17/06/2024
"ကျန်းမာပျော်ရွှင်၊ အသက်ရှည်ဖို့ သစ်ပင်များကို
စိုက်ကြစို့" 🌱🌱🌱🌱🌱
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA)မှ ဦးဆောင်၍ Social Enterprise for Greening Activities (SEGA) တို့ ပူးပေါင်းကာ
နှစ်စဥ်ဇူလိုင်လတွင် ဒေသခံလူထုများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ မုတ္တမပင်လယ်ကွေ့နှင့် ဆက်စပ်လျှက်ရှိသော
ကျေးရွာများဖြစ်သည့် ကြာစီအောင်ကျေးရွာ၊ ကိုးတဲစုကျေးရွာ၊ ကြံတိုင်းအောင်ကျေးရွာများနှင့် ကျေးရွာချင်း ချိတ်ဆက်လမ်းများတွင် ကျင်းပသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူများအနေဖြင့်
ပါဝင်လှူဒါန်းနိုင်ပါရန် BANCA မှ လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
#ကျန်းမာပျော်ရွှင်၊ အသက်ရှည်ဖို့ သစ်ပင်များကို စိုက်ကြစို့
#မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ