17/08/2025
အလုပ်ကြီးကြီးမားမား လုပ်ရင်
စိတ်ကိုလဲ ကြီးကြီးမားမားထား၊
သဘောထားကိုလဲ ပျော့ပျော့ပြောင်းပြောင်းထားရတယ်။
လူများတွေ ပြောသလို ပြောရရင်
ညွတ်လွယ်ကွေးလွယ် စတီးချောင်းလိုပေါ့
သဘောထားကွဲလွဲမှုတော့ရှိနေမှာပဲ
အောင်မြင်ချင်ရင် ကိစ္စပြီးမြောက်ဖို့ဆိုရင် ညှိယူရတာချည်းပဲ
ငါဖြစ်ချင်တာချည်းဘဲ မပြောနဲ့
သူဖြစ်ချင်တာလဲ ထည့်စဉ်းစားပေး
ဘဝခရီးလမ်းဆိုတာ
မိဘအိမ်တော့ ဘယ်ဟုတ်မလဲ
ဆူးတွေ့ရင်ကျော်
တောင်တွေ့ရင် တက်
မြစ်တွေ့ရင်ကူး
အချဉ်တွေ့ရင်
သကြားရော
ချိုလွန်းပြန်ရင်
သတိထား စသည်ပေါ့လေ
အေး - တခုသိနေရမှာက
မင်းစိတ်က အလျော့မပေးသရွေ့
မင်းဟာ ဘယ်တော့မှ မရှူံးဘူး
ဟောင်တိုင်းလဲ ထထမကြည့်နဲ့
အိပ်ရေးပျက်တယ်
ပြုံးပါ
သည်းခံပါ
ငြိမ်သက်ပါ
လုပ်စရာကို လုပ်နေပါ
ဘဝ- ဆိုတာ ဒါပါဘဲလေ
Crd...