22/11/2024
ဝါးပလုတ် ။
#ဝါးပလုတ် အကြောင်း
သိချင်သူများအတွက်
တဆင့်မျှဝေပေးပါတယ်။
ဝါးပလုတ်
(ဝါးဂျယ်လီ
,ဝါးထဲကရတဲ့သဘာဝဂျယ်လီပါ။)
ထားဝယ် မြိတ်ရဲ့
ဒေသစာအစားအစာတမျိုးပါ ။
မိုးကျပြီး ဝါးပင်ဖြစ်လာတဲ့အချိန် ဝါးပင်ဘေးမှာ ဓားနဲ့ အက်ကွဲရုံ ပေါက်ပေးထား ရပါတယ်။
ဝါးပင်ရင့်လာတဲ့အခါ
ခုတ်ပြီး ဝါးဆစ်လေးတွေ ခွဲပြီး
ထုတ်ယူရပါတယ်။
ဝါးအတွင်း
အမှေးလေးတွေရဲ့
ရနံ့သင်းသင်းလေးနေပြီး
ဝါးရနံ့ မွှေးပါတယ် ။
...
ဝါးပလုတ်ကို နွားနို့( နို့ဆီ) သကြား ရေခဲနဲနဲထဲ့ဖျော်ထားတာပါ ။
သောက်ကောင်းပြီး ဝမ်းအေးတဲ့ ...
သဘာဝ ဂျယ်လီ ဖျော်ရည်ပေါ့ ။
#ဝါးပလုတ်လုပ်နည်း
( အသေးစိတ်)
မိုးဦးကျပြီ ဝါးရုံတွေဆီ လူစုပြီး မျှစ်ချိုးရန်သွားကြပြီပေါ့ ။ မိုးဖြိုင်ဖြိုင်ကျပြီး မျှစ်ချိုးသူတွေ မတွေ့ဘဲကျန်နေခဲ့တဲ့ မျှစ်စို့ပေါက်လေးကအရွယ်မရောက်တရောက် မျှစ်မက ဝါးလို
အသုံးပြုလို့ မရသေးတဲ့ လသားဝါးလေးလူတရပ်ကျော်ကျော်ကို ရှာရပါတယ်။
အဲ့ဒီဝါးတွေ့ရင်မြေပြင်ကနေ၂ဆစ်မြောက်၃ဆစ်မြောက်လောက်မှာ အဆစ်ရဲ့ အောက်နားကနေ ဓါးနဲ့ရေဝင်နိုင်ရုံအပေါက်ဖြစ်အောင်ခုတ်ပေးရပါတယ်။
ဒါဆိုတဆင့်ပြီးပြီပေါ့။
ကိုယ်နိုင်သလောက် တပင်မှာ
၂/၃ဆစ်လောက်ဖေါက်။
နောက်တပင်ပေါ့။
သိပ်များများ လောဘမကြီးနဲ့
မရဘူး။
ဘာ့ကြောင့်လဲဆို ဝါးပလုပ်ဖြစ်ရင်
အပင်ခြေက ခုတ်ယူမှာဖြစ်တော့
မျှစ်ချိုးတုံးက တခါ ဝါးပလုပ် လုပ်တော့တခါခုတ်ဆို ဝါးမျိုးတုံးတာပေါ့။
အဲအပေါက်ဖေါက်ပြီး ၁၀ရက်လောက်ဆိုတခါသွားကြည့် ။
အပေါက်ဖေါက်ထားတဲ့ ဝါးအတွင်းထဲကိုမိုးရေကဝင်ပြီး သဘာဝက ပေးတဲ့ဝါးပလုတ်ဆိုတာ ရပါပြီ ။
မိုးရွာမှုနဲ့ ရာသီဥတုပေါ် မူတည်ပြီး
၁၀ရက်။ဒါမှမဟုတ် ၁၅ရက် ၂၀ရက်လောက်လဲ ကြာတတ်ပါတယ်။
ဝါးကိုခုတ်လိုက်ပြီး ခွဲလိုက်ရင် ဂျယ်လီလိုအခဲလေးတွေဖြစ်နေရင် အားလုံးသာခုတ်လာခဲ့ပေါ့။
မခဲသေးရင် ကျန်တဲ့အပင်တွေကို
နောင်၅ရက် ၇ရက်လောက်မှ
တခါသွားကြည့်ပေါ့။
ခဲသွားပြီ။ တုံတုံလေးဖြစ်ပြီဆို
ကိုယ်လုပ်ခဲ့တဲ့ ဝါးပင်ပေါက်လေးတွေအကုန်သာ ခုတ်ယူခဲ့ရ ပါမယ်။
နောက်မှဆိုကြာသွားရင်ညိုညစ်ပြီး
မာသွားပါတယ်။ ခုတ်ပြီးရလာတဲ့
ဝါးပလုတ်တွေကိုကိုယ်နှစ်သက်ရာ
ဖျော်ရည်မှာထည့်သောက်နိုင်ပါတယ်။
နို့ဆီ သံပုရာ သစ်ခွ ဇီး ဘာနဲ့ ဖြစ်ဖြစ်ရပါတယ်။သောက်မကုန်လို့ ပိုနေရင်ဘူးတခုခုထဲထည့်သိမ်းထားလို့ရပါတယ်။
၁၅ရက် တလလောက်တော့ ရမယ်ထင်တယ်။ ဝါးပလုတ်ရဲ့ ဆေးဘက်ဝင်မှုတွေကတော့ရင်အေးတယ်။ အသည်းအားပေးတယ်။
ကျောက်ကပ်အားပေးတယ်။
အမောပြေစေပါတယ်။
Crd # # #မူရင်းပိုစ့်ပိုင်ရှင် နှင့်
Photoပိုင်ရှင်များအားကျေးဇူးပါ။