Soulmate - Love Cupid

Soulmate - Love Cupid A safe & warmest place to find and talk about "LOVE"

Hello စကားပြောဖော်ရှာချင်လို့ပါ။ ကိုယ့်အကြောင်း အရင်ဆုံးပြောရရင် အသက်က ၃၇ ဝန်ထမ်းအလုပ်လုပ်ပါတယ်။ ပုံမှန်ဝင်ငွေရှိပါတယ်။ ...
27/04/2024

Hello စကားပြောဖော်ရှာချင်လို့ပါ။ ကိုယ့်အကြောင်း အရင်ဆုံးပြောရရင် အသက်က ၃၇ ဝန်ထမ်းအလုပ်လုပ်ပါတယ်။ ပုံမှန်ဝင်ငွေရှိပါတယ်။

လိုချင်တဲ့ type က သက်တူရွယ်တူ အသားရည်လတ် အရပ်လေးရှည်ပြီး ခန္ဓာကိုယ်သင့်တင့် စိတ်သဘောထားပြည့်ဝတဲ့သူမျိုးပါ။
ရုပ်ရည်အသင့်တင့်ရှိပြီး ဆေးလိပ်မသောက် ကွမ်းမစားဆို ရပါပြီ။ ဘဝကိုရိုးရိုးရှင်းရှင်းနဲ့ အေးအေးချမ်းချမ်းနေချင်ရုံလေးပါ။ တစ်နေ့တာ အလုပ်ထဲမှာ ပင်ပန်းသမျှ အကျိုးအကြောင်း ရင်ဖွင့်တိုင်ပင်လို့ရပြီး အေးအေးချမ်းချမ်း စိတ်ချမ်းသာစေတဲ့သူမျိုးဆိုရပါတယ်။ ရည်းစားမဖြစ်လည်း သူငယ်ချင်းမိတ်ဆွေ ရင်ဖွင့်တိုင်ပင်ဖော်လိုလည်း ရပါတယ်။
အိမ်ထောင်သည် မဖြစ်ရ။ အဆင်ပြေရင် L လို့ မန့်ခဲ့ပါ။ မန့် အဆင်မပြေရင်လည်း Care reaction လေးပေးခဲ့ပါနော်။ L နဲ့စတဲ့ အကောင့်နဲ့ လာ add ပါ့မယ်။😊
Credit Pinterest photo

အားလုံးပဲ မင်္ဂလာပါ။ စကားပြောဖော်ကနေ ချစ်သူအဆင့်ထိ သွားချင်ပါတယ်။ မောင်လေး team ကပါ။ အသက်ငယ်ငယ် ဂျစ်ကန်ကန်နဲ့ဆိုးပြီး ချ...
26/04/2024

အားလုံးပဲ မင်္ဂလာပါ။ စကားပြောဖော်ကနေ ချစ်သူအဆင့်ထိ သွားချင်ပါတယ်။
မောင်လေး team ကပါ။ အသက်ငယ်ငယ် ဂျစ်ကန်ကန်နဲ့ဆိုးပြီး ချွဲနွဲ့မယ့်သူမျိုးလိုချင်ပါတယ်။ အများဆုံး ၅နှစ်လောက် ငယ်တာမျိုး အဆင်ပြေပါတယ်။
ကိုယ်က အသက်က ၃၅ ကိုယ်ပိုင်စီးပွါးရေးလုပ်ပြီး အခြေကျပြီးသားပါ။ ဦးဆောင်လမ်းပြပေးနိုင်ပြီး အရမ်း supportive ဖြစ်ပါတယ်။ ရုပ်ရည်လှပချောမော ခန္ဓာကိုယ်ပြေပြစ်ပြီး ရှိရင်းစွဲအသက်ထက် နုတယ်ထင်ရပါတယ်။ လိုချင်တဲ့ကောင်လေးပုံစံက cute type နဲ့ တီတီတာတာပြောပေးနိုင်မယ့်သူမျိုးပါ။ ချစ်သူဖြစ်ပြီးနောက်ပိုင်း တောင်တန်းတွေဘက် ခရီးတွေတူတူထွက်ချင်ပါတယ်။ ကျန်းမာရေးလိုက်စားသူမျိုးဆို ပိုအဆင်ပြေပါတယ်။
အဆင်ပြေရင် S လို့မန့်ခဲ့ပေးပါ။ S နဲ့စတဲ့ အကောင့်နဲ့ လာ add ပါ့မယ်။

Credit Pinterest photo

Hi hi ရုပ်ချောချော စိတ်ရှည်ပြီး စိတ်ကောက်ရင်ချော့တတ်မယ့် ကိုကြီးချောချောတစ်ယောက်လောက်လိုချင်ပါတယ်။ Me က အသက်က ၂၁ပါ။ အသား...
25/04/2024

Hi hi ရုပ်ချောချော စိတ်ရှည်ပြီး စိတ်ကောက်ရင်ချော့တတ်မယ့် ကိုကြီးချောချောတစ်ယောက်လောက်လိုချင်ပါတယ်။ Me က အသက်က ၂၁ပါ။ အသားဖြူပြီး ပိန်ပိန်ပါးပါးပါ။ အရပ်က ၅’၆” မို့ အရပ်ရှည်ရှည်နဲ့ ဆိုးနွဲ့လို့ရမယ့် ကိုကြီးမျိုးမှ အဆင်ပြေမှာပါ။ တီတီတာတာ ချွဲချွဲနွဲ့နွဲ့နဲ့ စိတ်ကောက်တတ်ပါတယ်။ စိတ်ရှည်သည်းခံနိုင်မယ့် ကိုကြီးမျိုးဆို 🐰 လို့ မန့်ခဲ့ပေးနော်။ C နဲ့ စတဲ့အကောင့်လေးနဲ့ လာ hi ပါ့မယ်🫡😘

Hello မင်္ဂလာပါရှင့်အရင်ဆုံးစကားပြောကြည့်ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေမှ ရှေ့ဆက်သွားကြည့်ချင်တာပါ။ အသက်က ၃၀ပါ။ အရပ်က 5’ 4” န...
22/04/2024

Hello မင်္ဂလာပါရှင့်

အရင်ဆုံးစကားပြောကြည့်ပြီး နှစ်ဦးနှစ်ဖက်
အဆင်ပြေမှ ရှေ့ဆက်သွားကြည့်ချင်တာပါ။ အသက်က ၃၀ပါ။ အရပ်က 5’ 4” နဲ့ ခန္ဓာကိုယ်ပြည့်တဲ့အထဲပါပါတယ်။ ရုပ်ရည်ကသာမာန်ပါပဲ။ ဘွဲ့ရပြီး ဝန်ထမ်းအလုပ်လုပ်ပါတယ်။ မချမ်းသာပေမယ့် မဆင်းရဲပါဘူး။ တောင်ပေါ်သူတစ်ယောက်ပါ။

သဘောကျတဲ့ပုံစံက အသက် ၂နှစ်ကွာ (ကြီးတာပဲ ဖြစ်ဖြစ် ငယ်တာပဲဖြစ်ဖြစ်) အေးဆေးတည်ငြိမ်ရင့်ကျက်သူမျိုး လိုချင်ပါတယ်။ အရပ်က ၅’ ၆” အထက် ခန္ဓာကိုယ်အနေတော် အသားရေလတ်သူ အလုပ်ကိုင် အတည်တကျရှိသူ၊ အကြံပေး လမ်းပြပေးနိုင်သူမျိုး လိုချင်ပါတယ်။ စိတ်ဝင်စားရင် 🌻 လို့ မန့်ခဲ့ပါ။ K နဲ့စတဲ့ အကောင့်နဲ့ စကားလာပြောပါ့မယ်။ RS မရှိသူများ အိမ်ထောင်မရှိသူများ အရှုပ်
ရှင်းကင်းသူများသာ လာပေးပါ။

Credit Pinterest photo

Hi hiစကားပြောဖော်လေးလိုချင်ပါတယ်။ ကိုယ့်ကို အကြီးတစ်ယောက်လိုမျိုး ဆိုဆုံးမပေးမယ့်သူမျိုး ရင့်ကျက်ပြီး လူကြီးဆန်မယ့်သူမျိ...
20/04/2024

Hi hi
စကားပြောဖော်လေးလိုချင်ပါတယ်။ ကိုယ့်ကို အကြီးတစ်ယောက်လိုမျိုး ဆိုဆုံးမပေးမယ့်သူမျိုး ရင့်ကျက်ပြီး လူကြီးဆန်မယ့်သူမျိုးလိုချင်ပါတယ်။ ကလေးလို ချွဲတတ်ပြီး စိတ်လည်းကောက်တတ်တာမို့ မမလို ချွဲလို့ရမယ့်သူမျိုးမှ အဆင်ပြေမှာပါ။ Me က အသက်က ၂၃နှစ်ပါ လက်ရှိကတော့ သင်တန်းတွေပဲ တက်နေပြီး အဆင်ပြေမယ့်အလုပ်ရှာနေတုန်းပါ။ လမ်းပျောက်နေတဲ့သူဆိုရင်လည်း မမှားပါဘူး😔
အသားရေ ဖြူပြီး ပိန်သွယ်တဲ့အထဲ ပါပါတယ်။ လိုချင်တဲ့ မမ အမျိုးအစားကတော့ ဆံပင်ရှည်ရှည် လူကြီးဆန်ဆန်နဲ့ မျက်မှန်လေးပါရင် ပိုအဆင်ပြေပါမယ် (မပါလည်းရပါတယ်) ဆိုဆုံးမ လမ်းညွှန်ပေးနိုင်ရင်ကို ကျေနပ်ပါတယ်။ Girl love လေးဖြစ်တာမို့ အဆင်ပြေရင် 🤍 လေး မန့်ခဲ့ပါ။ မန့်အဆင်မပြေရင်လည်း Love react လေးပေးခဲ့ပါ။ C နဲ့ စတဲ့ အကောင့်လေးနဲ့ လာစကားပြောပါ့မယ်။

Credit Pinterest photo

Hello စကားပြောဖော်လိုချင်လို့ပါ။ အဆင်ပြေရင် life partner အထိ သွားချင်ပါတယ်။ ကျွန်တော်က အသက် ၂၈နှစ်ပါ။ အသားရေ လတ်ပြီး ယော...
18/04/2024

Hello စကားပြောဖော်လိုချင်လို့ပါ။ အဆင်ပြေရင် life partner အထိ သွားချင်ပါတယ်။
ကျွန်တော်က အသက် ၂၈နှစ်ပါ။ အသားရေ လတ်ပြီး ယောက်ကျားပီသတဲ့ ခန္ဓာကိုယ်ရှိပါတယ်။ လက်ရှိက ထိုင်းနိုင်ငံမှာပါ။ အထီးကျန်ပြီး စကားပြောဖော် အားပေးဖော်ကနေ အေးအတူပူအမျှ မျှဝေပေးမယ့်သူမျိုးလေး လိုချင်ပါတယ်။ အရမ်းလည်းချစ်ပေးတတ်ပါတယ်။ RS ဖြစ်သွားရင်လည်း Official ပဲ တွဲမှာပါ။ မမရော ညီမလေးတွေရော အဆင်ပြေတာမို့ အသက် ၂၃-၃၀ လောက်ထိရပါတယ်။ အဆင်ပြေရင် 😎 လေး မန့်ခဲ့ပါ။ မန့်ရမှာ အဆင်မပြေရင် Care react လေး ပေးခဲ့ပါ။ P နဲ့ စတဲ့ အကောင့်နဲ့ လာ add ပေးပါ့မယ်။

Credit Pinterest photo

Hello လက်တွဲဖော်ရှာချင်လို့ပါ။မောင်လေး team ကပါ။ ကိုယ့်ထက် အသက်ငယ်ပေမယ့် ရင့်ကျက်တည်ငြိမ်သူမျိုး လိုချင်ပါတယ်။ Me က အသက်...
16/04/2024

Hello လက်တွဲဖော်ရှာချင်လို့ပါ။

မောင်လေး team ကပါ။ ကိုယ့်ထက် အသက်ငယ်ပေမယ့် ရင့်ကျက်တည်ငြိမ်သူမျိုး လိုချင်ပါတယ်။ Me က အသက် ၃၀ကျော်ပါ။ ကိုယ်ပိုင်စီးပွါးရေးနဲ့ အတည်တကျအခြေကျပြီးသားပါ။ ပညာတွေဆက်လေ့လာနေရတာကြိုက်သလို အတွေးခေါ်ကောင်းတွေတွေးပြီး စာအုပ်တွေဖတ်ရတာ ကြိုက်သူပါ။ ခရီးတွေထွက်ရတာ ကြိုက်သလို သီချင်းဆိုတာနဲ့ ကရတာလည်း ဝါသနာပါပါတယ်။ လူများများနဲ့ ဆူဆူညံညံနေရတာ မကြိုက်ပေမယ့် introvert တစ်ယောက်တော့မဟုတ်ပါဘူး။
IQ နဲ့ EQ level ညီတဲ့သူမျိုး ကိုယ်နဲ့ အေးအတူပူအမျှ မျှဝေခံစားပေးမယ့်သူမျိုးလိုချင်ပါတယ်။ ဘဝကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်ပြီး သစ္စာတရား ချစ်ခြင်းမေတ္တာတရားတွေနဲ့ပဲ ရှေ့ဆက်ချင်ပါတယ်။ စိတ်ဝင်စားရင် “🤍” လေး မန့်ခဲ့ပေးပါ။ Messenger ကနေ လာ add ပေးပါ့မယ်။

(Play ချင်သူများ၊ အအမ်းခံချင်သူများ လုံးဝမလာပါနဲ့နော်)
Credit Pinterest photo

Hi hiကိုကို Team ကပါ။အားပေးဖော် နားလည်ဖော် စကားပြောဖော်ရှာနေတယ်နော်တို့က 22နှစ် ချစ်သူမရှိပါဘူး။အရပ်ရှည်ရှည် ခန့်ချော နွ...
15/04/2024

Hi hi

ကိုကို Team ကပါ။

အားပေးဖော် နားလည်ဖော် စကားပြောဖော်ရှာနေတယ်နော်

တို့က 22နှစ် ချစ်သူမရှိပါဘူး။
အရပ်ရှည်ရှည် ခန့်ချော နွေးထွေးတတ်တဲ့ကိုကိုဆိုရင် ကြိုက်ပါတယ်နော်
စကားပြောစကေးကောင်းပြီး တော်ကီမှာ ကြွေသွားအောင် ခြွေပေးမယ်ဆို လာခဲ့နော်။
အရမ်းလဲ ချစ်တတ်ရမှာပါ ချစ်ပေးတဲ့အတိုင်း ပြန် ချစ်မှာမို့ပါ
စိတ်ဝင်စားရင် Me လို့ မန့်သွားပေး
Sနဲ့စ တဲ့ အကောင့် နဲ့ လာအပ်ပေးဦးမှာ

Credit pinterest photo

MY BOYFRIEND MATERIALSType - boy or man (age range - 21 to 35, must clear conflict of interest with ex and not in a rela...
14/04/2024

MY BOYFRIEND MATERIALS

Type - boy or man (age range - 21 to 35, must clear conflict of interest with ex and not in a relationship currently as I have alittle bit traumas related with those things)

want to be start as a friend, after that we will forward if both of us are ok to be continued

Requirements: about yourself first (both good and bad sides of u, all
must be truth), fair education and work hard, no need to be rich, ambivert (prefer)
healings each other, understanding, build trust well, share most of the things in daily life, take responsibility, never hesitate to say "sorry" if mistakes happen between us, forgiveness and take lessons together

Myself

1996 born, not rich, no siblings, have nice society, few friends only have, currently working in Singapore, Bachelor B.Arch.

Relationship

two exes have, 9 years and over 1 years dated, have alot of traumas but already heal enough I think so😅, looking for a true partner who can guide and understand my traumas and heal together (for more details - will open up to the person who I want to do)

My updates after 11 years relationship

Open-minded already, but still emotional (tears out easily), want to love freely, make lame jokes, create memories happily as best as we can, no more overthinking

anyone who interested in me - Care react better, comment for long-term relationship.

Credit pinterest photo

ကျွန်တော် ကျွန်မတို့ Soulmate page လေးမှာ- အချစ်ရေး အချစ်ရာနှင့် ပတ်သက်တဲ့ ခံစားချက်စာစုလေးများ💕- ချစ်သူ (သို့) သူငယ်ချင...
14/04/2024

ကျွန်တော် ကျွန်မတို့ Soulmate page လေးမှာ
- အချစ်ရေး အချစ်ရာနှင့် ပတ်သက်တဲ့ ခံစားချက်စာစုလေးများ💕
- ချစ်သူ (သို့) သူငယ်ချင်းမိတ်ဆွေ ရင်ဖွင့်တိုင်ပင်ဖော်ရှာနေသူများ💘
- ချစ်သက်တမ်းနှစ်ပတ်လည် အထိမ်းအမှတ် အမှာစကားများ❣️
- မွေးနေ့ဆုမွန်ကောင်း အမှာစကားများ 🎁
အစသဖြင့်တို့ကို Anynomous (အမည်မဖော်လို) ဘဲ စိတ်ချလုံခြုံမှုရှိစွာ ပြောကြားလို့ရပါတယ်။

စာလေးများကို အပ်နှံလိုပါက Page Messenger သို့ လာရောက်ဆက်သွယ်လို့ရပါတယ်နော််။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Soulmate - Love Cupid posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category