Beauty World Co., Ltd.

Call Directions Website Contact the business

Beauty World Co., Ltd. Quality, Variety, Capacity......
Three Factors have contributed in sustaining our position as market The Official Page of Beauty World Co., Ltd.

that is No.(1) stationery company in Myanmar, headquartered in Yangon. We are also the only authorized distributor of Deli Stationery and Oval Corporation.

“မန္တလာမြေအတွက် ဒုတိယအကြိမ် Roadshow Plan ကြီး 🎉”မန္တလေးမြို့က စာရေးကိရိယာချစ်သူတို့အတွက် Beauty World (BOSS Stationery,...
06/10/2026

“မန္တလာမြေအတွက် ဒုတိယအကြိမ် Roadshow Plan ကြီး 🎉”

မန္တလေးမြို့က စာရေးကိရိယာချစ်သူတို့အတွက် Beauty World (BOSS Stationery, Deli, Oval) ရဲ့ “Roadshow” ကြီးကို နောက်ဆုံးအကြိမ် တတိယတစ်ခေါက်အနေနဲ့ အောက်တိုဘာလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက် Roadshow မှာဆိုရင်လည်း လူငယ်တွေရဲ့ အမြဲရွေးချယ်ရာဖြစ်တဲ့အပြင် အရည်အသွေးကောင်းမွန်တဲ့ စာရေးကိရိယာပစ္စည်းမျိုးစုံကို ရောင်းချပေးသွားမှာဖြစ်လို့ အောက်ပါဆိုင်လေးတွေဆီ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ -
1) Momo : ၅၈ လမ်း × ၁၁၂ × ၁၁၃ လမ်းကြား

2) Khine Khine Kyaw (ဆိုင် ၂) : ၆၂ လမ်း × ၁၉ × ၂၀ လမ်းကြား

3) AK : ၁၁၀ လမ်း × ၅၈ × ၅၉ လမ်းကြား

ဒါ့အပြင်ကိုမှ လာရောက်ဝယ်ယူသူတိုင်းအတွက် စိတ်လှုပ်ရှားစရာကံစမ်းမဲအစီအစဥ်တွေလည်း ပါဝင်သွားမှာဖြစ်တာကြောင့် Beauty World (BOSS Stationery, Deli , Oval) ရဲ့ Mandalay Roadshow မှာအတူတူဆုံကြမယ်နော်။

Beauty World နဲ့ (BOSS Stationery) တို့ရဲ့ Update အစီအစဥ်တွေကို အမြဲသိရှိနိုင်ဖို့ Telegram channel (https://t.me/bossstationery) လေးကိုလည်း Join ထားဖို့မမေ့နဲ့‌နော်။

#𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

“ဒုတိယအကြိမ်မြောက် မန္တလေးမြို့ရဲ့ Roadshow Plan 🎉”မန္တလာမြေက စာရေးကိရိယာချစ်သူတို့အတွက် Beauty World (BOSS Stationery, ...
04/10/2026

“ဒုတိယအကြိမ်မြောက် မန္တလေးမြို့ရဲ့ Roadshow Plan 🎉”

မန္တလာမြေက စာရေးကိရိယာချစ်သူတို့အတွက် Beauty World (BOSS Stationery, Deli, Oval) ရဲ့ “Roadshow” ကြီးကို အခုဆိုရင်တော့ ဒုတိယတစ်ခေါက်အနေနဲ့ အောက်တိုဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက် Roadshow မှာဆိုရင်လည်း လူငယ်တွေရဲ့ အမြဲရွေးချယ်ရာဖြစ်တဲ့အပြင် အရည်အသွေးကောင်းမွန်တဲ့ စာရေးကိရိယာပစ္စည်းမျိုးစုံကို ရောင်းချပေးသွားမှာဖြစ်လို့ အောက်ပါဆိုင်လေးတွေဆီ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ -
1) Ko Shwe Win Win (ဆိုင် ၂) : ၃၇ လမ်း × ၇၄ × ၇၅ လမ်းကြား

2) Shwe Oo (ဆိုင် ၂) : ၆၅ လမ်း၊ ၁၀၆ × ၁၀၇ လမ်းကြား

3) K-Zaw : ၈၀ လမ်း × ၃၅ × ၃၆ လမ်းကြား

4) ပန်းနု (Pann Nu) : ၃၀ လမ်း × ၆၇ × ၆၈ လမ်းကြား

ဒါ့အပြင်ကိုမှ လာရောက်ဝယ်ယူသူတိုင်းအတွက် စိတ်လှုပ်ရှားစရာကံစမ်းမဲအစီအစဥ်တွေလည်း ပါဝင်သွားမှာဖြစ်တာကြောင့် Beauty World (BOSS Stationery, Deli , Oval) ရဲ့ Mandalay Roadshow မှာအတူတူဆုံကြမယ်နော်။

Beauty World နဲ့ (BOSS Stationery) တို့ရဲ့ Update အစီအစဥ်တွေကို အမြဲသိရှိနိုင်ဖို့ Telegram channel (https://t.me/bossstationery) လေးကိုလည်း Join ထားဖို့မမေ့နဲ့‌နော်။

#𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာမှာ စာရေးကိရိယာတွေက အထောက်အပံ့ကောင်းတစ်ခုပါ။ပညာရပ်တစ်ခုခုကို စတင်သင်ကြားတာပဲဖြစ်ဖြစ်၊ အရေးကြီ...
29/09/2026

နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာမှာ စာရေးကိရိယာတွေက အထောက်အပံ့ကောင်းတစ်ခုပါ။

ပညာရပ်တစ်ခုခုကို စတင်သင်ကြားတာပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ အချက်အလက်တွေကို စနစ်တကျ မှတ်သားတာပဲဖြစ်ဖြစ်၊ တာဝန်တစ်ခုချင်းစီကို ပိုမိုလွယ်ကူလျင်မြန်စွာ ပြီးမြောက်စေဖို့အတွက်ပါ မပါမဖြစ် လိုအပ်ပါတယ်။

စာရေးကိရိယာတွေရဲ့ မူလအစကိုက မှတ်သားခြင်းကို ရည်ရွယ်သလို၊ အချက်အလက်တွေကို မှတ်သားရာက ကိစ္စတာဝန်တွေကို ပိုလွယ်လွယ်ကူကူဆောင်ရွက်နိုင်ပြီး ရည်မှန်းချက်တွေဆီကိုလည်း တစ်လှမ်းချင်း ပိုနီးကပ်လာနိုင်ပါတယ်။

သင်ယူမှုစတင်ရာ စာသင်ခန်းကနေ အောင်မြင်မှုမှတ်တိုင်အဆင့်ဆင့်အထိ နေ့စဉ်နေ့တိုင်း အနားမှာ အားအထားရဆုံး၊ အကူအညီအဖြစ်ဆုံး မိတ်ဖက်ကောင်းအဖြစ် တည်ရှိနေပေးနိုင်ဖို့ Beauty World က ကြိုးစားအားထုတ်လျက် ရှိပါတယ်ခင်ဗျာ။

#စာရေးကိရိယာ

Beauty World ရဲ့ ဘောပင်အိတ်လေးထဲမှာ ဘာလေးတွေ ထည့်ထားတာများလဲ…? ကျောင်းသားဖြစ်ဖြစ်၊ ဝန်ထမ်းဖြစ်ဖြစ် ကိုယ့်ရဲ့အိတ်လေးထဲမှာ...
28/09/2026

Beauty World ရဲ့ ဘောပင်အိတ်လေးထဲမှာ ဘာလေးတွေ ထည့်ထားတာများလဲ…?

ကျောင်းသားဖြစ်ဖြစ်၊ ဝန်ထမ်းဖြစ်ဖြစ် ကိုယ့်ရဲ့အိတ်လေးထဲမှာ အမြဲဆောင်ထားတတ်တဲ့ စာရေးကိရိယာပစ္စည်းလေးတွေက တစ်ခုမဟုတ်တစ်ခုရှိတတ်ပါတယ်။

စာဖတ်သူတို့ရော ဘယ်သွားသွားဆောင်တတ်တဲ့ စာရေးကိရိယာပစ္စည်းလေးတွေရှိလား?
အိတ်ထဲ ဒီတိုင်းထည့်သယ်တာလား…၊ ဘောပင်အိတ်လေးသီးသန့်နဲ့ ဆောင်တတ်တာလား…

Comment ထဲမှာ ဖြေပေးသွားပါဦးနော် ❤️

“မန္တလေးမြို့ရဲ့ ဒုတိယအကြိမ်မြောက် Roadshow Plan ကြီး ပြန်ရောက်လာပါပြီ 🎉”မန္တလာမြေက စာရေးကိရိယာချစ်သူတို့အတွက် Beauty Wo...
27/09/2026

“မန္တလေးမြို့ရဲ့ ဒုတိယအကြိမ်မြောက် Roadshow Plan ကြီး ပြန်ရောက်လာပါပြီ 🎉”

မန္တလာမြေက စာရေးကိရိယာချစ်သူတို့အတွက် Beauty World (BOSS Stationery, Deli, Oval) ရဲ့ “Roadshow” ကြီးကို ပထမတစ်ခေါက်အနေနဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက် Roadshow မှာဆိုရင်လည်း လူငယ်တွေရဲ့ အမြဲရွေးချယ်ရာဖြစ်တဲ့အပြင် အရည်အသွေးကောင်းမွန်တဲ့ စာရေးကိရိယာပစ္စည်းမျိုးစုံကို ရောင်းချပေးသွားမှာဖြစ်လို့ အောက်ပါဆိုင်လေးတွေဆီ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ -
1) Shwe Oo (ဆိုင် ၁) : ၆၈ လမ်း × ၃၃ × ၃၄ လမ်းကြား

2) Ko Shwe Win Win (ဆိုင် ၁) : ၂၂ × ၂၃ လမ်းကြား၊ 88B

3) Khine Khine Kyaw (ဆိုင် ၁) : ၅၈ လမ်း × ၁၁၁ × ၁၁၂ လမ်းကြား

ဒါ့အပြင်ကိုမှ လာရောက်ဝယ်ယူသူတိုင်းအတွက် စိတ်လှုပ်ရှားစရာကံစမ်းမဲအစီအစဥ်တွေလည်း ပါဝင်သွားမှာဖြစ်တာကြောင့် Beauty World (BOSS Stationery, Deli , Oval) ရဲ့ Mandalay Roadshow မှာအတူတူဆုံကြမယ်နော်။

Beauty World နဲ့ (BOSS Stationery) တို့ရဲ့ Update အစီအစဥ်တွေကို အမြဲသိရှိနိုင်ဖို့ Telegram channel (https://t.me/bossstationery) လေးကိုလည်း Join ထားဖို့မမေ့နဲ့‌နော်။

#𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

အရာရာမှာ ဟန်ချက်ညီမှုနဲ့ သေသပ်လှပမှုကို အဓိကထားတတ်တဲ့ Libra (တူရာသီဖွား) တို့ရဲ့ Season လေး ရောက်လာပြီနော်။ Venus ရဲ့ သာ...
26/09/2026

အရာရာမှာ ဟန်ချက်ညီမှုနဲ့ သေသပ်လှပမှုကို အဓိကထားတတ်တဲ့ Libra (တူရာသီဖွား) တို့ရဲ့ Season လေး ရောက်လာပြီနော်။ Venus ရဲ့ သားသမီးတွေလို့ တင်စားကြတဲ့ Libra Sign ပိုင်ရှင်တွေဟာ အနုပညာအမြင်ရှိတတ်ပြီး စိတ်ကူးစိတ်သန်းလည်း နူးညံ့သိမ်မွေ့တတ်ကြပါတယ်။

အမြင်အာရုံကို အေးချမ်းစေပြီး စိတ်ကူးသစ်တွေကို လှပချောမွေ့စွာ ဖော်ထုတ်နိုင်ဖို့ Libra တို့နဲ့ အလိုက်ဖက်ဆုံး Stationery တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

1) Libra တို့ရဲ့ နူးညံ့သိမ်မွေ့ပြီး Aesthetic ကို မြတ်နိုးတတ်တဲ့ Style ကိုဖော်ပြပေးနေမယ့် အရောင်နုနုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ Design၊ ရေးရတာလည်း ချောမွေ့ပြေပြစ်တဲ့ BOSS Sweet Series Ballpen တွေ၊

2) ဟန်ချက်ညီမှုကို တန်ဖိုးထားတဲ့ Libra တွေအတွက် စာမျက်နှာကို အရောင်မရိုင်းစေဘဲ သေသပ်လှပစွာ မှတ်စုထုတ်နိုင်မယ့် Dual-Tip Pastel Highlighter လေးတွေ၊

3) အတွေးတွေကို စနစ်တကျ ချရေးဖို့ Q Brand ရဲ့ Notebook လေးတွေ၊ စားပွဲခုံကို အမြဲသပ်ရပ်လှပနေစေဖို့ Deli Desk Organizer လေးတွေက Libra တို့အတွက် ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုတစ်ခု ဖြစ်ပါတယ်။

ကဲ… Libra ရာသီဖွားလေးတွေရော ကိုယ့်ရဲ့ Desk Space လေးကို ပိုပြီး လှပသေသပ်သွားစေဖို့ ဒီထဲက ဘယ် Stationery လေးကို အကြိုက်ဆုံးလဲဆိုတာ Comment မှာ ဝေမျှပေးသွားပါဦးနော်။

Writers တွေနဲ့ Creatives တွေအတွက် စိတ်ကူး (Idea) တစ်ခု ပေါ်လာဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ အဲဒီစိတ်ကူးကို လက်တွေ့ စာရွက်...
19/09/2026

Writers တွေနဲ့ Creatives တွေအတွက် စိတ်ကူး (Idea) တစ်ခု ပေါ်လာဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ အဲဒီစိတ်ကူးကို လက်တွေ့ စာရွက်ပေါ်မှာ သေသေသပ်သပ်နဲ့ အလွယ်တကူချရေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။

စာတစ်ပုဒ်ရေးတဲ့အချိန်၊ Idea တစ်ခုကို ဖန်တီးနေတဲ့အချိန်မှာ မှင်မထွက်တဲ့ ဘောပင်တစ်ချောင်း၊ ဒါမှမဟုတ် မှင်စိမ့်ထွက်သွားတဲ့ စာရွက်တစ်ရွက်လောက် စိတ်အနှောင့်အယှက်ဖြစ်ရတာ မရှိပါဘူး။

Writers နဲ့ Creatives တွေအတွက် ကောင်းမွန်တဲ့ Stationery ဆိုတာ အလုပ်လုပ်ရတာ ပိုသွက်လက်စေဖို့ပါ။ စာရေးရတာ ချောမွေ့တဲ့ ဘောပင်၊ မှင်မစိမ့်တဲ့ Notebook အပြင် စိတ်ကူးတွေကို စနစ်တကျ မှတ်ဖို့ Sticky Notes နဲ့ Highlighters တွေရှိထားရင် အလုပ်ပိုတွင်ပါတယ်။

အရည်အသွေးမြင့် စာရေးကိရိယာတွေက စာရေးဖို့အတွက် ကိရိယာသက်သက် မဟုတ်ပါဘူး။ အဖိုးတန်တဲ့ စိတ်ကူးတွေကို ပုံဖော်ရာမှာ အကောင်းဆုံး အထောက်အပံ့ပေးမယ့် လက်တွဲဖော်တွေ ဖြစ်ပါတယ်။

ကိုယ်နဲ့မကွာ အမြဲရှိနေတတ်ပေမဲ့ လိုအပ်လာမှ သတိရတတ်တာက စာရေးကိရိယာတွေပါပဲ…စာရေးနေတုန်း ဘောပင်မှင်ကုန်သွားတဲ့အချိန်၊ Projec...
16/09/2026

ကိုယ်နဲ့မကွာ အမြဲရှိနေတတ်ပေမဲ့ လိုအပ်လာမှ သတိရတတ်တာက စာရေးကိရိယာတွေပါပဲ…

စာရေးနေတုန်း ဘောပင်မှင်ကုန်သွားတဲ့အချိန်၊ Project အပ်ကာနီးမှ ကော်၊ Marker လိုလာတဲ့အချိန်၊ ရုံးမှာ Document ပြင်ရင်း Correction လိုလာတဲ့အချိန်…
ဒီလိုအချိန်တိုင်းမှာ အနီးနားက စာရေးကိရိယာဆိုင်တစ်ဆိုင်က အရေးကြီးပါတယ်။

လူတိုင်းရဲ့ အလျင်လိုတဲ့အချိန်ကို ဖြည့်ဆည်းပေးနိုင်ဖို့ စာရေးကိရိယာဆိုင်တစ်ဆိုင်မှာ ဘောပင်ကောင်းကောင်း၊ ရုံးသုံးပစ္စည်းစုံစုံနဲ့ Correction လို အခြေခံလိုအပ်ချက်တွေ ရှိနေဖို့ လိုအပ်ပါတယ်။

Beauty World ကတော့ BOSS Stationery, Deli နဲ့ Oval Correction တို့လို လူတိုင်းသိပြီး ယုံကြည်ရတဲ့ Brand တွေနဲ့ စာရေးကိရိယာဆိုင်တိုင်းကို ပိုမိုပြည့်စုံလာစေဖို့ အတူတကွ ရှိနေပါတယ်ခင်ဗျာ။

#စာရေးကိရိယာ

လိုအပ်တာတွေအကုန်ရှိနိုင်ပေမယ့် လိုချင်တာတွေရော ရနိုင်ပါ့မလား…စာရေးကိရိယာဆိုင်တစ်ဆိုင်ထဲကို ဝင်သွားတာနဲ့ ဝယ်မယ့်စာရေးကိရိ...
14/09/2026

လိုအပ်တာတွေအကုန်ရှိနိုင်ပေမယ့် လိုချင်တာတွေရော ရနိုင်ပါ့မလား…

စာရေးကိရိယာဆိုင်တစ်ဆိုင်ထဲကို ဝင်သွားတာနဲ့ ဝယ်မယ့်စာရေးကိရိယာက ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီရုံမဟုတ်ဘဲ၊ ကိုယ်လိုချင်တဲ့ အရည်အသွေးလည်း ပြည့်ဖို့လိုအပ်သေးတယ်လေ။

ငယ်ငယ်တည်းက စွဲစွဲမြဲမြဲသုံးလာရတဲ့ စာရေးကိရိယာပစ္စည်းတစ်ခုကို ဘယ်ကိုသွားသွား၊ ဘယ်နေရာမေမေး အလွယ်တကူဝယ်နိုင်အောင် Beauty World ကကြိုးစားနေတာပါ။

စာရေးဖူးသူတိုင်း သုံးဖူးရုံမက အသဲစွဲဖူးတဲ့ BOSS ဘောပင်တွေ၊ တိုလီမိုလီကစလို့ အတွက်အချက် အဖြတ်အချုပ်အထိ ပြေးမလွတ်တဲ့ Deli ရဲ့ ရုံးသုံးကိရိယာတွေနဲ့၊ အမှားမကင်းတဲ့သူတိုင်း တစ်ခေါက်လောက်သုံးပြီး တစ်သက်လုံးကြိုက်သွားတဲ့ Oval Correction တွေကို နိုင်ငံအနှံ့၊ နေရာအနှံ့မှာရှိတဲ့ စာရေးကိရိယာဆိုင်တော်တော်များများမှာ ဝယ်ယူနိုင်နေပါပြီ။

ကလေးတစ်ယောက်ရဲ့ အသဲစွဲ၊ လူကြီးတစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ဆိုင်တည်းဝင်ရုံနဲ့ အလွယ်တကူဝယ်နိုင်အောင် စာရေးကိရိယာဆိုင်တိုင်းရဲ့ မရှိမဖြစ် Brand တွေကို ဝယ်ယူဖို့ စိတ်ဝင်စားတယ်ဆိုရင် Page chat box မှာ လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ…

အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ…စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်းတည်းနဲ့တင် စာသင်ကြားခြင်းထက်ပိုတ...
10/09/2026

အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ…

စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်းတည်းနဲ့တင် စာသင်ကြားခြင်းထက်ပိုတဲ့ ကိစ္စများစွာကို လုပ်ဆောင်နိုင်ပါတယ်။

တစ်ခါတလေ စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့အရာတွေကို စာရွက်ပေါ် ချရေးလိုက်ရုံနဲ့ စိတ်သက်သာရာ ရစေသလို၊ ရည်မှန်းချက်တွေကို ရေးမှတ်ပြီး တစ်နေ့ချင်း လုပ်ဆောင်သွားရင် မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ အိပ်မက်တွေက ပိုနီးကပ်လာနိုင်ပါတယ်။

Doodle လေးတွေ ဆွဲတာ၊ စိတ်ကူးအသစ်တွေ မှတ်သားတာ၊ ကိုယ့်အတွက် Journaling အချိန်လေးထားတာတွေကလည်း စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းက ဖန်တီးပေးနိုင်တဲ့ ပျော်ရွှင်မှုတွေပါပဲ…

စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းသာရှိရင် ကိုယ့်အတွေးတွေကို စနစ်တကျ စီစဉ်နိုင်တယ်၊ ကိုယ့်စိတ်ကူးတွေကို အသက်ဝင်အောင် ပုံဖော်နိုင်တယ်၊ ကိုယ့်အိပ်မက်တွေကို တစ်လှမ်းချင်း အကောင်အထည်ဖော်နိုင်ပါတယ်။

တစ်ခါတလေမှာ အစပြုမှုတစ်ခုအတွက် လိုအပ်တာက ပစ္စည်းအများကြီး မဟုတ်ပါဘူး။ စာမျက်နှာအလွတ်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းကနေလည်း ကိုယ့်ရဲ့နေ့သစ်၊ စိတ်ကူးသစ်နဲ့ ဇာတ်လမ်းသစ်တစ်ပုဒ်ကို စတင်ရေးသားလိုက်ဖို့ပဲ လိုပါတယ်။

Address

No. B-8, Mya Yadanar Road, Mya Sein Yaung Industrial Zone, Hlaing Thar Yar Township
Yangon
11121

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30
Saturday 08:30 - 16:30

Telephone

+9595130595

Alerts

Be the first to know and let us send you an email when Beauty World Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Beauty World Co., Ltd.:

Shortcuts

Share