ထဲမှာလည်း အမုန်းတရားတွေ၊ နာကျည်းမှုတွေနဲ့ ပူလောင်မှုတွေ ဝင်လာတတ်တာ သဘာဝပါ။ ဒါပေမဲ့ မြတ်စွာဘုရားက "ကိုယ့်စိတ်ကို ဖြူစင်အောင်ထားပါ" လို့ ဆိုတာက မတရားမှုကို ခွင့်လွှတ်ခိုင်းတာ မဟုတ်ပါဘူး။

မတရားမှုရဲ့ ကျေးကျွန် အဖြစ်မခံဘဲ ကိုယ့်ရဲ့ စိတ်ဓာတ်ကို အညစ်အကြေး ကင်းအောင် ထိန်းသိမ်းဖို့ ပြောတာပါ။

ကိုယ့်စိတ်ထဲမှာ အလင်းရောင် ရှိနေသရွှေ့၊ ကိုယ့်စိတ်က ဖြူစင်နေသရွှေ့ ဘယ်လို အမှောင်ထုကမှ ကိုယ့်ကို ဝါးမြိုလို့ မရပါဘူး။
အဓမ္မရဲ့ လွှမ်းမိုးမှုအောက် ရောက်မသွားအောင်၊ ပူလောင်မှုတွေကြားမှာ စိတ်ဓာတ်ကို အေးမြဖြူစင်အောင် ထားနိုင်ဖို့က အဓိကပါပဲ။ ဒါဟာ ဘုရားရှင်တိုင်းရဲ့ အလိုကျဆုံး အဆုံးအမပါပဲ။

စာမရှည်သွားအောင် ကျန်တာတွေကို အတိုချုံ့ပဲ ရေးပါတော့မယ်...

နောက်ဆုံးအပိုဒ်လေးကတော့

“အနူပဝါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္ထဉ္စသယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။”

အနူပဝါဒေါ အနူပဃာတော (မကဲ့ရဲ့ခြင်းနဲ့ မညှဉ်းဆဲခြင်း)
ဘယ်သူ့ကိုမှ စကားနဲ့လည်း မပုတ်ခတ်ပါနဲ့၊ ကိုယ်ထိလက်ရောက်လည်း မနှိပ်စက်ပါနဲ့။ လူသားချင်း စာနာထောက်ထားခြင်းဟာ အခြေခံအကျဆုံး ကျင့်ဝတ်ပါပဲ။

ပါတိမောက္ခေ စ သံဝရော (စည်းကမ်းကို လေးစားခြင်း)
ကိုယ်တိုင်က စည်းကမ်းရှိပြီး ကိုယ်ကျင့်တရား ခိုင်မာပါစေ။ မိမိကိုယ်ကို ထိန်းကျောင်းနိုင်သူဟာ အများယုံကြည်မှုကို ရရှိပါတယ်။

မတ္တညုတာ စ ဘတ္တသ္မိံ ( အတိုင်းအရှည် သိခြင်း )
ဒီကာလမှာ စားသောက်နေထိုင်မှုကအစ အလွန်အကျွံ မဖြစ်စေဘဲ ချွေတာခြင်း၊ ရောင့်ရဲခြင်းနဲ့ အတိုင်းအရှည် သိဖို့ လိုပါတယ်။

ပန္ထဉ္စ သယနာသနံ (ဆိတ်ငြိမ်ရာမှာ နေခြင်း )
ရံဖန်ရံခါမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့ ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာမှာ နေထိုင်ပြီး ဒီကာလမှာဖြတ်သန်းခဲ့တဲ့ အရာတွေကို ပြန်ပြီး reflection လုပ်ပါ...

အဓိစိတ္တေ စ အာယောဂေါ (စိတ်ကို မြှင့်တင်အားထုတ်ခြင်း )
အဆင့်မြင့်တဲ့ စိတ်ဓာတ် (တည်ငြိမ်မှုနဲ့ ပညာ) ရရှိအောင် အမြဲလေ့ကျင့်နေပါ။ စိတ်ဓာတ်ခိုင်မာသူကို ဘယ်အခြေအနေကမှ မဖြိုလဲနိုင်ပါဘူး။

ဒီပိုဒ်တွေကို အနှစ်ချုပ်ရရင်

"အပြောအဆို ဆင်ခြင်၊ အပြုအမူ မရမ်းကားနဲ့၊ စည်းကမ်းရှိ၊ အသုံးအစွဲ သိ၊ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြီး စိတ်ဓာတ်ကို အမြဲမြှင့်တင်ပါ" ဆိုတဲ့ အချက်တွေဟာ တရားမျှတတဲ့ လောကကြီးဖြစ်ဖို့ လိုက်နာရမယ့် လမ်းညွှန်ချက်တွေပါပဲလို့ အောက်မေ့နိုင်ပါတယ်... ။

နိဂုံးချုပ်အနေနဲ့ …

ဒီနေ့လို ဩဝါဒပါတိမောက် အခါတော်နေ့နဲ့မှာ ကိုယ့်ကိုယ်ကိုယ် ထပ်​ပြီး သတိပေးသင့်တာကတော့ "ဓမ္မကို လက်မလွှတ်တဲ့ စိတ်ဓာတ်" ပါပဲ။

လောကမှာ အမှောင်ထုက ဘယ်လောက်ပဲ ကြီးစိုးနေပါစေ၊ အလင်းစက်လေး တစ်စက်ရှိရုံနဲ့တင် လမ်းပျောက်မှာ မဟုတ်ပါဘူး။

ဒီနှစ်အပိုင်းအခြားတွေအတွင်းမှာ ဒုက္ခတွေကို "ခန္တီ" နဲ့ ကြံ့ကြံ့ခံခဲ့ကြတယ်၊
မကောင်းမှုကိုတော့ "အညံ့မခံ" တဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်ခဲ့ကြတယ်။
ဒါဟာ မြတ်စွာဘုရားရှင် လိုလားတော်မူတဲ့ "စစ်မှန်တဲ့ အောင်နိုင်သူ" တွေရဲ့ လမ်းစဉ်ပါပဲ။

ညှဉ်းဆဲခြင်းကင်းတဲ့၊ ကိုယ်ချင်းစာတရား ထွန်းကားတဲ့၊ တရားမျှတမှုက အားလုံးကို လွှမ်းခြုံနိုင်တဲ့ လူ့အဖွဲ့အစည်းသစ်ကို ရောက်တဲ့အထိ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်တွေကို ဖြူစင်အောင် ထိန်းထားကြရအောင်ပါ။

မကောင်းမှုကို ရှောင်ပြီး၊ ကောင်းမြတ်တဲ့ အမှန်တရားကိုပဲ လက်တွဲမဖြုတ်ဘဲ ဆက်လျှောက်ကြမယ်ဆိုရင်... အဆုံးမှာတော့ "ဓမ္မသည်သာ အောင်နိုင်လိမ့်မယ်" ဆိုတဲ့ အေးချမ်းတဲ့ပန်းတိုင်ဆီကို ဧကန်မလွဲ ရောက်ရှိမှာ ဖြစ်ပါတယ်။

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ...

🪅❄️နှစ်သစ် မင်္ဂလာမှာ❄️🪅တစ်ဦးအပါ်တစ်ဦးမေတ္တာတရားဖြင့် အေးချမ်းကြပါစေ...တရားဓမ္မဖြင့် အေးချမ်းကြပါစေ...သစ္စာတရားဖြင့် ခို...
01/01/2026

🪅❄️နှစ်သစ် မင်္ဂလာမှာ❄️🪅
တစ်ဦးအပါ်တစ်ဦး
မေတ္တာတရားဖြင့် အေးချမ်းကြပါစေ...
တရားဓမ္မဖြင့် အေးချမ်းကြပါစေ...
သစ္စာတရားဖြင့် ခိုင်မြဲကြပါစေ...
ကုသိုလ်တရားများဖြင့် ပွါးများနိုင်ကြပါစေ…

💢" 𝐁𝐞𝐭𝐭𝐞𝐫 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐅𝐨𝐫 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 "💢
🌐𝐰𝐰𝐰.𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞-𝐩𝐞𝐬𝐭𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭.𝐜𝐨𝐦
📝𝐃𝐞𝐭𝐚𝐢𝐥𝐬 : 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭𝐛𝐨𝐱
☎️𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 : 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟏𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟐𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟑𝟎𝟎
♻️Yangon, Myanmar

တန်ဆောင်မုန်းလပြည့်နေ့~သာမညဖလ အခါတော်နေ့~~~~~~~~~~~~~~~~~~~~~~~~~~~~~🌷🌷🌷🌷🌷🌷ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည...
03/11/2025

တန်ဆောင်မုန်းလပြည့်နေ့~သာမညဖလ အခါတော်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~🌷🌷🌷🌷🌷🌷
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။

သာမညဖလ ၏ အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည်

-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ

ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ်ပါယျရပါသညျ။

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုနိုင်ပါသည်။

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိုဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊ လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ်စကေဗုဒ်ဓါဖွဈ၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊ သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။

Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
🙏🙏🙏
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှ

မေတ္တာဖြင့်
အိုဘယ့်ခရီးသည်
၂၃.၁၀.၂၀၂၅

🕯️“နေ့ထူးနေ့မြတ်သတင်းကျွတ်လပြည့်နေ့”🕯️(မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးတာဝတိံသာ နတ်ပြည်က ဆင်းသက်လာတဲ့နေ့)မြတ်စွားဘုရား...
06/10/2025

🕯️“နေ့ထူးနေ့မြတ်သတင်းကျွတ်လပြည့်နေ့”🕯️
(မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးတာဝတိံသာ နတ်ပြည်က ဆင်းသက်လာတဲ့နေ့)

မြတ်စွားဘုရားရှင် ၇-ဝါမြောက်မှာ လေးနက်ခက်ခဲပြီး အလွန်တစ်ရာရှည်လျားတဲ့ အဘိဓမ္မာတရားကို ရက်ကိုးဆယ် ကြာမျှအောင် ဟောပြီး လူ့ပြည်လူ့လောကကို ပြန်လည်ကြွချီလာတာဟာ သတင်းကျွတ်လပြည့်နေ့ဖြစ်ပါတယ်။

သိကြားမင်းကြီးရဲ့ တာဝတိံသာနတ်ပြည်ကဆောင်းတန်းဦးကနေပြီးတော့ လူ့ပြည်လူ့လောက သင်္ကဿနဂတလို့ခေါ်တဲ့ သင်္ကဿမြို့ တံခါးအနီးမှာ ဆောင်းတန်းခြေထင်ရှားပေါ်လာပြီးတော့ ရွှေဆောင်းတန်း ငွေဆောင်းတန်း ပတ္တမြားဆောင်းတန်း ဆောင်းတန်း သုံးစင်းပေါ့ အင်မတန်မှကြီးကျယ်ခမ်းနားပြီးတော့ လှပဆန်းပြားတဲ့ လှေကားကြီးကနေ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အလယ်ဆောင်းတန်းကနေပြီးတော့ မြတ်စွာဘုရားရှင်က ကြွချီတော်မူတယ် စကြဝဋ္ဌာတိုက်တစ်သောင်းမှာရှိတဲ့ ဝဲယာက သိကြားမင်းကြိးတို့၊ ဗြဟ္မာမင်းကြီးတို့၊ ရှေ့နောက်မှာ နတ်တွေခြံရံပြီးတော့ မြတ်စွာဘုရားလူ့ပြည်အပြန်ကို လိုက်ပို့ကြသည်။

💢" 𝐁𝐞𝐭𝐭𝐞𝐫 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐅𝐨𝐫 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 "💢
🌐𝐰𝐰𝐰.𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞-𝐩𝐞𝐬𝐭𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭.𝐜𝐨𝐦
📝𝐃𝐞𝐭𝐚𝐢𝐥𝐬 : 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭𝐛𝐨𝐱
☎️𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 : 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟏𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟐𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟑𝟎𝟎
♻️Yangon, Myanmar

  Pest Service  -PestManagement #ပိုးမွှားကာကွယ်နှိမ်နင်းရေး💢" 𝐁𝐞𝐭𝐭𝐞𝐫 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐅𝐨𝐫 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 "💢🌐𝐰𝐰𝐰.𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞-𝐩𝐞𝐬𝐭𝐦𝐚𝐧𝐚𝐠...
12/09/2025

Pest Service
-PestManagement
#ပိုးမွှားကာကွယ်နှိမ်နင်းရေး

💢" 𝐁𝐞𝐭𝐭𝐞𝐫 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐅𝐨𝐫 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 "💢
🌐𝐰𝐰𝐰.𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞-𝐩𝐞𝐬𝐭𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭.𝐜𝐨𝐦
📝𝐃𝐞𝐭𝐚𝐢𝐥𝐬 : 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭𝐛𝐨𝐱
☎️𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 : 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟏𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟐𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟑𝟎𝟎
♻️Yangon, Myanmar

💢Specialist Technician ဝန်ထမ်း ခန့်အပ်ပါမည်💢Positions : 𝗠𝗮𝗹𝗲 / Female 𝗣𝗲𝘀𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗧𝗲𝗰𝗵𝗻𝗶𝗰𝗶𝗮𝗻 (5) ဦး 🟧 ပိ...
12/09/2025

💢Specialist Technician ဝန်ထမ်း ခန့်အပ်ပါမည်💢

Positions : 𝗠𝗮𝗹𝗲 / Female 𝗣𝗲𝘀𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗧𝗲𝗰𝗵𝗻𝗶𝗰𝗶𝗮𝗻 (5) ဦး

🟧 ပိုးကောင်တွေနဲ့ ပတ်သက်လို့ General Knowledge မရှိလျှင် သင်ပေးပါမည်

🟧နေအိမ် ၊ အဆောက်ဦးတွေမှာ ပိုးမွှားတွေ ပျံ့ပွားနေတဲ့ လက္ခဏာ ရှိမရှိ ဆန်းစစ်ခြင်း စစ်ဆေးခြင်းများပြုလုပ်ရပါမည်

🟧 ဘယ် ပိုးမွှား အမျိုးစား ဥပမာ - ကြမ်းပိုး ၊ ခြ စသဖြင့် စစ်ဆေးပြီး Report လုပ်ရပါမယ်

🟧 ပိုးမွှား နှိမ်နင်းရမယ်ဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ဖြေရှင်းတာ အကောင်းဆုံး ဖြစ်မလဲ

🟧 နှိမ်နင်းတဲ့အခါ ကျွမ်းကျင်မှု ရှိပြီး ကျန်းမာရေး လုပ်ထုံးတွေကို နားလည်ထားကာ Safe အဖြစ်ဆုံးနည်း

🟧 အတွေ့ကြုံရ ပိုးနှိမ်နင်းရေး လုပ်ထုံး ၊ အခက်ခဲတွေနဲ့ ထပ်မံ ဖြစ်ပွားခြင်း မရှိအောင် လွယ်လမ်း

🟧 Pest Management နဲ့ ပတ်သက်ပြီး ခေတ်ပေါ် နည်းပညာ ၊ လုပ်ထုံးလုပ်နည်းနဲ့ နှိမ်နင်းရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေအကြောင်းကို Up-to-date သင်ပေးခြင်း

🟧 နောက်ဆုံး လိုအပ်မှာက ပြောဆို ဆက်ဆံရေး ကောင်းပြီး ကျန်းမာရေး ကောင်းတယ်ဆိုရင် Number One ကို Technician အနေနဲ့ ခုပဲ လျှောက်ထားလို့ရပါပြီ

Specialist Technician တွက် အတွေ့အကြုံ မရှိလဲ လျှောက်ထားနိုင်ပါသည်

လစာ - ညှိနှိုင်း
အသေးစိတ် စုံစမ်းလိုပါက
Chatbox မှ ဖြစ်စေ အောက်ပါ ဖုန်းနံပတ်ကို ခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ်
☎️𝟎𝟗-𝟖𝟖𝟑𝟓𝟎𝟎𝟏𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟐𝟎𝟎, 𝟎𝟗𝟖𝟖𝟑𝟓𝟎𝟎𝟑𝟎𝟎
🌐𝐰𝐰𝐰.𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞-𝐩𝐞𝐬𝐭𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭.𝐜𝐨𝐦

Documents များကို [email protected] သို့ အီးမေးလ် သို့မဟုတ် page's message box မှ CV ဖောင် ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

 #တော်သလင်းလပြည့်နေ့ ၏  #ထူးခြားချက်များ+++++++++++++++တော်သလင်း (တဝ်သလင်း) သည် မြန်မာပြက္ခဒိန်၏ ခြောက်လမြောက် ဖြစ်ပြီး ...
06/09/2025

#တော်သလင်းလပြည့်နေ့ ၏ #ထူးခြားချက်များ
+++++++++++++++

တော်သလင်း (တဝ်သလင်း) သည် မြန်မာပြက္ခဒိန်၏ ခြောက်လမြောက် ဖြစ်ပြီး ဩဂုတ်နှင့်စက်တင်ဘာလအတွင်း ကျရောက်သည်။ တော်သလင်းလတွင် ရက် ၃၀ ရှိပြီး ရက်စုံသောလဖြစ်သည်။

အမည်ရင်းမြစ်
တော် ဆိုသည်မှာ မြင့်မြတ်သည်၊ အထွတ်အထိပ် ဖြစ်သည်၊ အထက်ကောင်းကင် ဖြစ်သည်ဟူ၍ လည်းကောင်း၊ သလင်း ဆိုသည်မှာ သာလင်းမှ လာ၍ သာယာထွန်းလင်းဟူသော အဓိပ္ပာယ်ရှိသည်ဟူ၍လည်းကောင်း ကြံဆကြသည်။

သို့သော် အင်းဝခေတ်နှောင်းပိုင်းတွင် သစ်ဆင်းလဟူသောအရေးအသားကို ပျို့ကဗျာများ၌တွေ့ရပြန်သည်။ ယင်းကို အချို့သောပညာရှင်တို့က သစ်ဖောင် ဝါးဖောင်များ စုန်ဆင်းသောလဟု အဓိပ္ပာယ်ကောက်ကြသည်။

သို့ရာတွင် စာဆို ဦးအောင်ကြီး ၏လူးတားတွင် တိုင်လေးစင် ၏ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ခုန်ဆင်းသည့်ပျော်ပွဲသဘင်ကို အခိုင်အမာ ဖော်ပြထားသောကြောင့် ပန်းလုသဘင်၊ သစ်ဆင်းရင် သောပွဲတော်ကို အစွဲပြု၍ သစ်ဆင်းလဟု ခေါ်ကြောင်း အဆိုကို အများကလက်ခံကြသည်။

ဤအချက်ကို လှေသင်းဝင်မင်းက သဘာမတူသည့်အပြင် တော်သလင်း ၏ဇာစ်မြစ်ကိုကြံဆရာ၌ ကောသိတုံအလံ ဟူသောပါဠိမှ ဆင်းသက်၍ တော်သလင်းဟူသော စကားဖြစ်လာသည်ဟု ဆိုသည်။ တော်သလင်းကို ရာသီအားဖြင့် ကန်ရာသီဟုခေါ်သည်။

ကန်ရာသီကား ကညာကိုစွဲခေါ်ခြင်းဖြစ်သည်။ ကညာသည် ယောက်ျားကိုနှစ်သက်စေခြင်း သဒ္ဒါသည် ပါဠိ၌ တောသဟူ၍လည်း ရှိသည်။ တောသမှတော်သလင်းသို့ရွေ့လျားသည်ဟု လှေသင်း အတွင်းဝန်က မိန့်ဆိုသည်။

'သလင်' သည် 'ကြည်လင် သန့်ရှင်းခြင်း' ကို ရည်ညွှန်းပြီး 'တဝ်' မှာ “အမြင့်”အားရည်ညွှန်းသည် ဖြစ်သောကြောင့် 'မိုးကောင်းကင်' ဟုအဓိပ္ပာယ်ရပေသည်။

ထို့ကြောင့် တော်သလင်းမှာ ' #မိုးကောင်းကင်ကြည်လင်သာယာသည်' ဟူသောအနက်ကို ဆောင်လေသည်။ လေပြင်း မိုးပြင်း တိုက်ခတ် ရွာသွန်းသောကာလ ပြီးဆုံးလေပြီ ဟုလည်းဆိုလိုသည်။ ခရစ် ၁၆ ရာစုနှစ် အတွင်းက ယခုလအား 'သစ်ဆင်း' လို့လည်း ခေါ်ခဲ့ဖူးသည့်အထောက်အထားများ ရှိခဲ့သည်။

ပွဲတော်များ
ရေကန်၊ မြစ်ကမ်းစပ်များတွင် လေးတိုင်စင်ဆောက်၍ စင်ပေါ်မှ ကခုန် မြူးထူးပြီး ရေထဲကို ခုန်ချသည့်ပျော်ရွှင်ပွဲ၊ လှေပွဲများကို ကျင်းပကြသည်။ ကောက်စိုက်ချိန်ကာလအတွင်း အလုပ်ပင်ပန်းခဲ့ကြသည့် တောင်သူများ အလုပ်ပြီးမြောက်ကုန်ဆုံး၍ မြူးထူး ပျော်ပါးသည့်လ ဟုလည်းဆိုနိုင်သည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ယင်းမာပန်း (Chukrosia tabulais) ကိုသတ်မှတ်သည်။

တော်သလင်းလသည် မြန်မာဓလေ့ရာသီပွဲတော် အစဉ်အလာအရ လှေပြိုင်ပွဲ ကျင်းပသည့်လဖြစ်သည်။ ဤလတွင် မြစ်ချောင်းတို့၌ လှိုင်းလေကင်းရှင်းပြီး ရေပြင်မှာ သင်ဖြူးဖျာ ခင်းထားသကဲ့သို့ ပြေပြစ်ငြိမ်သက်စွာ ရှိတတ်ရာ "တော်သလင်း မြစ်တွင်း သင်ဖြူးခင်း"ဟု ဆိုရိုး ရှိသည်။ ထို့ကြောင့် ဤလတွင် လှေပြိုင်ပွဲများ ကျင်းပကြသည်။ ရှေးက လှေပြိုင်ပွဲများကို ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်ရှုစားတော်မူလေ့ရှိသည်။ လှေလှော်သားတို့အား ဆုတော်လာဘ်တော်များလည်း ချီးမြှင့်လေ့ရှိသည်။

တော်သလင်းလသည် မိုးနှောင်းပိုင်း ကာလဖြစ်၍ ရွာသောမိုးသည် လယ်ကန်သင်းများ ကျိုးအောင် သည်းသည်းမည်းမည်း ရွာတတ်သည်။ "တော်သလင်းမိုး ကန်သင်းကျိုး" ဟူ၍ ဆိုရိုးရှိသည်။ မိုးများသဖြင့် စပါးကိုပင် နေလှန်းပြီးမှ ထမင်းချက်ရသည်။ ထို့ကြောင့် ရှေးစာဆိုတို့က "တော်သလင်းတိမ်ညို စားဖိုသည်ဆင်းရဲ မိုးမသဲ" ဟု ဆိုရိုးပြုခဲ့ကြသည်။

တော်သလင်းလတွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ကောင်းနေ့မြတ် ဖြစ်သော တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ ကျင်းပကြပြီး ကျောင်းကန်ဘုရားများတွင် ငါးပါးသီလ ဥပုသ်သီတင်း စောင့်ထိန်းကြခြင်း ဖြစ်သည်။

#ဂရုဓမ္မအခါတော်နေ့တော်သလင်းလပြည့်ဂရုဓမ္မအခါတော်နေ့ဖြစ်ပေါ်လာရခြင်းမှာလည်း... မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားသော တိကနိပါတ်ကုရုဓမ္မဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည် နှစ်ပြည်ထောင် ရှိကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်သည် မိုးလေဝသမှန်ပြီး သာယာဝပြော၏။

ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကား မိုးလေဝသ မမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျဘုရင်၌ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟု ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရပြည်၌ ဆင်ဖြူတော် ရောက်လာသော်လည်း မိုးမရွာသဖြင့် ကောရဗျမင်းထံ ဆင်ဖြူတော်ကို ပြန်ပို့ကာ မိုးရွာစေသော နည်းများရှိလျှင် ပေးပါဟု ကောရဗျမင်းထံ တောင်းဆိုပြန်သည်။

#ကောရဗျဘုရင်ကသူနှင့်ကုရုတိုင်းသုပြည်သားများကျင့်သုံးသော

သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
သူတစ်ပါး သားမယားတို့ကို ကာမဂုဏ် ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သော ဂရုဓမ္မ ငါးပါးသီလကို ရွှေပေလွှာ၌ ရေးပေးလိုက်သည်။

ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူပြည်သားတို့သည် ငါးပါးသီလကို တော်သလင်းလမှာ ရရှိကြကာ ဤလမှစ၍ ဆောက်တည်ကြ၏။ မိုးလေဝသ မှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာ ပေါများကာ သာယာဝပြောလာ၏။

ကုရုတိုင်းသူပြည်သားတို့၏ အမြဲမပြတ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြုကျင့်သုံး ဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်များ မှတ်ယူကြသည်။[၁]

...🌹🙏🏻🌹

🌕ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)🌕🙏ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့စတင်ဖြစ်ပေါ်လာပုံမှာ- ဘုရားရှင်လက်ထက်က ရဟန်းများသည် မြတ...
07/08/2025

🌕ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)🌕

🙏ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့စတင်
ဖြစ်ပေါ်လာပုံမှာ-

ဘုရားရှင်လက်ထက်က ရဟန်းများသည် မြတ်စွာဘုရားကို တစ်နှစ်နှစ်ကြိမ် လာရောက်ဖူးတွေ့လေ့ရှိကြပါတယ်။ ဝါဆိုမူခါနီးတွင် မြတ်စွာဘုရားရှင်ကို ဖူးမျှော်၍ မိမိနှင့် သင့်လျော်မည့် ကမ္မဋ္ဌာန်းကိုတောင်းကြပါတယ်။ မြတ်စွာဘုရားရှင်က စရိုက်အားလျော်စွာ ကျင့်ကြံအားထုတ်ရမည့် ကမ္မဋ္ဌာန်းကို ပေးတော်မူပါတယ်။

- တစ်ခုသောနှစ်တွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဥ် ထုံးစံအတိုင်း ဝါဆိုကာနီးတွင် ရဟန်းများက လာရောက် ကမ္မဋ္ဌာန်းတောင်းကြပါတယ်။။ ထိုရဟန်းများထဲတွင် ရဟန်းငါးရာလည်း ပါဝင်ပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတို့အား သင့်တင့်လျောက်ပတ်သည့် ကမ္မဋ္ဌာန်းများကို သင်ကြားပေးလိုက်ပါတယ်။

- ထိုရဟန်းငါးရာဟာ ကမ္မဌာန်းတရားအားထုတ်ကြဖို့ သာဝတ္ထိပြည်မှ တစ်ယူဇနာဝေးသော တောအုပ်တစ်ခု၌
ဝါကပ်ကာ ရဟန်းတရားကို အားထုတ်ကြပါတယ်။ရဟန်းတော်များဟာ သစ်ပင်တစ်ပင်စီရဲ့အောက်မှာ ကမ္မဌာန်းတရားအားထုတ်ကြရာ မြင့်မြတ်တဲ့ ရဟန်းတော်များရဲ့ သီလအစွမ်းကြောင့် ရုက္ခစိုးများဟာသစ်ပင်တွေပေါ်မှာ မနေနိုင်ကြတော့ဘဲ အောက်သို့ဆင်းပြီး ဆင်းရဲစွာလှည့်လည်နေထိုင်ကြရပါတယ်။

- ပထမတော့ ခဏတဖြုတ်ပဲသီတင်းသုံးကြမယ်ထင်လို့သည်းခံကြပေမယ့် ရက်ကြာလာတော့ သည်းမခံနိုင်တော့ဘဲ ကြောက်မက်ဖွယ် အဆင်း၊ အသံ၊ စက်ဆုပ်ဖွယ် အနံ့တို့ဖြင့် အမျိုးမျိုးအဖုံဖုံ ခြောက်လှန့်ကြပါတယ်။ ထိုအခါ အကြီးဆုံးမထေရ်က "ဘုရားက ဝါနှစ်ကြိမ်ဆိုလို့ရတယ် ဟောထားတယ်၊ မြတ်စွာဘုရားထံ ပြန်သွားပြီး သင့်တော်မယ့်နေရာကို တောင်းကြမယ်" ဟု ဆိုကာ သပိတ်များကို လွယ်၍ သာဝတ္ထိသို့ ပြန်လာခဲ့ကြပါတယ်။

- သာဝတ္ထိပြည်ဇေတဝန်ကျောင်း ရောက်သည့်အခါ ဘုရားရှင်က "ယခုနေရာသည်ပင် သင်တို့နှင့် သင့်လျော်သောနေရာဖြစ်ပေသည်၊ ထိုနေရာ၌ သင့်တိုသည် ရဟန္တာဖြစ်ကြပေလိမ့်မည်၊ သင့်တို့အား အန္တရာယ်များ မဖြစ်ပေါ်စေရန် နည်းပေးလိုက်မည်" ဟုမိန့်ကာ မေတ္တာသုတ်ကို ဟောကြားတော်မူပါတယ်။ မေတ္တာသုတ်တွင် ပွားများရမည့်ပုဂ္ဂိုလ် လိုက်နာရမည့် စည်းကမ်းများကို အရင်ဟောတော်မူပါတယ်။

- ထို့နောက် မေတ္တာပွားနည်းကိုဟော၍ သတ္တဝါများအပေါ်ထားရမည့်စိတ်ထား၊ မေတ္တာပွားမည့်အခြေအနေတို့ကို ဟော၍ နောက်ဆုံးတွင် သမထမှ ဘာဝနာသို့ ပြောင်း၍ ပွားများပုံကို ဟောကြားတော်မူပါတယ်။ ရဟန်းငါရာသည် မေတ္တာသုတ်ကို သင်ယူမှတ်သားပြီးနောက် မူလနေရာသို့ပြန်လာကြပြီး မေတ္တာဘာဝနာများ ပွားများကြပါတယ်။

- ထိုအခါမှ နတ်များက ချစ်ခင်ကြပြီး ရေခပ်ခြင်း၊ တံမျက်လှည်းခြင်း နှိပ်နယ်ပေးခြင်းစသော ဝေယျာဝေစ္စများကို လုပ်ကိုင်ပေးခြင်းများသာ ကြုံတွေကြပါတယ်။ ရဟန်းများလည်း တရားဘာဝနာကို ချမ်းသာစွာ အားထုတ်နိုင်ကြရာ သီတင်းကျွတ်သောအခါ အရဟတ္တဖိုလ်ဆိုက်၍ ရဟန်းအားလုံး ရဟန္တာအဖြစ်သို့ရောက်ရှိခဲ့ကြပါတယ်။

ဤသို့ မြတ်စွာဘုရားရှင်က ရဟန်းငါးရာအား ဝါခေါင်လပြည့်နေ့တွင် မေတ္တာသုတ်တရားတော် ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ဝါခေါင်လပြည့် မေတ္တာအခါတော်ဟု ခေါ်တွင်လာခြင်းဖြစ်ပါတယ်။

Address


11181

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959883500100

Alerts

Be the first to know and let us send you an email when Number One - Pest Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Business?

Share