မဟေသီ မီးနေသည်ချွေးအောင်း Wellness

  • Home
  • Myanmar
  • Yangon
  • မဟေသီ မီးနေသည်ချွေးအောင်း Wellness

မဟေသီ မီးနေသည်ချွေးအောင်း Wellness Your ရွှင်လန်းတက်ကြွပြီး ကျန်းမာတဲ့ အမျိုးသမီးဘဝကို ပိုင်ဆိုင်စေဖို့ မဟေသီ Wellness Spa Your beauty is your confidence.

🫣ကလေးမွေးပြီး မီးတွင်း ၃ လမှာ မေမေတို့ရဲ့ဘဝမှာ အပင်ပန်းဆုံးအချိန်ပါ..🫣       သားဦးမိခင်ဆိုပိုဆိုး ကလေးမှ မမွေးဖူးတာလေ..ဘ...
16/08/2026

🫣ကလေးမွေးပြီး မီးတွင်း ၃ လမှာ မေမေတို့ရဲ့ဘဝမှာ အပင်ပန်းဆုံးအချိန်ပါ..🫣

သားဦးမိခင်ဆိုပိုဆိုး ကလေးမှ မမွေးဖူးတာလေ..ဘယ်လိုနို့တိုက်ရမှန်းမသိသလို နီတာရဲကလေးလေးကို ဘယ်လိုချီပိုးရမယ်လည်းမသိပါ..နေ့ဆိုတာလဲမသိ ညဆိုတာလဲမရှိ တနေ့တနေ့အခက်အခဲစိမ်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ Babyblue နေ့ရက်တွေပါ..🥹

နို့တိုက်နေရင်းနဲ့ မျက်လုံးမှိတ်ထားပေမယ့် အိပ်ပျော်နေတာမဟုတ်ပါဘူးနော်..နို့စို့နေရင်းအိပ်ပျော်သွားတဲ့ကလေးနှိုးမှာစိုးလို့ မလှုပ်ရှားရဲပဲ လက်အံသေနာကျင်နေတာကို အံကြိတ်ခံနေရတဲ့ဘဝပါ..☹️

ပင်ပန်းလွန်းလို့ ခြေပစ်လက်ပစ်ခနလောက်အိပ်ပစ်လိုက်ချင်ပေမယ့် မအိပ်ပျော်သွားအောင် ကြိုးစားနေရတဲ့မေမေပါ..ကူကြည့်ပေးမယ့်သူရှိရင်တော့ ခနတဖြုတ်အိပ်လို့ရပေမယ့် ကိုယ်ခွဲမရှိရင်တော့ ပိုဆိုးပြီပေါ့..🫣

ဒီကလေးလေးကို ချီပိုးထွေးပွေ့ရင်း အသားကျကျွမ်းကျင်ဖို့ ကြိုးစားနေရလို့ အရမ်းပင်ပန်းနေပေမယ့် ကိုယ့်ကလေးလေးမျက်နှာကို မြင်လိုက်ရင် အမောတွေအကုန်ပျောက်သွားတာပါပဲလေ××🥰🥰

ခုရက်ပိုင်းသွားဖြစ်တဲ့ Home Service မှတ်တမ်းလေးတွေပါ..မီးကစပျက်ပြီမို့ မီးလာချိန်နဲ့ ချိန်ပြီး သွားရတာမို့ အနားနီးမှ Can...
16/08/2026

ခုရက်ပိုင်းသွားဖြစ်တဲ့ Home Service မှတ်တမ်းလေးတွေပါ..မီးကစပျက်ပြီမို့ မီးလာချိန်နဲ့ ချိန်ပြီး သွားရတာမို့ အနားနီးမှ Cancel လုပ်လို့ မရတော့ပါဘူးနော်..နောက်ဆို Deposit ယူပြီးမှ လက်ခံပါတော့မယ်..
ဝန်ထမ်းအနည်းငယ်နဲ့ လည်ပတ်နေတဲ့ လုပ်ငန်းလေးမို့ Mutual Respect ထားပြီး အလုပ်လုပ်ကြရအောင်လားရှင်..ဝန်ထမ်းတွေကို အလုပ်ထွက်ဖို့ မြူဆွယ်တာတို့ကို Facebook Account နဲ့တကွ Blacklist တင်ပါတော့မယ်..
ဒီထက်ဆိုးတဲ့ ကိတ်စတချို့လည်း ဒီရက်ပိုင်း ကြုံတွေ့ခဲ့ရပါတယ်..ဆိုင်ဖွင့်သက်တမ်းမှာ တခါမှ မဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်ပါ...စုံစမ်းပြီးမှ Post တင်ပေးပါမယ်..မိတ်ဟောင်းမိတ်သစ်များကို ကျေးဇူးတင်လျက်...

#မဟေသီ
#မီးနေသည်ချွေးအောင်း

#ကလေးမွေးပြီးချွေးအောင်းစို့

အိမ်မှာ ကိုယ်တိုင်ချွေးအောင်းချင်တဲ့ မေမေများအတွက် Sauna စက်တွေ Instock ရပါပြီနော်..အရေအတွက်အများကြီးမပါလို့ အမြန်လေး Cb...
16/08/2026

အိမ်မှာ ကိုယ်တိုင်ချွေးအောင်းချင်တဲ့ မေမေများအတွက် Sauna စက်တွေ Instock ရပါပြီနော်..အရေအတွက်အများကြီးမပါလို့ အမြန်လေး Cb လာပေးကြပါရှင်..

17/07/2026

❝ မေမေတို့စိတ်ပူကြတဲ့ သွေးဆုံးမီးယပ်ဝေဒနာကို ပျော်ရွှင်ကျန်းမာစွာ ကျော်လွှားကြရအောင်🤱🏻💞 ❞

သွေးဆုံးမီးယပ်ဝေဒနာဆိုတာ အမျိုးသမီးတိုင်း တစ်ချိန်ကျရင် ကြုံလာရမယ့် ရောဂါတစ်ခုပဲဖြစ်ပါတယ်။

အသက် (၄၀) ကျော်နဲ့ (၅၀) ပြည့်ခါနီးအမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီဝေဒနာက သွေးဆုံးတဲ့အခါ သားဥအိတ်ကထုတ်ပေးတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Estrogen နဲ့ Progesterone ဟော်မုန်းနှစ်မျိုး ထုတ်လုပ်မှုကျဆင်းသွားတာကနေ စတင်ပါတယ်။💢

ဆိုတော့…သွေးဆုံးမီးယပ် ဖြစ်လာပြီဆိုရင် ခံစားရတတ်တဲ့ဝေဒနာတွေအနေနဲ့

💁🏻‍♀️ရာသီစက်ဝန်းမမှန်တော့ပဲ လာချင်တဲ့လ လာပြီး လနဲ့ချီပြီးပျောက်သွားတာ

💁🏻‍♀️ပုံမှန်နေထိုင်စားသောက်နေရင်းနဲ့ သိသိသာသာကြီး ဝိတ်တက်လာပြီး အသားအရည်မွဲခြောက်တာတွေ ဆံပင်တွေအများကြီး ကျွတ်တာတွေနဲ့

💁🏻‍♀️စိတ်အခြေအနေတွေမတည်ငြိမ်တော့ပဲနဲ့ သာမာန်ကိစ္စရပ်တွေမှာတောင် အရမ်းဝမ်းနည်းနေပြီးတော့ စိတ်ဖိစီးမှုတွေဖြစ်တာ

💁🏻‍♀️အခုပူလိုက် တော်ကြာအေးလာလိုက်နဲ့ အဆစ်အမြစ်တွေကိုက်ခဲတဲ့ ဝေဒနာတွေကို ဆက်တိုက်ဆိုသလို ခံစားနေရတာတွေနဲ့ ခေါင်းကိုက်ပြီး မေ့လွယ်တာတွေအပြင် အခက်မသင့်ရင် အောက်ပိုင်းချိသွားတာနဲ့ အိပ်ယာထဲကိုလဲသွားနိုင်လောက်တဲ့အထိ စိုးရိမ်ရပါတယ်။

ဒါကြောင့်မို့လည်း အမျိုးသမီးတော်တော်များများက ဒီလိုခံရခက်တဲ့ မီးယပ်ဝေဒနာဒဏ်ကို ကြောက်ကြတာပါ။

✅တကယ်တော့ သွေးဆုံးကိုင်တဲ့အချိန်မှာ ခံစားရတဲ့ ရောဂါဝေဒနာတွေက သက်သက်သာသာနဲ့ ကျော်လွှားနိုင်ဖို့အတွက် ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေရှိပါတယ်။✅

ဒီလိုရောဂါလက္ခဏာတွေပြလာပြီဆိုရင် သင့်အနေနဲ့…
✨အားဖြစ်စေမယ့် ကြက်ဥနဲ့ ဉအမျိုးမျိုး၊ အစေ့အစံ၊ နွားနို့နဲ့ ဒိန်ချဉ်တို့ကို နေ့စဉ်စား‌ပေးတာ၊
✨ ရေကို တစ်နေ့ (၁)လီတာကနေ (၃) လီတာအထိ သောက်သုံးပေးတာနဲ့
✨ ကိုယ့်ရဲ့ စိတ်ကိုပျော်ရွှင်မယ့်အရာလေးတွေကိုလုပ်တာနဲ့ ဘာသာရေးကို ပိုမိုလုပ်ဆောင်တာတွေလုပ်သင့်ပါတယ်။

ဒါ့အပြင် ကလေးမေမေတို့အတွက် မီးဖွားတဲ့အချိန်မှာ အနေအထိုင်မှားယွင်းခဲ့ရင်လည်း သွေးဆုံးမီးယပ်ကိုင်တဲ့အခါ ပိုပြီးခံရတတ်တာမို့လို့ ကိုယ်က ကြိုတင်ပြင်ဆင်ဖို့အချိန်ရှိတဲ့ ကလေးမေမေတစ်ယောက်ဆိုရင် အခုတည်းက မီးနေသည်ချွေးအောင်တာတွေ၊ မီးဖွားထားတဲ့အချိန်မှာ အအေးအရမ်းမခံပဲနဲ့ အနေအထိုင်ဂရုစိုက်ပြီးတော့ သားအိမ်လေးကို ကျန်းမာအောင်ထားသင့်ပါတယ်။🌺

တကယ်လို့ ကိုယ်က အခုမှမီးဖွားထားတဲ့ကလေးမေမေတစ်ယောက်ဆိုရင်တော့ ချွေးအောင်းပေးတာက အသက်ကြီးလာတဲ့အခါ မီးယပ်ဝေဒနာကို အေးဆေးလေးကျော်လွှားနိုင်မယ့်အပြင် အနာချုပ်ရိုးအကျက်မြန်စေမယ်၊ သွေးသားသန့်စင်ပြီး ကိုယ်လက်ပေါ့ပါးစေမယ့် အပူအပုပ်ကင်းစေတာမို့ မဟေသီရဲ့ မီးနေသည်ချွေးအောင်းမှာ လာရောက်ချွေးအောင်းဖို့ အထူးသင့်တော်ပါတယ်။✅

ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး ချုပ်ရိုးအကျက်မြန်စေဖို့အတွက် ကောင်းကျိုးတွေအများကြီးရှိတဲ့ မီးနေသည်ချွေးအောင်းပေးခြင်းကို မေမေတို့အနေနဲ့ ကလေးမွေးပြီး (၄၅)ရက်အတွင်း မဖြစ်မနေလုပ်ပေးသင့်ပါတယ်။🤰

ဆိုတော့…အပြင်မထွက်ချင်တဲ့ မေမေတို့အတွက်လည်း မဟေသီမှာ Home Service ဝန်ဆောင်မှု‌တွေရှိနေတာမို့
မဟေသီရဲ့ Page Messenger 📩 (သို့) ဖုန်းနံပါတ် ☎️ 09-444 744 380, 09- 431 106 73 ကို အခုပဲဆက်သွယ်လိုက်တော့နော်။💁🏻‍♀️

#ချွေးအောင်း #မီးနေသည်ချွေးအောင်း
#မဟေသီ #မဟေသီမီးနေသည်ချွေးအောင်း

💘မြန်မာ့တိုင်းရင်းဆေးပညာအရ ရိုးရိုးမွေးမွေး,ခွဲမွေးမွေး မီးဖွားပြီးစ မီးနေသည်တိုင်း ချွေးအောင်းဖို့ ဘာလို့ လိုအပ်ပါသလဲ ?...
09/07/2026

💘မြန်မာ့တိုင်းရင်းဆေးပညာအရ ရိုးရိုးမွေးမွေး,ခွဲမွေးမွေး မီးဖွားပြီးစ မီးနေသည်တိုင်း ချွေးအောင်းဖို့ ဘာလို့ လိုအပ်ပါသလဲ ???

ကိုယ်​ဝန်ဆောင်ချိန်အတွင်း သားအိမ်ထဲ ကိန်​း​အောင်​းနေတဲ့ သွေး ​ရေ ​လေ တို့ဟာ ချွေးအဖြစ်​ ​ထွက်သွား​မှသာ တသက်လုံးအတွက် ကျန်းမာတဲ့မိခင်တယောက်ဖြစ်မှာပါ....ချွေး​အောင်​းလိုက်​​မှ သားအိမ်​ဝပ်​ပြီး ဗိုက်​ချပ်​​လာမယ်, အသားအ​ရေ ကြည်​စင်​ဝင်​းပ​လာမယ်, မီးယပ်​နာ မီးယပ်​ကျိုး ထုံနာကျင်​နာ များမဖြစ်အောင် ကာကွယ်ပေးမှာပါ.. သားအိမ်အဝပ်မြန်ပြီး သားအိမ်အတွင်း ဒဏ်ရာအကျက်မြန်စေပါတယ်

💘မလုပ်ဖြစ်ခဲ့ရင် ဘာဆိုးကျိုးတွေရှိလာနိုင်ပါသလဲ ?

မီးယပ်ချမ်းထမီးယပ်နာစွဲ, ခေါင်းကိုက်နာစွဲတာ, အနေအထိုင်မှားတာနဲ့ နာကျင်ကိုက်ခဲတာ, မီးယပ်သွေးဆုံးချိန်ဝေဒနာမဖြစ်အောင် ကာကွယ်ပေးပါတယ်..ကိုယ်ဝန် ဆောင်ချိန်လျော့သွားတဲ့ ဟိုမုန်းဓါတ်များကို ဟိုမုန်း balance ညီစေဖို့ အထောက်အကူပြုပေးပြီး စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများကိုလည်း လျော့ပါးစေပါတယ်..

💘မီးဖွားပြီး ဘယ်အချိန်ဆို လုပ်သင့်ပါသလဲ ?

ရိုးရိုးမွေးမွေးခွဲမွေးမွေး ၂ လအတွင်းက အထိရောက်ဆုံးပါ..

💘ဘယ်နှကြိမ်လုပ်ရပါမလဲ ?

၂လအတွင်းဆို ၃ ကြိမ်လုပ်တာ အထိရောက်ဆုံးပါ..ပထမအကြိမ် ချွေးပေါက်တွေပွင့်မယ်..ဒုတိယအကြိမ် ချွေးပုပ်တွေစထွက်ပြီး တတိယအကြိမ် ချွေးစုံတွေအကုန်ထွက် ချွေးပုပ်မကျန်တော့လို့ ထိထိရောက်ရောက်အကျိုးရှိစေပါတယ်..
၂လကျော်သွားရင်တော့ ၂ကြိမ်လောက်လုပ်ပေးရင် လုံလောက်ပါပြီ..

💘မီးနေသည်မဟုတ်ရင်ရော လုပ်လို့ရပါသလား?

အပျိုဖော်ဝင်စကနေ သွေးဆုံးပြီးချိန်အမျိုးသမီးကြီးအထိ မဖြစ်မနေ လုပ်သင့်ပါတယ်...အပျိုစဖြစ်ချိန် ရာသီမမှန်သေးတာ , နာကျင်ကိုက်ခဲတတ်တာမျိုးတွေ သက်သာစေပြီး နောက်ပိုင်းတောက်လျောက် ရာသီရက်မှန်သွားမယ်..ကိုက်ခဲတာတွေလျော့သွားပါမယ်..
အပျိုလေးတွေကတော့ သားအိမ်ထဲ အလုံးရှိတာ, ရေအိတ်ရှိတာတွေကြောင့် နာကျင်တာတွေ လျော့နည်းသွားပါမယ်..ရာသီသွေးနဲတာများတာ, အခဲတွေအပုပ်တွေဆင်းတတ်တာတွေ သိသာပါတယ်..ဟော်မုန်းမညီမျှတာ, လည်ပင်းကြီးတာ, ဝက်ခြံတွေမတရားထွက်တာတွေအတွက်လည်း လုပ်ရပါမယ်..
အိမ်ထောင်သည် တွေ ကလေးမရတာ, မမြဲတာတွေ, မကြာခနကလေးပျက်ကျတာတွေလည်း အကျိုးရှိပါတယ်..ကလေးပျက်ကျထားရင်လည်း မဖြစ်မနေလုပ်သင့်ပါတယ်နော်..ကလေးမွေးထားသလိုပဲ ဂရုစိုက်ရမှာမို့ပါ..သွေးဆုံးခါနီးအရွယ်လည်း သွေးဆုံးသားကိုင်မဖြစ်မို့ ဂရုတစိုက်လုပ်ပေးရပါမယ်...

💘စျေးနှုန်းက ဘယ်လောက်ပါလဲ?

ဆိုင်မှာရော ,Home Service ၁ ကြိမ် ၆၀၀၀၀ကျပ် , ၂ ကြိမ် ၁၁၀၀၀၀ ကျပ်, ၃ ကြိမ် ၁၆၀၀၀၀ ကျပ် ပါ

💢💢 မှတ်ချက်_ Home Service အတွက် ကားအကြိုအပို့လုပ်ပေးရပါမယ်..မလုပ်နိုင်ရင်Taxiခ အသွားအပြန်ပေးရပါမယ်ရှင်...

💢ကိုယ်ဝန်ဆောင်နေချိန် ခန္ဓာကိုယ်ညောင်းကိုက်နေတဲ့ဝေဒနာက ဘာနဲ့မှမတူဘူးနော်..   💢ခြေလက်တွေဖောရောင်,တကိုယ်လုံးနေလို့မရအောင်က...
30/04/2026

💢ကိုယ်ဝန်ဆောင်နေချိန် ခန္ဓာကိုယ်ညောင်းကိုက်နေတဲ့ဝေဒနာက ဘာနဲ့မှမတူဘူးနော်..

💢ခြေလက်တွေဖောရောင်,တကိုယ်လုံးနေလို့မရအောင်ကို မအီမသာဖြစ်တာက မွေးခါနီးလေပိုဆိုးလေပါ..ကြွက်သားတွေလဲ နာကျင်ကိုက်ခဲ,အထိုင်အထလဲ မသက်သာတော့ဘူးလေ..💔
💢ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်တွေဂယောက်ဂယက်နဲ့ အစိုးရိမ်လွန်တာ,အိပ်မပျော်တာတွေက ဆက်တိုက်ဆိုသလိုပါ..ရင်သားတွေတင်း, ခြေလက်တွေထုံကျင်လာပါပြီ.☹️
💢ကိုယ်ဝန်ဆိပ်တက်လို့ အရေပြားတွေယားယံလာတတ်ပါတယ်..ခေါင်းကိုက်တာ, ကြွက်တက်တာ, ဆီးသွားများတာနဲ့ အိပ်ရေးပျက်,အိပ်ရေးမဝတော့ စိတ်မကြည် ဒါတွေနဲ့ မုန့်လုံးစက္ကူပတ်နေတာ မမွေးခင်အချိန်ထိပဲဆိုပါတော့...
💢ကိုယ်ဝန်ဆောင်ချိန် ကိုယ်စိတ်နှလုံးနေထိုင်ကောင်းရွှင်လန်းစေဖို့ ဆောင်ရန်ရှောင်ရန်တွေ ပြောပြပေးချင်ပါတယ်...အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်..သင့်တင့်လျောက်ပတ်တဲ့ အစာအာဟာရကို ပုံမှန်မှီဝဲပါ.ဘာမှရှောင်စရာမလိုပါဘူး..
💢လမ်းပုံမှန်လျှောက်ပေးပါ..တေးဂီတနားဆင်ပါ..အိပ်ချိန်မှန်ပါစေ..ရေနွေးနွေးနဲ့ရေချိုးပါ..ဆရာဝန်နဲ့ပုံမှန်စစ်ဆေးမှုခံယူပါ.တရားထိုင်ပါ.အညောင်းပြေအောင် အနှိပ်ခံပါ...😌😌
💢ကျမတို့ မဟေသီရဲ့ ကိုယ်ဝန်ဆောင်အနှိပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်... ခံယူဖူးသူတိုင်း စိတ်လက်အပန်းဖြေ ခန္ဓာကိုယ်ကိုက်ခဲတာတွေပျောက် ပေါ့ပါးသွားတာ လက်တွေ့ပါ...စိတ်ကြည်လင်မှုရစေပြီး ညဖက်ကောင်းကောင်းအိပ်ပျော်စေပါတယ်...ရနံ့ကုထုံးကြောင့် သွေးလည်ပတ်မှုအားကောင်းလာပြီး တောင့်တင်းနေတဲ့ အကြောအချဉ်တွေပြေစေပါတယ်..ခါးကိုက်ခါးနာတာတွေ သက်သာစေပါတယ်..
💢အချိန် ၁ နာရီ ၅၀၀၀၀ကျပ်နဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးပါတယ်ရှင်😌
#မဟေသီ
#မီးနေသည်ချွေးအောင်း
#ကလေးမွေးပြီးချွေးအောင်းစို့

29/04/2026

ကလေးမွေးပြီး ချွေးအောင်းစို့

❤️သဘာဝဆေးဖက်ဝင်ကြပ်ထုပ်ရဲ့အစွမ်း❤️                  ကြပ်ထုပ်ထိုးခြင်းဟာ လွန်ခဲ့သောရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာ့ရို...
16/02/2026

❤️သဘာဝဆေးဖက်ဝင်ကြပ်ထုပ်ရဲ့အစွမ်း❤️

ကြပ်ထုပ်ထိုးခြင်းဟာ လွန်ခဲ့သောရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာ့ရိုးရာတိုင်းရင်းကုထုံးနည်းပါ.. ကြပ်ထုပ်ထဲမှာ ပါတဲ့ သဘာဝနနွင်း၊ မိဿလင်၊ မန်ကျည်းရွက်၊ စပါးလင်နှင့် တောရှောက်ခါးသီးတို့ရဲ့အစွမ်းအာနိသင်ကြောင့် ညောင်းညာကိုက်ခဲမှုတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် ကြပ်ထုပ်လေးကို ပေါင်းအိုးထဲထည့်ပြီး ပေါင်းထားတဲ့အနံ့ကလည်း ရှူမိတဲ့သူတိုင်းရဲ့စိတ်အာရုံကို ကြည်လင်လန်းဆန်းစေပါတယ်..
ကြပ်ထုပ်ထိုးနေတဲ့အချိန်မှာပဲ ဝေဒနာများသိသာသက်သာသွားစေလို့လူတိုင်းနှစ်သက်အားကိုးကြတဲ့ မြန်မာ့ရိုးရာ ဆေးနည်းကုထုံပါ..အကြောတက်၊ အရိုးကျီးပေါင်း၊ ခေါင်းတစ်ခြမ်းကိုက်၊ ကြွက်သားနာ၊ အကြောလွဲ အစရှိတဲ့ ရောဂါဝေဒနာခံစားနေရသူများအတွက် ကြပ်ထုပ်လေးနဲ့ အနှိပ်ခံဖို့ အကြံပြုချင်ပါတယ်ရှင်...
ကျီးပေါင်းရောဂါအမျိုးမျိုး ,ဇက်ကြီးပေါင်း, အရိုးကြီးပေါင်း ရောဂါတွေဟာ အလွန်ခံရခက်ပြီး နာကျင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်..ရောဂါပြင်းထန်လာရင် ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်သလိုဖြစ်တာမျိုး, အာရုံကြောတွေ ထိခိုက်ပြီး နာတာရှည်ဝေဒနာဖြစ်သွားတတ်ပါတယ်...နှစ်ရှည်ခါးနာသမားများ နှင့် ဇက်ကြောတက်ဝေဒနာသည်များ ,ခြေဖနောင့်အတက်ထွက်, ခြေဖနောင့်နာ,ဒူးနာ ခါးနာထုံကျဥ်ကိုက်ခဲအကြောတက် ကြွက်သားများတောင့်တင်းရင် သက်သာပျောက်ကင်းဖို့ အဖြေက တခုတည်းပါ....
ဇက်ကြောတွေအရမ်းတက်နေကြသူတွေ ,ကျီးပေါင်းကြောင့်မူးဝေနေသူတွေ,
လက်ပြင်ငုတ်ပြီးကျောအောင့်သူတွေ,ခါးနာ၊ခါးကျီးပေါင်း၊ခါးကြောညှပ်ဖြစ်နေသူတွေ,ဒူးနာ၊ဒူးကျီးပေါင်းဖြစ်နေပြီး လမ်းလျှောက် အထိုင်အထ ခက်ခဲနေသူတွေ ဆေးမြစ်စုံကြပ်ထုပ်လေးသာ ထိုးကြည့်လိုက်ပါ..

မုန်ညင်းဆီနဲ့ အကြောဖွင့်နှိပ်နယ်ပြီး အကြောတွေပျော့သွားချိန်မှာ ဆေးမြစ်စုံနဲ့ကြပ်ထုပ်ထိုးပေးပါတယ်...၁ နာရီခွဲ ၅၀၀၀၀ ကျပ်ပါ...

17/01/2026

💒သာယာပျော်ရွှင်တဲ့ အိမ်ထောင်တခုဖြစ်လာဖို့ ဘယ်အရာက အရေးကြီးသလဲ???💒

အဓိကကတော့ ချစ်ခြင်းမေတ္တာအပေါ် အခြေခံထားတဲ့ တယောက်နဲ့တယောက် အပြန်အလှန်ထားရှိတဲ့ နားလည်မှုပါ..လင်ရော,မယားရော တော်နေတတ်နေရင်လည်း ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး..

ဂူတဂူထဲ ခြင်္သေ့နှကောင်မအောင်းဘူးဆိုသလို ၂ယောက်စလုံးက ထက်မြက်နေရင်လည်း သူတော်တယ်,ငါငွေရှာနိုင်တယ်နဲ့ အငြင်းအခုံခိုက်ရန်ဖြစ်ပွားလာတတ်ပါတယ်..အကောင်းဆုံးကတော့ တဦးကထက်မြက်ပြီး တဦးက တုံးအရင်တော့ များသောအားဖြင့် အဲ့လိုအိမ်ထောင်ရေးက အပေးအယူမျှပြီး အိမ်ထောင်ရေးသာယာကြပါတယ်..

တချို့လင်ရောမယားရောထက်မြက်ကြရင်လည်း တယောက်နဲ့တယောက် နားလည်မှုနဲ့ အပေးအယူမျှတအောင် ညှိယူတည်ဆောက်တတ်ကြတာတွေလည်း ရှိပါတယ်..တယောက်ရဲ့ကျွမ်းကျင်မှုကို တယောက်ကအသိအမှတ်ပြုအလေးပေးပြီး မသိမတတ်သလို ပြုမူဆက်ဆံပေးရင် ရေရှည်မှာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်လာမှာပါပဲ...

လူတိုင်းမှာရှိတတ်ကြတဲ့ အတ္တမာန်မာနတွေကို ချိုးနှိမ်ပြီး မိမိအိမ်ထောင်ဖက်ရဲ့ ခံစားချက်ကို ဦးစားပေးနားလည်မယ်ဆိုရင် လူတိုင်းလေးစားအားကျရတဲ့ သာယာပြည့်စုံတဲ့ စံပြအိမ်ထောင်ရေးတခုအဖြစ် ရေရှည်ရှေ့ဆက်သွားနိုင်ဖို့ပဲ ရှိပါတယ်.

Address

709, Kamahtan Street, Tamwe
Yangon
11211

Alerts

Be the first to know and let us send you an email when မဟေသီ မီးနေသည်ချွေးအောင်း Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share