တက်ရွှေလဝန်းကုမ္ပဏီလီမိတက်

  • Home
  • Myanmar
  • Yangon
  • တက်ရွှေလဝန်းကုမ္ပဏီလီမိတက်

တက်ရွှေလဝန်းကုမ္ပဏီလီမိတက် 09898299995
09443170724
09791973853

Capacitor ဆိုတာဘာလဲ...?🤔  ဆိုတာက လျှပ်စစ်ဓာတ်အားကို ခဏတာ သိုလှောင်ထားပြီး လိုအပ်တဲ့အချိန်မှာပြန်လည်ထုတ်ပေးနိုင်တဲ့ Elect...
25/08/2026

Capacitor ဆိုတာဘာလဲ...?🤔

ဆိုတာက လျှပ်စစ်ဓာတ်အားကို ခဏတာ သိုလှောင်ထားပြီး လိုအပ်တဲ့အချိန်မှာပြန်လည်ထုတ်ပေးနိုင်တဲ့ Electrical Component တစ်ခုပဲဖြစ်ပါတယ်။

မော်တာအလွတ်တွေနဲ့ရေပန့်တွေမှာဆိုရင်တော့ Capacitor က မော်တာကိုစတင်လည်ပတ်နိုင်ဖို့နဲ့ လည်ပတ်နေစဥ်မှာအားကောင်းကောင်းနဲ့လည်ဖို့အတွက်ကူညီပေးပါတယ်။

အဓိအားဖြင့် Capacitor ၂မျိုးရှိပါတယ်။

(၁). Start Capacitor

Start Capacitor ကမော်တာကိုစတင်လည်ချိန်မှာ Starting Torque အားကောင်းအောင်ကူညီပေးတာပါ။ မော်တာစလည်ပြီးတဲ့နောက်မှာတော့ အများအားဖြင့် circuit ကနေဖြတ်တောက်ပေးပြီး start capacitor က အလုပ်မလုပ်တော့ပါဘူး။

(၂). Run Capacitor

Run Capacitor ကတော့ မော်တာလည်နေစဥ်တစ်လျှောက်မှာ ချောမွေ့စွာလည်ပတ်စေဖို့နဲ့ မော်တာရဲ့ Efficiency ကောင်းစေဖို့အတွက်ကူညီပေးပါတယ်။

ဒါ့ကြောင့် Capacitor က Motor စတင်လည်စေဖို့နဲ့ လည်ပတ်နေစဥ်အားကောင်းဖို့အတွက်ကော အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက...☎
09898299993
09898299995
09443170724 တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🥰



Auto Pump (or) ပရက်ရှာပန့် တွေမှာအသုံးပြုတဲ့ Auto Switch ကြာရှည်ခံအောင်ဘာ​တွေသတိထားသင့်လဲ.....?🤔မင်္ဂလာပါခင်ဗျာ.......🙏ဒ...
18/08/2026

Auto Pump (or) ပရက်ရှာပန့် တွေမှာအသုံးပြုတဲ့ Auto Switch ကြာရှည်ခံအောင်ဘာ​တွေသတိထားသင့်လဲ.....?🤔

မင်္ဂလာပါခင်ဗျာ.......🙏

ဒီနေ့မှာတော့ မိတ်ဆွေတို့ရဲ့အိမ်မှာ အသုံးပြုနေတဲ့ Auto Pump (or) ပရက်ရှာပန့်တွေမှာ အသုံးပြုတဲ့ Auto Switch လို့ ခေါ်တဲ့ ရေအဖြတ်အတောက်ပြုလုပ်ပေးတဲ့ ဘူးလေးကို ကြာရှည်ခံ အောင် ဘယ်လိုထိန်းသိမ်းသင့်လဲ...?
ဘာတွေသတိထားရမလဲ...?
ဆိုတာ ပြောပြပေးပါမယ်ဗျ။

(1) #ပန့်ကိုစတင်တပ်ဆင်တဲ့အချိန်မှာရေပိုက်ဆက်တွေနဲ့ရေဘားတွေကိုသေချာလုံအောင်တပ်ဆင်ထားဖို့လိုပါတယ်...💦

(2) #ပန့်မောင်းနေစဥ် Voltage (မီးအား) အတက် အကျ မှန်၊ မမှန် သတိထားပေးသင့်ပါတယ်..မီးအားမမှန်ရင် Auto Switch အတွင်းက contact point လေးတွေပူပြီးလောင်သွားတာ ၊ ကပ်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်...💦

(3) ထဲကိုရေမဝင်အောင်လည်းဂရုစိုက်ပေးသင့်ပါတယ်....💦

အသုံးပြုနေတာကြာပြီဆိုရင် ရေပိုက်အဆက်တွေမလုံတော့တာ ရေပိုက်ပေါက်တာ ၊ ကွဲနေတာ မျိုးတွေဖြစ်ခဲ့ရင်လည်း ပန့်ကတောက်လျှောက်လည်နေတက်ပြီး Auto Switch ကိုထိခိုက်နိုင်လို့ ယခုအချက်လေးတွေကိုသတိထားပေးချင်းဖြင့် မိတ်ဆွေရဲ့ ပန့်ကိုရေရှည်ပိုခံစေသလို Auto Switch ရဲ့သက်တမ်းကိုလည်းပိုကြာရှည်ခံစေနိုင်မှာဖြစ်ပါတယ်....

အသေးစိတ်သိရှိလိုပါက...☎
09898299993
09898299995
09443170724 တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🥰

Submersible Pump တွေကိုရေရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ...🤔?မင်္ဂလာပါခင်ဗျာ....ဒီနေ့မှာတော့ Submersible Pump (အဝီစိတွင်...
08/08/2026

Submersible Pump တွေကိုရေရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ...🤔?

မင်္ဂလာပါခင်ဗျာ....
ဒီနေ့မှာတော့ Submersible Pump (အဝီစိတွင်းချပန့်) တွေကို ရေရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးပါမှာဖြစ်ပါတယ်......

1.💦 Dry Running (ရေမရှိပဲပန့်လည်နေခြင်း) မဖြစ်အောင် ပန့်စတင်မောင်းတဲ့အချိန်မှာသတိထားပေးသင့်ပါတယ်။

2.💦ပန့်ကို မမောင်းခင် Voltage (မီးအား) ငြိမ် ၊ မငြိမ် စစ်ဆေးပေးသင့်ပါတယ်။

3.💦Motor ရဲ့ မီးကြိုးဆက်တဲ့နေရာတွေမှာ ရေလုံ ၊ မလုံနဲ့ အဆက်နေရာတွေမှာခိုင်ခံ့မှု ရှိ ၊မရှိ ပန့်မချခင် သေချာစစ်ဆေးထားသင့်ပါတယ်။

4.💦မိမိရဲ့တွင်းက သဲ ၊ နုံး ၊ ကျောက်စရစ်အမှုန် ပါဝင်မှုနှုန်း များနေလားစစ်ဆေးပြီးမှချသင့်ပါတယ်။ သဲလိုက်နှုန်းများသေးရင် လေမှုတ်စက်ဖြင့်သေချာစွာ သဲလိုက်နှုန်းနည်းသည်အထိ မှုတ်ထုတ်ပြီးမှ ပန့်ကိုချသင့်ပါတယ်။

ယခုလိုအချက်လေးတွေကိုသိထားပြီဆိုရင်တော့ မိတ်ဆွေရဲ့ရေပန့်ဟာ ရေရှည်ပိုခံစေမှာပဲဖြစ်ပါတယ်။ ရေပန့်နဲ့ပတ်သက်လို့ သိချင်တာပဲဖြစ်ဖြစ် လိုအပ်တာရှိခဲ့ရင် ကျနော်တို့ #တက်ရွှေလဝန်းကုမ္ပဏီ မှာ ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်ခင်ဗျာ....🥰
အားလုံးကိုကျေးဇူးတင်ပါတယ်.....🙏

အသေးစိတ်သိရှိလိုပါက...☎
09898299993
09898299995
09443170724 တို့ကိုလည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....🥰

#တက်ရွှေလဝန်းကုမ္မဏီ

🌧ယခုလိုမိုးရာသီမှာ ကျွန်တော်တို့  #တက်ရွှေလဝန်းကုမ္ပဏီ မှဝန်ထမ်းမိသားစုများအား တစ်ဖက်တစ်လှမ်းမှအထောက်အကူဖြစ်စေရန်ရည်ရွယ်...
07/08/2026

🌧ယခုလိုမိုးရာသီမှာ ကျွန်တော်တို့ #တက်ရွှေလဝန်းကုမ္ပဏီ မှဝန်ထမ်းမိသားစုများအား တစ်ဖက်တစ်လှမ်းမှအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဆန်တစ်အိတ်စီထောက်ပံ့ပေးခဲ့ပါသည်။🥰🥰🥰

💥 ဝန်ထမ်းများ၏ကြိုးစားအားထုတ်မှုကိုအမြဲတန်ဖိုးထားလျက်.....🤝

"အတူတကွလက်တွဲကူညီ တက်ရွှေလဝန်းကုမ္ပဏီ"

  AC/DC Solar Pump များကို  #မိုးရာသီအထူးလျှော့စျေးနဲ့ဝယ်ယူနိုင်မည့် အခွင့်အရေးကြီးလာပါပြီဗျ😍😍😍...⚡ လျှပ်စစ်မီးရရှိတဲ့ မ...
01/08/2026

AC/DC Solar Pump များကို #မိုးရာသီအထူးလျှော့စျေးနဲ့ဝယ်ယူနိုင်မည့် အခွင့်အရေးကြီးလာပါပြီဗျ😍😍😍...

⚡ လျှပ်စစ်မီးရရှိတဲ့ မြို့တွေမှာသာမက မီးမရရှိတဲ့ကျေးလက်ဒေသတွေမှာပါ အသုံးပြုလို့ရမယ့် ံဆိပ် ထဲက /DC 2မျိုးသုံး Solar Pump တွေကို ယခု #မိုးရာသီအထူးလျှော့စျေးအနေနဲ့ ကျွန်တော်တို့ #တက်ရွှေလဝန်းကုမ္ပဏီမှာ ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ....😍

အသေးစိတ်သိရှိလိုပါက...☎
09898299993
09898299995
09443170724 တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

#မိုးရာသီအထူးလျှော့စျေး #တက်ရွှေလဝန်းကုမ္ပဏီ

🌕  #ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင်အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ🙏။ #ဝါဆိုလပြည့်  #ဓမ္မစကြာအခါတော်နေ့
28/07/2026

🌕 #ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင်အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ🙏။
#ဝါဆိုလပြည့် #ဓမ္မစကြာအခါတော်နေ့

🗓 19 July မမေ့နိုင်....🇲🇲 #အာဇာနည်သူရဲကောင်းများအား လေးစားစွာဂုဏ်ပြုအပ်ပါသည်။   #အာဇာနည်နေ့ဒို့မမေ့
19/07/2026

🗓 19 July မမေ့နိုင်....🇲🇲

#အာဇာနည်သူရဲကောင်းများအား လေးစားစွာဂုဏ်ပြုအပ်ပါသည်။
#အာဇာနည်နေ့ဒို့မမေ့

မင်္ဂလာပါ....🙏ဒီနေ့မှာတော့ ရေလိုက်အားနည်းတဲ့အဝီစိတွင်းတွေမှာ AC/DC ပန့်ကိုတပ်ဆင်အသုံးပြုရခြင်းရဲ့ အားသာချက်လေးကိုပြောပြပ...
18/07/2026

မင်္ဂလာပါ....🙏
ဒီနေ့မှာတော့ ရေလိုက်အားနည်းတဲ့အဝီစိတွင်းတွေမှာ AC/DC ပန့်ကိုတပ်ဆင်အသုံးပြုရခြင်းရဲ့ အားသာချက်လေးကိုပြောပြပေးမှာပဲဖြစ်ပါတယ်....☺

💦 /DC ပန့်တွေမှာဆိုရင် လို့ခေါ်တဲ့ မော်တာရဲ့လည်ပတ်အားကိုလိုသလိုချိန်ညှိလို့ရတဲ့စနစ်ပါတာပဲဖြစ်ပါတယ်။
အဲ့စနစ်ပါဝင်တဲ့အတွက် ရေလိုက်အားနည်းတဲ့တွင်းတွေမှာ တွင်းရဲ့ရေစိမ့်ထွက်အားနဲ့ကိုက်ညီအောင် မော်တာရဲ့လည်ပတ်အားကိုချိန်ညှိပေးနိုင်မှာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် #ရေကြောပျတ်သွားတာ၊ #ရေမလိုက်တော့တာတွေကနေကာကွယ်နိုင်မှာပဲဖြစ်ပါတယ်....
ဒါ့အပြင် Controller မှာလည်း ပါဝင်တဲ့အတွက် ရေမရှိပဲမောင်းထားမိရင် မော်တာကိုအလိုလျောက် ရပ်ပေးမှာပဲဖြစ်ပါတယ်....
ယခုလို AC/DC ပန့်တွေကို တပ်ဆင်အသုံးပြုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ #တက်ရွှေလဝန်းကုမ္ပဏီ မှာ တံဆိပ် AC/DC ပန့်တွေကို ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်ခင်ဗျာ.......

အသေးစိတ်သိရှိလိုပါက...☎
09898299993
09898299995
09443170724 တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

#တက်ရွှေလဝန်းကုမ္ပဏီ

13/07/2026

💦 #အဝီစိတွင်းချပန့် ဝယ်တဲ့အခါ မြင်းကောင်ရေ တစ်ခုထဲကိုကြည့်ပြီးဝယ်ရင်ရပြီလား.....?ဘာတွေသိထားဖို့လိုမလဲ....🤔?

အသေးစိတ်သိရှိလိုပါက...☎
09898299993
09898299995
09443170724 တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

#အဝီစိတွင်းချပန့်

🙏 မင်္ဂလာပါ...မိတ်ဆွေတို့အိမ်မှာအသုံးပြုနေတာ ကြာပြီဖြစ်တဲ့ Jet Pump တစ်လုံးက....👇     💦 ရေထွက်နည်းလာတာ ၊🔝 အရင်လောက်အမြင်...
02/07/2026

🙏 မင်္ဂလာပါ...မိတ်ဆွေတို့အိမ်မှာအသုံးပြုနေတာ ကြာပြီဖြစ်တဲ့ Jet Pump တစ်လုံးက....👇

💦 ရေထွက်နည်းလာတာ ၊

🔝 အရင်လောက်အမြင့်မတင်နိုင်တော့တာ (ဒါမှမဟုတ်)

🔄မော်တာလည်ပတ်အားနည်းသွားတာ ဒီလိုအချက်တွေကဘာကြောင့်ဖြစ်နိုင်လည်းဆိုတာ ပြောပြပေးပါမယ်....

ပထမဆုံးအနေနဲ့ အင်ပါယ်လာစားသွားတာ (ပဲ့နေတာ)
ဒါမှမဟုတ် Ejector ပြားကွဲနေတာ (ကျိုးပဲ့နေတာ) နောက် Diffuser လို့ခေါ်တဲ့ ပြွန်ချောင်းမကောင်းတော့တာ မျိုးဆိုရင် ရေတက်အားနည်းတာနဲ့ရေမစုတ်နိုင်တော့တာမျိုးတွေဖြစ်လာနိုင်ပါတယ်....

နောက်တစ်ခုကတော့ Capacitor အားနည်းလာရင်လည်း မော်တာကအရင်လောက်လည်ပတ်အားမကောင်းတော့တာ (ဖြည်းဖြည်းပဲလည်တော့တာ) ဒါမှမဟုတ် လုံးဝမလည်နိုင်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်.....
ဒီလိုအချက်တွေဖြစ်လို့မိတ်ဆွေတို့အနေနဲ့ ပန့်နဲ့ပတ်သက်တဲ့စပါယ်ယာလေးတွေလဲဖို့လိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ တက်ရွှေလဝန်းကုမ္ပဏီ မှာ ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ......🥰🥰🥰

အသေးစိတ်သိရှိလိုပါက...☎
09898299993
09898299995
09443170724 တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

#စပါယ်ယာ

Address

BoSonPat Street(Lower), Pabedan Township
Yangon
1568

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Telephone

+95 9 964 526240

Website

Alerts

Be the first to know and let us send you an email when တက်ရွှေလဝန်းကုမ္ပဏီလီမိတက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တက်ရွှေလဝန်းကုမ္ပဏီလီမိတက်:

Shortcuts

Share