16/01/2024
🌟 𝐒𝐮𝐜𝐜𝐞𝐬𝐬 𝐒𝐭𝐨𝐫𝐲 - 𝟐 🌟
ဒီနေ့မျှဝေပေးချင်တာကတော့ နည်းပညာနယ်ပယ်မှာ လုပ်နေသူ (သို့မဟုတ်) ဝင်ရောက်လုပ်ကိုင်ချင်သူ များအတွက်ရည်ရွယ်ပါတယ်၊ admin တို့ consultation လုပ်ပေးခဲ့တဲ့ Graduate Diploma လေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်
Program အချက်အလက်အကျဉ်းချုံးကတော့အောက်ပါအတိုင်းဖြစ်ပါတယ်
Program : Graduate Diploma in Systems Analysis
Institution : Institute of Systems Science, National University of Singapore
Field : IT, Software analysis, Coding
Duration : 1 year full-time
Fees : 38,048 $S (as of Jan, 2024)
နောက်ဆုံး update အချက်အလက်တွေကိုတော့ ဒီ link
https://www.iss.nus.edu.sg/graduate-programmes/programme/detail/graduate-diploma-in-systems-analysis လေးမှာ အသေးစိတ်လေ့လာနိုင်ပါတယ်
🇸🇬 ပထမဆုံးအနေနဲ့ National University of Singapore (NUS) အကြောင်းအနည်းငယ်မျှဝေချင်ပါတယ်၊ အခြား အစိုးရ Universities တွေရှိပေမယ့် NUS က Singapore ရဲ့ တစ်ခုထဲသော အထင်ကရ National University ဖြစ်ပါတယ် (ဥပမာ - လက်ရှိနည်းပညာလောကမှာ MIT နဲ့ Standford ကထိပ်တန်းဖြစ်ပေမယ့် Havard ကအမြဲတမ်း USA ရဲ့ မပြောင်းမလဲ signature ဖြစ်နေမှာပါပဲ)၊ NUS ဟာ Prestigious အဖြစ်ဆုံး၊ ရှေးအကျဆုံးဖြစ်ပြီး နဲ့ အရေးအကြီးဆုံးမေဂျာတွေ (ဥပဒေ၊ ဆေးပညာ၊ နိုင်ငံရေးသိပ္ပံ၊ စီးပွါးရေး၊ နည်းပညာ…) တွေပို့ချပြီး World Ranking မှာလဲ ကမ္ဘာ့ အထင်ကရ Oxford, Havard တို့နဲ့ တစ်အုပ်စုထဲ ကာလကြာရှည် ရပ်တည်နေနိုင်တဲ့ institution ဖြစ်ပါတယ်
🇸🇬 ဝင်ခွင့် အနေနဲ့ကတော့ University တခုခုက Bachelor Degree ရှိထားဖို့လိုပါတယ်၊ အစိုးရတက္ကသိုလ်တစ်ခုခုမှာ လူကိုယ်တိုင် (အဝေးသင်မဟုတ်) ကျောင်းတက်ပြီးရတဲ့ဘွဲ့ လိုပါတယ်၊ အဝေးသင် (သို့) private university ကရတဲ့ဘွဲ့ဆို ဝင်ခွင့်ခက် တတ်ပါတယ် ၊ ဘွဲ့ က IT မေဂျာ ဟုတ်ဟုတ် မဟုတ်ဟုတ်လက်ခံပါတယ် ၊ ဒီ program ရဲ့ရည်ရွယ်ချက်ကိုက အသက်မွေးဝမ်းကြောင်း ပြောင်းချင်သူတွေကို ရည်ရွယ်တဲ့အတွက် IT background မရှိတဲ့သူတွေ သင့်တော်ပါတယ်
🇸🇬 ဘာသာစကားလိုအပ်ချက်ကတော့ IELTS Overall 6.0 နဲ့အထက်လိုအပ်ပါတယ်၊ မဖြေချင်ရင် ကိုယ် ဘွဲ့ရခဲ့တဲ့ ကျောင်းက English communication ထောက်ခံချက်လိုပါတယ်၊ admin ကတော့ IELTS ဖြေဖို့အားပေးပါတယ်၊ ဖြေရင် ကိုယ်တိုင်လဲလေ့လာဖြစ်တယ်၊ ဒီကျောင်းမတက်ဖြစ်လဲ တခြားကျောင်းတွေအတွက် အသုံးဝင်မှာ သေချာပါတယ်
🇸🇬 လာပါပြီ ဘာတွေသင်ရမလဲ၊ IT တခါမှမလေ့လာဘူးရင် ရပါ့မလား??? ရပါတယ်၊ ဒီ program လာတက်တဲ့သူတွေ more than 50% က IT background မရှိကြပါဘူး၊ သင်ရမှာတော့ အဓိက ၂ ပိုင်းပါ
1. Software Analysis (Requirement collection, analysis (functional / non-functional, database modeling, etc)
2. Coding ( C # for fundamentals and .NET Core, Java for Springboot and Andriod, SQL for database, Python for Machine Learning, overview of Data Structures and Algorithms, etc)
၂ ခုလုံးကို အခြေခံက စသင်ပေးပါတယ်၊ ဆရာမ/ဆရာ တွေနဲ့ teaching materials တွေလဲ အရမ်းကောင်းပါတယ်၊ ကြိုးစား (* တကယ် အိပ်ယာထသည်မှ ညသန်းခေါင်အိပ်ယာဝင်သည်အထိ တစ်ပတ် ၇ ရက်မနားတမ်းလုပ်ချင်တဲ့ passion ရှိဖို့တော့ လိုပါတယ် *) ပြီး လိုက်လုပ်ရင် Entry Level (analysis or coding) အနေနဲ့ အလုပ်ဝင်နိုင်မှာ အသေအချာပါပဲ
🇸🇬 Timeline ကတော့ စာသင်ချိိန် ၇ လ အတွင်းမှာ term ၂ ခုရှိပါတယ်၊ term ၂ ခုလုံးမှာ စာမေးပွဲရှိပါတယ်၊ ဘာသာရပ်တိုင်းမှာလဲ ညအိပ်ချိန်ပျောက်မယ့် 🤣 group project တွေရှိပါတယ်၊ ၇ လပြီးရင်တော့ ကျောင်းက ချိတ်ပေးတဲ့ company တွေထဲက တစ်ခုမှာ internship ၅ လဆင်းရပါမယ် (လစာအကြမ်းဖျင်း ၁၀၀၀-၁၆၀၀ လောက်ရပါတယ်)
🇸🇬 အဓိကပန်းတိုင် - ၁ နှစ်ပြည့်ချိန် (သို့မဟုတ်) မပြည့်ခင် အလုပ်ရှာတဲ့အခါ ကိုယ်က သေချာ လိုက်လုပ်လာခဲ့လို့ Junior software analyst or engineer တစ်ယောက်အနေနဲ့ ရှိသင့်တဲ့ skill-set ရှိတယ်ဆိုရင် အလုပ်အရမ်းပေါပါတယ်၊ 💵💵 လစာအနေနဲ့ 😮 စလုံး ၄၀၀၀ - ၆၀၀၀ လောက် အသာလေး မျှော်လင့်လို့ရပါတယ်၊ company အတွက်လဲ work pass လျှောက်တဲ့အခါမှာလဲ NUS ကျောင်းဆင်းဖြစ်လို့ အရမ်းလွယ်ကူပါတယ်
🇸🇬 အားသာချက်ကတော့ အချိိန်တို အတွင်း IT နယ်ပယ်ထဲကို ဝင်နိုင်ပြီး လစာကောင်းကောင်းနဲ့ စလုံးမှာ အခြေကျမှာပါ၊ အားနည်းချက်ကတော့ အချိန်တိုတဲ့ အတွက် အလုပ်လုပ်နိုင်တဲ့ အထိ ရောက်အောင်ဆိုရင် စိတ်ရော ကိုယ်ပါ အပင်ပန်းခံပြီး ၁ နှစ်တိတိ TGIF/TGIS, weekend, holiday ဘာမှမလုပ်ပဲ ကြိုးစားဖို့လိုပါတယ်၊ (slow paced နဲ့ ဖြေးဖြေးမှန်မှန် လေ့လာချင်တဲ့ သူတွေအတွက် မသင့်တော်ပါဘူး) ၊ နောက်တစ်ခု စလုံးငွေ ၃၈၀၀၀ အရစ်ကျမရှိပါ၊ သိန်း တစ်ထောင်လောက် တစ်လုံးထဲပေးရမှာပါ၊ စလုံးရဲ့ လစဉ် ပျမ်းမျှနေထိုင်စားသောက်စရိတ်က ချွေချွေတာတာနေမယ်ဆိုရင်အနည်းဆုံး စလုံး ၁၂၀၀ ဝန်းကျင်ရှိပါတယ်
🇸🇬 အသေးစိတ်ကိုတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ NUS-ISS GDipSA official site မှာကြည့်နိုင်သလို admin တို့ဆီကိုလဲ ဆက်သွယ်နိုင်ပါတယ်နော်
နောက်ရက်တွေမှာ SINP Canada Pathway အကြောင်းတင်ပေးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်
…………….*********🔔*********……………
Ship to your Destination (Consultancy services)
👉 Page messenger
👉 [email protected]