Kaung Mon - ကောင်းမွန်

Kaung Mon - ကောင်းမွန် Kaung Mon is ready to meet the needs of every home and your imagination.

Omicron Variant ဆိုတာ ဘာလဲ ……Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ ကိုဗစ် မျိုးစိတ်သစ...
10/02/2022

Omicron Variant ဆိုတာ ဘာလဲ ……

Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။

Alpha မျိုးစိတ်၊ Delta မျိုးစိတ်တွေတုန်းကတောင် မျိုးဗီဇ ပြောင်းလဲမှုက ၂ ကြိမ် ကနေ ၃ ကြိမ်လောက်သာ လုပ်ဆောင်ထားတာပါ။ အခု အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်က ဗီဇ ပြောင်းလဲမှု အကြိမ် ၅၀ လောက် လုပ်ဆောင်ထားပြီး Spike protein အမျိုး ၃၀ ကျော် ပါဝင်နေတဲ့ coronavirus မျိုးစိတ် B.1.1.529 ပါ။

Alpha၊ Delta၊ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ရပ်ပါ။ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြား ဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေပါတယ်။ ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်ဖွယ် ရှိပါတယ်။

Omicron ဘယ်လို ကူးစက်သလဲ ………..

Omicron ဆိုတာက မျိုးဗီဇ ပြောင်းလဲထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးဖြစ်တာကြောင့် ကူးစက်ပုံကတော့ အရင် ကိုဗစ်ဗိုင်းရပ်စ်တွေ ကူးစက်သလိုပဲ

ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ တံထွေး အစအနတွေ

ရောဂါပိုးရှိသူ ကိုင်တွယ်ထိတွေ့ထားတဲ့ ပစ္စည်းတွေ

အများသုံး ဘတ်စ်ကား၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ

အများသုံး အသုံးအဆောင်တွေ

ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့မိတာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။

ကူးစက်နှုန်းကတော့ အရင် Delta မျိုးစိတ်ထက် ကူးစက်နှုန်း တော်တော်လေး မြန်ပါတယ်။

ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတွေမှာ ကူးစက်နိုင်ခြေ ပိုများတဲ့ Omicron မျိုးစိတ်

ကိုဗစ် ဗိုင်းရပ်စ်တွေထဲမှာ အသစ်ထွက်ရှိလာတဲ့ Omicron မျိုးစိတ်က ပိုပြီး ကူးစက်နှုန်း မြန်တယ်လို့ သုတေသီတွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။ နောက်ထပ် သတိထားရမယ့် တစ်ချက်က အရင် ကိုဗစ် မျိုးစိတ်တွေတုန်းက တစ်ခါ ကူးစက်ဖြစ်ပွားပြီးသူတွေမှာ ထပ်မံ ကူးစက်ခံရတာ မရှိသလောက် နည်းခဲ့ပေမယ့် ဒီမျိုးစိတ်မှာတော့ ရောဂါ ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုများနေတယ် ဆိုတာပါ။

လက်ရှိရလဒ်တွေအရ တောင်အာဖရိက ဒေသတွေမှာ ကိုဗစ် ဖြစ်ဖူးသူတွေမှာ Omicron မျိုးစိတ် ကူးစက်မှု ပိုများနေပါတယ်။ မျိုးဗီဇ ပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတဲ့အတွက် ဒီမျိုးစိတ်က ကူးစက်ခံရဖူးသူတွေရဲ့ ကိုယ်ခံအားဆဲလ်တွေကိုလည်း ကောင်းကောင်းရှောင်တိမ်းနိုင်ပြီး ထပ်မံ ကူးစက်ခံရတာ ဖြစ်နိုင်ပါတယ်။

Beta တွေ၊ Delta တွေတုန်းက ရောဂါတစ်ကြိမ် ဖြစ်ပွားပြီးသူတွေမှာ ခန္ဓာကိုယ်မှာ antibody တွေ ထွက်ရှိနေပြီး ဖြစ်ပြီးသားသူမှာ ထပ်ဖြစ်တယ်ဆိုတာက ရှားပါတယ်။ ဒါပေမယ့် အခု နောက်ဆုံး ထွက်ရှိထားတဲ့ Omicron ကတော့ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေက Deltaထက် ၂.၄ ဆလောက် ပိုများနေပါတယ်။

ဘယ်သူတွေမှာ ပိုကူးစက်ခံရနိုင်လဲ ……

အရင် မျိုးစိတ်တွေလိုပဲ ကိုဗစ် ကူးစက်ခံရနိုင်ခြေ မြင့်သူတွေက

ကလေးငယ်တွေ

သက်ကြီးရွယ်အိုတွေ

နာတာရှည် ရောဂါအခံရှိသူတွေ

ကိုယ်ခံအား နည်းသူတွေ

ကိုယ်ဝန်ဆောင် မေမေတွေပဲ ဖြစ်ပါတယ်။

ဘယ်လို ကာကွယ်မလဲ ……..

Omicron ကလည်း ကိုဗစ် မျိုးစိတ် တစ်ရပ်ဖြစ်တာကြောင့် ကိုဗစ်ဗိုင်းရပ်စ်တွေကို ကာကွယ်သလိုမျို

အပြင်က ပြန်လာတိုင်း လက်ဆေးတာ၊ ပိုးသတ်တာ

အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးတာ

အပြင်သွားတိုင်း ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်တာ

မလိုအပ်ဘဲ အပြင် မသွားတာ

လူစုလူဝေးရှောင်တာ

အာဟာရပြည့်ဝအောင် စားတာ

သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ

အိပ်ရေးဝအောင်အိပ်တာ

ကာကွယ်ဆေး ထိုးတာ (နှစ်ကြိမ်လုံး ပြည့်အောင် ထိုးပါ။ လိုအပ်ပါက Booster ထပ်ထိုးပါ)

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာမျိုး လုပ်ပြီး ကာကွယ်ပေးပါ။

#
Aye Thi Mon မှ ရေးသားသည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။

အိမ်တစ်လုံးကို မီးဆင်ကြည့်ကြရအောင်============================အိမ်တစ်လုံးကို မီးဆင်တော့မယ်ဆိုရင်အဲ့ဒီအိမ်ရဲ့ မီတာboxကို ...
10/02/2022

အိမ်တစ်လုံးကို မီးဆင်ကြည့်ကြရအောင်
============================

အိမ်တစ်လုံးကို မီးဆင်တော့မယ်ဆိုရင်
အဲ့ဒီအိမ်ရဲ့ မီတာboxကို အရင်ကြည့်ရပါမယ်။
မီတာက 5(15) လား ဒါမှ မဟုတ် 10(30)လားပေါ့။

ခု ကျနော်တို့ 10(30)အိမ်သုံးမီတာထိုင်ထားတဲ့ အိမ်တစ်လုံးကို မီးဆင်ကြည့်ကြရအောင်။

(1) Main Breaker ရွေးချယ်ခြင်း။

ပထမဆုံးအနေနဲ့ 10(30)မီတာထိုင်တဲ့ အိမ်ဟာ 30Aထက် ပိုသုံးလို့မရပါဘူး။
30Aထက် ပိုသုံးလိုက်မယ်ဆိုရင်
မီတာ လောင်သွားပါလိမ့်မယ်။

(30Aဆိုတာ p=vI အရ 6000wattလောက်သုံးလို့ရတယ်လို့ ဆိုလိုခြင်းဖြစ်တယ်။
ပိုပီးရှင်းအောင် ပြောရမယ်ဆိုရင်
4ပေ မီးချောင်း အချောင်း150လောက်ထိ
တပြိုင်ထဲ မီးထွန်းထားလို့ရပါတယ်။)

ဒါကြောင့် main breakerကို 32A ယူသုံးပီးဆင်လိုက်ပါမယ်။ 32Aကို main breakerအဖြစ်သုံးလိုက်တဲ့အတွက်
အဲဒီအိမ်က 30Aထက်ပိုပီးအသုံးပြုလိုက်မယ်ဆိုရင် main breaker က ဖြုတ်ချပါလိမ့်မယ်။
ဒါဆို အသုံးများ(overloadဖြစ်)လို့ မီတာလောင်နိုင်ခြင်းကို ကျနော်တို့
ကာကွယ်လိုက်နိုင်ပါပီ။
(Short Circuitအတွက်ကတော့ 100A breakerတပ်ထားရင်တောင် ဖြုတ်ချမှာပါပဲ)

ဒါဆိုရင် main breaker ရွေးချယ်ခြင်း
ပီးဆုံးပါပီ။
ဒါပေမယ့် အိမ်တအိမ်လုံးကို ဒီ main
Breakerက အထွက်ကနေယူသုံးမယ်ဆိုရင် short circuitဖစ်ရင် စစ်ရဆေးရ
ခက်ခဲ့ပါတယ်။ lighting က ရှော့ဖစ်တာလား air conက‌ေရှာ့ဖစ်တာလား
Socketက‌ေရှာ့ဖစ်တာလား ရေမော်တာက ရှော့ဖစ်တာလား ခေါင်းမူးနောက်နေရအောင် စစ်ဆေးနေရပါလိမ့်မယ်။

ဒါကြောင့် main breakerက အထွက်ကို
တစ်အိမ်လုံးစာ loadကို ပေးမသုံးပါဘူး
ကဏ္ဌတွေ ခွဲပီးသုံးကြပါမယ်။

1. Lightningအတွက် 1 pole mcb တလုံး။
2. မီးဖိုးချောင် Tv ရေခဲသေတ္တာ socket ပန်ကာ တွေ အတွက် 1pole
mcbတလုံး။
3ရေမော်တာအတွက် 1pole mcbတလုံး

ဒီလိုကဏ္ဌတွေခွဲပီ သုံးလိုက်တဲ့အတွက်
ရှော့ဖစ်ရင် သက်ဆိုင်ရာ mcbတလုံးက
ဖြုတ်ချပါလိမ့်မယ်။
ဒီအတွက်အကျိုးကျေးဇူးကတော့
ရှော့ဖစ်ရင် သက်ဆိုင်ရာ ရှော့ရှိတဲ့ mcbပဲဖြုတ်ချတဲ့အတွက် စစ်ဆေးရလွယ်ကူခြင်းနဲ့ တခြားကဏ္ဌမှmcbများကို
ဆက်လက်အသုံးပြုနိုင်ခြင်းတို့ ဖစ်ပါတယ်။

(2) lighting အတွက် breaker နဲ့
ကြိုးဆိုဒ်ရွေးချယ်ခြင်း။

Lighting(မီးသီးမီးချောင်းအတွက်)breaker amper (A)size ရွေးချယ်တော့မယ်ဆိုရင် ဘယ်လောက်W
အထိ မီးလုံးတွေ မီးချောင်းတွေ
သုံးမှာလဲ ဆိုတာ သိဖို့လိုပါတယ်။
ဥပမာ 4ပေ မီးချောင်း 10ချောင်းသုံးမယ်ဆိုပါစို့။ 4ပေ မီးချောင်းတချောင်းက 40w
ရှိတယ်။ 10ချောင်းဆိုတော့ 400wပေါ့။
ဒါဆို p=vIအရ A sizeကို တွက်လို့ရပီ။

Pက 400w, vက single phase=230
I=? ပေါ့။

I=p÷v=400/230=1.7

I=1.7A ရတယ်။

ဒါကြောင့် lighting breakerကို 6Aကိုသုံးလို့ရပါတယ်။,(3A mcbလဲရှိပါတယ် ဒါမယ့် ကျနော်ကတော့ 6Aပဲသုံးပါမယ်။)
ကြိုးဆိုဒ်ကတော့ 1.5mm squareကို
သုံးပါမယ်။(ဗြိတိသျှ systemဆို 7/021သုံးချင်လဲသုံးလို့ပါတယ်)

(3) မီးဖိုချောင်းနဲ့ ဇိမ်ခံပစ္စည်းများအတွက်
Amper size ရွေးချယ်နည်း။

ဘယ်ပစ္စည်းအတွက်မဆို mcbဆိုဒ်ရွေးချယ်တော့မယ်ဆိုရင်
အဲ့ပစ္စည်းရဲ့ သုံးမယ့် wကို သိရပါမယ်။
Wကို သိမှသာလျှင် p=vl နဲ့ အနီးစပ်ဆုံးAကို တွက်လို့ရမှာပါ။

မီးဖိုးချောင်း
ထမင်းပေါင်းအိုး+ဒယ်နီ=1200w
TV +ရေခဲသေတ္တာ+ပန်ကာ=1800w

Total =3000w(exampleနော်)

l=3000÷220=13A

ဒါဆို breakerကို 16A or 20A
ရွေးချယ်နိုင်တယ်။

ကြိုးဆိုဒ်ကတော့ 1.5mm squareက
17Aခံနိုင်ရည်ရှိတယ်။
နည်းနည်း ကပ်တယ်လို့‌ေတာ့ထင်မိတယ်။
ဒါကြောင့် 2.5mm square
(24Aထိ ခံနိုင်ရည်ရှိ)ကိုပဲ ရွေးလိုက်ပါမယ်။

ဒီနေရာမှာ ဟာ ဘာလဲဟ။
Mcbကျတော့ 16Aသုံးလို့ရတယ်ပြောပြီး
ကြိုးဆိုဒ်ကျတော့ 17Aတောင်ရှိတဲ့
1.5ကို မရွေးဘူး ဘာအထာလဲ
အနော်ရထာလားဟ လို့ တွေးချင်တွေးကြပါလိမ့်မယ်။

တကယ်တော့ mcbက overloadတို့
Short circuitတို့ဖစ်ရင် ဖြုတ်ချစေချင်လို့
ထည့်ထားတာပါ။ သုံးသင့်တာထက်
နည်းနည်းပိုသုံးရင် ဖြုတ်ကိုဖြုတ်ချရပါမယ်။ ဖြုတ်ချစေချင်လို့ကို ထည့်ထားတာလေ။

ကြိုးကတော့ မလောင်စေချင်ဘူးလေ။ ဒါလေးတွေးပေးရင်
သဘောပေါက်မှာပါ။

(4)ရေမော်တာအတွက် mcb နဲ့ကြိုးဆိုဒ်ရွေးချယ်ခြင်း။

1.5hp မော်တာဆိုကြပါစို့။

ပထမဆုံးတွေးရမှာက ဘယ်ပစ္စည်းကိုပဲဖစ်ဖစ် mcb Aရွေးချယ်မယ်ဆိုရင်
Wကို သိရပါမယ်။

ဒါကြောင့် wကိုရှာမယ်။

မော်တာက 1.5hpဆိုတော့။

1hp=746w
1.5hp=w?

W=746×1.5=1119w

P=vl cos pi (inductive load)

I=?

I= 1119/220×0.7
I=7.2A

Inductive load တွေဟာ single phase
မှာဆိုရင် တွက်လို့ရတဲ့ currentကို
40%ထပ်ပေါင်းပေးရတယ်။

I=7.2+(7.2×0.4)

I=10A

သို့သော် မော်တာတွေမှာ starting current
က flcထက် 6ဆလောက် ရှိတတ်လို့

10×6=60A

Mcb တွေဟာ 0.02s အတွင်း rated currentထက်
5ဆထိ မြှင့်တက်ခွင့်ရှိ။

ဒါဆို 10A mcbရွေးကြည့်မယ်။

10×5=50A (starting rt 60Aထက်နည်း အဆင်မပြေ)

16×5=80A (ဒါဆို starting rtထက်များလို့
အဆင်ပြေသွားပီ)

Mcb 16A ရွေးချယ်လိုက်ပါတယ်။

ကြိုးဆိုဒ်ကတော့ 2.5mm squar
သုံးရင် အဆင်ပြေပါတယ်။

ဒါဆို အိမ်တအိမ်လုံးအတွက်

မီးသီး မီးချောင်း
မီးဖိုးချောင်းနဲ့ ဇိမ်ခံပစ္စည်း
ရေမော်တာ အတွက်

Mcb အသီးသီးရွေးချယ်ပီးစီးပါပီခဗျာ။

(Safetyအတွက် main mcb အထွက်ကို
Rccb 30mAလေးခံသုံးပေးရပါမယ်ခဗျာ။)

လေးစားလျက်ပါ ဆရာအပေါင်းတို့
မှားရွင်း ရွေးချယ်မှုများပါရှိပါက
Commentမှာ ပြင်ဆင်ပေးကြပါရန်
မေတ္တာရပ်ခံပါသည်ခင်ဗျာ။


Nay Aung (AGTI EP)

သတိပြုကြပါရန်။အိုမီခရွန် ပြည်တွင်းကူးစက်မှု ရန်ကုန်မှာစတွေ့နေပါပြီအိုမီခရွန်လက္ခဏာတွေက - (၄၈)နာရီအတွင်း လက္ခဏာပြတယ်Omicr...
10/02/2022

သတိပြုကြပါရန်။

အိုမီခရွန် ပြည်တွင်းကူးစက်မှု ရန်ကုန်မှာစတွေ့နေပါပြီ
အိုမီခရွန်လက္ခဏာတွေက
- (၄၈)နာရီအတွင်း လက္ခဏာပြတယ်
Omicron ကူးစက်ပါက
1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့ အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်
Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား အထူးပင်ကျေးဇူးတင်ပါသည်

31/12/2020
RCBO Slim Type Breaker*******************************လျပ်စစ်ဓါတ်လိုက်တာကို ကာကွယ်ပေးတဲ့ Slim Type RCBO  ဘရိတ်ကာ ဆိုတာအိမ...
01/11/2020

RCBO Slim Type Breaker
*******************************
လျပ်စစ်ဓါတ်လိုက်တာကို ကာကွယ်ပေးတဲ့ Slim Type RCBO ဘရိတ်ကာ ဆိုတာအိမ်တိုင်းမှာ တပ်သင့်ပါတယ်။
Question and Answer RCBO Slim Type Breaker
Q: RCBO ဆိုတာ ဘာလဲ
EI : အင်္ဂလိပ်လိုအရှည်က Residual current Circuit breaker with Over load ပါ ။ ဓါတ်လိုက်ရင် ဘရိတ်ကာပြုတ်ကျစေတဲ့စနစ်ပါတဲ့ လျပ်စစ်အန္တာရာယ် ကာကွယ်ရေးပစ္စည်းပါ ။
Q: လူတွေဓါတ်မလိုက်အောင်ဘယ်လို အလုပ်လုပ်တာပါလဲ
EI:လျပ်စစ်ဓါတ်လိုက်လို့ လူ့ခန္တာကိုယ်ထဲကို လျပ်စစ်ဖြတ်စီးသွားတာနဲ့ ဘရိတ်ကာက လျပ်စီးကြောင်းကိုထောက်လှမ်းသိပြီး ခလုတ်ကိုဖြုတ်ချပြီး လျပ်စစ်ပါဝါကို ဖြတ်တောက်လိုက်တာပါ ။
Q: Circuit Breaker , RCCB တို့ နဲ့ဘာကွာပါလဲ ။
EI: Circuit Breaker က over load နဲ့ short circuit ( မီးမလောင်အောင် ) ကာကွယ်ပေးပါတယ်။ RCCB က ဓါတ်မလိုက်အောင်ကာကွယ်ပေးပါတယ်။ အဲဒီ ၂ ခုပေါင်းပြီးထုတ်ထားတာပါ။ ဒါကြောင့် အဲဒီ ၂ မျိုး မှာပါတဲ့ ၃ မျိုး ကို RCBO က အကာအကွယ်ပေးပါတယ်။
1. လူတွေ ဓါတ်မလိုက်အောင် ကာကွယ်ပေးပါတယ်
2. ၀ါယာတွေပူးပြီးရှော့ဖြစ်မဲ့ မီးလောင်မဲ့ ကိစ္စတွေကို ကာကွယ်ပေးပါတယ်
3. အလွန်အကျွံသုံးစွဲလို့ လျပ်စစ် ပစ္စည်းတွေပျကစီးမှုမှ ကာကွယ်ပေးပါတယ်။
4. မော်တာအသေးတွေကို ဖွင့်နိုင်ပိတ်နိုင် ဖို့ ခလုတ်နေရာမှာ သုံးလို့ရပါတယ်။
Q: Slim type ဆိုတာဘာလဲ
EI: အရင် က CB နဲ့ RCCB ကို ၂ခုကပ်ပြီးလုပ်ပါတယ်။နောက်ဆုံး နည်းပညာနဲ့ တခုထဲ ပေါင်းလိုက်ပါတယ် ။ အဲတော့ သေးသွားပါတယ် ။
Q: 1 pole လား 2 poles လား
EI: RCBO ဆိုတာ 2 poles ပါ။ phase + neutral ပါ။ 1 pole ထဲနဲ့ အလုပ်မလုပ်ပ ။
Q: တပ်ဆင်ဖို့ Earth ကြိုး လိုပါသလား ။
EI: မလိုပါ ။Earth ကြိုးရှိလျင် ပိုကောင်းသော်လည်း earth ကြိုးမရှိလဲ တတ်နိုင်ပါတယ် ။
Q: 30 mA ဆိုတာ ဘာပါလဲ ။
EI: ဓါတ်လိုက်လို့ လူခန္တာကိုယ်ထဲ့မှာ ဖြတ်စီးသွားရင် ဘရိတ်ကာကို ဖြုတ်ချမဲ့ လျပ်စီးအမ်ပီယာတန်ဖိုးကိုရေးထားတာပါ။ လူ တယောက် အတွက် အသက် အန္တာရာယ်မရှိတဲ့ ဖြတ်စီးနိုင်တဲ့ လျပ်စီး ပမာဏ ကို ပြောတာပါ။
Q: ဘယ်လိုနေရာတွေ မှာတပ်ရမှာလဲ
EI: Main မိန်းမှာလဲ တပ်လို့ရပါတယ ။ Main ကနေခွဲသွားတဲ့နေရာမှာလဲ တပ်လို့ရပါတယ်။ မိန်းမှာဆို ၃၂ အမ်ပီယာ ( C 32 A ) Sub ဆပ်တွေ ခွဲတဲ့ နေရာမှာဆို ၂၀ အမ်ပီယာ (C 20 A ) ၁၆ အမ်ပီယာ (C 16 A ) ၁၀ အမ်ပီယာ ( C 10 A) စီ တိုက် ( C type ) တွေ တပ်လို့ရပါတယ်။
Q: C type ဆိုတာဘာလဲ
EI : C ဆိုတာ က ဘရိတ်ကာတွေကို အမျိုးအစားခွဲတာဖြစ်ပြီး General အသုံးဖြစ်ပြီး C type က အိမ်တွေ၊ ရုံးတွေ၊ ဟော်တယ်တွေ တပ်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။

Credit: Kyaw Oo
EI Engineering

❤️ ပရဟိတ အဆောက်အအုံ လုပ်ငန်းစုများ၊ အများအကျိုးပြုလုပ်ငန်းများအတွက်လည်း
လျှပ်စစ်မီးတပ်ဆင်ခြင်း ပြုပြင်ခြင်းအတွက်လိုအပ်လျှင်ဖြစ်စေ၊ CCTV Cameras လိုအပ်လျှင်ဖြစ်စေ၊ ကွန်ပျူတာပညာရှင်များ၊ ယာဥ် မောင်း စသည့်စသည့် လုပ်အားအလှူရှင်များ လိုအပ်လျှင်ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ… ❤️
ဆက်သွယ်ရန်လိပ်စာကတော့

အမှတ်(15)၊ ၃လွှာ(B)၊ ပုသိမ်ညွှန့် (၇)လမ်း၊ ပုသိမ်ညွှန့်ရက်ကွပ်၊ မဂ်လာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်။

📧 - [email protected]
☎️ - 09 777 200 404 ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ.

ကောင်းမွန် လျှပ်စစ်၊ CCTV Camera နှင့် အိမ်တွင်းအလှဆင် အခန်းဖွဲ့ ဝန်ဆောင်မှုလုပ်ငန်းစု

🏠 ကောင်းမွန် 🏠
သင့်အတွက်
အကောင်းဆုံးနှင့်ယုံကြည်စိတ်အချရဆုံးဝန်ဆောင်မှု

ဘာကြောင့် ဝါယာရှော.ခ် ဖြစ်ရပါသလဲ။????မြန်မာနိုင်ငံအနှံအပြားတွင် မီးလောင်ခြင်းများ လေ့လာကြည့်ရာ ဝါယာရှောစ်ကြောင့် အများဆု...
01/11/2020

ဘာကြောင့် ဝါယာရှော.ခ် ဖြစ်ရပါသလဲ။????

မြန်မာနိုင်ငံအနှံအပြားတွင် မီးလောင်ခြင်းများ လေ့လာကြည့်ရာ ဝါယာရှောစ်ကြောင့် အများဆုံးဖြစ်နေပါသည်။ဘာကြောင့် ဝါယာရှောစ်ဖြစ်ရပါသလဲ။
ကျွန်တော့်အတွေ့ကြုံနှင့် သိသလောက်ရှင်းပြပါမည်။ တိုးတက်လာသော လူနေမှုအဆင့်တန်းများ၏ အဓိကသော့ချက် တစ်ခုဖြစ်သော အိမ်တွင်း လျှပ်စစ်အသုံးဆောင်ပစ္စည်းများ များပြားစွာ ယခုနှစ်များအတွင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပါသည်။ယခင်က မိမိအိမ်တွင် သွယ်တန်းထားသော မီးကြိုးများ၏ ခံနိုင်ရည်ထက် ယခုအိမ်တစ်အိမ်အတွင်း သုံးစွဲနေသော လျှပ်စစ်ပစ္စည်းများ Loadကပိုများနေသည်ကို သတိမထားမိကြပါ။
မျိုးစုံသော လျှပ်စစ်ပစ္စည်းများကိုသာ တစ်ခုပြီးတစ်ခု ၀ယ်ယူကြပြီး အိမ်အတွင်း သွယ်တန်းထားသော မီးကြိုးများကိုလဲရန် မည်သူမျှ စိတ်မ၀င်စားကြပါ။ ပလပ်ပေါက် ရှိရင်ထိုးပြီး အသုံးပြုလို့ ရသည်ဆိုသော အတွေးများသာ မြန်မာနိုင်ငံပြည်သူအများစု သိရှိကြပါသည်။ ကန်ထရိုက်တိုက်များတွင်လည်း လျှပ်စစ်နှင့်ဆိုင်သော အမှားခံပစ္စည်းများ လိုအပ်နေသည်ကို တွေ့ရပါသည်။ အရေးကြီးဆုံးအချက်က လျှပ်စစ် ပစ္စည်း များကို ပြိုင်ပြီး မသုံးစွဲပါနှင့်။ ဥပမာ ရေစက်မောင်းနေချိန် ဟင်းအိုး ထမင်းပေါင်းအိုး စသည်များ မသုံးပါနှင့်။မီးပူတိုက်နေချိန် ရေခဲသေတ္တာပိတ်ထားပါ။
မိမိအိမ်ကိုစတင် မီးကြိုးသွယ်တန်းစဉ်ကထဲက ယခုထိ လျှပ်စစ်ပစ္စည်းများ တိုးလာတာကို သိရှိရင်နားလည်သော လျှပ်စစ် ဝါယာရိန်းသမားနှင့် တိုင်ပင်ပြီးလိုအပ်သည့်မီးကြိုးများ ထပ်မံတပ်ဆင်ပါ။ မီးကြိုးသုံးရာတွင်(twin )နှစ်ချောင်းပူးထားသော ကြိုးများအသုံးပြုခြင်းကိုရှောင်ရှားပါ။(single)တစ်ချောင်းခြင်း သွယ်တန်းသော နည်းစနစ်ကို အသုံပြုပေးပါ။ ကြိုးများကို ဖြစ်နိုင်လျှင် under ground သွယ်တန်းခြင်းများကို အတက်နိုင်ဆုံး မပြုလုပ်ပါနှင့်။
မျက်နှာကျက်များပေါ်တွင် သွယ်တန်းထားသော မီးကြိုး များကိုစနစ်တစ်ကျ မီးပိုက်များထဲကိုထည့်ပြီးအသုံးပြုကြပါ။တက်ကျွမ်း နားလည်သူနှင့် တိုင်ပင်ပြီး Load များလျှင်၊ရှော့စ်ဖြစ်လျှင် အလိုလျောက် ဖြတ်ချမည့် Safety Breaker များမိမိအိမ်တွင် တပ်ဆင်ကြပါ။ ပျက်စီးနေသော မီခလုတ် များကို လဲလှယ်ကြပါ။စျေးနည်းသော မီးခလုပ်များ အသုံးပြုခြင်းရှောင်ကျဉ်ပါ။
ယခုတင်ပြသောအရာများသည် ဆယ်နှစ်တာ လျှပ်စစ် ဝါယာရိန်းသမားအဖြစ် ရပ်တည်လာသော ကျွန်ုပ်၏ အတွေ့ကြုံများဖြင့် ကြိုတင်ကာကွယ်ရန် အသိပေးခြင်း ဖြစ်ပါသည်။
ယခုလိုအသိများသိရှိပြီးချိန်တွင် မိမိအိမ်အတွင်း မီးကြိုးများလဲသင့်၊ မလဲသင့် လိုအပ်သော အမှားခံပစ္စည်းများ ရှိ/မရှိသိရအောင် လျှပ်စစ်နားလည်တက်ကျွမ်းသူနှင့်တိုင်ပင်ပြီးဝါယာရှောစ်မှဖြစ်သောမီးဘေး အန္တရာယ်ကို ကာကွယ်လိုက်ကြရအောင်။

Credit: MyoNyiAung
ဗဟုသုတအသိပညာပွားပါစေ
သင့်ကြောင့်မီးမလောင်ပါစေနှင့်

12/10/2020
👌 ၂ နှစ်အာမခံ၊ လက်ခအခမဲ့ 👌အမြတ်တင်မထားတဲ့ ကုမ္ပဏီတိုက်ရိုက်စျေး📱 ဖုန်နှင့် ဘယ်နေရာ‌ရောက်ရောက် အချိန်မရွေး ၂၄နာရီကြည့်လို...
03/10/2020

👌 ၂ နှစ်အာမခံ၊ လက်ခအခမဲ့ 👌
အမြတ်တင်မထားတဲ့ ကုမ္ပဏီတိုက်ရိုက်စျေး

📱 ဖုန်နှင့် ဘယ်နေရာ‌ရောက်ရောက် အချိန်မရွေး ၂၄နာရီကြည့်လိုရတဲ့ CCTV Camera 📱

🔺 Covid 19 ကာလတွင် အထူးလျော့စျေးနှုန်းဖြင့် ရပ်ကွက်၊ လမ်း၊ ကားပါကင်၊ အဆောက်အအုံ၊ လူနေအိမ်ရာများ ကျမ်းမာလုံခြုံရေးအတွက် 4 channel CCTV Cameras များကို ကုမ္ပဏီမူရင်းစျေးအတိုင်း လိုက်လံတပ်ဆင်ပေးနေပါတယ်ခင်ဗျာ.
QR Code Pass နှင့် ကျမ်းမာရေးစစ်ဆေး‌ကောင်းမွန်ကြောင်းလက်မှတ်ကိုင်ဆောင်ထားသောသူများက ကျမ်းမာရေးဝန်ကြီးဌာန Covid 19 ကာကွယ်ရေးစည်းမျဥ်းစည်းကမ်းများကို အထူးလိုက်နာကာကွယ်လုပ်ဆောင်ပြီး လိုက်လံတပ်ဆင်ပေးတာဖြစ်ပါတယ်.

✔️ တပ်ဆင်ခသက်မှတ်ထားခြင်းမရှိပါ.
ကုမ္ပဏီကပေးတဲ့ ကော် မရှင်ခကိုသာတရားဝင်ယူပါတယ်.
😁 စေတနာကြေးပေးရင်တော့ ယူပါတယ်ဗျ 😁
✔️ ၂ နှစ်အာမခံ ပါတယ်. ဘာကြောင့်ပျက်ပျက် ၁နှစ်အတွင်း အမေးအမြန်းမရှိ အသစ်တစ်လုံးလာလည်းပေးပါတယ်.
👍 မီးအားကြောင့်တို့ ဘာတို့ ညာတို့ကြောင့်မပျက်အောင် မတပ်ဆင်ခတည်းက လိုအပ်ချက်များကို အသေးစိတ်တိုင်ပင်ဆွေး‌‌နွေးအကြံပြုပြီးမှ စိတ်ချရသော ပစ္စည်းကောင်းများကိုသာအသုံးပြုပြီး တပ်ဆင်ဝန်ဆောင်မှုပေးပါတယ်👍 (မှတ်ချက် - ပစ္စည်းပြန်လည်းပေးရမည်ဆိုး၍ 😁😁😁)

❤️ ပရဟိတ အဆောက်အအုံ လုပ်ငန်းစုများ၊ အများအကျိုးပြုလုပ်ငန်းများအတွက်လည်း
CCTV Cameras လိုအပ်လျှင်ဖြစ်စေ၊ လျှပ်စစ်မီးတပ်ဆင်ခြင်း ပြုပြင်ခြင်းအတွက်လိုအပ်လျှင်ဖြစ်စေ၊ ကွန်ပျူတာပညာရှင်များ၊ ယာဥ် မောင်း စသည့်စသည့် လုပ်အားအလှူရှင်များ လိုအပ်လျှင်ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ… ❤️
ဆက်သွယ်ရန်လိပ်စာကတော့

အမှတ်(15)၊ ၃လွှာ(B)၊ ပုသိမ်ညွှန့် (၇)လမ်း၊ ပုသိမ်ညွှန့်ရက်ကွပ်၊ မဂ်လာတောင်ညွှန့်မြို့နယ်၊ ရန်ကုန် ။
📧 - [email protected]
☎️ - 09 777 200 404 ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ.

လျှပ်စစ်၊ CCTV Camera နှင့် အိမ်တွင်းအလှဆင် အခန်းဖွဲ့ ဝန်ဆောင်မှုလုပ်ငန်းစု

🏠 ကောင်းမွန် 🏠
သင့်အတွက်
အကောင်းဆုံးနှင့်ယုံကြည်စိတ်အချရဆုံးဝန်ဆောင်မှု 🛑

"ဒီပို့စ်တင်သူကို ကျေးဇူးအများကြီး တင်မိပါတယ်။ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က ဝန်ကြီးဟောင်း ဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့▄...
19/07/2020

"ဒီပို့စ်တင်သူကို ကျေးဇူးအများကြီး တင်မိပါတယ်။

ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က ဝန်ကြီးဟောင်း ဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ရက်ကား ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ဖြစ်၍ နေ့ကား စနေနေ့ ဖြစ်ပါသည်။ ထိုအခါက ကျွန်တော်သည် လမ်းပန်းအဆောက် အအုံနှင့် ပြန်လည် ထူထောင်ရေး ဌာနကို အုပ်ချုပ်သည်ဖြစ်ရာ ထိုဌာန၏ အတွင်းဝန်မှာ အိုင်-စီ-အက်စ် ဦးအုန်းဖြစ်၍ ဒုတိယအတွင်းဝန်မှာ အိုင်-စီ-အက်စ် ဦးချမ်းသာ ဖြစ်ပါ သည်။

ကျွန်တော်သည် အမှတ် (၈)၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်း၊ ဗ-လ-စ ဌာန တွင် နေထိုင်လျက်ရှိရာ ဟင်္သာတခရိုင်သို့ ခရီးထွက်ခဲ့သည်မှအပြန် အအေးမိ၍ အနည်းငယ်ဖျားလျက်ရှိ၏။

ထိုနေ့တွင် ဝန်ကြီးများ အစည်းအဝေးကျင်းပမည် ဖြစ်ရာ ကျွန်တော်သည် နေမကောင်းသဖြင့် အကြောင်းထူးသာမရှိခဲ့လျှင် ထိုအစည်းအဝေးသို့ တက်ဖြစ်မည် မဟုတ်ပေ။ ထိုနေ့ကျင်းပမည့် ဝန်ကြီးများ အစည်းအဝေးတွင် ပြောပြသင့်သော သတင်းထူးတစ်ခု ကို ကျွန်တော် ရရှိထား၏။ သတင်းထူးပုံမှာ စစ်တပ်မှ မလိမ့်တပတ်ဖြင့် စက်သေနတ် (ဘရင်းဂန်း) (အလက် ၂ဝဝ) ထုတ်ယူသွားသူမှာ ဦးစောဖြစ်ကြောင်း၊ ထိုသို့ ထုတ်ယူစဉ်က ဦးစောသည် ရှမ်းဘောင်းဘီ၊ မျက်မှန်နက်၊ ဆွယ်တာ လက်ပြတ်နှင့်ဖြစ်၍ ထုတ်ယူသွားသော မော်တော်ကားရှေ့ခန်း ကားမောင်းသူ၏ဘေးတွင် ထိုင်လျက်ပါကြောင်းများအပြင် ဦးစောတို့လူစုသည် ကုဒီတား (ခေါ်) 'လက်နက်ဖြင့် အာဏာသိမ်းယူရန်' ကြံစည်လျက်ရှိကြကြောင်းတို့ကို သတင်းရရှိထား၏။ သို့သော် သတ်ဖြတ်သည်အထိ အကြံပက်စက်ကြမည် ဟူ၍ကား ထိုအခါက ကျွန်တော် လုံးဝမတွေးတော ခဲ့မိပေ။

ရရှိထားသော သတင်းထူးကို ဝန်ကြီးများအစည်း အဝေးတွင် တင်ပြလိုသဖြင့် ကျွန်တော်သည် နေမကောင်း လျက်နှင့်ပင် အဝတ်ထူထူ အထပ်ထပ်ဝတ်၍ အစည်း အဝေးသို့ သွား၏။

အစည်းအဝေးကျင်းပမည့်နေရာသည် အတွင်းဝန် များရုံး၊ အလယ်ထပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် ဖြစ်၍ စမည့်အချိန်မှာ နံနက် ၁ဝ နာရီ ဖြစ်၏။

အစည်းအဝေးမစမီ မိနစ်အနည်းငယ်ခန့်အလိုတွင် ဗိုလ်ချုပ်နှင့် ကျွန်တော်အစည်းအဝေးခန်းဝတွင် မျက်နှာ ချင်းဆိုင်ဆုံမိပြီး အခန်းတွင်းသို့ အတူဝင်သွားကြ၏။ ထိုနေ့တွင် ဗိုလ်ချုပ်သည် ဝတ်နေကျ စစ်ဝတ် စစ်စား မဟုတ်ဘဲ ထူးထူးခြားခြား အရပ်ဝတ် အရပ်စားနှင့်လာ၏။ ရွှေဖလားရောင် ဗန်ကောက်လုံချည်၊ ပိုးအင်္ကျီတို့နှင့် ဖြစ်၍ ဆံပင်မှာလည်း ခါတိုင်းကဲ့သို့ စုတ်ဖွာဖွာကြီး မဟုတ်ဘဲ ညှပ်ပြီးစဖြစ်၍ သပ်ရပ်၏။

'ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ...'ဟု ကျွန်တော်က ပြောင်၍ ပြောလိုက်၏။'နိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သားစိတ် မွေးမြူကြဖို့ အရေးကြီးတယ်' ဟု ဗိုလ်ချုပ်က ပြန်ပြော၏။

ဗိုလ်ချုပ်၏အခန်းမှာ အတော်ကျယ်၍ မျက်နှာစာတွင် လူဝင်တံခါးကြီး သုံးပေါက်၊ လက်ယာဘက်ဘေးတွင် ဗိုလ်ချုပ်၏ အတွင်းရေး အတွင်းဝန် ဗိုလ်ထွန်းလှ၏ အခန်းသို့ကူးသော တံခါး၊ လက်ဝဲဘက်ဘေးတွင် ဝန်ကြီး များအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၏အခန်းသို့ ကူးသော တံခါးသည်လည်းကောင်းရှိပြီးလျှင် အခန်း၏ကျောဘက်တွင် ပြတင်းပေါက်သုံးခုရှိ၏။ အခန်းတွင်း အရှေ့မြောက်ထောင့်တွင် ဗိုလ်ချုပ်၏အလုပ်စားပွဲရှိ၍ ၄င်းအခန်း၏ တောင်ဘက်နံရံတွင် ဝန်ကြီးများအစည်းအဝေးစားပွဲရှိ၏။

ဝန်ကြီးများ အစည်းအဝေးစားပွဲသည် စားပွဲရှည် သုံးခုကို ထောင့်ချိုးဂငယ်ပုံ သုံးဖက်ပိတ် တစ်ဖက်ဖွင့် ဆက်၍ထား၏။ ထိပ်စားပွဲသည် ၁ဝ ပေ ခန့်ရှည်၍ သုံးပေခန့်ကျယ်၏။ ထို ထိပ်စားပွဲ၏ အစွန်းတစ်ဖက် တစ်ချက်တွင် ယှဉ်၍ ဒေါင်လိုက်ဆက်ထားသော စားပွဲများမှာ ၁၈ ပေခန့် ရှည်၍ သုံးပေခန့်ကျယ်၏။

ထိပ်စားပွဲ၏အလယ်တွင် ဗိုလ်ချုပ်ထိုင်၏။ ဗိုလ်ချုပ်၏လက်ဝဲဘက်တွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်ထိုင်၏။ လက်ယာဘက်နံဘေးရှိ စားပွဲရှည် တွင် သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ထိုင်ကြ၏။ ထိပ်စားပွဲ၏ လက်ဝဲဘက်နံဘေးရှိ စားပွဲရှည်တွင် ကျွန်တော်၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန် စော်ဘွားကြီးတို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ ထိုင်ကြ၏။

အစည်းအဝေးသည် ချိန်းထားသည့်အတိုင်း ၁ဝ နာရီမှာ အချိန်မှန်စ၏။ အစဉ်အလာအတိုင်း အရေးကြီး သောကိစ္စများ စဉ်းစားသောအခါ သက်ဆိုင်ရာဌာန အတွင်းဝန်သည် လိုအပ်က လာရောက်၍ရှင်းလင်း ပြောပြရ၏။ ထိုနေ့က ကိစ္စအချို့ စဉ်းစားပြီးသည့်နောက် ၁ဝ နာရီခွဲကျော်ကျော်လောက်တွင် စဉ်းစားရန် အလှည့် ကျသဖြင့် သက်ဆိုင်ရာဌာန၏ ဒုတိယအတွင်းဝန်ဖြစ် သော အိုင်-စီ-အက်စ် ဦးအုန်းမောင်သည် အစည်းအဝေး ခန်းသို့ ရောက်ရှိလာပြီး လက်ယာဘက် စားပွဲထိပ် သခင်မြ ၏အနီး၌ ကပ်လျက်ထိုင်၏။

ဦးအုန်းမောင် ရောက်ရှိပြီး နှစ်မိနစ်၊ သုံးမိနစ်ခန့် အကြာတွင် အစည်းအဝေးခန်းမကြီး၏ မျက်နှာစာရှိ တံခါး သုံးပေါက်အနက် မြောက်ဆုံးတံခါးပေါက်ကို တွန်း၍ ဖွင့်ပြီးလျှင် စစ်ဝတ်စုံဝတ်ထားသော လူလေး ငါးယောက် သည် တော်မီဂန်း၊ စတင်းဂန်းစသည့် သေနတ်များကို ကိုင်ဆောင်၍ အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက် လာကြ၏။ ထိုအခါက ကျွန်တော်သည် သူတို့ဝင်လာသည့် တံခါးကိုမျက်နှာမူ၍ ထိုင်နေသဖြင့် ဝင်လာသည့် အချိန်မှစ၍ ကောင်းစွာသတိပြုမိ၏။ ဝင်လာသူများသည် တပ်မတော်၏ အဝတ်အစားများကို ဝတ်ဆင်လာကြ သဖြင့် တပ်မတော်သားများဖြစ်သည်ဟုပင် ထင်မိ၏။ သူတို့သည် အလွန်အရေးကြီး၍ ရုတ်တရက်ဖြစ်ပေါ်သော ကိစ္စတစ်ခုခုကို ဝန်ကြီးအစည်းအဝေးသို့ အစီရင်ခံလိုသဖြင့် လာကြသည်ဟု တွေးမိ၏။ နားမလည်သေး ရိုင်းသေး သဖြင့်သာ တစ်ယောက်တည်းမလာဘဲ လူအများစု၍ လာခြင်း၊ သေနတ်များ ကိုင်ဆောင်လာခြင်းတို့ကို ပြုလုပ် ကြသည်ဟု တစ်ဆက်တည်းတွေးကာ နောက်နောင် ဝန်ကြီးအစည်းအဝေးသို့ ကိစ္စရှိ၍လာရောက်လျှင် တပ်မတော်သားတစ်ဦးသည် လက်နက်ကို အပြင်မှာ ထားခဲ့ရန်နှင့် တစ်ယောက်တည်းလာရန် အမိန့်ထုတ်ထားပါ ဟု ဗိုလ်ချုပ်အား ပြောမည်ဟူ၍ပင် စဉ်းစားမိ၏။

ဝင်လာသူ ယူနီဖောင်းဝတ် လက်နက်ကိုင်တို့သည် အစည်းအဝေးစားပွဲကြီး၏ စားပွဲသုံးခု အနီး(ဂ၊ ငယ်) ဝမ်းဗိုက်၏ အဝင်ဝသို့လာ၍ သုံးယောက်ခန့် ရှေ့နောက် စီကာ ရပ်ပြီးလျှင် ရှေ့ဆုံးမှ ဝင်လာသူသည် 'ဟိတ်' ဟု အသံကျယ်စွာ တစ်ခွန်းအော်လိုက်ပြီး ဗိုလ်ချုပ်အား တော်မီဂန်းနှင့် စ၍ပစ်၏။ ဗိုလ်ချုပ်သည် မတ်တတ်ရပ် လိုက်ကာ သေနတ်ပစ်သူတို့ဘက်သို့ လက်ကာပြပြီးလျှင် တစ်စုံတစ်ခုကို ပြောလိုက်၏။ ဘာပြောသည် ဟူ၍ကား ကျွန်တော် နားမလည်လိုက်ပေ။

ထိုသို့ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျော်ဘွယ် ဦးမြနှင့် ဦးရွှေဘော်တို့သည် ကျောဘက်ရှိ ပြတင်းပေါက်မှ ကျော်ထွက်ပြီးလျှင် ပြတင်းပေါက်အောက်ရှိ နှစ်ပေခန့် ကျယ်သော ကြမ်းပြင်စွန်းကိုကွယ်၍ ဦးရွှေဘော်၏ အခန်းသို့ ကူးပြေးကြ၏။ ကျွန်တော်သည် ထိပ်စားပွဲနှင့် အလျားလိုက်ယှဉ်ကာ ကြမ်းပေါ်တွင်မှောက်၍ အိပ်လိုက်၏။ ထိုသို့အိပ်လိုက်သောအခါ ကျွန်တော်၏ လက်ဝဲဘက်တွင်ရှိသော ဦးအောင်ဇံဝေ၏ လက်ကိုလည်း ဆွဲ၍ချလိုက်သဖြင့် ဦးအောင်ဇံဝေသည်လည်း ကျွန်တော် နှင့်အတူ အိပ်လိုက်၏။

ထိုသို့ ရန်သူ့လက်နက်နှင့် ကြုံကြိုက်သောအခါ လှဲ၍ အိပ်လိုက်ခြင်းသည် ဂျပန်ခေတ် စစ်အတွင်းက ရရှိခဲ့သော အလေ့အကျင့်အမွေဖြစ်၏။ ဗုံးကြဲလေယာဉ်ပျံ များလာသဖြင့် အာရှလူငယ်သူနာပြုအဖွဲ့များကို ဗုံးကျ ရာသို့ စေလွှတ်သောအခါ ကျွန်တော် အမြဲမှာလေ့ရှိသော နောက်ဆုံး စကားများမှာ (ဗုံးကြဲလျှင်၊ စက်သေနတ်ပစ် လျှင် အမြန်ဆုံးလှဲ၍ အိပ်လိုက်)ဟု ဖြစ်လေရာ ကိုယ်ရေး ကြုံသောအခါ လှဲ၍အိပ်ပြီး ဖြစ်နေသည်ကို သတိပြုမိ၏။ ကျွန်တော်သည် သမ္ဗုဒ္ဓေဂါထာ၊ သိရသ္မိံဂါထာနှင့် စမ္မက္ခန် ဂါထာများကို စစ်အတွင်းက အမြဲရွတ်လေ့ရှိသည့်အတိုင်း ထိုသို့ ကြမ်းပေါ်တွင်မှောက်၍ နေစဉ်အချိန်တွင်လည်း ရွတ်လျက်ရှိသည်ကို သတိပြုမိ၏။ ဦးအောင်ဇံဝေသည် ပစ္စည်း ခေါ် ပဋ္ဌာန်းကျမ်း၏ အကျယ်ဖြစ်သော ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော်ကို အနှစ်သုံးဆယ်ကျော်မျှ တစ်နေ့ မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ခဲ့သည့်အလျောက် ကြမ်းပေါ်သို့ လှဲလိုက်သည့်အချိန်မှစ၍ ရန်သူများ ထွက်သွားသည့် အချိန်အထိ စိတ်တွင် အာရုံပြု၍ ရွတ်ကြောင်း နောက်မှ စုံစမ်းသိရှိရလေသည်။

ထိုသို့မှောက်လျက်ရှိစဉ် ကျွန်တော်၏ လက်ဝဲဘက် နံဘေးသည် ပူခနဲ ဖြစ်သွား၏။ ကျည်ဆန်တစ်ခု ဘေးသို့ ရှပ်၍ ဖောက်ဝင်သွားသည်ဟု ထင်မိ၏။ သို့သော် သေနိုင် သော နေရာမဟုတ်ဟူ၍လည်း တွေးလိုက်သေး၏။

အိမ်ပြန်ရောက်၍ ကြည့်သောအခါ ထိုသို့ ပူခနဲဖြစ် သည့်နေရာ (နံရိုးစွန်းနှင့် တင်ပါးရိုးကြား အသား) တွင် လက်သန်းဖျားခန့် မည်း၍နေသော အဝိုင်းငယ်တစ်ခုကို တွေ့ရ၏။ ထိုနေရာနှင့် တည့်တည့် သက္ကလတ်အပေါ် အင်္ကျီတွင် လက်မဝက်ခန့်ရှည်၍ မန်ကျည်းစေ့ခန့် ကျယ် သော အပေါက်ငယ်တစ်ခုကိုလည်း တွေ့ရ၏။ ထိုသို့ ကျည်ဆန်မှန်သောနေရာတွင် လုံချည်၊ ဘောင်းဘီ၊ ရှပ် အင်္ကျီ၊ ဆွယ်တာလက်ပြတ်နှစ်ခု စွပ်ကျယ်နှင့် အပေါ် အင်္ကျီပါအားလုံး ခုနစ်ထပ်ရှိသည်ကို တွေ့ရ၏။

ကျွန်တော်၏ လက်ယာဘက် လက်သူကြွယ်အဖျား တွင် တစ်ချက်ထိမှန်၏။ ကျည်ဆန်သည် လက်ဖျားမှ ဝင်ပြီးလျှင် အလယ်ဆစ်၏ဘေးမှ ထွက်၏။ လက်ဖျား ဆစ်၏ အတွင်းသားနှင့် အရိုးတစ်ပိုင်းပဲ့၍ ပါသွားသဖြင့် လက်ဖျားဆစ်တွင် စပါးစေ့တစ်ခြမ်းလောက်မျှသော အရိုးတစ်ပိုင်းနှင့် အပေါ်ရေသာ ကျန်ရစ်သည်ဖြစ်ရာ အဖူးကို နုတ်ယူထားသည့် ပြောင်းဖူးနှင့်တူ၏။

သူသတ်ယောက်ျားတို့ကား သုံးယောက် ပြိုင်တူ ပစ်ကြ၏။ ပထမ ရပ်၍ပစ်ကြ၏။ နောက် ဒူးထောက်၍ ပစ်ကြ၏။ ကျွန်တော်နှင့် ဦးအောင်ဇံဝေတို့ကိုမူကား ကြမ်းပေါ်တွင် မှောက်လျက်ရှိသဖြင့် သေပြီထင်ပြီး မပစ်ဟန်လက္ခဏာရှိ၏။

အပစ်အခတ်ရပ်စဲပြီး သူသတ်များ ပြန်ထွက်နေစဉ် တံခါးဝလောက်အရောက်မှာ ဦးအောင်ဇံဝေသည် မှောက်နေရာမှ ထထိုင်ပြီး ဗိုလ်ချုပ်လဲနေသည့်ဘက်ကို လက်ညှိုးထိုး၍ ပြပြီးလျှင် 'သေကုန်ကြပြီ' 'သေကုန်ကြပြီ' ဟု ညည်းတွားလိုက်၏။

ကျွန်တော်က ဦးအောင်ဇံဝေအား ဆွဲ၍ လှဲလိုက် ပြီးလျှင် 'မထနဲ့ဦး ပြန်ဝင်လာရင် ခင်ဗျားကို ပစ်လိမ့်မယ်' ဟုပြော၏။ ကျွန်တော်တို့ မိနစ်ဝက်ခန့် ဆက်၍မှောက် နေကြပြီးလျှင် နှစ်ယောက်အတူ ထကြ၏။ တစ်ခန်းလုံး မီးခိုးဖြင့်မှောင်လျက် ယမ်းငွေ့တထောင်းထောင်းထလျက် ရှိ၏။ ဗိုလ်ချုပ်ကား ပက်လက်လဲလျက်ရှိ၏။

ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့သည် ဦးရွှေဘော်၏ အခန်းဘက်သို့ ကူးသွားပြီးလျှင် တယ်လီဖုန်းဆက်ရန် ကြိုးစား၏။ တယ်လီဖုန်းဆက်၍မရ၊ ပျက်နေဟန် ရှိ၏။ ကျွန်တော်၏ အခန်းသို့သွားရန် ဦးရွှေဘော်၏ အခန်း ပြင်သို့ ထွက်လိုက်ရာ ထိုအချိန်က ရန်ကုန် ပုလိပ်မင်းကြီး ဖြစ်သူ ဦးအောင်ချိန်အား အခန်းဝတွင်တွေ့၏။

'ဘာဖြစ်ကြတာလဲ' ဟု ဦးအောင်ချိန်က မေးသော အခါ 'လာလာ လိုက်သာကြည့်တော့' ဟုပြောကာ ဦးအောင်ချိန်အား ဦးရွှေဘော်၏အခန်းကိုဖြတ်၍ အစည်းအဝေးခန်းသို့ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့က ခေါ်သွား၏။ ကျွန်တော်တို့ ပြန်ဝင်သွားသော အချိန်တွင် မိုင်းပွန်စော်ဘွားကြီးသည် သွေးပေလျက်ရှိသော မေးစေ့နှင့် ပါးစပ်တစ်ခြမ်းကို လက်ယာလက်ဝါးဖြင့်အုပ်ကာ ဗိုလ်ထွန်းလှ၏အခန်းဘက်သို့ လျှောက်သွား၏။ သို့သော် ဗိုလ်ထွန်းလှထွက်လာသဖြင့် လမ်းတွင်ဆုံမိ ကြ၏။ ဗိုလ်ထွန်းလှသည် အစည်းအဝေးခန်းသို့ ဝင်လာ ပြီးလျှင် သူသတ်တို့ထွက်သွားသော တံခါးကိုပိတ်၍ ချက်ထိုးလိုက်၏။

ဦးအောင်ချိန်အား အစည်းအဝေးခန်းတွင် ထားခဲ့ပြီး လျှင် ဦးအောင်ဇံဝေနှင့် ကျွန်တော်သည် ကျွန်တော်၏ အခန်းသို့သွားကြ၏။ အခန်းသို့ရောက်လျှင် ဦးအောင်ဇံဝေ သည် ကျွန်တော့်လက်တွင် ရရှိသောဒဏ်ရာကို ကြည့်၍ ကျည်ဆန်မှာ အဆိပ်ပါမှာ စိုးရသည်။ ချက်ချင်း ဆေးထည့် ပါဟု သတိပေး၏။ ကျွန်တော်သည် ကျွန်တော်၏ အတွင်းရေး အတွင်းဝန် မောင်သန်းမြင့်အား ဆရာဝန် ခေါ်ခဲ့ရန် မှာထားပြီးလျှင် အိမ်သို့ ပြန်၏။ ကုလားဆရာဝန် တစ်ယောက်နှင့် ဗိုလ်လက်ျာ၏ညီ ဒေါက်တာလှရွှေတို့ မကြာမီရောက် လာပြီးလျှင် လက်ဖျားကို ဆေးထည့် ဂွမ်းတို့ဖြင့် ချုပ်ကြ၏။ ဒေါက်တာလှရွှေက လက်ပြာ နေတာကို သဘောမကျ။

အဆိပ်ကြောင့် ဖြစ်ချင်လျှင် ဖြစ်နိုင်သည်ဟုပြောကာ အဆိပ်ဖြေသည့် ထိုးဆေးကို အရှာခိုင်းသဖြင့် မောင်သန်းမြင့်ကို လွှတ်၍ စစ်တပ် တွင်ရှာ၏။ ထိုးဆေးရှာနေစဉ်အတွင်း ဆေးရုံကြီးကို လိုက်ခဲ့ပါ။ ဆေးရုံကြီးမှာ ကိရိယာစုံသည်ဟု ဒေါက်တာ လှရွှေက အကြံပေးသဖြင့် လိုက်သွား၏။

ဆေးရုံကြီးသို့ရောက်သောအခါ ဒေါက်တာဘသန်း နှင့် ဒေါက်တာလှရွှေတို့တိုင်ပင်ပြီးလျှင် ကုသ၍ ဖြစ်နိုင် သော နည်းမျိုးစုံဖြင့် လိုလေသေးမရှိအောင် ကုသကြ၏။ စစ်တပ်တွင်ရှာသော အဆိပ်ဖြေထိုးဆေးလည်း အလွယ် တကူပင် ရရှိလာသဖြင့် ထိုးရ၏။ ဦးဘချိုနှင့် မိုင်းပွန် စော်ဘွားကြီးတို့အား ခွဲစိတ်ကုသရန် ပြင်ဆင်လျက် ရှိကြောင်း၊ ဒဏ်ရာရသူ ကျန်ပုဂ္ဂိုလ်များမှာအားလုံး သေဆုံးကြပြီဖြစ်ကြောင်း ကျွန်တော် ဆေးရုံမှ မပြန်မီ ကြားသိခဲ့ရ၏။

ည ၈ နာရီခန့်တွင် ဒေါက်တာလှရွှေထံမှ စကား ပြောကြေးနန်းနှင့် ဝန်ကြီးများ၏ အလောင်းကို ညွှန်ကြား ချက် တစ်စုံတစ်ရာမရရှိသဖြင့် ရေခဲတိုက်သို့ မပို့ရသေးဘဲ ဆေးရုံမှာပင်ရှိသေးကြောင်း ပြောသည်။ ရေခဲတိုက်သို့ ပို့သာပို့ပါ။ ကျွန်တော် လုံးဝတာဝန်ယူပါမည်ဟု အကြောင်းပြန်ကြားလိုက်၏။

ယခုကဲ့သို့ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံ့မျက်နှာဖုံး ခေါင်းဆောင်ကြီးများ ကျဆုံးရခြင်းမှာ မိမိ၏ စေတနာကို မိမိယုံကြည်လွန်းသောကြောင့် ဖြစ်၏။ ထိုသို့မဖြစ်မီ အချိန်တော်ကြာကပင် ဗိုလ်ချုပ်နှင့်တကွ ဝန်ကြီးများအား သတ်ဖြတ်ရန် ကြံစည်စိုင်းပြင်းလျက်ရှိကြကြောင်း အစီရင်ခံစာအမျိုးမျိုး အကြိမ်ကြိမ်ရရှိခဲ့၏။ ထိုသို့ အစီရင်ခံစာများရရှိ၍ ဆွေးနွေးကြသောအခါတွင် ဗိုလ်ချုပ်က 'ကျွန်တော်တို့လို စေတနာသန့်သန့်ရှင်းရှင်းနဲ့ အဘက်ဘက်က စင်ကြယ်တဲ့သူတွေကို သတ်မယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ ကျွန်တော်တို့ကိုသတ်ရင် တစ်နိုင်ငံလုံး က အုံကြွပြီး သူတို့ကိုကော မသတ်ဘဲ နေပါ့မလား' ဟု ပြောဖူး၏။

ဝန်ကြီးအစည်းအဝေး အခမ်းအနား စသည်တို့တွင် လက်နက်ကိုင် ပုလိပ်အစောင့်အရှောက်၊ စစ်တပ် အစောင့်အရှောက်တို့ကို ဗိုလ်ထွန်းလှက စီမံလျှင် ဗိုလ်ချုပ် သဘောမကျ။ 'တို့က လူထုရဲ့ အစိုးရပါ။ လက်နက်ကိုင်အစောင့် အရှောက် မလိုပါဘူး' ဟု ပြောလေ့ရှိ၏။

မြတ်စွာဘုရားသော်မှ ဒေဝဒတ်၊ စိဉ္စမာန စသော ရန်သူများ ရှိနေသေးကြောင်းကို ပညာရှိသော်လည်း သတိဖြစ်ခဲ ဆိုသောစကားအတိုင်း ကျွန်တော်တို့ မဆင်ခြင်မိဘဲ ပေါ့ပေါ့ဆဆနေလွန်းလှသဖြင့်သာ ယခု ကဲ့သို့ ခေါင်းဆောင်ကြီးများ ရေတိမ်မှာ နစ်ကြရရှာ ပေသည်။

ဦးစော၏အကြံသည် တစ်ရက်တည်းစောသွား သဖြင့် အောင်မြင်ခဲ့သည်။ စစ်တပ်မှ ဘရင်းဂန်း အလက် ၂ဝဝ ဦးစောလိမ်၍ထုတ်ကြောင်း သတင်းကို သခင်မြ တွင်လည်းကောင်း၊ ကျွန်တော့်တွင်လည်းကောင်း အခိုင် အလုံရရှိထားကြပြီးဖြစ်၍ ထိုနေ့ ဝန်ကြီးများ အစည်း အဝေးနောက်ပိုင်း အထွေထွေခန်းတွင် ဦးစောအား ဖမ်းရန် ညွှန်ကြားဖို့ ဆုံးဖြတ်ဖွယ်ရှိ၏။

ဦးစောနှင့် အပေါင်းပါတို့သည် ဗိုလ်ချုပ်အောင်ဆန်း နှင့် နိုင်ငံ့မျက်နှာဖုံး အခြားခေါင်းဆောင်ကြီးများအား သတ်လိုက်ခြင်းဖြင့် ထိုပုဂ္ဂိုလ်များ အားသာ သေစေ သည်မဟုတ်၊ နိုင်ငံတစ်ခုလုံးကိုပင် သေစေသည် မည်၏။

ကံကောင်းသူ ဝန်ကြီးများ
ထိုနေ့ အစည်းအဝေးတွင် မတက်ရောက်သဖြင့် ကံကောင်းသော ဝန်ကြီးများမှာ ဦးကျော်ငြိမ်း၊ ဆမား ဒူးဝါး၊ စောစံဘိုးသင်နှင့် ဦးဝမ်ကိုဟော တို့ ဖြစ်ကြ၏။ ထိုအခါက ပြည်ထဲရေးဌာနဝန်ကြီးဖြစ်သော ဦးကျော်ငြိမ်း မှာ အင်္ဂလန်သို့ သွားနေခိုက်ဖြစ်၍ ပြည်ထဲရေးဌာနကို ပျော်ဘွယ်ဦးမြက အုပ်ချုပ်လျက်ရှိ၏။ ကျန်ဝန်ကြီး သုံးဦး မှာ နယ်သို့ရောက်ရှိ ခရီးလွန်နေ၍ အစည်းအဝေး မတက်ဖြစ်ဟု သိရ၏။

ဦးဗဂျမ်း(သတိုးမဟာသရေစည်)
ဗ-လ-စ-ဌာနချုပ်-ဥက္ကဋ္ဌ

မီးပျက်သွားလည်းလင်းနေတဲ့ AC/DC CTL မီးလုံးလေးတွေအိမ်မှာတပ်ထားပြီးပြီလား ?EPC ကအရင်လိုမီးအကြာကြီးမပျက်တော့ပေမဲ့ မိုးရွာလိ...
12/07/2020

မီးပျက်သွားလည်းလင်းနေတဲ့ AC/DC CTL မီးလုံးလေးတွေအိမ်မှာတပ်ထားပြီးပြီလား ?

EPC ကအရင်လိုမီးအကြာကြီးမပျက်တော့ပေမဲ့ မိုးရွာလို့‌ရှော့ဖြစ်တဲ့အခါ၊ Transformer တွေပျက်လို့ပြင်တဲ့အခါ မကြာခဏပျက်တတ်ပါသေးတယ်. အဲလိုမီးခဏပျက်တဲ့အခါ အိမ်မှာမီးမှောင်မသွားချင်ဘူး. Inverter နဲ့ Battery အိုးကြီးလည်း တပ်ဆင်မထားချင်ဘူးဆိုရင်တော့ ဒီလို AC/DC မီးလုံးလေးတွေတပ်ထားလိုက်ရင် မီးပျက်သွားလည်း တစ်အိမ်လုံးလင်းနေမှာပါ.
တစ်လုံးကို 3,000 ပတ်၀န်းကျင်လောက်ရှိပြီး မီးပျက်သွားရင် Battery က 1 နာရီ်လောက်အထွန်းခံပါတယ်. အမြဲတမ်းသုံးမယ်၊ မီးလည်းခဏခဏပျက်တယ်ဆိုရင်တောင် 1 နှစ်လောက်အေးဆေးခံပါတယ်.

အသေးစိတ်သိချင်လိုဖြစ်စေ.
မှာယူတပ်ဆင်ချင်လိုဖြစ်စေ.
Messenger သို့မဟုတ် ဖုန်းနံပါတ် 09 777 200 404
ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ .

🏠 ကောင်းမွန် 🏠
သင့်အတွက်
အကောင်းဆုံးနှင့်ယုံကြည်စိတ်အချရဆုံးဝန်ဆောင်မှု

အမှတ်(15)၊ ၃လွှာ(B)၊ ပုသိမ်ညွှန့် (၇)လမ်း၊ ပုသိမ်ညွှန့်ရက်ကွပ်၊ မဂ်လာတောင်ညွှန့်မြို့နယ်၊ ရန်ကုန် ။
📧 - [email protected]
☎️ - 09 777 200 404

🎁 လိုချင်နေပြီမလား 🎁ဟုတ်ပါတယ် အရမ်းလှပါတယ်.လူကြီးမင်းတို့၏ ဧည့်ခန်းနံရံမှာ ဒီလိုဒေါင်းပုံနာရီလေးတပ်ထားလိုက်ရင်ကတော့ အရမ်...
07/07/2020

🎁 လိုချင်နေပြီမလား 🎁

ဟုတ်ပါတယ် အရမ်းလှပါတယ်.

လူကြီးမင်းတို့၏ ဧည့်ခန်းနံရံမှာ ဒီလိုဒေါင်းပုံနာရီလေးတပ်ထားလိုက်ရင်ကတော့ အရမ်းကိုကျက်သရေမဂ်လာရှိနေမှာပါ.

နောက်ပြီးအိမ်ခန်းနံရံမှာလည်း ဒေါင်းရုပ်ပုံနံရံကပ်မီးလေးတပ်လိုက်တော့ … 😍😍😍… အဲလဲ့ (ညအိပ်မီးလေးကိုကြည့်ပြီး အိမ်မက်လှလှမက်နိုင်ပြီပေါ့ … အာ့ ပြောတာပါ 😁)

တခြား Wall Lamp မီး Design မျိုးစုံနဲ့ မျက်နှာကျက်မီး၊ မီးဆိုင်း၊ UFO မီးဝိုင်း၊ မီးလုံး၊ မီးချောင်း၊ LED မီးမျိုစုံရရှိနိုင်တဲ့အပြင် လာရောက်တပ်ဆင်ပေးတဲ့ဝန်ဆောင်မှုလည်းရှိတော့ …

ကဲဘာလိုသေးလဲ...အခုပဲဖုန်းဆက်လိုက်တော့နော်

ဝယ်ယူ အားပေးမှုကို‌ကျေးဇူးတင်ပါတယ်

မှာယူလိုက်တဲ့ပစ္စည်းများကို လာရောက်ပို့ဆောင်ပေးခြင်းနှင့် အပြီးအစီးတပ်ဆင်ပေးသည့်ဝန်ဆောင်မှုရှိတဲ့အပြင် လျှပ်စစ်မီးသီး၊ မီးချောင်းအဟောင်းတွေကို အသစ်လဲလှယ်ပေးခြင်း၊ မီးပလပ်ပေါက်အပျက်တွေနှင့် Breaker အပျက်တွေကို ပြုပြင်လဲလှယ်တပ်ဆင်ပေးခြင်း၊ လျှပ်စစ်ဝါယာရှော့များကိုရှာဖွယ်၍ မီးကြိုးအဟောင်းများကိုလဲလှယ်ပေးခြင်း စသည့်လျှပ်စစ်နှင့်ပတ်သတ်သည့် လူကြီးမင်း၏လိုအပ်ချက်မှန်သမျှကို ကူညီဖြေရှင်းပေးဖို့ ကောင်းမွန် အဖွဲ့မှအသင့်ရှိနေပါတယ်ခင်ဗျာ ။

ဖုန်းလေးသာဆက်လိုက်ပါ ချက်ခြင်းရောက်လာမှာပါ ။



🏠 ကောင်းမွန် 🏠

အကောင်းဆုံးနှင့်ယုံကြည်စိတ်အချရဆုံးဝန်ဆောင်မှု

အမှတ်(15)၊ ၃လွှာ(B)၊ ပုသိမ်ညွှန့် (၇)လမ်း၊ ပုသိမ်ညွှန့်ရပ်ကွက်၊ မဂ်လာတောင်ညွှန့်မြို့နယ်၊ ရန်ကုန် ။

📧 - [email protected]

☎️ - 09 777 200 404

Address

Yangon
11221

Telephone

+959777200404

Website

Alerts

Be the first to know and let us send you an email when Kaung Mon - ကောင်းမွန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Mon - ကောင်းမွန်:

Share