Dream House

Dream House Property

18/02/2026

အရပ်စာချုပ် လယ်ယာမြေမှ ပုံစံ (၇)သို့
ပုံစံ (၇) ရနိုင်/မရနိုင်ဆိုတာက —
✔ ဝယ်ယူချိန်
✔ လက်ရှိအသုံးပြုနည်း
✔ လက်ရှိလုပ်ကိုင်နေမှု
✔ မြေအငြင်းပွားရှိ/မရှိ
တို့အပေါ် မူတည်ပါတယ်။

၁။ စိုက်ပျိုးရေးအတွက်ပဲ သုံးနေတဲ့ မြေ
👍၂၀၁၂ မတိုင်မီ ဝယ်ထားရင် ပိုလွယ်နိုင်ပါတယ်။
၂၀၁၂ နောက်ပိုင်း ဝယ်ထားရင်လည်း-
👉လက်ရှိ လက်ငုတ်လုပ်ကိုင်နေသူ ဖြစ်ရမည်
👉မြေအငြင်းပွားမရှိရ
👉ကန့်ကွက်သူမရှိရ
ဒါဆိုရင် လျှောက်ထားနိုင်ပါတယ်။

လိုအပ်ချက်များ-👇
မြေဟာ တရားဝင် လယ်ယာမြေအမျိုးအစား ဖြစ်ရမည်
မြေစာရင်းဌာနမှာ တိုင်းတာမြေပုံ ရှိရမည်။
ကိုယ်တိုင် လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသူ ဖြစ်ရမည်။

လျှောက်ထားနည်း အကျဉ်း✍️
ရပ်ကျေး လယ်စီထံမှ ပုံစံ (၁) ယူဖြည့်
အုပ်ချုပ်ရေးမှူးနှင့် သက်သေ (၂) ဦး ထောက်ခံချက်ယူ
အဆင့်ဆင့် စိစစ်ပြီး ခွင့်ပြုပါက-
မှတ်ပုံတင်ကြေး ၅၀၀ ကျပ်ပေး၍ ပုံစံ (၇) ထုတ်ပေးမည်

၂။ စိုက်ပျိုးရေး မသုံးဘဲ အခြားနည်းသုံးနေသော မြေ
လယ်ယာမြေဖြစ်ပေမယ့် အိမ်၊ အဆောက်အဦး စသည်ဖြင့် အသုံးပြုနေပါက —
❌ ပုံစံ (၇) မထုတ်ပေးပါ
➡ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် (လယ-၃၀) ကို လျှောက်ထားသင့်ပါသည်။

အကျဉ်းချုပ် ✍️
ပုံစံ (၇) ရချင်ရင် —
✔ မြေဟာ လယ်ယာမြေ ဖြစ်ရမယ်
✔ ကိုယ်တိုင် စိုက်ပျိုးလုပ်ကိုင်နေသူ ဖြစ်ရမယ်
✔ မြေအငြင်းပွားမရှိရဘူး
✔ စိုက်ပျိုးရေးအတွက် အသုံးပြုနေရမယ်
အခြားနည်းသုံးနေပါက ပုံစံ (၇) မရနိုင်ပါ။

Dream House

18/02/2026

မိတ္တူခြမ်းမြေ ဝယ်ယူခြင်းရဲ့ နောက်ဆက်တွဲ

​မြေကွက်တွေကို မိတ္တူခြမ်းနဲ့ ဝယ်ယူခြင်းဟာ စျေးနှုန်းအရ အနဲငယ်သက်သာနိုင်ပေမဲ့ စာရွက်စာတမ်းခိုင်မာမှုအပိုင်းမှာ အားနည်းချက်ရှိပါတယ်။ ဝယ်ယူသူတွေ ကြုံတွေ့ရနိုင်တဲ့ အဓိကအခက်အခဲတွေကတော့ -

၁။ ​အမည်ပေါက်လျှောက်ထားရန် ခက်ခဲခြင်း:
ပါမစ်မြေကို မိတ္တူနဲ့ဝယ်ထားရင် မိမိနာမည်နဲ့ ဂရံလျှောက်ဖို့အတွက် မူရင်းကိုင်ဆောင်ထားသူနဲ့ မဖြစ်မနေ ညှိနှိုင်းရပါတယ်။ မူရင်းသမားက ဂရံမလျှောက်ချင်ဘူးဆိုရင် ရှေ့ဆက်ဖို့ လုံးဝမလွယ်ကူပါဘူး။

၂။ ​မူရင်းပိုင်ရှင်အပေါ် မှီခိုနေရခြင်း:
ဂရံမိတ္တူကို မိမိနာမည်ပေါက်ပြောင်းချင်ရင်ပဲဖြစ်ဖြစ်၊ ဂရံခွဲစိတ်ချင်ရင်ပဲဖြစ်ဖြစ် မူရင်းဂရံကိုင်ထားသူနဲ့ အတူတူပူးတွဲ ဆောင်ရွက် ရတာကြောင့် တစ်ဦးတည်း လုပ်ဆောင်လို့မရပါဘူး။

၃။ ​ပြန်လည်ရောင်းချရာတွင် အဟန့်အတားဖြစ်ခြင်း:
ပါမစ်မြေပဲဖြစ်ဖြစ် ဂရံမြေပဲဖြစ်ဖြစ် နောင်တစ်ချိန် ပြန်ရောင်းချတဲ့အခါ ဝယ်သူကို စာရွက်စာတမ်းမူရင်း ပြသနိုင်ဖို့အတွက်သော်လည်းကောင်း Power လွှဲပြောင်းရေး ကိစ္စများတွင် လည်းကောင်း မူရင်းပိုင်ရှင်ဆီက အကူအညီတောင်းရပါတယ်။ အဲဒီအခါမှာ တချို့မူရင်းပိုင်ရှင်တွေက ငွေကြေးတောင်းခံတာ ဒါမှမဟုတ် ကူညီဖို့ ငြင်းဆန်တာမျိုးတွေ ကြုံရတတ်ပါတယ်။

Dream House

Idea for pallets
18/02/2026

Idea for pallets

18/02/2026
Container houses
11/01/2026

Container houses

11/01/2026
mini pool ideas
11/01/2026

mini pool ideas

mini garden
11/01/2026

mini garden

Coffee shop ideas
09/01/2026

Coffee shop ideas

Modern house designs
09/01/2026

Modern house designs

Outdoor Kitchen ideas
07/01/2026

Outdoor Kitchen ideas

Address

153 Street
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Dream House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share