21/10/2021
👉 ပါမစ်မြေဆိုသည်မှာ -
အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့် တစ်ကွ ထုတ်ပေးထားသော မြေချပါမစ် စာရွက်ဖြစ်တယ်။
✅ အဲဒီပါမစ်မြေကို မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ချုပ်ဆိုပြီးအဆင့်ဆင့် လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက်ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက် စာတမ်းမူရင်းအပါ အဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။
✅ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ် .....
✅ မြေချပါမစ်မှ ဂရန်ပြောင်းလဲလျှောက်ထားပြီး
မိမိအမည်ပေါက် ဂရန်ရှိထားပြီးဆိုရင် ပိုင်ဆိုင်မှု့အနေနဲ့ ခိုင်မာမှုရှိသလို၊ မိမိတရားဝင်ပိုင်ဆိုင်သွားပြီလဲ ဖြစ်ပါတယ်။ နောက်များမှာလဲ အရှုပ်အရှင်းလဲ ရှိတောမှာမဟုတ်ပါဘူး......
✅ တစ်ချိန်မှာ မိမိလုပ်ငန်းအတွတ်ရင်းနီးမြုတ်နံငွေ အရေးကြီးလိုအပ်လာခြင်း၊ အခြားသောကိစ္စတွေအတွတ် ငွေကြေးအရေးကြီးလိုအပ်လာခြင်း စသည်အခြေအနေမှာ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်၊ ဗဟိုဘဏ်အသိအမှတ် ချေးငွေကုမ္ပဏီ၊ ငွေစုငွေချေးစသည့် ဗဟိုဘဏ်မှ ငွေချေးရန် တရားဝင်အသိအမှတ်ပြုထားသော ဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများမှာ မိမိအမည်ပေါက်မြေဂရန်ကို အာမခံတင်ပြီး အတိုးနှုန်း သက်သာစွာနှင့် ချေးငွေထုတ်ချေးခွင့်လဲ ရရှိပါတယ် ....
✅ ခိုင်မာမူ့၊ အာမခံပေးအပ်နိူင်မူ့ စသည့် အားသာချက်တွေကြောင့် မူရင်းပါမစ်မှတစ်ဆင့် ဂရန်မြေကို ပြောင်းလဲထားသင့်ပါတယ် .....
📣📣 လူကြီးမင်းတို့ပိုင်ဆိုင်တဲ့ မူရင်းပါမစ်မြေကို အမည်ပေါက်ဂရန်အဖြစ် ပြောင်းလဲလို့ပါက ကျွန်တော်တို့ ဧရာမြန်မာ နှင့်ဆက်သွယ်ပြီး ဝန်ဆောင်မှုရယူနိူင်ပါတယ်။ 📣📣
ℹ️ ကျွန်တော်တို့ ဧရာမြန်မာ အနေဖြင့် အိမ်၊ခြံ၊မြေ စာချုပ်စာတမ်းနှင့်ပက်သက်ပြီး ဝန်ဆောင်မှုပေးသည်များမှာ -
👉 ဂရမ်အမည်ပြောင်းခြင်း
👉 ပါမစ်၊ စလစ်မှ ဂရမ်အသစ်လျှောက်ထားပေးခြင်း
👉 မြေပုံအမျိုးမျိုးကူးယူပေးခြင်း
👉 ပါမစ်၊ စလစ်၊ ဂရမ်အမည်ပေါက်မှန်မမှန်စစ်ဆေးပေးခြင်း
👉 အရောင်းအဝယ်စာချုပ်ကြီး မှတ်ပုံတင်ပေးခြင်း
👉 GP/ SP
👉 အိမ်၊ ခြံ၊ မြေ၊ အခွန်ရာဖြတ်လျှောက်ထားပေးခြင်း
👉 စီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ပေးခြင်း
👉 အမွေဆက်ခံပိုင်ခွင့် ပိုင်ဆိုင်ကြောင်းစာချုပ်
👉 မွေးစားစာချုပ်
👉 တရားရုံးချုပ်ကျမ်းကျိန်လွှာ/ ကျမ်းသစ္စာပြုလွှာအမျိုးမျိုး .....
အစရှိသည် ပိုင်ဆိုင်ကြောင်း/ ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းနှင့်ပက်သက်သည်တို့ကို လူကြီးမင်းတို့ စိတ်ချမ်းသာစွာဖြင့် လျှင်မြန်စွာပြီးစီနိူင်အောင် ကျွန်တော်များ၏ ဧရာမြန်မာ နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။
💁♂️ ဆက်သွယ်လိုပါက ..
Ayar Myanmar - Legal Services
📍တိုက် C2B၊ အခန်းအမှတ် (0804)၊ 8 လွှာ၊ Time SQUARE၊ ဗိုလ်တစ်ထောင်စျေးလမ်းနှင့် ဆန္ဒကူးလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ 09660176000
☎️ 09760926000
.P/S.P
#စာချုပ်စာတမ်း
#အိမ်ခြံမြေအရောင်းအဝယ်စာချုပ်
#ဂရန်အမည်ပေါက်ပြောင်း
#ကျမ်းကျန်လွှာ
#ပါမစ်မြေမှဂရန်ပြောင်း
#ကုန်ပစ္စည်အမှတ်တံဆိပ်မူပိုင်ခွင့်
Send a message to learn more