PRO-Tech SMB Network Solution

PRO-Tech  SMB Network Solution Cheap Price, Good Quality

We provide Complete Networking Solutions for your Business NeedsService we provide:- LAN Setup (Local area Network setup...
03/10/2022

We provide Complete Networking Solutions for your Business Needs

Service we provide:
- LAN Setup (Local area Network setup)
- wireless LAN and WAN Networking setup,
- Networking configurations, Switches installation, routers, firewall solutions (setup) onsite services
- Data Sharing, Printer setup and sharing,Routers setup, Access point setup

OnePlus 7 Pro ထက် ဈေးနှုန်း ၃ ဆလောက် သက်သာတဲ့ Realme X+++++++ဟုတ်ပါတယ် ..... ဒီနေ့ အသစ်မိတ်ဆက်လိုက်တဲ့ Realme X စမတ်ဖုန်...
15/05/2019

OnePlus 7 Pro ထက် ဈေးနှုန်း ၃ ဆလောက် သက်သာတဲ့ Realme X
+++++++
ဟုတ်ပါတယ် ..... ဒီနေ့ အသစ်မိတ်ဆက်လိုက်တဲ့ Realme X စမတ်ဖုန်းဟာ OnePlus 7 Pro ထက် ဈေးနှုန်း ၃ ဆလောက် သက်သာပါတယ်။ ဈေးနှုန်း ၃ ဆလောက်သက်သာ သလို ကွဲပြားတဲ့ အချက်တွေလည်း ရှိနေပါတယ်။
Realme X မှာဘယ်လို အချက်အလက်တွေ ပါလည်းဆိုတာ တချက်ရှိုးလိုက်ရအောင်

တန်ဖိုးသင့်၊ မော်ဒယ်မြင့် ဖုန်းတလုံးလို့ ဆိုနိုင်မယ့် Realme X မှာ Snapdragon 710 Chipset နဲ့အတူ 6.53-inch 1080p OLED Display ကို အသုံးပြုထားပြီး Notch လုံးဝ ပါမှာမဟုတ်ပါဘူး။ Notch အစား မော်တာတပ် Pop-up ရှေ့ကင်မရာကို အသုံးပြုထားပါတယ်။

Pop-up ရှေ့ကင်မရာကတော့ 16-megapixel ကင်မရာတလုံးတည်း ဖြစ်ပါတယ်။ OLED Display သုံးထားတာကြောင့် မျက်နှာပြင်အောက် လက်ဗွေရာစနစ်ကို ထောက်ပံ့ပေးလိုက်ပါပြီ။ နောက်ကျောဘက်မှာတော့ ကင်မရာ၂လုံးနဲ့ဖြစ်ပြီး Sony IMX 586 sensor သုံး f/1.7 48MP ကင်မရာတလုံးနဲ့ f/2.4 5MP depth ကင်မရာတလုံးတို့ ဖြစ်ပါတယ်။ Pixel bining နည်းပညာနဲ့ pixels ၄ ခုကို ပေါင်းစည်းကာ ရုပ်ထွက်ကောင်းမွန်ပြတ်သားတဲ့ 12MP ဓာတ်ပုံတွေ ရိုက်နိုင်မှာ ဖြစ်ပါတယ်။

Realme X ကို 4GB RAM, 6GB RAM နဲ့ 8GB RAM ဆိုပြီး မတူညီတဲ့ မော်ဒယ် ၃ မျိုးထုတ်ထားပြီး Storage ကိုတော့ 64GB နဲ့ 128GB နှစ်မျိုး ရွေးချယ်နိုင်ပါမယ်။ ဘက်ထရီကတော့ 3,765mAh စွမ်းအားဖြစ်ပြီး VOOC 3.0 အားအမြန်သွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ ဈေးနှုန်းကတော့ 4GB/64GB ဗားရှင်းကို ၂၂၀ ဒေါ်လာခန့်၊ 6GB/64GB ကို ၂၃၀ ဒေါ်လာခန့် နဲ့ 8GB/128GB ကို ၂၆၀ ဒေါ်လာခန့် ခန့်မှန်းကုန်ကျပါမယ်။
အရောင်ကိုတော့ Steam White နဲ့ Punk Blue အရောင်နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင့် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူလို့ ဆိုရမယ့် Onion • White Garlic ကိုလည်း တွေ့ရအုံးမှာပါ။

OnePlus 7 Pro နဲ့ကွဲပြားတဲ့ အချက်တွေကိုတော့ နောက်ရက်မှာ ထပ်မံရေးသွားပေးပါအုံးမယ်။

OnePlus 7 Pro ကတော့ Mirror Grey နဲ့ Red အရောင်များ ထုတ်ထားပြီး 6/128GB ကို ယူရို ၅၄၉ နဲ့ 8/256GB ကို ယူရို ၅၉၉ သတ်မှတ်ထားပါတယ်။ Octa-core Snapdragon 855 SoC နဲ့ဖြစ်ပြီး အနောက်ဘက်မှာ 48MP Sony IMX586 Sensor နဲ့အတူ 5MP Depth Sensor ထည့်ထားပါတယ်။ အရှေ့ဘက် ကင်မရာက 16MP ဖြစ်ပါတယ်။

01/02/2019

အသုံးများသော Run Command များ
*-*-*-*-*-*-*-*-*-*-*-*

Run box ကျလာဖို့အတွက် ပထမဆုံး window key + R ကိုတပြိုင်နက်တည်း တွဲနှိပ်ရပါတယ်.....
ပြီးရင်တော့ ကျလာတဲ့ Run Box ထဲမှာ အောက်မှာအသေးစိတ်ပြောပြပေးထားတဲ့ Commnad တွေကို ရိုက်ထည့်လိုက်ရုံပါပဲ....

၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ရိုက်။ အဲဒါက ကွန်ပြူတာရဲ့ အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။

၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ရိုက်။ အဲဒါက control panel ထဲကိုသွားတာ။

၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။

၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။

၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။

၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။

၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။

၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။

၉။ calc ဆိုတာက ဂဏန်းပေါင်းစက်

၁၀။ cmd ဆိုတာက Command Box

၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို

၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ

၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင် ကွန်ပြူတာသုံးရတာ နဲနဲတော့ ပိုမြန်သွားတယ်။

Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။

၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။

၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။

၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို.

၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး Enter ခေါက်ရင် D Drive အောက်ကို ရောက်သွားမယ်။

၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။

၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။

၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက်

Heat Sink အကြောင်းသိကောင်းစရာ*-*-*-*-*-*-*-*-Heat Sink ဆိုတာက ကွန်ပျူတာ Device တစ်ခုပါပဲ။ ကွန်ပျူတာတွေနှင့် တစ်ခြား Elec...
20/01/2019

Heat Sink အကြောင်းသိကောင်းစရာ
*-*-*-*-*-*-*-*-
Heat Sink ဆိုတာက ကွန်ပျူတာ Device တစ်ခုပါပဲ။ ကွန်ပျူတာတွေနှင့် တစ်ခြား Electronic ပစ္စည်းတွေမှာလည်း အပူကို သက်သာစေဖို့အတွက် သုံးနိုင်တာ ဖြစ်တယ်။ အခုကတော့ ကွန်ပျူတာမှာ အသုံးပြုသော Heat Sink အကြောင်းကိုပဲ ပြောမှာ ဖြစ်ပါတယ်။ ကွန်ပျူတာမှာ အသုံးပြုသော CPU အတွက် အသုံးပြုရသော Device တစ်ခု ဖြစ်တယ်။ ကွန်ပျူတာ တစ်လုံးမှာဆိုရင် CPU ဟာ သိပ်ကို အလုပ်များပါတယ်။ ကွန်ပျူတာမှာ တွက်ချက်မှုဆိုင်ရာ မှန်သမျှကို ဒီ CPU တစ်ခုတည်းကပဲ လုပ်ဆောင်ပေးတာဆိုတော့ CPU အတွက် သိပ်ကိုအလုပ်များတယ်။ ဒါကြောင့် CPU ဟာ အဲ့သလိုမျိုး ကွန်ပျူတာရဲ့ တွက်ချက်မှုဆိုင်ရာတွေကို လုပ်ဆောင်ရတာဆိုတော့ အချိန်ကြာလာတာနဲ့အမျှ CPU ဟာ အလွန်ကို ပူလာတတ်ပါတယ်။ ကွန်ပျူတာ ပစ္စည်းတိုင်းဟာ အပူသည်တွေပါပဲ။ CPU ဆိုတာကလည်း အပူကြောက်သော Device တစ်ခုပဲလေ။ CPU ဟာ အပူများလာရင် အလုပ်လုပ်တာနှေးလာတတ်ပြီးတော့ အလွန်တရာအပူများလာရင် အမြန်ပျက်စီးတတ်ပါတယ်။

ဟိုးအရင်တုန်းက CPU တွေမှာဆိုရင် Heat Sink တွေ မပါတတ်ပါဘူး။ CPU ဟာ အပူတွေ အရမ်းများရင် ကြာရှည်မခံပါဘူး။ နည်းပညာတွေ တိုးတက်လာတဲ့အခါကျတော့ ပညာရှင်တွေက CPU ရဲ့ သက်တမ်းကို တိုးမြင့်စေဖို့အတွက် Heat Sink တို့၊ CPU Fan တို့ကို ပူးတွဲထုတ်လုပ်လာကြပါတယ်။ အဲ့ဒီတော့ အခုနောက်ပိုင်း ထုတ်လုပ်လာကြသော CPU တွေမှာဆိုရင် အပူကို လျှော့ချပေးနိုင်ဖို့အတွက် Fan တွေ ပါလာတတ်ပါတယ်။ အဲ့ဒီ CPU ရဲ့ အပူကိုသက်သာစေတဲ့ Fan အပြင် အခုနောက်ပိုင်းမှာ ဆိုရင် Heat Sink တွေလည်း ပါလာကြပါပြီ။ အဲ့ဒီ Heat Sink ပေါ်မှာမှ CPU Cooling Fan က အပေါ်ကနေ တပ်ပြီးတော့ ပါလာတာ ဖြစ်တယ်။ အမှန်မှာ Heat Sink ဆိုတာက အပူစုပ်ထုတ်ယူတဲ့ ပစ္စည်းတစ်ခု ဖြစ်တယ်။
ကွန်ပျူတာ တွက်ချက်မှုပိုင်းဆိုင်ရာတွေကို CPU က လုပ်ဆောင်ပြီးတော့ အဲ့ဒီ CPU က ထွက်တဲ့ အပူတွေ၊ CPU ပေါ်က အပူတွေကို ဒီ Heat SinK က စုပ်ယူပေးတာ ဖြစ်တယ်။ ဒါက Heat Sink ရဲ့လုပ်ဆောင်ချက် တာဝန်ပဲဖြစ်တယ်။ ဒီတော့ Heat Sink ဆိုတာ CPU အတွက် အပူသက်သာစေဖို့အတွက် အပူတွေကို စုပ်ထုတ်ပေးသော အပူစုပ်ကိရိယာလေးပဲ ဖြစ်တယ်။ CPU ပေါ်မှာ Heat Sink က အပေါ်က ကပ်ပြီးတော့ တပ်ထားတာ ဖြစ်တယ်။ အဲ့ဒီ Heat Sink ရဲ့ အပေါ်က CPU Fan ကို အပေါ်က အုပ်ပြီးတော့ တပ်ဆင်ထားတာ ဖြစ်တယ်။ ဒီတော့ CPU ဆီက ထွက်တဲ့ အပူတွေကို Heat Sink က စုပ်ယူပြီးတော့ အဲ့ဒီ Heat Sink က အပူတွေကို တစ်ခါ CPU Fan ကနေပြီးတော့ အပူတွေကို လွှင့်ထုတ်ပစ်လိုက်တာ ဖြစ်တယ်။ ဒီတော့ ဒီ Heat Sink ရှိခြင်းအားဖြင့် CPU ရဲ့အပူကို သက်သာစေပြီးတော့ CPU ဟာ အလုပ်လုပ်တဲ့အခါမှာလည်း နှေးတာတို့၊ ဘာတို့မဖြစ်တော့သလို CPU ရဲ့သက်တမ်းကိုလည်း ကြာရှည်စေပါတယ်။

Heat Sink တွေကို ဖွဲ့စည်းထားတာကတော့ တကယ်ကို ရိုးရှင်းပါတယ်။ အဲ့ဒီ Heat Sink ကို Metal နှင့် ပြုလုပ်ထားတာ ဖြစ်တယ်။ အများအားဖြင့်တော့ Aluminium အလူမီနီယံ နှင့် လုပ်ကြတာ များတယ်။ အဲ့ဒီပေါ်မှာ Fin အလူမီနီယံချောင်းလေးတွေက အချောင်းလိုက် အချောင်းလိုက်လေးတွေ ပါပါတယ်။ အဲ့ဒီ အလူမီနီယံချောင်းလေးတွေကပဲ CPU Processor က အပူကို စွန့်ထုတ်ပေးတာဖြစ်ပြီး အဲ့ဒီ အလူမီနီယံချောင်းလေးတွေ ကြားထဲကပဲ Air Flow ဖြစ်ပြီးတော့ Processor ကို အေးစေတာ ဖြစ်တယ်။ Heat Sink က ကြီးပြီးတော့ အလူမီနီယံ Fin တွေကများလေ Heat Sink က ပိုပြီးတော့ အေးလေ ဖြစ်တယ်။ Heat Sink တွေဟာ ပုံမှန်အားဖြင့်တော့ Processor နှင့် တွဲတဲ့အခါမှာ ပုံစံနှစ်မျိုးနှင့် တွဲကပ်တာ ဖြစ်တယ်။ တစ်ချို့ Processor တွေမှာဆိုရင် CPU နှင့် Heat Sink မှာတိုက်ရိုက် တွဲကပ်ထားတာ ဖြစ်တယ်။ တစ်ချို့ CPU တွေမှာတော့ Heat Sink ကို Clip နှင့် တွဲကပ်ပေးရတာ ဖြစ်တယ်။

CPU Heat Sink မှာ အမျိုးအစားအားဖြင့် (၂)မျိုး ကွဲပြားပါတယ်။ Active Heat Sink နှင့် Passive Heat Sink ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီ Active Heat Sink နှင့် Passive Heat Sink မှာ မတူညီတာ တွေရှိပါတယ်။

Active Heat Sink ကျတော့ Fan ပါတယ်။ Passive Heat Sink မှာကျတော့ Fan မပါပါဘူး။ တစ်ချို့တွေကတော့ Active Heat Sink က Passive Heat Sink ထက် ပိုကောင်းတယ်လို့ ပြောကြပါတယ်။ Active Heat Sink က Fan ပါတာဆိုတော့ Passive Heat Sink ထက် ပိုအေးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တကယ့် Hardware ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေဟာဆိုရင် Passive Heat Sink တွေကို ပိုပြီးတော့ အသုံးပြုများကြပါတယ်။ တကယ့် High-End Machines တွေမှာတောင်မှ Active Heat Sink ကို မသုံးပဲနှင့် Passive Heat Sink ကိုပဲ သုံးကြတာ များပါတယ်။ ဘာလို့လဲဆိုတော့ ပြောတော့သာ Active Heat Sink က Fan ပါလို့ ပိုကောင်းတယ်လို့ ထင်ကြပေမယ့် တကယ်တမ်း Passive Heat Sink က ပိုကောင်းတယ်၊ CPU ကို ပိုပြီးတော့ အေးစေတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။
Active Heat Sink ဟာ တကယ်တော့ ဒီ Passive Heat Sink ကို ထပ်မံချဲ့ထွင် ထုတ်လုပ်လာခဲ့တာပဲ ဖြစ်တယ်။ Active Heat Sink မှာ Fan ပါတဲ့ အတွက်ကြောင့် တနည်းအားဖြင့် Acitve Heat Sink ကို CPU Fan ဟုလည်း ခေါ်ပါတယ်။ Active Heat Sink နှင့် Passive Heat Sink မှာ ဖွဲ့စည်း ထုတ်လုပ်ထားသော ပုံစံကတော့ အတူတူပါပဲ။ နှစ်ခုစလုံးမှာ CPU က အပူတွေကို စုပ်ထုတ်ပေးနိုင်သော Metal Fin လေးတွေနှင့် လုပ်ထားတာပဲ ဖြစ်တယ်။ တစ်ချို့တွေကျတော့ Active Heat Sink ဟာ Passive Heat Sink လောက် မကောင်းဘူးလို့ ပြောကြတယ်။ မကောင်းတာတော့ မဟုတ်ပါဘူး။ Active Heat Sink မှာ Fan ပါတဲ့ အတွက်ကြောင့် ဖြစ်တတ်တဲ့အကြောင်းအရာလေးတွေတော့ရှိပါတယ်။

ပုံ - Passive_Heatsink_1
ပုံ - Passive_Heatsink_2

• Active Heat Sink မှာပါတဲ့ Fan ဟာ မတော်တဆ Motherboard ပေါ်မှာ ရှိနေသော Power ကြိုးတွေနှင့် ငြိပြီးတော့ Fan ညပ်ပြီး ကျိုးကျတာတွေ ဘာတွေဖြစ်တတ်တယ်။

• Fan ပါတဲ့အတွက်ကြောင့်မို့ ဈေးလည်းကြီးတယ်။ Active Heat Sink က Fan ပါတော့ Passive Heat Sink ထက်ပိုပြီးတော့ ဈေးကြီးပါတယ်။

• နောက်ပြီးတော့ Fan မပါတဲ့ Heat Sink ဟာ Fan ပါတဲ့ Heat Sink ထက် ပိုပြီးတော့ ကြာရှည်အသုံးပြုခံပါတယ်။

Passive Heat Sink မှာတော့ Fan မပါပါဘူး။ ဒါပေမယ့် Fan မပါဘူး ဆိုပေမယ့် မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ကွန်ပျူတာမှာ အသုံးပြုသော Power Supply Fan ကလည်းပဲ Heat Sink ကို လုံလောက်သော Air Flow ဖြစ်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။

• Passive Heat Sink မှာ Fan မပါတဲ့အတွက်ကြောင့် ဈေးလည်းသက်သာတယ်။
• နောက်ပြီး Active Heat Sink လို Fan ညပ်တာတို့ ဘာတို့မဖြစ်တော့ဘူးပေါ့။
• Passive Heat Sink မှာ Fan မပါဘူး ဆိုပေမယ့် Power Supply Fan ကလည်း ဒီ Passive Heat Sink ကို Air Flow ဖြစ်စေပါတယ်။

ကဲ ဒီတော့ ကွန်ပျူတာရဲ့ တွက်ချက်မှုပိုင်းဆိုင်ရာတွေကို လုပ်ဆောင်ပေးရသော Processor ဟာ အလွန်ကို အပူများပါတယ်။ အဲ့ဒီအပူတွေကို စွန့်ထုတ်ပေးနိုင်သော၊ သက်သာစေနိုင်အောင် လုပ်ပေးနိုင်တဲ့အရာက Heat Sink ပဲ ဖြစ်တယ်ဆိုတာ သိမယ်နော်။ Heat Sink မှာ အမျိုးအစား (၂)မျိုး ရှိတယ်။ Active Heat Sink နှင့် Passive Heat Sink တို့ဖြစ်တယ်။ သူတို့ နှစ်ခုဟာ ဘယ်လိုမျိုးကွာဟမှုရှိတယ် Fan ပါရင်ဘယ်လို၊ Fan မပါပေမယ့်လည်း ဘယ်လိုမျိုး အကျိုးရှိတယ်ဆိုတာ သိမယ်နော်။ အဲ့ဒီတော့ ကိုယ်က အသုံးပြုဖို့ ၀ယ်တော့မယ်ဆိုရင် ဘယ်ဟာကို ရွေးပြီးဝယ်သင့်သလဲ ဆိုတာကို စဉ်းစားပါ။ အဲ့ဒီတော့ ဒီလောက်နဲ့ပဲ Heat Sink အကြောင်းကို အဆုံးသတ်လိုက်ပါတယ်။

နည်းနည်း ထပ်ကွန့်ပြီး ရှာရှည်ရရင် active heatsink တွေဟာ heat absorbition metal ပေါ်ကနေ fan တစ်ဆင့် ထပ်တပ်ထားတာဖြစ်တဲ့အတွက် နေရာများများယူပါတယ်။ fan ကနေထွက်တဲ့ ဆူညံသံကလည်း မနည်းလှပါဘူး။ ပြီးတော့ အဲဒီ fan ကို သေသေချာချာ စောင့်ကြည့်ပြီး ပုံမှန် ထိန်းသိမ်းမှုတွေ မလုပ်ရင် fan မှာ ဖုန်တွေဝင်ကုန်ပြီး fan လည်နှုန်း လျော့သွားတဲ့အခါ CPU ကို အပူလွန်ကဲစေပြီး ပျက်စီးစေတတ်ပါတယ်။ fan အတွက် power ထပ်ပေးရပါတယ်။ power ကို AC ကနေ အမြဲတမ်းရနေတဲ့ desktop machine တွေအတွက် ဒီအချက်တွေဟာ မသိသာလှပေမယ့် တပ်ဆင်စရာ နေရာကျဉ်းပြီး battery ကနေ power ယူရတဲ့ laptop တွေအတွက်တော့ ဒါဟာ တစ်ကယ့်ကို ပြဿနာတစ်ခုပါပဲ။ ဒါကြောင့်မို့ ပေါ့ပေါ့ပါးပါးနဲ့ သေးနိုင်သမျှ သေးသေးထုတ်လုပ်လာရတဲ့ laptop တွေနဲ့ netbook တွေအတွက် passive heatsink ဟာ မသုံးမဖြစ် နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။

ဒါဆိုရင် desktop တွေအတွက်ရော ဒါဟာ အကောင်းဆုံးနည်းလမ်းတစ်ခုလားလို့ မေးစရာဖြစ်လာပါတယ်။ ကျွန်တော့်အမြင်ကတော့ desktop အတွက်တော့ ဒါဟာ အကောင်းဆုံးမဟုတ်သေးပါဘူး။ အထူးသဖြင့် စက်ကို DIY ဆင်၊ over-clock လုပ်ပြီး သုံးချင်ကြတဲ့ gamer တွေ computer geek တွေအတွက် ဒါဟာ အကောင်းဆုံးနည်းလမ်း မဖြစ်နိုင်သေးပါဘူး။ casing design, casing internal airflow design တွေကို သေသေချာချာ မလုပ်ထားဘူးဆိုရင် passive heatsink တွေဟာလဲ အပူကို ထိထိရောက်ရောက် မစုပ်ယူပေးနိုင်ပါဘူး။ ဒါကြောင့်မို့ ခုနောက်ပိုင်း customized desktop pc တွေမှာ သုံးလာကြတာတော့ liquid cooling system ပါပဲ။

ကားအင်္ဂျင်မှာ radiator နဲ့ ရေထည့်ပြီး အင်ဂျင်တုံးကြီးကို အအေးခံသလိုပဲ သူကလဲ cpu က အပူကို coolant အရည်တစ်ခုခုကို စီးကူးစေတဲ့နည်းနဲ့ cpu ကိုအအေးခံတဲ့နည်းကို အသုံးများလာပါတယ်။ သာမန် heat sink တွေထက် ကုန်ကျစရိတ်များပေမယ့် အပူကို တစ်ကယ်ထိထိရောက်ရောက် စုပ်ယူပေးနိုင်တဲ့အတွက် gamer တွေ geek တွေကြားထဲမှာ ဒီစနစ်ဟာ အတော်လေးရေပန်းစားလာပါတယ်။ ရိုးရိုး ရေကိုအသုံးပြုပြီး အပူကိုစုပ်ယူတဲ့စနစ်ကနေ liquid hydrogen လို အလွန်အေးတဲ့အရည်မျိုးကိုအသုံးပြုပြီး အပူစုပ်ယူတဲ့စနစ်မျိုးအထိ အမျိုးအစားပေါင်းစုံစုံလင်လင်ရှိပါတယ်။ အပူကိုလဲ သာမန် heatsink တွေထက် ၅ ဆကနေ ၁၀ ဆလောက်အထိ ထိထိရောက်ရောက် စုပ်ယူပေးနိုင်တဲ့အတွက်ကြောင့် high-performance game machine တွေ high-performance computing machine တွေတပ်ဆင်အသုံးပြုချင်တဲ့သူတွေအတွက်တော့ liquid cooling system ဟာ မသုံးမဖြစ် ရွေးချယ်စရာ စနစ်တစ်ခုဖြစ်လာနေပါပြီ။

11/01/2019

Xiaomiရဲ့ Midrange Phoneတန်းထဲမှ ❝ ❞ နဲ့အမိုက်စား Redmi Note 7 😎ကို မိတ်ဆက်လိုက်ပါပြီ။

🎨 Redmi Note 7 ကိုအရောင်အနေဖြင့် Dream blue, Shuguangjin နဲ့ Bright black ဆိုပြီး အရောင် (၃) မျိုးနဲ့လာမှာဖြစ်ပြီးခန့်မှန်းဈေးနှုန်းအနေနဲ့ကတော့...

💎 Redmi Note 7 (3/32GB) 230,000 ၀န်းကျင်
💎 Redmi Note 7 (4/64GB) 280,000 ၀န်းကျင်
💎 Redmi Note 7 (6/64GB) 320,000 ၀န်းကျင်
နဲ့လာမှာဖြစ်ပါတယ်။

Redmi Note 7 ရဲ့အသေးစိတ်အချက်အလက်လေးကိုလေ့လာလိုက်ရအောင်နော်👉👉

📱
အရင်မျိုးဆက် Redmi Note စီးရီးတွေနဲ့ မတူတဲ့ အခုထွက်ရှိလာတဲ့Redmi Note 7 ရဲ့ အချက်ကတော့ Premium Glass Body နဲ့ တည်ဆောက်ထားတာဖြစ်ပြီးDisplay မှာတော့ 6.3" waterdrop full screen Display 2.5D Curved Glass Body ဒီဇိုင်းကို FHD+ Resolution အသုံးပြုပေးထားတယ်။👍

📸
Redmi Note 7ရဲ့ကင်မရာပိုင်းအနေနဲ့ထူးထူးခြားခြ နောက်ဘက် ကင်မရာကို (48MP + 5MP) Dual Camera ကို အသုံးပြုပေးထားပီး Selfie အတွက် 13MP သုံးပေးထားပါတယ်။ဒါ့အပြင်Live Shot (Like Apple Live Photo) လည်းရိုက်ကူးနိုင်တဲ့အပြင်Portrait Mode မှာလည်း Effects အသစ်တွေဖြစ်တဲ့ Tea, Lilt, Sephia, Dusk စတာတွေထည့်သွင်းပေးထားလို့ဓာတ်ပုံရိုက်ဝါသနာပါတဲ့ချီဖတို့ချီမတို့အတွက်အကြိုက်တွေ့စေမှာအသေအချာပါဘဲနော် 😉


Redmi Note 7 ရဲ့ Performance ပိုင်းမှာတော့ Snapdragon 660 AIE SoC ကိုတပ်ဆင်အသုံးပြုထားတာဖြစ်ပြီး 3/32GB, 4/64GB နဲ့ 6/64GB ဆိုပြီး Variant (၃) မျိုးထုတ်လုပ်ပေးထားပါတယ်။ Snapdragon 660 SoC ဟာ Snapdragon 600 Series မှာ နောက်ဆုံးထွက်ရှိထားတာဖြစ်ပြီး Budget Smartphones တွေထဲမှာတော့ အတော်လေးကို Performance ကောင်းမွန်တဲ့ SoC တစ်ခုဖြစ်ပါတယ်။ Redmi series မှာ Type C တပ်ဆင်ထားပီး QC 4.0 အထိ ထောက်ပံပေးထားကာ နားကြပ်ပေါက် နဲ့ IR remote sensor လည်းထည့်ပေးထားတော့ ဝိုး..အလန်းဘဲပေါ့..👍

🔋
Redmi Note 7 ရဲ့ Battery ကို4,000mAh battery သုံးပေးထားပြီးCharging Port ကတော့ USB Type-C Portကိုအသုံးပြုထားကာ Charging ပိုင်းမှာတော့ Quick Charge 4.0 ကို ထောက်ပံ့ပေးထားတာဖြစ်တဲ့အပြင် 10W Charger Adapter ပါဝင်တာကြောင့် အားသွင်းတာကြာမှာစိတ်ပူတဲ့ မိတ်ဆွေတို့အတွက်လည်း အဆင်ပြေစေပြီးအားမခံမှာ စိတ်ပူစရာ မလိုတော့ပါဘူး။👍

🎨 Redmi Note 7 ကိုအရောင်အနေဖြင့် Dream blue, Shuguangjin နဲ့ Bright black ဆိုပြီး အရောင် (၃) မျိုးနဲ့လာမှာဖြစ်ပြီးခန့်မှန်းဈေးနှုန်းအနေနဲ့ကတော့...

💎 Redmi Note 7 (3/32GB)– 230,000 ၀န်းကျင်
💎 Redmi Note 7 (4/64GB)– 280,000 ၀န်းကျင်
💎 Redmi Note 7 (6/64GB)– 320,000 ၀န်းကျင်

Xiaomi ကတော့ Redmi Note 7 ကို တရားဝင် မိတ်ဆက်ပေးလိုက်ပါပြီ။ အခုဆိုရင် Redmi က Xiaomi လက်အောက်ကနေ ခွဲထွက်သွားပြီ ဖြစ်ပြီး သီးသန့်ကုမ္ပဏီအဖြစ် ရပ်တည်တော့မှာ ဖြစ်ပါတယ်။ သီးသန့် ကုမ္ပဏီဆိုပေမယ့် Redmi by Xiaomi ဆိုတဲ့အတိုင်း Xiaomi ရဲ့ ထိန်းချူပ်မှုအောက်မှာပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

10/01/2019

ဆောင်းပါးလေးကောင်းလို့ ပြန် Share ပေးတာ။ ..

#ဂိမ်းကစားဖို့ Processor ၊ Graphics Card နဲ့ RAM ကိုဘယ်လိုရွေးချယ်ဝယ်ယူမလဲ...

ဂိမ်းကစားချင်လို့ Gaming Laptop ပဲဝယ်ဝယ်၊ Desktop ပဲဆင်ဆင် အရေးကြီးဆုံး အချက်က Processor နဲ့ Graphics Card ဘယ်လောက် Powerful ဖြစ်သလဲဆိုတာပါ။ Processor ကို Generation မြင့် Quad Core တလုံးလောက် ထည့်ထားလိုက်ရင် Gaming Performance လက်ခံလို့ရလောက်တဲ့ အနေထားရှိသွားပြီဆိုမယ့် အနှစ်ပြည့်ပြည့် ဂိမ်းကစားဖို့ ချင်တယ်ဆိုရင်တော့ Graphics ဘယ်လောက်လိုသလဲ၊ RAM ဘယ်လောက်သုံးမလဲဆိုတဲ့ ဆက်သွယ်ချက်ကို ကောင်းကောင်းနားလည်ထားဖို့ လိုပါလိမ့်မယ်။..

ကို ဘယ်လိုရွေးချယ်မလဲ

ပထမဦးဆုံး ကွဲကွဲပြားပြား ဖြစ်သွားစေချင်တာက ကိုယ်က Power User မလို့ Gamer မလို့ ရုံးသုံး၊ ကျောင်းသုံးအတွက်ဆိုပြီး အကန့်လေး ခွဲစေချင်တာပါ။ ဆိုလိုချင်တဲ့သဘောကို အမျိုးစားခွဲပြရမယ်ဆိုရင် High-end ၊ Mid-range နဲ့ Budget ဆိုပြီး ၃ မျိုး ရှိတယ်ဆိုတာပါ။ အခုလို Level ၃ မျိုးရှိတယ်ဆိုတာသိသွားရင် High-end Build တွက်ဆင်မလား? သူ့အတွက်ဆိုရင် $1500 အထက်ရှိနိုင်မယ်၊ Mid-range ဆိုရင်တော့ $1000 ဝန်းကျင်ပေါ့၊ ရိုးရိုးပဲ သုံးချင်တယ်ဆိုရင်တော့ $300 အောက်နဲ့ ရုပ်ရှင်လည်းကြည့်နိုင်၊ ပေါ့ပေါ့ပါးပါး ဂိမ်းကစားနိုင်တဲ့ ကွန်ပျူတာ တစ်လုံးဆင်လို့ ရတယ်ဆိုတာကို သဘောပေါက် စေချင်ပါတယ်။..

i7 or Core i5

Intel Processor ထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး Core i7 တွေကို Gaming Laptop ၊ Desktop တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ သူ့မှာပါလာတဲ့ Core အရေတွက် အများဆုံးရှိတာမလို့ Powerful ဖြစ်တယ်လို့ ပြောရတာပါ။ ဒါကြောင့်မလို့ Core i7 ၊ Core i9 စတာတွေကို Power User တွေ နှစ်သက်ကြသလို High-end Build ဆင်ချင်တဲ့လူမှ ရွေးချယ်ကြတာပါ။ သာမန် ရုံးသုံး၊ ကျောင်းသုံးအတွက် မလိုအပ်သလို Game ကစားချင်သူတွေ ဒေါ်လာ ၂၀၀ လောက် ချွေတာလိုက်ပြီး ပိုပြီး Strong ဖြစ်တဲ့ Graphics Card ရွေးချယ်လိုက်တာက ပိုသင့်တော်ပါတယ်။

အလယ်လတ်ဈေးနှုန်းနဲ့ Mid-range to High Performance ပိုင်ဆိုင်ထားတဲ့ Core i5 Processor တွေဟာ CPU သုံးဖို့ အရမ်းမလိုဘူး၊ ပုံမှန်ထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ အလုပ်လုပ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ လုပ်ငန်းသုံးအတွက် သင့်တော်သလို Game ကစားချင်သူအတွက်လည်း Ready ဖြစ်နေတဲ့ Processor ပါပဲ။ နောက်ပြီး Core i5 ကို ရွေးချယ်တာ ကောင်းတယ်ဆိုတဲ့ နောက်တစ်ချက်က ရေရှည်မှာ ကြာကြာသုံးနိုင်သေးသလို အသစ်ထွက်လာမယ့် Software တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ဦးမယ်ဆိုတာပါ။ ဒီလိုဆိုတော့ ဘယ်အတွက်ပဲ ကွန်ပျူတာဝယ်ဝယ် Core i5 လောက်ဆွဲထားလိုက်တာက ပိုကောင်းပါတယ်။..

Card ကိုရော ဘယ်လိုရွေးချယ်မလဲ

ဂိမ်းကစားဖို့ Graphics ဘယ်လောက်လိုသလဲဆိုတာကို In-game Setting အလိုက် ယေဘူယျ ပြောရမယ်ဆိုရင် 720p Resolution အတွက် 2GB က လုံလောက်မှု ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာက In-game Setting ဆိုတာ Rendering Resolution ၊ Texture Quality ၊ LOD Distance နဲ့ Anti-aliasing Method ဘယ်လောက်ထားသုံးမလဲဆိုတဲ့ အချက်တွေက အတော်လေး စကားပြောမှာပါ။

ဘာဖြစ်လို့ Graphics 2GB ပါရဲ့သားနဲ့ 720p Resolution မှာပဲ ကစားလို့ရတယ် ဆိုတာက ဂိမ်းမှာသုံးထားတဲ့ Graphics Engine ပေါ်မူတည်ပြီး Render Resolution ကို လျှော့ချလိုက်လို့ပါ။ Render Resolution ကို ဥပမာပေးရမယ်ဆိုရင် Full HD Monitor တလုံးနဲ့ ဂိမ်းကစားမယ် ဆိုပါစို့။ ဒါဆိုရင် 1080p Resolution မှာ Render ချဖို့ သတ်မှတ်ထားတဲ့ VRAM (4GB) မပြည့်မှီဘူးဆိုရင် ပိုနိမ့်တဲ့ 720p Resolution နဲ့ Render ချဖို Graphics Performance ကို လျှော့ချပစ်လို့ပါ။

ဒါကြောင့်မလို့ Texture Quality နဲ့ LOD Distance စတဲ့ In-game Setting အားလုံး 720p Resolution နဲ့ပဲ အလုပ်လုပ်တော့လို့ ရုပ်ထွက်ကျသွားနိုင်ပါတယ်။ နောက်ပြီး DirectX Features တခုဖြစ်တဲ့ Anti-aliasing ဖွင့်ကစားလို့ မရသလို ရုပ်ထွက်ကလည်း မွဲတဲတဲ၊ တုံးတိကြီးဖြစ်နေမှာပါ။ အဲ့ဒါကြောင့် 2GB VRAM ပါတဲ့ Graphics Card အများစုက AAA ဂိမ်းတွေကို Resolution အနိမ့်မှာ Lowest Setting နဲ့ပဲ ကစားလို့ရနိုင်တာပါ။..

ကိုရော ဘယ်လောက်သုံးတာ အစဉ်ပြေမလဲ

ဒါပေမယ့် DOTA 2 နဲ့ CS:GO လို ဂိမ်းမျိုးအတွက် 2GB VRAM ပါတဲ့ Graphics Card တွေက အသင့်တော်ဆုံးလဲဖြစ်၊ ဈေးလည်းချိုတာမလို့ Esports Center အများစုမှာ အသုံးများနေတာပါ ။ဒီလိုပဲ 8GB RAM က ဂိမ်းကစားဖို့ လုံလောက်ရဲ့လားဆိုတာကို Multi-tasking မလုပ်ဘူး၊ ဂိမ်တမျိုးပဲ ကစားမယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် Mass Effect နဲ့ GTA လို Open World ဂိမ်းမျိုးကစားတဲ့အခါ တစ်ခါတရံ အစဉ်မပြောတာမျိုး ရှိပေမယ့် Performance သိသိသာသာ ကျသွားတာမျိုးမရှိပါဘူး။ RAM မနိင်ရင် ဂိမ်းကစားမရသလို Multi-tasking လုပ်ချင်တယ် ဂိမ်းလဲကစားချင်တယ်ဆိုရင်တော့ RAM များများ ထည့်ထားတာက ပိုအစဉ်ပြေမှာပါ။

Credit -

Computer သုံးစွဲသူတိုင်း မိမိတို့Computer မှာပါရှိတဲ့ CPU,RAM,Graphic RAM,HDD,CD DVD များ Windows 32bit 64bit များကို မိ...
27/09/2018

Computer သုံးစွဲသူတိုင်း မိမိတို့Computer မှာပါရှိတဲ့ CPU,RAM,Graphic RAM,HDD,CD DVD များ Windows 32bit 64bit များကို မိမိကိုယ်တိုင်ကြည့် တက်နိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ Computer အသစ်ဝယ်တဲ့အချိန်မှာလည်း ဆိုင်ကအရောင်းဝန်ထမ်းကို မေးစရာမလိုပဲ အခုကျွန်တော်ပြောပြတဲ့နည်းအတိုင်း အလွယ်တကူ ကြည့်ရူ့စစ်ဆေးနိုင်မှာပါပဲဖြစ်ပါတယ်။Computer အသုံးပြုသူတိုင်း သိထားသင့်ပါတယ်ခင်ဗျာ။ အောက်မှာ ပုံတွေနဲ့လည်းရှင်းပြထားပါတယ်။ ပထမဦးဆုံး OS Windows အကိုအရင်ကြည့်မယ်ဗျာ။ MyComputer(Win 7),ThisPC(Win 8,10) icon လေးပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပြီး ကြည့်ပါ။ ဒါမှမဟုတ် Win Key နဲ့ Pause Break key ကိုနှိပ်ပြီးကြည့်ပါ။ အဲ့ထဲမှာ အသုံးပြုထားတဲ့ Windows , CPU , RAM , Windows 32bit 64bit တို့ကိုကြည့်ပါ။ Processor နေရာမှာ Intel Core i7-7500U ဆိုရင် i7 7th Generation ပဲဖြစ်ပါတယ်။ i7 အနောက်မှာရှိတဲ့နံပါတ်က Generation ကို ကိုယ်စားပြုတာပါ 6 နဲ့စရင် 6Generation,5 နဲ့စရင် 5Gen,4နဲ့စရင်4Gen အစရှိသဖြင့်ခွဲခြားလို့ရပါတယ်။နောက်တစ်ခုက Graphic အမျိုးအစားကိုကြည့်ပါမယ်။ Desktop ရဲ့လွတ်တဲ့နေရာတစ်ခုကို Right Click နှိပ်လိုက်ရင် Intel Graphic ပါတဲ့စက်က Intel လို့ပေါ်ပါမယ်၊ Nvidia ဒါမှမဟုတ် AMD ဆိုပြီးပါပါတယ်။ ပါဝင်တဲ့ Graphic ကိုနှိပ်ပြီးဝင်ကြည့်ပါ။ Nvidia Control Panel ထဲရောက်ရင် ဘယ်ဘက်အောက်ဒေါင့်နာမှာ System Information ကိုနှိပ်လိုက်ပါ။ထပ်ပေါ်လာတဲ့ box ထဲက Dedicated Video Memory ကိုကြည့်ပါ 2048MB DDR 3 ဆိုရင် Graphic RAM က 2GB DDR 3 အမျိုးအစားဖြစ်ပါတယ်။ (2048MB=2GB) MB နဲ့ပဲပြပါတယ်။ နောက်တစ်ခုက AMD Graphic ကိုကြည့်ပါမယ် Desktopပေါ်မှာ Right Click AMD Radeon Setting ကိုနှိပ်ပါ။ပေါ်လာတဲ့ AMD Control Panel ထဲကညာဘက်အပေါ်နားက System ကိုနှိပ်ပါ၊ Hardware ကိုထပ်နှိပ်ပါ ပေါ်လာတဲ့အထဲက Memory Size ကိုကြည့်ပါ (4096 MB) လို့တွေ့ရင် 4GBပါ 1024MB=1GB, 2048MB=2GB ပါ အမျိုးမျိုးပါရှိနိုင်ပါတယ်။ နောက်တစ်နည်းနဲ့လည်းကြည့်လို့ရပါသေးတယ်။ Win Key + r ကိုနှိပ်ပါ msinfo32 လို့ရိုက်ပါ။ ဘယ်ဘက်က Component ကိုနှိပ်ပါ Display ကိုထပ်နှိပ်ပါ ညာဘက်မှာ ပါဝင်တဲ့ Graphic အမျိုးအစားများပေါ်လာပါ့မယ်။ ဥပမာ Intel နဲ့ Nvidia နှစ်ခုပါရင် Onboard Graphic Intel နဲ့ နောက်ထပ် Nvidia Graphic ဆိုပြီး Graphic နှစ်ခုပါပါတယ်။ Intel တစ်ခုထဲလည်းပါနိုင်သလို Nvidia ,AMDတစ်ခုတည်းလည်းပါနိုင်ပါတယ်။ Win Key + r ကိုနှိပ်ပြီးdxdiagလို့ရိုက်ပြီးလည်းကြည့်လို့ရပါတယ်။နောက်တစ်ခုအနေဲ့ Win key+r ကိုနှိပ်ပါ diskmgmt.msc လို့ရိုက်ပါ။ ဘယ်ဘက်အောက်နားမှာ Disk 0 (465 GB) လို့ပါရင် 500GBပါ။ 500GB က Computer ရဲ့ Storage ပါ Data သိမ်းတဲ့အပိုင်းပါ။နောက်ဆုံးတစ်ခုအနေဲ့ Win key+r ကိုနှိပ်ပါ devmgmt.msc လို့ရိုက်ပါ Computerပါတဲ့ Device တွေကိုကြည့်လို့ရပါတယ် wifi,Bluetooth,Lan တို့ကိုလည်း Network Adapters ဆိုတဲ့နာမည်အောက်မှာကြည့်လို့ရပါတယ်။အောက်မှာပုံတွေနဲ့တကွရှင်းပြထားပါတယ်။အဆင်မပြေတာရှိရင်မေးမြန်းလို့ရပါတယ်ခင်ဗျာ။

Windows လိုင်စင်အကြောင်းသိကောင်းစရာများ 👨💻Windows လိုင်စင်ဆိုတာ ဘာလဲ? လိုင်စင်သုံးရင်ဘာအကျိုးတွေရှိလဲ? Microsoft က ထုတ်ထ...
27/09/2018

Windows လိုင်စင်အကြောင်းသိကောင်းစရာများ 👨💻

Windows လိုင်စင်ဆိုတာ ဘာလဲ? လိုင်စင်သုံးရင်
ဘာအကျိုးတွေရှိလဲ? Microsoft က ထုတ်ထားတဲ့
ကွန်ပျူတာ OS တွေကို တရားဝင် အသုံးပြုချင်ရင်
လိုင်စင် Windows ကို ဝယ်သုံးရပါမယ်။ လိုင်စင်
Windows ကို အသုံးပြုရင် ဖြစ်လာသမျှ ပြဿနာ
တွေကို အတတ်နိုင်ဆုံးဖြေရှင်းပေးပြီး ကွန်ပျူတာ
လုံခြုံစိတ်ချမှုလည်း ရှိပါမယ်။ နောက်ပြီးတော့
အသစ်သစ်သော Windows Update Features
အသစ်တွေကိုလည်း အသုံးပြုခွင့်ရှိပါမယ်။ အရှင်းဆုံး
ပြောရရင် Windows OS ကို မိမိအပိုင်အဖြစ် တရားဝင်
ဝယ်ယူထားလိုက်ပြီး မိမိကွန်ပျူတာကလည်း သူတို့ ရဲ့ 
စာရင်းထဲမှာ တရားဝင်အသုံးပြုသူအဖြစ် ရှိနေပါမယ်။

Windows ကို Copy, Crack လုပ် သုံးရင်ကော?
Copy,Crack လုပ်သုံးရင်တော့
Microsoft ရဲ့ တရားဝင် မဟုတ်တာကြောင့်
ပြဿနာတွေဖြစ်လာရင် Microsoft က တာဝန်ယူမှာ
မဟုတ်သလို၊ လုံခြုံစိတ်ချမှုလည်း မရှိနိုင်ပါဘူး။
ဒါပေမယ့် တစ်ခုရှိတာက Windows က အစမ်း
သဘောပေးသုံးထားတဲ့ Insider Preview ကို
သုံးနေရင်တော့ Crack Windows လည်း ထွက်
သမျှသော Update, Preview တွေကို Update
လုပ် အသုံးပြုလို့ ရပါတယ်။ အဲ့ဒီ Insider Preview
Program တွေက ကုန်ဆုံးရက်သက်တမ်းတော့ရှိပါတယ်။

Windows OS လိုင်စင် အမျိုးစား(၃)မျိုး ရှိပါတယ်။
1. Retail License - Retail License ဆိုတာကတော့
ကွန်ပျူတာတစ်လုံးတည်းအတွက် ထုတ်လုပ်ထားတဲ့
လိုင်စင်ဖြစ်ပါတယ်။ ဆိုလိုတာက ဒီလိုင်စင်တစ်ခုကို
ကွန်ပျူတာတစ်လုံးမှာ အသုံးပြုနေပြီးသားဆိုရင် တစ်
ခြား ကွန်ပျူတာတစ်လုံးမှာ ပြိုင်တူ သုံးလို့ မရပါဘူး။
ကွန်ပျူတာ Hardware တွေ ဘာတွေပဲ ပြောင်းပြောင်း
Desktop ကနေ Laptop ကို ပြောင်းသုံးမယ်ဆိုရင်
ဝယ်ထားတဲ့ လိုင်စင် Windows ခွေကို Laptop မှာ
Installလုပ်ပြီး လိုင်စင်ကီးထည့်ပေးရပါမယ်။ဒါပေမယ့်
Desktopမှာရှိနေတဲ့ ဝင်းဒိုးကိုတော့ ဖြုတ်ပေးရပါမယ်။
ဒီ Retail License ကတော့ Microsoft က ထောက်ပံ့
ပေး(Supported)လုပ်တဲ့အထိ တစ်သက်တာ အသုံး
ပြုနိုင်သလို သူ့ တန်ဖိုးကလည်း ဈေးကြီးပါတယ်။

2. OEM (Original Equipment Manufacturer) License
OEM License ကတော့ ကွန်ပျူတာအသစ်ဝယ်တဲ့အချိန်မှာ
ပါလာတတ်တဲ့ လိုင်စင် Windows ဖြစ်ပါတယ်။ ACER,HP,
DELL,MSI အစရှိသည်ဖြင့် သူ့ မော်ဒယ်၊ Hardware တွေ
အတွက်သာ ဒီ OEM လိုင်စင်က အသုံးပြုနိုင်ပါမယ်။ PC
ပြောင်း၊ Hardware တွေ ပြောင်းလိုက်ရင် မူရင်းလိုင်စင်က
ပြုတ်သွားနိုင်ပါတယ်။

3. Volume License
Volume License ကတော့ အဖွဲ့အစည်းတွေက အရည်တွက်
များများဝယ်ယူ အသုံးပြုတဲ့ License မျိုးပဲဖြစ်ပါတယ်။ ဥပမာ-
ကွန်ပျူတာ အလုံး (၁၀၀) ရှိတဲ့ ကုမ္မဏီတစ်ခုက အလုံး(၁၀၀)
အတွက် တစ်ခါတည်းစုဝယ်လိုက်တဲ့ လိုင်စင်မျိုးဖြစ်ပါတယ်။
မြန်မာပြည်မှာရောင်းနေကြတဲ့ လိုင်စင်တစ်ခု (8000,25000,
45000,60000) စသည်ဖြင့် ပေးဝယ်ရတဲ့ လိုင်စင်ကလည်း
Volume License ပဲဖြစ်ပါတယ်။ သူကတော့ Windows OS
တစ်ခါပြုတ်၊ သို့ မဟုတ် Hardware ပိုင်းတွေ တစ်ခုခု ပြောင်း
လိုက်ရင်လည်း ဒီလိုင်စင်က သုံးရတော့မှာ မဟုတ်ပါဘူး။
ကွန်ပျူတာအလုံးရေ (၂၅)ထက်များရင် KMS (Key Management
Service) နဲ့ Activate လုပ်နိုင်ပြီး (၂၅)အောက်နည်းရင်တော့
MAK(Multi-Activation Service) နဲ့ Activate လုပ်ရပါမယ်။
Windows လိုင်စင်တစ်မျိုးချင်းစီမှာ သူတို့ သတ်မှတ်ထားတဲ့
စည်းကမ်းချက်တွေလည်း ရှိပါသေးတယ်။ မိမိအသုံးပြုနေတဲ့
Windows က ဘယ်လိုမျိုး လိုင်စင်ကို အသုံးပြုထားသလဲ
သိချင်ရင် Cmd မှာ slmgr -dli ကို ရိုက်ထည့်ပြီး Windows
Script Host ရဲ့ Description မှာ Retail,OEM,Volume MAK
စသည်ဖြင့် Channel တွေကို စစ်ကြည့်နိုင်ပါတယ်။

Screen size ပိုကြီးပြီး Dual SIM သုံးလို့ရတဲ့ iPhone မော်ဒယ်သစ်များကို Apple မိတ်ဆက်ပြီ----------iPhone XS , iPhone XS M...
13/09/2018

Screen size ပိုကြီးပြီး Dual SIM သုံးလို့ရတဲ့ iPhone မော်ဒယ်သစ်များကို Apple မိတ်ဆက်ပြီ
----------
iPhone XS , iPhone XS Max , iPhone XR စတဲ့ iPhone မော်ဒယ်သစ် ၃ မျိုးကိုမိတ်ဆက်ပေးလိုက်ပါပြီ။ ၂၀၁၈ အတွက် iPhone သစ်တွေထဲကမှ iPhone XR နဲ့ iPhone Xs Max ကတော့ ထွက်ရှိခဲ့သမျှ iPhone တွေထက် Screen size တွေအားဖြင့်သိသာစွာပိုမိုကြီးမားလာသလို Battery ပမာဏပါဝင်မှုအနေအထားမှာလည်း ပိုမိုကောင်းမွန်လာပါတယ်။ Storage အနေနဲ့ဆိုရင်လည်း iPhone XS နဲ့ XS Max တို့မှာ 512 GB Storage ပမာဏအထိထည့်သွင်းပေးလာပါတယ်။ iPhone XS နဲ့ XS Max တို့ကတော့ ယခင် iPhone X လိုပဲ OLED Display အသုံးပြုထားပြီး iPhone XR ကတော့ LCD Display အသုံးပြုပေးထားပါတယ်။ iPhone XS နဲ့ XS Max တို့မှာအသုံးပြုထားတဲ့ OLED DISPLAY ဟာ Dolby Vision ၊ HDR10 စတဲ့ feature များကို Support လုပ်တဲ့အပြင် Display ရဲ့ Dynamic range color တွေအနေနဲ့လည်း iPhone X ရဲ့ Display ရဲ့ Dynamic range colors ထက် 60% လောက်ပိုကြီးပါတယ်။ ဖုန်းမော်ဒယ်သစ် ၃ မျိုးစလုံးရဲ့ ရှေ့ဘက်ခြမ်း Design အနေနဲ့ ယခင် iPhone X ရဲ့ရှေ့ဘက်မျက်နှာပြင် Display Design နဲ့ပုံစံအတူတူပဲဖြစ်ပြီး Display ထိပ် Notch အရွယ်အစားကလည်း iPhone X တုန်းကအတိုင်းပါပဲ။ Design ပိုင်းအားဖြင့်ပြောရရင် ဖုန်းမော်ဒယ်သစ် ၃ မျိုးစလုံးရဲ့ Design ဟာ iPhone X ရဲ့ ကိုယ်ထည် Design ကိုအခြေခံထားတာဖြစ်လို့ အရွယ်အစားပိုကြီးလာတာ ၊ အရောင်အသစ်တွေနဲ့ထုတ်တာ စတဲ့အချက်တွေဖယ်လိုက်ရင် Design ပိုင်းအနေနဲ့ iPhone X နဲ့အတူတူပါပဲ။ iPhone XS နဲ့ XS Max မှာဆိုရင် အရောင်သစ်အနေနဲ့ Gold Color နဲ့ပါထုတ်လုပ်ပေးထားပါတယ်။ iPhone XR ကိုတော့ အရောင် ၆ မျိုးနဲ့တောင်ထုတ်လုပ်ပေးလိုက်တာပါ။ iPhone XS နဲ့ XS Max ရဲ့ ဘေးဘောင်ကိုယ်ထည်အနေနဲ့ iPhone X မှာလိုပဲ Stainless steel frame ကိုအသုံးပြုထားပြီး နောက်ဘက်ခြမ်းကိုတော့ Glass Panel နဲ့ဖုံးအုပ်ပေးထားပါတယ်။ iPhone XR ရဲ့ကိုယ်ထည်အနေနဲ့ iPhone 8 Plus မှာလိုပဲ အလူမီနီယံကိုယ်ထည်ကိုအသုံးပြုပေးထားပြီး နောက်ဘက်ခြမ်းကိုတော့ Glass Panel နဲ့ဖုံးအုပ်ပေးထားပါတယ်။။ iPhone XS နဲ့ XS Max က ဖုန်းနောက်ဘက်ခြမ်းမှာ Dual Camera ပါဝင်ပြီး iPhone XR ကတော့ ဖုန်းနောက်ဘက်ခြမ်းမှာ ကင်မရာ ၁ လုံးပဲပါဝင်ပါတယ်။ iPhone Xs နဲ့ Xs Max မှာသုံးထားတဲ့ A12 Processor မှာပါဝင်တဲ့ Image Processing System နဲ့ Neutral Engine ကြောင့် Camera ပိုင်းအနေနဲ့ ရုပ်ထွက်ပုံထွက်များမှာ ယခင် iPhone X ထက်ပိုပြီး Detail ကျကျရိုက်ကူးဖော်ပြပေးနိုင်ပါတယ်။ Security စနစ်အနေနဲ့ ဖုန်းမော်ဒယ် ၃ မျိုးစလုံးကို iPhone X မှာလိုပဲ Face ID စနစ်ကိုသာအသုံးပြုထားပြီး iPhone X မှာပါတဲ့ Face ID ထက်ပိုကောင်း ပိုမြန်တဲ့ Face ID စနစ်ကိုအသုံးပြုထားပါတယ်။ Fingerprint Sensor မပါဝင်ပါ။ ဖုန်းမော်ဒယ် ၃ မျိုးလုံးဟာ ရေစို ၊ ရေစိမ်ခံနိုင်တဲ့စမတ်ဖုန်းတွေဖြစ်ပြီး ရေလုံနှုန်းအနေနဲ့ iPhone XS နဲ့ Xs Max တို့ဟာ IP68 အဆင့်ဖြစ်ပြီး iPhone XR ကတော့ IP67 အဆင့်ဖြစ်ပါတယ်။ ဖုန်းမော်ဒယ်သစ် ၃ မျိုးစလုံးဟာ Wireless Charging support လုပ်ပါတယ်။ iPhone Xs , Xs Max တို့ဟာ Dual SIM ထည့်သွင်းအသုံးပြုနိုင်တဲ့ iPhone တွေအဖြစ်ထွက်ရှိလာတာပါ။ တရုတ်နိုင်ငံမှာရောင်းချမယ့် iPhone Xs,Xs Max တွေဟာ SIM Card ၂ ကဒ် ထည့်သွင်းနိုင်မှာဖြစ်ပြီး တခြားနိုင်ငံတွေမှာရောင်းမယ့် iPhone Xs တွေကတော့ တကယ့် SIM Card တစ်ကဒ်သာထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး နောက်တစ်ကဒ်အနေနဲ့ကတော့ E-SIM နည်းပညာပါဝင်တဲ့အတွက် တရုတ်နိုင်ငံမှာရောင်းမယ့် iPhone Xs တွေလိုပဲ SIM card ၂ ကဒ်ထည့်သုံးရတဲ့အနေအထားမျိုးရစေမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက မိုဘိုင်းအော်ပရေတာတွေကတော့ E-SIM နည်းပညာကိုအထောက်အပံ့မပေးကြသေးတဲ့အတွက် ဒီကလူတွေ iPhone XS ကို Dual SIM အနေနဲ့ထည့်သုံးချင်တယ်ဆိုရင်တော့ တရုတ် နဲ့ဟောင်ကောင်ဘက်က iPhone XS တွေကိုသုံးမှပဲအဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့်စိတ်မပူပါနဲ့။ အခုလည်း ဒီမှာက Hong Kong အလုံးတွေပဲသွင်းရောင်းနေကြတာဆိုတော့ မြန်မာပြည်ကဆိုင်တွေမှာရောင်းမယ့် iPhone Xs,Xs Max တွေဟာ Dual SIM ထည့်သုံးလို့ရတဲ့ဟန်းဆက်တွေပဲအဓိကသွင်းကြမှာပါ။ iPhone XR ကတော့ SIM Card တစ်ကဒ်သာထည့်သွင်းအသုံးပြုနိုင်မှာပါ။

📱iPhone Xs,Xr Preview By Thet Naing Soe (Myanmar Mobile App) 📱

iPhone XS
-----------
iPhone XS ကတော့ Screen size အနေနဲ့ 5.8 inch ဖြစ်ပြီး OLED Display(2436x1125 resolution , 2.7 Million pixels) ကိုအသုံးပြုထားပါတယ်။ RAM အနေနဲ့ 4GB ပါဝင်ပြီး Processor အနေနဲ့ A12 Bionic Chip ကိုအသုံးပြုထားပါတယ်။ iPhone XS မှာသုံးထားတဲ့ A12 Bionic Chip ဟာ iPhone X မှာသုံးထားတဲ့ A11 Bionic Chip ထက်အရွယ်အစားပိုသေးပြီး 15% Performance ပိုမြန်ပါတယ်။ Storage အနေနဲ့ 64GB, 256GB , 512GB စတဲ့ Storage ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ အရောင်အနေနဲ့ Space Gray, Silver , Gold စတဲ့အရောင် ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ iPhone XS Max ဟာ iPhone X ထက် ၁ နာရီခွဲလောက် ဘက်ထရီပိုအသုံးခံပါမယ်။ Camera အနေနဲ့ ရှေ့ Selfie Camera အတွက် 7MP RGB Sensor ကိုအသုံးပြုထားပြီး နောက်ဘက်ခြမ်း Dual Camera အနေနဲ့ 12MP Wide Angle Camera+12MP Telephoto Camera တို့ကိုအသုံးပြုထားပါတယ်။

iPhone XS Max
----------------
iPhone XS Max ကတော့ Screen size အနေနဲ့ 6.5 inch ဖြစ်ပြီး OLED Display (2688x1242 resolution , 3.3 Million pixels) ကိုအသုံးပြုထားပါတယ်။ RAM အနေနဲ့ 4GB ပါဝင်ပြီး Processor အနေနဲ့ A12 Bionic Chip ကိုအသုံးပြုထားပါတယ်။ iPhone XS Max မှာသုံးထားတဲ့ A12 Bionic Chip ဟာ iPhone X မှာသုံးထားတဲ့ A11 Bionic Chip ထက်အရွယ်အစားပိုသေးပြီး 15% Performance ပိုမြန်ပါတယ်။ Storage အနေနဲ့ 64GB, 256GB , 512GB စတဲ့ Storage ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ အရောင်အနေနဲ့ Space Gray, Silver , Gold စတဲ့အရောင် ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ iPhone XS Max ဟာ iPhone X ထက် ၁ နာရီခွဲလောက် ဘက်ထရီပိုအသုံးခံပါမယ်။ Camera အနေနဲ့ ရှေ့ Selfie Camera အတွက် 7MP RGB Sensor ကိုအသုံးပြုထားပြီး နောက်ဘက်ခြမ်း Dual Camera အနေနဲ့ 12MP Wide Angle Camera+12MP Telephoto Camera တို့ကိုအသုံးပြုထားပါတယ်။

iPhone XR
-----------
iPhone XR ကတော့ Screen size အနေနဲ့ 6.1 inch ဖြစ်ပြီး LCD Display (1792x828 resolution) ကိုအသုံးပြုထားပါတယ်။ 3D touch မပါဝင်ပါ။ RAM အနေနဲ့ 3GB ပါဝင်ပြီး Processor အနေနဲ့ A12 Chip ကိုအသုံးပြုထားပါတယ်။ Storage အနေနဲ့ 64GB, 128GB,256GB စတဲ့ Storage ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ အရောင်အနေနဲ့ Black, White, Red, Yellow, Coral နဲ့ Blue စတဲ့အရောင် ၆ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ Battery အနေနဲ့ mAh Battery ကိုအသုံးပြုပေးထားပါတယ်။ Camera အနေနဲ့ ရှေ့ Selfie Camera အတွက် ကိုအသုံးပြုထားပြီး နောက်ဘက်ခြမ်း Camera အနေနဲ့ 12MP Wide Angle Camera ကိုအသုံးပြုထားပါတယ်။

ဈေးနှုန်းများ
--------
iPhone XS - 64GB (မြန်မာငွေ ၁၉ သိန်းဝန်းကျင်) ၊ 256GB (မြန်မာငွေ သိန်း ၂၁ သိန်း ဝန်းကျင်) ၊ 512GB (မြန်မာငွေ ၂၅ သိန်းဝန်းကျင်)

iPhone XS Max - 64GB (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ၊ 256GB (မြန်မာငွေ ၂၃ သိန်းဝန်းကျင်) ၊ 512GB (မြန်မာငွေ ၂၇ သိန်းဝန်းကျင်)

iPhone XR - 64GB (မြန်မာငွေ ၁၄ သိန်းဝန်းကျင်) ၊ 128GB (မြန်မာငွေ ၁၅ သိန်းဝန်းကျင်) ၊ 256GB (မြန်မာငွေ ၁၇ သိန်းဝန်းကျင်)

(Singapore Apple store ဈေးကို လက်ရှိဒေါ်လာဈေးနဲ့တွက်ထားတာပါ။ မြန်မာပြည်မှာပေါက်မယ့်ဈေးများမဟုတ်သေးပါ)

စတင်ရောင်းချမည့်နေ့
--------------
နိုင်ငံတကာမှာတော့ iPhone XS နဲ့ XS Max ကို စက်တင်ဘာ ၂၁ ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပြီး မြန်မာနိုင်ငံက ဆိုင်တချို့မှာတော့ စက်တင်ဘာ ၂၂ လောက်ဆိုစတင်ဝယ်ယူနိုင်မယ်လို့ခန့်မှန်းရပါတယ်။ ၂၂ ရက်နေ့မှာ ဝယ်ယူလိုသူတွေကတော့ ကျွန်တော့်ဆီမှာလည်း Pre Order ကြိုတင်လုပ်ထားလို့ရပါတယ်။ iPhone XR ကတော့ အောက်တိုဘာ ၂၆ ရက်နေ့မှစရောင်းမှာပါ။

ဘာကိုရွေးချယ်သင့်လဲ ?
--------------------
iPhone Xs,Xs Max တွေလောက်လည်းဈေးမသုံးချင်ဘူး ၊ iPhone Xs မှာလို A12 Bionic Chip သုံးထားတဲ့ နောက်ဆုံးထွက်ဖုန်းလည်းဖြစ်ရမယ်၊ ရေစိုခံ ၊ Wireless Charging စနစ်စတာတွေလည်းပါရမယ်ဆိုရင်တော့ LCD Display တပ်ဆင်ထားတဲ့ iPhone XR ကိုရွေးချယ်သင့်ပါတယ်။ iPhone XR တောင်မှ ဈေးကများနေပါသေးတယ် :3

iPhone XS ကတော့ အရွယ်အစားအားဖြင့် iPhone X နဲ့အတူတူပဲဖြစ်ပြီး Hardware Specifications ပိုင်းလောက်ပဲအဓိကကွာခြားမှုရှိမှာပါ ။ အရွယ်အစားသိပ်မကြီးတာပဲကြိုက်တယ် (သို့မဟုတ်) iPhone X ရဲ့အရွယ်အစားကိုပဲကြိုက် တယ် ၊ Screen size မကြီးချင်နေ Hardware Specifications ပိုင်းမှာ ယခင် iPhone X ထက်ပိုကောင်းရင်ပြီးရောဆိုရင်တော့ iPhone XS ကိုပဲရွေးချယ်သင့်ပါတယ်။

iPhone XS Max ကတော့ Screen size အားဖြင့် 6.5 inch ရှိပြီး ယခုအသစ်ထွက် ဖုန်းမော်ဒယ် ၃ မျိုးထဲမှာ Screen size အကြီးဆုံးဖြစ်ပါတယ်။ Screen size သိသိသာသာပိုကြီးသွားပေမယ့် ဖုန်းအရွယ်အစားကတော့ လက်ရှိ iPhone 7 Plus/ 8 Plus အရွယ်အစားနဲ့အတူတူလောက်ပါပဲ။ iPhone ကိုမှ Screen size ကြီးကြီးနဲ့သုံးချင်သူ/ဂိမ်းဆော့ချင်သူတွေ ၊ Storage ပမာဏခပ်များများပါမှကြိုက်သူတွေ ၊ ဖုန်းဘက်ထရီအားပိုခံတာလိုချင်သူတွေအတွက်ကတော့ iPhone XS Max ကိုရွေးသင့်ပါတယ်။ ကျွန်တော်ဆိုရင်တော့ iPhone XS Max ကိုပဲရွေးချယ်ဖြစ်ပါမယ်။

သက်နိုင်စိုး (Myanmar Mobile App)

Address

Yangon
11081

Opening Hours

Monday 08:00 - 10:00
Tuesday 08:00 - 10:00
Wednesday 08:00 - 10:00
Thursday 08:00 - 10:00
Friday 08:00 - 10:00
Saturday 08:00 - 10:00
Sunday 08:00 - 10:00

Telephone

+959777703593

Website

Alerts

Be the first to know and let us send you an email when PRO-Tech SMB Network Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share