Acrylic, Fiber, Menu Stand, Display Stand TRI Advertising Group

  • Home
  • Myanmar
  • Yangon
  • Acrylic, Fiber, Menu Stand, Display Stand TRI Advertising Group
Call Directions Contact the business

Acrylic, Fiber, Menu Stand, Display Stand TRI Advertising Group Acrýĺic diaplay stand ,Acrylic sign board

ပြောစရာတခုရှိလို့ 🤭။မင်းလည်းစာရင်းထဲ ပါနေပြီနော်။ဒီ sms လေးတွေ မြင်ဖူးတယ်ဟုတ်။ဒီလိုပါ တကယ်ပြောမှာပါ။ဒီမှာက လေ   နဲ့ ပတ်သ...
22/09/2026

ပြောစရာတခုရှိလို့ 🤭။
မင်းလည်းစာရင်းထဲ ပါနေပြီနော်။
ဒီ sms လေးတွေ မြင်ဖူးတယ်ဟုတ်။

ဒီလိုပါ တကယ်ပြောမှာပါ။
ဒီမှာက လေ နဲ့ ပတ်သက်ရင်
own production teams ရယ်
cutting machine ကြီးတွေနဲ့

လုပ်ပေးကြတာဆိုတော့လေ
Acrylic ရဲ့ ဒီလောက မှာတော့
လူကြီးမင်းတို့ မယုံရင် အပ်ကြည့်လိုက်ပါ

ပြန်ရောင်းချင်လို့လား ရတယ် ။
,


“ဈေးနှုန်းသက်သာ
လက်ရာလွန်မြောက်”
စိတ်ကူးပေါက်သလို
လိုတာအကုန်ရ
ကြွလှမ်းခဲ့ပါ
ဖိတ်ခေါ်ပါသည်။
လျှောက်စမ်းမအပ်နဲ့
ပျောက်လမ်းတွေတည့်ပေးမည်။
Acrylics များအရှင်…

ဒီမှာပါရှင့်။

ယနေ့ခေတ်ကာလသည် အပြင်တွင် လမ်းလျှောက်သွားလာပြီး ပစ္စည်းခိုးတတ်သည့် ရိုးရိုးသူခိုးများ၏ ခေတ်မဟုတ်တော့ပေ။ လူမှုအဖွဲ့အစည်း၏ ...
19/09/2026

ယနေ့ခေတ်ကာလသည် အပြင်တွင် လမ်းလျှောက်သွားလာပြီး ပစ္စည်းခိုးတတ်သည့် ရိုးရိုးသူခိုးများ၏ ခေတ်မဟုတ်တော့ပေ။ လူမှုအဖွဲ့အစည်း၏ အလွှာပေါင်းစုံတွင် ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ ငွေကြေးနှင့် အချိန်များကို ခိုးယူနေသည့် "သူခိုးအမျိုးမျိုး" ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသည်။
ပထမဦးဆုံးအနေနှင့် "အခွင့်အရေးယူသမား သူခိုးများ" ကို သတိပြုရမည်။ ၎င်းတို့သည် မိမိ၏ လုပ်ငန်းခွင် သို့မဟုတ် ပတ်ဝန်းကျင်တွင် အနီးကပ်ဆုံးရှိနေတတ်ပြီး၊ အပေါ်ယံတွင် သစ္စာရှိဟန် ဆောင်သော်လည်း အခွင့်အရေးရသည်နှင့် တာဝန်ဝတ္တရားများကို လစ်လျူရှုကာ ကိုယ်ကျိုးရှာတတ်ကြသည်။ ၎င်းတို့သည် သင့်ထံမှ ပစ္စည်းတစ်ခုခုကို ယူသွားသည်ထက်၊ လုပ်ငန်းတူ ပါတနာ အနေဖြင့် အလုပ်ကြိုးစားချိန်တွင် တာဝန်ကျေပွန်မှု မရှိခြင်းဖြင့် အချိန်နှင့် အခွင့်အလမ်းများကို ခိုးယူသွားကြသည်။
ဒုတိယအမျိုးအစားမှာ "မာယာများသည့် လိမ်လည်သူခိုးများ" ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် ရိုးသားသူတစ်ဦး၏ ပုံရိပ်ကို တည်ဆောက်ထားတတ်သည်။ လူအများ၏ အာရုံကို ဖမ်းစားနိုင်ရန် ယုန်သငယ်လေးကဲ့သို့ အပြစ်ကင်းစင်ဟန်ဆောင်ကာ၊ ယုံကြည်လွယ်သည့် သူများ၏ စိတ်ကို အာရုံလွှဲထားတတ်ကြသည်။ ၎င်းတို့၏ ချိုသာသော စကားများနှင့် အယောင်ဆောင် အမူအရာများသည် ၎င်းတို့၏ အမှန်တကယ် ရက်စက်သော ခိုးယူလိုစိတ်ကို ဖုံးကွယ်ထားသည့် မျက်နှာဖုံးများသာ ဖြစ်သည်။
တတိယအမျိုးအစားမှာ "စည်းလုံးမှုကို ဖြိုခွဲသူ သူခိုးများ" ဖြစ်သည်။ ဤသူခိုးများသည် အတူတူတွဲဖက်လုပ်ကိုင်နေသူများအကြား သံသယများ ဖြစ်ပေါ်လာအောင်၊ အချင်းချင်း ရန်တိုက်ပေးခြင်းဖြင့် အာရုံလွှဲတတ်ကြသည်။ သူတို့သည် ပါတနာဖြစ်သူ၏ အိမ်ထောင်ရေး သို့မဟုတ် မိတ်ဆွေအချင်းချင်းကြားတွင် သပ်လျှိုပြီး၊ အရှုပ်အရှင်းများဖြစ်စေကာ အဲ့ဒီကြားမှ ကိုယ်ကျိုးစီးပွားအတွက် လိမ်လည်ခိုးယူကြသည်။
ထို့ကြောင့် မျက်မှောက်ကာလတွင် သူခိုးဆိုသည်မှာ ဂျိုပေါက်နေသော သတ္တဝါမျိုး မဟုတ်တော့ဘဲ၊ သင့်ပတ်ဝန်းကျင်တွင် ချစ်ခင်ရသူ၊ လုပ်ငန်းဖက်စပ်သူ၊ အပြစ်ကင်းဟန်ဆောင်သူများအဖြစ် အသွင်ယူနေကြသည်။ လုံခြုံရေးကို သော့ခတ်ရုံနှင့် မလုံလောက်ဘဲ၊ အမှန်တကယ် ခိုးယူနေသည့် ဤခေတ်သစ်သူခိုးအမျိုးမျိုးကို အချိန်မီ သတိပြုဆင်ခြင်နိုင်မှသာ မိမိ၏ အကျိုးစီးပွားနှင့် စိတ်ချမ်းသာမှုကို
ကာကွယ်နိုင်မည်ဖြစ်သည်။

🥰Peace🫶

T

ပုဇွန်အခွံတွေကိုဒီတိုင်းပစ်နေကြတုံးလားမပစ်ပါနဲ့နော်ပုဇွန်လေးတွေကိုမခွာခင်ရေလေးစင်နေအောင်ဆေးလိုက်ပါအဲ့ဒါမှ ထွက်လာတဲ့ ပုဇွ...
15/09/2026

ပုဇွန်အခွံတွေကိုဒီတိုင်းပစ်နေကြတုံးလား
မပစ်ပါနဲ့နော်
ပုဇွန်လေးတွေကိုမခွာခင်ရေလေးစင်နေအောင်ဆေးလိုက်ပါ
အဲ့ဒါမှ ထွက်လာတဲ့ ပုဇွန်အခွံလေးတွေက သန့်နေမှာပါ
အခွံလေးတွေရပြီဆိုရင် မီးအေးအေးလေးနဲ့ ကြွတ်ရွနေအောင်လှော်ပေးပါ
ဒီနေရာမှာ မီးလုံးဝပြင်းလို့မရပါဘူးနော်
မီးပြင်းလိုက်တာနဲ့ တူးပြီး အခွံလေးတွေကမကြွတ်တော့ဘဲ ဖြစ်သွားမှာမို့ မီးအေးအေးလေးနဲ့လှော်ဖို့ အင်မတန် အရေးကြီးပါတယ်ရှင်
လှော်လိုက်တဲ့အခွံလေးတွေ ကြွတ်ရွလာပြီဆိုရင် ခဏအအေးခံထားပေးပါ
အဲ့ဒီအချိန်မှာ တအားကိုမွှေးနေပါပြီနော်
ကောက်ပြီး တဂျွမ်းဂျွမ်းနဲ့ ဝါးမစားမိဖို့တော့ သတိပေးပါရစေ
အခွံလေးတွေအေး၊မွှေးပြီး ကြွတ်ရွသွားပြီဆိုရင်
ငြုပ်ဆုံထဲထည့်ပြီး သေသေချာချာလေး ညက်နေအောင်ထောင်းပေးပါ
ကြွတ်ရွနေလို့ ထောင်းရတာ အရမ်းကိုလွယ်ပါတယ်
ကိုယ်ကတော့ ငပျင်းမို့ စက်နဲ့ဘဲ
ဗြန်းကနဲကြိတ်လိုက်တာပါ
ဒီနေရာမှ တစ်ခုထပ်ပြီးသတိပေးချင်တာက အရမ်းမွှေးလွန်းတော့ လျှက်ဆားရက်သလို ရက်လိုက်မိမှာစိုးရပါတယ်
ကဲ....
ခုလိုမျိုး ပုဇွန်အခွံအမှုန့်လေးတွေရလာပြီဆိုရင်တော့
ပလပ်စတစ်အိတ်လေးနဲ့ သေသေချာချာလေးထည့်
လေလေးလုံနေအောင်ချည်ပြီး အမှိုက်ပုံးထဲထည့်လိုက်လို့ရပါပြီရှင်😔

အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါ
နောက်ကိုလဲ ဒီလို ဗဟုသုတရမှာလေးတွေ ဝေမျှပေးသွားမှာမို့
ကျွန်မရဲ့ page ကို follow လုပ်ထားကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်😞

Credit ပါရှင် အပျင်းပြေပေါ့😬😂

  Light Boxes များကို ယုံကြည့်မူအပြည့်နှင့် အပ်နှံပေးခဲ့သော Loyal Customer ကြီး ဒီထက်အဆပေါင်းများစွာ အောင်မြင်ပါစေလို့ ဦ...
03/09/2026

Light Boxes များကို ယုံကြည့်မူအပြည့်နှင့် အပ်နှံပေးခဲ့သော Loyal Customer ကြီး ဒီထက်အဆပေါင်းများစွာ အောင်မြင်ပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

လူကြီးမင်းတို့ ဘာပဲလိုလို
Acrylic နဲ့ ပတ်သက်ပြီး Advertisement လုပ်လိုလျှင် အချိန်မရွေး လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။
095005760






🤘👌

ပုံလေးက Acrylic words တွေပါ။စာလေးတွေက တော့ သဘောကျလို့။မူရင်းရေးသားသူ credit ပါ။👜👜👜💵💵💵💵💵လက်ထဲမှာ ပိုက်ဆံနည်းလေလေတစ်ခါတလေ ...
03/09/2026

ပုံလေးက Acrylic words တွေပါ။
စာလေးတွေက တော့ သဘောကျလို့။
မူရင်းရေးသားသူ credit ပါ။

👜👜👜💵💵💵💵💵
လက်ထဲမှာ ပိုက်ဆံနည်းလေလေ
တစ်ခါတလေ ပိုက်ဆံအသေးအမွှားကို ပိုပြီး အလေးမထားဘဲ ပိုသုံးဖြစ်တယ်။

ထူးဆန်းတယ်နော်။

လက်ထဲ သိန်း ၅၀၀ ရှိတဲ့သူက
ကော်ဖီတစ်ခွက် သောက်မလို့တောင်—

“မလိုပါဘူးကွာ” ဆိုပြီး ပြန်ချတတ်တယ်။

လက်ထဲ ငါးသောင်းပဲကျန်တဲ့သူကတော့—

“ငါးထောင်လောက်တော့ ဘာဖြစ်လဲ။
ဘဝမှာ ဒါလေးတောင် မစားရတော့ဘူးလား” 😂

ဆိုပြီး သုံးလိုက်တတ်တယ်။

ဒါကို “ဆင်းရဲတဲ့သူတွေ ငွေမစီမံတတ်လို့” လို့ တစ်ကြောင်းတည်း ပြောလို့တော့ မရဘူး။

တချို့လူတွေရဲ့ ဘဝက
တကယ်ကြပ်တည်းလွန်းတယ်။

လစာဝင်တယ်။
အိမ်လခပေးတယ်။
အကြွေးဆပ်တယ်။
မိဘဆီပို့တယ်။
ကလေးစရိတ်ပေးတယ်။

ပြီးရင် ဘာမှ သိပ်မကျန်တော့ဘူး။

ဒီလိုဘဝမှာ—

“၅ နှစ်နေရင် ဘာဖြစ်ချင်လဲ” ဆိုတာထက်
“ဒီနေ့တော့ ကောင်းကောင်းလေး စားလိုက်ဦးမယ်” ဆိုတာ ပိုလွယ်ပါတယ်။

အနာဂတ်က အရမ်းဝေးနေတဲ့အခါ
ဒီနေ့ရတဲ့ ပျော်ရွှင်မှုလေးက ပိုတန်ဖိုးရှိသလို ခံစားရတတ်တယ်။

ဒါက နားလည်လို့ရပါတယ်။

ဒါပေမယ့် ပြဿနာက ဒီအတိုင်း နှစ်ပေါင်းများစွာ ဆက်သွားရင်ပါ။

ကော်ဖီတစ်ခွက်ကြောင့် ဘယ်သူမှ မဆင်းရဲသွားပါဘူး။

လက်ဖက်ရည်တစ်ခွက်ကြောင့်လည်း အိမ်မဝယ်နိုင်တာ မဟုတ်ဘူး။

Netflix ဖြတ်လိုက်လို့လည်း ချမ်းသာမလာဘူး။

ပြဿနာက ကိုယ်သုံးတဲ့ ငွေတိုင်းကို
“ဒီလောက်လေးပါ” ဆိုပြီး မတွက်တော့တဲ့ အကျင့်ပါ။

ဒီနေ့ ၅,၀၀၀။

မနက်ဖြန် ၁၀,၀၀၀။

မှန်မှန်မသွားဖြစ်တဲ့ Gym ကြေး။

ဝယ်ပြီး နှစ်ခါပဲဝတ်တဲ့ အင်္ကျီ။

Promotion မို့ ဝယ်ထားတဲ့ မလိုအပ်တဲ့ပစ္စည်း။

တစ်ခုချင်းကြည့်ရင် ဘာမှမဟုတ်ဘူး။

တစ်နှစ်စာ ပေါင်းကြည့်မှ
“ဟာ… ငါ ဒီလောက်သုံးထားတာလား” ဖြစ်တတ်တယ်။

ဒါကြောင့် အသေးအမွှားတိုင်းကို ဖြတ်ဖို့ မလိုပါဘူး။

အသေးအမွှားတိုင်းကို “သိပြီးသုံး” ဖို့ပဲ လိုပါတယ်။

ကျွန်တော်ဆိုရင် ဒီလိုလုပ်မယ်။

၁။ လစာဝင်တာနဲ့ ကိုယ့်ကိုယ်ကို အရင်ပေးမယ်။

လကုန်မှ ကျန်တာစုတာ မဟုတ်ဘူး။

ဝင်ငွေ သိန်း ၂၀ ရရင်
သိန်း ၂ သိန်းပဲဖြစ်ဖြစ် အရင်ခွဲထားမယ်။

ကျန်တာနဲ့ နေမယ်။

စုငွေက “ကျန်ရင်စုမယ်” ဖြစ်နေသရွေ့
အများအားဖြင့် မကျန်ဘူး။ 😂

၂။ သုံးမယ့်ပိုက်ဆံကိုလည်း သုံးမယ်။

ကော်ဖီကြိုက်ရင် သောက်ပါ။

မိသားစုနဲ့ စားချင်ရင် စားပါ။

တစ်လကို ကိုယ်ပျော်ဖို့ သုံးမယ့်ငွေကိုပါ Budget ထဲ ထည့်ထားပါ။

Financial discipline ဆိုတာ
ဘဝကို အရသာမရှိအောင် နေတာမဟုတ်ဘူး။

ဘယ်ဟာကို သုံးမယ်၊
ဘယ်ဟာကို မသုံးဘူးဆိုတာ
ကိုယ်တိုင်ရွေးနိုင်တာပါ။

၃။ ပစ္စည်းကြီးဝယ်မယ်ဆို အချိန်နဲ့ ပြန်တွက်မယ်။

တစ်လ သိန်း ၁၀ ရတဲ့သူက
သိန်း ၅၀ တန် ဖုန်းဝယ်တယ်ဆိုရင်—

ဖုန်းတစ်လုံး မဟုတ်တော့ဘူး။

ကိုယ့်ဝင်ငွေ ၅ လစာ။

ဒီလိုပြန်ကြည့်လိုက်ရင်
ဝယ်သင့်၊ မဝယ်သင့် ပိုရှင်းလာတယ်။

၄။ စုငွေကို ပိုက်ဆံလို့ပဲ မမြင်ပါနဲ့။

သိန်း ၁၀၀ စုထားတာဟာ
ဘဏ်ထဲမှာ သိန်း ၁၀၀ ရှိတာပဲ မဟုတ်ဘူး။

အလုပ်အဆင်မပြေရင်
“မလုပ်ချင်တော့ဘူး” လို့ ပြောနိုင်တဲ့ အချိန်ဖြစ်တယ်။

လုပ်ငန်းပျက်ရင် ပြန်ထနိုင်တဲ့အချိန်။

မိသားစုမှာ အရေးပေါ်ဖြစ်ရင် မချေးရတဲ့အခြေအနေ။

အခွင့်အရေးကောင်းတစ်ခုလာရင် ဖမ်းနိုင်တဲ့အင်အား။

စုငွေများလာတာနဲ့အမျှ
ကိုယ့်မှာ “မလုပ်ဘူး” လို့ ပြောနိုင်တဲ့ အရာတွေ များလာတယ်။
“လုပ်မယ်” လို့ ရွေးနိုင်တဲ့ အရာတွေလည်း များလာတယ်။

ဒါကြောင့် ကျွန်တော်ကတော့—

ပိုက်ဆံစုတယ်ဆိုတာ ပိုက်ဆံစုတာထက်
ကိုယ့်ဘဝရဲ့ ရွေးချယ်ခွင့်တွေ စုနေတာလို့ ပိုမြင်တယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း သတိထားစရာရှိတယ်။

တစ်လ သိန်း ၅ ရတဲ့သူကို
ကော်ဖီမသောက်နဲ့၊ လက်ဖက်ရည်မသောက်နဲ့ဆိုပြီး
သိန်း ၅၀ ရအောင် မလုပ်ပေးနိုင်ဘူး။

အသုံးစရိတ်ကို စီမံတာမှာ အကန့်အသတ်ရှိတယ်။

တစ်ချိန်ရောက်ရင်
ဝင်ငွေတိုးအောင်လုပ်ဖို့က ပိုအရေးကြီးလာတယ်။

အကောင်းဆုံးက—

အသေးအမွှားကို သိပြီးသုံး။
စုသင့်တာကို အရင်စု။
ပြီးတော့ ကော်ဖီ ၂,၀၀၀ ချွေတာနေရုံနဲ့ မပြီးဘဲ
ကိုယ့်ဝင်ငွေ ၂ သိန်းတိုးအောင် ကြိုးစား။

ချမ်းသာဖို့ဆိုတာ
ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီး ပိုက်ဆံမသုံးဘဲ နေတာမဟုတ်ပါဘူး။

ဒီနေ့လည်း နေလို့ရပြီး
မနက်ဖြန်အတွက်လည်း ရွေးချယ်ခွင့်ရှိအောင် နေတာပါ။

ကိုယ်တိုင် ငွေကြေးကျပ်တည်းတဲ့အချိန်ကို ဖြတ်သန်းဖူးသူတွေရှိရင်လည်း မျှဝေပေးခဲ့ပါဦး။

ငွေနည်းတဲ့အချိန်မှာ ပိုစုဖြစ်ခဲ့လား၊
“ရှိတုန်းလေး သုံးလိုက်မယ်” ဆိုပြီး ပိုသုံးဖြစ်ခဲ့လား?

လက်တွေ့အတွေ့အကြုံတွေက တခြားသူတွေအတွက်ပါ အသုံးဝင်နိုင်ပါတယ်။

25/08/2026

မင်မင်ရဲ့ ကလေး၂ယောက်လုံးမှာ
၄ချက်လုံးရှိတာ ။
မြန်မာလိုတာ့ မျောက်လွှဲကျော်😅🥰

19/08/2026
19/08/2026

ဟဲလို…..🤘
Acrylic products ဈေးနှုန်းလေးတွေမေးမြန်းထားတာလေးတွေ
ပြန်လည်ဖြေထားပေးပါမယ်ရှင့်။ တခုချင်းစီ တမျိူးချင်းစီ တိုင်းမှာ သုံးတဲ့ acrylic ရဲ့ Thickness ကလည်း ကွဲပြားသွားတာမို့ ဈေးတွက်တဲ့နေရာမှာ
အချိန်လေး အနည်းငယ် စောင့်ကြပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။

Acrylic လေးတွေမဟုတ်ဘူး ဒါလေးတွေကPremier coffee ရဲ့ ကြော်ငြာIdea လေးကအရမ်းကို ခန့်လွန်းလို့မမတို့ ကိုကိုတို့ ကိုလာပြပေးတာ...
03/04/2026

Acrylic လေးတွေမဟုတ်ဘူး ဒါလေးတွေက
Premier coffee ရဲ့ ကြော်ငြာIdea လေးက
အရမ်းကို ခန့်လွန်းလို့
မမတို့ ကိုကိုတို့ ကိုလာပြပေးတာရှင်
Product လေးကို ဧည့်ခန်း အိပ်ခန်း ရုံးခန်း တို့ရဲ့ နံရံလေးမှာ ပေါ်မှာ
ခန့်နေရော ….
နာရီတိုင်း ကြည့်မိနေမှာ အမှန်ပဲ။
အဲလိုမျိုးလေး လုပ်ချင်ရင်လည်း ရပါတယ်လို့ နော်ရှင့်။
ကျေးဇူးတင်ပါတယ်ရှင့်။

Address

No. 158, Sadonduwar Street, , 14Quarter East Dagon Township , Yangon
Yangon
9595005760

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595005760

Website

Alerts

Be the first to know and let us send you an email when Acrylic, Fiber, Menu Stand, Display Stand TRI Advertising Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Acrylic, Fiber, Menu Stand, Display Stand TRI Advertising Group:

Shortcuts

Share