SWE Readymade Food&Cloths House

SWE Readymade Food&Cloths House Healthy and Easy

ယုဇနလက်ဖက်နှင့်အကြော်စုံ(ချဥ်စပ်/အချိုနှပ်)၁၀ ထုပ်တွဲ = 9500၅ ထုပ်တွဲ = 9500Contact to Cband📱09 43179096(Viber)
18/12/2025

ယုဇနလက်ဖက်နှင့်အကြော်စုံ(ချဥ်စပ်/အချိုနှပ်)
၁၀ ထုပ်တွဲ = 9500
၅ ထုပ်တွဲ = 9500
Contact to Cb
and
📱09 43179096(Viber)

အစားအသောက်များကို အန္တရာယ်ကင်းအောင် စားနည်းများ(၁) လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ လက်ဖက်သုပ်စားပြီး ၁၅ မိနစ်ခန...
20/05/2020

အစားအသောက်များကို အန္တရာယ်ကင်းအောင် စားနည်းများ

(၁) လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ လက်ဖက်သုပ်စားပြီး ၁၅ မိနစ်ခန့်ကြာရင် လျက်ဆား၊ ကိုးပါးဆေး၊ မဟာဖြေဆေး စတဲ့ လေနဲ့ဆိုင်တဲ့ မြန်မာဆေးတစ်ခုခုကို အနည်းငယ် လျှက်ပေးလိုက်ရင် အစာမကြေ၊ လေပွ၊ ရင်ပြည့်ရင်ကယ် မဖြစ်တော့ပါဘူး။

(၂) လက်ဖက်သုပ်၊ ဂျင်းသုပ်စတဲ့ အသုပ်စုံတို့ကို စားတဲ့အခါ ကြက်သွန်ဖြူစားပြီး ပါးစပ်နံမှာစိုးရင် မြေပဲစေ့ ၄၊ ၅ စေ့ကိုသာ အရင်ဖယ်ထား။ စားပြီးတာနဲ့ မြေပဲကို ဝါးပြီး ပါးစပ်ထဲ ၁ မိနစ်ခန့် ငုံထား။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့အနံ့တွေကို မြေပဲ စုပ်ယူနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ချက်ချင်း အနံ့ပျောက်တယ်။

(၃) ငှက်ပျောသီးဘယ်လောက်စားစား ဗိုက်မနာအောင် ဆားလေးနည်းနည်း တို့စားလိုက်လိုက်ပါ။ ငှက်ပျော်သီးရဲ့အချိုဓါတ်ကို ဆားကထိန်းပေးလိုက်လို့ လုံး၀ဗိုက်မနာတော့ဘူး။

(၄) ရခိုင်တို့ ငရုတ်သီးများများစာနိုင်ခြင်းရဲ့ လျှို့၀ှက်ချက်ကတော့ ငရုတ်သီးကို အပူပေးပြီးမှ စားခြင်းဖြစ်ပါတယ်။ ငရုတ်သီးကို အစိမ်းလိုက် ဘယ်တော့မှ မစားနဲ့။ လှော်၊ ကြော်၊ ပြုတ်၊ ဖုတ်၊ အဲလိုအပူပေးပြီးမှ ကြိုက်သလောက်စား။ သံပုရာသီးလေးညှစ်ထည့်ပြီးမှ စား။ ဗိုက်မနာတော့ဘူး။

(၅) အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ၊ အသုပ်မျိုးစုံ၊ မုန်းဟင်းခါးစတဲ့ အဆီအဆိမ့်များသည့် အစားအစာတို့ကို မစားမီ ရှေးဦးစွာ သံပုရာသီးတစ်စိတ် အရင်ကိုက်စားလိုက်ပါ။ သို့မဟုတ် ဇွန်းထဲတွင် အရည်ညှစ်၍ သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

(၆) လက်ဖက်ကို ဘေးဥပဒ်ဖြစ်စေနိုင်သည့် ပထမဦးစွာ ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပြီး အလွန်ပြင်းထန်သော အခါးဓါတ်လျှော့ချပြီးမှ သုပ်စားလျှင် အန္တရာယ်ကင်းပါသည်။ အစာမကြေခြင်း၊ လေအောင့်ဖြစ်စေခြင်းတို့မှလည်း လျှော့နည်းစေပါသည်။

(၇) အဆီအဆိမ့်များလွန်းသော ဒံပေါက်ထမင်း၊ ထောက်ပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူဒီနာ (ပူစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

(၈) အဆိပ်အတောက်များလွန်း၍ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အကောင်းဆုံးပါ။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည်ညှစ်ထည့်ပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစိတ်ကြိုက် ချက်စားပါ။ သို့မဟုတ် - မျှစ်ချဉ်ချက်အိုးထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

(၉) ရင်ကျပ်ရောဂါ မဖြစ်နိုင်အောင် မန်ကျည်းသီးစိမ်းကို အပြင် အမြှေးခွံ ညိုညစ်ညစ်များကို ခြစ်ချပြီး အစိမ်းရောင်မန်ကျည်းသီးသားများကိုသာ ထောင်း၍ ချက်၍ စားသင့်ပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာလန်းဖြာနေထိုင်ကောင်းကြပါစေ။

ကိုးကား = အစွမ်းထက်သဘာဝဆေးနည်းများ
Credit

လက်ဖက်အကြောင်း တစေ့တစောင်းနိုင်ငံတိုင်းမှာသူများနဲ့ မတူတဲ့ နိုင်ငံကိုကိုယ်စားပြုတဲ့ ယဉ်ကျေးမှု၊ အပြောအဆို၊ အနေထိုင်၊ ၀တ်...
19/05/2020

လက်ဖက်အကြောင်း တစေ့တစောင်း
နိုင်ငံတိုင်းမှာသူများနဲ့ မတူတဲ့ နိုင်ငံကိုကိုယ်စားပြုတဲ့ ယဉ်ကျေးမှု၊ အပြောအဆို၊ အနေထိုင်၊ ၀တ်စားဆင်ယင်မှု၊ အစားအသောက်ဓလေ့တွေ ရှိကြပါတယ်။မြန်မာနိုင်ငံမှာ ဆိုရင်လည်း တခြားနိုင်ငံတွေနဲ့ မတူတဲ့ အစားအသောက်ဓလေ့လေးတွေ ရှိပါတယ်။

အသီးမှာ သရက်၊အသားမှာ ၀က်၊အရွက်မှာ လက်ဖက် ဆိုတဲ့ဆိုရိုးစကားအတိုင်း သစ်သီးမှာဆို သရက်သီးကအကောင်းဆုံး၊အရွက်မှာတော့ လက်ဖက်ရွက်က အကောင်းဆုံးလို့ ဆိုကြပါတယ်။အရွက်ထဲမှာမှ အကောင်းဆုံးဆိုတဲ့ လက်ဖက်ရွက်ကို ရေနွေးကြမ်းလိုတစ်မျိုး၊လက်ဖက်ရည်အဖြစ်တစ်ဖုံ၊ သုပ်ပြီးစားတဲ့ လက်ဖက်သုပ် ဆိုပြီး သုံးမျိုးနီးပါး အသုံးပြုစားသောက်ကြတာတော့ မြန်မာပြည်ရဲ့အလေ့အထလို့ ပြောလို့ရမယ်ထင်ပါတယ်။
လက်ဖက်ဆိုတာ ရှေးအခါကတည်းက ဧည့်သည်ကို လက်ဖက်သုပ်၊ ရေနွေးကြမ်းနဲ့ တခမ်းတနား ဧည့်ခံကျွေးမွေးတဲ့ အ​လေ့အထ ရှိကြပါတယ်။

လက်ဖက်ပင်ကို စတင်တွေ့ရှိခဲ့ကြတာတော့ အာရှမှာပဲဖြစ်ပါတယ်။စတင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ တရုတ်၊အိန္ဒိယနဲ့အတူ မြန်မာနိုင်ငံလည်းပါ၀င်ပါတယ်။ပါးစပ်ပြော တရုတ်သမိုင်းမှာတော့ ဘီစီ ၂၇၃၇ က (ရှန်နွမ်) ဧကရာဇ်ဟာ လက်ဖက်ပင်အောက်မှာ ထိုင်နေရင်း သူသောက်တဲ့ရေနွေးထဲ အမှတ်တမဲ့ကျတဲ့ အရွက်ကို ရာဇအိနြေ္ဒမပျက် ဆက်သောက်ရာကနေ သဘောကျနှစ်ခြိုက်တော်မူပြီးနောက် လူတွေ လိုက်သောက်လာကြတယ်လို့ ရာဇ၀င်ရှိပါတယ်။

လက်ဖက်ရွက်မှာလဲ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိပါတယ်။အမိုင်နို အက်စစ်၊ဗီတာမင် စီ၊အီး၊ပါ၀င်လို့ သွေးဖိအား ထိန်းညှိပေးတယ်။အဆီမတက်အောင်လဲ ထိန်းချုပ်ပေးပါတယ်။ခေတ်တွေဘယ်လိုပဲ ပြောင်းပြောင်း၊အစားအသောက်တွေဘယ်လိုပဲပြောင်းပြောင်း၊ ကျွန်တော်တို့မြန်မာလူမျိုးတွေပါးစပ်မှာ လက်ဖက်သုပ်ကလေးနဲ့ ရေနွေးကြမ်းလေးသောက်လိုက်ရရင်တော့ အာဂပါးစပ်လူဖြစ်ကျိုးနပ်ပေရော့

အခုဆို ကိုရိုနာဗိုင်းရပ်စ် (ဝူဟန်)
ကို လက်ဖက်ရည်နွေးသောက်ခြင်းဖြင့် ကာကွယ်နိူင်ကြောင်း တွေ့ရှိရပါသည်။
ဒါကြောင့် လက်ဖက်ရည်နွေး များများသောက်ပါ။
Crd

Address

Yangon
Yangon
0943179096

Telephone

0943179096

Website

Alerts

Be the first to know and let us send you an email when SWE Readymade Food&Cloths House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SWE Readymade Food&Cloths House:

Share

Category