Shell Food & Beverage Consulting Service

Shell Food & Beverage Consulting Service အောင်မြင်သော စားသောက်ဆိုင်ဖွင့်လှစ်ရန် ၀န်ဆောင်မှု့များပေးနေပါပြီ။

16/05/2023

မင်္ဂလာပါ လူကြီးမင်းတို့ ရှင့် 🙏🏻🙏🏻
Shell Food & Beverage Consulting Service မှ လတ်တလော တာဝန်ယူ လုပ်ဆောင်ပြီးစီး ခဲ့တဲ့ မြောက်ဒဂုံမြို့နယ် တွင် ဖွင့်လှစ်ခဲ့သည့် ရွှေမှတ်တိုင် မူကထ ဘူဖေး Project

ဘူဖေး ဆိုင် ဖြစ်သည့် အလျှောက် အစားအသောက် များကို စုံလင် စွာ ဖြင့် ကြက်သား၊ ဝက်လိုင်းသား၊ ဝက်ဂုတ်သား၊ သုံးထပ်သား၊ အမဲသား များကို ချိစ် (Cheese ) နှပ်၊ မာလာအစပ် နှင့် အချို စသည်ဖြင့် အရသာ စုံလင်စွာ ထည့်သွင်းပေးခဲ့ပါသည်။

ပင်လယ်စာ အနေဖြင့်လည်း ရေချို ပုစွန်၊ မနီလာဂုံး၊ခရုမျိုးစုံ၊ ကင်းပွန်၊ရေဘဝဲ၊ ဂဏန်း အပြင် ကြက်ဆင်၊ ကြက် မဲ၊ယုန်သား များနှင့် အခြား အသားလုံးများ၊အသီးအရွက် အစုံအလင်၊ appetizer များ နှင့် အချိုပွဲ များပါ ဖွယ်ဖွယ်ရာရာပြင်ဆင်ထားပါသည်။

မူကထ အကင် အပြင် ဟော့ပေါ့ နှစ်ကန့် အိုး ပါ တာကြောင့် customers ရော owner အတွက်ပါ အဆင်ပြေအောင် shell မှ ဆောင်ရွက်ပေးခဲ့ပါသည်။

ယခုလို ဟင်းပွဲ စုံစုံလင်လင် နှင့် customers ရော owner ပါ အဆင်ပြေ ချောမွေ့ နိုင်စေရန် Shell မှတာဝန် ယူ ဖြေရှင်းပေးနေပြီမို့
09977261799 , 09429988011 ကိုဆက်သွယ်ပြီး အခမဲ့ အကြံပေးဆွေးနွေးမှုကို ရယူနိုင်ပါပြီနော် 🙏🏻😍

15/02/2023

အောင်မြင်တဲ့ စားသောက်ဆိုင် ကောင်း တစ်ခုရဲ့ အသက်သွေးကြော လို့ ပြောလို့ရတဲ့ Kitchen တစ်ခု ကို set up လုပ်တဲ့ နေရာက ဘယ်လောက်အရေးကြီးလဲ ဆိုတာ လူကြီးမင်းတို့ အားလုံးအသိဆုံးဖြစ်မှာပါ ✨

ဒီလို အရေးကြီးတဲ့ Kitchen ကို
ဘယ်လို Set Up လုပ်ရမလဲ?
ဘာကြောင့် ဒီလိုတွေ Set Up လုပ်ရလဲ?
စတဲ့ စတဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ကို Shell မှ ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်ရှင်

🔶 ကြွေပြားကြမ်းခင်း နှင့် Drain Lane
ကြွက်၊ ပိုးဟပ်၊ ပိုးမွှားတွေက ကြမ်းခင်းနဲ့ စပ်ဆက်ပြီး လာတာမို့ ကြမ်းခင်းကို နေ့စဥ် Mop တိုက် ဖို့ လွယ်ကူရန် ကြွေပြားကြမ်းခင်းကိုသာ Kitchen အတွင်းမှာ သုံးသင့်ပါတယ်ရှင်

Drain Lane ဆိုတာကတော့ ဆေးကြောတဲ့ ရေတွေ အပြင်ကို ထွက်ဖို့အတွက် kitchen ထဲ မှာ ထားရတဲ့ ရေပိုက်လိုင်းဘဲ ဖြစ်ပါတယ်ရှင့်

အခုနောက်ပိုင်း စည်ပင်ရဲ့ policy အသစ်တစ်ခုဖြစ်တဲ့ Drain Lane နဲ့ Grease Trap ( ဘေစင်အောက်မှာထားတဲ့ အညစ်အကြေး စစ်တဲ့နေရာ) နှစ်ခု ထည့်ကို ထည့်သွင်းတပ်ဆင်ပေးရမှာပါနော်

🔶 Cold Section & Hot Section
Menu နဲ့ ရောင်းအားပေါ်မူတည်၍ Capacitance ကို တွက်ပြီး
Chiller နဲ့ Deep Freezer ဘယ် နှစ်လုံး?
Chinese Stove , 4 Stove နဲ့ Soup Stove ဘယ်နှစ်လုံး?
Deep Fryer နဲ့ Oven ဘယ်နှစ်လုံး ထားသင့်
Exhause Hood တပ်ဖို့ အရှည်ဘယ်လောက်၊ မော်တာ ဘယ်နှစ်ကောင်အား လိုလဲ
အသီးအနှံဆေးကြော လှီးဖြတ်ဖို့ Steel Basin နဲ့ working Table ( ဓားခုံ) အရှည်ဘယ်လောက် ဘယ်လိုနေရာမျိုးမှာ ထားသင့်လဲ ဆိုတာတွေကလည်း Kitchen Set up လုပ်တဲ့အခါ အရေးကြီးတဲ့ အချက်တွေထဲက တစ်ခုပါဘဲ နော်

🔶 M & E Section
ကိုယ့် စားသောက်ဆိုင်ရဲ့ Kitchen ထဲ မှာ မီးကို Con tube pipe တွေ နဲ့ ဆင်နေတုန်းဘဲလား?
ကိုယ့်ရဲ့ Kitchen ထဲကနေ မီးအန္တရာယ် မဖြစ်စေရန် ကာကွယ်ဖို့အတွက်
Wire Line Diagram နှင့် EMT (Electric Metal Tube) မီးအပူခံပိုက်လိုင်းများဖြင့် တပ်ဆင်သင့်ပ်တယ်ရှင့်

Main Breaker မှာ RCBO (Residual current operated circuit breaker with over current protection)
လူကိုဓာတ်လိုက်ရင် အသက်အန္တရာယ် မဖြစ်အောင် အလိုအလျှောက်ဖြတ်ချပေးတဲ့ စနစ် ကို တပ်ဆင်ဖို့လည်း လိုမယ်နော်

မီးဖိုနံရံနောက်မှာ Steel ပြားတပ်ဆင်ခြင်း
Kitchen တစ်ခုလုံးမှာ သုံးတဲ့ စင်၊ဓားခုံ စတာတွေကို steel များနဲ့ သုံးသင့်ပါတယ်ရှင့်

ဒီလို kitchen တစ်ခု set up လုပ်တဲ့ အခါမှာ လိုအပ်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ကို Shell မှ အခမဲ့ အကြံပေးဆွေးနွေးပေးနေပြီမို့ အခုဘဲ ဆက်သွယ်လိုက်တော့နော် 😉

To Contact: 09429988011, 09977261799

25/01/2023

Shell မှ လတ်တလော လုပ်ဆောင် ပြီးစီး ခဲ့သည့် ပုသိမ်မြို့မှ Audio Bar Project ✨

လူကြီးမင်းတို့ရဲ့ စားသောက်ဆိုင်မှာ စနစ်ကျပြီး သန့်ရှင်းသပ်ရပ်တဲ့
စားသောက်ဆိုင် ကောင်းတစ်ခု
ရချင်တယ်ဆိုရင်တော့
"Shell" ကိုဘဲ ဆက်သွယ်လိုက်ပါတော့နော်…….😉

To Contact: 09429988011, 09977261799

🧧🎎Happy Lunar New Year 🎎🧧အခု လာမဲ့ နှစ် က အားလုံး သိပြီးကြတဲ့ အတိုင်း ယုန် နှစ် ဆိုတော့ နှစ်ကူးပွဲ လုပ်တဲ့အခါမှာရော တစ်န...
21/01/2023

🧧🎎Happy Lunar New Year 🎎🧧

အခု လာမဲ့ နှစ် က အားလုံး သိပြီးကြတဲ့ အတိုင်း ယုန် နှစ် ဆိုတော့
နှစ်ကူးပွဲ လုပ်တဲ့အခါမှာရော တစ်နှစ်တာလုံးမှာပါ ကံကောင်းခြင်းတွေ ကို ယူဆောင် လာပေးတဲ့ အစားအစာ (၇) မျိုး ကို Shell မှ နှစ်ကူးလက်ဆောငိ အဖြစ် ပေးလိုက်ပါတယ်နော်

1. Fish (ငါး) = အောင်မြင် ထမြောက် ကြီးပွားချမ်းသာ မှုတွေ ယူဆောင်လာပေးခြင်း

2. Dumpling (ဖက်ထုပ်) = ချမ်းသာကြွယ်ဝမှုများ ယူဆောင်ပေးခြင်း

3. Whole Chicken or Duck ( ဘဲကောင်လုံး ၊ ကြက်ကောင်လုံး) = ပြီးပြည့်စုံတဲ့ ကံကောင်းမှုများကို ယူဆောင်လာပေးခြင်း

4. Spring Rolls ( ကော်ပြန့်ကြော်) = ချမ်းသာကြွယ်ဝ မှုများ ယူဆောင်လာပေးခြင်း

5. Chinese Rice Cake ( အီကွေ့) = များပြားသော ဝင်ငွေ နှင့် ရာထူးကြီးမား မှုများ ယူဆောင်ပေးခြင်း

6. Sweet Rice Balls ( ဆန်မုန့်ချို) = မိသားစုများ အတူတကွ စည်းစည်းလုံးလုံး ချစ်ခင်မှုကို ယူဆောင်ပေးခြင်း

7. Noodles ( ခေါက်ဆွဲ) = အသက်ရှည်ရှည်နှင့် ပျော်ရွှင်စွာ နေထိုင်နိုင်ခြင်း

ဒီ ၇ မျိုးအပြင်ကိုမှ ဝက်ကလေး ကောင်လုံးကင် ကလည်း နိမိတ်ကောင်းတွေ ယူဆောင်လာပေးသေးတာမို့ ဒီနှစ်အတွက် ထူးခြားတဲ့ ဟင်းလျာ တစ်ပွဲဘဲ ဖြစ်ပါတယ်✨

စတဲ့ ကောင်းသော နိမိတ်တွေ ရှိတဲ့ အစားအစာ များကို နှစ်ကူးပွဲ မှာ သာမက ဘဲ တစ်နှစ်ပတ်လုံး စားသုံးပေးခြင်းဖြင့် လာဘ်လာဘ များ ကြီးပွားတိုးတက်နိုင်ကြပါစေ လို့ Shell မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့် 🎎🙏🏻✨

Happy and Healthy New Year 2021 စိတ်ပင်ပန်းစရာ တွေနဲ့ကြုံခဲ့ရတဲ့ 2020 ကို နှုတ်ဆက်ပြီး အားအင်အပြည့်နဲ့ ကိုယ်ရောစိတ်ပါ ကျ...
01/01/2021

Happy and Healthy New Year 2021
စိတ်ပင်ပန်းစရာ တွေနဲ့ကြုံခဲ့ရတဲ့ 2020 ကို နှုတ်ဆက်ပြီး အားအင်အပြည့်နဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာစွာဖြင့် 2021 ကိုဖြတ်သန်းရပါစေကြောင်း "Shell Food and Beverage Consulting Service" မိသားစု မှ ဆုမွန်ကောင်းတောင်းလိုက်ရပါကြောင်း

နှစ်(၁၀၀) ပြည့် အမျိုးသားနေ့အား Shell မိသားစုမှ ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။
09/12/2020

နှစ်(၁၀၀) ပြည့် အမျိုးသားနေ့အား Shell မိသားစုမှ ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

တန်ဆောင်မုန်း လပြည့်နေ့ မှစပြီး စိတ်ရော ကိုယ်ပါ ချမ်းသာ၍ ရောဂါဘယ များ ကင်းဝေးနိုင်ကြပါစေ လို့ Shell မိသားစုမှ ဆုမွန်ကောင...
29/11/2020

တန်ဆောင်မုန်း လပြည့်နေ့ မှစပြီး စိတ်ရော ကိုယ်ပါ ချမ်းသာ၍ ရောဂါဘယ များ ကင်းဝေးနိုင်ကြပါစေ လို့ Shell မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏

ဝါလ ကင်းလွတ် သီတင်းကျွတ် အခါသမယ မှာရောဂါကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း Shell မိသားစုမှ ဆုမွန်ကောင်း...
31/10/2020

ဝါလ ကင်းလွတ် သီတင်းကျွတ် အခါသမယ မှာ
ရောဂါကင်းပြီး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာပါစေကြောင်း
Shell မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏🏻

Shell Management Team နှင့် သစ္စာထွန်းစားသောက်ဆိုင် မိသားစုတို့ ပူးပေါင်းပြီး ကရင်ပြည်နယ် ပြည်နယ်အစိုးရရဲ့ ဆေးစစ်မှုတို့...
10/10/2020

Shell Management Team နှင့် သစ္စာထွန်းစားသောက်ဆိုင် မိသားစုတို့ ပူးပေါင်းပြီး ကရင်ပြည်နယ် ပြည်နယ်အစိုးရရဲ့ ဆေးစစ်မှုတို့ကို သစ္စာထွန်းစားသောက်ဆိုင်တွင် နေရာထိုင်ခင်း အစားအသောက် အပိုင်း ကို တာဝန်ယူကာ တတ်နိုင်သလောက် ကုသိုလ်ယူ ၍ ပရဟိတလုပ်ပေးထားပါတယ်နော် 🙏

အားလုံးသိပြီးကြတဲ့အတိုင်း ဒီလိုအခြေအနေမျိုးမှာ စားသောက်ဆိုင်တွေအနေနဲ့ လုံးဝပိတ်လိုက်ရတဲ့ ဆိုင်တွေရှိသလို Take away only ...
22/09/2020

အားလုံးသိပြီးကြတဲ့အတိုင်း ဒီလိုအခြေအနေမျိုးမှာ စားသောက်ဆိုင်တွေအနေနဲ့ လုံးဝပိတ်လိုက်ရတဲ့ ဆိုင်တွေရှိသလို Take away only နဲ့ဘဲ ​ရောင်းချနေကြရတဲ့ ဆိုင်တွေလည်းရှိပါတယ်

အဲ့လိုအခါမျိုးမှာ ထိန်းချုပ်ရအခက်ခဲဆုံးဖြစ်တဲ့ (Human Resource Management) HRM အတွက်လည်း အားလုံး အကြပ်ရိုက်နေကြမှာနော်

HRM ကို ဒီလိုအချိန်မှာ control လုပ်နိုင်ဖို့က နှစ်ဦးနှစ်ဖက် မျှကြည့်ဖို့တော့လိုပါလိမ့်မယ်ရှင့်

လုပ်ငန်းရှင်ဘက်ကလည်း ကိုယ့်ရဲ့ဝန်ထမ်းကို
ကိုယ်ချင်းစာပေးသင့်သလို
ဝန်ထမ်းဘက်ကလည်း လုပ်ငန်းရှင်အပေါ်ကို
နားလည်ပေးပြီး အလုပ်အပေါ်သစ္စာရှိဖို့လိုပါတယ်နော်

ဒီလိုမျိုး လုပ်ငန်းရှင် နဲ့ ဝန်ထမ်းထက် လူလူချင်း
စာနာ နားလည် ကိုယ်ချင်းစာ ပေးမှုမျိုးနဲ့ လက်တွဲပြီး
ဒီ Pandemic ကြီးကို ကျော်ဖြတ်မှသာ ကိုယ့်လုပ်ငန်းက မပြိုလဲ ဘဲ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်ရှင့်

Covid second wave နဲ့အတူယှဥ်တွဲဖို့Quantity မတိုးဘဲ Quality တိုးစေရန်အတွက် ကျွန်မတို့ရဲ့ Quality ကောင်းအောင် Training ပေ...
03/09/2020

Covid second wave နဲ့အတူယှဥ်တွဲဖို့
Quantity မတိုးဘဲ Quality တိုးစေရန်အတွက်
ကျွန်မတို့ရဲ့ Quality ကောင်းအောင်
Training ပေးတဲ့ Service ကို
လက်ရှိအခြေအနေမှာ
တော်တော်များများသဘောကျပြီး
အသုံးပြုကြတဲ့ Customers များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်

ဒါ့အပြင် လူကြီးမင်းတို့ ဆိုင်ရဲ့ Food & Service Quality Control ကို အမြဲထိန်းထားနိုင်ဖို့လည်းလိုအပ်ပါတယ်

အဲ့ဒီလို Quality Control လုပ်နိုင်အောင်
ကျွန်မတို့ Shell ကနေပြီး
Real Feedback တွေနဲ့ Surprise Check ဝင်ပြီး လူကြီးမင်းတို့ရဲ့ Quality ကို ထိန်းညှိပေးနေပါပြီရှင့်

ဒီလို Quality Control Service အတွက်လည်း အခမဲ့ဆွေးနွေးတိုင်ပင်ပေးနေပါပြီနော်
ဆက်သွယ်ရန် - 09429988011, 09953565888

Covid -19 second wave နဲ့အတူ ဘယ်လိုရှင်သန်မလဲ??Covid ရဲ့ ပထမအတွေ့အကြုံကိုလည်းအားလုံး သိရှိခံစားပြီးတဲ့အခါမှာကျွန်မတို့အာ...
27/08/2020

Covid -19 second wave နဲ့အတူ ဘယ်လိုရှင်သန်မလဲ??

Covid ရဲ့ ပထမအတွေ့အကြုံကိုလည်းအားလုံး သိရှိခံစားပြီးတဲ့အခါမှာကျွန်မတို့အားလုံး
မပေါ့လျော့ကြဖို့နဲ့ အစိုးရိမ်မလွန်ကြဖို့ ကိုအထူးသတိပြုဖို့လိုလာပါပြီရှင့်

Panic မဖြစ်ဖို့ လိုပါတယ် ဒါအပြင် Panic Buying ထပ်မဖြစ်ကြဖို့ပိုလိုအပ်ပါတယ်
ပထမအတွေ့အကြုံအပေါ် ဆင်ခြင်ပြီး
Mask သေချာတပ်ဖို့နဲ့ လက်ကိုခဏခဏဆေးဖို့ကို
မပေါ့လျော့ဖို့လိုပါတယ်နော်

နောက်ထပ်လိုအပ်တာတစ်ခုကတော့
ကိုယ်ခံအားကောင်အောင်အဟာရရှိပြီးကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေကို
ပုံမှန်စားပေးဖို့မမေးပါနဲ့ လို့ Shell မိသားစုမှ သတိပေးတိုက်တွန်းလိုက်ရပါတယ်နော် ❣️

Address

No. 128, 1st Floor, 42nd Street, Botahtaung Tsp
Yangon
11161

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:30

Telephone

09429988011

Website

Alerts

Be the first to know and let us send you an email when Shell Food & Beverage Consulting Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shell Food & Beverage Consulting Service:

Share