Beyond Your Wishes

Beyond Your Wishes ပျော်ရွှင်စရာတွေကို တခြားသူတွေနဲ့မျှဝေပါ
ဝမ်းနည်းနာကျင်စရာတွေကို ကျနော့်ဆီမှာ ရင်ဖွင့်ပါ

05/10/2019

"မင်္ဂလာပါ"
အချိန် ၁မိနစ် ပေးနိုင်ရုံနဲ့ မိတ်ဆွေရဲ့ လိုအပ်ချက်မှန်သမျှ ပြည့်စုံစေ ရပါမယ်
ကျွန်တော်တို့ရဲ့ page လေးကနေ ကြိုဆိုပါတယ်
ကျ့န်တော်တို့ဆီမှာ မိတ်ဆွေ 'ဘာပဲလိုချင်လိုချင်' ရနိုင်အောင် ဝန်ဆောင်မှုပေးပါတယ်
-စကားပြောဖော် လိုပါသလား
-ရုပ်ရှင်အတူကြည့်ဖို့ လိုပါသလား
-စိတ်ညစ်နေတဲ့အချိန် ရင်ဖွင့်တာမှန်သမျှ နားထောင်ပေးမယ့်သူ လိုပါသလား
-စိတ်အားငယ်နေချိန် အားပေးမယ့်သူ လိုပါသလား
-အထီးကျန်နေချိန် အနားမှာအဖော်အဖြစ် နေပေးမယ့်သူ လိုပါသလား
-နေထိုင်ဖို့အတွက် အိမ်လေးတစ်လုံး လိုပါသလား
-သွားသွားလာလာ လုပ်ဖို့ ကားလေးတစ်စီး လိုပါသလား
-သုံးဖို့စွဲဖို့ ငွေကြေး လိုပါသလား
-ရန်ကုန်ကနေ နယ် (သို့) နိုင်ငံခြားကို ခရီးထွက်တဲ့အခါ ခရီးဖော်လိုပါသလား လေယာဉ်လက်မှတ် ဟိုတယ် အစစအရာရာ အဆင်ပြေ လိုပါသလား Visa Passport အစရှိတာတွေကို လိုပါသလား
-နယ်ကနေ ရန်ကုန် (သို့) နိုင်ငံခြားကို ခရီးထွက်တဲ့အခါ ခရီးဖော်လိုပါသလား လေယာဉ်လက်မှတ် ဟိုတယ် အစစအရာရာ အဆင်ပြေ လိုပါသလား
-စားသောက်ဆိုင် အတူထိုင်ပေးမယ့်သူ KTVမှာ သီချင်းအတူလိုက်ဆိုပေးမယ့်သူ လိုပါသလား
-တိုက်ခန်းမှာ အတူနေရန်အတွက် အဖော် လိုပါသလား
-ပစ္စည်းတစ်ခုခုဝယ်ဖို့ကို ဘယ်မှာရှာရမှန်းမသိဖြစ်နေပါသလား
-ကားမောင်းပေးမယ့် ဒရိုင်ဘာ လိုပါသလား
-ရုံးပြင်ကန္နားကိစ္စတွေကို ကိုယ်စားသွားပေးမယ့်သူ လိုပါသလား
-ရန်ကုန်မြို့တစ်ပတ်ကို ကားနဲ့ တစ်နေကုန် လိုက်ပို့ပေးမယ့်သူ လိုပါသလား
-နယ်ဘုရားစုံဖူးချင်တာကို လိုက်ပို့ပေးမယ့်သူ လိုပါသလား
မိတ်ဆွေ အပေါ်က မေးခွန်းတွေထဲက တစ်ခုမျှလောက်ကို 'လိုပါတယ်' လို့ စိတ်ထဲမှာ ပေါ်လာခဲ့လျှင် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ ခင်ဗျာ
ဒီအပြင် မိတ်ဆွေ စိတ်ထဲမှာ ပေါ်လာသော လိုချင်တာ မှန်သမျှကို ကျွန်တော်တို့အား ပြောဆို၍ ဝန်ဆောင်မှု တောင်းနိုင်ပါသည်
မိတ်တွေဘက်က စိတ်ထဲကလိုချင်တာမှန်သမျှကိုသာ ထုတ်ပြောနိုင်ပါစေ
ဝန်ဆောင်မှုပေးဖို့အတွက်က ကျွန်တော်တို့ တာဝန်ပါ ခင်ဗျာ
Page သို့ messenger မှ စာပို့၍သော်လည်းကောင်း ph- 09899597097 သို့ ဆက်သွယ်၍သော်လည်းကောင်း မိတ်တွေတို့ လိုအပ်သမျှကို ပြောကြားနိုင်ပါပြီ
Zawgyi...
"မဂၤလာပါ"

တစ်ခါတစ်လေတော့ လွမ်းတယ်တစ်ခါတစ်လေတော့ သတိရတယ်တစ်ခါတစ်လေတော့ ‌အောက်မေ့တယ်တစ်ခါတစ်လေတော့ မေ့ပျောက်ချင်တယ်တစ်ခါတစ်လေတော့ မှ...
05/10/2019

တစ်ခါတစ်လေတော့ လွမ်းတယ်
တစ်ခါတစ်လေတော့ သတိရတယ်
တစ်ခါတစ်လေတော့ ‌အောက်မေ့တယ်
တစ်ခါတစ်လေတော့ မေ့ပျောက်ချင်တယ်
တစ်ခါတစ်လေတော့ မှတ်မိနေချင်တယ်
တစ်ခါတစ်လေတော့ ဘာမှမဖြစ်ခဲ့ဘူးလို့ ထားလိုက်ချင်တယ်
တစ်ခါတစ်လေတော့ ချစ်တယ်
တစ်ခါတစ်လေတော့ မုန်းတယ်
တစ်ခါတစ်လေတော့ ဘာခံစားချက်မှမရှိချင်တော့ဘူး
ဘယ်လိုပဲ ဖြစ်နေနေ
ငါ့ရင်ထဲမှာတော့ အမြဲတမ်း မင်းက ရှိနေတယ်

-Reaction လေးများ 👍🏻❤️😂😮😢😡ကျွန်တော် Facebookဆိုတာကြီးကို စပြီးသုံးဖြစ်တော့ 2012ခုနှစ်-အဲ့ခေတ် အဲ့အခါတုန်းကတော့ Facebook ...
02/06/2019

-Reaction လေးများ 👍🏻❤️😂😮😢😡
ကျွန်တော် Facebookဆိုတာကြီးကို စပြီးသုံးဖြစ်တော့ 2012ခုနှစ်
-အဲ့ခေတ် အဲ့အခါတုန်းကတော့ Facebook မှာ Likeဆိုတဲ့ reactတစ်မျိုးပဲရှိတယ်
-မကြိုက်ရင် Dislikeပေးစရာမပါဘူး reactကို မနှိပ်ပဲနေပေါ့
-အဲ့လိုနဲ့ သုံးလာတယ် မှတ်မိသလောက် ၂၀၁၆လောက်က စပြီးတော့ Likeကို ဖိလိုက်ရင် တခြား Reactလေးတွေပေါ်လာတယ်
-အဲ့မှာစပြီးတော့ သုံးတဲ့သူတွေအနေနဲ့ ရွေးချယ်စရာများလာပြီး ပိုစ့်အပေါ်မှာ ကိုယ့်ရဲ့ Reaction လေးတွေကို ပြလို့ ရလာကြတယ်
ဥပမာဗျာ.....(ကျွန်တော့အတွေးပေါ့လေ)
*Like 👍🏻.. ကြိုက်တယ်/သဘောကျတယ်/မဆိုးပါဘူး/သာမန်ကာလျှံကာသဘောမျိုးလေးပေါ့
*Love ❤️.. ချစ်တယ်/နှစ်သက်တယ်/အမြတ်တနိုးရှိတယ် Crushပုံ မိသားစုပုံ ခွေးလေး ကြောင်လေးတွေပုံတွေမှာပေးကြတယ်
*HaHa😂.. ရယ်ရတယ်/ ဟာသတွေ သရော်ထားတာလေးတွေများပေးတတ်ကြတယ်
*Wow 😮.. ဒါလေးကတော့အမေးဇင်းးး/skillတွေ ပြတဲ့ videoတွေ စပရိုက်ဖြစ်တဲ့ အခါမှာသုံးကြတယ်
*Sad😢.. ဝမ်းနည်းစရာကောင်းတဲ့ပိုစ့်တွေ ဟက်ထိတဲ့ပိုစ့်တွေမှာ ပေးကြတယ်
*Angry 😡.. ဒေါသထွက်တယ်/နိုင်ငံရေးပိုစ့်တွေ သဘောထားကွဲလွဲတဲ့ပိုစ့်တွေ ကျေနပ်စရာမကောင်းတဲ့ပိုစ့်တွေမှာ ပေးကြတယ် တစ်နည်းအားဖြင့် Dislikeပေါ့
**အဲ့လို Reactတွေပေါ်လာတာက စပြီး Facebookမှာ ပြဿနာသေးသေးလေးတွေကနေ အကြီးကြီးတွေထိ တက်ကုန်ပါတော့တယ်
-ပြဿနာအများဆုံးတက်တာကတော့ HaHa React 😂
$ဒီကောင့် ငါ့ပိုစ့်ကို ဟဟ ပေးတယ် ဘာကောင်လဲ
$ငါအမှန်အကန် ဖီးလ်ထားတာကို ဟဟ ပေးတာ ဘယ်သူလဲ
-အဲ့လိုမျိုးတွေပေါ့လေ
-ကျွန်တော်ဆို လက်က အကျင့်ကိုပါနေတာ HaHaကိုပဲနှိပ်မိနေတော့တာ
-နောက်တစ်ခု က Angry React😡😡.အဲ့ Reactလဲ အနည်းနဲ့အများဆိုသလို ပြဿနာတက်ကြတာပဲ
-ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆိုရင် ဘာပိုစ့်ဖြစ်ဖြစ် Angry Reactပဲ အမြဲပေးတယ်
-သူ့အကြောင်းပြချက်က Angry Reactကို နှိပ်ဖို့ဆိုရင် လက်မလေးကို ဟိုးအဝေးထိရွှေ့ရတယ်တဲ့ အဲ့တော့ သူက ဂရုစိုက်လွန်းလို့ အပင်ပန်းခံပြီး 😡ပေးတာပါတဲ့ 😏😏
*နောက်ဆုံးတစ်ခုကတော့ စောင်FA တွေနဲ့တော့မဆိုင်ပါဘူး*
LOVE React ❤️
-သူကတော့ သမီးရည်းစားအချင်းချင်းကြားမှာ ကောင်မလေးတင်တဲ့ပုံကို ❤️မပေးမိတာမျိုး တခြားကောင်မလေးကို ❤️ပေးမိတာမျိုးမှာ ပြဿနာတက်ကြပါတယ်
# #**အဓိက ပြောချင်တာကတော့
Like,Love ,HaHa ,Sad ,Wow,Angry
ကြိုက်တဲ့ Reactကို ပေးချင်တာပေးကြပါစေ အဲ့လိုReactဖို့ဆိုတာ ပေးတဲ့သူအဖို့ အနည်းဆုံးတော့ လက်မလေးကို အလုပ်ပေးရတာပါပဲ သူတို့အနေနဲ့ကိုယ့်ကို စိတ်ထဲမှာ ရှိနေလို့သာ Reactကြတာပါလို့ မှတ်ထားကြပါ ** # #
-Dislikeပေးတာမှမဟုတ်တာကွယ် ဘာပေးပေးပေါ့ 😏😏 (ဇူကာဘတ်ကလည်း တမင်မထည့်ပေးထားတာပါ)

😊ပြုံးပါ 😊စိတ်ပါလက်ပါ ပြုံးပါ 😊ရင်ထဲအသည်းထဲက ပြုံးပါ😊ကိုယ့်ရဲ့ စိတ်နှလုံးအေးချမ်းအောင် ပြုံးပါ😊မြင်တွေ့ရတဲ့သူ စိတ်ချမ်းသ...
28/04/2019

😊ပြုံးပါ
😊စိတ်ပါလက်ပါ ပြုံးပါ
😊ရင်ထဲအသည်းထဲက ပြုံးပါ
😊ကိုယ့်ရဲ့ စိတ်နှလုံးအေးချမ်းအောင် ပြုံးပါ
😊မြင်တွေ့ရတဲ့သူ စိတ်ချမ်းသာအာင် ပြုံးပါ
😊အခက်အခဲကြုံတဲ့အခါ မှိုင်တွေစိတ်ညစ်နေလို့ ပြေလည်သွားမှာ မဟုတ်တဲ့အတူတူ ပြုံးပါ
😊ဖြစ်ခဲ့သမျှကို နောင်တရ ပူဆွေးနေလို့ ပြန်ပြင်လို့ မရတဲ့အတူတူ ပြုံးပါ
😊ဒေါသထွက်လို့ ပြဿနာတွေ ဖြေရှင်းပြီးသားဖြစ်သွားမှာ မဟုတ်တဲ့ အတူတူ ပြုံးပါ
😊အတိတ်ကို ပြင်လို့မရ အနာဂတ်ကို မှန်းဆလို့မရ ပစ္စုပ္ပန် မှာပဲ နေရတဲ့ ဘဝမှာ ပြုံးပါ
😊လူ့ဘဝမှာ နေရတဲ့ ခဏတာမှာ ဘယ်အချိန်သေမယ် မသိရတဲ့အတွက် ပြုံးပါ
😊အဲ့ဒါကြောင့် ပြုံးပါ

အစားအသောက်နဲ့ပတ်သက်လာရင် . . . .
08/04/2019

အစားအသောက်နဲ့ပတ်သက်လာရင် . . . .

ဆိတ်ပုဆိုးကြမ်း. . . .မန်းလေးဆေးရုံကြီးရှေ့ လမ်း ၃၀ပေါ်မှာတော့ တစ်ပွဲ ၈၀၀လမ်းကြားထဲမှာတော့ တစ်ပွဲ ၅၀၀နဲ့ရတယ်လမ်းဘေးဆိုင်ေ...
06/04/2019

ဆိတ်ပုဆိုးကြမ်း. . . .
မန်းလေးဆေးရုံကြီးရှေ့
လမ်း ၃၀ပေါ်မှာတော့ တစ်ပွဲ ၈၀၀
လမ်းကြားထဲမှာတော့ တစ်ပွဲ ၅၀၀နဲ့ရတယ်
လမ်းဘေးဆိုင်လေးတွေဆိုပေမယ့်
သပ်သပ်ရပ်ရပ်နဲ့ သန့်တဲ့ဆိုင်လေးတွေရှိတယ်
ရာသီဥတုပူပေမယ့်
ညနေဘက်တွေမှာ သောက်လို့ကောင်းတယ်
သံပုရာသီးစိတ်လေးညှစ်ထည့် ငရုပ်သီးမှုန့်လေးဖြူး
မဝသေးရင် ကြာဇံကြော်နဲ့ ခေါက်ဆွဲကြော်ပါထပ်ဆွဲ

26/03/2019

ကျနော်ကတော့ ချစ်တာပါပဲ
ကျောင်းသားဘဝကတည်းက ခုထိပါပဲ
ခဗျားကို ချစ်တယ်
ခဗျားမိန်းမကိုလည်း ချစ်တယ်
ခဗျားသမီးလေးကိုလည်း ချစ်တယ်
ခဗျားနဲ့ပတ်သက်သမျှ အရာရာကိုချစ်တတ်လာတယ်
ပိုင်ဆိုင်လိုခြင်းကင်းတဲ့ ချစ်ခြင်းမျိုးနဲ့ပါ

20/03/2019

ကြိုးစားတိုင်းဖြစ်မလာတဲ့အရာတွေထဲမှာ
အချစ်လည်းပါတယ်
ကျနော်တို့နီးသလားဆိုတော့
မနီးပါဘူး
ကျနော်တို့ဝေးနေကြသလားဆိုပြန်တော့
မဝေးပါဘူး
ကျနော်တို့နှစ်ယောက်ကြားမှာအကွာအဝေးတစ်ခုရှိတယ်
လက်တစ်ကမ်းစာပါပဲ
ဒီ့ထက်လည်းပိုမဝေးတော့သလို
ဒီ့ထက်လည်းပိုမနီးနိုင်ကြတော့ပါဘူး

19/03/2019

ပြဿနာမရှာသရွေ့တော့ ပြဿနာကို တွေ့မှာမဟုတ်ဘူး😏😏

17/03/2019

လူကြီးတွေက ခက်တယ်
-နတ်ပြည်ခြောက်ထပ်နဲ့ ငရဲကြီးရှစ်ထပ်အကြောင်းကို ကလေးတွေကိုသင်ပေးခဲ့ကြတယ်
-တာဝတိံသာ နတ်ပြည် ရှိတဲ့ မြင်းမိုရ်တောင်အကြောင်းကိုတော့ ကလေးတွေကို မသင်ပေးခဲ့ဘူး

ဒုဌဝတီတစ်လျှောက်ပေါ့သိပ်လှတဲ့နေရာတွေရှိသေးတယ်ဆိုတာမင်းကို လိုက်ပြချင်သေးတယ်
16/03/2019

ဒုဌဝတီတစ်လျှောက်ပေါ့
သိပ်လှတဲ့နေရာတွေရှိသေးတယ်ဆိုတာ
မင်းကို လိုက်ပြချင်သေးတယ်

14/03/2019

ခဗျားနဲ့ပတ်သက်သမျှ အရာအားလုံးဟာ
ကျနော့်အတွက်တော့ အမှတ်ရစရာတွေပါပဲ
ကိုယ့်ဖုန်းနံပါတ်တောင်မှတ်မထားတတ်တဲ့လူတစ်ယောက်ဟာ
ခဗျားသုံးခဲ့ဖူးတဲ့ ဖုန်းနံပါတ်တွေအကုန်အလွတ်ရနေတယ်
ကတ္တီပါဖိနပ်အပြာ အမြဲစီးတတ်တဲ့ခြေဖမိုးဖြူဖြူလေးတွေ
စကားပြောရင်မထီသလိုပြောတတ်တဲ့
အက်ရှရှအသံတွေ
ဆံပင်တိုတိုထားရတာ သဘောကျတဲ့အကြောင်းတွေ
စတစ်ကော်လာအဖြူ ဝတ်ရတာ သိပ်ကြိုက်တဲ့အကြောင်းတွေ
ညဘက်တွေမှာ ဘောလုံးကွင်းထဲသူငယ်ချင်းတွေစုပြီး
ဂစ်တာတီးရတာ အပျော်ဆုံးဆိုတာတွေ
မိသားစုမောင်နှမတွေကို သိပ်ချစ်တဲ့အကြောင်းတွေ
အာဆင်နယ်က အကြိုက်ဆုံးဘောလုံးအသင်းဆိုတာတွေ
ခဗျားချစ်သူကို သိပ်ချစ်တဲ့အကြောင်းတွေ . . . . . . . . .

Address

Yangon
11421

Telephone

09899597097

Website

Alerts

Be the first to know and let us send you an email when Beyond Your Wishes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Beyond Your Wishes:

Share