Maniac consultant services

Maniac consultant services သင်၏ယုံကြည်စိတ်ချရမှုသည် Maniac Consultant Services ၏အောင်မြင်မှုဖြစ်ပါသည်။
'Your Trust is Our Success'

လခနည်းဘဝ   မှ   လခများ ဘဝသို့လခစားဘဝ     မှ   စီးပွားရေး ဘဝသို့🔶လူတချို့     တစ်ခုခုလုပ်ဖို့    ပြောင်းလဲဖို့ မိမိတိုးတက...
25/10/2024

လခနည်းဘဝ မှ လခများ ဘဝသို့
လခစားဘဝ မှ စီးပွားရေး ဘဝသို့

🔶လူတချို့
တစ်ခုခုလုပ်ဖို့
ပြောင်းလဲဖို့ မိမိတိုးတက်ရေးအတွက်
လက်ရှိထက် ဘောင်ကျော်ပြီး ဘာလို့
မစဉ်းစားကြတာလဲ~~~

🔷လစာမကောင်းလို့ဆိုပြီး
အခုထက် လစာကောင်းတဲ့
အလုပ်ပြောင်းဖို့လည်း
စဉ်းစားနေတုန်းပဲ~~~

🔶လခစားဘဝကိုလည်း
ညည်းညူမှုတွေနှင့် ဆက်လုပ်နေဆဲ
ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့လည်း
တွေးတောနေတုန်းပဲ~~~

🔷တစ္ခါတေလ
ဘောင်တွေ
ကိုယ်လုပ်နိုင်တာထက် ပိုပြီး
ဘောင်ကျော်ပြီး စဉ်းစားကြည့်ပါ~~~

☑လစာနည်းနေရင်
လစာများတဲ့ အလုပ်လုပ်ဖို့
လေ့လာပါ သင်ယူပါ~~~

☑လစာများလာရင် ပိုက်ဆံစုပါ
စီးပွားရေးနှင့် ပတ်သတ်တဲ့ စာတွေလေ့လာပါ
ထုတ်လုပ်မှု စိတ်ဝင်စားရင်
ထုတ်လုပ်မှုနှင့် ပတ်သတ်တဲ့
သင်တန်းတွေတက်ပါ~~

☑ဆိုင်ဖွင့်မယ်ဆိုရင်လဲ
ရောင်းရတဲ့ ဆိုင်
မရောင်းရတဲ့ဆိုင်
နှစ်ခုလုံးကိုလည်း လေ့လာပါ
ဘာလို့ ရောင်းရလဲ
မရောင်းရရလဲ
စျေးနှုန်းကြောင့်လား
ဆက်ဆံရေးကြောင့်လား
နေရာကြောင့် လား လေ့လာပါ~~~

လှောင်အိမ်ထဲ နေရရင်တောင်
အတောင်ပံတွေ စမ်းပြီးခက်နေစေချင်တယ်
အခွင့်ရေးရလို့ ပျံသန်းခွင့်ရခဲ့ရင်
အမြင့်ဆုံးထိ ပျံသန်းနိုင်အောင်လို့ပါ~~~

ကိုယ်ပိုင်စီးပွားရေးသာလျှင်
လွတ်လပ်တဲ့ဘ၀နှင့်
အမြင့်ဆုံးပျံသန်းနိုင်မှာပါ
မိတ်ဆွေ

ကြီးပွားတိုးတက်ကြပါစေ~~~

Crd

နှစ်သစ်ဆုတောင်း❤️  ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်အခါသမယမှစ၍အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေစိ...
17/04/2024

နှစ်သစ်ဆုတောင်း❤️

၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်အခါသမယမှစ၍

အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ

စိိတ်နှလုံးအေးချမ်းကာ လုပ်ငန်းများ အောင်မြင်တိုးတက်ပြီး ဘေးဘယာ ကင်းဝေးကြပါစေ

အန္တရယ် အပေါင်းကင်းဝေးပြီး ကြံစည်သမျှ အောင်မြင်ကြပါစေလို့

ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျ။

နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ
🙏🙏🙏

#မြန်မာနှစ်သစ်ဆုတောင်း

08/09/2023
29/08/2023
Htake Tan Htae War Co.,Ltd မှ ဦးစီးသော ထိပ်တန်းထည်ဝါEPS အထူးသီးသန့်  ၃ လပြတ်ကိုရီးယား ဘာသာစကားသင်တန်း📒အတန်းတက်ရက် - Sat,...
22/08/2023

Htake Tan Htae War Co.,Ltd မှ ဦးစီးသော ထိပ်တန်းထည်ဝါ
EPS အထူးသီးသန့် ၃ လပြတ်
ကိုရီးယား ဘာသာစကားသင်တန်း
📒အတန်းတက်ရက် - Sat,Sun,Mon
📒အတန်းစတင်ရက်-5.8.2023
📒အတန်းချိန် - (9:00-12:00)AM

📌EPS Topik (အလုပ်ရရှိရေးစနစ်)ထပ်မံဖွင့်လှစ်မည့်သင်တန်း

✅EPS Topik 3Months Class
Start Date -(5.9.2023)
Sat-Sun-Mon -(12:00-3:00)PM

✅EPS Topik 3Months Class
Start Date -(5.10.2023)
Tue-Wed-Thu -(9:00-12:00)AM

➤ သင်တန်းကြေး


EPS-Topik အတွက် ပုံမှန်သင်တန်းကြေးတွေကတော့ -
💰3 လပြတ် - 350,000 mmk
💰နေ/စား ငြိမ်း အပါ - 1,000,000 mmk

🕛🕑သင်တန်းသားများထိထိမိမိသင်ကြားနိုင်ရေးအတွက် လူဦးရေကန့်သတ်ထားတာကြောင့် မိမိနှင့်အဆင်ပြေဆုံးသင်တန်းချိန်မှာ အမြန်ဆုံးစာရင်းပေးအပ်နှံနိုင်ပြီဖြစ်ကြောင်း နှိုးဆော်လိုက်ရပါတယ်‼️

____________________________________

EPS Topik(အလုပ်အကိုင်)
Korean Language (4skills)

🏘️ သင်တန်းလိပ်စာ
အခန်း003(အေ)/မြေညီထပ် ၊ကျန်စစ်မင်းအိမ်ရာ
လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့။

🏘️ ရုံးခန်းလိပ်စာ
အခန်း404(ဘီ)/လေးလွှာ ၊ကျန်စစ်မင်းအိမ်ရာ
လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့။
📲09-444511501
📲09-43112569

EPS Topik သင်တန်းများနဲ့ပတ်သတ်ပြီး အခြားသိလိုသည်များကို လိပ်စာ၊ဖုန်းနံပါတ်များ (သို့မဟုတ်) Page Messenger သို့ မနက် 7:00 နာရီမှ ညနေ 6:00နာရီအတွင်း ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်✨



Language Center🇲🇲🇰🇷

18/08/2023
မြန်မာပြည်ထက်အဆ ၂၀ တိုးတက်တဲ့နိုင်ငံမဆန်းပါဘူးလေကမ္ဘာ့အလုပ်များဆုံးနိုင်ငံ စာရင်းမှာနံပါတ် ၃ ချိတ်ထားတဲ့  ကိုရီးယားကျုပ်...
17/08/2023

မြန်မာပြည်ထက်
အဆ ၂၀ တိုးတက်တဲ့နိုင်ငံ

မဆန်းပါဘူးလေ
ကမ္ဘာ့အလုပ်များဆုံးနိုင်ငံ စာရင်းမှာ
နံပါတ် ၃ ချိတ်ထားတဲ့ ကိုရီးယား

ကျုပ်က မန္တလေးသား
ရန်ကုန်ရောက်တော့
ရန်ကုန်ကလူတွေ ခြေလှမ်းကို မြန်လှပြီထင်တာ
ကိုရီးယားကလူတွေ
ခြေထောက်ကို စက်တပ်ထားသလားပဲ
ထင်မိတယ်။

လူချင်းတိုက်မိရင်တောင်
အသက်ပျောက်မလားပဲ မေမေရေ

မီးပျက်တာ မရှိတဲ့နိုင်ငံ
wifi free ရတဲ့နိုင်ငံ
connection မကျတဲ့ နိုင်ငံ
စက္ကန့်နဲ့အမျှ
စက်ရုပ်တွေ ပြေးလွှားနေတဲ့နိုင်ငံလေ

အရမ်း လှပါတယ်
ကိုရီးယားမလေးတွေ

တချို့က ပြောတယ်
TV ထဲမှာ လှတာပါ အပြင်မှာ မလှဘူး တဲ့
ကျုပ်ကတော့ လှတယ်ပဲမြင်တယ်

သူတို့ဘာသာ မိတ်ကပ်တွေ ဘယ်လိုလိမ်းလိမ်း
သူတို့နဲ့များ ရထားပေါ် ကားပေါ် တူတူစီးမိရင်

ရင်ထဲကို တဒိန်းဒိန်းနဲ့ဗျ
ရင်ခုန်ရလွန်းလို့ ရူးသွားနိုင်တယ်

တစ်ခုတော့ရှိတယ်
အလှကိုပဲ ခံစားတာ
ဘဝကို သံလုံး သံပြားတွေနဲ့
ဖြတ်ကျော်နေရတဲ့ ဘဝသမား

သူတို့ အလှတရားတွေဟာ

မြန်မာပြည်က သနပ်ခါးလေးလောက်တော့
မမွှေးတာ အမှန်ပဲ

မြန်မာမလေးရေ
ကိုရီးယားရုပ်သံတွေမှာ
မင်းသားလေး ချောလို့
ကိုရီးယားကို မလာချင်ပါနဲ့

ဒီမှာ လမ်းဘေးစျေးသည်ကအစ
waiter အဆုံး

အားလုံးဟာ
မင်းသား မင်းသမီးရှူံးအောင် လှကြပါတယ်

လှမှာပေါ့
လစာဆိုတာ
waiter က မြန်မာအစိုးရလောက်ကို ရတာ

ငွေကို ရေလိုသုံးနိုင်တဲ့နိုင်ငံမှာ
ကျုပ်တို့ညီကိုတွေ ဆိုင်တစ်ခါထိုင်မိရင်လည်း

အောက်ထစ် ငါးသောင်း တစ်သိန်းပဲ

ကျန်တာမပြောတော့ပူး
မြန်မာပြည် ဆံပင်ညှပ်ခဲ့တာ တစ်ထောင်
ထောင့်ငါးရာ
ဒီမှာက တစ်သောင်း တစ်သောင်းခွဲ

မြန်မာဆိုင် မုန့်ဟင်းခါးတစ်ပွဲ
အနည်းဆုံး ၇ ထောင် ၈ ထောင် တစ်သောင်း

ဒီမှာ ရသမျှ
ဒီမှာ ဖြုန်းရတာ တန်တယ်

ဒါမယ့် ကိုရီးယားမှာနေပြီး
ကိုရီးယားလို မဖြုန်းကြပါနဲ့

မြန်မာပြည်မှာ
ကြက်ဥတစ်လုံးတစ်ရာကျော်တောင်
နပ်မမှန်တဲ့ မိသားစုတွေ ရှိတယ်

ရအောင်ရှာ၊ ကြိုးစား စု

ကောင်းတဲ့ စနစ်လေးတွေ အတုခိုး
ပြီးတော့ ရိုးရိုးသားသားပဲနေ

ငွေလည်းရှာ၊ ပညာလည်းရှာ
ကောင်းတဲ့ အကျင့်လေးတွေလည်း မြင်အောင်ရှာ

ပြီးတော့ - အချိန်တန်ရင် ငါတို့ မြန်မာ ပြန်မယ်

ငါတို့ လူငယ်ဘဝကို
ရင်းထားရတာနဲ့ တန်ပါစေ 🙏🙏🙏

-original writer

Audit ကိုအမျိုးအစားစုံလင်အောင် ရေး‌ဆွဲပေးနေပါပြီPhoto credit
03/12/2022

Audit ကိုအမျိုးအစားစုံလင်အောင် ရေး‌ဆွဲပေးနေပါပြီ
Photo credit

📢📢📢𝐏𝐀𝐒𝐒𝐏𝐎𝐑𝐓 အမြန် ဝန်ဆောင်မှု 🤔🤔🤔Passportလုပ်ဖို့တွေးနေသလား?🤔🤔🤔ဘယ်က စလုပ်ရမယ် မသိအခက်ဖြစ်နေသလား?⚠️⚠️⚠️Passportလုပ်ရန် အခ...
03/12/2022

📢📢📢𝐏𝐀𝐒𝐒𝐏𝐎𝐑𝐓 အမြန် ဝန်ဆောင်မှု

🤔🤔🤔Passportလုပ်ဖို့တွေးနေသလား?
🤔🤔🤔ဘယ်က စလုပ်ရမယ် မသိအခက်ဖြစ်နေသလား?
⚠️⚠️⚠️Passportလုပ်ရန် အခက်အခဲတစုံတရာဖြစ်နေသလား?

🙏🙏🙏အကောင်းဆုံးသောဝန်ဆောင်မှုနဲ့ ကူညီပါရစေခင်ဗျာ

💯💯💯ရရှိနိုင်သော Passport ဝန်ဆောင်မှုများ

✅Passport စာအုပ် အသစ်လျှောက်ထားခြင်း။✅Passport စာအုပ် အပျောက်လျှောက်ထားခြင်း။
✅Passport စာအုပ် သက်တမ်းတိုးခြင်း။

🔴🔴🔴 မြန်မြန် ဆန်ဆန် ရနိုင်ရန် အတွက် ဝန်ဆောင်မှု ပေးနေပါပြီ။💯💯💯

ဆက်သွယ်ရန်
09796583546
09797394948

21/09/2022

ကုမ္ပဏီတစ်ခုတည်ထောင်ပီးရင် ဘာ​တွေလုပ်ဖို့ လိုအပ်တာလဲ?

မိမိလုပ်ကိုင်မည့်လုပ်ငန်းနှင့် လိုအပ်သော
သက်ဆိုင်သည့် လုပ်ငန်းလိုင်စင် ၊FDA ထောက်ခံချက် ၊သွင်းကုန်ထုတ်ကုန် လိုင်စင်၊အခွန်ထမ်းမှတ်ပုံတင် အစရှိသည်တို့ကို ​​လျှောက်ထားဆောင်ရွက်ရမှာဖြစ်ပါတယ်။

နှစ်စဉ် မပျက်မကွက် ဆောင်ရွက်ရမည့်အချက်နှစ်ချက်ကို ဖော်ပြပါမည်။

(၁) DICA မှာနှစ်စဉ်အစီရင်ခံစာ(Annual Return) ကိုကုမ္ပဏီစတင်တည်ထောင်ပီး ၂လအတွင်းပထမဆုံးအကြိမ်တင်ရန်လိုအပ်ပြီး နောက်ပိုင်း မိမိကုမ္ပဏီသက်တမ်း AR due dateအလိုက် ၁နှစ်လျှင်တစ်ကြိမ်နှစ်စဉ်အစီရင်ခံစာတင်သွင်းပေးရမည်ဖြစ်ပါသည်.
Auto System ဖြစ်သောကြောင့် သတ်မှတ်ရက်ကျော်သည်နှင့် ဒဏ်ကြေး​ပေး​ဆောင်ရမည်ဖြစ်သလို သတ်မှတ်ချိန် ထပ်မံကျော်လွန်ပါက suspended ၊ struck off စာရင်းထဲရောက်ရှိသွားမည်ဖြစ်ပါသည်။

(၂) နှစ်ချုပ်အစီရင်ခံစာ
သတ်မှတ်ထားသည့်ဘဏ္ဏာနှစ်အလိုက် လုပ်ငန်းများအား စာရင်းစီစစ်၍ သက်ဆိုင်ရာကုမ္ပဏီများအခွန်ရုံးသို့ တင်သွင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။
နှစ်စဉ် လုပ်ငန်းရှိ/မရှိ အစရှိသည်တို့ကို CPA လက်မှတ်ဖြင့်စစ်​ဆေးထား​သော နှစ်ချုပ်စာရင်း ပူးတွဲတင်ပြရပါမည်။
E-filling စနစ်ဖြစ်တာ​ကြောင့် သတ်မှတ်ရက်ကျော်သည်နှင့် ဒဏ်ကြေး​ပေး​ဆောင်ရမည်ဖြစ်ပါသည်။

Crd

E-Filling Management System
18/05/2022

E-Filling Management System

🎯 ကိုဗစ်ရဲ့နောက်ဆက်တွဲ သွေးခဲမှာကို ကြောက်နေလား ? ဒီအချက်တွေ လိုက်နာပေးပါ 🎯ကိုဗစ်ရဲ့ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ဆိုး...
04/08/2021

🎯 ကိုဗစ်ရဲ့နောက်ဆက်တွဲ သွေးခဲမှာကို ကြောက်နေလား ?
ဒီအချက်တွေ လိုက်နာပေးပါ 🎯

ကိုဗစ်ရဲ့ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတခုကတော့ သွေးခဲတာပါပဲ။ သွေးခဲတွေဟာ နှလုံးမှာသွားပိတ်နိုင်သလို ဦးနှောက်သွေးကြောတွေမှာလဲ ပိတ်နိုင်တဲ့အတွက် သတိထားရမယ့် အခြေအနေ တရပ် ဖြစ်ပါတယ်။ အချို့သူတွေမှာ လိုအပ်ရင် သွေးကျဲဆေး သောက်ရ/ထိုးရတတ်ပါတယ်။

✨✨✨
ဘယ်လိုလူတွေ သွေးခဲနိုင်ခြေ များသလဲ

🔶 အသက် ၆၀ အထက် လူကြီးများ
🔶 မူလက သွေးခဲ ရောဂါ အခံရှိသူများ
🔶 နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာ ရောဂါ စသည် ရောဂါအခံ ရှိသူများ။
🔶 မထနိုင် အိပ်ရာထဲ လဲနေသူများ
🔶 အဝလွန်သူများ
🔶 တားဆေး၊ ဟော်မုန်းဆေး သောက်နေသူများ
🔶 ကိုယ်ဝန်ဆောင်များ

ဒါဆို သွေးခဲနိုင်ခြေကို ဘယ်လို လျော့ချရမလဲ
🔶 လှုပ်လှုပ်ရှားရှားနေပါ။ အိပ်ရာထဲချည်း လှဲမနေပါနဲ့။ အိပ်ရာထဲမှာပဲ အမြဲလှဲနေရင် ကိုဗစ်ကြောင့် မဟုတ်တောင် သွေးခဲနိုင်ခြေ များပါတယ်နော်။ အခန်းထဲ ပတ်ပြီး လမ်းလျှောက်ပါ။ သွေးလှည့်ပတ်မှု ကောင်းပါစေ။

🔶 လေ့ကျင့်ခန်း လုပ်ပါ။ အရမ်းကြီး ပင်ပင်ပန်းပန်း လုပ်ဖို့ ပြောတာမဟုတ်ပါဘူးနော်။ ထိုင်နေရင်း/ လှဲနေရင်း ခြေထောက် အကွေးအဆန့် လုပ်ပါ။ ခြေချောင်းလေးတွေ လှုပ်ရှားပါ။

🔶 ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝနေခြင်း ဖြင့် သွေးခဲခြင်းကို ကာကွယ်နိုင်ပါတယ်။

🔶 ဒီ ရောဂါဖြစ်လာရင် အရေးကြီးဆုံးကတော့ စိတ်ဓာတ်မကျပါနဲ့။ စိတ်ခွန်အားကို မြှင့်တင်ပါ။ မိမိရဲ့ ကိုယ်ခံစွမ်းအား၊ စိတ်ဓာတ်အင်အားနဲ့ ဒီရောဂါဆိုးကြီးကို ကျော်ဖြတ်နိုင်ကြပါစေ။

Dr. K

.com

Address

Yangon
11091

Alerts

Be the first to know and let us send you an email when Maniac consultant services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Maniac consultant services:

Share