ᴘʏᴀᴇ ᴅᴀɴᴀ

ᴘʏᴀᴇ ᴅᴀɴᴀ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ᴘʏᴀᴇ ᴅᴀɴᴀ, Business Center, Yangon.

02/03/2026

မြို့မြေမှာ နေအိမ်ခြံစည်းရိုးကို မှားယွင်းပြီး တိုင်းတာခဲ့လို့ဖြစ်စေ ၊ ကျူး ကျော်ကာရံတာဖြစ်စေ ၊ ဒီလိုအခြေ အနေမျိုး ရှိခဲ့မယ်ဆိုရင် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာသိပါရစေ။ ?

- ဖြစ်ခဲတယ်လို့ ဆိုနိုင်သလိုဖြစ်လေ့ဖြစ်တတ်တဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ မြို့မြေကွက်တွေ မှာ ဂရန်လျှောက်လျှင်၊ ခြံစည်းရိုးကာရံလျှင်၊ မြေကွက်လွှဲပြောင်း ရောင်းဝယ်မှုပြုလျှင်၊ အိမ်သစ် ဆောက်လုပ်လျှင်၊ မြေကွက်ခွဲစိတ်လျှင် မိမိ၏ မြေနယ်နိမိတ်နှင့် ဆက်စပ်နေသည့် တစ်ဖက်ခြံ မြေကွက်နှင့် နယ်နိမိတ်ပြဿနာ တွေ့ရတတ်ပါတယ်။

ထိုကိစ္စရပ်မျိုး ဖြစ်သည့်အခါ ကိစ္စရပ်အလိုက် ပိုင်းခြားဖြေရှင်းရမှာ ဖြစ်ပါတယ်။ မိမိပိုင်နက် မြေအတွင်း ကျူးကျော်တိုးချဲ့လာခြင်း၊ မိမိ၏ မြေသည် တစ်ဖက်သို့ ပါသွားခြင်းတို့အတွက် လတ် တလော ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ဆိုလျှင် အုပ်ချုပ်ရေးအာဏာပိုင်တို့၏ အစီအမံဖြင့် ဖြေရှင်းလို့ အဆင်ပြေတတ်ပါတယ်။ ယခုမှ ခြံစည်းရိုး ကာရံခြင်း၊ မြေတိုင်းတာခွဲစိပ်ခြင်း၊ ဖေါင်ဒေးရှင်း တူးခြင်း၊ နယ်နိမိတ်တိုင် စိုက်ထူခြင်းများမှာ မိမိ၏ ခြံမြေနှင့် တစ်ဖက်ခြံ၏ နယ်နိမိတ် အငြင်းပွား မှု ဖြစ်ပါက သက်ဆိုင်ရာ ဌာနများ၏ အဆုံးအဖြတ် ကွင်းဆင်းတိုင်းတာ ဖြေရှင်းမှုဖြင့် ပြေလည် သွားတတ်ပါသည်။

အရင်ကပင် သူ့မြေ ကိုယ့်မြေ နယ်ခြား သေသေချာချာ ခွဲခြားမှု မရှိခဲ့၊ သူ့နယ် ကိုယ့်နယ် နယ်နိ မိတ် မစစ်ဆေးမိဘဲ ကြာမြင့်စွာ အသုံးပြုလာခဲ့ပြီးမှ မိမိဂရန်မြေကွက်အရ ဧရိယာ သို့မဟုတ် မိမိ ဝယ်ယူစဉ်က မြေပုံပါ ဧရိယာနှင့် လက်ရှိအသုံးပြုနေရမှုအပေါ် မသင်္ကာရာမှ စစ်ဆေး တွေ့ ရှိလာရသော ဖြစ်ရပ်နှင့် မိမိအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြေနှင့် အဆက်ပြတ်နေစဉ် တစ်ဖက်ခြံမှ မိမိမြေကို တိုးချဲ့ ဖဲ့ယူထားမှု..စသည့် ဖြစ်ရပ်များကို ဖြေရှင်းရန်အတွက်မူ လက်ရှိ မိမိမြေကို တစ်ဖက်မှ ဆန့် ကျင်လက်ရှိထား အသုံးပြုနေမှု. .မိမိမြေ တစ်ဖက်သို့ ပါဝင်နေ သည်ကို သိရှိလာပြီးနောက်ပိုင်း မိမိမှ ဆောင်ရွက်မှုတို့သည် ကာလစည်းကမ်း သတ် ကာလများ မကျော်လွန်ရန် သတိပြုရပါမည်။

- မြေနယ်နိမိတ် ကျူးကျော်မှု အတွက် ဖြေရှင်းလေ့ရှိသော နည်းလမ်းများ ရှိပါတယ်။

- ပထမ နည်းမှာ လိုင်စင်ရ မြေတိုင်းစာရေးအား ခေါ်ယူ၍ ပုဂ္ဂလိက မြေ တိုင်းတာခြင်းဖြင့် နယ်နိမိတ် အမှန် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ သို့သော် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ကြေးတိုင်နှင့် မြေစာရင်းဌာနမှ လိုင်စင်မြေတိုင်းစာရေးများ ခန့်ထားမှု မပြုတော့သည့်အတွက် လိုင်စင်ရ မြေ တိုင်းစာရေးဖြင့် ပုဂ္ဂလိက မြေတိုင်းတာခြင်း ဆောင်ရွက်ဖြေရှင်းခြင်း မပြုနိုင်တော့ပါ။

- ဒုတိယနည်းလမ်းမှာ ကြေးတိုင်နှင့်မြေစာရင်းဌာန (ယခု လယ်စီအင်းဌာန) သို့ ပုဂ္ဂလိက မြေ တိုင်း တာမှု လျှောက်ထား ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ကြေးတိုင်နှင့် မြေစာရင်းဌာန၏ အမြဲအ မိန့် ၁၂၂ အရ ပုဂ္ဂလိက တိုင်းတာခြင်း ဆောင်ရွက်ပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထား ပါက တိုင်းတာရန် တာဝန်ပေးအပ်မှုနှင့်အတူ ခွင့်ပြုမိန့် ချမှတ် ဆောင် ရွက်ပေး ပါသည်။ ထိုအခါ အငြင်းပွား နယ်နိမိတ်ကို အမှန် ရရှိလာနိုင်ပါတယ်။

- တတိယနည်းလမ်းမှာ သက်ဆိုင်ရာ တရားရုံး၏ မြေတိုင်းကော်မရှင်ဖြင့် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ ပုဂ္ဂလိကများ၏ မြေပိုင်နက် နယ်နိမိတ် အငြင်းပွားပါက မိမိ၏ ဦးပိုင်ပေါက် မြေကွက် မူလဧရိယာအတိုင်း လက် ရှိဖြစ်ကြောင်း ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာပေး စေလိုမှု၊ မိမိ ပိုင်နက် မြေအမှန် ဖြစ်ကြောင်း ကြေညာပေးစေလိုမှု၊ မိမိပိုင်နက်မြေအတွင်း ကျူး ကျော် ဝင် ရောက်သော အစိတ်အပိုင်းအား ဖယ်ရှားပေးစေလိုမှု၊ မိမိမြေကို လက်ရောက် ပေးအပ်စေလိုမှု စသည်ဖြင့် တရားမမှု စွဲဆိုခြင်း ဖြစ်ပါတယ်။ ထိုအခါ တရားရုံးမှ အချင်း ဖြစ်နေရာတွင်သာ ရနိုင်သော အချက် အလက်များကို စိစစ်ရှာဖွေရန်အတွက် တရားမကျင့်ထုံး ဥပဒေ Code of Civil procedure အမိန့် ၂၆၊ နည်း ၉ အရ local investigation ခေါ် ဒေသန္တရ စုံစမ်းစစ် ဆေးခြင်းပြုရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်း ဆောင် ရွက်ရပါတယ်။ ဒေသန္တရစုံစမ်းစစ်ဆေးရေး ကော်မရှင် ဟု ဆိုသော်လည်း အရပ်ခေါ်အရ မြေတိုင်းကော်မရှင် ပင် ဖြစ်ပါတယ်။ ယင်းမြေတိုင်း ကော် မရှင်က နှစ်ဖက် နယ်နိမိတ်များအား စစ်ဆေး ပိုင်းခြား သတ်မှတ် တွေ့ရှိမှုကို တရားရုံးသို့ အစီရင်ခံတင်ပြပြီး တရားရုံးမှ သင့်လျော်သည် ထင်မြင် သည့်အတိုင်း အမိန့်ချမှတ်မည် ဖြစ်ပါ တယ်။ အဆိုပါ မြေတိုင်းကော်မရှင် ဖွဲ့စည်း တာဝန် ပေး မှုအား တရားရုံးလက်စွဲ ပုဒ်မ ၂၉၂ အရ ကြေး/မြေ ရုံးချုပ်သို့ တရားရုံးမှ ပေးပို့ရပြီး ညွှန်ကြားရေးမှူးချုပ်၏ အခွင့်ရမှသာ မြေစာရင်း အရာရှိများအနေဖြင့် မြေတိုင်းကော်မရှင် တွင် ပါဝင် ဆောင် ရွက်ခွင့် ရှိပါတယ်။

- မေးခွန်းရှင် အနေဖြင့် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လို လုပ်ရမလဲဟု နယ်နိမိတ် ပြန်တောင်းခြင်း ဆိုပါက မိမိအစီအစဉ်ဖြင့် ရေးကူးထားသော မိမိထံတွင်ရှိသည့် ပုံစံ ၁၀၅ မြေပုံကို အမှီပြုတောင်းခံခြင်း ဖြစ်ပါက အခက်အခဲ ရှိနိုင်ပါတယ်။ ၁၀၅ သည် အဆိုပါ ပုံစံ တွင် ဖေါ်ပြထားသည့် မြေကွက်၏အချက်အလက်များ (ဥပမာ- ကွင်း၊ ဦးပိုင်၊ ဧက၊ မြေမျိုး၊ မြေအ တန်း အစား၊ အခွန်စည်းကြပ်ခံရသူအမည်၊ စသည်.) ကိုသာ သက် သေခံခြင်း ဖြစ်ပြီး ပိုင်ရှင်ဖြစ် ကြောင်း သက်သေခံ လက်မှတ် မဟုတ်ပါ။ တရားဝင် အသုံးပြုခွင့် ပေးထားသည့် ဂရန်၊ သို့မဟုတ် တရားဝင် အသုံပြုခွင့်အမိန့် တစ်ရပ်ရပ်အရ တောင်းခံခြင်းက ပိုအဆင်ပြေနိုင်ပါတယ် ။ ဒါ့အပြင် မြေကျူးကျော်ခံရသည်ဟု တင်ပြသော အပိုင်းသည် မိမိ ကြာ ရှည်စွာ လက်ရှိ မထား လက်မဲ့ဖြစ်နေသော မြေအစိတ်အပိုင်း ဖြစ်နေပါက လည်းကောင်း၊ မိမိလက်လွတ် ဆုံးရှုံးနေ သည့် ကာလသည် ကာလ စည်းကမ်းသတ် မကျော်လွန်ရန်စေရန်လည်းကောင်း၊ သတိပြုစေလိုပါတယ်။

26/02/2026

❗ဒေါပုံမြို့နယ် ပုသိမ်မြေရပ်ကွက် ဝါဆိုမှတ်တိုင်အနီးမှ အရောင်းခန်းလေးပါ
🌟အခန်းအကျယ် ၁၂ခွဲ ၅၀ပေ
⭐အခန်း ၂ ခန်းပါ
⚡ရေချိုးခန်း အိမ်သာ သီးသန့်
💢တတိယထပ်
💸ဈေးနှုန်း ၁၀၅၀
📞ဖုန်း 09666161217 ဆက်သွယ်၍စုံစမ်းနိုင်ပါတယ်

25/02/2026

✴တချိန်ချိန်မှာအသုံးဝင်လာမည့်
ဗဟုသုတများအား မျှဝေပါရစေ....💁‍♂️

***စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦး
ဆောက်တော့မယ်ဆိုရင်***....👷👷

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
~~~~~~~~~

- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
~~~~~~~~~~~~~~
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

==================================

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ
အဝဝ ပြီးမြောက်၏။


22/02/2026

#ဂရန်အမည်ပေါက်
#ဘဏ်ချိတ်ရလုံးချင်းအရောင်း

အရှုပ်အရှင်းကင်း (၂)ထပ်တိုက် ဘဏ်ချိတ် Home Loan ရောင်းပေးပါသည်။

မြောက်ဒဂုံ၊ (၄၃)ရပ်ကွက်၊
အမှတ်(၄၃၇/က)၊ စေတနာ(၃)လမ်း၊❗️မင်းရဲကျော်စွာဒဲ့ပေါက်

- အကျယ်အဝန်း ပေ ၂၀*၆၀

- ဂရန်ခွဲစိတ်ပြီး အမည်ပေါက်

- (၂)ထပ်တိုက်

- အရှေ့လှည့်

- Master Bed room (၂)ခန်း

- Single Bed room (၁)ခန်း

- ကိုရီးယားပါကေး

- Ceiling မျက်နှာကျက်အလှ

- မီးဖိုခန်း ကြွေပြားကပ်

-သိန်း ၉၆၀၀ (ညှိနှိုင်း)

#ပိုင်ရှင်တိုက်ရိုက်စျေးညှိနှိုင်းရပါမည်

အကျိုးတူ 1:1ရ

အခန်းကြည့်လိုပါက ၂နာရီကြိုချိန်းပါ

10/02/2026

မြေကွက်ကိုဝယ်ယူပြီးမှ_အရှုပ်အရှင်းမဖြစ်လာစေရန်_ဘယ်လိုအချက်တွေသိထားရမလဲ
------------------

(၁) ဝယ်ယူမယ့်မြေကွက်ကပိုင်ဆိုင်မှုခိုင်မာရမယ်။

မြေကွက်ကိုဝယ်တော့မယ်ဆိုရင်
ငွေပိုငွေလျှံရှိလို ဝယ်သည်ပဲဖြစ်စေ၊
နေထိုင်ရန်ရည်ရွယ်၍ ဝယ်သည်ပဲဖြစ်စေ၊
မိမိမှ ဆုံးရှုံးမှု တစ်စုံတစ်ရာမဖြစ်စေရန် ‌
အောက်ပါအချက်တွေ သိထားဖို့လိုမည်။

ဝယ်ယူမယ့်မြေကွက်ရဲ့ ပိုင်ရှင်အမည်ပေါက်
မြေပိုင်ဆိုင်မှုအထောက်အထား
ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ အစုံအလင်ရှိ/မရှိ။
မြေခွန်/အိမ်ခွန် ကြွေးကျန်ရှိ/မရှိ။
မြေပုံ/မြေရာဇဝင်
မြို့တော်စည်ပင်သာယာရေးကော်မတီ
(သို့မဟုတ်) မြေစာရင်းရုံးရဲ့
နောက်ဆုံးမှတ်တမ်းမှာ
မည်သို့ ရေးသွင်းမှတ်သားထားသလဲ? ဆိုတာ
တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။
***********************

(၂) မြေအမျိုးအစားကို သေချာစွာစစ်ဆေးပါ။

မိမိဝယ်မယ်မြေကွက်ဟာ
ဘိုးဘွားပိုင်မြေလား
ဂရန်မြေလား
မြေချမိန့်ရထားတဲ့မြေလား
လယ်ယာမြေလား
မီးလောင်ချထားမိန့်နဲ့မြေလား ပုံစံ(၇)ရထားတဲ့မြေလား ဆိုတာ
သေချာစစ်ဆေးရပါမယ်။
****************

(၃) မြေကွက်ကိုရောင်းချသူဟာ အဆိုပါမြေကွက်ကို ဘယ်လိုပိုင်ဆိုင်လဲဆိုတာကို စစ်ဆေးပါ။

မြေကွက်ကိုရောင်းချသူပိုင်ရှင်ဟာ
ထိုမြေကွက်ကို အမွေရခဲ့တာလာ:အမွေရခဲ့တာဆိုရင် ကျန်အမွေဆိုင်ညီမကို
မောင်နှမများရဲ့
သဘောတူညီချက်ပါရှိရဲ့လား။
တခြားရောင်းသူထံမှ
ကိုယ်တိုင်ဝယ်ယူခဲ့တာလားဆိုတာ
သေချာအောင် စုံစမ်းဖို့ လိုအပ်ပါမယ်။
******************

(၄) စာချုပ်စာတမ်းအပြည့်အစုံရှိ/မရှိစစ်ဆေးပါ။

စာချုပ်စာတမ်းစစ်ဆေးတော့မယ်ဆိုရင်ပထမအချက်က -

ဂရန်မြေဆိုရင်
မြေချထားမိန့်မူရင်း
ငွေသွင်းပြေစာမူရင်း
ဂရန်စာချုပ်မူရင်း
မြေပုံ/မြေရာဇဝင်
မှတ်ပုံတင်စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်တယ်ဆိုပါက အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ(တာဝန်ခံမိတ္ထူ)
ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP,SP ကိုယ်စားလှယ်လွှဲစာများ
အိမ်ခွန်/မြေခွန်ပြေစာများ

**ဘိုးဘွားပိုင်မြေဆိုရင်**
ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
မြေပုံ/မြေရာဇဝင်
မှတ်ပုံတင်စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
ကိုယ်စားချုပ်ဆိုဖူးတာရှိရင် GP,SP ကိုယ်စားလှယ်လွှဲစာများ

**ပုံစံ(၇)ရထားတဲ့မြေဆိုရင်**
ပုံစံ(၇)မူရင်း
မြေပုံ/မြေရာဇဝင်
ရပ်/ကျေးမှတ်တမ်း
စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္ထူ)
ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP,SP ကိုယ်စားလှယ်များကို စုံလင်စွာ စစ်ဆေးရပါမယ်။
******************

(၅) စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်‌ဆေးပြီးပါက
စရန်ပေးစာချုပ် (ကတိစာချုပ်)ချုပ်ဆိုခြင်း၊
အရောင်းအဝယ်ပြုလုပ်ခြင်းအား
ကန့်ကွက်လိုသူရှိ/မရှိ
သတင်းစာတွင် ကြေငြာခြင်း။
သတင်းစာတွင်ထည့်ပြီး
စောင့်ကြည့်နေစဥ်အတွင်း
အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊
မြေပုံ/မြေရာဇဝင်‌ရေးသားခြင်းတို့ကို
ဆောင်ရွက်ရပါမည်။
ကန့်ကွက်သူ မပေါ်လာပါက
အပြီးသတ်ငွေချေ စာချုပ်ချုပ်ဆိုကာ
မြေလက်ရောက်လွှဲပြောင်းရယူခြင်း
ဝယ်ယူတဲ့မြေနဲ့သက်ဆိုင်တဲ့
ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း)အားလုံး၊
အခွန်ဆောင်ထားသော
မှတ်တမ်းမှတ်ရာများ၊
စာချုပ်စာတမ်းများ၊
ဂရန်မူရင်း (သို့မဟုတ်) ပုံစံ(၇)မူရင်း
အစရှိတဲ့ စာရွက်စာတမ်းတွေ
တစ်ခါတည်းအရ ယူထားရပါမယ်။

အထက်ပါအဆင့်ဆင့်တွေ
အားလုံးလုပ်ဆောင်ပြီးပါက
မှတ်ပုံတင်အရောင်းအဝယ်
စာချုပ် မိမိလက်ဝယ်ရရှိပါက
မိမိအမည်ပေါက် ပြောင်းလဲဖို့
လျှောက်ထားကာ ပိုင်ဆိုင်မှုအဆင့်ဆင့်ကို
ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

Crd to Original Uploader

07/02/2026

ဗဟန်းမြို့နယ် ဘိုးဘွားပိုင်အမည်ပေါက်အရောင်း ၊ ကမ္ဘာအေးလမ်းမကပ်လျက်

65 x 60 ( 3900 sqft )
ဟိုတယ်လိုင်စင်ပါ
တိုက် ၂ လုံး
ရှေ့တိုက် ၉ ထပ်
နောက်တိုက် ၅ ထပ်
အခန်း ၅၀
ဘိုးဘွားပိုင် မြေ
သိန်း၃၅၀၀၀၀(ညှိနှိုင်း)

31/01/2026

Sold Out

🏛️အိမ် အမြန်ရောင်းမည်🏛️

♂️ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် လူနေစည်ကားနေပြီးဖြစ်တဲ့ ပတ်ဝန်ကျင်‌မှာ တည်ရှိတဲ့အိမ်လေးနဲ့မိတ်ဆက်ပေးပါ့မယ်

♂️မြေတိုင်းရပ်ကွက် - ၈၂ ရပ်ကွက်

❗ ပိုင်ဆိုင်မူစာရွက်စာတမ်း - ပါမစ်မူရင်း

💬ပေကျယ်အဝန်း - ပေ 25*60

💭လမ်းအမည် - ဂရုဏာလမ်းမ
💭
(အားလုံးနဲ့အဆင်ပြေမယ့် တောင်ဘက်လှည့်ပါ)
✅ရေမီးပါပြီး
💸 ဈေးနှုန်း 1**0
❗စာရွက်စာတမ်းများကို စိတ်ကြိုက်စစ်ဆေးပြီးမှ စရံချနိုင်ပါတယ်ရှင့် ❗
🕦အိမ်ကြည့်လိုပါက ကြိုပြောပေးပါရှင်
✅ ပိုင်ရှင်နှင့်တိုက်ရိုက် စျေးညှိနှိုင်း နိုင်ပါတယ်ရှင့်

📞09666161217

🏛️အိမ် အမြန်ရောင်းမည်🏛️   ♂️မြေတိုင်း ရပ်ကွက် - ၈၂ ရပ်ကွက် 🗨️ ပိုင်ဆိုင်မူစာရွက်စာတမ်း - ပါမစ်မူရင်း 💬ပေကျယ်အဝန်း - ပေ 2...
02/10/2025

🏛️အိမ် အမြန်ရောင်းမည်🏛️

♂️မြေတိုင်း ရပ်ကွက် - ၈၂ ရပ်ကွက်

🗨️ ပိုင်ဆိုင်မူစာရွက်စာတမ်း - ပါမစ်မူရင်း

💬ပေကျယ်အဝန်း - ပေ 25*60

💭လမ်းအမည် - ဂရုဏာလမ်း
💭 အိမ်အမှတ် ၂၉၃
(အားလုံးနဲ့အဆင်ပြေမယ့် တောင်ဘက်လှည့်ပါ)
✅ရေမီးပါပြီး
💸 ဈေးနှုန်း 1**0
❗စာရွက်စာတမ်းများကို စိတ်ကြိုက်စစ်ဆေးပြီးမှ စရံချနိုင်ပါတယ်ရှင့် ❗
🕦အိမ်ကြည့်လိုပါက ကြိုပြောပေးပါရှင်
✅ ပိုင်ရှင်နှင့်တိုက်ရိုက် စျေးညှိနှိုင်း နိုင်ပါတယ်ရှင့်

📞09666161217

01/10/2025
29/09/2025

အိမ်ခြံမြေ ဝယ်မယ်ဆိုရင်

1. တည်နေရာ (Location) ဦးစာပေးကြည့်ပါ လမ်းမနီး လမ်းသန့်ပြန်ရောင်းရင်အမြန်ရောင်းထွက်နိုင်တဲ့နေရာမျိူးရွေးပါ

2. မြေအနိမ့်မြင့် ကြည်ရမယ်
မိုးရွာတဲ့ အခါ ရေလုံးဝမတက်တဲ့နေရာဖြစ်ရမယ်
လမ်းထဲမှာနေတဲ့လူမေးမြန်းပါ အနည်းဆုံးသုံးအိမ်လောက်လိုက်မေးပါ

3. အလှည့်ရွေးပါ ကျတော်အရှေ့လှည့် ကြိုက်တယ် မနက်ခင်းနေရောင်ခြည်ဝင်လာတော့ ခြင်လိုအကောင်ပြေးကုန်တယ်
နေ့လယ်ပိုင်းမှာအေးမြတယ်

4. လူကြိုက်အများဆုံးရပ်ကွက် ရေရှည်မှာအလားလာကောင်းနိုင်မဲ့ရပ်ကွက်မျိူးတွေ မှာသာ ရွေးချယ် ဝယ်ယူပါ

5.ပါမစ်မြေ စလစ်မြေ ဘိုးဘပိုင်မြေ ရွာမြေ ဂရံမြေ
မြေပိုင်မြေ အဓိကထားဝယ်ပါ

6. ထောင့်ကွက်ကိုဦးစားပေးဝယ်ပါ ဘေးမှာအိမ်မရှိတော့အာရုံနောက်သက်သာမယ်

7.ဝယ်ပီးမှတ်ပုံတင်စာချူပ်ချူပ်ဆိုပါ မိမိအမည်ပေါက်ပြောင်းပါ (ကိုသေဆုံးသွားတဲ့တနေ့ သားသမီးအတွက်အမွေဆက်ခံရတာလွယ်အောင်လို့ပါ



-----------------------------------

Address

Yangon

Alerts

Be the first to know and let us send you an email when ᴘʏᴀᴇ ᴅᴀɴᴀ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ᴘʏᴀᴇ ᴅᴀɴᴀ:

Share