Venture Synergy

Venture Synergy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Venture Synergy, Consulting Agency, No. 994/A, Thuzita 4 Street, 2 Qtz, North Okkalarpa Tsp, Yangon.

ရှေ့ဆက်မယ့် ခရီးစဉ်သစ်တစ်ခုအတွက် အောင်မြင်တဲ့ ခြေလှမ်းသစ် တစ်ရပ်!Venture Synergy Co.,Ltd နဲ့ မြန်မာနိုင်ငံ အဝေးပြေးကုန်စ...
02/07/2026

ရှေ့ဆက်မယ့် ခရီးစဉ်သစ်တစ်ခုအတွက် အောင်မြင်တဲ့ ခြေလှမ်းသစ် တစ်ရပ်!

Venture Synergy Co.,Ltd နဲ့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကြီး တို့ရဲ့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။

အခမ်းအနားမှာ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးတင်ယု နဲ့ Venture Synergy Co.,Ltd ရဲ့ MD ဦးထွန်းနိုင်ဦး တို့က နှစ်ဦးနှစ်ဖက် အနာဂတ်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အပြန်အလှန် ဂုဏ်ယူဝမ်းမြောက်ဖွယ် အမှာစကားများ ပြောကြားခဲ့ကြပြီး နှစ်ဦးနှစ်ဖက် တာဝန်ရှိသူများမှ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်ကြီးတွေရဲ့ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းဖို့နဲ့ ပိုမိုဘေးကင်းစိတ်ချရတဲ့ အနာဂတ်တစ်ခုကို ဖန်တီးဖို့ Venture Synergy Co.,Ltd က အကောင်းဆုံး Third Party Adminstrator အနေနဲ့ အမြဲတမ်း ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။

ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြသူများနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များအားလုံးကို အထူးကျေးဇူးတင်ရှိရင်း၊ အခမ်းအနား အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။








မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် Venture Synergy Co,Ltd တို့ ပူးပေါင်းစီစဉ်...
25/06/2026

မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် Venture Synergy Co,Ltd တို့ ပူးပေါင်းစီစဉ်ပြီး EFI General Insurance က အဓိကပံ့ပိုးကူညီသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာစိန်ခေါ်မှုများနှင့် အာမခံ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲပြုလုပ်မည်။

အဆိုပါဆွေးနွေးပွဲကို ဇူလိုင် ၄ ရက်(စနေနေ့) တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဘုရင့်နောင်ရှိ ကုန်စည်ဒိုင်အပေါ်ထပ်အစည်းအဝေးခန်းမတွင် ပြုလုပ်မည်ဖြစ်ပါသည်။

EFI အာမခံ၏ဝန်ဆောင်မှုများရှင်းလင်းတင်ပြခြင်း၊ Logistics & SCM မဂ္ဂဇင်းမှမိတ်ဆက်အမှာစကားပြောကြားခြင်း၊ Venture Synergy ကုမ္ပဏီမှမိတ်ဆက်အမှာစကားပြောကြားခြင်းများနှင့်အတူ ဆရာမဒေါ်လှလှရီက မြန်မာနိုင်ငံ အဝေးပြေး ကုန်စည့်ပို့ဆောင်ရေးလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသော မောင်းနှင်မှုစနစ် (Green Transport) အတွက် ကုန်တင်ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းနှင်သူများ၏ အရေးပါသော အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားမည်ဖြစ်သည်။

ယင်းဆွေးနွေးပြောကြားမှုအစီစဉ်ပြီးနောက်တွင် ဦးတင်မောင်ဦး၊ ဦးထွန်းနိုင်ဦး၊ ဒေါ်လှလှရီ၊ ဦးအောင်ဇော်သက် တို့က သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့်အာမခံ ခေါင်းစဉ်ဖြင့်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သည်။
စိတ်ပါဝင်စားပါကတက်ရောက်နိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။

12/06/2026
  Our Director Daw Theint Thandar Oo 👏👏👏🏅🏆🎖For the achievement of the best insurance agent of marine insurance in Myanma...
18/02/2026

Our Director
Daw Theint Thandar Oo 👏👏👏🏅🏆🎖

For the achievement of the best insurance agent of marine insurance in Myanmar by Global World Insurance.

◼ သဘာဝေဘးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲပြုလုပ်Logistics & SCM Magazine  မဂ္ဂဇင်းနှင့် Venture Synerg...
04/02/2026

◼ သဘာဝေဘးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲပြုလုပ်

Logistics & SCM Magazine မဂ္ဂဇင်းနှင့် Venture Synergy ကုမ္ပဏီတို့ပူးပေါင်းစီစဉ်သည့် “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အာမခံ'' ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ၇ မိုင်ခွဲ၊ ပြည်လမ်းရှိ EFI General ရုံးချုပ်တွင်ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် EFI General မှ MD ဦးအေးမင်းသိန်းက အမှာစကားပြောကြားပြီး ကိုတင်မောင်ဦး (Founder of Logistics & SCM magazine)၊ Mr. William(Author/Advisor)၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဒေါာမို့မို့အောင်၊ Venture Synergy ကုမ္ပဏီမှအကြံပေးဦးခင်မောင်မြင့် တို့ကအဓိကပါဝင်ဆွေးနွေးခဲ့သည်။

ထို့ပြင် တက်ရောက်လာသည့် အာမခံဆိုင်ရာစိတ်ဝင်စားသူများ၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

 #နောင်ဆွေးနွေးပွဲများအားယခုထက်လူဦးရေများများတက်ရောက်နိုင်ရန်ကြိုးစားသွားပါမည်။Feb 4ရက်နေ့တွင် ကျင်းပမည့်  #သဘာဝဘေးအန္တ...
02/02/2026

#နောင်ဆွေးနွေးပွဲများအားယခုထက်လူဦးရေများများတက်ရောက်နိုင်ရန်ကြိုးစားသွားပါမည်။

Feb 4ရက်နေ့တွင် ကျင်းပမည့် #သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲ အတွက်တက်ရောက်မည့် လူဦးရေနှင့် ထိုင်ခုံနေရာပြည့်သွားပြီ ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးခြင်းအား ရပ်ဆိုင်းလိုက်ပါသည်။

ယခုလို စိတ်ဝင်စားအားပေးမှုများအတွက် Venture Synergy Co.,Ltd မိသားစုမှ ကျေးဇူးအထူးတင်ရှိပါသည်။

Logistics & SCM Magazine

 #သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲဖိတ်ကြားခြင်းLogistics & Suply Chain Management မဂ္ဂဇင်းနှင့်...
28/01/2026

#သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲဖိတ်ကြားခြင်း

Logistics & Suply Chain Management မဂ္ဂဇင်းနှင့် Venture SYNERGY ကုမ္ပဏီတို့ပူးပေါင်းစီစဉ်ပြီး EFI General Insurance က အဓိကပံပိုးကူညီသည့် “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အာမခံ'' ခေါင်းစဉ်ဖြင့် Panel Discussion ကို အောက်ပါအစီစဉ်အတိုင်းပြုလုပ်မည်ဖြစ်ပါသည်။

#ပါဝင်ဆွေးနွေးမည့်သူများ

▶ ဦးတင်မောင်ဦး (Founder of Logistics & SCM magazine)

▶ Mr. William
Author/Advisor

▶ Daw Moh Moh Aung (Chairman MRESA)

▶ ဦးခင်မောင်မြင့် (Advisor) Venture SYNERGY Co.,Ltd

နေ့ရက် - ၄ ဖေဖော်ဝါရီ ၂ဝ၂၆ (ဗုဒ္ဓဟူးနေ့)

အချိန် - မွန်းလွဲ ၁ နာရီ မှ ညနေ ၄ နာရီ

နေရာ - EFI General Office ၊ ၇ မိုင်ခွဲ၊ ပြည်လမ်း၊ Cycle & Carriage, Mercedes Car Showroom ရှေ့

💥 ထိုင်ခုံနေရာ ကန့်သတ်ချက်ရှိပါသဖြင့် မသဲသဲ (ဝ၉၄၂ဝ၁၄၂၈၈ဝ) သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


#သဘာဝေဘးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲဖိတ်ကြားခြင်း

Logistics & Suply Chain Management မဂ္ဂဇင်းနှင့် Venture SYNERGY ကုမ္ပဏီတို့ပူးပေါင်းစီစဉ်ပြီး EFI General Insurance က အဓိကပံပိုးကူညီသည့် “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အာမခံ'' ခေါင်းစဉ်ဖြင့် Panel Discussion ကို အောက်ပါအစီစဉ်အတိုင်းပြုလုပ်မည်ဖြစ်ပါသည်။

#ပါဝင်ဆွေးနွေးမည့်သူများ

▶ ကိုတင်မောင်ဦး (Founder of Logistics & SCM magazine)

▶ Mr. William
Author/Advisor

▶ Daw Moh Moh Aung (Chairman MRESA)

▶ ဦးခင်မောင်မြင့် (Advisor) Venture SYNERGY Co.,Ltd

နေ့ရက် - ၄ ဖေဖော်ဝါရီ ၂ဝ၂၆ (ဗုဒ္ဓဟူးနေ့)

အချိန် - မွန်းလွဲ ၁ နာရီ မှ ညနေ ၄ နာရီ

နေရာ - EFI General Office ၊ ၇ မိုင်ခွဲ၊ ပြည်လမ်း၊ Cycle & Carriage, Mercedes Car Showroom ရှေ့

💥 ထိုင်ခုံနေရာ ကန့်သတ်ချက်ရှိပါသဖြင့် မသဲသဲ (ဝ၉၄၂ဝ၁၄၂၈၈ဝ) သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Address

No. 994/A, Thuzita 4 Street, 2 Qtz, North Okkalarpa Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when Venture Synergy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share