24/03/2024
ကျွန်တော်တို့ရဲ့ Confidence Educational Services (CES) page လေးမှ ပညာဆည်းပူးလိုသူ တက်ကြွ ထက်မြက်သော လူငယ်လူရွယ်များနဲ့ မိဘ၊ မိတ်သင်္ဂဟ အားလုံးကို မင်္ဂလာပါလို့ ကြိုဆို နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။
CES ရဲ့ ဖွဲ့စည်းပုံက ဘယ်လိုလဲ။
👫 နှစ်ပေါင်း ၃၀ ကျော် သင်ကြားရေးအတွေ့အကြုံရှိ ဝါရင့် ပြည်တွင်း ဆရာ၊ ဆရာမ များနဲ့ နိုင်ငံခြားမှ ပညာရေးဆိုင်ရာ တရားဝင် ကိုယ်စားလှယ်တို့ စုပေါင်းဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။
CES က ဘယ်လိုဝန်ဆောင်မှုတွေရနိုင်မလဲ။
🇨🇦 ကနေဒါနိုင်ငံရှိ အဆင့်မြင့် တက္ကသိုလ်များ၊ အထက်တန်းကျောင်းများ မျာ တက်ရောက် ပညာသင်လိုသူ လူငယ် လူရွယ်များ၊ မိဘများ ကို အကြုံပြု ဆွေးနွေး တိုင်ပင်ပေးနိုင်ပါတယ်။
🇨🇦 အဆိုပါတက္ကသိုလ်များ၊ အထက်တန်းကျောင်းများ မှ မိမိတက်ရောက်လိုသော တက္ကသိုလ်၊ ကျောင်းတို့ကို တက်ရောက်ခွင့် လျှောက်ထားပေးပါတယ်။
🇨🇦 တက်ရောက်ခွင့် ရရှိပြီးသော သူများအတွက် ကနေဒါ visa လျှောက်ထား ပေးပါတယ်။ အတူတကွ လိုက်ပါပို့ဆောင်လိုသူ မိဘ အုပ်ထိန်းသူများ ရှိပါကလည်း visa လျှောက်ထားပေးပါတယ်။
🇨🇦 ပညာသင်ဆု အပြည့်(သို့) တစိတ်တပိုင်း လျှောက်ထားလိုပါကလည်း ဆောင်ရွက်ပေးပါတယ်။
🇨🇦 တက်ရောက်ခွင့် နှင့် visa ရရှိသူ ကာကယံရှင် ကျောင်းသား/သူ နှင့် ၎င်း၏ မိဘ အုပ်ထိန်းသူတို့ (အတူတကွလိုက်ပါလိုပါက) အတွက် လေယာဉ်လက်မှတ်၊ ဟိုတယ် စသည်တို့ကိုလည်း အသက်သာဆုံးဈေးနှူန်းဖြင့် စီစဉ် ရောင်းချပေးပါတယ်။
🇨🇦 အထက်ဖော်ပြပါ ဝန်ဆောင်မှုများကို တစ်ခုခြင်းရွေးချယ်၍ ဖြစ်စေ၊ အလုံးစုံ(Package)အနေဖြင့် ဖြစ်စေ စိတ်တိုင်းကျ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
CES က ယုံကြည်စိတ်ချရမှုရှိသလား။
💯 ရိုးသား ဖြောင့်မတ်မှု(Honesty)၊ ဂုဏ်သိက္ခာစောင့်ထိန်းမှု( Integrity)၊ လုပ်ရည်ကိုင်ရည်ရှိမှု(Competency) တို့ကို ဆယ်စုနှစ်ပေါင်းများစွာ အခြေခံအုတ်မြစ် သုံးခုအဖြစ် တည်ထား ဆောင်ရွက် နေတာဖြစ်လို့ ရာနှူန်းပြည့် ယုံကြည်စိတ်ချနိင်ပါတယ်ခင်ဗျာ။
သတင်းကောင်းလေးပါးချင်တာကတော့—
မကြာမီ အချိန်မှာ စိတ်ဝင်စားသူများ တက်ရောက် ဆွေးနွေးမေးမြန်း နိုင်မယ့် online ဟောပြောပွဲလေး ကျင်းပဖို့ရှိပါတယ် ခင်ဗျာ။ Page ကနေ ကြေညာပေးမှာ ဖြစ်တဲ့ အတွက်ကျွန်တော်တို့ရဲ့ CES page လေးကို like & share လုပ်ထားဖို့တော့ လိုပါလိမ့်မယ်ခင်ဗျ။
Call now to connect with business.