Aircon Service-ND

Aircon Service-ND Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aircon Service-ND, Business service, Yangon.

08/06/2025

MCG

01/02/2025

Eco mode function အကြောင်း သိကောင်းစရာ

💁ရေခဲသေတ္တာချင်းတူပေမဲ့ အိမ်သုံးနဲ့ဆိုင်သုံးဘာကြောင့်မတူတာလဲဆိုတာ စဉ်းစားမိကြလား 🤔✅အိမ်သုံးရေခဲသေတ္တာတွေမှာလည်း အသားအေးခ...
11/11/2024

💁ရေခဲသေတ္တာချင်းတူပေမဲ့ အိမ်သုံးနဲ့ဆိုင်သုံးဘာကြောင့်မတူတာလဲဆိုတာ စဉ်းစားမိကြလား 🤔

✅အိမ်သုံးရေခဲသေတ္တာတွေမှာလည်း အသားအေးခဲစေမဲ့ Freezer အပြင် အသီးအရွက်တွေနဲ့ အအေးတွေထည့်ဖို့ အကန့်လေးတွေသေချာခွဲပေးထားပါတယ်။ ဒါပေမဲ့ အိမ်သုံးရေခဲသေတ္တာတွေကို ဆိုင်မှာမသုံးကြပါဘူး။

✅ဒါဆို အိမ်သုံးရေခဲသေတ္တာနဲ့ ဆိုင်သုံးရေခဲသေတ္တာတွေရဲ့ ကွာခြားချက်တွေကဘာတွေဖြစ်မလဲ။

✅အရွယ်အစားနဲ့ စွမ်းဆောင်ရည် - အိမ်သုံးရေခဲသေတ္တာတွေက ပုံမှန်အားဖြင့် စားသောက်ဆိုင်သုံးရေခဲသေတ္တာတွေနဲ့ယှဥ်ရင် အရွယ်အစားပိုသေးပြီး သိုလှောင်နိုင်တဲ့ပမာဏ ပိုနည်းပါတယ်။ အိမ်သုံးရေခဲသေတ္တာတွေက မိသားစုအတွက်သာဖြစ်ပြီးစားသောက်ဆိုင်သုံးရေခဲသေတ္တာတွေကတော့ စီးပွားရေးလုပ်ငန်းသုံး မီးဖိုချောင်တစ်ခုစာ လိုအပ်တဲ့ အစားအစာနဲ့ ပါဝင်ပစ္စည်းတွေကို သိုလှောင်ထားနိုင်ဖို့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

✅ကြာရှည်ခံမှုနှင့် အကြမ်းခံမှု - ဆိုင်သုံးရေခဲသေတ္တာတွေအများစုက နေ့စဥ်အသုံးပြုမှုအတွက်နဲ့ မကြာခဏတံခါးအဖွင့်အပိတ်များကို ကြံ့ကြံ့ခံနိုင်တဲ့ ဒီဇိုင်းနဲ့အထူးပြုလုပ်ထားတာကြောင့် အိမ်သုံးရေခဲသေတ္တာထက် ပိုအကြမ်းခံပါတယ်။

✅တိကျတဲ့အပူချိန် ချိန်ညှိမှု - ဆိုင်သုံးရေခဲသေတ္တာတွေမှာ အစားအသောက်ရဲ့လတ်ဆတ်မှုကို ကြာကြာထိန်းသိမ်းပေးနိုင်ဖို့အတွက် တိကျတဲ့ အပူချိန်ထိန်းချုပ်မှုစနစ်ပါဝင်ပါတယ်။ ခေတ်မီလာတဲ့နောက်ပိုင်းမှာတော့ အိမ်သုံးရေခဲသေတ္တာတွင်လည်း အလားတူစနစ်ထည့်သွင်းလာကြပါတယ်။

✅ကုန်ကျစရိတ် - စားသောက်ဆိုင်သုံးရေခဲသေတ္တာတွေက သူတို့ရဲ့ပိုကြီးတဲ့အရွယ်အစား၊ ကြာရှည်ခံမှုနဲ့ လုပ်ငန်းသုံးအဆင့်အင်္ဂါရပ်တွေကြောင့် အိမ်သုံးရေခဲသေတ္တာတွေဲ့ယှဥ်ရင် စျေးကြီးပါတယ်။ အိမ်သုံးရေခဲသေတ္တာတွေကတော့ မိသားစုဝင်အနည်းအများအလိုက် ပိုသက်သာတဲ့ကုန်ကျစရိတ်နဲ့ရွေးချယ်ဝယ်ယူလို့ရပါတယ်။

✅LG
Refrigerator 500Lit
B187JQAM
Price - 3,699,000/-Ks💦💦

🙋‍♂️Electronic Sales Department
☎️09-268097744
☎️09-969838744
☎️067-8109889
🙋‍♂️ Electronic Service Departmen
☎️09-268087744
☎️09-268087755🤗


𝘼𝙞𝙧 𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 အတွက်ဆိုရင်𝙉𝘿 𝘼𝙞𝙧 𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 နှင့်မိတ်ဆက်ပေးပါရစေခင်ဗျာ💢စျေးနှုန်းလည်းမှန်ကန်💨💢လက်ရာလည်းသေသပ်💨💢မြန်ဆန်သ...
20/04/2024

𝘼𝙞𝙧 𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 အတွက်ဆိုရင်
𝙉𝘿 𝘼𝙞𝙧 𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 နှင့်မိတ်ဆက်ပေးပါရစေခင်ဗျာ

💢စျေးနှုန်းလည်းမှန်ကန်💨
💢လက်ရာလည်းသေသပ်💨
💢မြန်ဆန်သောလုပ်အား💨
🏠လူ​ကြီးမင်းတို့၏ နေအိမ် တိုက်ခန်း ရုံးခန်း ဆိုင်ခန်းတွေမှာတပ်ဆင်ထားသော 𝘼𝙞𝙧-𝘾𝙤𝙣 တွေ အတွက် 𝙎𝙚𝙧𝙫𝙞𝙘𝙚 ခေါ်ဖို့ စဥ်းစားနေပါသလား

𝙉𝘿 𝙀𝙣𝙜𝙞𝙣𝙚𝙚𝙧𝙞𝙣𝙜 𝙥𝙖𝙜𝙚 ကိုဝင်ရောက်လေ့လာရင်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ☑️🌐

𝘼𝙞𝙧-𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 ခေါ်ယူအသုံးပြု လိုပါက
📞09-457403910,09-457403820 သို့

ဆက်သွယ်မေးမြန်းနိုင်ပါသည်။
➖➖➖➖➖➖➖➖➖➖➖➖

02/03/2024

ချစ် customer ခင်ဗျာ
ယနေ ဆိုင်ပိတ်ပါတယ်ခင်ဗျာ

𝘼𝙞𝙧-𝘾𝙤𝙣 ဆေးဖို့ လိုနေပြီလားးးးကျွန်တော်တို့ 𝙎𝙚𝙧𝙫𝙞𝙘𝙚 မှ လူကြီးမင်း 𝘼𝙞𝙧-𝘾𝙤𝙣 အတွက် ဒါတွေ ဆောင်ရွက်ပေးပါတယ်ဆေးကြောခြင်း(serv...
22/01/2024

𝘼𝙞𝙧-𝘾𝙤𝙣 ဆေးဖို့ လိုနေပြီလားးးး

ကျွန်တော်တို့ 𝙎𝙚𝙧𝙫𝙞𝙘𝙚 မှ လူကြီးမင်း 𝘼𝙞𝙧-𝘾𝙤𝙣 အတွက် ဒါတွေ ဆောင်ရွက်ပေးပါတယ်

ဆေးကြောခြင်း(servicing) 👈🏻👈🏻👈🏻

Installation👈🏻👈🏻👈🏻
အသစ်ဆင်ခြင်း
အဟောင်းဆင်ခြင်း/အဟောင်းဖြုတ်ခြင်း
နေရာပြောင်းခြင်း

Repair👈🏻👈🏻👈🏻
စက်အစိတ်အပိုင်းများ
စစ်ဆေးခြင်း
ပြုပြင်ခြင်း
လဲလှယ်ခြင်း စတာတွေကို လူကြီးမင်းစိတ်တိုင်းကျ စီစဥ် ဆောင်ရွက်ပေးနေပါပြီ

𝙎𝙚𝙧𝙫𝙞𝙘𝙚 ကိုခေါ်ယူအသုံးပြုလိုပါက
ဖုန်း 09-452773099 ကိုဆက်သွယ်စာရင်းသွင်းနိုင်ပါတယ်ရှင်

လေအေးပေးစက်ကို မီတာခသက်သာပြီး လုပ်ဆောင်နိုင်စွမ်း ကောင်းအောင် ဘယ်လိုအသုံးပြုရမလဲ...?ပူအိုက်လွန်းတဲ့အချိန်တွေမှာဆိုရင် လေ...
22/01/2024

လေအေးပေးစက်ကို မီတာခသက်သာပြီး
လုပ်ဆောင်နိုင်စွမ်း ကောင်းအောင် ဘယ်လိုအသုံးပြုရမလဲ...?

ပူအိုက်လွန်းတဲ့အချိန်တွေမှာဆိုရင် လေအေးပေးစက်ကို မရပ်မနားဘဲ တစ်နေ့ကုန်ဖွင့်ထားကြရပါတယ်။ အပူချိန်များလာတာနဲ့ လေအေးပေးစက်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အလိုအလျောက် ထိုးကျသွားတတ်ပါတယ်။ ဒါကြောင့် သင့်အိမ်က လေအေးပေးစက်ကို လုပ်ဆောင်နိုင်စွမ်းပိုကောင်းအောင်၊ မီတာခသက်သာစေဖို့အတွက် နည်းလမ်းတွေရှိပါတယ်နော်။ အဲဒီနည်းလမ်းတွေကတော့

အလိုအလျောက် အပူထိန်းကိရိယာကို ဒီအတိုင်းထားလိုက်ပါ

လူတော်တော်များများက လေအေးပေးစက်ကို ၇၈ ဒီဂရီမှာ ထားတတ်ကြပါတယ်။ တချို့ဆို အိမ်မှာဘယ်သူမှမရှိတာတောင် အပူချိန်ကို အမြင့်ဆုံးထားတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ကို မြန်မြန်ဆန်ဆန်အေးသွားဖို့ အပူချိန်ကို ၇၈ ဒီဂရီအောက် မထားကြပါဘူး။ အပူချိန်ဘယ်လောက်ထားလဲဆိုတာ ကိစ္စမရှိပါဘူး။ လေအေးပေးစက်က နှုန်းထားအတူတူပဲ အေးမြသွားစေပါတယ်။ အပူချိန်ကို ၇၀ ဒီဂရီဖြစ်အောင် ထိန်းညှိတာက သင့်အိမ်ကို ၇၈ ဒီဂရီဖြစ်အောင် ကူညီပေးနိုင်မှာမဟုတ်ပါဘူး။

တံခါး၊ လိုက်ကာတွေကို ပိတ်ထားပါ
နေ့ခင်းဘက် အခန်းထဲ ဘယ်သူမှမရှိတဲ့အခါ လိုက်ကာတွေကို ပိတ်ထားတာအကောင်းဆုံးပါပဲ။ အထူးသဖြင့် အရှေ့ဘက်နဲ့ အနောက်ဘက်ကို မျက်နှာမူနေတဲ့ တံခါးပေါက်တွေရဲ့ လိုက်ကာတွေကိုပါ။ အိမ်ထဲတိုက်ရိုက်ဝင်လာတဲ့ နေအလင်းရောင်တွေက လေအေးပေးစက်ရဲ့ အလုပ်လုပ်နိုင်တဲ့ပမာဏကို လျော့ချနိုင်ပါတယ်။ ညနေ့ခင်းမှာ တံခါးပေါက်ကနေ အပူတွေထွက်သွားပြီး အအေးဓာတ်ပိုရအောင် လိုက်ကာတွေကို ဖွင့်ပေးထားသင့်ပါတယ်။

ပန်ကာဖွင့်ပေးပါ
အပူအအေးမျှတဖို့အတွက် ညဘက်တွေမှာလေအေးပေးစက်ကို ပိတ်ထားပြီး ပန်ကာဖွင့်ထားပေးလို့ရပါတယ်။ ပန်ကာက လေအေးပေးစက်ထက်တော့ လျှပ်စစ်အသုံးပြုရတာနည်းတဲ့အတွက် မီတာခသက်သာပါတယ်။ သင်က ညဘက်ကို အရမ်းမအေးဘဲ နွေးနွေးလေးဖြစ်ချင်ရင်တော့ ပန်ကာက လေပြေတိုက်သလိုခံစားရမှာပါ။ နေ့ခင်းဘက်မှာ လေအေးပေးစက်က အလုပ်လုပ်ထားရတာကြောင့် ညဘက်မှာ အနားပေးထားသလို တစ်ညလုံးဖွင့်မထားတဲ့အတွက် မီတာခလည်း သက်သာစေနိုင်ပါတယ်။
Credit :

ကျွန်တော်တို့ဟာ အသားတွေအသီးအရွက်တွေကို ရေခဲသေတ္တာထဲမှာ ထည့်ပြီးသိမ်းတဲ့အခါမျိုးမှာ အနံ့တွေစွဲကျန်နေပြီး ရေခဲသေတ္တာဖွင့်လ...
21/01/2024

ကျွန်တော်တို့ဟာ အသားတွေအသီးအရွက်တွေကို ရေခဲသေတ္တာထဲမှာ ထည့်ပြီးသိမ်းတဲ့အခါမျိုးမှာ အနံ့တွေစွဲကျန်နေပြီး ရေခဲသေတ္တာဖွင့်လိုက်တိုင်း အနံ့တွေထွက်လာတာဟာ တစ်ကယ်ကိုစိတ်ညစ်စရာပါပဲ။
မီးပျက်တဲ့အချိန်မျိုးနှင့် အစားအသောက်တွေကို ကြာရှည်စွာသိမ်းစည်းမိသောကြောင့် ရေခဲသေတ္တာထဲမှာ ဆိုးရွားတဲ့ အနံ့အသက်တွေဖြစ်ပေါ်စေမှာပါ။

အဲ့လိုပြဿနာမျိုးကိုကြုံတွေ့နေရပြီဆိုရင်တော့ စျေးနှုန်းသက်သက်သာသာနဲ့ လွယ်ကူစွာ ဖြေရှင်းနိုင်သည့်နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

မုန့်ဖုတ်ဆိုဒါ
ပန်းကန်လုံးတစ်လုံးကိုယူပြီး မုန့်ဖုတ်ဆိုဒါ ကိုထည့်ကာ ရေခဲသေတ္တာရဲ့ ထောင့်တစ်နေရာရာမှာ နာရီအနည်းငယ်ခန့် ထားလိုက်ပါ။ မုန့်ဖုတ်ဆိုဒါဟာ ရေခဲသေတ္တာထဲမှာရှိတဲ့ အနံ့တွေကိုတစ်ဖြည်းဖြည်းစုပ်ယူပြီးတော့ အနံ့ဆိုးတွေကို ကင်းစင်သွားစေမှာပါ။ ဒီနည်းလေးကတော့ စျေးနှုန်းသက်သက်သာသာနဲ့အသုံးဝင်တဲ့ လွယ်ကူသော နည်းလမ်းလေးဖြစ်ပါတယ်။

သံပုရာသီး
သံပုရာသီးအနည်းငယ်ကို လှီးပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။ သံပုရာသီးသည် ရေခဲသေတ္တာထဲက မနှစ်မြို့ဖွယ် အနံ့ဆိုးတွေကို စုပ်ယူရာမှာ ကူညီပေးပါတယ်။

ရှာလကာရည်
ဒီနည်းလေး ကလဲ ပန်းကန်လုံးအသေးတစ်လုံးကိုယူပြီး ရှာလကာရည်ကို ထည့်ကာ ရေခဲသေတ္တာအတွင်းတစ်နေရာရာမှာ ထားလိုက်ရုံပါပဲ။ ရှာလကာရည်ဟာလည်း ရေခဲသေတ္တာထဲက အနံဆိုးတွေကိုကင်းစင်စေဖို့ အထောက်အကူပြုပါတယ်။

အိမ်သုံးAir con တွင်အသုံးဝင်သော Sleep mode------------------------------------------------- Air con remote control တွင်s...
21/01/2024

အိမ်သုံးAir con တွင်အသုံးဝင်သော Sleep mode
-------------------------------------------------
Air con remote control တွင်sleep mode သည်အများအားဖြင့်ပါဝင်လေ့ရှိသည်။အသုံးဝင်ပုံကတော့ sleep mode ကိုနှိပ်လိုက်လျှင် မိမိချိန်ထားသောTemperature setting တွင်စတင်လည်စေပြီး ၁ နာရီအကြာတွင်ချိန်ထားသော Temperature ၏အထက် ၁ ဒီဂရီတိုးကာ အလုပ်လုပ်စေပြီးကျန် ၁ နာရီ ၂ နာရီညအကြာတွင် နောက်ထက် ၁ ဒီဂရီ ထပ်တိုးစေကာစက်ကိုလည်စေသည်။စက်အမျိုးအစားပေါ်မူတည်ပြီးအချိန်နှင့် ဒီဂရီသည်အနဲငယ်ကွာခြားပါသည် အလုပ်လုပ်ပုံခြင်းသဘောတရားတူညီပါသည်။
ညအိပ်ရာဝင်စဥ်အသုံးပြုသင့်သော function လေးဖြစ်ပါသည်ညအိပ်အိပ်ချင်းအအေးဓာတ်ပိုမိုလိုအပ်ပြီး ၁ နာရီ ၂ နာရီအကြာတွင်အအေးဓာတ်ကိုအလိုလျောက်လျော့နည်းစေသဖြင့် ကျန်းမာရေး အရနှင့် ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း မီတာခ သက်သာစေခြင်းတို့အကျိုးတို့ရရှိစေပါသည်။
အအေးကြိုက်သူများအတွက် ၂၄ဒီဂရီ နှင့် သိပ်မကြိုက်သူတွေအတွက် ၂၅ ဒီဂရီကို ည အိပ်ခါစတွင်ချိန်ပြီး Sleep mode ကိုနှိပ်၍ အိပ်စက်စေရန်အကြံပြုလိုက်ရပါသည်။

Remote ဝယ်ယူလိုပါက ဖုန်း 01 397 549 ,
09 777707029 သို့ဆက်သွယ်
ဝယ်ယူနိုင်ပါတယ်ရှင့်။
Credit : Zenith Air-Con

Air Con Service အတွက်ဆိုရင်   ND Air con Service နှင့်မိတ်ဆက်ပေးပါရစေခင်ဗျာစျေးနှုန်းလည်းမှန်ကန်လက်ရာလည်းသေသပ်မြန်ဆန်သော...
21/01/2024

Air Con Service အတွက်ဆိုရင်
ND Air con Service နှင့်မိတ်ဆက်ပေးပါရစေခင်ဗျာ

စျေးနှုန်းလည်းမှန်ကန်
လက်ရာလည်းသေသပ်
မြန်ဆန်သောလုပ်အား
လူကြီးမင်းတို့၏ နေအိမ် တိုက်ခန်း ရုံးခန်း ဆိုင်ခန်းတွေမှာတပ်ဆင်ထားသော - တွေ အတွက် ခေါ်ဖို့ စဥ်းစားနေပါသလား

ကိုဝင်ရောက်လေ့လာရင်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Service ခေါ်ယူအသုံးပြု လိုပါက
09-452773099

ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address

Yangon

Telephone

+959424984853

Website

Alerts

Be the first to know and let us send you an email when Aircon Service-ND posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aircon Service-ND:

Share