CityShine - Gym

CityShine - Gym Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CityShine - Gym, Business service, ၃လမ်းBတိုက်​၂၆အခန်း၀၀၄ ယုဇနဥယျာဉ်​မြို့​တော်​, Yangon.

🏋️‍♀️🏋️‍♀️🏋️‍♀️
09/11/2020

🏋️‍♀️🏋️‍♀️🏋️‍♀️

https://www.facebook.com/218714998650447/posts/951400162048590/
04/11/2020

https://www.facebook.com/218714998650447/posts/951400162048590/

သင်ဝလာရခြင်းအကြောင်းရင်း(၉)ချက်
--------------
တစ်နေ့တစ်ခြား ၀လာတယ်လို့ ခံစားနေရပါသလား … ???
ဘာကြောင့် ၀လာတယ်လို့ တွေးမိသလဲ။ ၀လာခြင်းရဲ့ အကြောင်းအရင်းက (9)ချက်ရှိပါတယ်။
အောက်မှာတော့ သင်ဝလာရခြင်းအကြောင်းရင်း (၉ )ချက်ကို မျှဝေလိုက်ပါတယ်။

1. Junk Food တွေ အစားများခြင်း

Junk Food ဆိုတာက အသင့်စား အစားအစာတွေကို ဆိုလိုပါတယ်။ ခေါက်ဆွဲခြောက်ထုတ်တွေ၊ အသင့်ပြုလုပ်ပြီးသား
မုန့်တွေ၊ ဆီနဲ့ကြော်ထားတဲ့ အားလူးကြော်ကဲ့သို့သော အစားအစာတွေ ပါ၀င်ပါတယ်။ အဲဒီအစားအစာတွေဟာ ကယ်လိုရီ
များပြားစွာ ပါ၀င်တာမို့ ဝြခင်းကို ဖြစ်စေပါတယ်။

2. အချိုဓာတ်လွန်ကဲသောအစားအစာများ စားခြင်း

အချို့က အချို သိပ်ကြိုက်ကြပါတယ်။ သကြားအစရှိတဲ့ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေမှာ ကိုလက်စထရောဓာတ်
တွေ ပေါများစွာ ပါ၀င်ပါတယ်။ ကိုလက်စထရောဟာ သွေးတွင်း အဆီပမာဏကို မြင့်တက်စေပြီး လူကို အ၀လွန်ရောဂါ
ဖြစ်စေပါတယ်။

3. အားလပ်ရက် လေ့ကျင့်ခန်းလုပ်သူနည်းပါ။

ခန္ဓာကိုယ်အတွင်းပိုင်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်း
ပါ။ စနေ တနင်္ဂနွေ နှစ်ရက် လုပ်တာနဲ့တင် တစ်ပတ်စာ ကယ်လိုရီတွေကို မျှတစွာ လောင်ကျွမ်းစေနိုင်ပါတယ်။ အလုပ်အား
တဲ့ နေ့မှာ လေ့ကျင့်ခန်းလုပ်သူကလည်း အလွန်နည်းပါးပါတယ်။

4. အစားအစာစျေးနှုန်းများ ချိုသာလာခြင်း

အစားအစာစျေးနှုန်းတွေ ချိုသာလာခဲ့တဲ့ ဆယ်စုနှစ်နောက်ပိုင်းမှာ ၀တဲ့လူ ဦးရေ ပိုများလာတယ်လို့ ဆိုထားပါတယ်။ 2010ခုနှစ်မှာ အ၀လွန်သူဦးရေဟာ 1980 ထက် 25% ပိုများလာခဲ့ပါတယ်။

5. အချိုဓာတ်ပါ၀င်သော ဖျော်ရည် အအေး သောက်သုံးမှု များပြားလာခြင်း

သဘာ၀ နွားနို့သောက်သုံးသည့် ဦးရေထက် ဓာတုဗေဒနဲ့ ပြုပြင်ထားတဲ့ အချိုရေ အအေး စတာတွေကို သောက်သုံးတဲ့
ဦးရေက ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကလည်း အ၀လွန်ဦးရေ မြင့်တက်စေတဲ့ အချက်ပါ။

6. များပြားလှတဲ့ အစားအသောက်တွေက အလွန်အမင်းစားသောက်ခြင်းကို အားပေးခြင်း

Junk Food လို ဟာမျိုးတွေဟာ နည်းနည်း စားရုံနဲ့ ဗိုက်က မတင်းတိမ်ပါဘူး။ ဒီတော့ စျေးကလည်း ပေါနေပြီးသားဆို
တော့ အလွယ်တစ်ကူ နှစ်ထုတ် သုံးထုတ်လောက်၀ယ်ပြီး စားပစ်လိုက်ကြပါတယ်။ အဲဒီလို စားချင်စိတ် ဖြစ်အောင်လည်း
အဲဒီအစားအစာတွေကို ပြင်ဆင်ထားပါတယ်။

7. ကယ်လိုရီလောင်ကျွမ်းတဲ့ အလုပ် နည်းလာတယ်။

ကယ်လိုရီဟာ လူ လှုပ်လှုပ်ရှားရှား ပြုလေ လောင်ကျွမ်းမှု ပမာဏ များလေဖြစ်ပါတယ်။ အခု ခေတ်မှာ အလုပ်တွေဟာ
ထိုင်ရာက မထ လုပ်ရတဲ့ အလုပ်တွေ ပေါများလာခြင်းကလည်း ၀တဲ့သူဦးရေကို မြင့်တက်စေပါတယ်။

8. ဆီပိုစားလာကြခြင်း

ဆီဟာ ရှေးယခင်က စျေးကြီးပြီး ၎င်းတို့ကို ထုတ်လုပ်ပေးတဲ့ ကုန်ကြမ်းဟာလည်း အမျိူးအမည်အားဖြင့် နည်းပါပါတယ်။
အခုနောက်ပိုင်းမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ဆီထွက်သီးနှံတွေကို ဆီအဖြစ် ထုတ်လုပ်လာတဲ့အပြင် စျေးနှုန်းချိုသာတဲ့
အတွက် စားသုံးမှုလည်း များပြားလာပါတယ်။

9. လူမှုပတ်၀န်းကျင်ကြောင့်

အနီးစပ်ဆုံး ပြောရရင် ကိုယ်က ဆီများတဲ့ ဟင်း မကြိုက်ရင်တောင် အခြား မိသားစု၀င်တွေက ဆီအရမ်းစားတဲ့လို့မိသားစုအတွက် ရည်ရွယ်ချက်ပြုတ်တဲ့ဟင်းကို မဖြစ်မနေ စားရတာမျိုးပေါ့။ ဒါကလည်း ဝြခင်းကို ဖြစ်စေပါတယ်။

Credit
#ဝိတ်ချကြမယ်

http://fouryoumm.com/archives/7824
27/03/2020

http://fouryoumm.com/archives/7824

ကပ်ရောဂါဘေးဆိုးမှ လွတ်ကင်းစေသောဂါထာတော်(မြန်မာစာမမှန်ပါက အောက်သို့ဆွဲဖတ်ပါ) ကပ်ဆေးခြင်းဘေးမှ လွတ်ကင...

Address

၃လမ်းBတိုက်​၂၆အခန်း၀၀၄ ယုဇနဥယျာဉ်​မြို့​တော်
Yangon
11191

Telephone

0943135949

Website

Alerts

Be the first to know and let us send you an email when CityShine - Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share