Panda Mart

Panda Mart Everything You Need at Panda!

ပကတိအစားအစာ နှင့် ဝိကတိအစားအစာ-----------------------(​ရေးသားသူ ဒေါက်တာသိန်းမြင့်)လူသားများအသက်ရှင်နေထိုင်ရန်လိုအပ်​သော ...
26/12/2024

ပကတိအစားအစာ နှင့်
ဝိကတိအစားအစာ
-----------------------
(​ရေးသားသူ ဒေါက်တာသိန်းမြင့်)

လူသားများအသက်ရှင်နေထိုင်ရန်လိုအပ်​
သော ဗီတာမင်ဓါတ်၊ အဆီဓါတ်၊
သတ္တုဓါတ်၊ ကစီဓါတ်များကို
နေ့စဉ်စားသုံးနေသော အစားအစာများမှ ရရှိပါသည်။
လူသားများစားသုံးသည့် အစားအစာများသည် သန့်ရှင်းလတ်ဆတ်ပြီး အန္တရာယ်ကင်းရှင်းရန် အထူးပင်လိုအပ်လှပါသည်။
ထိုအစားအစာများတွင် ပကတိအစားအစာနှင့် ဝိကတိအစားအစာဟူ၍ နှစ်မျိုးရှိပါသည်။
ဝိကတိအစားအစာဆိုသည်မှာ
ကြာရှည်ခံစေရန် လူတို့ပြုပြင်ထားသောအစားအစာများဖြစ်ပါသည်။
ဝိကတိအစားအစာတွင်လည်း အမျိုးအစားထပ်မံခွဲခြားရန် လိုမည်ထင်ပါသည်။

ထမင်းကို ကြာရှည်ခံစေရန် နေခြောက်လှန်းခြင်းမျိုး သည်
ဝိကတိအစားအစာမမည်ပါ။
ငါးကိုဆားဖြင့်နယ်၍ နေခြောက်လှန်းခြင်း၊ ရေနွေးနှင့်ရော နေပြ၍ ငါးပိလုပ်ခြင်းများသည် ဝိကတိအစားအစာအဆင့်ဖြစ်သွားသော်လည်း လူတို့နေ့စဉ်စားသုံးနေကျ သဘာဝဆားဖြင့် ကြာရှည်ခံအောင်ပြုပြင်ထားခြင်းဖြစ်၍ အန္တရာယ်မရှိနိုင်ပါ။
ဇီး၊ သရက်၊ မရမ်းစသည်တို့ကို နေလှန်း၍စားသုံးခြင်းသည်လည်း
အန္တရာယ်မရှိနိုင်ပါ။
အချို့သောအသားများကို အရက်ဖြင့်နယ်၍ နေလှန်းစားသုံးခြင်းသည် ဝိကတိအစားအစာဖြစ်သော်လည်း
အန္တရာယ်မရှိနိုင်ပါ။
သို့သော် သဘာဝအတိုင်း စားသုံးသလောက် အာဟာရအပြည့် မရနိုင်ပါ။

ဝိကတိအစားအစာတွင်
အဆင့်အမြင့်ဆုံးမှာ ကြာရှည်ခံစေရန်နှင့် ပိုးမွှားနှင့်မှိုအန္တရာယ်မှကာကွယ်စေရန် ကြာရှည်ခံ ထိန်းဆေး
(Preservatives)များထည့်၍
အသုံးပြုခြင်းဖြစ်ပါသည်။

ထိုကဲ့သို့သော အစားအစာနှင့်
အရည်များကို လူအများ ဈေးကြီးပေး၍
နှစ်ခြိုက်စွာ နေ့စဉ်စားသုံးနေပါသည်။

အဘယ်ကြောင့်ဆိုသော်
ထိုအစားအစာများသည် လူအများနှစ်သက်စေရန် ထုတ်ပိုးမှုလှပခြင်း၊ အရသာနှင့် အနံ့အတုများထည့်ထားခြင်းတို့ကြောင့်ဖြစ်သည်။
ထိုကဲ့သို့သော အစားအစာများသည်
မည်ကဲ့သို့ အန္တရာယ်ကင်းရှင်းပါသည် ဝန်ခံချက်ပေးထားသော်လည်း
နေ့စဉ်စားသုံးရန်မသင့်တော်ပါ။

တစ်ခါတစ်ရံ စားသုံးနိုင်ပါသည်။ လုံးဝအခက်အခဲရှိ၍ အစားအစာရှားပါးပြီး ချက်ပြုတ်ရန်အခက်အခဲရှိပါက
ယူဆောင်စားသောက်နိုင်ပါသည်။
ယခုတွေ့ရှိချက်က အန္တရာယ်ကင်းရှင်းပါသည်ဟုဆိုထားသော်လည်း မတွေ့သေးမမြင်သေးသည့်အန္တရာယ်များ ရှိနိုင်ပါသည်။

"မူလသဘာဝဩဇာဓါတ်ကို
မည်သည့်နည်းနှင့်မျှ မီနိုင်မည်မဟုတ်ပါ။"

ကြက်မောက်သီးစည်သွတ်ဘူးတစ်ဘူးကို ဈေးကြီးပေး၍စားမည့်အစား သဘာဝကြက်မောက်သီးကိုသာ စားသင့်ပါသည်။

ယှဉ်စားကြည့်ပါကလည်း မည်သည့်နည်းနှင့်မျှ တူနိုင်မည်မဟုတ်ပါ။
မမြင်ရ၊ မတိုင်းတာနိုင်သည့် ဩဇာဓါတ်များသည်လည်း အလွန်ပင် ကွာခြားနေပေမည်။

ငါးသေတ္တာကိုဝယ်စားမည့်အစား ဈေးထဲမှလတ်ဆတ်သောငါးကိုသာ စားသင့်ပါသည်။
ပြည်ပမှ လာသည့် ဈေးကြီးသောနွားနို့ဘူးတစ်ဘူးကို သောက်မည့်အစား
မိမိနိုင်ငံထွက် လတ်လတ်ဆတ်ဆတ်
ကိုသာ သောက်သင့်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအမိန့်အမှတ်(၁/၉၉)တွင် ဘယ်လ်ဂျီယန်၊
နယ်သာလန်နှင့် ဥရောပနိုင်ငံများမှ
တင်သွင်းသော ဝိကတိအစားအစာအချို့တွင် ကင်ဆာရောဂါကိုဖြစ်စေနိုင်သည့် “ဒိုင်အောက်စင်”ခေါ် ဓါတုဗေဒပစ္စည်းတစ်မျိုးပါဝင်နိုင်သဖြင့် ၎င်းဝိကတိအစားအစာများကို ရောင်းချခြင်း၊ စားသုံးခြင်းများကို အသိပေးတားမြစ်ပိတ်ပင်ထားပါသည်။

နောက်နောင် အန္တရာယ်ကင်းရှင်းကြောင်းအထောက်အထားရရှိ၍ နိုင်ငံတော်မှ ပြန်လည်ခွင့်ပြုထားပါသော်လည်း
ထိုအစားအစာများသည် ဝိကတိပစ္စည်းများဖြစ်၍ အမြဲစားသုံးရန် မသင့်တော်ပါ။
မလွှဲမရှောင်သာ တစ်ခါတစ်ရံမှသာ
စားသုံးသင့်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့်အသီးများ ပြည်တွင်းတွင်လုံလောက်စွာထွက်ရှိပြီး ပြည်ပမှတင်သွင်းမှု အလွန်နည်းပါးပါသည်။
ထို့ကြောင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ အသီးနှင့် ပဲအမျိုးမျိုးကို ပကတိသဘာဝအတိုင်း
စားသုံးနိုင်ကြပါသည်။
နာနတ်သီး၊ သရက်သီး၊ လိုင်ချီးသီး၊ သင်္ဘောသီး စသည်ဖြင့် ရာသီအလိုက် အသီးမျိုးစုံလုံလောက်စွာ စိုက်ပျိုးထွက်ရှိပါသည်။

အသီးဗူးများစားမည့်အစား သဘာဝအတိုင်းစားသင့်ပါသည်။
ပကတိအစား အစာမှ မမြင်နိုင်၊ မရှာဖွေနိုင်စွမ်းသော ဩဇာဓါတ်များရရှိနိုင်ပါသည်။
ဝက်အူချောင်းသည် ဝိကတိအစားအစာဖြစ်ပါသည်။
အမှန်ဆိုလျှင် ဝက်သားလတ်လတ်ဆတ်ဆတ်ကိုသာ စားသင့်ပါသည်။
အခြေအနေပေးပါက လတ်ဆတ်သောသစ်သီးရည်(Fresh Juice)များသာ သောက်သုံးသင့်ပါသည်။
လိမ္မော်ရည်၊ ရှောက်ချိုရည်၊ ဂရိတ်ဖရုအရည် စသည်တို့ကို အရည်တိုက်ရိုက်ညှစ်၍ အပိုအချိုရည်မပါဘဲသောက်သုံးပါက ပို၍ကောင်းမွန်ပါသည်။

နိဂုံးချုပ်အားဖြင့် ဝိကတိအစားအစာများကိုတတ်နိုင်သမျှရှောင်ပြီး ပကတိအစားအစာများကိုသာ နေ့စဉ်မှီဝဲ
စားသုံးသင့်ကြောင်း အကြံပြုတင်ပြလိုက်ရပေသည်။

ဒေါက်တာသိန်းမြင့်

ထိုင်းမှာအရမ်းနာမည်ကြီးပြီး လူကြိတ်ကြိတ်တိုးတဲ့MamaTomyum ဆိုင်က အရသာမျိုးလေးအတိုင်း လုပ်စားကြမယ် လုပ်နည်းကိုပုံအောက်မှာ...
12/12/2024

ထိုင်းမှာအရမ်းနာမည်ကြီးပြီး လူကြိတ်ကြိတ်တိုးတဲ့
MamaTomyum ဆိုင်က အရသာမျိုးလေးအတိုင်း
လုပ်စားကြမယ် လုပ်နည်းကိုပုံအောက်မှာရေးပြထားပေးပါတယ် 🥘🍜
Topping လေးတွေကတော့ မိမိကြိုက်နှစ်သက်တဲ့ seafood တွေလဲထည့်လို့ရပါတယ်
1.ပထမဆုံးပုံမှာ ပါဝင်ပစ္စည်းလေးတွေပြပေးထားပါတယ်
2. ဝက်ကြိတ်သားကိုဘဲ တစ်ဝက်က ခေါက်ဆွဲနဲ့ရောပြုတ်မယ် တချို့ကို အသားလုံးလိုက်ပါတယ်
3. ပို့စ်ပိုင်ရှင်အမကတော့ ဝက်ခေါက်ကြော် topping ထည့်ပေးထားပါတယ်
4. ခေါက်ဆွဲနှစ်ထုပ်စာအတွက် ရေ 1Liter
5. နမ်ဖိဖောင်လို့ခေါ်တဲ့ ယိုဒယားငရုတ်နှစ် နောက်ဆုံးပုံမှာ တံဆိပ်လေးပါတယ် ထမင်းစားဇွန်း တစ်ဇွန်းခွဲ
6. နို့စိမ်း ထမင်းစားဇွန်း ၄ ဇွန်း
7. မြေပဲ ၂ ဇွန်း
8.YumYum အမှုန့် ၂ထုတ်လုံး အကုန်ထည့်ပါမယ်
9. ဝက်ကြိတ်သားထည့်ပါမယ်
10. ခေါက်ဆွဲ၂ခွေထည့်ပါမယ်
11. ခေါက်ဆွဲလေးနည်းနည်းနူးရင် ဝက်ခေါက်topping ထည့်မယ် ဝက်ခေါက်ကြော်နည်းကိုနောက်အခါကျရင် တစ်နာရီအတွင်း အချိန်တိုလုပ်လို့ရတဲ့ ဝက်ခေါက် ဖောင်းပွကြွပ်ရွ လုပ်နည်းလေးပြောပြပေးပါမယ်နော်
12. ဝက်ကြိတ်သားလုံးလေးထည့်ပါမယ်
13.ရှမ်းနံနံ/သံပုရာခြမ်း ကိုစားချင်သလောက် လှီးထည့်ပါမယ်
14. ငရုတ်သီး စားသလောက်ထည့်ပါ
ဒါဆို စားချင်စဖွယ် ထိုင်းစတိုင် MaMaTomyum လေးရပါပြီ🍜🍜
15.နောက်ဆုံးပုံလေးကတော့ သုံးထားတဲ့ နမ့်ဖီးဖောင်တံဆိပ်ဘူးပုံလေးပါ
Crd_to_laengenge
Crd_to_photos

**၂ ရက်အတွင်း စားလို့ရတဲ့ ပန်းရောင်ဂျင်းချဉ်လုပ်နည်း **သဘာဝကပေးတဲ့ ပန်းနုရောင်လေနဲ့ စားချင်စရာလေး 😋ကိုယ့်လို ထိုင်းလမ်းဘ...
09/12/2024

**၂ ရက်အတွင်း စားလို့ရတဲ့ ပန်းရောင်
ဂျင်းချဉ်လုပ်နည်း **

သဘာဝကပေးတဲ့ ပန်းနုရောင်လေနဲ့ စား
ချင်စရာလေး 😋

ကိုယ့်လို ထိုင်းလမ်းဘေးဆိုင်မှာ ( ဆိုင်းကော့ )

ဝယ်စားတိုင်း ဂျင်းချဥ် ပိုတောင်းတက်လူတွေအတွက် ဒီလုပ်နည်းလေးကို မျှဝေပါတယ်နော်။

- ကြိုတင်ပြင်ဆင်ထားရမည့်အရာများ -

- ဂျင်း ၁ ကီလိုဂရမ် ဂျင်းနု/ဂျင်းဟောင်း စိတ်
ကြိုက်

- ဆား လက်ဖက်ရည် ဇွန်း ၁ ဇွန်း

- ရှာလကာရည် 300 ml

- သကြား ၁၀၀ ဂရမ်

- ရေ ၁ လီတာ

အိုးမစိမ်မှီ ထည့်ရမဲ့ပစ္စည်းများ
*****************************

- ဆား 2 ဇွန်း

- သံပုရာသီး ၂-၃ လုံး
( ဂျင်းပန်းရောင်သန်းအောင်ပါ )

- ဂျင်းကို စိမ်ဖို့ ရေသန့်

* လုပ်နည်း *
************

ရှာလဂါရည် ၊ ဆား ၊ သကြားတို့ကို အိုးထဲရော
ပြီး တည်ထားပါ ။

ဂျင်းကို ပါးပါးလှီးပြီး ဆား ၁ ဇွန်းထဲထည့်ပြီး
၁ နာရီလောက်စိမ်ထားပါ ။

တည်ထားတဲ့ရေ ဆူလာလျှင် မီးပိတ်ပြီး ရေအအေးခံထားပါ ။

ပြီးရင် သံပုရာသီး ၂-၃ လုံးကို ပန်းရောင်လေး
ဖြစ်အောင် ညှစ်ထည့်ပါ။

စားလို့လဲကောင်းပါတယ်။

ပြီးရင် စိမ်ဖို့ ဗူးထဲထည့် အဖုံးလံအောင်ပိတ်ပြီး
၂ ရက်စိမ်ထားပါ ။

နှစ်ရက်လောက်စိမ်ပြီးရင် စားလို့ရပါပြီ ။

ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် ၆ လ အထိ သိမ်းထားနိုင်ပါ တယ် ။


Crd #မူရင်းရေးသားသူ

ဝိတ်တတ်မှာစိုးလို့ ညစာကိုမစားပဲအငတ်မခံပါနဲ့ဒါမျိုး အသားငါးအသီးအရွက် အသီးအနှံလေးတွေပြုတ်ပြီး အချဥ်လေးနဲ့တို့စား အဆာလည်းပြ...
07/12/2024

ဝိတ်တတ်မှာစိုးလို့ ညစာကိုမစားပဲအငတ်မခံပါနဲ့
ဒါမျိုး အသားငါးအသီးအရွက် အသီးအနှံလေးတွေပြုတ်ပြီး အချဥ်လေးနဲ့တို့စား အဆာလည်းပြေ အငတ်လည်းမခံရ ဝိတ်လည်းကျ 🥙🥬🥒🥩🥦🌽

-photos

သဘာဝ အသီးဖျော်ရည် သကြားမပါဘဲသောက်ပေးပါဝိတ်လဲကျ အသားရည်ပါစိုပြေစေပါတယ်ရှင်🍅🥕🍎🍋‍🟩  -photo
05/12/2024

သဘာဝ အသီးဖျော်ရည် သကြားမပါဘဲသောက်ပေးပါ
ဝိတ်လဲကျ အသားရည်ပါစိုပြေစေပါတယ်ရှင်🍅🥕🍎🍋‍🟩

-photo

ကိုရီးယားထမင်းသုပ်ရုံးပိတ်ရက် ကျောင်းပိတ်ရက်လို နေ့မျိုးမှာ အချိန်အများကြီး မပေးရပဲ လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ ကိုရီးယ...
03/12/2024

ကိုရီးယားထမင်းသုပ်

ရုံးပိတ်ရက် ကျောင်းပိတ်ရက်လို နေ့မျိုးမှာ အချိန်အများကြီး မပေးရပဲ လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ ကိုရီးယားထမင်းသုပ် အကြောင်း တင်ဆက်ပေးလိုက်ပါတယ်.

ပါ၀င်ပစ္စည်းများ
ထမင်း၊ ပန်းဂေါ်ဖီထုပ်၊ မှို၊ သခွားသီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး စသည့် ဟင်းသီးဟင်းရွက်များဖြင့် အဓိက ပြုလုပ်သောအစားအစာဖြစ်ပါသည်။ ကင်ထားသော အမဲသားကင်နှင့် ဟင်းအနှစ်တို့ကို ထပ်မံ၍ ဖြည့်စွက်ပါက အရသာရှိသော ထမင်းသုပ်တစ်ပွဲဖြစ်လာမှာဖြစ်ပါတယ်။

အဓိကပါ၀င်သောပစ္စည်းများ : ထမင်း၊ သခွားသီး၊ ဖရုံသီး၊ ကြက်ဥ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီထုပ်၊ မှို၊ နှမ်းဆီ။

ကြာမြင့်ချိန် : ၂နာရီနဲ့ ဆယ်မိနစ်

ပြုလုပ်နည်း
ပါ၀င်ပစ္စည်းများ(၄ယောက်စာ : ဆန် (၃ခွက်)၊ ရေ (၃ခွက်နဲ့တစ်၀က်)၊ သခွားသီး(၁လုံး)၊ ကြက်ဥ(၂လုံး)၊ မုန်လာဥနီ(တစ်၀က်)၊ ပန်းဂေါ်ဖီထုပ် ၊ မှို (၈ခု)၊ နှမ်းဆီ (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ မြေပဲမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ အမဲသား ၅.၃အောင်စ၊ ကြက်သွန်ဖြူ အနည်းငယ်။

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ
ဟင်းအနှစ်ပြုလုပ်ခြင်း : ငရုတ်သီးအနှစ် (လက်ဖက်ရည်ဇွန်းနဲ့ ၃ဇွန်း)၊ နုပ်နုပ်စင်းထားသော အမဲသား ၃၀ဂရမ်၊ ပျားရည် (လက်ဖက်ရည်ဇွန်းနဲ့ ၁ဇွန်း)၊ ရေ (လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း တစ်၀က်)၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ကြက်သွန်မြိတ် အနည်းငယ် ၊ကြက်သွန်ဖြူ အနည်းငယ် ၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်းရဲ့ သုံးပုံပုံတစ်ပုံ)

အသားနယ်ရန်ငရုတ်သီးအနှစ် : ငံပြာရည် ၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ပြောင်းဖူးဆီ (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ရေ (၂ခွက်)

ပြုလုပ်နည်းအဆင့်ဆင့်
၁) ပထမဦးစွာ ဆန်ကို စင်ကြယ်အောင် ဆေးကြောပါ၊ ပြီးနောက် ထမင်းချက်ပါ၊
၂) သခွားသီးနှင့် ဖရုံသီးကို အသင့်အတင့့်အနေအထားလောက် လှီးပေးပါ။
၃) မုန်လာဥနီ ၊ ပန်းဂေါ်ဖီထုပ်နဲ့ မှိုကိုတော့ အမြင်သင့်တော်တဲ့ အထူလောက် ထားပြီး လှီးပေးပါ။
၄) ကြက်ဥကို အရင်ဆုံး မွှေကြော်လိုက်ပါ ကြက်ဥမွှေကြော်ကို အနေတော် အနေအထားလောက် ထားပြီး လှီးပေးပါ။
၅) ဒယ်အိုးပူထဲသို့ ဆီထည့်ပါ ခုနက အဆင်သင့်လှီးထားသည့် သခွားသီး၊ ဖရုံသီး၊ နုပ်နုပ်စင်းထားသည့် ကြက်သွန်ဖြူ စသည်တို့ကို ထည့်ပြီး စက္ကန့် ၃၀လောက် ကြော်ပေးပါ။
6) ပြီးနောက် မုန်လာဥနီ ကို ထည့်ကာ ဆား၊ နုပ်နုပ်စင်းထားသည့် ကြက်သွန်ဖြူတို့ကို ထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးပါ။
7) ပန်းဂေါ်ဖီထုပ်ကို ကြိုထားသည့် ဆားရည်ထဲသို့ ၁မိနစ်ခန့်ကြာအောင် စိမ်ပေးပါ၊ ပြီးနောက် ရေအေးထဲတွင် အအေးခံပြီး ဆား၊ ကြက်သွန်ဖြူတို့ဖြင့် စက္ကန့် ၃၀ခန့် ကြော်ပေးပါ။
၈) ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ မှို၊ ဆား၊ နုပ်နုပ်စင်းထားသည့် ကြက်သွန်ဖြူတို့ကို ထည့်ပြီး မီးပြင်းပြင်းနဲ့ ၁မိနစ်ခန့် ကြော်ပေးပါ။
၉) အမဲသားမှာ ကပ်နေသော အဆီနှင့် သွေးကြောများကို ဖယ်ရှာကာ အနေတော် အထူလောက် ထားပြီး အတုံးလေးများ တုံးပေးပါ။
၁၀) အထက်ဖော်ပြပါ ပါ၀င်ပစ္စည်းများဖြင့် ငရုတ်သီးအနှစ်ကို ပြုလုပ်ပါ။
၁၁) ပြုလုပ်ထားသော ငရုတ်သီးအနှစ်မှာ ခုနက တုံးထားသော အမဲသားတုံးများကို ထည့်ပြီး စိမ်ပေးပါ။
၁၂) အပူပေးထားသော ဒယ်အိုးမှာ ဆီကို ပါးပါး သုတ်လိမ်းကာ အမဲသားကို မီးပြင်းပြင်းဖြင့် ရှေ့ခြမ်းကို ၂မိနစ်လောက် ကင်ပေးပါ၊ နောက်ခြမ်းကိုလည်း ၂မိနစ်လောက် ကင်ပြီး ကျက်သွားပါက အနေတော်လောက်နဲ့ အသားကိုတုံးပေးပါ။
၁၃) နုပ်နုပ်စင်းထားသော အမဲသားထဲကို သကြား၊ ငံပြာရည်၊ နုပ်နုပ်စင်းထားသော ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပြီး သေချာ နယ်ပေးပါ၊ အပူပေးထားသော ဒယ်အိုးထဲသို့ နယ်ထားသောအမဲသားကို ထည့်ပြီး ကြော်နေရင်းနဲ့ ရေထည့်ထည့်ပေးပြီး ကျက်ခါနီးလျှင် ငရုတ်သီးအနှစ်ကို ထည့်ကြော်ပေးရပါ။ အားလုံးပြီးသွားမှ နောက်ဆုံး မီးပိတ်ကာ ပျားရည်ကို လောင်းထည့်ပြီး ဟင်းအနှစ်ကို ချက်ပါ။
၁၄) ထမင်းပေါင်းအိုးထဲမှာ အဆင်သင့်ချက်ထားသည့် ထမင်းနှင့် ပြုလုပ်ထားသော ပစ္စည်းများကို ပန်းကန်ထဲတွင် စီစီရီရီ ထည့်ပါ။ ပြီးနောက် ပြုလုပ်ထားသည့် ဟင်းအနှစ်နဲ့ နှမ်းဆီကို တွဲချပေးပါ။
------------------------------------------------။။-----------------------------------------------------

Credit Hein Si Thu
crdphoto

ထန်းမြစ်ထန်းပင်မြစ်ကိုရောစားဖူးကြလား။ထန်းပင်မြစ်ဆိုတော့ အချို့မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ထင်နေကြတော့ ရယ်လိ...
01/12/2024

ထန်းမြစ်

ထန်းပင်မြစ်ကိုရော

စားဖူးကြလား။

ထန်းပင်မြစ်ဆိုတော့ အချို့မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ထင်နေကြတော့ ရယ်လိုက်ရသေးတယ်..😁
ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့ နွားတွေစားဖို့အတွက် နွားစာကျင်း(မြက်တွေထည့်ကျွေးတဲ့ခွက်ကြီး)တွေတောင် ထွင်းလို့ရပါတယ်။

စားလို့ရတဲ့ထန်းပင်မြစ်က ထန်းသီးအရင့်တွေကိုမြေမြုပ်ထားပီး ထွက်လာတဲ့ ထန်းပင်ပေါက်ပါ။ ဥပမာပြောရရင် ယာတောသူတို့စားနေတဲ့ ပဲပင်ပေါက်လိုဘဲပေါ့... အာ့တာကိုမစားရင် ထန်းပင်ကြီးဖြစ်လာမှာပေါ့လေ😁

သူ့အရသာက နုလွန်းရင်ခါးသက်သက်ဖြစ်တတ်ပီး... ရောင်းတန်းဝင်အရွယ်လောက်ဆိုရင်တော့ စားပီးရင်းစားချင်စရာကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုးလေးပါ။ မီးဖုတ်စားရင် အနံ့ပိုပီးမွှေးပါတယ်။

စားသုံးရန်အတွက်... ထန်းပင်မြစ်မီးဖုတ်(သို့)ထန်းပင်မြစ်ပြုတ်ကိုအခွံခွာပီးလျှင် ထန်းမြစ်ဖွေးဖွေးလေး တွေ့ပါလိမ့်မယ်။ ထိုထန်းမြစ်လေးရဲ့ အပေါ်ယံအမျှင်ပါးလေးကို နောက်တစ်ကြိမ်ထပ်ခွာပါ..
ထို့နောက်အလယ်ကနေခြမ်းကာ အထဲကအူတိုင်အနှံလေးကိုဖယ်ပီး စိတ်ကြိုက်စားလို့ရပါပီ(မစားဖူးသေးသူများ အတွက်ပြောတာပါနော်😁)

ထန်းပင်မြစ်ကို မီးဖုတ်ပီးလည်းစားလို့ရသလို ပြုတ်ပီးလည်း ဆီနဲ့ဆားနဲ့ တို့စားကြပါတယ်။
အချို့ကလည်း ထန်းမြစ်ကြော်၊ထန်းမြစ်နှမ်းထောင်း စသဖြင့်အမျိုးမျိုးစားလေ့ရှိကြပါတယ်။

ဒါ့ကြောင့် ယာတောသူတို့လည်းအညာစာတစ်မျိုးဖြစ်တဲ့ ထန်းပင်မြစ်ကို လမ်းကြုံရင်စားကြည့်ဖို့ မမေ့ကြပါနဲ့နော်😍


ဝက်မြေဥ (ခေါ်) မြေစာဥ 🌰🌰အရသာက စီးတယ်ချိူတယ်အရသာကပိန်းဥလိုဖဲပြုတ်ရင်အချိန်က ၄၅မိနစ်လောက်ထားပါမိုးကုတ်ဆေးဖက်ဝင် ​ခန္ဓာကိုယ...
28/11/2024

ဝက်မြေဥ (ခေါ်) မြေစာဥ 🌰🌰

အရသာက စီးတယ်ချိူတယ်အရသာကပိန်းဥလိုဖဲ
ပြုတ်ရင်အချိန်က ၄၅မိနစ်လောက်ထားပါ
မိုးကုတ်ဆေးဖက်ဝင် ​

ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပြီး သွေးလည်ပတ်မှုအားကောင်းစေပါတယ်
အတွင်းကအသားကိုစားပြီး ပြုတ်ထားတဲ့ရေကိုသောက်လို့ရပါတယ်

ကြက်/ဝက်/ပုဇွန်နှင့်ချက်စားလည်းကောင်းပါတယ်

အရသာက ကြွပ်တယ် စေးတယ် ချိုပါတယ်

water chestnut(ဝက်မြေဥ) ခေါ် မြေစာဥရဲ့ ဆေးဖက်ဝင်ပုံတွေကတော့

ခန္ဓာကိုယ်တွင်းအဆိပ်အပုပ်များကိုထုတ်ပေးတယ်

လည်ချောင်းနာကိုသက်သာစေတယ်

ရေဓာတ်ကိုထိန်းညှိပေးတယ်

အသားအရည်လှပစေတယ်

ခန္ဓာကိုယ်တွင်းကအပူဓာတ်ကို​ေလျှာ့ချပေးတယ်

ဆောင်းရာသီရဲ့ ရာသီ‌စာ ၀က်မြေစာဥ

၀က်မြေစာဥကတော့ ရေဆေးပြီး အစိမ်းလိုက်စားလို့ရသလို ပြုတ်ပြီးတော့စားရင်လည်းစိမ့်စိမ့်ကျွတ်ကျွတ်လေးနဲ့ အရသာရှိပါတယ်

အသီးတိုင်းစားသုံးကြတာရှိသလို ကိတ်မုန့်၊ Dim sum၊ မြန်မာမုန့်များမှာလည်း ထည့်ပြီး စားသုံးလေ့ရှိပါတယ်

တရုတ်ဟင်းလျာတော်တော်များများမှာလည်း topping အနေနဲ့ ချက်ပြုတ်လေ့ရှိပါတယ်

အခုဆိုရင် ဆောင်းရာသီ၀င်စကာလရောက်ပြီဆိုတော့ ၀က်မြေစာဥ လေးတွေပေါ်လာပါပြီနော်

တနှစ်မှာ ၃လလောက်ပဲ ပေါ်တာမို့ ရှားရှားပါးပါးစားသုံး ရတယ်ဆိုလည်းမမှားပါဘူး

ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်၀စွာပါ၀င်ပြီး
မျက်စိကျန်းမာရေးကိုကောင်းမွန်စေပါတယ်

ခေါင်းကိုက်ခြင်းကိုသက်သာစေသလို နှလုံးကျန်းမာရေး၊အရိုးပွခြင်း နဲ့ သွားကျန်းမာရေးကိုပါကောင်းမွန်စေပါတယ်

ရာသီပေါ်ဓာတ်စာဖြစ်တာနဲ့အညီ ကျန်းမာရေးကို ကောင်းမွန်စေလို့ အချိန်ကိုက်စားသုံးပေးသင့်တဲ့အသီးလည်းဖြစ်ပါတယ်

အသီးအရွက်စျေး မတရားမြင့်တက်လာတဲ့အချိန်မှာ စျေးဖိုးလဲသက်သာ လတ်လတ်ဆတ်ဆတ်လေးလဲစားရအောင် အိမ်ရှင်မတို့အတွက် ခြံထဲတနိုင်တပိုင...
26/11/2024

အသီးအရွက်စျေး မတရားမြင့်တက်လာတဲ့အချိန်မှာ စျေးဖိုးလဲသက်သာ လတ်လတ်ဆတ်ဆတ်လေးလဲစားရအောင် အိမ်ရှင်မတို့အတွက် ခြံထဲတနိုင်တပိုင်စိုက်နိုင်တဲ့အပင်လေးတွေတင်ပေးလိုက်ပါတယ်🥦🥕🥔🌶️🍆
-photos

ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါရှင်ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများ“တစ်ည”ရေစိမ်ထားနိုင်မယ်ဆိုရင် Arseni...
24/11/2024

ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါရှင်
ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများ

“တစ်ည”ရေစိမ်ထားနိုင်မယ်ဆိုရင် Arsenic ပမာဏဟာ ၈၀% ခန့် လျော့ကျသွားပါသတဲ့။
တစ်ည မစိမ်နိုင်ရင်လည်း ၃-၄ နာရီပေါ့။

Arsenic ဟာ heavy metal စာရင်းထဲမှာ ပါနေပါတယ်။
“Heavy metal refers to any metallic chemical element that has a relatively high density and is toxic or poisonous at low concentrations”

Arsenic ၏ ဘေးရန်
Arsenic အဆိပ်သင့်ရင် နှလုံးရောဂါ/ဆီးချို/ကင်ဆာရောဂါ များနဲ့ ဆက်နွယ်နေပါတယ်တဲ့။ ကလေးတွေရဲ့ပုံမှန် သိမြင်မှု ဖွံ့ဖြိုး တိုးတက်ရေးကိုလဲ နှောင့်နှေးစေတတ်ပါတယ်တဲ့။(cognitive development)
(WHO )

Arsenic ဟာ ဘယ်လိုကြောင့် ဆန်ထဲမှာ ရောက်နေရတာပါလဲ?
ဆန်စပါး စိုက်ပျိုးတဲ့အခါ စပါးပင်တွေဟာ အခြားအပင်တွေထက် Arsenicကို ပိုပြီး စုတ်ယူတတ်ပါတယ်တဲ့။
မြေကြီးထဲက ဖြစ်စေ/စပါးပင်တွေကို ပေးတဲ့ရေထဲက ဖြစ်စေ/
အချို့သော ဓာတ်မြေဩဇာထဲက ဖြစ်စေ/ ပိုးသတ်ဆေး ပေါင်းသတ်ဆေး စသည်ဖြင့်ကနေ ဖြစ်စေ စပါးထဲကို ရောက်ပါသတဲ့။

ဆန်ကို မချက်ခင် ဆေးပြီးတဲ့အခါ ရေစိမ်သင့်တဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ လုပ်နေကျဆိုရင် ကျင့်သား ရသွားပါလိမ့်မယ်။

အခြားအကြောင်းတွေကတော့ ထမင်းချက်ဖို့ ကြာချိန်ဟာ လည်း လျော့သွားပါတယ်။ ဆန်အစေ့တွေဟာ ရေနဲ့ဝလာပြီး ပျော့ပြောင်းလာပါတယ်။

Sushi rice / Basmati rice from California, Pakistan, and India
ဟာ Arsenic နည်းပါသတဲ့။
According to Consumer Report

မြန်မာပြည်မှာလည်း “ဒေသအလိုက်” Arsenic level အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။

ကိုယ်လုပ်ရမဲ့ တာဝန်ကတော့ ဆန်ကို ရေဆေးပြီးတဲ့အခါ ရေစိမ်ဖို့ပါ။
ရေစိမ်ထားတဲ့ဆန်ဟာ ချက်ရင်လဲ ပိုလှတယ်/ နူးနူးညံ့ညံ့လဲ ရှိတယ်။
Heavy metal Arsenic လျော့နည်းမယ်ဆိုတော့လဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပါပဲ။

အစစ အရာရာမှာ ဗဟုသုတနဲ့ပြည့်စုံနေတာ ကိုယ်အတွက် သာမက မိသားစု အတွက်ပါ အလွန်ကောင်းတယ်နော်။
ဆရာမကြီးဒေါက်တာခင်နွယ်ဝင်း
-photo

Address

Yangon

Telephone

+959757470344

Website

Alerts

Be the first to know and let us send you an email when Panda Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Panda Mart:

Share