Saytanar Hman

Saytanar Hman Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saytanar Hman, Wholesale & Supply Store, Yangon.

ကျနော်များ စေတနာမှန်ဆိုင်ကို ယခင် ဘုရင့်နောင်ဈေးတွင် ဆက်လက်ဖွင့်ထားခြင်းမရှိတော့ပါသဖြင့် လိုအပ်ချက်မှာရှိပါက Messenger တ...
05/08/2025

ကျနော်များ စေတနာမှန်ဆိုင်ကို ယခင် ဘုရင့်နောင်ဈေးတွင် ဆက်လက်ဖွင့်ထားခြင်းမရှိတော့ပါသဖြင့် လိုအပ်ချက်မှာရှိပါက Messenger တွင်သာ ဆက်သွယ်မေးမြန်းပေးကြရန် ကြေငြာအပ်ပါသည်ခင်ဗျာ။

ကုန်စည်ပို့ဆောင်ရေးအတွက် ဒီဇယ်မော်တော်ယာဉ်တွေဟာ အခရာကျပါတယ်။ တွင်းထွက်တူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မီးရထားန...
20/01/2021

ကုန်စည်ပို့ဆောင်ရေးအတွက် ဒီဇယ်မော်တော်ယာဉ်တွေဟာ အခရာကျပါတယ်။ တွင်းထွက်တူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မီးရထားနဲ့ ရေကြောင်းပို့ဆောင်ရေးနယ်ပယ်မှာလဲ ဒီဇယ်အင်ဂျင်တွေဟာ မရှိမဖြစ်ပါ။

နည်းပညာတွေ အမျိုးမျိုးတိုးတက်လာပြီး အခုဆိုရင် လေထုညစ်ညမ်းမှုနည်းပါးပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ဒီဇယ်အင်ဂျင်တွေဟာ မြန်မာပြည်ဈေးကွက်ထဲမှာ စက္ကန့်မလပ်၊ မိနစ်မလပ် လည်ပတ်နေကြပါပြီ။
ရပ်တန့်သွားလို့မရတဲ့ စက်ယန္တရားတွေအတွက် အရေးကြီးဆုံးက အရည်အသွေးကောင်းတဲ့ အပိုပစ္စည်းများပဲဖြစ်ပါတယ်။ စက်ယန္တရားတွေဟာ
☑၂၄ နာရီအပြည့်လည်ပတ်ရနိုင်တယ်။
🥵အပူချိန်ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ အသုံးချရနိုင်တယ်။
😢မနိုင်ဝန်ထမ်းရတာမျိုး (သို့) ဝန်အပြည့်နဲ့ လှုပ်ရှားရတာမျိုးလဲ ရှိနိုင်တယ်။

💢အလုပ်တွေသိပ်များလွန်းတဲ့အခါ စက်ယန္တရားကို ခဏခဏ Service လုပ်ရတာမျိုး ဘယ်လုပ်ငန်းရှင်မှ ကြည်ဖြူမှာမဟုတ်ဘူး။
👉အဆိုးဆုံးက Oil & Gas Industry ပတ်ဝန်းကျင်မှာ အသုံးပြုရတဲ့အခါ တစ်က္ကန့်လေးတောင် စက်ပျက်သွားလို့မရဘူး။

👍ဒါကြောင့် အချိန်ပြည့် စွမ်းဆောင်ရည်အပြည့် ပါဝါအပြည့်နဲ့ ဒေါင်ဒေါင်မြည်လည်ပတ်နိုင်အောင်လို့ အရည်အသွေးကောင်းတဲ့ OEM အပိုပစ္စည်းတွေကိုသာ အသုံးပြုထားသင့်ပါတယ်။

💪လူကြီးမင်းတို့ရဲ့ စက်ယန္တရားများအတွက် သင့်တော်တဲ့ OEM အပိုပစ္စည်းကို ဝယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ စေတနာအပြည့်နဲ့ ဝန်ဆောင်မှုပေးနေတဲ့ စေတနာမှန်ကို ဆက်သွယ်လိုက်ပါတော့….

စေတနာမှန် ဒီဇယ်ပစ္စည်း ရောင်းဝယ်ရေး
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၄၄၄၄ ၀၂၀၈, ၀၉ ၄၄၄၄၄ ၀၂၀၉

ဒီဇယ်တွေ ခေတ်ကုန်တော့မှာလား…???လေထုညစ်ညမ်းမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုက်ဘရစ်နဲ့ လျှပ်စစ်ကားတွေကို တီထွင်ရောင်းချလာကြလ...
13/01/2021

ဒီဇယ်တွေ ခေတ်ကုန်တော့မှာလား…???

လေထုညစ်ညမ်းမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုက်ဘရစ်နဲ့ လျှပ်စစ်ကားတွေကို တီထွင်ရောင်းချလာကြလို့ ဒီဇယ်တွေ ခေတ်ကုန်တော့မလား စဉ်းစားစရာဖြစ်လာပါတယ်။ Euro Standard တွေဟာ အခုဆို Euro VI အဆင့်ကို ရောက်နေပါပြီ။ Euro VI က ဘာပြောသလဲဆိုတော့ ဒီဇယ်ကားတစ်စီးကနေ Nitrogen Oxide တွေ တစ်ကီလိုမီတာကို ၈၀ မီလီဂရမ်ထက် ပိုမထွက်ရဘူးတဲ့… ၂၀၁၅ စက်တင်ဘာလကတည်းက စပြီး Euro VI အဆင့်ရှိတဲ့ ဒီဇယ်မော်တော်ယာဉ်တွေကို ကားကုမ္ပဏီတွေက ထုတ်လုပ်လာခဲ့ကြပါတယ်။ အခုထိတော့ သတ်မှတ်ထားတဲ့ Standard တွေနဲ့ ပြည့်မီအောင် ထုတ်လုပ်နေနိုင်တုန်းပဲပေါ့…

တဘက်ကပြန်ကြည့်ရင် ဒီဇယ်ဟာ ဈေးပေါတယ်၊ အသုံးခံ အကြမ်းခံတယ်၊ ဝန်များများတင်ဆောင်နိုင်တယ်၊ ဒါကြောင့်လဲ ကုန်ကားငယ်တွေ၊ ကုန်ကားကြီးတွေ၊ ယန္တရားတွေ၊ သင်္ဘောတွေအားလုံးဟာ ဒီဇယ်ကို လက်လွှတ်ဖို့ မဖြစ်နိုင်သေးတာပေါ့။ ဒီဇယ်ကားတွေနေရာမှာ တခြား စွမ်းအင်သုံး ယာဉ်ယန္တရားတွေနဲ့ အစားထိုးလိုက်ရင် ကုန်ကျစရိတ်တိုးလာမှာ အသေအချာပါပဲ။
မြန်မာပြည်ရဲ့ စက်မှုလက်မှုကဏ္ဍပိုတိုးတက်ဖို့အတွက် စက်ယန္တရားတွေ ပိုလိုအပ်လာမှာဖြစ်သလို ဒီစက်ယန္တရားတွေ အားလုံးဟာလည်း သေချာတယ် ဒီဇယ်အင်ဂျင်ကို အသုံးပြုထားကြမှာပါ။ ဒါကြောင့် နောက် ၁၀ စုနှစ်တစ်ခုအထိ မြန်မာပြည်မှာ ဒီဇယ်မော်တော်ယာဉ်တွေ၊ ဒီဇယ်စက်ယန္တရားတွေကို များစွာ မြင်တွေ့နေရအုံးမှာပါ။

ဒါကြောင့် ဒီဇယ်တွေ ခေတ်မကုန်သေးပါဘူး။ မြန်မာပြည်အတွက်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဇယ်တွေဟာ ပိုလို့တောင်လိုအပ်နေသေးလို့ ဒီဇယ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေဟာ ဆက်လက် တိုးတက်နေအုံးမှာပါ။

စေတနာမှန် ဒီဇယ်ပစ္စည်း ရောင်းဝယ်ရေး
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၄၄၄၄ ၀၂၀၈, ၀၉ ၄၄၄၄၄ ၀၂၀၉

Special Promotion. 980,000 kyats for 4pcs set. Brand New and OriginalFord Ranger / Everest, Mazda BT50 Engine တွင် အသုံး...
10/01/2021

Special Promotion.
980,000 kyats for 4pcs set.
Brand New and Original

Ford Ranger / Everest, Mazda BT50 Engine
တွင် အသုံးပြုထားသော VDO Common Rail Injector (Original) များ အသင့် ရှိနေပါတယ်ခင်ဗျ.
Made in GERMANY.

Ford ရော OEM VDO ရော ဒီ Injector တွေကို အဟောင်းပြန်ပြင်ဖို့ မတိုက်တွန်းထားပါဘူးခင်ဗျ.
ပြင်ဆင်စရာ Injector ရဲ့ အတွင်း ကလီစာတွေလည်း Aftermarket မှာ ထုတ်မရောင်းထားပါဘူး.
High Pressure နဲ့ Advanced Technology ဖြစ်တဲ့အတွက် အသစ်ပဲ လဲဖို့ တိုက်တွန်းကြပါတယ်.
အလုံးလိုက် အသစ်လဲရလို့ သုံးစွဲသူတွေ ကုန်ကျ စားရိတ် မများအောင်လည်း အင်ဂျက်တာ အလုံးလိုက် စျေးကို လျော့အောင်လုပ်ပေးထားပါတယ်.

အခု Injector အသစ်ရဲ့စျေးက အဟောင်းကို ပြန်ပြင်တဲ့ စျေးလောက်ပဲ ရှိပါတော့တယ်.
ကားစျေးနဲ့ ယှဥ်လိုက်ရင် Injector စျေးက အရမ်းတန်နေပါပြီ.

လိုအပ်ချက်များ တိုက်ဆိုက်လာပါက

စေတနာမှန် ဒီဇယ်ပစ္စည်း ရောင်းဝယ်ရေး
က ၃၆၊ အခန်း ၃၈၊ ဘုရင့်နောင်စျေးပါတ်လမ်း
ဘုရင့်နောင်စျေး၊ ရန်ကုန်မြို့

ဖုန်း ၀၉ ၄၄၄၄၄ ၀၂၀၈ ၊ ၀၉ ၄၄၄၄၄ ၀၂၀၉

Quality Products for Quality Users

Ford

Be Passionate – Use Genuine 😍😍😍တကယ်လို့ လူကြီးမင်းက ယာဉ်ယန္တရားတွေကို အသုံးပြုပြီး စီးပွားရှာနေတယ်ဆို… မဖြစ်မနေလိုက်နာသင...
09/01/2021

Be Passionate – Use Genuine 😍😍😍
တကယ်လို့ လူကြီးမင်းက ယာဉ်ယန္တရားတွေကို အသုံးပြုပြီး စီးပွားရှာနေတယ်ဆို… မဖြစ်မနေလိုက်နာသင့်တဲ့ စည်းကမ်းတစ်ခုရှိပါတယ်။

Downtime (စက်ပျက်ချိန်) ဟာ ယန္တရားပိုင်ရှင်တွေရဲ့ အိပ်မက်ဆိုးပါ။ မိနစ်တိုင်း နာရီတိုင်း လည်ပတ်နေရမယ့် ယန္တရားတွေဟာ အကြောင်းတစ်ခုခုကြောင့် ရပ်ထားရတဲ့အခါ ယန္တရားပိုင်ရှင်ကို ဝင်ငွေ ဆုံးရှုံးစေပါတယ်။ အချိန်ဟာ ငွေဖြစ်တဲ့ ဒီလုပ်ငန်းမှာ စက်ယန္တရားတွေ မပျက်မယွင်း ဆက်တိုက် လည်ပတ်နေစေဖို့ အရည်အသွေးကောင်းတဲ့ အပိုပစ္စည်းများကို လဲလှယ်အသုံးပြုပေးရပါမယ်။

အပိုပစ္စည်းဆိုရာမှာ OEM ကုမ္ပဏီတွေ၊ ယန္တရားကုမ္ပဏီတွေ၊ မော်တော်ယာဉ်ကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ Genuine အပိုပစ္စည်းတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ Genuine အပိုပစ္စည်းတွေက ဈေးနှုန်းတစ်ခုရှိတယ် ဆိုပေမယ့် အကြမ်းခံ၊ အသုံးခံပြီး ယာဉ်ယန္တရားကို စွမ်းဆောင်ရည်ကောင်းစေတဲ့အတွက် Downtime ဆိုတဲ့ အိပ်မက်ဆိုးကြီးကို ယန္တရားပိုင်ရှင်တွေ မေ့ပစ်လိုက်လို့ရသွားမှာပါ။

သင့် စက်ယန္တရားဟာ သင့်ကို ဝင်ငွေရှာပေးနေတဲ့အတွက် တန်ဖိုးထားပါ၊ စောင့်ရှောက်ပါ၊ Genuine Parts တွေကိုပဲ သုံးပါလို့ အကြံပေးပါရစေ…

စေတနာမှန် ဒီဇယ်ပစ္စည်း ရောင်းဝယ်ရေး
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၄၄၄၄ ၀၂၀၈, ၀၉ ၄၄၄၄၄ ၀၂၀၉

BE Professional – Use Genuine 👍👍👍ပရိုပီသမှုဟာ လုပ်ငန်းအောင်မြင်စေတဲ့ အဓိက သော့ချက်ပါ။ ဝန်ဆောင်မှုအသားပေးတဲ့ လုပ်ငန်းတွေဆ...
06/01/2021

BE Professional – Use Genuine 👍👍👍
ပရိုပီသမှုဟာ လုပ်ငန်းအောင်မြင်စေတဲ့ အဓိက သော့ချက်ပါ။ ဝန်ဆောင်မှုအသားပေးတဲ့ လုပ်ငန်းတွေဆို ပရိုပီသဖို့ မဖြစ်မနေလိုအပ်ပါတယ်။ သင့်ရဲ့ ကျွမ်းကျင်မှု၊ ကျင့်ဝတ်ကောင်းနဲ့ စည်းစနစ်ကျမှုတွေဟာ Customer တွေ စိတ်တိုင်းကျပြီး စိတ်ချမ်းသာစေဖို့ အထောက်အကူဖြစ်မှာပါ။ စက်ပြင်တစ်ယောက်ရဲ့ ပရိုပီသမှုဟာ သူအသုံးပြုတဲ့ စက်ကိရိယာ၊ အတတ်ပညာကျွမ်းကျင်မှုအပြင် လဲလှယ်တဲ့ အပိုပစ္စည်းများရဲ့ အရည်အသွေးစတဲ့ အချက်တွေနဲ့ ဆက်စပ်နေပါတယ်။

အရည်အသွေးကောင်းတဲ့ အပိုပစ္စည်းနဲ့ တိကျတဲ့ ဝန်ဆောင်မှုတွေကသာ Customer ရဲ့ ယုံကြည်မှုကို အမြင့်ဆုံးမြှင့်တင်ပေးနိုင်တာပါ။ ဒါကြောင့်လည်း ကျွမ်းကျင်စက်ပြင်ဟာ Genuine အပိုပစ္စည်းတွေကိုပဲ အဓိကသုံးပြီး ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။ Genuine ပစ္စည်းတွေက
၁။ error မရှိခြင်း
၂။ သက်တမ်းအပြည့်အသုံးခံခြင်း
၃။ စွမ်းဆောင်ရည်ကို အမြင့်ဆုံးမြှင့်တင်ပေးနိုင်ခြင်း
၄။ သက်ဆိုင်ရာ ယာဉ်ယန္တရားအတွက် ရာနှုန်းပြည့်ကိုက်ညီခြင်း
၅။ စိတ်ချလက်ချ တပ်ဆင်အသုံးပြုနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

Genuine Parts များကို အသုံးပြုကာ သင့်ရဲ့ ပရိုပီသမှုကို ဖော်ဆောင်လိုက်ပါတော့…

စေတနာမှန် ဒီဇယ်ပစ္စည်း ရောင်းဝယ်ရေး
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၄၄၄၄ ၀၂၀၈, ၀၉ ၄၄၄၄၄ ၀၂၀၉

Be Smart – Use Genuine 💪Original Equipment Manufacturer (OEM) တွေနဲ့ သက်ဆိုင်ရာ မော်တော်ယာဉ်ကုမ္ပဏီတွေက Genuine အပိုပစ္စ...
04/01/2021

Be Smart – Use Genuine 💪
Original Equipment Manufacturer (OEM) တွေနဲ့ သက်ဆိုင်ရာ မော်တော်ယာဉ်ကုမ္ပဏီတွေက Genuine အပိုပစ္စည်းတွေကို ဈေးကွက်ထဲ ရောင်းချပေးပါတယ်။ Genuine အပိုပစ္စည်းတွေက အလွန်တိကျတဲ့ စံသတ်မှတ်ချက်တွေနဲ့ စနစ်တကျထုပ်လုပ်ထားတာဖြစ်လို့ အရည်အသွေးပိုင်းမှာ အပြစ်ဆိုစရာမရှိအောင် ကောင်းမွန်လှပါတယ်။

Genuine အပိုပစ္စည်းတွေဟာ ရောင်းဈေးတစ်ခုမှာရှိနေတဲ့အတွက် Genuine ကို တုပထားတဲ့ Fake/Counterfeit အပိုပစ္စည်းတွေဟာ ဈေးကွက်ထဲကို အလွန်ချိုသာသော ဈေးနှုန်းတစ်ခုနဲ့ ဝင်ရောက်လာတတ်ပါတယ်။ Counterfeit အပိုပစ္စည်းများဟာ Genuine များနဲ့ ဆင်တူယိုးမှားဆိုပေမယ့် တိကျတဲ့ စံသတ်မှတ်ချက်တွေနဲ့ စနစ်တကျထုတ်လုပ်ထားတာမဟုတ်လို့ အသုံးပြုတဲ့အခါ error များစွာ ဖြစ်ပေါ်မှာပါ။

ဈေးနှုန်းနည်းပါးတယ်ဆိုပြီး Counterfeit အပိုပစ္စည်းတွေကို ဝယ်ယူအသုံးပြုမိပြီဆိုရင်
၁။ ယာဉ်ယန္တရားရဲ့ စွမ်းဆောင်ရည်ကျဆင်းလာခြင်း
၂။ လဲပြီး ခဏ ပြန်ပျက်ခြင်း
၃။ ဆက်စပ်နေသော ပစ္စည်းများပါ အရည်အသွေး ကျဆင်းလာခြင်း
၄။ အဆိုးဆုံးအနေနဲ့ အသုံးပြုစဉ် မတော်တဆမှုများ ဖြစ်ပေါ်ခြင်း စတဲ့ ဆိုးကျိုးများကို ကြုံတွေ့ရမှာပါ။

ဒါကြောင့် စက်ပစ္စည်းလဲလှယ်တဲ့အခါ စစ်မှန်တဲ့ Genuine အပိုပစ္စည်းများကိုသာ အသုံးပြုပါလို့ တိုက်တွန်းပါရစေ

စေတနာမှန်ကတော့ စေတနာအပြည့်နဲ့ ယာဉ်ယန္တရားပိုင်ရှင်တွေ စိတ်အေးချမ်းစွာ ယုံယုံကြည်ကြည်အသုံးပြုနိုင်ဖို့ Genuine/OEM အပိုပစ္စည်းများကိုသာ ရောင်းချပေးလျက်ရှိပါတယ်။

စေတနာမှန် ဒီဇယ်ပစ္စည်း ရောင်းဝယ်ရေး
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၄၄၄၄ ၀၂၀၈, ၀၉ ၄၄၄၄၄ ၀၂၀၉

၇၃ ကြိမ်မြောက်လွတ်လပ်ရေးနေ့Happy Myanmar Independence Day🎉🎉🎉
04/01/2021

၇၃ ကြိမ်မြောက်လွတ်လပ်ရေးနေ့
Happy Myanmar Independence Day
🎉🎉🎉

Happy New Year 2021 !!!နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတဲ့အခါ မိဘပြည်သူအပေါင်း ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ကြပါစ...
30/12/2020

Happy New Year 2021 !!!
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတဲ့အခါ မိဘပြည်သူအပေါင်း ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ကြပါစေကြောင်း စေတနာမှန်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ....

HEUI HEUI ဆိုတာ Hydraulically Actuated Electronic Unit Injector ကိုအတိုကောက်ရေးထားတာပါ။ ဒီနည်းပညာက ၁၉၉၀ နှစ်တွေမှာ Cater...
12/12/2020

HEUI

HEUI ဆိုတာ Hydraulically Actuated Electronic Unit Injector ကိုအတိုကောက်ရေးထားတာပါ။ ဒီနည်းပညာက ၁၉၉၀ နှစ်တွေမှာ Caterpillar က တီထွင်ခဲ့တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာကို 7.3 Liter နဲ့ 6.0 Liter Power Stroke Diesel Engine မှာ စတင်အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Ford ၁ တန် Pick-up ကားတွေမှာ အမြောက်အများ အသုံးပြုခဲ့ကြပါတယ်။

HEUI Injection စနစ်ရဲ့အားသာချက်က အင်ဂျင်ထိန်းချုပ်မှု ပဲဖြစ်ပါတယ်။ စက်မှုပိုင်းဆိုင်ရာအစိတ်အပိုင်းတွေနဲ့ဆက်စပ်ခြင်းမရှိပဲ ဆီဖြန်းတဲ့အနေအထားတွေကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပါတယ်။ ရလဒ်ကတော့ လေထုညစ်ညမ်းမှုသက်သာပြီး ဆီစားနှုန်းနည်းလာနိုင်ခြင်းပါပဲ။

HEUI စနစ်က Force Pressure နဲ့ Area ကြားက ဆက်သွယ်ချက်တွေကို အသုံးချပါတယ်။ ဖိအားမြှင့်ထားတဲ့ အင်ဂျင်ဝိုင်ကနေတစ်ဆင့် ဆီဖိအား မြင့်မားအောင် လုပ်ဆောင်ပေးပါတယ်။ Leverage သဘောတရားလိုပဲ လုပ်ဆောင်ချက်ကရိုးရှင်းပါတယ်။ (Lever ပေါ်သက်ရောက်တဲ့ အား (Force) က Fixed Point မှာ သက်ရောက်နေ တဲ့ Torque ကို ဆပွားစေပါတယ်။ လီဗာရဲ့ အလျားရှည်လေ Torque ရဲ့ဆပွားနှုန်း များလေပါပဲ။)

Hydraulic စနစ် မှာတော့ လီဗာအစား Plunger ရဲ့မျက်နှာပြင်ဧရိယာကို ပြောင်းလဲပေးခြင်းဖြင့် အစားထိုးလိုက်ပါတယ်။ ဒါကို Intensifier လို့ ညွှန်းဆိုကြပါတယ်။ Plunger က ရိုးရိုးရှင်းရှင်းပြောရရင် Piston တစ်လုံးပါပဲ။ HEUI Injector ထဲမှာ Input Pressure က အင်ဂျင်ဝိုင်ရဲ့ဖိအားဖြစ်ပြီး Output Pressure ကတော့ Injector ကိုယ်ထည်ထဲက ဒီဇယ်ဆီရဲ့ဖိအားပဲဖြစ်ပါတယ်။

1:1 အခြေအနေမှာ အင်ဂျင်ဝိုင်နဲ့ ဒီဇယ်ဆီ ၂ ဖက်လုံး မှာ Plunger ရဲ့ မျက်နှာပြင်ဧရိယာကတူညီ နေပါတယ်။ ဒါကြောင့်ဆီဖိအားနဲ့ အင်ဂျင်ဝိုင်ဖိအားကတူညီနေမှာပါ။

2:1 အခြေအနေမှာတော့ အင်ဂျင်ဝိုင်ဘက်က Plunger ရဲ့ မျက်နှာပြင်ဧရိယာက ဒီဇယ်ဆီဖက်က Plunger ရဲ့ မျက်နှာပြင်ဧရိယာ ထက် ၂ဆပိုများသွားပါမယ်။ ဒါဆို ဆီဖိအားက အင်ဂျင်ဝိုင်ဖိအားထက် ၂ဆဖြစ်သွားပါမယ်။

7:1 အခြေအနေမှာတော့ ဆီဖိအားက အင်ဂျင်ဝိုင်ဖိအား ထက် ၇ ဆလောက်ပိုများသွားမှာဖြစ်ပြီး ဒီအနေအထားကို 7.3 Liter Power Stroke HEUI Injector မှာ အသုံးပြုပါတယ်။ ဖိအား (Pressure) က အား (Force) ကို မျက်နှာပြင်ဧရိယာ နဲ့အချိုးချထားတာဖြစ်ပါတယ် (P=F/A) ။ ဒါကြောင့် မျက်နှာပြင်ဧရိယာ ကို ပြောင်းလဲပေးခြင်းဖြင့် ဖိအားပမာဏကိုပြောင်းလဲပေးသွားနိုင်တာပဲဖြစ်ပါတယ်။

ပုံထဲမှာတော့ HEUI Injector တစ်လုံးရဲ့ တည်ဆောက်မှုကို ဖော်ပြပေးထားပါတယ်။

ဗဟုသုတအနေနဲ့ တင်ပြပေးထားတာဖြစ်ပါတယ်။

Credit: Diesel Hub

စေတနာမှန် ဒီဇယ်ပစ္စည်း ရောင်းဝယ်ရေး
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၄၄၄၄ ၀၂၀၈, ၀၉ ၄၄၄၄၄ ၀၂၀၉

YANMARYANMAR ဟာ ဂျပန်နိုင်ငံအခြေစိုက် ဒီဇယ်အင်ဂျင်ထုတ်လုပ်တဲ့ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၁၉၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပ...
02/12/2020

YANMAR

YANMAR ဟာ ဂျပန်နိုင်ငံအခြေစိုက် ဒီဇယ်အင်ဂျင်ထုတ်လုပ်တဲ့ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၁၉၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ YANMAR က နေရာမျိုးစုံမှာအသုံးပြုတဲ့ ဒီဇယ်အင်ဂျင်တွေကိုထုတ်လုပ်ရောင်းချပါတယ်။ ပင်လယ်ကူးသင်္ဘာတွေ ၊ အပျော်စီးလှေတွေ ၊ ဆောက်လုပ်ရေးကိရိယာတွေ စိုက်ပျိုးရေးကိရိယာတွေနဲ့ မီးစက်တွေမှာအသုံးပြုတဲ့ဒီဇယ်အင်ဂျင်တွေကို YANMAR က ထုတ်လုပ်ပေးပါတယ်။

ဒီဇယ်အင်ဂျင်ကိုထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့အတွက် ဒီဇယ် အပိုပစ္စည်း အစိတ်အပိုင်းတွေကို Aftermarket မှာ ရောင်းပါတယ်။ YANMAR ရဲ့ ဒီဇယ်အင်ဂျင်တွေအတွက် YANMAR ရဲ့ Genuine အပိုပစ္စည်းတွေကိုအသုံးပြုပေးခြင်းက အသင့်တော်ဆုံးဆိုတာလည်း သံသယ ဖြစ်ဖွယ်ရာမရှိပါဘူး။

ထူးခြားချက်အနေနဲ့ YANMAR ဟာ ၂၀၁၅ ခုနှစ်မှာ Himoinsa ဆိုတဲ့ Spain မီးစက်ကုမ္ပဏီ ရဲ့ရှယ်ယာကို ၇၀ ရာခိုင်နှုန်း ရယူပိုင်ဆိုင်ခဲ့ပါတယ်။

YANMAR ဒီဇယ် Injector တွေဟာ Tolerance အလွန်နည်းပါးစွာ ထုတ်လုပ်ထားတာပါ။ ဒါကြောင့် အင်ဂျင်စွမ်းဆောင်ရည် အမြင့်ဆုံးရရှိအောင် ကူညီပေးပါတယ်။ ဆီဖြန်းနှုန်းတိကျစွာနဲ့ မီးလောင်ခန်းထဲ ထည့်ပေးပြီး မီးလောင်ပေါက်ကွဲမှု Complete ဖြစ်အောင် (တနည်းအားဖြင့် Complete Combustion ဖြစ်အောင်) အတတ်နိုင်ဆုံး ကူညီပေးပါတယ်။ Mini excavator တွေအတော်များများက Yanmar ရဲ့ 3TNV နဲ့ 4TNV အင်ဂျင်တွေ သုံးကြပါတယ်။

YANMAR အင်ဂျင်အတွက် YANMAR Genuine Parts ကို သုံးမယ်ဆိုရင် အင်ဂျင်ဟောင်းနေတာတောင် အသစ်လိုပဲ စွမ်းဆောင်ရည်ကောင်းမွန်နေမှာပါ။

စေတနာမှန်ဟာ YANMAR ရဲ့ Genuine အပိုပစ္စည်းတွေကို ပစ္စည်းမှန်၊ ဈေးမှန်ရောင်းချပေးလျက်ရှိပါတယ်။

စေတနာမှန် ဒီဇယ်ပစ္စည်း ရောင်းဝယ်ရေး
ဆက်သွယ်ရန်ဖုန်း - ၀၉ ၄၄၄၄၄ ၀၂၀၈, ၀၉ ၄၄၄၄၄ ၀၂၀၉

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959444440209

Website

Alerts

Be the first to know and let us send you an email when Saytanar Hman posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share