Lynn Lynn Express Delivery Service

Lynn Lynn Express Delivery Service Delivery service
2000,2500,3000,4000
Ph-09450228244,09420600295. No.(68), Myoethit (3) st, Thamine,M

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုစကားရှိခဲ့...
01/08/2023

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုစကားရှိခဲ့ပါတယ်။

အဓိပ္ပာယ်ကတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါဆိုလပြည့်နေ့မှာ တုသိတာနတ်ပြည်ကနေသက်ဆင်းပြီး လူ့ပြည်မှာ ပဋိသန္ဓေနေတော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်တော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားရှင်ဟာ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ (၅) ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့ခြင်းနဲ့ ဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားဟာ သာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကိုပြသတော်မူခြင်းတို့ပဲ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ဟာ ဘုရားအဖြစ်ရောက်ရှိကြောင်းဝန်ခံတော်မူတဲ့နေ့၊ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းတဲ့နေ့၊ ဧဟိ ဘိက္ခု ဆိုတဲ့ စကားကို စတင်ကြားရသောနေ့ ဆိုရင်လဲ မမှားပါဘူး။ ဓမ္မစကြာတရားဟောတော်မူတဲ့ “ဝါဆိုလပြည့်နေ့” ကို “ဓမ္မစကြာအခါတော်နေ့” လို့လဲ နိုင်ငံတော်အစိုးရက တရားဝင်သတ်မှတ်ထားပြီး ဘုရားရှင်ရဲ့ ဓမ္မစကြာတရားတော်ကို ပဉ္စဝဂ္ဂီ (၅) ဦးနဲ့ အတူ နတ်ဗြဟ္မာ (၁၈) ကုဋေတို့ နာယူကြတယ်လို့ ကျမ်းဂန်မှာ ဆိုထားပါတယ်။

သံဃာတော်များဟာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ကစပြီး ဝါတွင်းသုံးလကာလပတ်လုံး ဝါဆိုဝါကပ်တဲ့အခါထူး အခါမြတ်လည်း ဖြစ်ပါတယ်။ ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်ဟာ အလွန်ထူးမြတ်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူအပြီးမှာ ဦးဦးဖျားဖျားဟောကြားတော်မူတဲ့ တရားဒေသနာတော်ဖြစ်ပါတယ်။ ဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များမှာတော့ ဓမ္မစက္က ပဝတ္တန သုတ္တန် လို့လည်း ခေါ်ဆိုထားပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့ဟာ ရှေးယခင်တည်းက စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တစစ်ဘက်ကလည်း ဝါဆိုလပြည့်နေ့မှာ ကျောင်းကန်ဘုရားများကိုသွားရောက်ပြီး ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအပြင် ဝါတွင်းသုံးလမှာအခြားကာလများထက်ပိုပြီး အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်းနဲ့ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း စတာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

ဘုရားရှင်သာသနာတော်တွင်းက ရဟန်းတို့ဟာ ဝါဆိုလပြည့်နေ့မှာ ဝါတွင်းသုံးလပတ်လုံး မိမိတို့ရဲ့ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါ ဆိုတဲ့ ပဋိညာဉ်နဲ့ ဝါဆို ဝါကပ်မှုများကိုပြုကြရပါတယ်။ ရဟန်းတွေ ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာတရားအားထုတ်လျက်ရှိချိန်မှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ရဟန်းတွေရဲ့ သိက္ခာပုဒ်တော်များကို ကြည်ညိုပြီး လပြည့်လကွယ်နေ့တွေရောက်တိုင်း သီတင်းသီလဆောက်တည်ကာ သူတော်ကောင်းတရားပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းတို့ကို ဝါကပ်တဲ့ရဟန်းတွေကို ချမ်းမြေ့စေရန် ထောက်ပံ့ကြပါတယ်။

ဓမ္မစကြာတရားတော်မှာ ရှေးဦးစွာ ဝဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ဖို့ ဟောပြောထားပါတယ်။ ဝဲယာအစွန်းနှစ်ပါး ဆိုသည်မှာတော့ ကာမသုခလ္လိကာနုယောဂ ဆိုတဲ့ ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ ဟူတဲ့ မိမိကိုယ်ကို ဒုက္ခပေးကာ ကျင့်ကြံအားထုတ်ခြင်း တို့ကို ရှောင်ကြဉ်ပြီး နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် “မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး”ကို ကျင့်ကြံအားထုတ်ဖို့ ညွှန်ပြတော်မူထားတာပဲ ဖြစ်ပါတယ်။

မဂ္ဂင်ရှစ်ပါး ဆိုတာကတော့ သမ္မာ ဒိဋ္ဌိ – ကောင်းမြတ်စင်ကြယ်သော သိမြင်မှု၊ သမ္မာ သင်္ကပ္ပ – ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု၊ သမ္မာ ဝါစာ – ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု၊ သမ္မာ ကမ္မန္တ – ကောင်းမြတ်စင်ကြယ်သော ကာယကံမှု၊ သမ္မာ အာဇီ၀ – ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု၊ သမ္မာ ဝါယာမ – ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု၊ သမ္မာ သတိ – ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု၊ သမ္မာ သမာဓိ – ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန် ဆိုတဲ့ မဂ္ဂသစ္စာ သစ္စာလေးပါးကို ဟောတော်မူခဲ့ပါတယ်။

ရဟန်းရှင်လူတို့က သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိတဲ့ သူတော်ကောင်းတရားတွေကို ငြိမ်သက်စွာအားထုတ်ခြင်း အစပြုတဲ့ ဝါဆို လပြည့်နေ့များမှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ဝါကပ်ခြင်းအမှုကို ပြုကြကုန်တဲ့ ရဟန်း သံဃာတို့ကို ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြပါတယ်။ ဝါဆို ဝါကပ်တာကို အစွဲပြုကာ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စတဲ့ ဝေါဟာရ အသုံးအနှုန်းတွေလည်း ပေါ်ပေါက်လာပါတယ်။

ရှေးက မြန်မာဘုရင်တွေလက်ထက်မှာ တစ်လကို ပွဲတော်တစ်မျိုးကျင်းပလေ့ရှိပြီး ဝါဆိုလမှာတော့ ပဉ္စင်းတော်ခံပွဲ ကျင်းပလေ့ရှိပါတယ်။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ဝင်ခွင့်ရှိကာ ဝင်လိုသူ ရှင်လူရဟန်းလောင်းတို့ကို ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ပေးပြီး ဘုရင်မင်းတွေကိုယ်တိုင် အလေးအမြတ်ပြုကာ ကျင်းပခဲ့တဲ့ပွဲတော်လည်း ဖြစ်ပါတယ်။

#

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

17/07/2023
💦💦💦💦သကြန်ပိတ်ရက်💦💦💦💦💦၁၀၊၄၊၂၀၂၃ မှ ၁၇၊၄၊၂၀၂၃ ထိရုံပိတ်ပါတယ်ဗျာ၁၈၊၄၊၂၀၂၃ နေ့တွင် ရုံးပြန်ဖွင့်ပါမယ်ပျော်ရွှင်သော နှစ်သစ်သင...
06/04/2023

💦💦💦💦သကြန်ပိတ်ရက်💦💦💦💦💦

၁၀၊၄၊၂၀၂၃ မှ ၁၇၊၄၊၂၀၂၃ ထိ
ရုံပိတ်ပါတယ်ဗျာ
၁၈၊၄၊၂၀၂၃ နေ့တွင် ရုံးပြန်ဖွင့်ပါမယ်

ပျော်ရွှင်သော နှစ်သစ်သင်္ကြန် ဖြစ်ပါစေလို့ Lynn Lynn Express Delivery မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။

Lynn Express Delivery

သကြန်ပိတ်ရက်၁၃၊၄၊၂၀၂၂ မှ ၁၇၊၄၊၂၀၂၂ ထိရုံပိတ်ပါတယ်ဗျာ၁၈၊၄၊၂၀၂၂ နေ့တွင် ရုံးပြန်ဖွင့်ပါမယ်ပျော်ရွှင်သော နှစ်သစ်သင်္ကြန် ဖြ...
07/04/2022

သကြန်ပိတ်ရက်
၁၃၊၄၊၂၀၂၂ မှ ၁၇၊၄၊၂၀၂၂ ထိ
ရုံပိတ်ပါတယ်ဗျာ
၁၈၊၄၊၂၀၂၂ နေ့တွင် ရုံးပြန်ဖွင့်ပါမယ်

ပျော်ရွှင်သော နှစ်သစ်သင်္ကြန် ဖြစ်ပါစေလို့ Lynn Lynn Delivery မိသားစုှမှ
ဆုမွန်ကောင်းတောင်အပ်ပါသည်ခင်ဗျာ။

Lynn Delivery

၂၀၂၂ ခုနှစ် နှစ်သစ်မှစပြီး အားလုံးသော customer အပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း Lynn Lynn express delivery ...
31/12/2021

၂၀၂၂ ခုနှစ် နှစ်သစ်မှစပြီး အားလုံးသော customer အပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း
Lynn Lynn express delivery မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
Lynn express delivery NewYearWish
အရေးတော်ပုံ .......အောင်ပါစေ။

🎅🏻🎄Merry Christmas to you all 🎄🎅🏻
25/12/2021

🎅🏻🎄Merry Christmas to you all 🎄🎅🏻

မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)မှာ ကုသိုလ်ကောင်းမှုများဖြင့်ပြည့်ဝ၍ ပြည်သူပြည်သား၊နိ...
20/10/2021

မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)မှာ ကုသိုလ်ကောင်းမှုများဖြင့်ပြည့်ဝ၍ ပြည်သူပြည်သား၊နိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ကြည်နူးချမ်းမြသော သီတင်းဝါကျွတ်လေးဖြစ်ပါစေလို့

Lynne Lynn Delivery မိသားစု မှ ဆုတောင်းပေးပါတယ်။

Lynn Express Delivery

17/08/2021
“19 ဇူလိုင် မမေ့နိုင် “၂၀၂၁၊ ဇူလိုင်၁၉ရက်နေ့၌ ကျရောက်သော (၇၄) ကြိမ်မြောက် အာဇာနည်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆု...
19/07/2021

“19 ဇူလိုင် မမေ့နိုင် “

၂၀၂၁၊ ဇူလိုင်၁၉ရက်နေ့၌ ကျရောက်သော (၇၄) ကြိမ်မြောက် အာဇာနည်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော သူရဲကောင်း အာဇာနည်ခေါင်းဆောင်များအားလုံးတို့အား ရိုသေလေးစားစွာဖြင့်အလေးပြုအပ်ပါသည်။

# Lynn Lynn Express Delivery

Address

No. 68, Myoethit (3)st, Thamine, Mayangone
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Lynn Lynn Express Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share