Talent Craft Academy

Talent Craft Academy TRAINING & CONSULTANCY SERVICE

တစ်ချို့နေရာတွေမှာ ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်အောင်ကြိုးစားလိုက်ရင်ကိုယ်က သူတို့နဲ့တစ်သားထဲဖြစ်ပြီး ‌တိမ်မြှပ်ပျောက်က...
05/01/2025

တစ်ချို့နေရာတွေမှာ ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်အောင်ကြိုးစားလိုက်ရင်
ကိုယ်က သူတို့နဲ့တစ်သားထဲဖြစ်ပြီး ‌တိမ်မြှပ်ပျောက်ကွယ်သွားတတ်ပါတယ်။

ကိုယ့် productivity ကို ထုတ်ပြနိုင်ဖို့ ဒါမှမဟုတ် ပိုမို ပေါ် လွင်စေ ဖို့ဆို
တစ်ခါတစ်လေမှာ အတွေးအခေါ် ကော လုပ်ရပ်ပါ ကွဲပြားနေဖို့လိုတယ်။

𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐂𝐚𝐫𝐞𝐞𝐫 𝐉𝐨𝐮𝐫𝐧𝐞𝐲: 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫, 𝐃𝐞𝐯𝐞𝐥𝐨𝐩, 𝐚𝐧𝐝 𝐒𝐮𝐫𝐯𝐢𝐯𝐞 (𝐎𝐧𝐥𝐢𝐧𝐞 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫)************************************...
11/12/2024

𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐂𝐚𝐫𝐞𝐞𝐫 𝐉𝐨𝐮𝐫𝐧𝐞𝐲: 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫, 𝐃𝐞𝐯𝐞𝐥𝐨𝐩, 𝐚𝐧𝐝 𝐒𝐮𝐫𝐯𝐢𝐯𝐞 (𝐎𝐧𝐥𝐢𝐧𝐞 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫)
***********************************************************************
❗မိတ်ဆွေရဲ့ 𝐂𝐚𝐫𝐞𝐞𝐫 𝐏𝐚𝐭𝐡 ကိုရှင်းရှင်းလင်းလင်းမြင်သွားချင်တယ်၊
ကိုယ်လိုချင်တဲ့ 𝐫𝐨𝐥𝐞 တစ်ခု ကိုချဥ်းကပ်နိုင်ဖို နည်းလမ်းကောင်းတွေ
တွေ့သွားချင်တယ်....

❗လက်တွေ့ကျသော အကြံပြုချက်ဆွေးနွေးမှုများကတဆင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် ဆုံးဖြတ်ချက်ချန်ုင်မှု စွမ်းရည်များ မြှင့်တင်လာနိုင်ဖို့အတွက် 𝐓𝐂𝐀 ရဲ့ 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐂𝐚𝐫𝐞𝐞𝐫 𝐉𝐨𝐮𝐫𝐧𝐞𝐲: 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫, 𝐃𝐞𝐯𝐞𝐥𝐨𝐩, 𝐚𝐧𝐝 𝐒𝐮𝐫𝐯𝐢𝐯𝐞 အစီအစဥ်ဖြစ်ပါတယ်။

❗”𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐂𝐚𝐫𝐞𝐞𝐫 𝐉𝐨𝐮𝐫𝐧𝐞𝐲”ဆိုတဲ့အတိုင်း တက်ရောက်လာတဲ့ မိတ်ဆွေရဲ့ 𝐂𝐚𝐫𝐞𝐞𝐫 နဲ့ပက်သက်တဲ့ အခက်အခဲပြဿာနာတွေကို ဆရာမနဲ့ တိုက်ရိုက် ရင်းနှီးစွာတိုင်ပင်ဆွေးနွေးခွင့်ရမှာပါ။

❗𝐂𝐚𝐫𝐞𝐞𝐫 နဲ့ပက်သက်ပြီးတော့ အကြံဥာဏ်တွေလိုအပ်နေတဲ့သူတွေအတွက်လဲ လာရောက်ဆွေး နွေး အကြံဥာဏ်တွေတောင်းလို့ရပါတယ်။

တစ်ချို့ပြဿနာတွေ၊ အခက်အခဲတွေက တစ်ယောက်ထဲ ‌ရင်ဆိုင်ဖြေရှင်းနေတာထက် အတွေ့
အကြုံရှိပြီးသား သူတွေနဲ့ တိုင်ပင်ဆွေးနွေးလိုက်ရင် ဒီပြဿနာတွေဆိုတာလဲ ဘာမှမဟုတ်တော့ပါဘူး။
---------
ဆွေးနွေးအဖြေရှာပေးမဲ့ ဆရာမကတော့ လက်ရှိမှာလဲ စီးပွါးရေးလုပ်ငန်းရှင်၊ မန်နေဂျာ၊ ပညာရှင် 𝐂𝐥𝐢𝐞𝐧𝐭 တွေကို 𝗖𝗮𝗿𝗲𝗲𝗿 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 တွေ ပြုလုပ်ပေးနေသူတစ်ဦးဖြစ်တဲ့အပြင် 𝗙𝗿𝗲𝗲𝗹𝗮𝗻𝗰𝗲 𝗛𝗥 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁 တစ်ယောက်အဖြစ် လုပ်ဆောင်နေသူဖြစ်ပါတယ်။
ဆရာမ အနေနဲ့

🎓 𝟐𝟎𝟐𝟒 ခုနှစ်မှာ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 (𝐋𝐢𝐧𝐜𝐨𝐥𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚)
🎓𝟐𝟎𝟐𝟑 ခုနှစ်မှာ 𝐌𝐚𝐬𝐭𝐞𝐫 𝐎𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 (𝐋𝐢𝐧𝐜𝐨𝐥𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚)
🎓𝟐𝟎𝟎𝟔 ခုနှစ်မှာ 𝐁.𝐒𝐜 (𝐂𝐡𝐞𝐦𝐢𝐬𝐭𝐫𝐲) (𝐖𝐞𝐬𝐭 𝐘𝐚𝐧𝐠𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲)
စတဲ့ ဘွဲ့တွေကို ရရှိထားသူ တစ်ဦးဖြစ်တဲ့အပြင်

🧾𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 (𝐈𝐂𝐌 𝐒𝐢𝐧𝐠𝐥𝐞 𝐒𝐮𝐛𝐣𝐞𝐜𝐭)
🧾𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐏𝐄𝐑𝐒𝐎𝐍𝐀 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐚𝐜𝐡 (𝐏𝐞𝐫𝐬𝐨𝐧𝐚 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 & 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠)
🧾𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐏𝐫𝐚𝐜𝐭𝐢𝐭𝐢𝐨𝐧𝐞𝐫 𝐨𝐟 𝐍𝐞𝐮𝐫𝐨-𝐋𝐢𝐧𝐠𝐮𝐢𝐬𝐭𝐢𝐜 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐢𝐧𝐠 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 (𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞)
🧾 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐒𝐭𝐞𝐩 𝐔𝐩 & 𝐋𝐞𝐚𝐝 (𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞)
လဲ ရရှိထားပါသေးတယ်။

𝗧𝗿𝗮𝗶𝗻𝗲𝗿 ဆရာမ ဟာ
👩‍🏫𝟐𝟎𝟏𝟗 ခုနှစ်ကနေ 𝟐𝟎𝟐𝟑 ခုနှစ်အထိ 𝐃𝐚𝐢-𝐢𝐜𝐡𝐢 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐕𝐢𝐜𝐞 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭, 𝐇𝐑 & 𝐀𝐝𝐦𝐢𝐧 အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
👩‍🏫𝟐𝟎𝟏𝟗 ခုနှစ်မှာ 𝐎𝐨𝐫𝐞𝐝𝐨𝐨 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐓𝐃 မှာ𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐫 အဖြစ်၊
👩‍🏫𝟐𝟎𝟏𝟔 ခုနှစ်ကနေ 𝟐𝟎𝟏𝟗 ခုနှစ်အထိ 𝐘𝐨𝐦𝐚 𝐁𝐚𝐧𝐤 𝐋𝐓𝐃 မှာ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐫 အဖြစ်၊
👩‍🏫𝟐𝟎𝟏𝟓 ခုနှစ်ကနေ 𝟐𝟎𝟏𝟔ခုနှစ်အထိ 𝐉𝐨𝐛𝐍𝐞𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 / 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐎𝐧𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨., 𝐋𝐭𝐝 (𝐣𝐨𝐛𝐧𝐞𝐭.𝐜𝐨𝐦.𝐦𝐦) မှာ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫 အဖြစ်၊
👩‍🏫𝟐𝟎𝟏𝟒 ခုနှစ်ကနေ 𝟐𝟎𝟏𝟓 ခုနှစ်ထိ 𝐑𝐨𝐠𝐞𝐫 𝐐𝐮𝐞𝐬𝐭 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 (𝐣𝐨𝐛𝐬𝐢𝐧𝐲𝐚𝐧𝐠𝐨𝐧.𝐜𝐨𝐦/𝐣𝐨𝐛𝐥𝐞𝐬𝐬.𝐜𝐨𝐦.𝐦𝐦) မှာ 𝐑𝐞𝐜𝐫𝐮𝐢𝐭𝐞𝐫 / 𝐊𝐞𝐲 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫 အဖြစ်၊
👩‍🏫𝟐𝟎𝟎𝟗 ခုနှစ်ကနေ 𝟐𝟎𝟏𝟐 ခုနှစ်ထိ 𝐒𝐡𝐚𝐧𝐠𝐫𝐢-𝐋𝐚 𝐇𝐨𝐭𝐞𝐥 𝐐𝐫𝐲𝐚𝐭 𝐀𝐥 𝐁𝐞𝐫𝐢 (𝐀𝐛𝐮 𝐃𝐡𝐚𝐛𝐢, 𝐔𝐀𝐄) မှာ 𝐁𝐮𝐭𝐥𝐞𝐫 အဖြစ်၊
👩‍🏫𝟐𝟎𝟎𝟖 ခုနှစ်ကနေ 𝟐𝟎𝟎𝟗 ခုနှစ်ထိ 𝐁𝐚𝐫𝐫 𝐀𝐥 𝐉𝐢𝐬𝐬𝐚𝐡 𝐑𝐞𝐬𝐨𝐫𝐭 & 𝐒𝐩𝐚 (𝐒𝐇𝐀𝐍𝐆𝐑𝐈-𝐋𝐀'𝐒 𝐇𝐎𝐓𝐄𝐋) မှာ 𝐎𝐌𝐀𝐍 𝐑𝐨𝐨𝐦 𝐀𝐭𝐭𝐞𝐧𝐝𝐚𝐧𝐭 အဖြစ်
တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံရင့် 𝗛𝗥 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗧𝗿𝗮𝗶𝗻𝗲𝗿 တစ်ဦး ဖြစ်ပါတယ်။
---------
ဘယ်သူတွေလာရောက်ဆွေးနွေးနားထောင်သင့်လဲ?
👉ဘွဲ့ရခါစ လုပ်ငန်းခွင်ဝင်မဲ့သူတွေ
👉လုပ်ငန်းလုပ်ကိုင်ရင်း လမ်းပျောက်နေသူများ
👉လက်ရှိ 𝐜𝐚𝐫𝐞𝐞𝐫 မှာ 𝐬𝐤𝐢𝐥𝐥 ထပ်မြှင့်ချင်တဲ့ 𝐌𝐢𝐝-𝐜𝐚𝐫𝐞𝐞𝐫 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐬 တွေ
👉လက်ရှိ 𝐜𝐚𝐫𝐞𝐞𝐫၊ လက်ရှိ 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ကနေ 𝐫𝐨𝐥𝐞𝐬 အသစ် 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 အသစ်ကို ကူးပြောင်းဖို ပြင်ဆင်နေတဲ့သူတွေ
👉ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်မရလို့ စိတ်ဓာတ်ကျသူတွေ၊
👉လက်ရှိအလုပ်က ကိုယ်နဲ့မကိုက်ပေမဲ့ အခြေအနေကြောင့်လုပ်နေရသူတွေ၊
👉အခြေအနေအကြောင်းကြောင်းကြောင့် နိုင်ငံအပြင်ကို ထွက်ခွာပြီး ရရာအလုပ်လုပ်နေရသူ တွေ၊
👉အနာဂတ်ကို စနစ်တကျပုံဖော်ပြီး အောင်မြင်မှုတွေ ရရှိချင်သူတွေတက်သင့်ပါတယ်။
---------
𝐖𝐡𝐚𝐭’𝐬 𝐭𝐡𝐞 𝐰𝐞𝐛𝐢𝐧𝐚𝐫 𝐚𝐛𝐨𝐮𝐭:
📢 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐂𝐚𝐫𝐞𝐞𝐫 𝐉𝐨𝐮𝐫𝐧𝐞𝐲: 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫, 𝐃𝐞𝐯𝐞𝐥𝐨𝐩, 𝐚𝐧𝐝 𝐒𝐮𝐫𝐯𝐢𝐯𝐞
🖥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦
📆𝐃𝐚𝐭𝐞: 𝟐𝟏.𝟏𝟐.𝟐𝟎𝟐𝟒 (𝐬𝐚𝐭𝐮𝐫𝐝𝐚𝐲)
⌚️𝐓𝐢𝐦𝐞: 𝟕:𝟑𝟎 𝐩𝐦 𝐭𝐨 𝟖:𝟑𝟎 𝐩𝐦
🧕𝐒𝐩𝐞𝐚𝐤𝐞𝐫: 𝐇𝐭𝐞𝐭 𝐇𝐭𝐞𝐭 𝐋𝐢𝐧𝐧 (𝐇𝐑 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭, 𝐂𝐨𝐚𝐜𝐡 & 𝐓𝐫𝐚𝐢𝐧𝐞𝐫)
---------
ဒီလို အကျိုးရှိတဲ့ 𝐖𝐞𝐛𝐢𝐧𝐚𝐫 ကို လာခဲ့မဲ့ မိတ်ဆွေတွေက

‘𝐜𝐚𝐫𝐞𝐞𝐫’ လို့ မန့်ခဲ့နိုင်သလို

𝐏𝐚𝐠𝐞 ရဲ့ 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှ တဆင့် စာရင်းပေးသွင်းလို့လဲရပါတယ်။

𝐂𝐡𝐚𝐭 𝐁𝐨𝐱 ကဆက်သွယ်လာသူတွေအတွက် 𝐳𝐨𝐨𝐦 𝐥𝐢𝐧𝐤 ပြန်လည်ပို့ပေးသွားပါမယ်။
လူဦးရေကန့်သတ်ထားတာမို့ အစောဆုံး စာရင်းသွင်းသူတွေပဲ တက်ရောက်ခွင့် ရပါမယ်ခင်ဗျာ။

ဒါကြောင့် ကိုယ့်အသိမိတ်ဆွေ၊ သူငယ်ချင်းတွေ မသိမရှိရလေအောင် အမြန်သတင်းပေးပြီး
အချိန်မီ စာရင်းသွင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

𝐓𝐂𝐀 ကနေ 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫 တွေကိုလည်း လစဥ် ပြုလုပ်ပေးသွားမှာဖြစ်လို့

𝗧𝗖𝗔 𝗙𝗕 𝗣𝗮𝗴𝗲 နဲ့ 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗪𝗲𝗯𝘀𝗶𝘁𝗲 (𝗧𝗮𝗹𝗲𝗻𝘁 𝗖𝗿𝗮𝗳𝘁 𝗔𝗰𝗮𝗱𝗮𝗺𝘆 (𝘁𝗮𝗹𝗲𝗻𝘁𝗰𝗿𝗮𝗳𝘁𝗮𝗰𝗮𝗱𝗲𝗺𝘆.𝗰𝗼𝗺)) တို့ကို စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

“ 𝐈𝐍𝐕𝐄𝐒𝐓 𝐈𝐍 𝐘𝐎𝐔𝐑 𝐓𝐄𝐀𝐌
𝐈𝐍𝐒𝐏𝐈𝐑𝐄 𝐘𝐎𝐔𝐑 𝐃𝐑𝐄𝐀𝐌
𝐈𝐍𝐏𝐑𝐎𝐕𝐄 𝐘𝐎𝐔𝐑 𝐁𝐔𝐒𝐈𝐍𝐄𝐒𝐒 “
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬:
𝟎𝟗𝟗𝟕𝟕𝟖𝟒𝟒𝟔𝟑𝟔
𝐄𝐦𝐚𝐢𝐥 :𝐭𝐚𝐥𝐞𝐧𝐭𝐜𝐫𝐚𝐟𝐭𝐚𝐜𝐚𝐝𝐞𝐦𝐲.𝐭𝐜𝐚@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
𝐓𝐚𝐥𝐞𝐧𝐭 𝐂𝐫𝐚𝐟𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲 𝐂𝐨., 𝐋𝐭𝐝
𝟗𝟔𝟓(𝐀), 𝐃𝐚𝐦𝐚𝐲𝐚𝐳𝐚𝐫 𝟑𝟎 𝐒𝐭𝐫𝐞𝐞𝐭, 𝐖𝐚𝐫𝐝 (𝟏𝟎), 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#𝐭𝐜𝐚
#𝐭𝐚𝐥𝐞𝐧𝐭𝐜𝐫𝐚𝐟𝐭𝐚𝐜𝐚𝐝𝐞𝐦𝐲

မကောင်းတဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖို့ ၂၁ ရက်ပဲ လိုပါတယ်..====================================မကောင်းမှန်းတော့သိတယ်.. လု...
27/11/2024

မကောင်းတဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖို့ ၂၁ ရက်ပဲ လိုပါတယ်..
====================================

မကောင်းမှန်းတော့သိတယ်.. လုပ်နေမိတယ်..
အကျင့်ကပျောက်သွားလည်းခဏပဲ ပြန်ပြန် လုပ်နေမိတယ်.. စသဖြင့် ကြားဖူးမှာပေါ့နော်။

ဒီလိုတွေမဖြစ်အောင် 𝟐𝟏-𝐃𝐚𝐲 𝐑𝐮𝐥𝐞 ဆိုတဲ့ နည်းလမ်းလေးကို သုံးပြီး မကောင်းတဲ့ အကျင့်တွေကို ဖျောက်ကြည့်ရအောင်။
ဒီနည်းလမ်းလေးက 𝐩𝐥𝐚𝐬𝐭𝐢𝐜 𝐬𝐮𝐫𝐠𝐞𝐨𝐧 ဆရာဝန်တစ်ယောက်ဖြစ်တဲ့ 𝐃𝐫.𝐌𝐚𝐱𝐰𝐞𝐥𝐥 𝐌𝐚𝐥𝐭𝐳 ကနေပြီးတော့ သူ့ လူနာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို လေ့လာခြင်းကနေ ဖြစ်ပေါ်လာတာပါ။ 𝐃𝐫.𝐌𝐚𝐥𝐭𝐳 က ဒီနည်းလမ်းကို ဆေးကုသမှုမှာတင်မကပဲ ဘဝနဲ့ဆိုင်တဲ့ တစ်ခြားနယ်ပယ်တွေမှာပါ အသုံးပြုလို့ရတယ်ဆိုတာကို အကြံပြုခဲ့ပါတယ်။

လူတစ်ယောက်က အခြေအနေအသစ်တစ်ခု အကျင့်အသစ်တစ်ခုကို မွေးမြူဖို့ ဒါမှမဟုတ် ဖျောက်ပစ်ဖို့ ၂၁ ရက် တစ်နည်းအားဖြင့် ၃ ပတ် သာလိုတယ်လို့ဆိုပါတယ်။

သူရေးသားခဲ့တဲ့ စာအုပ်ရဲ့နာမည်က 𝐏𝐬𝐲𝐜𝐡𝐨-𝐂𝐲𝐛𝐞𝐫𝐧𝐞𝐭𝐢𝐜𝐬 ဖြစ်ပြီး ဒီထဲမှာ 𝐡𝐚𝐛𝐢𝐭 𝐟𝐨𝐫𝐦𝐢𝐧𝐠 လုပ်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေထားတာလဲဖြစ်ပါတယ်။
တူတူလေ့လာကြည့်ရအောင်နော်..

စာအုပ်ရဲ့အဆိုအရဆိုရင် အကျင့်တစ်ခုကို ပုံစံချဖို့ဆို အကြောင်းအရာအချက်အလက်တွေပေါ်မူတည်ပြီး ၂၁ ရက်ဆိုတဲ့ အချိန်ထက် လျော့ချင်လဲလျော့သွားနိုင်သလို ပိုချင်လဲပိုသွားနိုင်တယ်လို့လဲဆိုပါတယ်။ အဲ့တော့ အကြောင်းအရာအချက်အလက်တွေက ဘာတွေလဲ?

🔶 𝐓𝐡𝐞 𝐜𝐨𝐦𝐩𝐥𝐞𝐱𝐢𝐭𝐲 𝐨𝐟 𝐭𝐡𝐞 𝐡𝐚𝐛𝐢𝐭: ကိုယ် ပြုပြင်ပြောင်းလဲချင်တဲ့ အကျင့်ရဲ့ အတိမ်အနက်ကိုကြည့်ရမှာပါ။ 𝐒𝐢𝐦𝐩𝐥𝐞 𝐡𝐚𝐛𝐢𝐭 (ဥပမာ- မနက်မိုးလင်းအိပ်ရာနိုးတာနဲ့ ရေတစ်ခွက်အဝသောက်မယ်) လား? ဒီလိုအကျင့်မျိုးကိုကျတော့ 𝐟𝐨𝐫𝐦𝐢𝐧𝐠 လုပ်ရတာလွယ်တယ်။ နောက်တစ်ခုက ဒီ့ထက်ပိုခက်မယ်(ဥပမာ- လေ့ကျင့်ခန်းနေ့စဥ်လုပ်မယ်) ဒီဟာကျ နဲနဲခက်သွားပါပြီ။ ဒီလိုမျိုး အကျင့်ရဲ့ အတိမ်အနက်ကို အရင်ကြည့်ရမယ်လို့ဆိုလိုတာပါ။
----------
🔶 𝐓𝐡𝐞 𝐩𝐞𝐫𝐬𝐨𝐧 : ဒါကကြတော့ လူပုဂ္ဂိုလ်နဲ့ဆိုင်ပါတယ်။ လူတစ်ယောက်ချင်းမှာ မတူညီ ကွဲပြားတဲ့ 𝐦𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧, 𝐰𝐢𝐥𝐥𝐩𝐨𝐰𝐞𝐫, 𝐩𝐚𝐬𝐭 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬 တွေ ရှိပါတယ်။ ဒီအချက်တွေကလဲ အကျင့်တစ်ခုတည်ဆောက်တဲ့အခါမှာ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။
----------
🔶 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 : ပတ်ဝန်းကျင်ကလဲ အကျင့်တစ်ခုတည်ဆောက်မွေးမြူဖို့ အပြောင်းအလဲ အများကြီးဖြစ်စေတဲ့ အချက်ထဲမှာပါပါတယ်လို့ ဒီစာအုပ်ကဆိုထားပါတယ်။
ဒီအချက်သုံးခုကို နိုင်နိုင် နင်းနင်းစီမံနိုင်ရင် ဘယ်အကျင့်ကိုမဆို ပြောင်းလဲလို့ရပါတယ်။
ဒီအချက် ၃ ခုက တစ်ကယ်လဲ အကျင့်တစ်ခုပြောင်းလဲတဲ့အခါမှာ အများကြီး 𝐢𝐦𝐩𝐚𝐜𝐭 ဖြစ်စေပါတယ်။
----------
ကျွန်တော်ကတော့ ဒီအချက်တွေပေါ်မူတည်ပြီး ဆေးလိပ်ဖြတ်ခဲ့တာကို 𝐬𝐜𝐞𝐧𝐚𝐫𝐢𝐨 ပေးပါ့မယ်။
ကျွန်တော် ဆေးလိပ်ဖြတ်တုန်းကဆို ပျက်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေခဲ့တာပါ။
အဲ့တော့ ကျွန်တော် ဒီထဲက နည်းလမ်းလေးအတိုင်း ပထမဆုံး 𝐜𝐨𝐦𝐩𝐥𝐞𝐱𝐢𝐭𝐲 ကိုကြည့်တဲ့အခါ ဆေးလိပ်ဖြတ်တာက နဲနဲခက်ခဲပါတယ်။

အဲ့မှာ ကျွန်တော် ငါဘာလို့ဆေးလိပ်သောက်ဖြစ်တာလဲဆိုတာကို အရင် 𝐚𝐧𝐚𝐥𝐲𝐬𝐢𝐬 လုပ်ကြည့်ပါတယ်။ ပြင်းလို့သောက်တယ် စိတ်လှုပ်ရှားလို့သောက်တယ် ခံတွင်းကတောင့်တလို့သောက်တယ် ဆိုပြီး အခြေအနေ သုံးခုထွက်လာပါတယ်။

ဒီအခြေအနေ ၃ ခုနဲ့ ကြုံလာတိုင်း ကျွန်တော်အစားထိုးစရာ 𝐠𝐨𝐨𝐝 𝐡𝐚𝐛𝐢𝐭 တစ်ခုစီ လိုက်ထည့်ပါတယ်။ ပြီးတော့ 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 ပါ။ ကျွန်တော့် ပတ်ဝန်ကျင်မှာ ဆေးလိပ်သောက်တဲ့သူတွေတွေ့ရင် အရမ်းသောက်ချင်လာတာရှိပါတယ်။

အဲ့တော့ သူတို့ ဆေးလိပ်သောက်တော့မယ်ဆို ကျွန်တော် မမြင်နိုင်တဲ့ နေရာတစ်ခုကို ရှောင်ထွက်နိုင်အောင် နေကြည့်ပါတယ်။ ပြီးတော့ ကိုယ့်မှာ ဆေးလိပ်နဲ့ ပက်သက်တဲ့ အသုံးအဆောင်တွေ ကို မမြင်အောင် ဖယ်ရှားပါတယ်။

ပြာခွက်တွေ၊ မီးခြစ်လှလှလေးတွေကိုပေါ့။ ဒီလိုနဲ့ ပဲ ၁၀ ရက်လောက် ကြာလာတဲ့အခါမှာ ဆေးလိပ်သောက်နေတဲ့သူမြင်လဲ ကျွန်တော် သောက်ချင်စိတ် မဖြစ်တော့ဘူး။
တစ်လလောက်ကြာသွားတဲ့အခါ ဆေးလိပ်နံ့တောင် မခံချင်တော့ပါဘူး။ ဒါလက်တွေ့ပါ။

အနှစ်ချုပ်ရရင် အကျင့်တစ်ခုကို တည်ဆောက်ဖို့-
🔶 ကိုယ်ဘာအကျင့်ကို တည်ဆောက်ချင်တာလဲကိုအရင် တိတိကျကျသတ်မှတ်ပါ

(ငါတစ်ရက်ကို ရေ ၈ ခွက်သောက်မယ်၊ မနက်တိုင်း မိနစ် ၂၀ လမ်းလျောက်မယ်) စသဖြင့်ပေါ့

🔶 ဒီလို သတ်မှတ်လိုက်တဲ့ အကျင့်က ကိုယ့်ကိုဘယ်လိုအကျိုးဖြစ်ထွန်းတာလဲကို ချရေးပါ
(ငါ့ရဲ့ အသားအရေ လှပဖို့နဲ့ 𝐞𝐧𝐞𝐫𝐠𝐲 𝐢𝐦𝐩𝐫𝐨𝐯𝐞 ဖြစ်ဖို့ ငါ တစ်ရက်ကိုရေ ၈ ခွက်ရအောင်သောက်မယ်)

🔶 ‌သေးသေးလေးကအစပြုပါ
(ငါလေ့ကျင့်ခန်းကို တစ်ရက် ၁ နာရီ လုပ်မယ်ဆိုတာထက်၊ ၁၅ မနစ်လောက်လမ်းလျောက်မယ်) ဆိုတာမျိုးနဲ့ စတင်ခိုင်းတာပါ.

🔶 စတင်မဲ့ရက်ကို အတိအကျသတ်မှတ်ပါ
(လာမယ့် တနင်္လာနေ့ကစပြီး ငါ နောက် ၂၁ ရက်ထိ တစ်နေ့ကို ရေ ၈ ခွက်ရအောင်သောက်မယ်) လိုမျိုးပေါ့။ ဒီမှာ သတိပြုရမှာက ပျက်သွားရင် ၁ ကနေ ပြန်စရမှာပါ။

🔶 𝐑𝐞𝐦𝐢𝐧𝐝𝐞𝐫𝐬 တွေကို အသုံးပြုပါ
ဒီခေတ်မှာပေါပါတယ် 𝐩𝐡𝐨𝐧𝐞 𝐚𝐥𝐚𝐫𝐦 ပေးထားမယ်။ စာရေးမှတ်ထားမယ် စသဖြင့်ပေါ့။

🔶 ကိုယ့်တိုးတက်မှုကို စောင့်ကြည့်နေပါ
(𝐜𝐡𝐞𝐜𝐤𝐥𝐢𝐬𝐭, 𝐣𝐨𝐮𝐫𝐧𝐚𝐥𝐢𝐧𝐠) စသဖြင့်လုပ်ထားပြီး တစ်ကြိမ်အောင်မြင်တိုင်း ကိုယ့် ကိုယ်ကိုအားပေးပါ။

🔶 နောက်ဆုံးကတော့ 𝐜𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐭 ရှိဖို့ ပါပဲ။
𝟐𝟏 ရက်ပီးသွားလို့ ကိုယ့် ပြောင်းလဲမှုကို 𝐑𝐞𝐟𝐥𝐞𝐜𝐭 လုပ်ကြည့်ပါ။ ဒါမှ နောက်ထပ်အကျင့်ကို စောင့်ထိန်းဖို့ အားရှိသွားပါလိမ့်မယ်။

ဒီလိုနဲ့ အကျင့်တစ်ခုကို တည်ဆောက်နိုင်ပီဆို အခြား 𝐜𝐨𝐦𝐩𝐥𝐞𝐱 ဖြစ်တဲ့ အကျင့်တွေကို ဖြေးဖြေးချင်းပြင်ဆင်ကြည့်ပါနော်။

မိတ်ဆွေတို့မှာကော အကျင့်တစ်ခုကို တည်ဆောက်ဖို့ ဘယ်အရာက အတားအဆီးဖြစ်နေတာလဲ?
ဒါမှမဟုတ် ဘယ်‌လိုအောင်မြင်အောင် တည်ဆောက်နိုင်ခဲ့တာလဲ ဆိုတာကို 👇𝐜𝐨𝐦𝐦𝐞𝐧𝐭 မှာ ရေးသွားပေးနော်။

အောင်မြင်သူတိုင်းက ပါရမီရှင်တွေမဟုတ်ဘူး!==========================🟧 မိတ်ဆွေတို့ မကြာခဏကြားဖူးမှာပေါ့.. 𝐈𝐐 မြင့်တယ်နော်.....
25/11/2024

အောင်မြင်သူတိုင်းက ပါရမီရှင်တွေမဟုတ်ဘူး!
==========================

🟧 မိတ်ဆွေတို့ မကြာခဏကြားဖူးမှာပေါ့.. 𝐈𝐐 မြင့်တယ်နော်..ပါရမီရှိလိုက်တာ.. စသဖြင့်ပေါ့....

🟧 တကယ်တော့ 𝐈𝐐 မြင့်တာတွေ... ပါရမီရှိတာတွေက အောင်မြင်မှုနဲ့ လားလားမှကိုမဆိုင်ဖူးလို့ ကျွန်တော်ကမြင်ပါတယ်.... ဆိုလိုချင်တာက အောင်မြင်ဖို့ကို 𝐈𝐐 မြင့်ရမယ်.. ပါရမီရှိရမယ်လို့ လှေနံဓါးထစ်မှတ်ယူလို့ မရဘူးလို့ဆိုလိုတာပါ..

🟧 အဲ့တော့ ကျွန်တော်တို့ ပါရမီဆိုတာကို တစ်ချက်လောက် အနက်ဖွင့်ကြည့်ရအောင်..

ပါရမီဆိုတာ - ဘဝအဆက်ဆက်ဖြည့်ဆည်းအပ်သော အလေ့အထ ကို ပါရမီလို့ ခေါ်တယ်ဆိုပြီး ခက်ဆစ်မှာသင်ခဲ့ရဖူးပါတယ်။

🟧 အဲဒါဆိုရှင်းနေတာပါဘဲ... ပါရမီဆိုတာလဲ ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် ရလာတဲ့ 𝐫𝐞𝐬𝐮𝐥𝐭 တစ်ခုလို့ ဆိုရမှာပါ။

အဲ့လိုဆို အောင်မြင်မှုနဲ့ ပြန်ဆက်စပ်ကြည့်ရရင်
‌အောင်မြင်မှုဆိုတာ အကြမ်းအားဖြင့်တော့ ဥာဏ်ကောင်းတာတွေ၊ ပါရမီပါလာတယ်ဆိုတာတွေထက် 𝐦𝐢𝐧𝐝𝐬𝐞𝐭 တွေ၊ ဇွဲရှိမှု (𝐩𝐞𝐫𝐬𝐢𝐬𝐭𝐞𝐧𝐜𝐞)၊ လုပ်ဆောင်မှုပုံစံတွေ (𝐚𝐜𝐭𝐢𝐨𝐧) တွေနဲ့ပို သက်ဆိုင်တယ်လို့ယူဆပါတယ်။ ခံနိုင်ရည်ရှိမှု၊ ကြိုးစားအားထုတ်မှုနဲ့ ကျရှုံးမှုတွေကနေ သင်ယူနိုင်ခြင်းတွေလဲ ပါတာပေါ့နော်။

🟧 အောင်မြင်သူအများစုက အရာအားလုံးကို သိရှိနားလည်ကျွမ်းကျင်ပြီး မွေးဖွားလာကြတာမဟုတ်တာတော့ သေချာပါတယ်။ သူတို့က ကျရှုံးမှုကြုံခဲ့ရတယ်။ ဒီကျရှုံးမှုတွေကနေ ဆက်လက်သင်ယူတယ်။ နည်းလမ်းပေါင်းစုံကို ပြောင်းလဲ ကျင့်သုံးတယ်။

🟧 နောက်တစ်ချက်က 𝐜𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐜𝐲 ပါ။ သူက အရမ်းအရေးကြီးတယ်လို့ ပြောလို့ရတယ်။ ဒီဖက်ခေတ် အာရုံထွေပြားစရာတွေများတဲ့ခေတ်မှာ 𝐜𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐜𝐲 ရှိတဲ့သူက သေချာပေါက်ကို အရှေ့ရောက်နေတာတွေ့ရတယ်။

𝐒𝐦𝐚𝐫𝐭! 𝐒𝐦𝐚𝐫𝐭! နဲ့ တစ်စာစာ အော်နေတာတွေကြားဖူးပါတယ်။ 𝐬𝐦𝐚𝐫𝐭 ဘယ်လောက်ဖြစ်ဖြစ် 𝐜𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐜𝐲 မရှိရင်အလကားပါ။ နေ့စဥ်အားထုတ်မှု သေးသေးလေးတွေက ရလာဒ်အကြီးကြီးတွေကို ပေးတယ်ဆိုတာတော့ အသေအချာပါဘဲ။

🟧 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 လို့ခေါ်တဲ့ ဥာဏ်ရည်ထက်မြက်မှုထက် 𝐜𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲 က ပိုလိုအပ်ပါတယ်။ အောင်မြင်တဲ့သူတော်တော်များများက ရှိပြီးသား ပြဿာနာအဟောင်းတွေကိုပဲ နည်းလမ်းသစ်တွေ မတူညီတဲ့ ချဥ်းကပ်ပုံတွေနဲ့ ဖြေရှင်းနိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

🟧 အောင်မြင်ဖို့ 𝐠𝐞𝐧𝐢𝐮𝐬 ကြီးဖြစ်စရာမလိုပါဘူး..
စပြီးလုပ်ဆောင်ချင်တဲ့စိတ်၊ အမြဲတမ်းသင်ယူနေဖို့၊ ဘယ်တော့မှ အလျော့မပေးဖို့ပဲလိုတာပါ။

🟧 𝐜𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐜𝐲 ရှိရှိနဲ့ ကြိုးစားအားထုတ်နေမယ်ဆို ကိုယ်က အမြဲရွက်လွှင့်ထားသလိုပါပဲ... အခွင့်အရေးဆိုတဲ့ လေတစ်ချက်တိုက်လိုက်ရင် အောင်မြင်မှုဆီ ရောက်လာမှာပါလို့ အားပေးအကြံပြုပါရစေခင်ဗျာ

ဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် စိတ်ခွန်အားဖြစ်စေတယ်။ အကျိုးတစ်စုံတစ်ရာ ရခဲ့တယ်ဆို 𝐥𝐢𝐤𝐞 𝐚𝐧𝐝 𝐬𝐡𝐚𝐫𝐞 လုပ်ပြီး အားပေးလို့ရပါတယ်။

တီထွင်ဖန်တီးမှုအားကောင်းတဲ့သူတွေလိုဖြစ်ချင်ရင် ဒီအချက်တွေကို လိုက်နာကြည့်ပါ===========================================တီ...
19/11/2024

တီထွင်ဖန်တီးမှုအားကောင်းတဲ့သူတွေလိုဖြစ်ချင်ရင် ဒီအချက်တွေကို လိုက်နာကြည့်ပါ
===========================================

တီထွင်ဖန်တီးမှုအားကောင်းတယ်ဆိုတာ တကယ်တော့ လမ်းဟောင်းတွေကိုကျော်လွန်ပြီး ဖောက်ထွက်နိုင်တဲ့ အရည်အချင်းရှိတာကို ဆိုလိုတာပါ။ တီထွင်ဖန်တီးမှုအားကောင်းလာပြီဆို လူက ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရှိလာမယ်၊ လုပ်နိုင်စွမ်းတွေ တိုးတက်လာမယ်၊ လုပ်ငန်းခွင်မှာ ‌ပျော်ရွှင်လာမယ် စတဲ့ အကျိုးတွေ ရလာမှာပါ။

အကျိုးတော့သိပြီ ဘယ်လိုလုပ်ရမလဲ လို့မေးရင်...

အများကြီးမလိုပါဘူး အခြေခံ (၇) ချက်လောက်ပဲ လိုက်နာကြည့်ပါ

(၁) အမေးအမြန်းထူပါ
တီထွင်မှုအားကောင်းတဲ့လူတွေက နားထောင် ခေါင်းငြိမ့်ပဲလုပ်နေတာမဟုတ်ပါဘူး။ နားထောင်ပြီး ဖြန့်ကျက်တွေးပါတယ် ပြီးရင် မေးပါတယ်။ မေးရဲတဲ့ အလေ့အထလဲရှိမှဖြစ်မှာပါ။ တစ်ချို့က ဖြန့်ကျက်တွေးတယ် မေးခွန်းတွေ ထွက်လာတယ် ပြီးတော့ ဘာဆက်မဖြစ်လာတော့ဘူး။ ဒီတော့ မေးခွန်းမေးပါ။

(၂) စပ်စုပါ
စပ်စု တယ်ဆိုတာ တကယ်တော့ စူးစမ်းတာပါဘဲ။ စူးစမ်းတဲ့အရာက ကိုယ့်အတွက် ပတ်ဝန်းကျင်အတွက် သူတစ်ပါးအတွက် တော့ အကျိုးရှိဖို့လိုပါမယ်။ တီထွင်မှုအားကောင်းတဲ့လူတွေက အရာရာကို စူးစမ်းနေတဲ့လူတွေပါ။ နယူတန်က ဘာကြောင့် ပန်းသီး ‌‌‌ကြွေကျလာတယ်ဆိုတာကို သိလိုစိတ်နဲ့ မစူးစမ်းခဲ့ရင် Gravitation Force နဲ့ ပက်သက်တဲ့ Law တွေ ထွက်လာမှာမဟုတ်ပါဘူး။

(၃) ပြောင်းလဲဖို့ အသင့်ရှိနေပါစေ
လမ်းဟောင်းကြီးထဲမှာပဲ နေလိုတဲ့စိတ်ကိုပြင်ရပါမယ်။ အမြဲတမ်း အသစ်အသစ်တွေကို ဖန်တီးနိုင်ဖို့ဆို ပြောင်းလဲလိုစိတ်ပြင်းပြနေမှ ဖြစ်မှာပါ။ ဒီတော့ အသစ်ကိုလိုချင်သူတွေက အဟောင်းကို စွန့်နိုင်ရပါမယ်။ စွန့်တာမျိုးမဟုတ်ရင်တောင် ပေါင်းစပ်ဖန်တီးတာမျိုး ပြုလုပ်လို့ရပါတယ်။

(၄) ပြည့်အောင်ဖြည့်ပါ
အသစ်တွေ ဖန်တီးဖို့ဆိုတာ ကိုယ့်မှာ လုံလောက်တဲ့ ဖန်တီးနိုင်စွမ်းတွေ ပြည့်ဝနေဖို့လိုပါတယ်။ စဥ်ဆက်မပြတ် လေ့လာနေမှသာ ဒီလိုအရည်အချင်းတွေက ပြည့်ဝလာမှာပါ။ ပြည့်ဝလာမှသာ မတူညီတဲ့အတွေးအမြင်သစ်တွေရလာပြီး အသစ်တွေဖန်တီးနိုင်မှာဖြစ်ပါတယ်။

(၅) စွန့်စားပါ
စွန့်စားတာနဲ့ ဆန်းသစ်တီထွင်မှုက တွဲနေတဲ့ ဖြစ်စဥ်နှစ်ခုပါ။ ဆန်းသစ်ချင်သူတွေက စွန့်စားရဲရပါတယ်။ Risk ယူရဲမှသာ လမ်းသစ်ဖောက်နိုင်မှာဖြစ်ပါတယ်။

(၆) ကြောင်းကျိုးဆက်စပ်တွေးခေါ် နိုင်စွမ်းကိုလဲ ပျိုးထောင်ပါ
ဒီနေရာမှာ critical thinking နဲ့ creative thinking ကို ဆန့်ကျင်ဖက်လို့ယူဆကြတာရှိပါတယ်။ critical က အချက်အလက်တွေ၊ အဖြစ်အပျက်တွေနဲ့ အခြား အကြောင်းအကျိုးတွေပေါ် အခြေခံစဥ်းစားရတာဖြစ်ပြီး၊ creative ကကျတော့ လွပ်လပ်တယ် ဘယ်ဘောင်ထဲမှာမှရှိမနေဘူး ဆိုတာကြောင့် သူတို့နှစ်ခုကို ဆန့်ကျင်ဖက်လို့ ယူဆကြပုံပေါ် ပါတယ်။
တကယ်တော့ creative ကောင်းဖို့ critical လိုသလို critical ကောင်းဖို့ creative လဲလိုပါတယ်။

(၇) တစ်သမတ်တည်းရှိနေပါ
တီထွင်ဖန်တီးမှုအားကောင်းတဲ့လူဖြစ်ချင်ရင် နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ ကောက်ရိုးမီးမဖြစ်ဖို့ပါ။ နေ့စဥ်ပုံမှန် ကိုယ်ဖန်တီးနေတဲ့အရာအတွက် အချိန်ပေးဖို့လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်တွေချမှတ်ပြီး စဥ်ဆက်မပြတ်လေ့လာနေဖို့လိုပါမယ်။ စာရေးတာ၊ ပန်ချီဆွဲတာစတဲ့ ဘယ်ဖန်တီးမှုမျိုးမဆို ပုံမှန်လေ့ကျင့်နေမှုဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုအားကောင်းသူတွေဟာ
စိတ်ကူးထဲကတွေးမိသမျှကို လက်တွေ ချရေးထားလေ့ရှိတဲ့ အလေ့ကျင့်ကောင်းတွေလဲရှိတတ်ပါတယ်။

ဒီတော့ မိတ်ဆွေလဲ လေထဲမှာပဲ အိမ်‌ဆောက်တာမျိုးမဖြစ်အောင် အတွေးသစ်အမြင်သစ်တွေရလာပြီဆို write down လုပ်ပါ။

ရလာတဲ့ အတွေးသစ်ကို plan ချပြီး စနစ်တကျလုပ်ဆောင်ပါ။

မိတ်ဆွေတို့အနေနဲ့ရော တီထွင်ဖန်တီးမှုတွေလုပ်ရတာ နှစ်သက်လား?
ပုံမှန် သမာရိုးကျသွားရတာကိုပဲ နှစ်သက်လား?

ဆိုတာကို comment မှာ ဆွေးနွေးသွားပေးနော်။

🤝"ကျန်းမာ၊ ပျော်ရွှင် အလုပ်တွင်ဖို့ TCA နဲ့ ချိတ်ဆက်စို့”🤝





𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔:
𝑻𝒂𝒍𝒆𝒏𝒕 𝑪𝒓𝒂𝒇𝒕 𝑨𝒄𝒂𝒅𝒆𝒎𝒚 𝑪𝒐.,𝑳𝒕𝒅
🏣965(𝑨),𝑫𝒂𝒎𝒂𝒚𝒂𝒛𝒂𝒓 39 𝑺𝒕𝒓𝒆𝒆𝒕, 𝑾𝒐𝒓𝒅 (10), 𝑺𝒐𝒖𝒕𝒉 𝑶𝒌𝒌𝒂𝒍𝒂𝒑𝒂 𝑻𝒐𝒘𝒏𝒔𝒉𝒊𝒑, 𝒀𝒂𝒏𝒈𝒐𝒏.
☎️ 09977844636
📧𝑬𝒎𝒂𝒊𝒍 : 𝒕𝒂𝒍𝒆𝒏𝒕𝒄𝒓𝒂𝒇𝒕𝒂𝒄𝒂𝒅𝒆𝒎𝒚.𝒕𝒄𝒂@𝒈𝒎𝒂𝒊𝒍.𝒄𝒐𝒎
“ 𝑰𝑵𝑽𝑬𝑺𝑻 𝑰𝑵 𝒀𝑶𝑼𝑹 𝑻𝑬𝑨𝑴
𝑰𝑵𝑺𝑷𝑰𝑹𝑬 𝒀𝑶𝑼𝑹 𝑫𝑹𝑬𝑨𝑴
𝑰𝑴𝑷𝑹𝑶𝑽𝑬 𝒀𝑶𝑼𝑹 𝑩𝑼𝑺𝑰𝑵𝑬𝑺𝑺"

𝐄𝐥𝐨𝐧 𝐌𝐮𝐬𝐤 ရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐯𝐢𝐭𝐲 တိုးတက်စေဖို့ မှတ်သားဖွယ်ရာ နည်းလမ်း ၆ ခု===========================================(၁) 𝐀𝐯𝐨𝐢𝐝...
18/11/2024

𝐄𝐥𝐨𝐧 𝐌𝐮𝐬𝐤 ရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐯𝐢𝐭𝐲 တိုးတက်စေဖို့ မှတ်သားဖွယ်ရာ နည်းလမ်း ၆ ခု
===========================================

(၁) 𝐀𝐯𝐨𝐢𝐝 𝐋𝐚𝐫𝐠𝐞 𝐌𝐞𝐞𝐭𝐢𝐧𝐠𝐬
ရှည်လျားထွေပြားတဲ့ 𝐌𝐞𝐞𝐭𝐢𝐧𝐠 ရွာတန်းရှည်ကြီးတွေကို ကြုံတွေဖူးမှာပါ။ ဒီလို 𝐌𝐞𝐞𝐭𝐢𝐧𝐠 မျိုးတွေက အချိန်ဖြုန်းရာရောက်သလို 𝐄𝐧𝐠𝐚𝐠𝐞𝐦𝐞𝐧𝐭 ကိုလဲ ကျစေပါတယ်။ 𝐌𝐞𝐞𝐭𝐢𝐧𝐠 တွေကို ထိထိမိမိနဲ့ ကျစ်ကျစ်လစ်လစ်သာပြုလုပ်သင့်ပြီး၊ တကယ် လိုအပ်တဲ့ လူတွေကိုသာ ခေါ်ယူစည်းဝေးသင့်ပါတယ်။

(၂) 𝐃𝐢𝐭𝐜𝐡 𝐅𝐫𝐞𝐪𝐮𝐞𝐧𝐭 𝐌𝐞𝐞𝐭𝐢𝐧𝐠𝐬
𝐌𝐞𝐞𝐭𝐢𝐧𝐠 လျော့ချရေး 𝐌𝐞𝐞𝐭𝐢𝐧𝐠 တွေကိုလဲ ခဏခဏတွေ့ဖူးတယ်မလား? ဒီလို ခဏခဏပြုလုပ်ခြင်းကလည်း 𝐰𝐨𝐫𝐤𝐟𝐥𝐨𝐰𝐬 ကို နှောင့်နှေးစေပါတယ်။ ဒါ့ကြောင့် 𝐮𝐫𝐠𝐞𝐧𝐭 𝐢𝐬𝐬𝐮𝐞𝐬 တွေအတွက်သာ ပြုလုပ်သင့်ပြီး၊ တကယ်ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကိုသာ ဆွေးနွေးသင့်ပါတယ်။ 𝐌𝐢𝐧𝐨𝐫 𝐢𝐬𝐬𝐮𝐞𝐬 တွေနဲ့ နေ့စဥ်လုပ်ဆောင်ချက်တွေအတွက်ကို 𝐌𝐞𝐞𝐭𝐢𝐧𝐠 လုပ်တာမျိုးထက် 𝐞𝐦𝐚𝐢𝐥𝐬 တွေ၊ 𝐌𝐞𝐬𝐬𝐚𝐠𝐞𝐬 တွေနဲ့ သာဆက်သွယ် ဆွေးနွေးသင့်ပါတယ်။

(၃) 𝐋𝐞𝐚𝐯𝐞 𝐈𝐟 𝐘𝐨𝐮’𝐫𝐞 𝐍𝐨𝐭 𝐂𝐨𝐧𝐭𝐫𝐢𝐛𝐮𝐭𝐢𝐧𝐠
ကိုယ်နဲ့သက်ဆိုင်ပြီး ပါဝင်ဆွေးနွေးဖို့ လိုအပ်မှသာ 𝐌𝐞𝐞𝐭𝐢𝐧𝐠 ကိုတက်ရောက်သင့် ပါတယ်။ ဒီလိုပြုလုပ်ချင်းက သင်နဲ့အခြားလူရဲ့ တန်ဖိုးရှိတဲ့အချိန်ကို လေးစားရာ ရောက်စေပါတယ်။
(၄) 𝐅𝐨𝐫𝐠𝐞𝐭 𝐭𝐡𝐞 𝐂𝐡𝐚𝐢𝐧 𝐨𝐟 𝐂𝐨𝐦𝐦𝐚𝐧𝐝
𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧 တွေကို မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်ဖို့ တစ်ချို့ အချိန်တွေမှာ 𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐥𝐚𝐲𝐞𝐫𝐬 တွေကို ခံပြီး𝐝𝐞𝐜𝐢𝐬𝐢𝐨𝐧 ချမှတ်တာမျိုးထက် တိုက်ရိုက် ပြောဆိုဆောင်ရွက်သင့်ပါတယ်။
𝐅𝐚𝐬𝐭𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 = 𝐅𝐚𝐬𝐭𝐞𝐫 𝐃𝐞𝐜𝐢𝐬𝐢𝐨𝐧𝐬 = 𝐒𝐭𝐫𝐨𝐧𝐠𝐞𝐫 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐯𝐞 𝐀𝐝𝐯𝐚𝐧𝐭𝐚𝐠𝐞 လို့လဲ ဆိုထားပါသေးတယ်။

(၅) 𝐁𝐞 𝐂𝐥𝐞𝐚𝐫, 𝐍𝐨𝐭 𝐂𝐥𝐞𝐯𝐞𝐫
ရိုးရှင်းဆုံးက အထိရောက်ဆုံးပါဘဲ။ ရှင်းလင်းပြတ်သားစွာ ပြောဆိုဆက်သွယ်ခြင်းက ထိရောက်မှုရှိပြီး ပိုမိုနားလည်မှုရရှိစေပါတယ်။

(၆) 𝐔𝐬𝐞 𝐂𝐨𝐦𝐦𝐨𝐧 𝐒𝐞𝐧𝐬𝐞
ဒီအချက်ကတော့ အရှေ့က ၅ ချက်ကို ကိုယ့်ရဲ့ ဆင်ချင်တွေးတောနိုင်စွမ်းနဲ့ ပေါင်းစပ်ပြီး အသုံးပြုဖို့ ပြောထားတာဖြစ်ပါတယ်။ ဖော်ပြပါအထက်က ၅ ချက်ကအခြေအနေတိုင်းမှာတော့ အသုံးဝင်နေမှာမဟုတ်ပဲ အသုံးမပြုခင်မှာ အခြေအနေနဲ့ ကိုက်ညီမှုရှိမရှိ ဆင်ချင်ပြီး အသုံးပြုမှသာထိရောက်မှာပါ။

“ 𝐈𝐍𝐕𝐄𝐒𝐓 𝐈𝐍 𝐘𝐎𝐔𝐑 𝐓𝐄𝐀𝐌
𝐈𝐍𝐒𝐏𝐈𝐑𝐄 𝐘𝐎𝐔𝐑 𝐃𝐑𝐄𝐀𝐌
𝐈𝐍𝐏𝐑𝐎𝐕𝐄 𝐘𝐎𝐔𝐑 𝐁𝐔𝐒𝐈𝐍𝐄𝐒𝐒 “
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬:
☎️ 𝟎𝟗𝟗𝟕𝟕𝟖𝟒𝟒𝟔𝟑𝟔
📩𝐄𝐦𝐚𝐢𝐥 :𝐭𝐚𝐥𝐞𝐧𝐭𝐜𝐫𝐚𝐟𝐭𝐚𝐜𝐚𝐝𝐞𝐦𝐲.𝐭𝐜𝐚@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
𝐓𝐚𝐥𝐞𝐧𝐭 𝐂𝐫𝐚𝐟𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲 𝐂𝐨., 𝐋𝐭𝐝
🏣𝟗𝟔𝟓(𝐀), 𝐃𝐚𝐦𝐚𝐲𝐚𝐳𝐚𝐫 𝟑𝟎 𝐒𝐭𝐫𝐞𝐞𝐭, 𝐖𝐚𝐫𝐝 (𝟏𝟎), 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#𝐭𝐜𝐚
#𝐭𝐚𝐥𝐞𝐧𝐭𝐜𝐫𝐚𝐟𝐭𝐚𝐜𝐚𝐝𝐞𝐦𝐲

သာမညဖလ အခါတော်နေ့( တန်ဆောင်မုန်း လပြည့်နေ့)🎇🌕===============================🙏ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လ...
15/11/2024

သာမညဖလ အခါတော်နေ့( တန်ဆောင်မုန်း လပြည့်နေ့)🎇🌕
===============================
🙏ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လပြည့်နေ့တွင် ''ရဟန်းပြုရခြင်း၏အကျိုး''ဟု အဓိပ္ပာယ်ရသည့် သာမညဖလသုတ္တန် တရားကိုဟောကြား တော်မူခဲ့ရာမှ တန်ဆောင်မုန်းလပြည့်နေ့ကို ''သာမည ဖလအခါတော်နေ့''အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

🙏ကြယ်တာရာ နက္ခအပေါင်းစုံလင်ပြီး 'တန်ဆောင် ...'မီးတိုင်' နှင့် 'မှုန်း'... 'ပျံနှံ့စေခြင်း' ဆိုသည့် အဓိပ္ပာယ်များနှင့် ပြည့်စုံနေသည့် ဤတန်ဆောင်ကာလသမယတွင် ကုသိုလ်တရားများ ပွားများရင်းဖြင့် ကိုယ်စိတ်နှလုံးအေးချမ်းသာယာကြပါစေကြောင်း

𝐓𝐚𝐥𝐞𝐧𝐭 𝐂𝐫𝐚𝐟𝐭 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှ

ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏
#တန်ဆောင်မုန်း
#လပြည့်နေ့
#ဘုရား

ကိုယ်စကားပြောတိုင်း နားထောင်စေဖို့ အချက် (၈) ချက်===============================စကားပြောကောင်းတဲ့လူတွေနဲ့ကြုံဖူးတယ်မလား❓...
05/11/2024

ကိုယ်စကားပြောတိုင်း နားထောင်စေဖို့ အချက် (၈) ချက်
===============================

စကားပြောကောင်းတဲ့လူတွေနဲ့ကြုံဖူးတယ်မလား❓
ပါစပ်လေးဟပြီးမျောသွားတဲ့အထိ ကိုယ့်ကိုဖမ်းစားသွားနိုင်တဲ့ 𝐬𝐩𝐞𝐚𝐤𝐞𝐫 တွေကြုံဖူးမယ်ထင်ပါတယ်။

အဲဒီ့မှာ စကား‌ပြောကောင်းတာနဲ့ စကားကိုရေပက်မဝင်အောင်ပြောတာနဲ့ မတူပါဘူး။

စကားပြောကောင်းတယ်ဆိုတာ အချက်အလက်တွေကို ချိတ်ဆက်မိမိနဲ့ ယုတ္တိဆန်ဆန် လူစိတ်ဝင်စားအောင်ပြောနိုင်ခြင်းကို ဆိုလိုတာပါ။ ကိုယ်ကကြီး စွတ်ပြောပြီး စကားနိုင်လုတဲ့ပုံစံမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။

ဒီလိုမျိုး လူတွေကြားမှာ စကားပြောကောင်းချင်တယ်ဆိုရင်တော့ လိုက်နာလေ့ကျင့်ရမယ့် အချက်တစ်ချို့ရှိ နေပါတယ်။ ဘာတွေလဲဆိုတာ အတူတူ လေ့လာကြည့်ရအောင်

🟧 ကြိုတင်ပြင်ဆင်မှုလုပ်ပါ
လူကြားထဲ စကားထွက်ပြောရပြီဆို ပထမဆုံးဖြစ်တာက စိတ်လှုပ်ရှားတာပါ။ စိတ်လှုပ်ရှားရတဲ့ အကြောင်းက ယုံကြည်မှုမရှိလို့ပါ။ ယုံကြည်မှုရဖို့ဆို ကြိုတင်ပြင်ဆင်မှု တွေပြုလုပ်ထားရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ပြောရမယ့် အကြောင်းအရာအတွက် မှတ်စုထုတ်တာ ၊ အဲ့မှတ်စုကို အကြိမ်ကြိမ် ရင်းနှီးနေအောင် ဖတ်တာမျိုး စတဲ့ ကြိုတင်လေ့ကျင့်မှုတွေပြုလုပ်ထားမယ်ဆိုရင် ယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။ ပိုကောင်းတာကတော့ အချိန်ရရင် မှန်ရှေ့မှာ တစ်ယောက်တည်း အချိန်မှတ်ထားပြီး အပြောလေ့ကျင့်ပါ။ ဖုန်းနဲ့ အသံဖမ်းပြီး ပြန်နားထောင်.......လိုအပ်တာကို ပြန်ပြင်နိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။

------------------
🟧 နားထောင်မယ့် ပရိတ်သတ်အကြောင်းကို သိအောင်ပြုလုပ်ပါ
ကြိုတင်ပြင်ဆင်မှုလုပ်တဲ့ အခါမှာ နားထောင်မယ့် ပရိတ်သတ်ရဲ့ အကြောင်းကို သိထားမှသာ အဲ့ပရိတ်သတ်နဲ့ ကိုက်ညီမှုရှိတဲ့ 𝐧𝐨𝐭𝐞 တွေ ထွက်လာမှာဖြစ်ပါတယ်။ ကိုယ်ပြင်ချင်သလိုပြင်ထားမယ်ဆိုရင် အောက်က ပရိတ်သတ်နဲ့ အံချော်ပြီး ဆွဲဆောင်မှုလဲရှိမှာ မဟုတ်တော့ပါဘူး။ အောက်ကနားထောင်နေတဲ့ ပရိတ်သတ်နားလည် သဘောပေါက်ပြီး သူတို့ ကြုံတွေ့ သိရှိထားတဲ့ အကြောင်းအရာတွေပါဝင်မှသာ စိတ်ဝင်စားမှုကို ရရှိမှာပါ။
--------------------
🟧 𝐒𝐩𝐞𝐞𝐜𝐡 𝐍𝐨𝐭𝐞 တစ်ခုကို ဖန်တီးထားပါ
ကိုယ်ပြောမယ့် အကြောင်းအရာအတွက် 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 တစ်ခု ချထားရမှာဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်အကြောင်းအရာကို ချိတ်ဆက်ပြောမယ် ဘယ်နားမှာ ဘယ်လို ဥပမာကိုထည့်မယ် စတဲ့ 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 တစ်ခုရှိထားမှသာ ‌ ‌𝐬𝐦𝐨𝐨𝐭𝐡 ဖြစ်တဲ့ 𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 တစ်ခုဖြစ်မှာပါ။
--------------------
🟧 ပရိတ်သတ်ကို အကဲခတ်ပါ
ကိုယ်ကပြောချင်တာကြီးကိုပဲ ဇွတ်ပြောနေလို့မရပါဘူး။ ပရိတ်သတ်ရဲ့ 𝐫𝐞𝐚𝐜𝐭𝐢𝐨𝐧 ကို အကဲခတ်ပြီး အကြောင်းအရာချိန်းနိုင်စွမ်းလဲရှိထားရမှာဖြစ်ပါတယ်။
--------------------
🟧 စကားပြောတဲ့ 𝐭𝐨𝐧𝐞 ကို အပြောင်းအလဲလုပ်ပါ
မျဥ်းဖြောင့်တစ်ကြောင်းထဲသွားနေတဲ့ အသံ 𝐭𝐨𝐧𝐞 က အရမ်းပျင်းဖို့ကောင်းပါတယ်။ စွဲ‌ဆောင်မှုရှိချင်တယ်ဆို 𝐭𝐨𝐧𝐞 ကို အကြောင်းအရာအပေါ် မှုတည်ပြီး အနိမ့်အမြင့် ပြောင်းလဲပေးပါ။
--------------------
🟧 ဥပမာ၊ 𝐬𝐭𝐨𝐫𝐲၊ အတွေ့အကြုံ စတဲ့ မြင်သာထင်သာရှိစေတဲ့အရာတွေကို ညှပ်သုံးပါ
စကားပြောတဲ့အခါမှာ စာသံပေသံနဲ့ 𝐭𝐡𝐞𝐨𝐫𝐲 ကျကျ ပြောရတဲ့နေရာတွေ ရှိသလို အဲဒီ့ အကြောင်းအရာတွေကို ပြန်ပြီးရှင်းပြဖို့ ဥပမာတွေ၊ ပုံတိုပတ်စတွေကိုသုံးရပါတယ်။ ဒါမှသာ ထင်သာမြင်သာရှိပြီး ပိုစိတ်ဝင်စားလာမှာပါ။ လူတွေက သူတို့နေ့စဥ်ကြုံတွေနေရတဲ့ အဖြစ်အပျက်တွေနဲ့ နှိုင်းယှဥ်ပြောပြရင် ပိုပြီးနားလည် မှတ်မိကြပါတယ်။
--------------------
🟧 အထောက်အကူပြုပစ္စည်း‌အသုံးပြုမှုကို ကြိုတင်ရွေးချယ်ပါ
ဘယ်လို အထောက်အကူပြုပစ္စည်း (𝐕𝐢𝐬𝐮𝐚𝐥 𝐀𝐢𝐝𝐬)တွေကို အသုံးပြုဖို့ သင့်တော်မလဲဆိုတာကို သိထားရပါမယ်။
--------------------
🟧 မေးခွန်းတွေ အတွက်ကြိုတင်ပြင်ဆင်ထားပါ
နောက်ဆုံးတစ်ခုကတော့ ပရိတ်သတ်ဆီကနေ မေးလာမယ့် မေးခွန်းတွေအတွက် ဖြစ်နိုင်‌ခြေရှိတာတွေကို ကြိုတင်ပြင်ဆင်ထားခြင်းက အဖြေကောင်းတွေ ထွက်လာမှာပါ။
--------------------
လူတွေကြားမှာ စကားပြောတယ်ဆိုတာ တကယ်တော့ ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး
ယုံကြည်မှုရှိရှိနဲ့ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားမယ်ဆိုရင် ဆွဲဆောင်မှုရှိရှိ စကားပြောနိုင်တဲ့ 𝐬𝐩𝐞𝐚𝐤𝐞𝐫 ကောင်းတွေဖြစ်လာတဲ့အပြင် နားထောင်တဲ့ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐫𝐬 ကောင်းတွေလည်း အများကြီး ရလာမှာပါ။

မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်မှာ အကျိုးရှိစေမယ့် 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥𝐬 နဲ့ပက်သက်တဲ့ အသိပညာတွေကို မျှဝေပေးသွားမှာဖြစ်လို့ 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ တိုက်တွန်းပါရစေခင်ဗျာ။

🤝"ကျန်းမာ၊ ပျော်ရွှင် အလုပ်တွင်ဖို့ 𝐓𝐂𝐀 နဲ့ ချိတ်ဆက်စို့”🤝
#𝐭𝐚𝐥𝐞𝐧𝐭𝐜𝐫𝐚𝐟𝐭𝐚𝐜𝐚𝐝𝐞𝐦𝐲
#𝐭𝐜𝐚

#𝐞𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 #𝐜𝐚𝐫𝐞𝐞𝐫𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐬𝐞𝐥𝐟𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐢𝐦𝐚𝐠𝐞𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩 #𝐜𝐨𝐚𝐜𝐡 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐬𝐭𝐮𝐝𝐲𝐬𝐤𝐢𝐥𝐥𝐬 #𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩𝐬𝐤𝐢𝐥𝐥𝐬 #𝐞𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥𝐢𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 #𝐠𝐫𝐨𝐰𝐭𝐡𝐦𝐢𝐧𝐝𝐬𝐞𝐭 #𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠𝐭𝐢𝐩𝐬 #𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬 #𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 #𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 #𝐬𝐮𝐜𝐜𝐞𝐬𝐬 #𝐩𝐨𝐞𝐭𝐫𝐲 #𝐢𝐧𝐬𝐩𝐢𝐫𝐞 #𝐦𝐢𝐧𝐝𝐬𝐞𝐭 #𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 #𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 #𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 #𝐬𝐤𝐢𝐥𝐥𝐬 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐜𝐚𝐫𝐞𝐞𝐫 #𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐠𝐫𝐨𝐰𝐭𝐡 #𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 #𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 #𝐬𝐞𝐥𝐟𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐦𝐞𝐧𝐭𝐨𝐫𝐢𝐧𝐠 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐛𝐫𝐚𝐧𝐝𝐢𝐧𝐠

𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔:
𝑻𝒂𝒍𝒆𝒏𝒕 𝑪𝒓𝒂𝒇𝒕 𝑨𝒄𝒂𝒅𝒆𝒎𝒚 𝑪𝒐.,𝑳𝒕𝒅
🏣𝟗𝟔𝟓(𝑨),𝑫𝒂𝒎𝒂𝒚𝒂𝒛𝒂𝒓 𝟑𝟗 𝑺𝒕𝒓𝒆𝒆𝒕, 𝑾𝒐𝒓𝒅 (𝟏𝟎), 𝑺𝒐𝒖𝒕𝒉 𝑶𝒌𝒌𝒂𝒍𝒂𝒑𝒂 𝑻𝒐𝒘𝒏𝒔𝒉𝒊𝒑, 𝒀𝒂𝒏𝒈𝒐𝒏.
☎️ 𝟎𝟗𝟗𝟕𝟕𝟖𝟒𝟒𝟔𝟑𝟔
📧𝑬𝒎𝒂𝒊𝒍 : 𝒕𝒂𝒍𝒆𝒏𝒕𝒄𝒓𝒂𝒇𝒕𝒂𝒄𝒂𝒅𝒆𝒎𝒚.𝒕𝒄𝒂@𝒈𝒎𝒂𝒊𝒍.𝒄𝒐𝒎
“ 𝑰𝑵𝑽𝑬𝑺𝑻 𝑰𝑵 𝒀𝑶𝑼𝑹 𝑻𝑬𝑨𝑴
𝑰𝑵𝑺𝑷𝑰𝑹𝑬 𝒀𝑶𝑼𝑹 𝑫𝑹𝑬𝑨𝑴
𝑰𝑴𝑷𝑹𝑶𝑽𝑬 𝒀𝑶𝑼𝑹 𝑩𝑼𝑺𝑰𝑵𝑬𝑺𝑺"

📌 လုပ်ငန်းတိုင်းမှာ ဝန်ထမ်းတွေရဲ့ 𝐓𝐚𝐥𝐞𝐧𝐭 ကိုထိန်းထားဖို့ ဘာလို့အရေးကြီးတာလဲ? ဘယ်လိုထိန်းထားမလဲ?=========================...
03/11/2024

📌 လုပ်ငန်းတိုင်းမှာ ဝန်ထမ်းတွေရဲ့ 𝐓𝐚𝐥𝐞𝐧𝐭 ကိုထိန်းထားဖို့ ဘာလို့အရေးကြီးတာလဲ? ဘယ်လိုထိန်းထားမလဲ?
==========================================

🔍 𝐓𝐚𝐥𝐞𝐧𝐭 𝐑𝐞𝐭𝐞𝐧𝐭𝐢𝐨𝐧 ဆိုတာ ကို 𝐇𝐑 သမားတွေကတော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဝန်ထမ်းတွေမြဲအောင် အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကောင်းတွေကို ရေရှည်ထိန်းထားနိုင်အောင် ပြုလုပ်ရမယ့် ကိစ္စတစ်ခုလို့ သိထားကြပါတယ်။

တကယ်တော့ 𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞𝐬’ 𝐓𝐚𝐥𝐞𝐧𝐭 𝐑𝐞𝐭𝐞𝐧𝐭𝐢𝐨𝐧 ဆိုတာ အဲ့ထက်ပိုပါတယ်။ တိုးတက်ချင်စိတ်အပြည့်နဲ့ တက်ကြွတဲ့သူတွေဖွဲ့စည်းထားတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

ဝန်ထမ်းတွေက သူတို့ကိုတန်ဖိုးထားတယ်၊ အရေးတယူရှိတယ်ဆိုရင် သူတို့ကလဲ သူတို့မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ လုပ်နိုင်စွမ်းတွေကို လုပ်ငန်းခွင်မှာ ထုတ်သုံးဖို့ ဝန်မလေးကြတော့ပါဘူး။ ဒီလို ပြုလုပ်လာကြပြီဆို လုပ်ငန်းကလဲ ရေရှည်တိုးတက်အောင်မြင်မှာပါ။

💼 ဘာလို့အရေးကြီးတာလဲ❓
𝐑𝐞𝐝𝐮𝐜𝐞𝐬 𝐇𝐢𝐫𝐢𝐧𝐠 𝐂𝐨𝐬𝐭 - အရည်အချင်းရှိတဲ့ ဝန်ထမ်းအသစ်တွေကို ခေါ်ယူတဲ့ကိစ္စဆိုတာ ကုန်ကျစာရိတ်များပါတယ်။ ဒါမှမဟုတ် ရှိပြီးသားသူတွေကိုပဲ 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 တွေပေးမယ်ဆိုရင်တောင် ကုန်ကျစာရိတ်က မသေးပါဘူး။ ဒါကြောင့်မလို့ အရည်ချင်းရှိပြီးသား ဝန်ထမ်းတွေကို ထိန်းထားနိုင်တာက အချိန်နဲ့ ငွေကိုပါ ကုန်ကျမှုသက်သာစေပါတယ်။
-----------
𝐌𝐚𝐢𝐧𝐭𝐚𝐢𝐧𝐬 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 & 𝐄𝐱𝐩𝐞𝐫𝐭𝐢𝐬𝐞 - လုပ်ငန်းတစ်ခုမှာ လုပ်သက်ရင့်ဝန်ထမ်းတွေက ကျွမ်းကျင်မှု အထိုက်အလျောက်ရှိပြီးသားသူတွေဖြစ်တာကြောင့် လုပ်ငန်းရဲ့ အရည်အသွေးကိုထိန်းထားနိုင်ဖို့ အများကြီးအထောက်အကူပေးပါတယ်။
-----------
𝐁𝐨𝐨𝐬𝐭𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐂𝐮𝐥𝐭𝐮𝐫𝐞 - တန်ဖိုးထားခြင်းခံရတဲ့ ဝန်ထမ်းတွေက အမြဲတန်းစိတ်ကျေနပ်မှုရှိနေပြီး၊ တက်ကြွနေတာကြောင့် 𝐩𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐰𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞 𝐜𝐮𝐥𝐭𝐮𝐫𝐞 ကို ဖန်တီးပေးဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။
***********
🚀 ဘယ်လိုထိန်းသိမ်းမလဲ❓
𝐎𝐟𝐟𝐞𝐫 𝐂𝐚𝐫𝐞𝐞𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 - သင်ယူနိုင်ဖို့နဲ့ စဥ်ဆက်မပြတ်တိုးတက်ဖို့အတွက် အခွင့်အလမ်းတွေဖန်တီးပေးပါ။

လူ့သဘောသဘာဝအရ ကိုယ့်အကျိုးကိုလိုလားတဲ့ ပတ်ဝန်းကျင်ကို ပိုနှစ်သက်တတ်တာကြောင့် ဘယ်တော့မှ ကျောခိုင်းဖို့စဥ်းစားမှာမဟုတ်တော့ပါဘူး။
----------
𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐞 𝐚 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐖𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞 - ဝန်ထမ်းတွေကိုအလုပ်မှာစိတ်အားတက်ကြွစေဖို့ သူတို့ရဲ့လုပ်ဆောင်ချက်တွေ၊ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးပါ၊ ချီးကျူးစကားပြောပေးပါ။

အလုပ်မှာလိုအပ်ချက်တွေ အဆင်မပြေမှုတွေရှိနေတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောဆိုတင်ပြနိုင်ကြောင်း အသိပေးထားပါ။

ဒီလိုပြုလုပ်စေခြင်းဖြင့် ဝန်ထမ်းနဲ့ 𝐇𝐑 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 ကြား 𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐄𝐧𝐠𝐚𝐠𝐞𝐦𝐞𝐧𝐭 တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။
----------
𝐄𝐧𝐜𝐨𝐮𝐫𝐚𝐠𝐞 𝐖𝐨𝐫𝐤-𝐋𝐢𝐟𝐞 𝐁𝐚𝐥𝐚𝐧𝐜𝐞 - ဘဝနေပျော်ရင် ဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းဟာလည်း ပိုပြီးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် 𝐰𝐨𝐫𝐤-𝐥𝐢𝐟𝐞 𝐛𝐚𝐥𝐚𝐧𝐜𝐞 ဖြစ်အောင် ဖန်တီးပေးဖို့လဲလိုပါတယ်။
----------
🌟 ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို အာရုံစိုက်ထားခြင်းက လုပ်ငန်းရဲ့အနာဂတ်အတွက် ရင်းနှီးမြှပ်တာနဲ့ အတူတူပါဘဲ။

ဒါကြောင့်မလို့ အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတွေမြဲချင်တယ်ဆိုရင် 𝐑𝐞𝐭𝐞𝐧𝐭𝐢𝐨𝐧 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 တွေ ချမှတ်အကောင်အထည်ဖော်သင့်ကြောင်း မျှဝေလိုက်ရပါတယ်နော်။

🔹 မိတ်ဆွေတို့အနေနဲ့ကော အလုပ်မှာကိုယ်ကို ပျော်ရွှင်စေတဲ့အရာတစ်ခုကိုပြောပါဆို ဘာဖြစ်မလဲ?

"ကျန်းမာ၊ ပျော်ရွှင် အလုပ်တွင်ဖို့ 𝐓𝐂𝐀 နဲ့ ချိတ်ဆက်စို့”
#𝐭𝐚𝐥𝐞𝐧𝐭𝐜𝐫𝐚𝐟𝐭𝐚𝐜𝐚𝐝𝐞𝐦𝐲
#𝐭𝐜𝐚
#𝐞𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 #𝐜𝐚𝐫𝐞𝐞𝐫𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐬𝐞𝐥𝐟𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐢𝐦𝐚𝐠𝐞𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩 #𝐜𝐨𝐚𝐜𝐡 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐬𝐭𝐮𝐝𝐲𝐬𝐤𝐢𝐥𝐥𝐬 #𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩𝐬𝐤𝐢𝐥𝐥𝐬 #𝐞𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥𝐢𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 #𝐠𝐫𝐨𝐰𝐭𝐡𝐦𝐢𝐧𝐝𝐬𝐞𝐭 #𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠𝐭𝐢𝐩𝐬 #𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬 #𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 #𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 #𝐬𝐮𝐜𝐜𝐞𝐬𝐬 #𝐩𝐨𝐞𝐭𝐫𝐲 #𝐢𝐧𝐬𝐩𝐢𝐫𝐞 #𝐦𝐢𝐧𝐝𝐬𝐞𝐭 #𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 #𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 #𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 #𝐬𝐤𝐢𝐥𝐥𝐬 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐜𝐚𝐫𝐞𝐞𝐫 #𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐠𝐫𝐨𝐰𝐭𝐡 #𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 #𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 #𝐬𝐞𝐥𝐟𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐦𝐞𝐧𝐭𝐨𝐫𝐢𝐧𝐠 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐛𝐫𝐚𝐧𝐝𝐢𝐧𝐠
𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔:
𝑻𝒂𝒍𝒆𝒏𝒕 𝑪𝒓𝒂𝒇𝒕 𝑨𝒄𝒂𝒅𝒆𝒎𝒚 𝑪𝒐.,𝑳𝒕𝒅
𝟗𝟔𝟓(𝑨),𝑫𝒂𝒎𝒂𝒚𝒂𝒛𝒂𝒓 𝟑𝟎 𝑺𝒕𝒓𝒆𝒆𝒕, 𝑾𝒐𝒓𝒅 (𝟏𝟎), 𝑺𝒐𝒖𝒕𝒉 𝑶𝒌𝒌𝒂𝒍𝒂𝒑𝒂 𝑻𝒐𝒘𝒏𝒔𝒉𝒊𝒑, 𝒀𝒂𝒏𝒈𝒐𝒏.
𝟎𝟗𝟗𝟕𝟕𝟖𝟒𝟒𝟔𝟑𝟔
𝑬𝒎𝒂𝒊𝒍 : 𝒕𝒂𝒍𝒆𝒏𝒕𝒄𝒓𝒂𝒇𝒕𝒂𝒄𝒂𝒅𝒆𝒎𝒚.𝒕𝒄𝒂@𝒈𝒎𝒂𝒊𝒍.𝒄𝒐𝒎
“ 𝑰𝑵𝑽𝑬𝑺𝑻 𝑰𝑵 𝒀𝑶𝑼𝑹 𝑻𝑬𝑨𝑴
𝑰𝑵𝑺𝑷𝑰𝑹𝑬 𝒀𝑶𝑼𝑹 𝑫𝑹𝑬𝑨𝑴
𝑰𝑴𝑷𝑹𝑶𝑽𝑬 𝒀𝑶𝑼𝑹 𝑩𝑼𝑺𝑰𝑵𝑬𝑺𝑺"

ခက်ခဲပင်ပန်းနေတဲ့ကာလမှာ 𝐓𝐂𝐀 ရဲ့ ပညာ ဒါနပေးအပ်တဲ့ 𝐄𝐱𝐩𝐞𝐫𝐭 𝐂𝐚𝐫𝐞𝐞𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧  ကို 𝐅𝐫𝐞𝐞 ရယူနိုင်ပါပြီ*********...
01/11/2024

ခက်ခဲပင်ပန်းနေတဲ့ကာလမှာ 𝐓𝐂𝐀 ရဲ့ ပညာ ဒါနပေးအပ်တဲ့
𝐄𝐱𝐩𝐞𝐫𝐭 𝐂𝐚𝐫𝐞𝐞𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 ကို 𝐅𝐫𝐞𝐞 ရယူနိုင်ပါပြီ
***********************************************************************
မိတ်ဆွေရဲ့ 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐠𝐨𝐚𝐥 တွေကို ရယူနိုင်ဖို့ 𝐓𝐂𝐀 ကနေ 𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐳𝐞𝐝 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 အစီအစဥ်ဖြစ်ပါတယ်

➡️ ဘယ်လိုပုံစံမျိုးလဲ?
ကျွန်တော်တို့ 𝐓𝐂𝐀 မှာ မိတ်ဆွေရဲ့ 𝐜𝐚𝐫𝐞𝐞𝐫 အတွက် ကျွမ်းကျင်မှုအသစ်တွေဖန်တီးပေးဖို့နဲ့ 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 အိပ်မက်တွေကိုအကောင်အထည်ဖော်ပေးဖို့အတွက် 𝐝𝐞𝐬𝐢𝐠𝐧 ပြုလုပ်ထားတဲ့ 𝐜𝐚𝐫𝐞𝐞𝐫 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 တွေ ရှိနေပါပြီ။
----------
➡️ ဘယ်သူတွေအတွက် သင့်တော်လဲ?
ဘယ်သူတွေအတွက် သင့်တော်လဲဆိုတော့ -
🟠ဘွဲ့ရခါစ လုပ်ငန်းခွင်ဝင်မဲ့သူတွေ
🟠 လုပ်ငန်းလုပ်ကိုင်ရင်း လမ်းပျောက်နေသူများ
🟠 လက်ရှိ 𝐜𝐚𝐫𝐞𝐞𝐫 မှာ 𝐬𝐤𝐢𝐥𝐥 ထပ်မြှင့်ချင်တဲ့ 𝐌𝐢𝐝-𝐜𝐚𝐫𝐞𝐞𝐫 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐬 တွေ
🟠လက်ရှိ 𝐜𝐚𝐫𝐞𝐞𝐫၊ လက်ရှိ 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ကနေ 𝐫𝐨𝐥𝐞𝐬 အသစ် 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 အသစ်ကို ကူးပြောင်းဖို့ ပြင်ဆင်နေတဲ့သူတွေ အတွက် အထူးသင့်တော်တဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။
---------
➡️ ဘာအကျိုးကျေးဇူးတွေရမှာလဲ?
အကျိုးကျေးဇူးအနေနဲ့ကတော့ 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 ယူပြီးသွားရင် မိတ်ဆွေရဲ့ 𝐂𝐚𝐫𝐞𝐞𝐫 𝐏𝐚𝐭𝐡 ကိုရှင်းရှင်းလင်းလင်းမြင်သွားမယ်၊ ကိုယ်လိုချင်တဲ့ 𝐫𝐨𝐥𝐞 တစ်ခု ကိုချဥ်းကပ်နိုင်ဖို့ နည်းလမ်းကောင်းတွေ တွေ့သွားမယ် စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

⚠️အစောဆုံး စာရင်းပေးသွင်းသူ ၃ ဦးအတွက်သာ 𝐅𝐫𝐞𝐞 ခွင့်ပြုထားတာမလို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့တော့လိုပါမယ်။⚠️
---------
➡️ ပထမဆုံး 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 လုပ်တဲ့ ၃ ဦး ကို 𝟏𝟎.𝟏𝟏.𝟐𝟎𝟐𝟒 ရက်နေ့မှာ ဆရာမ ထက်ထက်လင်းကိုယ်တိုင် 𝐠𝐫𝐨𝐮𝐩 𝐬𝐞𝐬𝐬𝐢𝐨𝐧 ဆွေးနွေးပေးသွားမှာပါ။
---------
အရာရာ တိုးတက်မြန်ဆန်နေတဲ့ ခေတ်ကြီးမှာ သူများနောက်မကျအောင် မိတ်ဆွေရဲ့ 𝐂𝐚𝐫𝐞𝐞𝐫 ကိုနောက်တစ်ဆင့်မြှင့်တင်နိုင်ဖို့ 𝐓𝐂𝐀 နဲ့အခုပဲဆက်သွယ်ဖို့ လိုပါတယ်။
လမ်း‌မပျောက်ပဲ လမ်းလျောက်နိုင်ဖို့ 𝐓𝐂𝐀 မှ ကူ ညီပေးသွားမှာ ဖြစ်ပါတယ်။

"ကျန်းမာ၊ ပျော်ရွှင် အလုပ်တွင်ဖို့ 𝐓𝐂𝐀 နဲ့ ချိတ်ဆက်စို့”

#𝐭𝐚𝐥𝐞𝐧𝐭𝐜𝐫𝐚𝐟𝐭𝐚𝐜𝐚𝐝𝐞𝐦𝐲
#𝐭𝐜𝐚
#𝐞𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 #𝐜𝐚𝐫𝐞𝐞𝐫𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐬𝐞𝐥𝐟𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐢𝐦𝐚𝐠𝐞𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩 #𝐜𝐨𝐚𝐜𝐡 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐬𝐭𝐮𝐝𝐲𝐬𝐤𝐢𝐥𝐥𝐬 #𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩𝐬𝐤𝐢𝐥𝐥𝐬 #𝐞𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥𝐢𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 #𝐠𝐫𝐨𝐰𝐭𝐡𝐦𝐢𝐧𝐝𝐬𝐞𝐭 #𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠𝐭𝐢𝐩𝐬 #𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬 #𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 #𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 #𝐬𝐮𝐜𝐜𝐞𝐬𝐬 #𝐩𝐨𝐞𝐭𝐫𝐲 #𝐢𝐧𝐬𝐩𝐢𝐫𝐞 #𝐦𝐢𝐧𝐝𝐬𝐞𝐭 #𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 #𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 #𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 #𝐬𝐤𝐢𝐥𝐥𝐬 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐜𝐚𝐫𝐞𝐞𝐫 #𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐠𝐫𝐨𝐰𝐭𝐡 #𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 #𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 #𝐬𝐞𝐥𝐟𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐦𝐞𝐧𝐭𝐨𝐫𝐢𝐧𝐠 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐛𝐫𝐚𝐧𝐝𝐢𝐧𝐠
𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔:
𝑻𝒂𝒍𝒆𝒏𝒕 𝑪𝒓𝒂𝒇𝒕 𝑨𝒄𝒂𝒅𝒆𝒎𝒚 𝑪𝒐.,𝑳𝒕𝒅
𝟗𝟔𝟓(𝑨),𝑫𝒂𝒎𝒂𝒚𝒂𝒛𝒂𝒓 𝟑𝟎 𝑺𝒕𝒓𝒆𝒆𝒕, 𝑾𝒐𝒓𝒅 (𝟏𝟎), 𝑺𝒐𝒖𝒕𝒉 𝑶𝒌𝒌𝒂𝒍𝒂𝒑𝒂 𝑻𝒐𝒘𝒏𝒔𝒉𝒊𝒑, 𝒀𝒂𝒏𝒈𝒐𝒏.
𝟎𝟗𝟗𝟕𝟕𝟖𝟒𝟒𝟔𝟑𝟔
𝑬𝒎𝒂𝒊𝒍 : 𝒕𝒂𝒍𝒆𝒏𝒕𝒄𝒓𝒂𝒇𝒕𝒂𝒄𝒂𝒅𝒆𝒎𝒚.𝒕𝒄𝒂@𝒈𝒎𝒂𝒊𝒍.𝒄𝒐𝒎
“ 𝑰𝑵𝑽𝑬𝑺𝑻 𝑰𝑵 𝒀𝑶𝑼𝑹 𝑻𝑬𝑨𝑴
𝑰𝑵𝑺𝑷𝑰𝑹𝑬 𝒀𝑶𝑼𝑹 𝑫𝑹𝑬𝑨𝑴
𝑰𝑴𝑷𝑹𝑶𝑽𝑬 𝒀𝑶𝑼𝑹 𝑩𝑼𝑺𝑰𝑵𝑬𝑺𝑺"

01/11/2024
ကိုယ့်ကိုယ်ကို ဂရုစိုက်တာ အတ္တကြီးတာမဟုတ်ပါ😍=============================ဒီနေ့မှာတော့ မိတ်ဆွေတို့ကို စိတ်ခွန်အားအသစ်တွေဖ...
30/10/2024

ကိုယ့်ကိုယ်ကို ဂရုစိုက်တာ အတ္တကြီးတာမဟုတ်ပါ😍
=============================

ဒီနေ့မှာတော့ မိတ်ဆွေတို့ကို စိတ်ခွန်အားအသစ်တွေဖြည့်တင်းနိုင်ဖို့နဲ့ ပြန်လည်လန်းဆန်းစေဖို့အတွက် မိမိကိုယ်ကိုချစ်တတ်အောင် လေ့ကျင့်ရမယ့် နည်းလမ်းကောင်းတွေကိုမျှဝေပေးမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းက နေ့စဥ်ဘဝမှာမရှိမဖြစ်လုပ်ရမယ့် အခြေအနေတစ်ခုပါ။ 😘

ကိုယ့်ကိုယ်ကိုဂရုစိုက်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်ကိုကော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ အမြဲတမ်းလန်းဆန်းနေအောင် ကျင့်ကြံနေထိုင်ရတာဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေကြောင့်ပဲဖြစ်ဖြစ်၊ တာဝန်တွေ ဝတ္တရာတွေကြောင့်ပဲဖြစ်ဖြစ် စိတ်ကောလူပါ နွမ်းနေပြီဆို ကိုယ့်ကိုယ်ကို အချိန်လေး‌ပေးဖို့လိုလာပါပြီ။ ဘယ်လိုမျိုး အချိန်ပေးပြီး ဂရုစိုက်ရမလဲဆိုရင်-

⏩ တိကျတဲ့ 𝐛𝐨𝐮𝐧𝐝𝐚𝐫𝐢𝐞𝐬 လေးတွေထားပြီး လုပ်ဆောင်ရပါမယ်။ အရာရာကို ကိုယ်ကလိုက်ပါဆောင်ရွက်ပေးနေလို့ အဆင်မပြေပါဘူး။ ကိုယ်ရဲ့ 𝐭𝐢𝐦𝐞 နဲ့ 𝐞𝐧𝐞𝐫𝐠𝐲 က အကန့်အသတ်ရှိပါတယ်။ ဒီအကန့်အသတ်ရှိတဲ့ အရာတွေကို ဘယ်နေရာမှာသုံးမယ်၊ ဘယ်အတွက်သုံးမယ်ဆိုတဲ့ ကန့်သတ်ချက်ထားထားဖို့ဆိုလိုတာပါ။ ဒီလို ထားနိုင်ဖို့ တစ်ချို့တောင်းဆိုမှုတွေကို 𝐍𝐨 လို့ ပြောထွက်ဖို့ လိုပါတယ်။
------
⏩ နောက်ပြီး ဘာသာတရားအလိုက် 𝐦𝐢𝐧𝐝𝐟𝐮𝐥𝐧𝐞𝐬𝐬 ဖြစ်စေမယ့် လေ့ကျင့်ခန်းတွေလုပ်တာ၊ 𝐣𝐨𝐮𝐫𝐧𝐚𝐥𝐢𝐧𝐠 လုပ်တာတွေလိုမျိုးတွေကို နေ့စဥ် အချိန်တစ်ခုပေးလုပ်ဆောင်ပေးသင့်ပါတယ်။
------
⏩ စိတ်ပိုင်းဆိုင်ရာအတွက်ပြီးရင် ရုပ်ပိုင်းဆိုင်ရာအတွက် နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုတွေကို အချိန်ရသလောက်လုပ်ပေးပါ။ ဒီလိုလုပ်တဲ့နေရာမှာ အချိန်ရမှလုပ်မယ်ဆိုတာမျိုးမဟုတ်ပဲ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေရင်း၊ အိမ်မှုကိစ္စဆောင်ရွက်နေရင်း လုပ်တာမျိုးကိုဆောင်ရွက်လို့ရပါတယ်။
-----
⏩ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို နေ့စဥ်ဖြည့်တင်းပေးဖို့လဲ လိုပါတယ်။ အိပ်ရေးဝအောင်အိပ်တာ၊ ရေကိုလိုအပ်တဲ့ပမာဏသောက်တာမျိုးကိုဆိုလိုတာပါ။
-----
⏩ နောက်ဆုံးတစ်ခုကတော့ အားလပ်ချိန်လေးတွေမှာ ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုခုကို စိတ်လိုလက်ရလုပ်တာမျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။ စာဖတ်တာဖြစ်ဖြစ်၊ ပန်ချီဆွဲတာဖြစ်ဖြစ် ကိုယ့်ပျော်ရွှင်စိတ်ကြေနပ်စေမယ့်အရာမျိုးကိုရွေးချယ် ဆောင်ရွက်လို့ရပါတယ်။
-----
⏩ မှတ်ထားရမှာက ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းက အတ္တကြီးတာမျိုးမဟုတ်ဘူးဆိုတာပါဘဲ။ များသောအားဖြင့် အိမ်ထောင်သည်တွေ မိဘတွေမှာ ဒီလိုမျိုးခံစားရတတ်ပါတယ်။

🥰 ကိုယ့်အတွက်တောင် အချိန်လေးမပေးနိုင်တော့ပဲ အရာအားလုံးအတွက်သားသမီးတွေပေါ်မှာ ပုံအောလိုက်တာမျိုးလုပ်တတ်လိုက်ကြပါတယ်။ တကယ်တမ်းတော့ ကိုယ့်အတွက်လဲ ထိုက်သင့်တဲ့ အချိန်လေးတစ်ခုပြန်ပေးသင့်ပါတယ်လို့ အကြံပြုပါရစေ။ ဒီလိုပေးလိုက်တဲ့အတွက် ပိုပြီးတော့တောင်ကလေးတွေအပေါ် စိတ်ကြည်လာမယ်၊ ပိုပြီးစောင့်ရှောက်လာနိုင်မှာပါ။

🥰 ဒီအမှုအကျင့်တွေကိုဆောင်ရွက်ကြည့်တဲ့အခါ သေးသေးလေးတွေကနေ စတင်လုပ်ဆောင်ကြည့်ပါ။ နောက်ပိုင်းမှာ လုပ်ရိုးလုပ်စဥ်တစ်ခုလိုဖြစ်လာပြီး ကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံတစ်ခုကို ရရှိလာပါလိမ့်မယ်။

"ကျန်းမာ၊ ပျော်ရွှင် အလုပ်တွင်ဖို့ 𝐓𝐂𝐀 နဲ့ ချိတ်ဆက်စို့”
#𝐭𝐚𝐥𝐞𝐧𝐭𝐜𝐫𝐚𝐟𝐭𝐚𝐜𝐚𝐝𝐞𝐦𝐲
#𝐭𝐜𝐚
#𝐞𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 #𝐜𝐚𝐫𝐞𝐞𝐫𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐬𝐞𝐥𝐟𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐢𝐦𝐚𝐠𝐞𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩 #𝐜𝐨𝐚𝐜𝐡 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐬𝐭𝐮𝐝𝐲𝐬𝐤𝐢𝐥𝐥𝐬 #𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩𝐬𝐤𝐢𝐥𝐥𝐬 #𝐞𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥𝐢𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 #𝐠𝐫𝐨𝐰𝐭𝐡𝐦𝐢𝐧𝐝𝐬𝐞𝐭 #𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠𝐭𝐢𝐩𝐬 #𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 #𝐬𝐨𝐟𝐭𝐬𝐤𝐢𝐥𝐥𝐬 #𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 #𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 #𝐬𝐮𝐜𝐜𝐞𝐬𝐬 #𝐩𝐨𝐞𝐭𝐫𝐲 #𝐢𝐧𝐬𝐩𝐢𝐫𝐞 #𝐦𝐢𝐧𝐝𝐬𝐞𝐭 #𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 #𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 #𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 #𝐬𝐤𝐢𝐥𝐥𝐬 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐜𝐚𝐫𝐞𝐞𝐫 #𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐠𝐫𝐨𝐰𝐭𝐡 #𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 #𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 #𝐬𝐞𝐥𝐟𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 #𝐦𝐞𝐧𝐭𝐨𝐫𝐢𝐧𝐠 #𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐛𝐫𝐚𝐧𝐝𝐢𝐧𝐠
𝑪𝒐𝒏𝒕𝒂𝒄𝒕 𝑼𝒔:
𝑻𝒂𝒍𝒆𝒏𝒕 𝑪𝒓𝒂𝒇𝒕 𝑨𝒄𝒂𝒅𝒆𝒎𝒚 𝑪𝒐.,𝑳𝒕𝒅
𝟗𝟔𝟓(𝑨),𝑫𝒂𝒎𝒂𝒚𝒂𝒛𝒂𝒓 𝟑𝟎 𝑺𝒕𝒓𝒆𝒆𝒕, 𝑾𝒐𝒓𝒅 (𝟏𝟎), 𝑺𝒐𝒖𝒕𝒉 𝑶𝒌𝒌𝒂𝒍𝒂𝒑𝒂 𝑻𝒐𝒘𝒏𝒔𝒉𝒊𝒑, 𝒀𝒂𝒏𝒈𝒐𝒏.
𝟎𝟗𝟗𝟕𝟕𝟖𝟒𝟒𝟔𝟑𝟔
𝑬𝒎𝒂𝒊𝒍 : 𝒕𝒂𝒍𝒆𝒏𝒕𝒄𝒓𝒂𝒇𝒕𝒂𝒄𝒂𝒅𝒆𝒎𝒚.𝒕𝒄𝒂@𝒈𝒎𝒂𝒊𝒍.𝒄𝒐𝒎
“ 𝑰𝑵𝑽𝑬𝑺𝑻 𝑰𝑵 𝒀𝑶𝑼𝑹 𝑻𝑬𝑨𝑴
𝑰𝑵𝑺𝑷𝑰𝑹𝑬 𝒀𝑶𝑼𝑹 𝑫𝑹𝑬𝑨𝑴
𝑰𝑴𝑷𝑹𝑶𝑽𝑬 𝒀𝑶𝑼𝑹 𝑩𝑼𝑺𝑰𝑵𝑬𝑺𝑺"

Address

South Okkalapa
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Talent Craft Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share