10/09/2021
အမေနဲ့ ပြော
ဖြစ်တဲ့တချို့အကြောင်းအရာလေးတွေကိုကျွန်မက.. စာနဲ့ပြန်ရေးထားလေ့ရှိပါတယ် ..တချိန်မှာအမှတ်တရဖြစ်စေဖို့နဲ့ .ကျွန်မအမေကိုယ်တိုင်က အများသူငါနဲ့ ဝေမျှပေးစေ
ချင်တဲ့..စိတ် ဆန္ဒမျိုးရှိလို့ပဲဖြစ်ပါတယ်..
အပြင်သွားတဲ့အခါတိုင်း..ကျွန်မနဲ့ကျွန်မအမေ...
ကိုတွေ့တဲ့သူတွေက အန်တီကသိပ်နုတာပဲ ..အမေကနုပျိုလိုက်တာ အသားအရည်..တွေလည်းသိပ်ကောင်းတာပဲ.. အမေကချောလိုက်တာ စသည်ဖြင့် ချီးကျူးတာကိုမကြာခဏ ကြုံရပါတယ်
ဒါဟာလည်းသူ့ရဲ့ကုသိုလ်ကံကောင်းခြင်းတစ်ခုပါပဲ.. ကျွန်မသူ့အကြောင်းကို..ရေးဖူးတဲ့စာလေးတစ်ပုဒ်မှာ ကျွန်မအမေ
ကိုသူ့အမေက..ကိုယ်ဝန်ဆောင်စဉ်က စကော့စျေးလောက်
မြင့်တဲ့ဆင်ကြီးကို စီးရတယ်လို့အိပ်မက်မက်ခဲ့ပါတယ်..တဲ့..ဘုန်းကံနဲ့လာတဲ့ ကလေးလို့ ဆိုလိုပါတယ်..
သူ..၇..ရက်သမီးမှာ..အဖေလုပ်တဲ့သူက..ထီပေါက်တဲ့အတွက်ကြောင့်..မွေးကာစသမီးလေးကို စိန်နားပန်ကလေးဆင်ပေးခဲ့ပါတယ်
သူ့ရဲ့ဘဝတလျှောက်လုံးဟာ ရုန်းကန်ရတယ် ပင်ပင်ပန်းပန်း..အလုပ်လုပ်ရတယ် ဆိုတာမျိုးမရှိဘဲနဲ့ ကောင်းကောင်းနေကောင်းကောင်းစား.. အဖိုးအဖွားရဲ့လက်ထဲမှာ ..ခင်ပွန်းရဲ့လက်ထဲမှာ.. အခုအချိန်အထိ အမြဲအလိုလိုက်နေကြတဲ့..သားသမီးတွေရဲ့လက်ထဲမှာ ဘာကိုမှအပူပင်မရှိဘဲ အေးအေးချမ်းချမ်းနေနိုင်တဲ့သူပါပဲ
ဒါကြောင့်မို့လို့...နုပျိုတယ်ဆိုတာလည်းမပြောနဲ့တော့လေ ...သူဘာဖြစ်လို့နုပျိုနေ
ရတာလဲ..ဆိုတာဟာလည်း အကြောင်းတရားတွေရှိခဲ့လို့ပါပဲ ...
အရင်ဘဝက.. လုပ်ခဲ့တဲ့ကံအကြောင်းတရားတွေကြောင့် အခုဘဝမှာအကျိုးခံစားနေရတာပါပဲလို့ ကျွန်မကတော့ ယုံကြည်တယ်..
ဒါကြောင့် မေမေ..ဘယ်လောက် ကံကောင်းတဲ့ဘဝကို ရခဲ့တယ်ဆိုတာ သိလားလို့..တစ်ခါတရံ မေးကြည့်မိပါတယ်..ယခုဘဝမှာ..ဒါန..သီလအားလည်း အင်မတန်ကောင်းတယ်..အလှုမပြတ်တဲ့သူမျိုးပေါ့..သူ့ဘဝနဲ့သူ စိတ်တိုင်းကျနေတော့..စိတ်လည်း ချမ်းသာနေတယ် ပြောရမှာပဲ..
အဲတော့ကျွန်မ..အမေကိုကြည့်ရင်ဘာလေးတွေ..တွေ့ရသလဲ..
ဘန်ကောက်သွားချင်တယ်
ညဈေးလျှောက်ချင်တယ်
ဖေ့ဘုတ်သုံးမယ် ..
ညဘက်ဆိုရင်ဘာလုပ်နေလဲ..
ဘုရားလေးရှိခိုး..တရားလေး ခဏထိုင်ပြီးရင်..
Onlie ဈေးရောင်းသူတွေကြည့်တယ် ပစ္စည်းတွေမှာတယ် ..ဘန်ကောက် ညစျေးလျှောက်နေရသလိုပဲလို့ပြောတယ်.. သူပျော်တယ်တဲ့..
သူပျော်တော့ဘာဖြစ်လဲ..
ကျွန်မတို့ကကြိုက်တာပေါ့
အမေ့ကိုပျော်စေချင်တာကိုး
အမေ..ကြိုက်တာဝယ်..လို့ ဖြစ်ကြတာပဲ..
အဲ... တစ်ခုရှိတာက...
ပျော်နေတော့လည်း တရားအားထုတ်ဖို့ သံဝေဂဉာဏ်က ပေါ်သင့်သလောက်မပေါ်တာကို တွေ့ရတယ်..(မိခင်ရဲ့ အားနည်းချက်ကို အရှိအတိုင်းထောက်ပြခြင်း)
အဲလိုပြောတော့..အမေက.. ဘာလို့မပေါ်ရမှာလဲ.. ကိုယ့်ရှေ့မှာ...ကိုယ့်ယောကျာ်း အပါအဝင်
ဒီလောက်..လူတွေတဖြုတ်ဖြုတ်သေကုန်ကြတာ သံဝေဂဉာဏ်ပေါ်တာပေါ့လို့..ကျွန်မကိုပြောပါတယ်..
တစ်ယောက်ယောက်..သေဆုံးသွားလို့ရှိရင် ..တရားရလိုက်တာ သံဝေဂရလိုက်တာ ..လို့..ကျွန်မတို့ပြောကြပေမဲ့ ကျွန်မတို့ရတဲ့ တရားအသိဟာ..အပေါ်ယံကြောလောက်ပဲဖြစ်နေတတ်ပါတယ် ..
တကယ် မကြောက်သေးဘူး.. တကယ်ကြောက်ရင်..ဘာလုပ်မလဲ.. မနက်ဖြန်သေမယ်ဆိုရင်ဒီညမှာ ..အွန်လိုင်းရှော့ပင်းတွေလုပ်နေနိုင်ဦးမလား..ဖေ့ဘုတ်က သူငယ်ချင်းတွေကို အယောက်စေ့..ဓာတ်ပုံတွေနဲ့ Birthday Wish တွေ ထိုင်လုပ်ပေးနေနိုင်ဦးမလား..ပေါ့..
ဒါကြောင့်..အမေ..ပျော်တာလည်း..
ပျော်ရမယ်...ဒါပေမယ့်..
#အချိန်ရှိနေတုန်း..
#ကျန်းမာရေးကောင်းနေတုန်း
#သတိတွေရှိနေတုန်း
တရားကိုပိုပြီးအားထုတ်စေချင်တာပါ..
ဒီအချိန်တွေကိုတန်ဖိုးထားရမယ်လို့..ပြောမိပါတယ်..ဘာသတိမှမရှိတော့တဲ့အချိန်ကျမှ..လက်ထဲကို သင်္ကန်း ထည့်ပြီး သံဃာတော်တွေကိုကပ်လှူခိုင်းတော့လည်း ကာယကံရှင်အတွက်
တကယ်..ရလား..မရလားဆိုတာ..မ
သေချာနိုင်တော့ပါဘူး.. မိသားစုတွေကတော့.. ဒါမျိုးကို ရသေ့စိတ်ဖြေနဲ့.. လုပ်ကြတာပဲပေါ့..
.အမေက..လုပ်ရမယ့်အလုပ်ကိုလုပ်သင့်သလောက်တော့လုပ်ပါတယ်.. ဒါပေမဲ့..ဒီနေရာမှာတော့လုပ်သင့်တာထက်ကိုပိုပြီး.. ကြိုးစားပြီး
လုပ်ရမယ်..လျှော့လုပ်တာမျိုး မဖြစ်စေချင်ဘူး.. အချိန်မရှိတော့ဘူးဆိုတဲ့စိတ်နဲ့ကိုယ့်ကို..ကိုယ်..တွန်းအားပေးရမယ် လို့ပြောမိပါတယ်
သားအမိဆိုတော့လည်း..တစ်ခါတစ်လေ သူ့ကို..အဲလိုပြောရင်မကြိုက်ဘူး.. ကတောက်ကဆဖြစ်ရတာပေါ့
တချိန်လုံးတော့လည်း..လုပ်မနေနိုင်ဘူး..facebook မှာလည်း..ဆေးနည်း..ဟင်းချက်နည်း..သတင်းနဲ့..ကောင်းတာလေးတွေကြည့်နေတာ စသည်ဖြင့်သူပြောတတ်ပါတယ်
ကျွန်မကတော့ ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်.. ဒါဟာအာရုံတွေပဲ.. စိတ်ကို..တချိန်လုံးပုတ်ခတ်နေရင် ကိလေသာဖြစ်တယ်..(ကြိုက်တယ်..မကြိုက်ဘူးတွေဖြစ်)
ဒီကိလေသာကြောင့် ကာယကံ..ဝစီကံ..မနောကံဆိုတဲ့ ကံသုံးပါး ..(တွေးမိ.. ပြောမိ..လုပ်မိတဲ့ Actionsတွေ..)
ကမ္မဝဋ်ဖြစ်တယ်...
ဒီဝဋ်ကြောင့် နောက်ဘဝ.. နောက်ခန္ဓာကြီးကို ပြန်ရသွားတဲ့ ဝိပါကဝဋ်ဖြစ်တယ်
အဲဒီဝဋ်သုံးပါးဟာ စက္ကန့်နဲ့အမျှ ကိုယ့်ခန္ဓာထဲမှာ တဝှီးဝှီးးလည်နေပါတယ်လို့ နားလည်သလောက်ရှင်းပြမိပါတယ်
အမေက..အခုလိုဘဝကို ရခဲ့တာ ကံကောင်းတယ်..ဒါနတွေလည်း မပြတ်ဘူး..လုပ်နိုင်တယ်..သီလ လုံခြုံတဲ့သူလည်း ဖြစ်တယ်..ဒါပေမဲ့..ဘာဝနာအလုပ်ကို..အခုထက်ပိုလုပ်ရမယ်..
တရားနာတာပဲ..ဘုရားလည်းရှိခိုးတာပဲ..အလှုတွေလည်း လုပ်နေတာပဲ..စိတ်လည်း ကောင်းကောင်းထားနေတာပဲ..ဆိုတာလောက်နဲ့တော့ ..နောက်တစ်ဘဝကောင်းဦးမှာပဲလို့ သေချာ တပ်အပ်မပြောနိုင်တာတွေရှိတယ်..
(ပါချုပ် ဆရာတော်၏.တရားများနာပြီး..ပြောခြင်း..)
ဝိပသနာကို..မျိုးစေ့လေးလောက်မှ ပါအောင်ယူမသွားနိုင်ဘူးဆိုရင်.. ဒီ သံသရာထဲမှာပဲ မပြီးတော့အောင် လည်နေမှာပါပဲ လို့ ပြောမိပါတယ်..
ကိုယ့်အမေမို့လို့..သံသရာ.. ဒုက္ခ ထဲမှာ လည်မနေစေချင်တဲ့ ဆန္ဒကလည်း..ကျွန်မရဲ့လောဘဖြစ်ပါတယ် အဲဒီလောဘကိုလည်း..ယခုစာရေးနေရင်းမှာပဲ ကျွန်မမြင်နေပါတယ် ကျွန်မစိတ်ကိုသိနေပါတယ်..
ဒါပေမဲ့..ပုထုဇဉ်ဆိုတော့လည်း တကယ်ဖြတ်ဖို့ကခက်နေပါသေးတယ်.. ဒါကြောင့်လည်း..အမေလည်း..အမေ့ဘဝနဲ့အမေ့ကံပဲ..ရသလောက်ပေါ့လို့..ကျွန်မစိတ်က ..မထားနိုင်တာသေးတာပါပဲ..
အမေနားမထောင်ချင်လည်းအတင်းလိုက်ပြောနေမိပါတယ်.. ..ဘာဖြစ်လို့လဲဆိုရင် သူဟာ..ကျွန်မရဲ့.. ကျေးဇူးရှင်
မိခင်မို့လို့ပါပဲ ..
ကျွန်မဟာ..ဒီအကြောင်းအရာတွေကိုနားလည်တဲ့သူတစ်ယောက်...
ကိုယ်ကိုယ်တိုင်လည်း လေ့ကျင့်နေတဲ့သူတစ်ယောက်..
အနေနဲ့ မိခင်ကို...ဒီလောက်တော့..လက်ခံ.. သဘောပေါက်အောင်ပြောကို..ပြောရမှာပဲဖြစ်ပါတယ်
အင်မတန်..အေးချမ်းပျော်ရွှင်စရာဘဝ ကိုရနေခိုက်.. သာသနာနဲ့ကြုံနေခိုက်
အမေ့ကိုတန်ဖိုးရှိတဲ့တရားကို.. ထိထိရောက်ရောက်လေး အားထုတ်ဖြစ်
စေချင်တာ.. ကျွန်မစေတနာပါပဲ
ကျွန်မမှာတာဝန်ရှိပါတယ် ..
သူကိုယ်တိုင်..လုပ်ဖို့ကလည်း..သူ့မှာတာဝန်ရှိပါတယ် ..ကျွန်မကတော့ မိဘကို တရားအသိနဲ့ ကျေးဇူးဆပ်နိုင်တဲ့သူ ဖြစ်ချင်ပါတယ် ..ကျန်တဲ့နေရာတွေမှာ..ကျွန်မ အလုံးစုံတာဝန်ကျေနိုင်ခဲ့တဲ့သူပါ.. ဘဝတလျှောက်လုံးမှာ..မိခင်ကိုသာစိတ်ထဲထားပြီး.. အလုပ်တွေလုပ်ခဲ့တဲ့သူမို့..ကိုယ်ပြောပြလိုက်တဲ့ တရားတစ်ခုကြောင့် ..သူ့ အတွက်..အကျိုးရှိသွားပြီဆို..ကျွန်မလည်း..ကုသိုလ်တွေအများကြီးရသွားမှာပါ..
ကိုယ်နဲ့ပတ်သက်ရာ..ပတ်သက်ကြောင်း..ချစ်သူခင်သူစာဖတ်သူတွေပေါ်မှာလည်း ဒီလိုစေတနာမျိုးအမှန်တကယ်ပဲရှိပါတယ်
အပေါ်ယံအသိတွေနဲ့ တင်းတိမ်မနေ
ကြပါနဲ့....
မွန်ဟော်စီ
၂၀၂၀ စက်တင်ဘာ
#အမေကိုပြောဖြစ်သောစကားများ
Photo
Free Humanity