Min Bhone Shwe Overseas Employment Agency

Min Bhone Shwe Overseas Employment Agency We providing good Employment for our Myanmar Labour to Oversea Employers.

မင်္ဂလာရှိသော ရက်မြတ်အခါသမယလေး ဖြစ်ပါစေရှင့်🙏🙏🙏ယနေ့ ၀၇-၀၃-၂၀၂၆ (စနေနေ့) ၌အလှူရှင်များ ဖြစ်ကြပါသောMin Bhone Shwe Group of...
07/03/2026

မင်္ဂလာရှိသော ရက်မြတ်အခါသမယလေး ဖြစ်ပါစေရှင့်🙏🙏🙏

ယနေ့ ၀၇-၀၃-၂၀၂၆ (စနေနေ့) ၌
အလှူရှင်များ ဖြစ်ကြပါသော

Min Bhone Shwe Group of Companies Limited ၏ MD ဦးကျော်စွာမင်း + ဒေါ်အေးအေးနိုင် မိသားစုမှ
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ (ပင်မ)
တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိကြသော တိပိဋက စာပြန်/စာဖြေ သံဃာတော်များအား လစဉ် လဆန်း (၇)ရက်နေ့၌ အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း နှင့် ကျောင်းတိုက်တော်အတွင်း ဆောက်လုပ်လျက်ရှိသော ဓမ္မရိပ်သာအတွက် (၁၃)ကြိမ်မြောက် လှူဒါန်းငွေ #ကျပ်သိန်းငါးရာ တို့အား စေတနာသုံးတန် ပြတ်သားစွာဖြင့် လှူဒါန်းခဲ့သည့် မှတ်တမ်းဓါတ်ပုံလေးများပဲ ဖြစ်ပါတယ်ရှင့်။

🪴ယနေ့ (၁၃)ကြိမ်မြောက်အထိ ဓမ္မရိပ်သာအတွက် လှူဒါန်းသော အလှူတော်ငွေ #ကျပ်သိန်းကိုးထောင့်ငါးရာတိတိ အား မိမိတို့ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာများကို ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံ့ခိုင်မြဲအောင် ကြိုးစားအားထုတ်လျက်ရှိကြကုန်သော သာသနာ့အာဇာနည်များ စိတ်အေးချမ်းသာစွာဖြင့် သာသနာပြုနိုင်ရေး ရှေးရှုကာ နိဗ္ဗာန်ကိုရည်မှန်းလျက် လှူဒါန်းခဲ့ပါသော

အလှူရှင် MDနှင့် ဇနီး တို့သည်

🙏ကိုယ်၊စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုးပြုလုပ်ငန်းများ ဆတက်တပိုး သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း သမီးတို့ Min Bhone Shwe Group of Companies ဝန်ထမ်းမိသားစုများမှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင့်🙏🙏🙏

ဤကုသိုလ်ကောင်းမှု နတ်၊လူ သာဓုခေါ်စေသော်.....
သာဓု သာဓု သာဓု🙏🙏🙏






Edit PostCV Form လက်ခံရက်လေးကို၂၄-၂-၂၀၂၆ ရက်နေ့အထိ တိုးမြှင့်ထားပါတယ်ရှင့်🇲🇲🇯🇵N3 Passed (or) N3 တက်နေဆဲHotel Tokutaei လက...
09/02/2026

Edit Post

CV Form လက်ခံရက်လေးကို
၂၄-၂-၂၀၂၆ ရက်နေ့အထိ တိုးမြှင့်ထားပါတယ်ရှင့်🇲🇲🇯🇵

N3 Passed (or) N3 တက်နေဆဲ
Hotel Tokutaei လက်မှတ်ရှိပါကလဲ
လျှောက်ထားနိုင်ပါတယ်ရှင့်

မင်္ဂလာပါရှင့်

ဂျပန်နိုင်ငံတွင် Hotel (ကျွမ်းကျင်)ဖြင့် သွားရောက်အလုပ် လုပ်ကိုင်လိုသူများ အတွက် ဒုတိယအကြိမ် အလုပ်ခေါ်စာများ ထပ်မံရောက်ရှိလို့ လာပါပြီရှင်။

ပထမအကြိမ်အဖြစ် (၁၃)ဦး အင်တာဗျူး အောင်မြင်ခဲ့ပြီး ထပ်မံလိုအပ်နေသေးသည့်အတွက် ခေါ်ယူခြင်း ဖြစ်ပါတယ်ရှင့်။

🇯🇵 JLPT N3 Passed
🗂️ သက်ဆိုင်ရာ Tokutaei အောင်လက်မှတ်
📕 Passport တို့နှင့်အတူ လာရောက်လျှောက်ထားနိုင်ပါပြီ။

CV Form ပိတ်ရက်- ၂၀-၂-၂၀၂၆

စုံစမ်းမေးမြန်းလိုပါက
ဖုန်းနံပါတ်
09750555597 သို့
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။



မင်္ဂလာရှိသော ရက်မြတ်အခါသမယလေး ဖြစ်ပါစေရှင့်🙏🙏🙏ယနေ့ ၀၇-၀၂-၂၀၂၆ (စနေနေ့) ၌အလှူရှင်များ ဖြစ်ကြပါသောMin Bhone Shwe Group of...
07/02/2026

မင်္ဂလာရှိသော ရက်မြတ်အခါသမယလေး ဖြစ်ပါစေရှင့်🙏🙏🙏

ယနေ့ ၀၇-၀၂-၂၀၂၆ (စနေနေ့) ၌
အလှူရှင်များ ဖြစ်ကြပါသော

Min Bhone Shwe Group of Companies Limited ၏ MD ဦးကျော်စွာမင်း + ဒေါ်အေးအေးနိုင် မိသားစုမှ
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ (ပင်မ)
တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိကြသော တိပိဋက စာပြန်/စာဖြေ သံဃာတော်များအား လစဉ် လဆန်း (၇)ရက်နေ့၌ အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း နှင့် ကျောင်းတိုက်တော်အတွင်း ဆောက်လုပ်လျက်ရှိသော ဓမ္မရိပ်သာအတွက် (၁၂)ကြိမ်မြောက် လှူဒါန်းငွေ #ကျပ်သိန်းငါးရာ တို့အား စေတနာသုံးတန် ပြတ်သားစွာဖြင့် လှူဒါန်းခဲ့သည့် မှတ်တမ်းဓါတ်ပုံလေးများပဲ ဖြစ်ပါတယ်ရှင့်။

မိမိတို့ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာများကို ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံ့ခိုင်မြဲအောင် ကြိုးစားအားထုတ်လျက်ရှိကြကုန်သော သာသနာ့အာဇာနည်များ စိတ်အေးချမ်းသာစွာ သာသနာပြုနိုင်ရေးအတွက် လိုအပ်သည့် ဓမ္မရိပ်သာကြီး အောင်မြင်စွာ တည်ဆောက်ပြီးစီးရေး ရည်သန်လျက်

🪴ယနေ့(၁၂)ကြိမ်မြောက်အထိ လှူဒါန်းငွေ စုစုပေါင်း #ကျပ်သိန်းကိုးထောင်🪴
တို့အား သဒ္ဓါတရားရွှင်လန်းစွာဖြင့် လှူဒါန်းကောင်းမှု ပြုခဲ့ကြသည့် MD နှင့် ဇနီး တို့၏ ကုသိုလ်ကောင်းမှုအပေါ် သမီးတို့ Min Bhone Shwe Group of Companies ဝန်ထမ်းမိသားစုများမှ ဝမ်းမြောက်ဝမ်းသာ သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါတယ်ရှင့်🙏🙏🙏

ဤကုသိုလ်ကောင်းမှု နတ်၊လူ သာဓုခေါ်စေသော်.....
သာဓု သာဓု သာဓု🙏🙏🙏

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၈)ကြိမ်မြောက် "လွတ်လပ်ရေးနေ့" အား မြန်မာပြည်သူပြည်သားများနှင်အတူ Min B...
04/01/2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၈)ကြိမ်မြောက် "လွတ်လပ်ရေးနေ့" အား မြန်မာပြည်သူပြည်သားများနှင်အတူ Min Bhone Shwe Group of Companies မိသားစုမှ ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုအပ်ပါသည်။

#မင်းဘုန်းရွှေကုမ္ပဏီများအုပ်စု
#အေးချမ်းငြိမ်းကျော်ဆန်စက်
#ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ

31/12/2025

🌺 မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသော ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယ၌ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရှင်🌺🌺

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားဆုံးမတော်မူသည့်အတိုင်း

မကောင်းမှုအကုသိုလ်များ ရှောင်ရှားကာ
ကောင်းမှုကုသိုလ်များ လုပ်ဆောင်ရင်းဖြင့်

၂၀၂၆ ခုနှစ် တစ်နှစ်တာ ကာလပတ်လုံး 📿ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းစွာဖြင့် သာသနာပြုနိုင်ကြပါစေ🙏

🪷ကပ်ကြီးသုံးပါး ကင်းဝေးကြပါစေ🙏

💐ရန်သူမျိုးငါးပါး နှိပ်စက်ခြင်းမှ ကင်းလွတ်ကြပါစေ🙏

🏵️ကျန်းမာရေးများ အထူးကောင်းမွန်ကြပါစေ🙏

🪴လုပ်ကိုင်နေသော လုပ်ငန်းများ ကြီးပွါးတိုးတက်အောင်မြင်ကြပါစေ🙏

🪻ကံပွင့်လာဘ်ပွင့်ကြပါစေ🙏

🍁လောကီမင်္ဂလာအဖြာဖြာတို့သည် စိတ်ကြံတိုင်း၊ တောင့်တတိုင်း လွယ်ကူလျင်မြန်စွာ ပြီးပြည့်စုံနိုင်ကြပါစေ🙏

🌺စည်းစိမ်ဥစ္စာ ပေါကြွယ်ဝပါ‌စေကြောင်း

#မင်းဘုန်းရွှေကုမ္ပဏီများအုပ်စုမှ ဆုမွန်ကောင်း တောင်းလိုက်ပါရစေရှင့်💐💐💐

မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံကြပါစေရှင်🙏မင်္ဂလာရက်မြတ်၀၇-၁၂-၂၀၂၅၊ တနင်္ဂနွေနေ့ အခါသမယ၌နှစ်ဖက်သောမိဘများအား ရည်စူးအ...
07/12/2025

မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံကြပါစေရှင်🙏

မင်္ဂလာရက်မြတ်
၀၇-၁၂-၂၀၂၅၊ တနင်္ဂနွေနေ့ အခါသမယ၌

နှစ်ဖက်သောမိဘများအား ရည်စူးအမှူးထား၍
🪷အလှူ့ဒါယိကာ ဦးကျော်စွာမင်း
🪷အလှူ့ဒါယိကာမ ဒေါ်အေးအေးနိုင်
🏨မင်းဘုန်းရွှေကုမ္ပဏီများအုပ်စု မိသားစုတို့ မှ
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊
(ပင်မ)တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၌
#ဆဌမအကြိမ်မြောက်
#သိက္ခာထပ်နှင့်သိမ်ဆင်းလောင်းလှူခြင်းအလှူတော်မင်္ဂလာ
သိက္ခာထပ် ဆရာတော်ကြီးများအား
နဝကမ္မဝတ္ထုငွေ
🙏 #ကျပ်တစ်ဆယ်သိန်းတိတိ
ကျောင်းတိုက်တော်အတွင်း ဆောက်လုပ်လျက်ရှိသော ဓမ္မရိပ်သာအတွက်
လှူဖွယ်ဝတ္ထုငွေ
🙏 #ကျပ်သိန်းငါးရာတိတိ နှင့်

အရုဏ်ဆွမ်း၊နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ သင်္ကန်းခြင်း၊ ဆန် (၆)အိတ်၊ ပဲဆီ (၅)ပိဿာ (၅)ပုံး၊ စက်သုံးဆီ(၂)ပေပါ နှင့်တို့အား လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည့် မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုသူ မိဘပြည်သူများ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြစေခြင်းငှာ မျှဝေပေးလိုက်ရပါတယ်ရှင့်🙏🙏🙏

လှူဒါန်းခြင်းကောင်းမှုပြုခဲ့ပါသော
MD နှင့်မိသားစု၊ ကြွရောက်လာကြသော ဧည့်သည်တော်များ နှင့် လုပ်အားဖြင့်ကုသိုလ်ယူပါဝင်ခဲ့ကြသော ဝန်ထမ်းများအားလုံးတို့သည်

🪷ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ
🪷ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ
🪷စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ
🪷နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ
🪷ကပ်ကြီးသုံးပါးအောင်မြင်စွာကျော်နင်းနိုင်ကြပါစေ
🪷ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် သာသနာပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း‌လိုက်ပါရစေရှင့်🪷🪷🪷

ဤကောင်းမှု နတ်၊လူ သာဓု ခေါ်စေသော်.....
သာဓု သာဓု သာဓု🙏🙏🙏


🇲🇲🇯🇵ဂျပန်နိုင်ငံအတွက် Tokutei Ginou  အလုပ်ခေါ်စာ 🇲🇲🇯🇵အလုပ်လျှောက်လျှင် အောက်ဖေါ်ပြပါ ၁- Photo၂- Passport Copy၃- ဂျပန်စာအ...
05/12/2025

🇲🇲🇯🇵ဂျပန်နိုင်ငံအတွက် Tokutei Ginou အလုပ်ခေါ်စာ 🇲🇲🇯🇵

အလုပ်လျှောက်လျှင် အောက်ဖေါ်ပြပါ
၁- Photo
၂- Passport Copy
၃- ဂျပန်စာအောင်လက်မှတ် ၊ Tokutei Hotel အောင်လက်မှတ်များ စသည်တို့ယူလာပေးကြပါရန်။

နံနက် ၀၉:၀၀ မှ ညနေ ၃း၀၀ အတွင်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါတယ်

ဆက်သွယ်ရန် -
☎Page Messenger
09750555597 Viber/ WhatsApp/ Telegram စသည့် Channel များမှတဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။



🙏မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံနိုင်ကြပါစေရှင့်🙏ယနေ့ ၀၄-၁၂-၂၀၂၅ ရက်နေ့၊ ကြာသပတေး‌နေ့၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ...
04/12/2025

🙏မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံနိုင်ကြပါစေရှင့်🙏

ယနေ့ ၀၄-၁၂-၂၀၂၅ ရက်နေ့၊ ကြာသပတေး‌နေ့၌
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် အမှတ်(၂)၌ သီတင်းသုံးလျက်ရှိကြသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်တို့အား Min Bhone Shwe Group of Companies Limited ၏ MD ဦးကျော်စွာမင်း + ဒေါ်အေးအေးနိုင် မိသားစုတို့၏ လစဉ် (၄)ရက်နေ့တိုင်း အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည့် အာစိန္နကံ အလှူတော်မင်္ဂလာ မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုသူ မိဘပြည်သူများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြစေရန် မျှဝေပေးလိုက်ရပါတယ်ရှင့်🙏🙏🙏

သဒ္ဓါရွှင်လန်း နိဗ္ဗာန်မှန်းကာ လှူဒါန်းခြင်းကောင်းမှု ပြုလုပ်ခဲ့ပါသော Min Bhone Shwe Group of Companies Limited ၏ MD နှင့် မိသားစု၊လုပ်အားဖြင့် ကုသိုလ်ယူပါဝင်ခဲ့ကြပါသော ဝန်ထမ်းများအားလုံးတို့သည် ဤကုသိုလ်ဒါနကြောင့်

🪷ကိုယ်၊စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာပြုနိုင်ကြပါ‌စေ။
🪷ကပ်ကြီးသုံးပါး အောင်မြင်စွာ ကျော်နင်းနိုင်ပါစေ။
🪷လောကီမင်္ဂလာ အဖြာဖြာတို့သည် စိတ်ကြံတိုင်း၊ တောင့်တတိုင်း လွယ်ကူလျင်မြန်စွာ ပြီးပြည့်စုံပါစေ။
🪷ဤကုသိုလ်အကျိုးသည် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်သော အထောက်အပံ့ကောင်းသည် မုချမသွေ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင့်🙏🙏🙏
ဤကောင်းမှုအလှူတော်အား နတ်၊လူ သာဓုခေါ်စေသော်.....
သာဓု သာဓု သာဓု🙏🙏🙏



မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံနိုင်ကြပါစေရှင်💐ယနေ့ ၀၉-၁၁-၂၀၂၅ ရက်နေ့၊ တနင်္ဂနွေနေ့၌ မင်္ဂလာဒုံမြို့နယ်၊ တိပိဋကမဟာသစ...
09/11/2025

မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံနိုင်ကြပါစေရှင်💐

ယနေ့ ၀၉-၁၁-၂၀၂၅ ရက်နေ့၊ တနင်္ဂနွေနေ့၌ မင်္ဂလာဒုံမြို့နယ်၊ တိပိဋကမဟာသစ္စာ‌အောင်မြေကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိကြသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်တို့အား Min Bhone Shwe Group of Companies Limited ၏ MD ဦးကျော်စွာမင်း + ဒေါ်အေးအေးနိုင် မိသားစုတို့၏ လစဉ် (၉)ရက်နေ့တိုင်း အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည့် အာစိန္နကံ အလှူတော်မင်္ဂလာ မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုသူ မိဘပြည်သူများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြစေရန် မျှဝေပေးလိုက်ရပါတယ်ရှင့်🙏🙏🙏

သဒ္ဓါရွှင်လန်း နိဗ္ဗာန်မှန်းကာ လှူဒါန်းခြင်းကောင်းမှု ပြုလုပ်ခဲ့ပါသော Min Bhone Shwe Group of Companies Limited ၏ MD နှင့် မိသားစု၊ ကုသိုလ်ယူပါဝင်ခဲ့ကြပါသော ဧည့်သည်တော်များနှင့် ဝန်ထမ်းများအားလုံး ဤကုသိုလ်ဒါနကြောင့်

🪷ကိုယ်၊စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာပြုနိုင်ကြပါ‌စေ။
🪷မရသေးသော စည်းစိမ်ချမ်းသာ ဥစ္စာ ရတနာ အပေါင်း ရရှိကြပါစေ။
🪷ရရှိပြီးသော စည်းစိမ်ဥစ္စာရတနာအပေါင်း တစ်နေ့တစ်ခြား တိုးပွါး ပွါးများပါစေ။
🪷ဤကုသိုလ်အကျိုးသည် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်သော အထောက်အပံ့ကောင်းသည် မုချမသွေ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင့်🙏🙏🙏
ဤကောင်းမှုအလှူတော်အား နတ်၊လူ သာဓုခေါ်စေသော်.....
သာဓု သာဓု သာဓု🙏🙏🙏



မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံနိုင်ကြပါစေရှင်🙏🙏🙏🪷မင်္ဂလာနေ့ရက် ၂-၁၁-၂၀၂၅ (တနင်္ဂနွေနေ့)🪷📿 #ကျောင်းဒါယိကာ ဦးကျော်စွာ...
09/11/2025

မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံနိုင်ကြပါစေရှင်🙏🙏🙏

🪷မင်္ဂလာနေ့ရက် ၂-၁၁-၂၀၂၅ (တနင်္ဂနွေနေ့)🪷

📿 #ကျောင်းဒါယိကာ ဦးကျော်စွာမင်း + #ကျောင်းဒါယိကာမ ဒေါ်အေးအေးနိုင် မိသားစုတို့မှ မော်လမြိုင်မြို့တွင် တည်ထားကိုးကွယ်ထားရှိသော #ရွှေနတ်တောင်ကျောင်းတိုက်၌ (၁၁)ကြိမ်မြောက် ကထိန်ခင်းခြင်း၊ အခြံအရံလှူဖွယ်ပစ္စည်းများနှင့် ပင့်သံဃာ (၈၆)ပါးတို့အား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ ကြွရောက်လာကြသော ဧည့်ပရိတ်သတ် ဦးရေ(၂၀၀၀)ကျော်တို့အား ကြက်သားဒံပေါက်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ပြုလုပ်ခဲ့သည့် အလှူမှတ်တမ်းများအပြင်

(၁၄) ကြိမ်မြောက်
#မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် #သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ခဲ့ရာ
အ.ထ.က (ရွှေနတ်တောင်)(အငြိမ်းစား) မြတ်ဆရာ(၁၅၄)ဦး၊ သက်ကြီးဘိုး/ဘွား (၁၉၀)ဦး၊ စုစုပေါင်း (၃၄၄)ဦးတို့ကို
တစ်ဦးလျှင် ကျပ်(၁၀၀၀၀၀/-)တိတိစီဖြင့် ကန်တော့ခဲ့သည့် မှတ်တမ်းဓါတ်ပုံများကို
ကြည့်ရှုသူမိဘပြည်သူတိုင်း ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်စေရန်နှင့် ကုသိုလ်ထပ်တူ ရကြပါစေရန် မျှဝေပေးလိုက်ရပါတယ်ရှင့်🙏🙏🙏

စေတနာသုံးတန် ပြတ်သားစွာဖြင့် သဒ္ဓါကြည်ဖြူ လှူဒါန်းခဲ့ပါသော
.,Ltd MD နှင့် မိသားစုများ၊ လုပ်အားဒါန ကုသိုလ်ပါဝင်ခဲ့ကြသော ရပ်ဆွေရပ်မျိုးများအားလုံး နှင့် ဝန်ထမ်းများ
🪷ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ
🪷ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ
🪷ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ
🪷နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်🙏

ဤကုသိုလ်ကောင်းမှု နတ်၊လူ သာဓုခေါ်‌စေသော်.........
သာဓု သာဓု သာဓု🙏🙏🙏


🙏မင်္ဂလာရှိသော တန်ဆောင်မုန်းလဆုတ် (၃)ရက်နေ့၊ ယနေ့ ၀၇-၁၁-၂၀၂၅ ရက်နေ့၊ သောကြာနေ့၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ တိပိ...
07/11/2025

🙏မင်္ဂလာရှိသော တန်ဆောင်မုန်းလဆုတ် (၃)ရက်နေ့၊
ယနေ့ ၀၇-၁၁-၂၀၂၅ ရက်နေ့၊ သောကြာနေ့၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိကြသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်တို့အား Min Bhone Shwe Group of Companies Limited ၏ MD ဦးကျော်စွာမင်း + ဒေါ်အေးအေးနိုင် မိသားစုတို့၏
လစဉ် (၇)ရက်နေ့တိုင်း အရုဏ်ဆွမ်း၊
နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည့် အာစိန္နကံ အလှူတော်မင်္ဂလာ မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုသူ မိဘပြည်သူများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြစေရန် မျှဝေပေးလိုက်ရပါတယ်ရှင့်🙏🙏🙏

သဒ္ဓါရွှင်လန်း နိဗ္ဗာန်မှန်းကာ လှူဒါန်းခြင်းကောင်းမှု ပြုလုပ်ခဲ့ပါသော Min Bhone Shwe Group of Companies Limited ၏ MD နှင့် မိသားစု၊ ကုသိုလ်ယူပါဝင်ခဲ့ကြပါသော ဧည့်သည်တော်များနှင့် ဝန်ထမ်းများအားလုံး ဤကုသိုလ်ဒါနကြောင့်

🪷ကိုယ်၊စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာပြုနိုင်ကြပါ‌စေ။
🪷မရသေးသော စည်းစိမ်ချမ်းသာ ဥစ္စာ ရတနာ အပေါင်း ရရှိကြပါစေ။
🪷ရရှိပြီးသော စည်းစိမ်ဥစ္စာရတနာအပေါင်း တစ်နေ့တစ်ခြား တိုးပွါး ပွါးများပါစေ။
🪷ဤကုသိုလ်အကျိုးသည် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်သော အထောက်အပံ့ကောင်းသည် မုချမသွေ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင့်🙏🙏🙏
ဤကောင်းမှုအလှူတော်အား နတ်၊လူ သာဓုခေါ်စေသော်.....
သာဓု သာဓု သာဓု🙏🙏🙏



မင်္ဂလာပါရှင့်🙏ဗုဒ္ဓဘာသာဝင်များ၏ ထူးမြတ်လှတဲ့ တန်ဆောင်တိုင်အခါသမယ၌ ကျင်းပပြုလုပ်ကြသည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွ...
30/10/2025

မင်္ဂလာပါရှင့်🙏

ဗုဒ္ဓဘာသာဝင်များ၏ ထူးမြတ်လှတဲ့ တန်ဆောင်တိုင်အခါသမယ၌ ကျင်းပပြုလုပ်ကြသည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင်🪷🪷🪷

၂၉-၁၀-၂၀၂၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့၌
🪷🪷MD ဦးကျော်စွာမင်း + ဒေါ်အေးအေးနိုင်
Min Bhone Shwe Group of Co.,Ltd မိသားစုတို့မှ မရမ်းကုန်းမြို့နယ်၊‌
ပေါက်စေတီကျောင်းတိုက်သို့ နှစ်စဉ်မပျက် ကထိန်သင်္ကန်း၊ အခြံအရံလှူဖွယ်ပစ္စည်း နှင့် လှူဖွယ်ဝတ္ထုအစုစု(စုစုပေါင်း တန်ဘိုးငွေကျပ်- ၂၀၃၈၀၀၀/-)တို့ကို သွား‌ရောက်လှူဒါန်းခဲ့သည့် မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှုသူ မိဘပြည်သူအပေါင်း ဝမ်းမြောက်နုမော် သာဓု ခေါ်ဆိုနိုင်စေရန် မျှဝေပေးလိုက်ရပါတယ်ရှင့်။🪷🪷

ယုံကြည်ချက် သဒ္ဓါတရားထက်သန်စွာ လှူဒါန်းခြင်းကောင်းမှုပြုခဲ့ပါသော MDနှင့် မိသားစု၊ ဝန်ထမ်းများအားလုံးတို့သည်

🪷ကိုယ်၊စိတ် နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုးပြုလုပ်ငန်းများ ဆတက်တပိုး သယ်ပိုးထမ်းရွက်နိုင်ပါစေ။

🪷ကာလဒါနဖြစ်သည့် ကထိန်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရခြင်း၏ ကုသိုလ်အကျိုးတရားများ ပြည့်စုံစွာ ခံစားစံစားရပါစေ။

🪷လောကီမင်္ဂလာအဖြာဖြာတို့သည် စိတ်ကြံတိုင်း၊ တောင့်တတိုင်း လွယ်ကူလျှင်မြန်စွာ ပြီးပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင့်🙏🙏🙏

ဤကုသိုလ်ကောင်းမှုအစုစု နတ်၊လူ သာဓုခေါ်စေသော်
သာဓု သာဓု သာဓု...........



Address

No/D 11/12, Corner Of Myint Zu Street & Swel Taw Street, East Dagon Township
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959750555597

Website

Alerts

Be the first to know and let us send you an email when Min Bhone Shwe Overseas Employment Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Min Bhone Shwe Overseas Employment Agency:

Share