မြန်မာနိုင်ငံတိုးတက်မှုနှင့်စီပွားရေးသတင်း

  • Home
  • Myanmar
  • Yangon
  • မြန်မာနိုင်ငံတိုးတက်မှုနှင့်စီပွားရေးသတင်း

မြန်မာနိုင်ငံတိုးတက်မှုနှင့်စီပွားရေးသတင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြန်မာနိုင်ငံတိုးတက်မှုနှင့်စီပွားရေးသတင်း, Business, Yangon.

**  #ခန့်မှန်တဲ့အတိုင်းသာ ရေနံထွက်မယ်ဆိုရင် ရေနံစည် သန်းပေါင်း ၅၈၉.၆ သန်း ထွက်နိုင်ဖွယ်ရှိပြီး အမေရိကန်ဒေါ်လာ ၅၈.၉၆ ကုဋေ ...
25/08/2017

** #ခန့်မှန်တဲ့အတိုင်းသာ ရေနံထွက်မယ်ဆိုရင် ရေနံစည် သန်းပေါင်း ၅၈၉.၆ သန်း ထွက်နိုင်ဖွယ်ရှိပြီး အမေရိကန်ဒေါ်လာ ၅၈.၉၆ ကုဋေ တန်ဖိုးရှိတယ်လို့ ခန့်မှန်းရတယ်လို့ ဘူမိပညာရှင် ဆို **

■ မ​ကွေးတိုင်းမှာ ​ရေနံ​မြေအသစ်​ ​တွေ့ရှိထား ■

အလျား မိုင်​(၂၀)၊ အနံ (၃)မိုင်​​လောက်​ရှိပြီး အလွန်​အလားအလာ​ကောင်းမွန်​တဲ့ ​ရေနံ​မြေတစ်​ခု မ​ကွေးတိုင်းထဲမှာ ​တွေ့ထားလို့ ဘူမိ​ဗေဒကွင်းဆင်း​လေ့လာမှု​တွေ လုပ်​ဖို့ အစိုးရက ပြင်​ဆင်​​နေတယ်​လို့ တာဝန်​ရှိသူ​တွေက ​ပြောပါတယ်​။

အခု​တွေ့ရှိထားတယ်​ဆိုတဲ့ ​ရေနံ​မြေရဲ့ ​ရေနံ​ကြောဟာ မ​ကွေးတိုင်း မင်းဘူး၊ ​ထောက်​ရှာပင်​က​နေ ငဖဲ၊ ​စေတုတ္တရာမြို့နယ်​​တွေအထိ ရှည်​လျားပြီး လက်​ရှိ အကြီးဆုံး​ရေနံ​ကြော​တွေထဲမှာပါတဲ့ မန်း​ရေနံ​မြေ၊ ​ထောက်​ရှာပင်​​ရေနံ​မြေ​တွေနဲ့ တဆက်​တည်း ရှိ​နေတာပါ။

အဲဒီ​ရေနံ​ကြောနဲ့ ပတ်​သက်​လို့ မ​ကွေးတိုင်းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုက​နေ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​နဲ့ စွမ်းအင်​ဝန်​ကြီးဌာန ဝန်​ကြီး ဦးဝင်းခိုင်​တို့ကို တင်​ပြထားပြီး ဘူမိ​ဗေဒကွင်းဆင်း​မှု​တွေ လုပ်​ဖို့ ပြင်​ဆင်​​နေတယ်​လို့ မ​ကွေးတိုင်း သယံဇာတ၊ သဘာဝပတ်​ဝန်းကျင်​၊ လျှပ်​စစ်​နဲ့ စွမ်းအင်​ဝန်​ကြီး ဦးမြင့်​​ဇော်​က ဘီဘီစီကို ​ပြောပါတယ်​။ ​ရေနံ​ကြောရှိတဲ့ နယ်​နိမိတ်​အတွင်းမှာ လူ​နေတဲ့ ဧရိယာတချို့လည်း ပါတယ်​လို့ သူက ​ဆိုပါတယ်​။

ဒီ​ရေနံ​ကြောကို ဘူမိ​ဗေဒပညာရှင်​ ဦး​အောင်​မင်းက စတင်​​တွေ့ရှိခဲ့ပြီး မ​ကွေးတိုင်းအစိုးရကို တင်​ပြခဲ့တာ ဖြစ်​ပါတယ်​။ သူက​တော့ ဒီ​ရေနံ​မြေဟာ နှစ်​​ပေါင်း ၄၀ ​လောက်​အတွင်း အကြီးဆုံး ဖြစ်​လာနိုင်​ပြီး ​ရေနံစည်​ ​ပေပါ​ပေါင်း သန်းနဲ့ချီပြီး ထွက်​လာဖို့ ခန့်​မှန်း​နေပါတယ်​။

အဲဒီ​ဒေသမှာ ​ရေနံထွက်​နိုင်​တဲ့ ဘူမိ​ဗေဒအ​နေအထားကို ဂူဂဲလ်​ ဂြိုလ်​တုဓာတ်​ပုံ​တွေမှာ စတင်​​တွေ့ရှိခဲ့ပြီး လက်​​တွေ့ ​မြေပြင်​ ကွင်းဆင်း​လေ့လာရာမှာလည်း အဲဒီမှာ ​ရေနံ တကယ်​ရှိ​နေတာကို ​တွေ့ခဲ့ရတယ်​လို့ ဘူမိ​ဗေဒပညာရှင်​ ဦး​အောင်​မင်းက ဘီဘီစီကို ​ပြောပါတယ်​။

ခန့်မှန်တဲ့ အတိုင်းသာ ရေနံထွက်မယ် ဆိုရင် ရေနံစည် သန်းပေါင်း ၅၈၉.၆ သန်း ထွက်နိုင်ဖွယ်ရှိပြီး အမေရိကန် ဒေါ်လာ ၅၈.၉၆ ကုဋေ တန်ဖိုး ရှိတယ်လို့ ခန့်မှန်းရ​ကြောင်း သူက ဆိုပါတယ်​။

လော​လောဆယ်​မှာ မ​ကွေးတိုင်းထဲက ​ချောက်​၊ ​ရေနံ​ချောင်း၊ မင်းဘူး ​ရေနံ​မြေ​တွေက​နေ ​ရေနံ၊ သဘာဝဓာတ်​​ငွေ့နဲ့ ဂတ်​စ်​​တွေ ထွက်​ရှိ​နေပြီး ၁၉၈၀ ဝန်းကျင်​က ​တွေ့ရှိခဲ့တဲ့ မန်း​ရေနံ​မြေ၊ ​ထောက်​ရှာပင်​​ရေနံ​မြေ​တွေက​နေ​တော့ ၁ လကို ​ရေနံစည်​ ​ပေပါ ၄ ​သောင်းဝန်းကျင်​ ထွက်​ရှိ​နေပါတယ်​။

အခု အသစ်​​တွေ့ရှိတဲ့ ​ရေနံ​ကြောနဲ့ ပတ်​သက်​လို့ ဘူမိ​ဗေဒကွင်းဆင်း​လေ့လာပြီး တိုင်းတာမှု​တွေ အ​သေအချာလုပ်​ပြီးမှသာ ​ရေနံစည်​ပမာဏ ဘယ်​​လောက်​ထွက်​မယ်​ဆိုတာကို ခန့်​မှန်​နိုင်​မယ်​လို့ မ​ကွေးတိုင်းအစိုးရက ​ပြောပါတယ်​။

Source: BBC News

【 သတင်းထုတ်ပြန်ချက် 】အိန္ဒိယနိုင်ငံအစိုးရ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်အပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သုံးသပ်အကြံပြု ...
24/08/2017

【 သတင်းထုတ်ပြန်ချက် 】အိန္ဒိယနိုင်ငံအစိုးရ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်အပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သုံးသပ်အကြံပြု တင်ပြချက်ကို ယနေ့ သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။

အခွန်ဆောင်ပြီး အထောက်အထားရှိမှ ငါးဖမ်းလိုင်စင် ထုတ်ပေးမည်ရန်ကုန်   သြဂုတ်   ၂၂ပြည်တွင်း ငါးဖမ်းလုပ်ငန်းရှင်များ အနေဖြင့်...
24/08/2017

အခွန်ဆောင်ပြီး အထောက်အထားရှိမှ ငါးဖမ်းလိုင်စင် ထုတ်ပေးမည်
ရန်ကုန် သြဂုတ် ၂၂
ပြည်တွင်း ငါးဖမ်းလုပ်ငန်းရှင်များ အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က ပြည်တွင်း အခွန်များ ဦးစီးဌာနတွင် ဝင်ငွေခွန် နှင့် ကြိုတင် ဝင်ငွေခွန်ပေးဆောင်ထားသည့် အထောက်အထားများပါမှသာ ငါးဖမ်းလိုင်စင် ထုတ်ပေးမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးထံမှ သိရသည်။
ယခုလတွင် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များကို ငါးဖမ်းဆီးခွင့် ပြုထားပြီး ငါးဖမ်းလိုင်စင်များကိုလည်း ငါးလုပ်ငန်း ဦးစီးဌာန၌ အသစ်ထပ်မံ ထုတ်ပေးသည့် ရာသီဖြစ်ကြောင်း သိရသည်။''အရင်က အခွန်နဲ့ပတ်သက်ပြီး စစ်သင့်သ လောက်တော့ စစ်ပါတယ်။ အခွန်ရုံး ကနေပြီးတော့ ကျွန်တော်တို့ကို အကြောင်းကြားတာလေးတွေရှိတယ်။ အ ကြောင်းကြားလာခဲ့ရင် ကျွန်တော်တို့က အခွန်ရအောင်လို့ နည်းနည်းပါးပါး တင်းကျပ်ပေးရတာပေါ့။ ဒါကတော့ အောက်ခြေဌာနချင်း သွားနေတယ်။ အခုတော့ နိုင်ငံတော် သမ္မတရုံးကနေ တရားဝင်စာလာတဲ့အတွက် အခွန် ဆောင်ပြီးတဲ့ အထောက်အထားပါမှ ထုတ်ပေးရမှာပါ''ဟု ဦးမြင့်ဇင်ထူးက ပြောသည်။
လက်ရှိတွင် ငါးဖမ်းလုပ်ငန်းရှင်များနှင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရယူရန် ဆောင်ရွက်နေသော်လည်း လုပ်ငန်းအ ချိန်တွင် အခွန်ကင်းလွတ်နေခြင်း၊ နှစ်စဉ်ပုံမှန် အခွန်စာရင်း ရှင်းလင်းဆောင်ရွက် နေသော်လည်း အခွန်ဦးစီးဌာနရုံးသို့ တင်ပြလာသော စာရင်းများတွင် အစိုးရဌာနများမှ တင်ဒါရရှိသည့် ငါးလုပ်ငန်းများ မပါဝင်ခြင်း စသည်တို့ ဖြစ်ပေါ်နေ ကြောင်း သိရသည်။ ထို့ပြင် ငါးသယ်ရေယာဉ် အများစုမှာ အခွန်မဆောင် လိုသောကြောင့် ငါးဖမ်းဆီးရေး အသိအ မှတ်ပြုလက်မှတ် (Catch Certificate) မလုပ်ဘဲ တင်ပို့နေခြင်းများရှိကြောင်း သိရသည်။

လာမည့်နှစ်မှ စ၍ တန်ဖိုးမြင့်ဝါး ထုတ်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်သို့ ဖြန့်ချိမည်🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛ရန်ကုန်...
24/08/2017

လာမည့်နှစ်မှ စ၍ တန်ဖိုးမြင့်ဝါး ထုတ်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်သို့ ဖြန့်ချိမည်
🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛🔛

ရန်ကုန် သြဂုတ် ၂၂

၂ဝ၁၈ ခုနှစ်မှစ၍ ဝါးမှထွက်ရှိသည့် တန်ဖိုးမြင့် ထုတ်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်သို့ စတင်ထုတ်လုပ် ဖြန့်ချိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းထံမှ သိရသည်။

မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းအနေဖြင့် ဝါးမှရရှိသည့် တန်ဖိုးမြင့် ထုတ်ကုန်များကို ကနဦးအနေဖြင့် Green Gold အမည်ဖြင့် ထုတ်လုပ်မည် ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအနှံ့ ဝါးလက်မှုသင်တန်း၊ ဝါး၏ပေါင်းခံရည်၊ ဝါးမီးသွေး ထုတ်လုပ်မှု သင်တန်းနှင့် ဝါး၏အသုံးဝင်ပုံ များကို လေ့လာခဲ့သည်။ အလားတူ ဝါးပင်မှ ထွက်ရှိလာမည့် မျှစ်သည် ပိဿာချိန် သိန်း ၃ဝဝ မှ သိန်း ၄ဝဝ ကြား ထွက်ရှိလာမည် ဖြစ်သည့်အတွက် ပြည်တွင်းဈေးကွက်သို့ ဖြန့်ချိ ရောင်းချနိုင်မည် ဖြစ်သည်။ ဝါးမှတန်ဖိုးမြင့် အမျိုးအစားပေါင်း များစွာထုတ်လုပ်၍ ပြည်တွင်းပြည်ပ ဈေးကွက်၌ ရောင်းချနိုင်ရန် ကြိုးပမ်း အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

ဝါးမှထွက်ရှိသော တန်ဖိုးမြင့် ထုတ်ကုန်များတွင် ဝါးမီးသွေးနှင့် ဝါးပေါင်းခံရည်များကို အခြေခံ၍ ထုတ်လုပ်ရာ၌ ပန်းကန်ဆေးဆပ်ပြာ၊ တိရစ္ဆာန် ရေချိုးဆပ်ပြာရည်၊ ကြမ်းတိုက် ဆေးရည်၊ ဝါးမီးသွေး ဆပ်ပြာနှင့် ဝါးဗီနီကာ ခေါင်းလျှော်ရည် စသည့် အမျိုးအစားအလိုက် ဝါးဗီနီကာ ပါဝင်မှု ရာခိုင်နှုန်း အမျိုးမျိုးဖြင့် ထုတ်လုပ်မည်ဖြစ်သည်။ ထို့ပြင် လူ့အသုံး အဆောင်ပစ္စည်း အမျိုးမျိုးကိုလည်း ထုတ်လုပ်မည်ဖြစ်ပြီး လက်ရှိတွင် တရားဝင် ထုတ်လုပ်ခွင့် လိုင်စင်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။ အလားတူ ဝါးမှထွက်ရှိသော ထုတ်ကုန်များတွင် မည်သည့်ဓာတ်များ ပါဝင်ကြောင်းသိရှိရန် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ရကြောင်း သိရသည်။ လက်ရှိတွင် ဝါးမှထွက်ရှိသည့် ထုတ်ကုန်များကို တရုတ်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့သို့ နမူနာ ပေးပို့ထားပြီး သုတေသန ပြုလုပ်လျက်ရှိသည်။ ယင်းတန်ဖိုးမြင့် ထုတ်ကုန်များကို အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်များ ရရှိရန် လုပ်ဆောင်ပြီး ပြည့်စုံပါက ဈေးကွက်အတွင်း စတင် ဖြန့်ချိမည် ဖြစ်ကြောင်း သိရသည်။

24/08/2017

နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေး
===========================

နိုင်ငံကို တည်ဆောက်နေသော ကာလတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဖော်ဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးကြီးသည်။ လက်ရှိနိုင်ငံ၏ ဓနအင်အားနှင့် လူသားအရင်းအမြစ် အနေအထားအရ မိမိနိုင်ငံကို မိမိတို့ဘာသာ နိုင်ငံတကာနှင့် ရင်ပေါင်တန်း တိုးတက်လာအောင် လုပ်ဆောင်မည့် အရေးမှာ မလွယ်ကူလှသေးချေ။ ထို့ကြောင့် တိုးတက်သော နိုင်ငံများနှင့် လက်တွဲ လုပ်ဆောင်ကြရမည် ဖြစ်သည်။

အခြားနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်နိုင်ရန်အတွက် အရေးကြီးသော အချက်မှာ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်သည်။ အခြားအချက်မှာ ပြင်ပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်နိုင်ကိုင်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ တည်ငြိမ်ပြီးလုံလောက်သည့် လျှပ်စစ်ဓာတ်အားရရှိမှု၊ ရင်းနှီးမြှုပ်နှံမည့်နေရာ၊ လူသား အရင်းအမြစ် လိုအပ်မှုတို့ဖြစ်သည်။ အဆိုပါ အခြေအနေများအရ လက်ရှိတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ထွန်းသေးချေ။

ရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည်စွန့်စားလုပ်ကိုင်ရသော လုပ်ငန်းဖြစ်၍ ရင်းနှီးမြှုပ်နှံသူများအဖို့ အထက်ပါ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာ သုံးသပ်ဆောင်ရွက်ကြသည်။ အိမ်ရှင်နိုင်ငံအဖို့ မိမိနိုင်ငံနှင့် မိမိနိုင်ငံသားများ အကျိုးဖြစ်ထွန်းရေး၊ ထိခိုက်နစ်နာမှု မရှိရေးကို ကြည့်ရှုကြသည်။ မည်သို့ပင်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုကို အထူး လိုအပ်နေသည်ဆိုပါလျှင် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေးကို ဦးစားပေး ရှေးရှုလုပ်ဆောင်ကြရမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် နိုင်ငံတည်ငြိမ် အေးချမ်းရေးမှာ အထူးလိုအပ်နေပြီး တည်ငြိမ်အေးချမ်းမှသာ ရင်းနှီးမြှုပ်နှံမှုများ အမြောက်အမြား ဝင်ရောက်လာမည်။ ထို့ကြောင့် တည်ငြိမ် အေးချမ်းရေးကို နိုင်ငံတော်အစိုးရက ဦးစားပေးလုပ်ဆောင်နေပြီး တိုင်းရင်းသားပြည်သူ အားလုံးကလည်း မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည့် အရေးအတွက် အသိစိတ်ဓာတ်ရှိစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့လိုမည် ဖြစ်သည်။ အထူးသဖြင့် မတည်မငြိမ်ဖြစ်မှု၊ အကြမ်းဖက်မှု၊ တိုက်ခိုက်မှုများ နည်းနိုင်သမျှ လျော့နည်းသွားအောင် ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်သည်။

ထို့ကြောင့် အစိုးရက အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတို့ကို ဦးစားပေး အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိပါက တစ်နိုင်ငံလုံး ဧကန်မုချဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် အဓိကဖြစ်သည်ကို တိုင်းရင်းသား ပြည်သူအားလုံး သိရှိနားလည် သဘောပေါက်နိုင်စေရန် တိုက်တွန်းချင်ပါသည်။ တည်ငြိမ် အေးချမ်းသော နိုင်ငံများမှာ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။

တစ်ဆက်တည်းတွင် လုပ်သာကိုင်သာရှိသော တည်တံ့ခိုင်မြဲသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများ အမြန်ဆုံး အကောင်အထည်ပေါ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသို့ စိတ်ရင်း စေတနာမှန်စွာဖြင့် လာရောက် ရင်းနှီးမြှုပ်နှံလိုသူများသည် ဥပဒေကို တိကျစွာလိုက်နာကြပြီး ပြင်လွယ် ပြောင်းလွယ် မဖြစ်သော တိကျခိုင်မာသည့် ဥပဒေကို လိုလားကြသည်။ ခိုင်မာသည့် ဥပဒေသည် ယုံကြည်စိတ်ချမှုကို ဖြစ်စေသည်။ လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာဖြင့် လုံလောက်စွာ ရရှိရေးမှာ မြန်မာနိုင်ငံအတွက် အခက်အခဲများ ရှိတန်ကောင်းသော်လည်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဖန်တီးနိုင်သည့် အခွင့်အရေးရှိလျှင် အဆင်ပြေ ချောမွေ့နိုင်ပေသည်။

လူ့စွမ်းအားအရင်းအမြစ်မှာ မိမိတို့နိုင်ငံသားများအတွက် အကျိုးသာဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများထံမှပင် နိုင်ငံတကာမှ အတတ်ပညာများ လက်ဆင့်ကမ်းအမွေ ရရှိနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများပါ တစ်ပါတည်း ရရှိနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ဖြစ်ထွန်းလာစေရန်အတွက် လိုအပ်သော အချက်များကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းချင်ပါသည်။ ။

ငါးသလောက်ပိုမိုထုတ်လုပ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်ပညာရှင်များဖြင့်ပူးပေါင်းဆောင်ရွက်မည်+++++++++++++++++++++++++++++++++++++++...
23/08/2017

ငါးသလောက်ပိုမိုထုတ်လုပ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်ပညာရှင်များဖြင့်ပူးပေါင်းဆောင်ရွက်မည်
+++++++++++++++++++++++++++++++++++++++++++++++++++++++
ပြည်ပကိုတင်ပို့နေတဲ့ရေထွက်ကုန်တွေထဲက အဓိကပို့ကုန်ဖြစ်တဲ့ငါးသလောက်ကို ပြည်တွင်းမှာ ရေရှည်ပိုမိုထုတ်ယူနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပညာရှင်တွေနဲ့ပူးပေါင်းကာ(၂၀၁၇)ခုနှစ်ကနေ (၂၀၂၀)ပြည့်နှစ်အထိ လေးနှစ်စီမံကိန်းနဲ့ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီး ဌာနကသိရပါတယ်။ ငါးသလောက်တိုးမြင့်ရရှိလာဖို့ ဥပါတဲ့ငါးသလောက်ဖမ်းဆီးသူတွေကို အစားထိုးမက်လုံးပေးတားဆီးတဲ့ပုံစံမျိုးနဲ့ စီမံကိန်းချမှတ်ဆောင်ရွက်မှာဖြစ်တယ်လို့ ဦးထွန်းဝင်းမြင့်က ပြောပါတယ်။
လက်ရှိမှာစီမံကိန်းအတွက် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ပြီး ဥပါတဲ့ငါးသလောက်ဖမ်းဆီးမှုကိုအဓိက ထားတားဆီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စီမံကိန်းဧရိယာအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးထဲက မအူပင်၊ ဟင်္သာတနဲ့ ဖျာပုံမှာဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုစီမံကိန်းချမှတ်ဆောင်ရွက်ရာမှာ သူတေသနပြုဖို့ လိုအပ်တာနဲ့ပတ်သက်ပြီး ငါးသုသေသနပညာရှင်ဒေါ်တိုးနန္ဒာတင်က အခုလိုပြောပါတယ်။
လက်ရှိမှာ ငါးသလောက်ကို မြန်မာနိုင်ငံအပါအ၀င်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က ဖမ်းဆီးနေပြီး ပိုက်ကွက်အစိပ်တွေနဲ့ငါးဖမ်းဆီးမှုတွေကြောင့် မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ တွေ့ရှိရတဲ့ရေချိုငါးသလောက်တွေမျိုးတုံး လုနီးပါး ရှားပါးခဲ့တယ်လို့ သိရပါတယ်။ ငါးသလောက်ဖမ်းဆီးသူတွေကို အစားထိုးမက်လုံးပေးတဲ့ပုံစံမျိုးနဲ့ တားဆီးမှုကို ဘင်္ဂလားဒေ့ရှ်နုင်ငံမှာ ကျင့်သုံးဆောင်ရွက်နေပြီး အဲ့ဒီနည်းစနစ်ကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ငါးသလောက်တွေပိုမို ဖမ်းဆီးရလာခဲ့တယ်လို့လည်း သိရပါတယ်။ (၂၀၁၅ ၂၀၁၆)ခုနှစ်က ပြည်တွင်းကနေ ငါး၊ ပုစွန်တင်ပို့မှု မက်ထရစ်တန်သုံးသိန်းခြောက်သောင်းကျော်မှာ ငါးသလောက်က မက်ထရစ်တန်(၇)ထောင်သုံးရာကျော်၊ တန်ဖိုးကျပ်သန်း(၁၇)သန်းကျော် တင်ပို့နိုင်ခဲ့ပြီး (၂၀၁၆ ၂၀၁၇)ခုနှစ်မှာ စုစုပေါင်းပို့ကုန်မက်ထရစ်တန်(၄)သိန်းသုံးသောင်းကျော်မှာ ငါးသလောက်က မက်ထရစ်တန် သောင်းနှစ်ထောင်ကျော်၊ တန်ဖိုးကျပ်သန်း(၂၈) သန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

ဘဏ်လုပ်ငန်းစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် Mobile Banking ကိစ္စများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေး▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
23/08/2017

ဘဏ်လုပ်ငန်းစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် Mobile Banking ကိစ္စများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် သြဂုတ် ၂၂

ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးတိုးတက်ရေး နှင့်Mobile Banking ကိစ္စများ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော ဦးစိုးမင်း၊ ဦးစိုးသိန်း၊ ဦးဘိုဘိုငယ်တို့နှင့် ညွှန်ကြားရေးမှူးချုပ် များသည် ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အစည်း အဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးသည်။

ညှိနှိုင်းဆွေးနွေးရာတွင် ယနေ့ Mobile Banking, Mobile Payment, e-payment များဖြင့် အခွန်ပေးဆောင်နိုင်ရေး ပြည်တွင်း အခွန်များ ဦးစီးဌာနမှ Mobile Payment ဆောင်ရွက်သူများ၊ ဘဏ် များနှင့် ဆွေးနွေးရန်ကိစ္စ၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ Mobile Payment ဆောင်ရွက်မည့် အစီအစဉ် တင်ပြချက်အား လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များ အား တိုက်တွန်းညှိနှိုင်းဆောင်ရွက်ပေး ရန်ကိစ္စနှင့် Interest Rate Policy နှင့် Foreign Exchange Bench Mark အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ပေးနိုင်ရေး ကိစ္စစသည်တို့ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

22/08/2017

ပြည်တွင်းခရီးသွားလုပ်ငန်းများ ယာယီအသိအမှတ်ပြုလိုင်စင်များ ထုတ်ပေးမည်
=============================================
စိုးချစ်ချစ်ပိုင်

ပြည်တွင်းခရီးသွားလုပ်ငန်းများကို ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တစ်နှစ် သက်တမ်း ယာယီအသိအမှတ်ပြုလိုင်စင် ထုတ်ပေးတော့မည်ဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်းမှ သိရသည်။

''လိုင်စင်ရတော့မှာပါ။ ကုမ္ပဏီထောင် ထားတာမဟုတ်ဘဲနဲ့ယာယီအားဖြင့် လိုင်စင် တစ်ခုအနေနဲ့ဟိုတယ်ခရီးကနေ ထုတ်ပေးဖို့ စီစဉ်နေတယ်။ သိပ်မကြာတော့ဘူး။ ဒီလ ကုန် နောက်လလောက်ဖြစ်မယ်'' ဟု အဆိုပါ အသင်း၏ ဥက္ကဋ္ဌ ဦးသန်းဌေးက မြန်မာ တိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

လက်ရှိတည်ဆဲဥပဒေအရ ပြည်တွင်းရှိခရီးသွားလုပ်ငန်းများကို ကုမ္ပဏီထူထောင်မှ သာ လုပ်ငန်းလိုင်စင်ချပေးခြင်းဖြစ်ပြီး ခရီး သွားလုပ်ငန်းငယ်လေးများအနေဖြင့် ကုမ္ပဏီ ထူထောင်ရန်မှာ အရင်းအနှီးပိုင်းဆိုင်ရာအခက်အခဲရှိနေခြင်းကြောင့်ဖြစ်သည်။ အသေး စားနှင့်အလတ်စားစီးပွားရေးလုပ်ငနှ်းနြ ဥပဒေအရ ခရီးသွားလုပ်ငန်းများသည် လုပ်ငန်း လိုင်စင်ရှိမှသာ ချေးငွေရယူနိုင်မည်ဖြစ်သည်။ လက်ရှိ ပြင်ဆင်ရေးဆွဲနေသည့် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေသစ်မှာ မူ ကြမ်းအဆင့်သာရှိ၍ နည်းဥပဒေထွက်ရှိလာ မှသာ ပြည်တွင်းခရီးသွားလုပ်ငန်းများအနေ ဖြင့် အတည်တကျ လိုင်စင်ရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းများကို ဝန် ကြီးဌာနက ယာယီအသိအမှတ်ပြုလက်မှတ် များထုတ်ပေးခြင်းဖြင့် နိုင်ငံတော်မှ အခွန် အခများ ရရှိနိုင်မည်ဖြစ်ပြီး အွန်လိုင်းအသုံး ပြု၍ ခရီးစဉ်လိမ်လည်ရောင်းချသည့် ဖြစ် စဉ်များလည်း ပပျောက်သွားနိုင်မည်ဖြစ် ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

''ယာယီလိုင်စင်သက်တမ်းက တစ်နှစ် ပေါ့။ ဒါပေမဲ့ ဒါက အတည်ဖြစ်ရင်လည်းဖြစ် သွားမယ်၊ ပြောလို့တော့မရဘူး။ ယာယီလက် မှတ်လေးတွေ ထုတ်ပေးလိုက်ရင် ပြည်တွင်း ခရီးသွားလုပ်ငန်းလေးတွေက စည်းကမ်းတကျ လေးဖြစ်သွားမယ်။ နိုင်ငံတော်ကအခွန်အခ တွေရမယ်။ အွန်လိုင်းတို့၊ ဖေ့စ်ဘွတ်ခ်တို့၊ သတင်းစာတို့မှာ ကြော်ငြာပြီး လိမ်တဲ့သူတွေ လုပ်လို့မရတော့ဘူး'' ဟု ဦးသန်းဌေးက ဆက် လက်ပြောဆိုသည်။

တစ်နှစ်သက်တမ်း ယာယီအသိအမှတ်ပြုလိုင်စင် လျှောက်ထားမည့်လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန် ဆောင်မှုအသင်း၏ထောက်ခံချက် ရယူရန်လို အပ်ပြီး ငွေကြေးအရင်းအနှီးနှင့် ကျွမ်းကျင်လုပ် သားများလည်း ရှိရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းခရီးစဉ်များသို့ သွားလာလည်ပတ်သူများ၊ ဘုရားဖူးသွားသူများ မှာ တစ်နှစ်လျှင်ပျမ်းမျှခုနစ်သန်းခန့်ရှိပြီး ရန် ကုန်မြို့တွင် ပြည်တွင်းဘုရားဖူးခရီးသွားလုပ် ငန်း ဝန်ဆောင်မှုပေးနေသူ ၆ဝဝ ခန့်ရှိ ကြောင်း တစ်နိုင်ငံလုံးအနေဖြင့် ၈ဝဝ ခန့်ရှိကြောင်း သိရသည်။
ရန်ကုန် သြဂုတ် ၂၁

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း စားသုံးဆီ မက်ထရစ်တန်ချိန် စုစုပေါင်း ခြောက်သိန်းကျော် ရန်ကုန်ဆိပ်ကမ်းများမှ တင်သွင်းနိုင်ခဲ့  ရန...
22/08/2017

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း စားသုံးဆီ မက်ထရစ်တန်ချိန် စုစုပေါင်း
ခြောက်သိန်းကျော် ရန်ကုန်ဆိပ်ကမ်းများမှ တင်သွင်းနိုင်ခဲ့


ရန်ကုန် သြဂုတ် ၂၁

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း စားသုံးဆီ မက်ထရစ်တန်ချိန် စုစုပေါင်းခြောက်သိန်းကျော် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ တင်သွင်းနိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စားသုံးဆီများကို ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်အရ ယခုနှစ်များအတွင်း ပြည်ပမှ ပိုမိုတင်သွင်းနေရသည်။ ထိုကဲ့သို့ တင်သွင်းရာတွင် နှစ်စဉ် ၁ဝ ရာခိုင်နှုန်း ပိုမိုတင်သွင်းနေရပြီး ပြည်တွင်းထုတ်လုပ်မှု ပိုမိုတိုးတက်လာရန် လိုအပ်နေကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းများမှ စားအုန်းဆီ မက်ထရစ်တန်ချိန် စုစုပေါင်း ၅၆၃၂၉၃ တန် တင်သွင်းခဲ့သဖြင့် ယခုနှစ်တင်သွင်းမှုသည် ပိုမိုများပြားလာခြင်းဖြစ်သည်။ ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီများကို သတ်မှတ် အရည်အသွေးများနှင့် ကိုက်ညီမှုရှိမှသာ ပြည်တွင်းသို့ တင်သွင်းခွင့်ပြုပြီး စားအုန်းဆီများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ တို့မှ အများဆုံး တင်သွင်းကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ရန်ကုန်ဆိပ်ကမ်းများမှ တစ်ဆင့် တင်သွင်းလာသော ကုန်ပစ္စည်းများတွင် အထည်၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ စက္ကူ၊ တာယာ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ စက်သုံးဆီ၊ ချောဆီ၊ ဘိလပ်မြေ၊ ဆေးနှင့်ဆက်စပ်ပစ္စည်းများ အနက် ယခုနောက်ပိုင်းနှစ်များတွင် စားအုန်းဆီ ပိုမိုတင်သွင်းနေသည်ကိုပါ တွေ့လာရကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းများမှ သွင်းကုန်၊ ပို့ကုန်စုစုပေါင်း ကုန်သေတ္တာအလုံးရေ ၁ဝ သိန်းကျော်အထိ ကိုင်တွယ်နိုင်ခဲ့ပြီး ငါးနှစ်တာကာလအတွင်း အများဆုံး ဖြစ်ကြောင်း သိရသည်။

အိန္ဒိယဘက်နယ်စပ်မှ ကွမ်းသီးဝယ်ယူမှုရပ်ဆိုင်းလိုက်၍ ရိနယ်စပ်၌ မြန်မာကုန်သည်များ အခက်ကြုံ===================================...
22/08/2017

အိန္ဒိယဘက်နယ်စပ်မှ ကွမ်းသီးဝယ်ယူမှုရပ်ဆိုင်းလိုက်၍ ရိနယ်စပ်၌ မြန်မာကုန်သည်များ အခက်ကြုံ
============================================

နေစု(ချင်းရိုးမ)

ရိခေါဒါရ် သြဂုတ် ၂၁
ချင်းပြည်နယ် ရိနယ်စပ်ကုန်သွယ်ရေးသည် အရောင်းအဝယ် ကောင်းမွန်ခဲ့သော်လည်း ဇူလိုင်လကုန်ပိုင်းမှအစပြု၍ မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ပေါက်များမှတစ်ဆင့် အိန္ဒိယ နိုင်ငံဘက်မှ ပိတ်ပင်မှုများရှိသည့်အတွက် ကွမ်းသီးတင်ပို့မှုမှာ ယခုအခါရပ်ဆိုင်း လိုက်သဖြင့် အရောင်းအဝယ်လုပ်ကိုင်နေသည့် မြန်မာကွမ်းသီးကုန်သည်များ အခက် ကြုံနေကြောင်း သိရသည်။
ချင်းပြည်နယ် ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာကျေးရွာ ကြားရှိ နယ်စပ်ဂိတ်ပေါက်မှတင်ပို့သော ကွမ်းသီးများကို အိန္ဒိယနိုင်ငံအစိုးရက အခွန်စည်းကြပ်ရန် ပြုလုပ်ခဲ့၍ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေသော မြန်မာ့ ကွမ်းသီးများသည် အိန္ဒိယနိုင်ငံပြည်မအတွင်းသို့ထပ်မံသယ်ယူ၍မရတော့ကြောင်း၊ ထို့ပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိ ဂိုဒေါင်များတွင် ကွမ်းသီးများပြည့်လျှံသွားသည့် အခါတွင် ရိခေါဒါရ်မြို့သို့ရောက်ရှိသည့် ကွမ်းသီးများကို ထပ်မံတင်ပို့၍ မရတော့ဘဲ အိန္ဒိယနိုင်ငံသို့တင်ပို့မည့် ကွမ်းသီးများသည် ရိခေါဒါရ်မြို့တွင် ပိတ်မိနေသည်မှာ နှစ်လနီးပါးခန့်ကြာမြင့်ပြီဖြစ်ကြောင်း ရိခေါဒါရ်နယ်စပ်မှ ကွမ်းသီးကုန်သည်များက ပြောသည်။
''တမူးနယ်စပ်မှာလည်း ကွမ်းသီးတွေ တင်ပို့ရောင်းချလို့မရတော့တဲ့အတွက် တမူး-ကလေး-ရိ ခရီးစဉ်အတိုင်း နောက်ကြောင်းပြန်သယ်ပို့ရပါတယ်။ ဒါပေမယ့် တမူးနဲ့ ရိနယ်စပ်နှစ်ခုစလုံးမှာ ကွမ်းသီးဝယ်ယူမှု ရပ်ဆိုင်းသွားတဲ့အတွက်ကြောင့် ကျွန်တော် တို့ဘက်ခြမ်းမှာရှိတာရော မီဇိုရမ်ဘက်ခြမ်းမှာ သောင်တင်နေတာတွေပါ လမ်းမှာ ပုံထားရတာ အများကြီးပါပဲ။ အရင်ရောင်းထားတဲ့ ကွမ်းသီးဖိုးငွေတွေလည်း ဆုံးရှုံးရမယ့်
အနေအထားမျိုးဖြစ်နေပါတယ်''ဟု ကွမ်းသီးကုန်သည်တစ်ဦးက ပြောသည်။
မြန်မာဘက်မှ ကွမ်းသီးရောင်းဝယ်သူများသည် တစ်ဖက်နိုင်ငံ အလုပ်သမား ခများ၊ အခွန်စည်းကြပ်မှုများ၊ မြန်မာဘက်မှ လမ်းခရီးကုန်ကျစရိတ်နှင့် ကုန်တန်ဆာခ ပေးဆောင်ရမှုများပြားလာကြောင်း၊ ယခင်ကာလများက မြန်မာဘက်မှ ကွမ်းသီး တင်ပို့ရောင်းချမှုကို အခွန်ကောက်ခံမှုမရှိခဲ့သော်လည်း ယခုအခါအိန္ဒိယနိုင်ငံအတွင်း သို့ဝင်ရောက်သည့် ကွမ်းသီးများကို အိန္ဒိယနိုင်ငံအစိုးရက ၄ဝ ရာခိုင်နှုန်းအထိ အခွန် ကောက်ခံလိုက်သည့်အတွက် ကွမ်းသီးကုန်သည်များ အရှုံးပေါ်ကြောင်း ရိနယ်စပ် ကုန်သည်များအသင်းမှ ကုန်သည်တစ်ဦးက ပြောသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းမှ ထုတ်ပြန်သည့်စာရင်းဇယားများအရ ရိနယ် စပ်မှတစ်ဖက်နိုင်ငံသို့ ကွမ်းသီးတင်ပို့ရောင်းချမှုမှာ ၂ဝ၁၄- ၂ဝ၁၅ ခုနှစ်တွင် တန်ချိန် ၈၄၅၂ ဒသမ ၂၁ဝ တန် အမေရိကန်ဒေါ် လာ ၇ ဒသမ ၇ဝ၆သန်းဖိုးကိုလည်းကောင်း၊ ၂ဝ၁၅- ၂ဝ၁၆ ခုနှစ်တွင် တန်ချိန် ၂ဝ၃၇၉ ဒသမ ၇၁ဝ တန် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၈၄ သန်းဖိုးကိုလည်းကောင်း၊ ၂ဝ၁၆- ၂ဝ၁၇ ခုနှစ်တွင် တန်ချိန် ၂၁၄၉၂ ဒသမ ၃၉ဝ တန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၄၃ သန်းဖိုးကိုလည်းကောင်း အိန္ဒိယနိုင်ငံ သို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနဲ့ ကုန်သွယ်ရေး ခိုင်မာအောင် အိန္ဒိယ လုပ်ဆောင်မိုးရေးမှာ နယ်စပ်ဈေးတန်းတွေ ဖွင့်လှစ်သွားမယ်အိန္ဒိယနိုင်ငံ အနေနဲ့ အရေ...
21/08/2017

မြန်မာနဲ့ ကုန်သွယ်ရေး ခိုင်မာအောင် အိန္ဒိယ လုပ်ဆောင်

မိုးရေးမှာ နယ်စပ်ဈေးတန်းတွေ ဖွင့်လှစ်သွားမယ်
အိန္ဒိယနိုင်ငံ အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ကြား စီးပွားရေးအရ ဆက်ဆံရေး ပိုပြီး ခိုင်မာအောင် ပြုလုပ်နေတာမှာ အထူးသဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ကြား ကုန်သွယ်ရေး ကောင်းမွန်အောင် လိုအပ်တာတွေ လုပ်ဆောင်နှင့်ပြီး ဖြစ်တယ်လို့ အိန္ဒိယ ဗဟိုအစိုးရရဲ့ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်ရေး အမျိုးသမီး ဝန်ကြီး နီရ်မာလာ ဆီထာရာမင်က ပြောပါတယ်။

မြန်မာနဲ့ နယ်စပ်ချင်းထိနေတဲ့ အိန္ဒိယ ပြည်နယ် မဏိပူရရဲ့ မြို့တော် အင်ဖာမှာ ရောက်နေတဲ့ ဝန်ကြီး ဆီထာရာမင်က ပြောလာတာပါ။

မြန်မာနဲ့ နယ်စပ်မြို့ မိုးရေးမှာ နယ်စပ် ကုန်သွယ်ရေး ဈေးတန်းတွေ ဖွင့်လှစ်သွားမယ်လို့ ဝန်ကြီး ဆီထာရာမင်က ပြောပါတယ်။

မဏိပူရပြည်နယ် အနေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေး တိုးတက်လာစေဖို့ ပြည်နယ် အစိုးရရဲ့ ကြိုးပမ်းနေမှုတွေကို ဗဟို အစိုးရကလည်း အားပေး ကူညီနေတယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

 #စီးပွားရေး လုပ်ချင်တဲ့လူငယ်တွေ မှာ ရှိသင့်တဲ့ အရည်အချင်း ၁၀ ချက်၁။ စိတ်ကူး စိတ်သန်းကောင်းတွေ ရှိရမယ် …တီထွင်တတ်ရမယ် …ဖ...
21/08/2017

#စီးပွားရေး လုပ်ချင်တဲ့လူငယ်တွေ မှာ ရှိသင့်တဲ့ အရည်အချင်း ၁၀ ချက်

၁။ စိတ်ကူး စိတ်သန်းကောင်းတွေ ရှိရမယ် …
တီထွင်တတ်ရမယ် …
ဖန်တီးတတ်ရမယ်..

၂။ စီးပွားစီမံကိန်း ဆွဲတတ်ရမယ် ( Business Plan OR Business Model )
( ဒါမှမဟုတ် ) လုပ်ရင်းကိုင်ရင်း ရေရှည်ကြိုတွက်တတ်ရမယ် …

၃။ ဈေးကွက် ထိုးဖောက်တတ်ရမယ် …
ကိုယ့်ကို /ကိုယ့်ထုတ်ကုန်/ ဝန်ဆောင်မှုကို လူသိအောင် လုပ်တတ်ရမယ် …

၎။ ကိုယ့် ထုတ်ကုန်/ ဝန်ဆောင်မှုအကြောင်းကို
သေချာ ပြောပြနိုင်ရမယ် …
ရောင်း တတ်ရမယ် …

၅။ စီမံ ခန့်ခွဲနိုင်ရမယ် ( လူ / အချိန် / ငွေ / အရင်းမြစ် စတာတွေကို )
– လူနဲ့ ပတ်သတ်လို့ အသင်းအဖွဲ့စိတ်ဓာတ်ရှိရမယ်..
ခေါင်းဆောင်မှု နိုင်ရမယ် …

၆။ ဇွဲ ရှိရမယ် …
အရှုံးက သင်ခန်းစာယူပြီး ပြန်ထ တတ်ရမယ်…

၇။ စိတ် ရှည်ရမယ် …
တစ်ချိန်တည်းမှာပဲ လိုအပ်ရင် စိတ်မြန်ရမယ် …
( လိုအပ်တာကို သွက်သွက်လက်လက် ထလုပ်နိုင်ရမယ် )

၈။ အနာဂတ် ကို လှမ်းမျှော်ကြည့်နိုင်တဲ့အမြင်
( ဒါမှ မဟုတ် ) အနာဂတ် ဖန်တီးချင်တဲ့ အမြင် ရှိရမယ် …

၉။ ဘာကြောင့် စီးပွားရေး လုပ်ချင်တာလဲ ဆိုတဲ့
အကြောင်းပြချက် ခိုင်ခိုင်မာမာရှိရမယ် …
အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် အဖြစ်ကိုရောက်ဖို့
ဘာတွေ ပေးဆပ်နိုင်မလဲ ဆိုတာ ကြိုတင် တွေးထားရမယ် …

၁၀။ ကိုယ်က အထက်ပါ အချက်တွေကို မလုပ်နိုင်ရင်
လုပ်နိုင်သူတွေကို ရှာဖွေစည်းရုံးနိုင်ရမယ် …
သူတို့နဲ့ ကိုယ်တို့ကြားမှာ သူလည်း အဆင်ပြေ
ကိုယ်လည်း အဆင်ပြေတဲ့ အခြေအနေတစ်ခု တည်ဆောက်နိုင်ရမယ်…

Address

Yangon
123123123

Telephone

+959795594353

Website

Alerts

Be the first to know and let us send you an email when မြန်မာနိုင်ငံတိုးတက်မှုနှင့်စီပွားရေးသတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category