KMA Group of Companies

KMA Group of Companies KMA stands for Kaung Myanmar Aung and the group is one of the largest conglomerates in Myanmar. KMA

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသော  ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင် ၊  အင်းလေး ဒေသများသို့ Kanb...
10/04/2025

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသော ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင် ၊ အင်းလေး ဒေသများသို့ Kanbawza Foundation နာယက ဦးအောင်ကိုဝင်း၏ ဦးဆောင်စီစဉ်ပေးမှုဖြင့် CB-KMA Foundation ၊ ကမ္ဘောဇဘဏ်၊ Kanbawza Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် တို့က အလှူငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

Kanbawza Foundation နာယက ဦးအောင်ကိုဝင်း၏ ဦးဆောင်စီစဉ်ပေးမှုဖြင့် CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် CB-KMA Foundation မိသားစုများသည် ကမ္ဘောဇဘဏ်၊ Kanbawza Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် အဖွဲ့နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင် ၊ အင်းလေး ဒေသများသို့ ( ၈-၄-၂၀၂၅) နေ့ ၌သွားရောက်ကြပြီး မြေငလျင်ဘေးဒဏ်သင့် ပြည်သူများကို အလှူငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ရှေးဦးစွာ ရွှေညောင်မြို့တိုက်နယ်ဆေးရုံသို့ Kanbawza Foundation နာယက ဦးအောင်ကိုဝင်းဦးဆောင်သည့် Kanbawza Foundation ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့တို့နှင့်အတူ CB-KMA Foundation မိသားစုများသည်ရွှေညောင်တိုက်နယ်ဆေးရုံ သို့သွားရောက်ကာ CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆေးရုံအတွက် ငွေကျပ်သိန်း (၂၀၀)အားပေးအပ်လှူဒါန်းခဲ့ပြီး အရေးပေါ်လိုအပ်နေသော စားနပ်ရိက္ခာ၊ ဆေး၊ လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများကို လည်းပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် အင်းလေးဒေသ နန်းပန် အလိုတော်ပေါက်ဘုရားသို့ သွားရောက်၍ မြေငလျင်ဒဏ်သင့် အိမ်ထောင်စု (၄၆၁)စုအတွက် ဆန်၊ ဆီ၊ ဆား အစရှိသည့် စားနပ်ရိက္ခာများ ၊ အသင့်စား စားသောက်ကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ ၊ အိမ်သုံးပစ္စည်းများနှင့် ဆေးဝါးများ စသဖြင့် ပစ္စည်း (၂၂)မျိုး ပါဝင်သော စားနပ်ရိက္ခာထုပ် (၄၆၁)ထုပ် တို့ကို Kanbawza Foundation နာယက ဦးအောင်ကိုဝင်းဦးဆောင်သည့် Kanbawza Foundation ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့တို့နှင့်အတူ CB-KMA Foundation မိသားစုများမှပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် CB-KMA Foundation မိသားစုများသည် Kanbawza Foundation ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့ တို့နှင့်အတူ ဇရပ်ကြီး‌ဒေသမြေငလျင်ဒဏ်သင့် အိမ်ထောင်စု (၁၃၅)စုအတွက် ပစ္စည်း (၂၂)မျိုး ပါဝင်သော စားနပ်ရိက္ခာထုပ် (၁၃၅)ထုပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့အပြင် ငလျင်ဒဏ်ကြောင့် ပြိုကျသွားခဲ့သော ဇရပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် CB-KMA Foundation မှ ငွေကျပ်သိန်း (၁၀၀၀)နှင့် Kanbawza Foundation မှငွေကျပ်သိန်း (၁၀၀၀) စုစုပေါင်း ငွေကျပ်သိန်း (၂၀၀၀) မတည်လှူဒါန်းပေးခဲ့ကြပြီးနောက် ကေလာကျေးရွာသို့ သွားရောက်၍ မြေငလျင်ဒဏ်သင့်ပြည်သူများ အခြေအနေများကို သွားရောက်ကြည့်ရှု့ခဲ့ကြပါသည်။

ဆက်လက်၍ သလဲဦးညောင်၀န်းကျေးရွာသို့သွားရောက်ကာ သလဲဦးညောင်၀န်းကျေးရွာနှင့် သလဲဦးအင်းကျေးရွာ (၂)ရွာရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု (၃၆၆)စု အတွက်၊ဆေး၊ လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများစသဖြင့် ပစ္စည်း (၂၂)မျိုး ပါဝင်သော စားနပ်ရိက္ခာထုပ် (၃၆၆)ထုပ် ကို CB-KMA Foundation မိသားစု၊Kanbawza Foundation ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့ မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းမှုအနေဖြင့် ဆေးဝါး နှင့် စားနပ်ရိက္ခာအထုပ်( ၁၀၀၀)စာအတွက် သိန်း (၁၀၀၀)၊ငွေသား အလှူ သိန်း(၁၂၀၀)ဖြစ်၍ စုစုပေါင်းလှူဒါန်းမှုမှာ သိန်း (၂၂၀၀)ဖြစ်ပါသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးရာဒေသများ၌ CB-KMA Foundation မိသားစု များသည်ကယ်ဆယ်၊ စာနာဖေးမကူညီမှုများ အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိပါသည်။။

CB-KMA Foundation မှ၀န်ထမ်းများ၏ငလျှင်ဘေးသင့်ပြည်သူများအတွက်ကူညီပံ့ပိုးမှုပုံရိပ်များ
06/04/2025

CB-KMA Foundation မှ၀န်ထမ်းများ၏ငလျှင်ဘေးသင့်ပြည်သူများအတွက်ကူညီပံ့ပိုးမှုပုံရိပ်များ

CB-KMA Foundation ရဲ့စစ်ကိုင်းမြို့သို့ကူညီမှုများစစ်ကိုင်းမြို့၊ မြေငလျင်ဒဏ်သင့်နေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက...
06/04/2025

CB-KMA Foundation ရဲ့စစ်ကိုင်းမြို့သို့ကူညီမှုများ

စစ်ကိုင်းမြို့၊ မြေငလျင်ဒဏ်သင့်နေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့

စစ်ကိုင်းမြို့အတွင်း မြေငလျင်ဘေး ကယ်ဆယ် ၊ စာနာ ဖေးမ လှူဒါန်းမှုများဆောင်ရွက်နေသည့် CB-KMA Foundation ဥက္ကဌ ဦးခင်မောင်အေးနှင့်အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ရှိ သကျဓီတာ သီလရှင်စာသင်တိုက်ကြီး ၊ စက္ခုမှော်ကျောင်းတိုက် ၊ မြဧရာရိပ်သာ(အိမ်မဲကြီး) ၊ ရတနာသိင်္ဂီ ပရဟိတ သီလရှင်သင် ပညာရေးကျောင်း ၊မဟာသုဗောဓာရုံကျောင်း၊ IBECကျောင်းတိုက်၊ သီရိရွှေဝါသီလရှင် စာသင်တိုက် ၊ ကြံတိုင်းအောင်စာသင်တိုက်၊ အောင်မေဦး(ဘက)ကျောင်း၊ ပြည်တော်အေး (မြို့နယ် သံဃာ့နယကဥက္ကဌရွှေဟင်္သာတိုက်သစ်တို့၌ ဆွမ်းဆန်စိမ်းနှင့် နဝကမ္မ ကပ်လှူခြင်း ၊ မြို့မဗလီ၊ မြို့တော်ဗလီ ၊မိုးကျဗလီ ၊ ဂျာမေဗလီ ၊ အထက(၁)ကျောင်း၊ နှစ်(၇၀၀)အားကစားကွင်း၊ မဟာစည်းခုံကြီးဘုရား၊ အ.ထ.က (ခွဲ)(ရန်နိုင်)ကျောင်းကွင်း၊ အိုးအိမ်ကစားကွင်းတို့၌ စားနပ်ရိက္ခာအလှူပစ္စည်:နှင့်ငွေသားလှူဒါန်းခြင်းတို့ ကို ၂.၄.၂၀၂၅ရက်နေ့က ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းမှုများ နှင့်အတူ မြေငလျင်ဘေးသင့် အသက်ဆုံးပါးရသူတို့အတွက်နှင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံယူနေရသူများ အတွက် ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းမှု၌ ရဟန်းသံဃာ ၊ သီလရှင်တို့အား ဆွမ်းဆန်စိမ်းအလှူ တပါးလျှင် ဆန် (၈) ပြည် ၊ ဆီ (၅၀)ကျပ်သားဗူးတစ်ဗူး နှင့် နဝကမ္မအလှူငွေ ငါးသောင်းကျပ် ဆက်ကပ်ခြင်း ၊ လူပုဂ္ဂိုလ်တဦးလျှင် ဆန် (၈ )ပြည် ၊ ဆီ (၅၀)ကျပ်သားတစ်ဗူး နှင့် ငွေသား ငါးသောင်းကျပ်တို့ ပေးအပ်လှူဒါန်းခြင်း ၊ အအေး နှင့် သောက်ရေသန့် များ လှူဒါန်းခြင်းတို့ကို CB KMA Foundation အဖွဲ့ က ကိုယ်တိုင်ကိုယ်ကျပေးလှူခဲ့ကြပြီး မဟာသုဗောဓာရုံကျောင်း၊ IBECကျောင်းတိုက်၊ သီရိရွှေဝါသီလရှင်စာသင်တိုက်၊ ကြံတိုင်းအောင်စာသင်တိုက်၊ အောင်မေဦး(ဘက)ကျောင်း၊ ပြည်တော်အေး (မြို့နယ် သံဃာ့နယကဥက္ကဌ၊ ရွှေဟင်္သာတိုက်သစ် ၊ အထက(၁)ကျောင်း၊ နှစ်(၇၀၀)အားကစားကွင်း၊မဟာစည်းခုံကြီးဘုရားကွင်း၊အ.ထ.က (ခွဲ)(ရန်နိုင်)ကျောင်းကွင်း၊ အိုးအိမ်ကစားကွင်းတို့ အတွက်ကိုလည်း အဖွဲ့အစည်းများက ကိုယ်စားပေးလှူပေးခဲ့ကြပါသည်။
ထိုနေ့ အတွက် အလှူပစ္စည်းနှင့် ငွေသားတန်ဖိုးလှူဒါန်းမှု စုစုပေါင်း ငွေကျပ် ၃၁၈,၀၂၂,၆၀၀ ကို လှူဒါန်းခဲ့ပါသည်။ CB-KMA Foundation အနေဖြင့် စစ်ကိုင်းမြို့၌ ၂၈.၃.၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော ၇.၇ ရစ်(ခ်) တာစကေး ရှိ အင်အားပြင်း ငလျင်ကြီးနှင့် နောက် ဆက်တွဲငလျင်များကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံ များ၊စာသင်တိုက်များ ၊ ဗလီများ ၊ လူနေအိမ်များ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်ယန္တရားကြီးများ ၊ ကျွမ်းကျင်လုပ်သားများဖြင့် ကူညီဆောင်ရွက်နေသကဲ့သို့ ငလျင်ဘေးဒဏ်သင့်ရဟန်းရှင်လူ ပြည်သူများအတွက်လည်း စားနပ်ရိက္ခာနှင့်အလှူငွေများကို လှူဒါန်းလျက်ရှိပါသည်။

CB -KMA Foundation ၏ ၂-၄-၂၅ နေ့ ကြိုးပမ်းဆောင်ရွက်မှုများစစ်ကိုင်းမြို့ စွယ်တော်နန်း ဧည့်ရိပ်မွန် ပြိုကျပျက်စီးမှု ၌  နာ...
03/04/2025

CB -KMA Foundation ၏ ၂-၄-၂၅ နေ့ ကြိုးပမ်းဆောင်ရွက်မှုများ

စစ်ကိုင်းမြို့ စွယ်တော်နန်း ဧည့်ရိပ်မွန် ပြိုကျပျက်စီးမှု ၌ နာရီပေါင်း (၁၀၀) ကျော်ကြာ ပိတ်မိနေသူ တစ်ဦးအား မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ CB-KMA Foundation ဝန်ထမ်းများ က စက်ယန္တရားများဖြင့် ကယ်ဆယ်ရင်းအသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့

28.3.2025 ရက်နေ့ မြေငလျင်လှုပ်ခတ်မှုကြောင့်စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ စွယ်တော်နန်း ဧည့်ရိပ်မွန်သည် မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများရှိခဲ့ပါသည်။ ၎င်းပျက်စီးမှုများကို CB-KMA Foundation ဝန်ထမ်းများက စက်ယန္တရားများဖြင့် ကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာအဆိုပါ လုပ်ငန်းခွင်သို့ CB-KMA Foundation ဥက္ကဌ ဦးခင်မောင်အေးမှ ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းခွင်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင်‌နေသော Myanmar Rescue Organization (Pyay) နှင့် ပရဟိတပါရမီ အဖွဲ့ (၂)ဖွဲ့ တို့အား အလှူငွေများ ပေးအပ်ခဲ့ပါသည်။။
ကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ်တွင်ကာလအတွင်း ယနေ့ နေ့လည် ၃နာရီခန့်က နာရီပေါင်း (၁၀၀) ကျော်ကြာ ပိတ်မိနေသော ဦးတင်မောင်ထွေး အသက် ၄၇ နှစ် အား အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပါသည်၊

မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်က...
02/04/2025

မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ နှင့် ပဲခူးတိုင်း ဒေသကြီးတို့မှ မြေငလျင်ဒဏ်သင့်ခဲ့ရာဒေသများ သို့ကယ်ဆယ်ကူညီရေးလုပ်ငန်းများအတွက် CB-KMA Foundation ဥက္ကဌ ဦးခင်မောင်အေး ဦးဆောင်ကာ ငွေ ကျပ် ၁၀ ဘီလီယံ ကနဦးမတည်၍
စက်ယန္တရားများ ၊ ကျွမ်းကျင်လုပ်သားများ ဖြင့် CB Bank , Myanmar Metro Bank , KMA Group of Companies, Channel K မိသားစုများက
ကယ်ဆယ်ကူညီရေးလုပ်ငန်းများ ကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

02/04/2025

CB - KMA Foundation မှလှုပ်ရှားမှုများ

ယနေ့ ၁. ၄. ၂၀၂၅ ရက်နေ့ မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့တို့၌ CB-KMA Foundation မှကယ်ဆယ်ကူညီ ပေးလှူမှုများဆက်လက်ဆောင်ရွက်
__________

မြေငလျင်ဘေးကယ်ဆယ်ကူညီပေးလှူမှုများဆောင် ရွက်လျက်ရှိသည့် CB - KMA Foundation အနေဖြင့်
၂၈.၃.၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်‌သင့်ဒေသများရှိ ပြိုကျပျက်စီးအဆောက်အအုံ
တို့၌ပိတ်မိနေသူများအားရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် Backhold စက်ယန္တရားများနှင့်ကျွမ်းကျင်ပညာရှင်မျာ:ဖြင့် ဆောင်ရွက် ကူညီခြင်း၊ မြေငလျင်ဘေးဒဏ်သင့်ပြည်သူ ရဟန်းရှင်လူ ဘာသာလူမျိုးမရွေးကို ဆန်ဆီအစရှိသည့် စားနပ်ရိက္ခာ ၊ ထောက်ပံ့ငွေ ပေးလှူ ကူညီခြင်းတို့အား CB-KMA Foundation ဥက္ကဌ ဦးခင်မောင်အေး ၏ အနီးကပ်ဦးဆောင်မှု ၊ လမ်းညွှန်မှုတို့ ဖြင့် ဆောင်ရွက်နေကြလျက်ရှိပါသည်။

ယင်းသို့ ကယ်ဆယ်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေကြမှုတို့အနက် မြေငလျင်ဒဏ်ကြာင့် မြေညီထပ် တစ်ခုလုံး မြေကြီးအတွင်းသို့ ကျွံဝင်ပျက်စီိးခြင်း ၊ အကာအရံအုတ်တံတိုင်းကြီးများ ပြိုကျ ပျက်စီိးခြင်းတို့ကြုံတွေ့ခဲ့ရသည့် မန္တလေးမြို့ ၇၈ လမ်း နှင့် ၁၁၅လမ်းထောင့်ရှိ Aung Myint Mo Hotel ( ၇ ထပ်အဆောက်အအုံ ) ၊ ၎င်းနှင့်ကပ်လျက်ရှိသော Aung Myint Mo Hotel (၅ ထပ် အဆောက်အအုံ ) တို့အတွင်း ပျောက်ဆုံးနေသူများ၊ ဟိုတယ်ဝန်ထမ်းများကို ရှာဖွေ‌‌ကူညီ ကယ်ထုတ်ပေးနိုင်ရန်အတွက် လည်း CB - KMA Foundation မှBackhold စက်ယန္တရားများ၊ကျွမ်းကျင်ပညာရှင်များလုပ်သားမျာဖြင့် အဆိုပါ ပြိုကျပျက်စီးအဆောက်အအုံနေရာများတွင်ကူညီဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ စစ်ကိုင်းမြို့၌လည်း မြေငလျင်ဘေးကယ်ဆယ်ကူညီပေးလှူမှုများဆောင် ရွက်လျက်ရှိရာ
မြေငလျင်ကြောင့် နေအိမ်ပြိုကျပျက်စီးခြင်းကြုံခဲ့ကြရသူ ပြည်သူများအတွက် စားနပ်ရိက္ခာပေးလှူမှုကို ယနေ့ ၁.၄.၂၀၂၅ ရက်နေ့ အစီအစဉ်အတွင်း စစ်ကိုင်းမြို့၊ ရပ်ကွက် ၁၆ ရပ်ကွက် ရှိ မိဘပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ပြည်၊ ဆီ ၅၀ သား ၁ဘူး ၊ ငွေကျပ် ငါးသာင်း စီ ပံ့ပိုးလှူဒါန်း‌ မှုအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြပါသည်။

ဆက်လက်၍ မြေငလျင်ဘေးသင့်ရာဒေသများ၌ စာနပ်ရိက္ခာ‌ပေးလှူခြင်း ၊ ရှာဖွေ ကယ်ဆယ်ကူညီပေးခြင်းလုပ်ငန်းများအပြင် ပြိုကျပျက်စီးသွားသည့်နေအိမ်အဆောက်အအုံများနှင့်တိမ်းစောင်းသွားသည့် နေအိမ်များ( လူနေထိုင်ရန်မသင့်တော့သည့်အဆောက်အအုံများ) အား ယင်းနေရာရှိအပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်းလုပ်ငန်းများကို လည်းCB-KMA Foundation မှ စက်ယန္တရားများအသုံးပြုကာ ရှင်းလင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Job Vacancy!IT ဌာနတွင် အလုပ်လုပ်ကိုင်ရန်အောက်ပါအတိုင်းအလိုရှိပါသည်။ အတွေ့အကြုံမရှိသူများလဲလျှောက်ထားနိုင်ပါသည်။Position:...
30/09/2023

Job Vacancy!
IT ဌာနတွင် အလုပ်လုပ်ကိုင်ရန်အောက်ပါအတိုင်း
အလိုရှိပါသည်။ အတွေ့အကြုံမရှိသူများလဲလျှောက်ထားနိုင်ပါသည်။

Position: Project Documentation Supervisor
Department: Project & Documentation (Corporate IT Division)

Job Responsibilities:
-Assisting Project Documentation Manager.
-Creating assigned project documents.
-Organising and preparing project data, slides, notes, timeline, invoices, expenses, reports and related documents.
-Speaking and meeting with vendor contacts whenever necessary.
-Organising an archiving system.
-Labelling, sorting, and categorizing documents and IT hardware for ease of use.
-Retrieving and Sending documents upon request.
-Outlining a long-term storage strategy.
-Working with colleagues to ensure consistency of documentation practice across the company.
-Training employees on efficient documentation usage.
-Ensuring documentation integrity.
-Controlling access to documents.
-Sharing technical knowledge articles, letters, information and training documents to the organization.
-Removing documents that are obsolete.
-Utilising storage software and applications for electronic filing.
-Performing transcription and conversion work.
-Proofreading documents upon request.
-Handling intake, scanning, verification, and storing documents and IT hardware.
-Track stocks of office supplies and place orders when necessary.
-Submit timely reports and prepare presentations/proposals as assigned. Assist colleagues whenever necessary.

Qualifications:
-Bachelor Degrees or a Diploma in IT, Business, Marketing, Sales, Finance, Administration or
Management (Optional).
-Knowledge of document management systems (optional).
-Excellent skills in using Office 365, Outlook, Share point, Office, Excel, Power Point, Microsoft Office.
-Good English skills.
-Ability to type in Burmese/English.
-Excellent presentation skills.
-Outstanding communication, collaboration skills, ability to work well under pressure.
-Excellent organisational skills.
-Ability to plan for and keep track of multiple projects and deadlines.
-Fresh graduates are welcome to join.

Please email your CV at [email protected] or apply through our website at https://www.kmagroup.com.mm/careers

Job Vacancy! ကျား/မ လုံခြုံရေးဝန်ထမ်းများအလိုရှိပါသည်။နေစရာစီစဉ်ပေးမည်။ ရန်ကုန်တိုင်းရုံးချုပ် နဲ့ ဒေသဆိုင်ရာလုံခြုံရေးဌ...
27/09/2023

Job Vacancy! ကျား/မ လုံခြုံရေးဝန်ထမ်းများအလိုရှိပါသည်။
နေစရာစီစဉ်ပေးမည်။ ရန်ကုန်တိုင်းရုံးချုပ် နဲ့ ဒေသဆိုင်ရာလုံခြုံရေးဌာနများတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ အလိုရှိပါသည်။ အခြားတိုင်းဒေသများတွင်လဲတာဝန်ထမ်းဆောင်လိုပါကဆက်သွယ်နိုင်ပါသည်။

Position: Security Guard
Department: Operation (Corporate Security Division)

Job Responsibilities:
-မိမိတာဝန်ယူထားသည့် နယ်မြေအတွင်း လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး စနစ်တကျ လှည့်ကင်း/ရပ်ကင်းများဆောင်ရွက်ရမည်။

-မိမိလုံခြုံရေးတာဝန်ယူရသည့် အဆောက်အဦး၊ ဂိုဒေါင်၊ နေရာအသီးသီးအား မီးဘေးအန္တရာယ်၊ ပေါက်ကွဲစေသောအန္တရာယ်၊ အခြားအကြောင်းကြောင်းကြောင့် အန္တရာယ်ဖြစ်စေ နိုင်သောအခြေအနေတွေ့ရှိပါက အရေးပေါ်တပ်လှန့်အချက်ပေးခြင်းကို ဆောင်ရွက်ရမည်။

-လုံခြုံရေးအထက်အရာရှိ ခွင့်ပြုချက်မရဘဲ မိမိတာဝန်ကျရာနေရာကို စွန့်ခွာမသွားရ။

-အထက်ဌာနများမှအခါအားလျော်စွာထုတ်ပြန်သည့်အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရမည်။

-လုံခြုံရေးကျိုးပေါက်မှုများ၊ ထူးခြားဖြစ်စဉ်များကို လုံခြုံရေးအထက်အရာရှိ ထံချက်ခြင်းသတင်းပို့ရမည်။

-မသင်္ကာဖွယ်ရာလူတစ်ဦးတစ်ယောက်တွေ့ရှိပါကယဉ်ကျေးစွာဆက်ဆံ၍ တိကျစွာစစ်ဆေးမေးမြန်းပြီး လိုအပ်ပါက ရှာဖွေစစ်ဆေးခြင်းပြုလုပ်ရမည်။

Job Requirements:
-ကိုယ်ခံပညာတက်မြောက်ထားသူဦးစားပေးမည်။

-နေ့/ည အချိန်မရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

-မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သောက်စားခြင်း ကင်းရှင်းသူဖြစ်ရမည်။

-တပ်မတော်၊ ရဲတပ်ဖွဲ့ အငြိမ်းစားဖြစ်ပါက ဌာန၏ခွင့်ပြုမိန့် (သို့) အငြိမ်းစား နုတ်ထွက်ခွင့်ပြုမိန့် ပါရှိရမည်။

-အရပ်အမြင့် ၅’ ၇” နှင့်အထက်ရှိသူဖြစ်ရမည်။

-အသက်(၁၈)နှစ်မှ (၄၅)အတွင်းဖြစ်ရမည်။

-ကုမ္ပဏီ၏ Project အသစ်များတွင် လုပ်ငန်းလိုအပ်ချက်အရ Operation တွဲဘက်တာဝန်ထမ်းဆောင်နိုင်သူ မြို့တွင်း၊ မြို့ပြင်နေရာဒေသတစ်ခုသို့ ယာယီတွဲဘက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

-ကျား/မ မရွေးလျှောက်ထားနိုင်သည်။

-သတ်မှတ်ယူနီဖောင်းအား သန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ရမည်။

ဆက်သွယ်ရန်လိပ်စာ။ ။ ဆရာစံပလာဇာ ၊ တတိယထပ် ၊ လုံခြုံရေးဌာန ဆရာစံလမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။

ဖုန်းနံပါတ်။ ။ ၀၉ ၉၇၅၂၇၂၁၂၀
၀၉ ၆၉၂၃၀၈၈၃၉

Job Vacancy!IT ဌာနတွင် အလုပ်လုပ်ကိုင်ရန်အောက်ပါအတိုင်းအလိုရှိပါသည်။ အတွေ့အကြုံမရှိသူများလဲလျှောက်ထားနိုင်ပါသည်။Position:...
26/09/2023

Job Vacancy!
IT ဌာနတွင် အလုပ်လုပ်ကိုင်ရန်အောက်ပါအတိုင်း
အလိုရှိပါသည်။ အတွေ့အကြုံမရှိသူများလဲလျှောက်ထားနိုင်ပါသည်။

Position: Helpdesk/ IT Support
Department: Infrastructure (Corporate IT Division)

Job Responsibilities:
-Installing Windows PCs, monitors, etc.
-Installing printers, scanners.
-Installing enterprise software: MS Office/365.
-PC troubleshooting.
-Network connection troubleshooting.
-Repairing and replacing equipment as necessary.
-Testing new technology.
-Resolving IT support requests/tickets from departments and employees.
-Logging all service requests and updating tickets as needed.
-Gathering and analyzing data to diagnose problems with computer systems.
-Printer sharing, scanner driver installation, antivirus installation and standard software installation.
-Installing new software and hardware drivers and updating existing ones as needed.
-Training end-users on hardware functionality and software programs.
-Monitoring hardware, software and system performance metrics.
-Updating computer software as well as upgrading hardware and systems.
-Documenting process and performing diagnostic tests.
-Keeping track of technological advancements and trends in IT support.
-Support user issues and guidance the users for the new applications.
-When necessary, assist with office administrative chores such as office facility upkeep (supplies/repairs)coordination of corporate activities.
-Answering employee questions regarding computer systems and remark office staff technical complaints.
-Customer service skills to interact professionally and positively with employees and coworkers.

Qualifications:
-Diploma in computer science, information technology or related field (optional).
-Excellent knowledge on computer hardware and software.
-Independent & good team player with great interpersonal skills.
-Ability to work under pressure.
-Collaboration skills.
-Fresh graduates are welcome to join.

Please email your CV at [email protected] or apply through our website at https://www.kmagroup.com.mm/careers

Vacancy Announcement လုံခြုံရေးဝန်ထမ်းများအလိုရှိပါသည်။ရန်ကုန်တိုင်း၊ ပဲခူတိုင်း ဒေသလုံခြုံရေးဌာနများတွင် တာဝန်ထမ်းဆောင်...
27/04/2023

Vacancy Announcement
လုံခြုံရေးဝန်ထမ်းများအလိုရှိပါသည်။

ရန်ကုန်တိုင်း၊ ပဲခူတိုင်း ဒေသလုံခြုံရေးဌာနများတွင် တာဝန်ထမ်းဆောင်ရန်၊ အောက်ပါရာထူး အလိုက် ဝန်ထမ်းများ အလိုရှိပါသည်။ အခြားတိုင်းဒေသများတွင်လဲတာဝန်ထမ်းဆောင်လိုပါကဆက်သွယ်နိုင်ပါသည်။ ကျား/မ မရွေး လျောက်ထားနိုင်ပါသည်။

၁။ Regional Security Manager
၂။ Security Captain
၃။ Security Supervisor
၄။ Security Guard

၁။ Security General Counselor
၂။ Security Enforcer
၃။ Regional Inspector

၁။ Special Unit Manager
၂။ Special Unit Security

ဆက်သွယ်ရန်လိပ်စာ။ ။ ဆရာစံပလာဇာ ၊ တတိယထပ် ၊ လုံခြုံရေးဌာန ဆရာစံလမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။

ဖုန်းနံပါတ်။ ။ ၀၉ ၉၇၅၂၇၂၁၂၀
၀၉ ၆၉၂၃၀၈၈၃၉

We are active looking for the following positions for Security Division:

1. Regional Security Manager
2. Security Captain
3. Security Supervisor
4. Security Guard

1. Security General Counselor
2.Security Enforcer
3.Regional Inspector

1.Special Unit Manager
2.Special Unit Security

for Yangon & Bago Regions.

Other regions also available if you are interested.
Please send your resume to [email protected] or
[email protected] if you are interested.

CB Bank  ဥက္ကဋ္ဌကြီးဦးခင်မောင်အေး၏ စီစဉ်လမ်းညွှန်မှုဖြင့် CB Bank မှ Covid-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (Covid-19...
13/01/2021

CB Bank ဥက္ကဋ္ဌကြီးဦးခင်မောင်အေး၏ စီစဉ်လမ်းညွှန်မှုဖြင့် CB Bank မှ Covid-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (Covid-19 Vaccination Fund) သို့ ငွေကျပ်သိန်းပေါင်း နှစ်သောင်း (၂ ဘီလီယံ)အား လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူပြည်သားများ Covid-19 ကာကွယ်ဆေး အခမဲ့ထိုးနှံနိုင်ရန် CB Bank မိသားစု၏ ယခုလိုလှူဒါန်းမှု အစုစုတို့အတွက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ပါရန် မျှဝေလိုက်ပါသည်။



၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော  (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အား လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုအပ်ပါသည်။
04/01/2021

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အား လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုအပ်ပါသည်။


Address

5th Floor, Tower B, Co-operative Business Centre, Corner Of New University Avenue & Sayar San Road, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951401480

Alerts

Be the first to know and let us send you an email when KMA Group of Companies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KMA Group of Companies:

Share