02/11/2022
LCCI LEVEL I,II & Practical Accounting New Class
ကိုယ့် Career life ကိုရွေးချယ်တဲ့နေရာမှာတွေဝေနေတုန်းလား?
အလုပ်အကိုင်အခွင့်အလမ်းရှားမှာ တွေးပူနေလား?
ဒါဆိုရင်တော့ Accounting စာရင်းကိုင်ပညာကိုသင်ယူဖို့တိုက်တွန်းပါရစေ
လုပ်ငန်းတိုင်းဟာ စာရင်းတွေနဲ့ရှေ့ဆက်နေရတဲ့အညီ စာရင်းကိုင်တွေကိုမရှိမဖြစ်လိုအပ်တာမို့ အလုပ်အကိုင်ရှားမှာတော့ စိတ်ပူစရာမလိုပါဘူးနော်
အလုပ်ရလွယ်ကူပြီး စိတ်ဝင်စားမှုသာရှိလျှင် သင်ယူဖို့လွယ်ကူတာမို့ မိန်းကလေး၊ ယောကျာ်းလေးမရွေးတဲ့ Career တစ်ခုဖြစ်ပါတယ်။
ကဲဒါဆို စာရင်းကိုင် Accountant တစ်ယောက်ဖြစ်ဖို့ဘာတွေလိုမလဲ?
စာရင်းကိုင်ပညာရဲ့ အခြေခံဖြစ်တဲ့ LCCI level I,II သင်ယူဖို့လိုပါတယ်
LCCI level I,II နဲ့ အလုပ်လုပ်ဖို့ လုံလောက်ပြီလား?
လုံလောက်ပါတယ် ဒါပေမဲ့...
LCCI level I,II တစ်ခုတည်းနဲ့ဆို အခြားသူတွေနဲ့ပြိုင်ဆိုင်ရတဲ့အခါ မလွယ်ကူတော့ပါဘူး။
LCCI level I,II သည် စာရင်းကိုင်ပညာရပ်တစ်ခုဖြစ်သော်လည်း လက်တွေ့လုပ်ငန်းခွင်နှင့် ကွာခြားချက်များစွာရှိတာကြောင့် တကယ့်လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ လုပ်ငန်းစဥ် Procedures/ Practices များကိုသိရန်လိုအပ်ပါတယ်။
ထိုလုပ်ငန်းစဥ်များကို သင်ယူနိုင်မဲ့ဘာသာရပ်ကတော့ Practical Accounting လက်တွေ့အသုံးချစာရင်းကိုင်ပညာပဲဖြစ်ပါတယ်
ကျွန်တော်တို့ Professional Development Institute ဟာဆိုရင် LCCI level I,II နဲ့ Practical Accounting ကို တပြိုင်နက်တည်း ချိတ်ဆက်သင်ကြားပေးနေတဲ့သင်တန်းပဲဖြစ်ပါတယ်
ကျွန်တော်တို့သင်တန်း၏သင်ကြားပေးမည့်ပုံစံ
Accountant တို့မဖြစ်မနေသိရှိထားရမဲ့ Accounting Flow ကိုအသေးစိတ်သင်ကြားပေးမှာဖြစ်ပြီး တကယ့်လုပ်ငန်းခွင်မှာအသုံးပြုနေတဲ့ manual, excel တို့ဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်၊၊
ဒါ့အပြင် Finance Department ၏ Cashier position မှစ၍ Chief Accountant position အထိ Procedure အဆင့်ဆင့်ကိုသင်ကြားပေးသွားမှာပါ။
ဘယ်သူတွေက သင်ကြားပေးမှာလဲ
လုပ်ငန်းခွင်တွင် အထူးသဖြင့် Finance, Accounting & Audit Areas များတွင် အလုပ်ဝင်ရောက် လုပ်ကိုင်နေသော Professional Trainers ဆရာ/မ များနှင့် Accounting & Auditing Paper များ (International Paper များ) အောင်မြင်ထားသည့် ပညာရှင်များမှ သင်ကြားပေးသွားမှာဖြစ်ပါတယ်
ဒီလိုသင်လို့ဘာတွေအကျိုးအမြတ်ရနိုင်မလဲ?
1.စာတွေ့လက်တွေ့ချိတ်ဆက်သင်ကြားမှုကြောင့် သင်ခန်းစာများကိုပုံမှန်ထက်နားလည်လွယ်ခြင်း
2.Finance Department ၏ Work Flow ကိုအသေးစိတ်လေ့လာထားမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းယှဥ်ပြိုင်ရာတွင် အများနှင့်ရင်ဘောင်တန်းနိုင်ခြင်း
3.လုပ်ငန်းခွင်ရောက်ပြီး Department အတွင်း မိမိနယ်ပယ်သာမက အခြားသောနယ်ပယ်များကိုပါနားလည်မှုကြောင့် smart ကျကျအလုပ်လုပ်နိုင်ခြင်း
ကျွန်တော်တို့ Professional Development Institute သည် Exam Focus တစ်ခုထည်းသာဉီးတည်ခြင်း မဟုတ်ဘဲ အမှန်တကယ် နားလည်တတ်ကျွမ်းပြီး လုပ်ငန်းခွင်အတွင်း Finance and Accounting professional များဖြစ်စေရန် ဦးတည်ပါတယ် ဒါကြောင့် Accounting ပညာရပ်ကို Career အဖြစ်ရွေးချယ်ထားသည့်သူများ ကျွန်တော်တို့ Professional Development Institute ကိုတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်..
(လူဦးရေကန့်သတ်ထားတဲ့ အတန်းလေးဖြစ်တာကြောင့် စာရင်းမြန်မြန်လာပေး ဖို့တော့လိုပါလိမ့်မယ်နော်...)
အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ရဲ့ Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား..။
သင်တန်းကျောင်း လိပ်စာ
No.(36), Sate-Ta-Thukha street, Ward 7, Hlaing Township , Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
09-73040322 , 09-758156860