Unicorn Business

Unicorn Business U Link, U Share, U Success

✅ Business သမားတိုင်း ရှိထားရမည့် Soft Skill ( 3 ) မျိုးဒီ Skill 3 မျိုးရှိထားမယ်ဆိုရင် ရောင်းတဲ့အခါမှာပဲဖြစ်‌စေ၊ စီးပွာ...
25/07/2024

✅ Business သမားတိုင်း ရှိထားရမည့် Soft Skill ( 3 ) မျိုး

ဒီ Skill 3 မျိုးရှိထားမယ်ဆိုရင် ရောင်းတဲ့အခါမှာပဲဖြစ်‌စေ၊ စီးပွားရေးလုပ်တဲ့အခါမှာဖြစ်စေ အောင်မြင်မှုရှိစေမှာ သေချာတယ်။

No 1. Communication Skill
ပြောဆိုဆက်ဆံရေးကောင်းမွန်ဖို့ အရမ်းလိုအပ်တယ်။ Customer ကို အဆင်ပြေအောင် ကိုယ်က ပြောဆိုဆက်ဆံနိုင်တယ်၊ ကိုယ့်ဆီမှာ အမြဲဝယ်ယူချင်စိတ်ရှိအောင် ပြောဆိုဆက်ဆံတတ်ဖို့ လိုပါတယ်။ ကောင်းတဲ့စိတ်နဲ့ ရိုးသားမှုရှိစွာ ဆက်ဆံရပါမယ်။

No 2. Leadership Skill
ကိုယ့်ကိုယ်ကိုယ် အရင်ဦးဆုံး ဦးဆောင်နိုင်မှ တစ်ခြားသူများကိုလည်း ဦးဆောင်နိုင်ပါမယ်။
Customer ဝယ်ချင်စိတ်ဖြစ်အောင် Lead လုပ်ပေးနိုင်ရမယ်၊ ဦးဆောင်နိုင်ရမယ်၊ ဦးမဆောင်နိုင်တဲ့ အရောင်းသမားကို Customer ဝယ်ယူမှု နည်းမှာပဲဖြစ်တယ်။
Leadership Skill ရှိတဲ့သူက Customer ကို ဆုံးဖြတ်ချက်ချပေးရဲတယ်၊ ဆုံးဖြတ်ပေးနိုင်တယ်။ ကိုယ်က ကျွမ်းကျင်မှုရှိတဲ့အခါ Customer အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တယ်။

No 3. Service Mindset ရှိရမယ်
Service Mindset မရှိရင် အတင်းထည့်ရောင်းမှာဖြစ်တယ်၊ အဲ့ဒီလိုမျိုးခေတ်က ကုန်သွားပြီ၊
လူတစ်ယောက် ကိုယ့်ရဲ့ Product ကိုဝယ်ဖို့၊ ကိုယ့်ရဲ့ Business ကို တွယ်တာနေဖို့ဆိုရဲ့ ကိုယ့်ဘက်က Service Mnde ဆိုတာ ကောင်းပေးရမယ်။ ပိုက်ဆံပေး ပစ္စည်းယူသွား ဒီလောက်ပဲဆိုရင် လူတွေက ကိုယ့်ဆီမှာ ဝယ်ချင်စိတ်မပေါ်ဘူး။ ဈေးနှုန်းနဲ့ပဲ ပြိုင်နေရတယ်။
ဈေးနှုန်းနဲ့ ပြိုင်စရာမလိုအောင် Service minde ကို များများထည့်ပေးပါ။ တစ်ခြားတစ်နေရာမှာ မပေးတဲ့အရာကို ကိုယ့်ဆီမှာ ဘာပေးနိုင်မလဲ၊ ကိုယ်က ဂရုစိုက်မှုပေးနိုင်တယ်၊ သူတိူ့အတွက် အကျိုးရှိစေတာတွေ ပေးနိုင်တယ်၊ Customer ကို ကိုယ်က စေတနာထား‌ပြီး Service ပေးနိုင်တယ်ဆိုရင် ကိုယ့်ရဲ့ အရောင်း၊ လုပ်ငန်းက အောင်မြင်စေမှာပဲဖြစ်တယ်။

ပညာဗဟုသုတရှာတဲ့နေရာမှာ (၁) အထွေထွေဗဟုသုတ အထွေထွေဗဟုသုတရှာမှီးခြင်း၊ (၂) တစ်ခုသောပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြော...
30/05/2024

ပညာဗဟုသုတရှာတဲ့နေရာမှာ

(၁) အထွေထွေဗဟုသုတ အထွေထွေဗဟုသုတရှာမှီးခြင်း၊

(၂) တစ်ခုသောပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ရန် ရှာမှီးခြင်း ဟူ၍ နှစ်မျိုးရှိပါတယ်။

ဒီလိုမျိုးရှာဖွေတဲ့တတ်မြောက်တဲ့နေရာမှာ အမျိုးပေါင်းစုံလင်အောင် ရည်ရွယ်ချက်နဲ့ အထွေထွေဗဟုသုတ ရှာ‌ဖွေသောနည်းမှာ ချမ်းသာကြွယ်ဝရေးအတွက် များစွာအသုံးမဝင်ပါဘူး။

ပညာရပ်တစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်ထားခြင်းရှိသော လုပ်ငန်းများကသာ ဘဝအတွက် ချမ်းသာခြင်း၊ အောင်မြင်ခြင်းများကို ယူဆောင်ပေးမှာ ဖြစ်ပါတယ်။

လေ့လာသင်ယူထားတဲ့ ပညာကို ဉာဏ်ဖြင့် အစီအစဉ်ပြုလုပ်၍ ငွေရှာရာတွင် အသုံးမချနိုင်လျှင် ပညာဗဟုသုတသက်သက်သည် ငွေကို ဆွဲငင်နိုင်သော အစွမ်းမရှိပါဘူး။

ဗဟုသုတများစွာတတ်သိသောသူအား ပညာရှိတယ်လို့ ပြောလို့မရပါဘူး။ မိမိမှာရှိသော ဉာဏ်စွမ်းကို အကျိုးအများဆုံးရှိအောင် စီစဉ်အသုံးချတတ်သော သူသာလျှင် ပညာရှိဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ သူတစ်ပါး၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိပဲ ငွေအမှန်တကယ်များစွာရနိုင်သော၊ ကိုယ်နှင့်ကိုက်ညီသော၊ ကိုယ်လုပ်ကိုင်နေသော အလုပ်နှင့်ပတ်သက်၍ သိသင့်၊ သိခွင့်ရှိသော အချက်အလက်များကို တစ်ဖက်ကမ်းခတ် တတ်မြောက်အောင် ဆည်းပူးထားဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်လိုချင်သော ရလဒ်များကို ရရှိစေမှာ ဖြစ်ပါတယ်။

သင်တန်းတွေတက်တယ်၊ လေ့လာမှုရှိတယ်ဒါပေမယ့် ပြန်ပြီးအသုံးမချနိုင်တဲ့အခါကြိုးစားနေပေမယ့် မဖြစ်လာတာမျိုးဖြစ်တတ်တယ်။ကိုယ်လိုချ...
29/05/2024

သင်တန်းတွေတက်တယ်၊ လေ့လာမှုရှိတယ်
ဒါပေမယ့် ပြန်ပြီးအသုံးမချနိုင်တဲ့အခါ
ကြိုးစားနေပေမယ့် မဖြစ်လာတာမျိုး
ဖြစ်တတ်တယ်။

ကိုယ်လိုချင်တဲ့ နေရာရဖို့ဆိုရင်
လက်တွေ့လုပ်ဆောင်မှုတွေ ဆက်တိုက်ရှိဖို့လိုတယ်။

သင်တန်းတွေ၊ စာအုပ်ကောင်းတွေက
ကိုယ့်ကို ပိုမြင်အောင်ပဲ ကူညီပေးနိုင်တယ်။

သူများထက် နောက်ကျနေတဲ့
ဘဝကို မကျေနပ်ဘူးဆိုရင်
သူများ အကြိမ်တစ်ရာလုပ်တဲ့ အလုပ်ကို
ကိုယ်က အကြိမ်နှစ်ရာ လုပ်ကြည့်ရမယ်။

အကြိမ်ရေများများ ကြိုးစားရင်း ပိုကောင်းတဲ့ရလဒ်တွေ ရလာလိမ့်မယ်။

အမြင့်ရောက်ချင်ရင် သူများတွေထက် ပိုသိ၊ ပိုတတ်အောင် လေ့လာပြီး လက်တွေ့လုပ်ဆောင်မှုတွေ များများလုပ်နိုင်မှ လူအများစုထဲကနေ ကွဲထွက်လာပါမယ်။

✅ ကြီးပွါးတိုးတက်အောင်မြင်တဲ့ ဘဝကိုပိုင်ဆိုင်ချင်ရင် ရှိသင့်တဲ့ အရည်အချင်းလူတိုင်းဟာ ဘဝမှာ အဆင်ပြေပြေနေချင်ကြတယ်၊ စိတ်ချ...
16/05/2024

✅ ကြီးပွါးတိုးတက်အောင်မြင်တဲ့ ဘဝကိုပိုင်ဆိုင်ချင်ရင် ရှိသင့်တဲ့ အရည်အချင်း

လူတိုင်းဟာ ဘဝမှာ အဆင်ပြေပြေနေချင်ကြတယ်၊ စိတ်ချမ်းသာ ပျော်ရွှင်စွာ‌နေချင်ကြတယ်။ အောင်မြင်ချင်ကြတယ်။ ကြီးပွါးချမ်းသာချင်ကြတယ်။
ဒီလိုမျိုးနေနိုင်ဖို့ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းထဲမှာ မိတ်ဆွေကောင်းဖွဲ့နည်းလည်း ပါဝင်ပါတယ်။

💰ကျွန်တော်တို့ ကြီးပွါးတိုးတက်ဖို့ဆိုရင် မိတ်ဆွေပေါများဖို့နဲ့ မိတ်ဆွေဖွဲ့နိုင်တဲ့ အရည်အချင်းအပေါ် အများကြီးမူတည်နေပါတယ်။ မိတ်ကောင်းဆွေကောင်း မရှိတဲ့သူတစ်ယောက်ဟာ အောင်မြင်တိုးတက်ဖို့ အခွင့်အရေး အင်မတန် နည်းပါးတတ်ပါတယ်။ မိတ်ဆွေခင်ပွန်းကောင်းရှိသူများအဖို့တော့ မိတ်ဆွေတွေရဲ့ ကူညီဖေးမမှု၊ စောင့်မမှု၊ နည်းမှန်လမ်းမှန်ဖြင့် လမ်းညွှန်မှုတို့ကြောင့် ခဏလေးအတွင်းမှာပဲ အောင်မြင်ကြီးပွါးသွားတတ်ကြပါတယ်။

အောင်မြင်ကြီးပွါးတိုးတက်နေတဲ့သူတွေကို ကြည့်လိုက်ရင် မိတ်ဆွေအပေါင်းအသင်း အလွန်ပေါများကြတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် မိတ်ဆွေခင်ပွန်းပေါများအောင် လူတကာနဲ့ဆက်ဆံရေးအဆင်ပြေချောမွေ့တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။

✅ အောင်မြင်ကြီးပွားဖို့ လိုအပ်တဲ့ နည်းလမ်း (၅) ခုလူတိုင်းဟာ အောင်မြင်ချင်ကြတယ် ကြီးပွါးချမ်းသာချင်ကြတယ်။ လူတစ်လုံးသူတစ်လ...
09/05/2024

✅ အောင်မြင်ကြီးပွားဖို့ လိုအပ်တဲ့ နည်းလမ်း (၅) ခု

လူတိုင်းဟာ အောင်မြင်ချင်ကြတယ် ကြီးပွါးချမ်းသာချင်ကြတယ်။ လူတစ်လုံးသူတစ်လုံးဖြစ်ချင်ကြပါတယ်။ အောင်မြင်ကြီးပွါးပြီး လူတစ်လုံးသူတစ်လုံး ဖြစ်ဖို့ဆိုရင် နည်း(၅)ချက် ရှိပါတယ်။ အဲဒါတွေကတော့ ...

၁။မိတ်ဆွေဖွဲ့နည်း
၂။ဉပဓိရုပ်ဖော်နည်း
၃။စိတ်ဓာတ်မွေးမြူနည်း
၄။စွံအောင်ထုတ်နည်း
၅။စိတ်ကိုလေ့ကျင့်နည်း တို့ပဲဖြစ်ပါတယ်။

၁။ ကျွန်တော်တို့ ကြီးပွါးတိုးတက်ဖို့ဆိုရင် မိတ်ဆွေပေါများဖို့နဲ့ မိတ်ဆွေဖွဲ့နိုင်တဲ့ အရည်အချင်းအပေါ် အများကြီးမူတည်နေပါတယ်။ မိတ်ကောင်းဆွေကောင်း မရှိတဲ့သူတစ်ယောက်ဟာ အောင်မြင်တိုးတက်ဖို့ အခွင့်အရေး အင်မတန် နည်းပါးတတ်ပါတယ်။မိတ်ဆွေခင်ပွန်းကောင်းရှိသူများအဖို့တော့ မိတ်ဆွေတွေရဲ့ ကူညီဖေးမမှု၊ စောင့်မမှု၊ နည်းမှန်လမ်းမှန်ဖြင့် လမ်းညွှန်မှုတို့ကြောင့် ခဏလေးအတွင်းမှာပဲ အောင်မြင်ကြီးပွါးသွားတတ်ကြပါတယ်။ အောင်မြင်ကြီးပွါးတိုးတက်နေတဲ့သူတွေကို ကြည့်လိုက်ရင် မိတ်ဆွေအပေါင်းအသင်း အလွန်ပေါများကြတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် မိတ်ဆွေခင်ပွန်းပေါများအောင် လူတကာနဲ့ဆက်ဆံရေးအဆင်ပြေချောမွေ့တဲ့သူတစ်ယောက်ဖြစ်အောင် ပထမဆုံး ကြိုးစားဖို့လိုအပ်ပါတယ်။

၂။ လူတစ်ယောက်ရဲ့ ဉပဓိရုပ်ဟာလည်း ဘဝအတွက် အရေးပါပါတယ်။ တချို့လူတွေက ဉပဓိရုပ်ဆိုတာ ပြုပြင်ပြောင်းလဲလို့ မရတဲ့အရာလို့ အထင်ရှိကြပါလိမ့်မယ်။ အဲဒါဟာ လုံးဝမဟုတ်ပါဘူး။ ဥပဓိရုပ်ဆိုတာ ပြောင်းလဲယူလို့ရသလို လေ့ကျင့်ယူရင်ရနိုင်တဲ့အရာပါ။ တည်တည်ကြည်ကြည်နေမယ်၊အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်မယ်၊ စကားကို ရည်ရည်မွန်မွန်ပြောဆိုမယ် ဆိုရင် လူတစ်ယောက်ရဲ့ သူ့ရဲ့ပုံရိပ်ကို လူတွေက အသိအမှတ်ပြုကြမှာပဲ ဖြစ်တယ်။ အလုပ်သွားလျှောက်တဲ့ လူတစ်ယောက်ကို အလုပ်ရှင်က သူ့ရဲ့အတတ်ပညာ အသိပညာနဲ့ပတ်သတ်ပြီး ဘာမှမမေးပဲ ငြင်းပယ်လိုက်တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ ကြားဖူးကြမှာပါ။ ဒါဟာ တည်ကြည်ဖော်ရွေမှုမရှိတဲ့ ဥပဓိရုပ်ကြောင့်သာ ဖြစ်တယ်လို့ ဆိုရမှာပါ။ ဘဝအတွက် လေးစားယုံကြည်ရတဲ့ ဥပဓိရုပ်ရရှိဖို့ လေ့ကျင့်ပြောင်းလဲ ယူနိုင်ဖို့ လိုပါတယ်။

၃။ လူတစ်ယောက်မှာ အရေးကြီးဆုံးမှာ စိတ်ပဲဖြစ်ပါတယ်။ စိတ်ဆောင်လျှင် အရာရာအောင်နိုင်တယ် ဆိုသော စကားဟာ အလကားဖြစ်လာသည် မဟုတ်ပါဘူး။ တကယ်လည်း စိတ်ကသာ အနိုင်အရှုံးတွေ၊ အတက်အကျတွေ၊ အနိမ့်အမြင့်တွေကို ဆုံးဖြတ်နိုင်စွမ်း ရှိကြပါတယ်။ စိတ်ပျော့ညံ့နေလျှင် အောင်စိတ်မရှိလျှင် ထိုသူအဖို့ ဘာလုပ်လုပ် အောင်မြင်ဖို့ အကြောင်းတစ်စုံတစ်ရာ ရှိနိုင်မှာမဟုတ်ပါ။ အောင်မြင်လိုစိတ်၊အနိုင်မခံအရှုံးမပေးလိုစိတ်၊ ကောင်းမွန်မြင့်မြတ်တဲ့ စိတ်ထားများ ပိုင်ဆိုင်ဖို့ စနစ်တကျ စိတ်ဓာတ်ကို မွေးမြူဖို့ကလည်း ဘဝအတွက် အရေးပါလှပါတယ်။

၄။ လူတိုင်းလူတိုင်းသည် အရောင်းအဝယ်သမားများဖြစ်ကြပြီး တစ်ခုမဟုတ်တစ်ခုတော့ နေ့စဉ်တိုင်း ရောင်းချကြလျက်ရှိကြပါတယ်။ တချို့သောသူများဟာ အရောင်းအဝယ်အလွန်ရောင်းကောင်းကြပါတယ်။ စျေးကောင်းလည်း ရကြတယ်။ တချို့မှာမှု ရောင်းမကောင်းကြပဲ စျေးနှုန်းမှာလည်း ထိုက်သင့်သလောက် မရကြရှာပါဘူး။ တချို့မှာမှု ရောင်းပင်မရောင်းရပဲ ရှိကြပါတယ်။ ရောင်းတယ်ဆိုတာကလည်း အမျိုး ရှိကြပါတယ်။ ကုန်ပစ္စည်းတွေ၊ အသိဉာဏ်ဗဟုသုတတွေ၊ လုပ်အားတွေ စသည်ဖြင့် မျိုးစုံရှိကြပါတယ်။ ဒါပေမယ့် ရောင်းသည်နေရာမှာတော့ ရတဲ့အကျိုးအမြတ်၊ရောင်းအား၊ တန်ဖိုးများကတော့ တစ်ယောက်နှင့်တစ်ယောက် မတူညီနိုင်ကြပါဘူး။ အောင်မြင်ကြီးပွါးတဲ့ ဆိပ်ကမ်းကို ဆိုက်ရောက်ဖို့ဆိုရင် အရာဝတ္ထုပစ္စည်းများဖြစ်စေ မိမိလုပ်အားပဲဖြစ်စေ မည်သည့်အရာပဲဖြစ်နေပါစေ စွံအောင်ထုတ်ရောင်းဖို့ နည်းလမ်းများကို လေ့လာသင်ယူကြရပါမယ်။

၅။ လူတစ်ယောက်ယောက်ဟာ မိမိရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုစနစ်တကျ အချိန်မှန်လေ့ကျင့်ပေးရင် ထိုသူရဲ့ကြွက်သားတွေ လှပထွားကျိုင်းလာမယ်၊ အကြမ်းပတမ်းခံနိုင်လာမယ် ပြီးတော့ ခွန်အားဗလတွေလည်း တိုးလာမယ် စသည် အကျိုးကျေးဇူးထူးတွေ ရလာပါတယ်။ ထိုနည်းတူ ကျွန်တော်တို့ရဲ့ အသက်သွေးကြောလို နောက်ခံကျောရိုးလို အထောက်အခံဖြစ်တဲ့ မှတ်ဉာဏ်ကိုလည်း သန်စွမ်းကြံ့ခိုင်စေဖို့အတွက် လေ့ကျင့်ပေးကြရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ဉာဏ်ဆိုတာက အမြော်အမြင်ဆင်ခြင်တုံတရားဖြစ်တဲ့ ပညာဉာဏ်အတွက် အလွန်အရေးကြီးလို့ပဲ ဖြစ်ပါတယ်။ မှတ်ဉာဏ်မကောင်းရင် သေချာမှန်ကန်စွာ ဆင်ခြင်စဉ်းစားနိုင်ရန် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘဝအတွက်အသေးအမွှားကစလို့ အရေးကြီးတဲ့အရာတွေအဆုံး ဆုံးဖြတ်ချက်တွေချတဲ့အခါ မှတ်ဉာဏ်ကောင်းမွန်အောင် တိုးတက်ဖွံ့ဖြိုးအောင် စနစ်တကျသင်ကြားလေ့ကျင့်ဖို့ကလည်း အရေးကြီးတယ်ဆိုတာ သိနေသင့်ပါတယ်။

လူတစ်လုံးသူတစ်လုံး ဖြစ်ဖို့အတွက် အရမ်းကြီး ခက်ခဲမနေပါဘူး။ လက်တွေ့လုပ်ကြည့်ရင်း၊ဖြည်းဖြည်းခြင်းသင်ယူလေ့လာရင်းနဲ့ အောင်မြင်ကြီးပွါးတဲ့ လူတစ်ယောက် တစ်နေ့ဖြစ်လာပါလိမ့်မယ်ဆိုတာ ယုံကြည်စေချင်ပါတယ်။

Credit Original ✍️

💰ကော်မရှင်တွေပြန်ယူရင်း နိုင်ငံခြားခရီးစဉ်များအလည်အပတ်သွားနိုင်မယ့် အခွင့်အရေးNito Finn, Nito Max အသုံးပြုနေသော တောင်သူဦ...
03/05/2024

💰ကော်မရှင်တွေပြန်ယူရင်း နိုင်ငံခြားခရီးစဉ်များအလည်အပတ်သွားနိုင်မယ့် အခွင့်အရေး

Nito Finn, Nito Max အသုံးပြုနေသော တောင်သူဦးကြီးများ ကိုယ်တိုင်သုံးစွဲရင်း ဝင်ငွေတွေလည်းပြန်ရမယ် 💰
သီးနှံတွေလည်း အထွက်တိုး၍ အောင်မြင်စေမယ်💪

🧑‍🌾 မည်သူမဆို ကိုယ့်စိုက်ခင်းအတွက် အသုံးပြုရင်း ကိုယ်စားလှယ်အဖြစ်ဝင်ရောက်လုပ်ကိုင်ကာ တမူးထူးခြားတဲ့ အကျိုးအမြတ်များရရှိစေပါမယ်။

ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းကရတဲ့ဝင်ငွေအပြင် သီးနှံများအောင်မြင်ခြင်း၊ အပိုဝင်ငွေများရရှိခြင်း၊ ပျော်ရွှင်ခြင်းများ ရရှိပိုင်ဆိုင်စေဖို့ ကိုယ်စားလှယ်အဖြစ်လုပ်ကိုင်ဖို့ ကြိုဆိုပါတယ်ခင်ဗျ...။

#အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်
📱09 79 39 39 669



#သဘာဝအော်ဂဲနစ်မြေဩဇာ
#အသီးအပွင့်အားဆေး #အပင်အားဆေး
U Link U Share U Success

✅ ယုံကြည်ခြင်း 💪ကိုယ်ချမ်းသာလာနိုင်မလားဆိုတာ သိချင်ရင် ကိုယ့်ကိုယ်ကို ချမ်းသာလာမယ်လို့ ယုံကြည်မှု ရှိ မရှိ ပြန်ဆန်းစစ်ကြ...
22/04/2024

✅ ယုံကြည်ခြင်း 💪

ကိုယ်ချမ်းသာလာနိုင်မလားဆိုတာ သိချင်ရင် ကိုယ့်ကိုယ်ကို ချမ်းသာလာမယ်လို့ ယုံကြည်မှု ရှိ မရှိ ပြန်ဆန်းစစ်ကြည့်ပါ။

ဘဝမှာ တိုးတက်အောင်မြင်ဖို့ မိမိကိုယ်ကိုယုံကြည်ခြင်းက အရေးကြီးတယ်...

ဘာတွေကို ယုံကြည်ရမှာလဲဆိုရင် ကိုယ့်အတွက် ထူးခြားကောင်းမွန်တဲ့ရလဒ်တွေကို ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ ယုံကြည်ခြင်းဖြစ်တယ်။

လူအများစု မချမ်းသာ၊ မအောင်မြင်ရခြင်းများမှာ မိမိကိုယ်ကို ချမ်းသာအောင်မြင်မည်ဟု မယုံကြည်ခြင်း (သို့မဟုတ်) ယုံကြည်မှုမရှိခြင်းကြောင့်ဖြစ်ကြသည်။

ယုံကြည်ခြင်းဟူသော စိတ်ဓာတ်သည် အလိုအလျှောက်မဖြစ်ပေါ်ခဲ့လျှင် ဖြစ်ပေါ်အောင်ပြုလုပ်နိုင်သည့်ပြင် ဖြစ်ပေါ်ပြီးရှိနေလျှင်လည်း အားကောင်းအောင် ပွားများပေးနိုင်သော စိတ်ဓာတ်မျိုးဖြစ်သည်။

မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ကြိုးစားပြီး တိုးတက်အောင်မြင်မှုများ ရရှိပိုင်ဆိုင်ကြပါစေ။


Unicorn Global Link
U Link, U Share, U Success

လူတိုင်းက တစ်ခုမဟုတ် တစ်ခု ရောင်းနေကြသူတွေပါ....‼️ကမ္ဘာပေါ်မှာ ချမ်းသာနေတဲ့သူတိုင်း"အရောင်းပညာ" ကျွမ်းကျင်ကြတယ်...ချမ်းသ...
21/04/2024

လူတိုင်းက တစ်ခုမဟုတ် တစ်ခု ရောင်းနေကြသူတွေပါ....‼️

ကမ္ဘာပေါ်မှာ ချမ်းသာနေတဲ့သူတိုင်း
"အရောင်းပညာ" ကျွမ်းကျင်ကြတယ်...

ချမ်းသာချင်ရင် တခြားအရည်အချင်းထက်
ရောင်းတော်တဲ့ အရည်အချင်းရှိရမယ် ❗

ချမ်းသာချင်တယ်ဆိုရင် လုံလောက်တဲ့ အရောင်းပညာရှိဖို့လိုအပ်တယ်။

အရောင်းပညာကျွမ်းကျင်မယ်ဆိုရင် သင်ဟာ ချမ်းသာလာမှာပဲဖြစ်တယ်။

✅ အောင်မြင်မှုများနှင့် မြမြန်မာNito Finn, Nito Max သဘာဝအော်ဂဲနစ် ရွက်ဖြန်းမြေဩဇာကို အဓိက ဖြန့်ဖြူးရောင်းချပြီး ရောင်းအာ...
19/04/2024

✅ အောင်မြင်မှုများနှင့် မြမြန်မာ

Nito Finn, Nito Max သဘာဝအော်ဂဲနစ် ရွက်ဖြန်းမြေဩဇာကို အဓိက ဖြန့်ဖြူးရောင်းချပြီး ရောင်းအားကောင်း၍ အောင်မြင်မှုရရှိသော သုံးခွမြို့နယ်မှ မြမြန်မာ စိုင်ပျိုးရေးဆေးဆိုင်ပိုင်ရှင်၊ Unicorn Global Link မြန်မာနိုင်ငံရုံးမှ Show Room ပိုင်ရှင် မမြဆွေဦး

Nito Finn, Nito Max သဘာဝအော်ဂဲနစ် ရွက်ဖြန်းမြေဩဇာနှင့် Unicorn Global Link မှ ဖြန့်ဖြုးရောင်းချနေသော Products များကို မြမြန်မာ စိုက်ပျိုးရေးဆေးဆိုင်တွင် လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါသည်။


#သဘာဝအော်ဂဲနစ်ရွက်ဖြန်းမြေဩဇာ
#အပင်အားဆေး #အသီးအပွင့်အားဆေး

U Link, U Share, U Success

✅  တစ်ကိုယ်တည်း ဘဝကိုကြိုးစားရုန်းကန်နေရသူများ အတွက် အားပေးစကား (  ၅  ) ခွန်း လူတိုင်းဟာ ...... ကျောထောက်နောက်ခံကောင်း ရ...
18/04/2024

✅ တစ်ကိုယ်တည်း ဘဝကိုကြိုးစားရုန်းကန်နေရသူများ အတွက် အားပေးစကား ( ၅ ) ခွန်း

လူတိုင်းဟာ ......
ကျောထောက်နောက်ခံကောင်း ရှိချင်မှရှိမယ်
တိုင်ပင်စရာလူ အားကိုးစရာလူ ရှိချင်မှရှိလိမ့်မယ်။

ဒီစာလေးဟာ ဘဝကို
တစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေ အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

____________________________________

(၁) စိတ်မလျှော့လိုက်ပါနဲ့

တစ်ခါတလေ ဘဝမှာ
အရှုံးတွေချည်းပဲ ဆက်တိုက်
ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။

ဒါပေမယ့် အဲလိုအချိန်တွေမှာ
လုံးဝစိတ်မလျှော့လိုက်ပါနဲ့။

ဒုက္ခတွေဆိုတာ
ခဏလေးဆိုမှ ခဏလေးပါပဲ။

ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့
အောင်မြင်မှုတွေလာတော့မှာဖြစ်တာကြောင့်
စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။

အောင်မြင်မှုဆိုတာ
ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ
ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။

____________________________________

(၂) လဲရင်ပြန်ထပါ

ဘဝဆိုတာ
အကြိမ်ကြိမ်လဲပြီး အကြိမ်ကြိမ်ပြန်ထမှ
ပိုၿပီး အဓိပ္ပါယ်ရှိသွားတာပါ။

မလဲဖူးတဲ့သူ
တစ်ယောက်မှ မရှိပါဘူး။

အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့
ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ
လောကဓံရဲ့ အရိုက်အပုတ်
အထုအထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ
အဲလိုနေရာကို ရောက်သွားကြတာပါ။

လဲကျတိုင်းသာသူတို့ ပြန်မထခဲ့ဘူးဆိုရင်
အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ
သင်သိမှာပါ။

____________________________________

(၃) အရှုံးထဲကအမြတ်ယူပါ

ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး
ခါးသီးမှုတွေအများကြီးကို
ရင်ဆိုင်ကြုံတွေ့ရမှာပါ။

ဒါပေမယ့် အဲလို အချိန်မျိုးမှာ
သင်သိထားရမှာက အဆိုးတိုင်းမှာ
အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။

အနည်းဆုံးတော့ သင့်ကို
အတွေ့အကြုံသစ်တစ်ခုရစေသလို
ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။

ဒါကိုက မြတ်နေပြီမဟုတ်လား။

တခြားအမြတ်တွေလည်း
အများကြီးရှိပါသေးတယ်။

ယူတတ်အောင်ယူပါ။

____________________________________

(၄) ဝေမျှပါ

သင့်ဘဝဟာ
ဘယ်လောက်ပဲ ခက်ခဲနေပါစေ
သင့်ထက် ပိုခက်ခဲတဲ့သူတွေ
အများကြီးရှိပါတယ်။

ဒါကြောင့် သူတစ်ပါးကို
ကူညီဖို့ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။

နည်းတာများတာ အသာထား
သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး
ကူညီကြည့်ပါ။

သူတစ်ပါးအတွက်
စဉ်းစားကြည့်ပါ။

ဒါဆိုရင် သင့်ကို
ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး
သူတစ်ပါးကို စိတ်ကြိုက်
ပေးနိုင်ကမ်းနိုင်လာတဲ့အခါ
မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို
သင်ကောင်းကောင်း နားလည်သွားမှာပါ။

စိတ်လှုပ်ရှား ဒေါသထွက်တဲ့အချိန်မျိုးမှာ
တည်ငြိမ်အောင်လုပ်သင့်တဲ့အရာပါ။

____________________________________

(၅) စာဖတ်ပါ

ဘဝကို တစ်ယောက်တည်း
ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့
စာအုပ်စာပေတွေပါပဲ။

ဒါကြောင့် သင့်ကို
အသိအလိမ္မာတိုးစေမယ့်စာတွေ
ခွန်အားရှိစေမယ့်စာတွေ
လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို
အမြဲတမ်းဖတ်ပါ။ အချိန်ပေးပြီးဖတ်ပါ။

ဒါဆိုရင် ကျိန်းသေပေါက်
သင်အောင်မြင်လာမှာပါ။

" သင်္ကြန် " ဆိုတာ ပြောင်းလဲခြင်း လို့ အဓိပ္ပါယ်ရတယ်နှစ်ဟောင်းမှာ ဖြစ်ပေါ်ခဲ့သော ငြိကပ်တွယ်တာတတ်တဲ့ အကုသိုလ်တရားများဖြစ်...
16/04/2024

" သင်္ကြန် " ဆိုတာ ပြောင်းလဲခြင်း လို့ အဓိပ္ပါယ်ရတယ်
နှစ်ဟောင်းမှာ ဖြစ်ပေါ်ခဲ့သော ငြိကပ်တွယ်တာတတ်တဲ့ အကုသိုလ်တရားများဖြစ်သည့်
လောဘ၊
ဒေါသ၊
မောဟများကို နှစ်သစ်သို့ သယ်ဆောင်မသွား‌ပါနဲ့...

❇️ လောဘ၏ ဆန့်ကျင်ဘက်ဖြစ်သော
ဒါန ပေးကမ်းစွန့်ကြဲချင်တဲ့စိတ် သဒ္ဓါတရားနဲ့ ကူးပြောင်းပေးပါ။

❇️ ဒေါသ ၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာတရားများထားရှိခြင်း၊ ကိုယ်ရောစိတ်ပါ အေးချမ်းမှုတွေပေးတဲ့ အဒေါသဆိုတဲ့ မေတ္တာတရားနဲ့ ကူးပြောင်းပေးပါ။

❇️ မဆင်ခြင် မစဉ်းစားတတ်တဲ့ မောဟစိတ်ကို
နှစ်သစ်မှာ ဆင်ခြင်တွေးတောတတ်တဲ့ အမောဟ (ပညာ) စိတ်နဲ့ ကူးပြောင်းပေးပါ။

နှစ်သစ်ကို အကူးကောင်းပါမှ ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဘဝကို ရရှိမှာဖြစ်တယ်။

ဒါကြောင့် ကောင်းမွန်မှန်ကန်တဲ့ ကူးပြောင်းခြင်းနဲ့ နှစ်အသစ်ကို ကူးပြောင်းနိုင်ကြပါ‌စေ။

၁၃၈၆ ခုနှစ်မှာ မြန်မာပြည်သူ ပြည်သားအပေါင်း နှင့် တစ်ကမ္ဘာလုံး အေးငြိမ်းချမ်းသာရှိကြပါစေ။

🙏🙏🙏

2024 မှာ ပိုပြီးတိုးတက်အောင်မြင်ချင်တယ်ဝင်ငွေတွေ ပိုကောင်းချင်တယ်ဆိုရင်လက်ရှိကိုယ်လုပ်နေတဲ့ နေစဉ်ထုတ်သုံးနေတဲ့ ကိုယ့်ရဲ့...
14/04/2024

2024 မှာ ပိုပြီးတိုးတက်အောင်မြင်ချင်တယ်
ဝင်ငွေတွေ ပိုကောင်းချင်တယ်ဆိုရင်

လက်ရှိကိုယ်လုပ်နေတဲ့ နေစဉ်ထုတ်သုံးနေတဲ့ ကိုယ့်ရဲ့အစွမ်းအစတွေကို ပိုပြီးတော့ ထုတ်သုံးမှရမယ်။

လူတိုင်းလုပ်နေတဲ့အရာတွေကို ကိုယ်လည်းလိုက်လုပ်နေတယ်ဆိုရင် ကိုယ်ရဲ့ဝင်ငွေက သာမာန်သူတွေရနေတဲ့ ဝင်ငွေကို ရနေမှာပဲဖြစ်တယ်။

ကိုယ့်မှာ သာမာန်လူတွေမလုပ်နိုင်တဲ့ Skill တွေ၊ သာမာန်လူတွေ မလုပ်နိုင်တဲ့ ကျွမ်းကျင်မှုတွေ ကိုယ့်မှာရှိထားဖို့လိုတယ်။

အလုပ်တစ်ခု ကျွမ်းကျင်တဲ့အဆင့်အထိ ကြိုးစားဖို့လိုတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်မှာ Professional တစ်ယောက်ဖြစ်နေအောင် လုပ်ဆောင်ရမှာဖြစ်တယ်။

ကိုယ်ဘာဖြစ်ချင်တာလဲ
ကိုယ်ဘယ်အရာကို လုပ်ရတာပျော်လဲ
ကိုယ့်အားသာချက်တွေက ဘာလဲ
ဘယ်အလုပ်မှာ ကိုယ့်ရဲ့အစွမ်းအစတွေကို ရာနှုန်းပြည့်ထုတ်သုံးနိုင်လဲ စသဖြင့် ရွေးချယ်ရမယ်။

အလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းနေတာထက် ကိုယ်နှစ်သက်တဲ့၊ အားသာတဲ့ အလုပ်ကို Professional ဖြစ်အောင်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုတွေ ရရှိလာမှာ ဖြစ်ပါတယ်။

Address

Yangon

Telephone

+959793939669

Website

Alerts

Be the first to know and let us send you an email when Unicorn Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share