Thet Swe - Business Consultant

Thet Swe - Business Consultant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Swe - Business Consultant, Business consultant, Yangon.

“ဆရာ၊ ကျွန်မတို့ရုံးမှာ COO တစ်ယောက်လိုလို့၊ ဆရာနဲ့ဆို အံကိုက်ဘဲ၊ ဆရာ လာပြီး COO လုပ်ပေးစေချင်တယ်။”ဆရာနဲ့အဆက်အသွယ်ပြတ်နေ...
01/11/2025

“ဆရာ၊ ကျွန်မတို့ရုံးမှာ COO တစ်ယောက်လိုလို့၊ ဆရာနဲ့ဆို အံကိုက်ဘဲ၊ ဆရာ လာပြီး COO လုပ်ပေးစေချင်တယ်။”

ဆရာနဲ့အဆက်အသွယ်ပြတ်နေတာ ကြာပြီထင်ပါတယ်၊
ဆရာဘာတွေလုပ်နေတယ်ဆိုတာတောင် မသိတဲ့လူများလာပြီ။
ဒါ့ကြောင့် ဒီလိုပြန်ဖြေလိုက်ပါတယ်။

“ဆရာ CEO လုပ်ပြီးနောက်ပိုင်း
CEO လုပ်ဖို့ခေါ်တာတောင်မလုပ်တော့ပါဘူး။
အခုတော Part Time အလုပ်တွေဖြစ်တဲ့
Business Consultant ၊
Admin Consultant ၊
Financial Consultant ၊
Audit Consultant
QMS Consultant
Chief Administrative Officer
Independent Director စသည်ဖြင့်

အချိန်ပိုင်းတွေဘဲ လုပ်နေပါတယ်၊
အချိန်ပြည့်လုပ်ဖို့အချိန်မရှိတာကြောင့်အားနာမိပါတယ်။”

ဆရာ ဘယ်လိုအလုပ်တွေလုပ်နေတယ်ဆိုတာ
တပည့်တွေတောင်မသိရင်
အခြားသူတွေ မိတ်ဆွေတွေ ဆို ပိုပြီးမသိဖြစ်နေနိုင်တယ်။
(အေးလေ ကိုယ်ကလည်း အနေအေးတာကိုး😊)

ဒါကြောင့်
အခုအချိန်မှာတော့
အထက်ဖေါ်ပြပါ
အချိန်ပိုင်း အလုပ်များကိုသာ
စေတနာများစွာဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း

28/09/2025
EMBA (Online) ဝင်ခွင့်အတွက်လမ်းညွှန်မှုများကိုစာမေးပွဲဖြေဆိုသည်အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
24/09/2025

EMBA (Online) ဝင်ခွင့်အတွက်လမ်းညွှန်မှုများကို
စာမေးပွဲဖြေဆိုသည်အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။

09/12/2024
Quality Culture တည်ဆောက်ကြ။
11/11/2024

Quality Culture တည်ဆောက်ကြ။

5s and 7s အကြောင်း။Quality အကြောင်း။အသေးစိတ်ရှင်းပြဆွေးနွေးခဲ့ပါသည်။ဘာပဲလုပ်လုပ် Quality ပြည့်အောင်လုပ်။Quality Culture ...
05/06/2024

5s and 7s အကြောင်း။

Quality အကြောင်း။

အသေးစိတ်ရှင်းပြဆွေးနွေးခဲ့ပါသည်။

ဘာပဲလုပ်လုပ် Quality ပြည့်အောင်လုပ်။
Quality Culture ကို တည်ဆောက်ကြ။

စနစ်တကျဖြင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့်
Yellow Box Trading Co.,Ltd
ယခုထက်ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း
ဆုတောင်းလိုက်ပါသည်။

Thet Swe (B.Com, MBA, MBF)
Chief Consultant
TZP Financial and Management Consulting Firm

✳️ TZP - မန္တလေး သို့ ရောက်ပြီ။✳️“မန္တလေးမြို့ ကိုယ်လာပြီ “ရဲ့ အဆက်ပေါ့။✅ TZP ဆိုတာကတော့ 💹 TZP Financial and Management ...
12/05/2024

✳️ TZP - မန္တလေး သို့ ရောက်ပြီ။✳️

“မန္တလေးမြို့ ကိုယ်လာပြီ “ရဲ့ အဆက်ပေါ့။

✅ TZP ဆိုတာကတော့
💹 TZP Financial and Management Consulting Firm
( ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲမှုဆိုင်ရာအတိုင်ပင်ခံလုပ်ငန်း) ပါ။

✅ မန္တလေး ရောက်ပြီ ဆိုတာကတော့
TZP Financial and Management Consulting Firm ရဲ့
မန္တလေးမြို့ အတွက် ပထမဦးဆုံး အတိုင်ပင်ခံလုပ်ငန်းအဖြစ်
မန္တလေးမြို့ရဲ့ Group of Companies ကြီး တစ်ခုမှာ
Management Consultant အဖြစ် တာဝန်ပေးအပ်ခြင်းခံရတာကြောင့်

အသိပညာ၊ အတတ်ပညာနဲ့ အတွေ့အကြုံတွေကို
မန္တလေးမြို့ မှာ မျှဝေခွင့် ရရှိတော့မှာ ဖြစ်လို့

စီးပွားရေးလုပ်ငန်းအသီးသီးကို ပိုမိုတိုးတက်အောင်မြင်အောင်ဆောင်ရွက်ပေးမယ့်
TZP ရဲ့ ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ၊ အတတ်ပညာတွေ
မန္တလေး မြို့ကြီးသို့ ရောက်ရှိလာပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

✅ ဟုတ်ပါတယ်။
📦 Yellow Box Trading Co.,Ltd နှင့် အတူ
မန္တလေးမြို့သို့ သွားရောက်ခဲ့သော
တိုးတက်အောင်မြင် ပျော်ရွှင်သော ခရီးစဉ်နဲ့အတူ
Yellow Box Partner များရဲ့ ထောက်ခံအားပေးမှုနဲ့အတူ
မန္တလေးမြို့ရဲ့ Group of Companies တစ်ခုမှာ
Management Consultant အဖြစ် တာဝန်ပေးအပ်ခြင်းခံရတာဖြစ်ပါတယ်။

🏦 ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ၊ အတတ်ပညာနဲ့ အတွ့အကြုံတွေကို
ရွှေမန္တလေးမြို့ကြီးမှာ မျှဝေ အသုံးချခွင့်ရရှိတော့မှာ ဖြစ်တဲ့အတွက်
များစွာဂုဏ်ယူဝမ်းသာမိပါတယ်။

💹 သက်ဆိုင်ရာ Group of Companies ကြီးရဲ့ စီးပွားရေးလုပ်ငန်းများကို
အရည်အသွေးပြည့်ဝသော စီမံခန့်ခွဲမှုစနစ် နဲ့အတူ
ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားပါမယ်။

✳️ TZP ရဲ့ လက်တွေ့ လုပ်ငန်းဆောင်ရွက်ချက်များအရ
ယုံကြည်စွာ ထောက်ခံပေးသူ၊ တာဝန်ပေးအပ်သူများကို
အထူးပင်ကျေးဇူးတင်ပါကြောင်းပြောကြားရင်း

✳️ TZP - မန္တလေး သို့ ရောက်ပြီ။

Thet Swe ( B.Com, MBA, MBF)
Founder and Chief Consultant
TZP Financial and Management Consulting Firm

03/05/2024

စနစ်တကျဖွံ့ဖြိုးတိုးတက်အောင်မြင်လိုသော

စီးပွါးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရန်

မန္တလေး ရွှေမြို့တော်ကြီးသို့

CPA or CAPAဟိုတစ်နေ့က CPA အကြောင်းရေးလိုက်တော့ မိတ်ဆွေတစ်ယောက်က CPA အကြောင်းပြည့်ပြည့်စုံစုံလေးရှင်းပြပေးပါဆိုလို့။CPA ဆ...
22/04/2024

CPA or CAPA

ဟိုတစ်နေ့က CPA အကြောင်းရေးလိုက်တော့ မိတ်ဆွေတစ်ယောက်က CPA အကြောင်းပြည့်ပြည့်စုံစုံလေးရှင်းပြပေးပါဆိုလို့။

CPA ဆိုတာ Corrective and Preventive Action ပါ။

Product အရည်အသွေးမကောင်းမှု၊ Customer Complaint များအပါအဝင် ၊ သတ်မှတ်ထားတဲ့ Policy ၊ SOP တွေနဲ့ မကိုက်ညီမှု၊ System မကျမှု များနဲ့ အကြံပြုချက်များကို ဖေါ်ထုတ်ပြီး ချက်ချင်းကောင်းမွန်အောင်ပြုပြင်ဆောင်ရွက်ခြင်းများ ( Corrective Action) နဲ့ နောင် အဆိုပါအားနည်းချက်မျိုးထပ်မံမပေါ်ပေါက်စေရန် ဘယ်လိုဆောင်ရွက်ထားရမယ်ဆိုတဲ့ ကာကွယ်ရန်လုပ်ဆောင်ချက်များ (Preventive Action) ကို ဆောင်ရွက်ပြီး အဖွဲ့အစည်း(သို့) ကုမ္ပဏီ ကောင်းမွန်သည်ထက်ကောင်းမွန်အောင်၊တိုးတက်သည်ထက်တိုးတက်အောင် ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
CPA မှာ လုပ်ဆောင်ချက် (၃) ပိုင်းပါပါတယ်။

(၁) Reporting
အရည်အသွေးမကောင်းမှု၊ Customer Complaint များအပါအဝင် ၊ သတ်မှတ်ထားတဲ့ Policy ၊ SOP တွေနဲ့ မကိုက်ညီမှု၊ System မကျမှု များနဲ့ အကြံပြုချက်များကို တစ်စုံတစ်ယောက်က ဖေါ်ထုတ်တင်ပြရပါမယ်။ Customer Complaint ကတော့ မဖြစ်မနေရေးသားဖေါ်ထုတ်ရပါမယ်။ အဆိုပါဖေါ်ထုတ်တင်ပြချက်ကို အဖွဲ့အစည်း(သို့) ကုမ္ပဏီ ရဲ့ အကြီးအကဲကစိစစ်ပြီး လက်ခံခြင်းကို ဆောင်ရွက်ရပါမယ်၊ အချို့သေးငယ်တဲ့ ကိစ္စမျိုးဆိုရင်တော့ ဆက်လက်စစ်ဆေးဆောင်ရွက်ခြင်းမပြုဘဲ အဖွဲ့အစည်း(သို့) ကုမ္ပဏီ ရဲ့ အကြီးအကဲက လိုအပ်သလိုဆွေးနွေးညှိနှိုင်းပြီးRejected ( အမှုပိတ်သလိုမျိုး) လုပ်သင့်ရင်လုပ်ရပါမယ်။ Accepted လုပ်ရင်တော့ လိုအပ်သော စုံစမ်းစစ်ဆေးမှု Analysis များဆက်လက်ဆောင်ရွက် ဖို့ တစ်စုံတစ်ဦးကိုတာဝန်ပေးရပါမယ်။ ဒီအပိုင်းမှာတော့ တင်ပြခြင်း၊ တင်ပြခြင်းကို လက်ခံခြင်း(Accepted) နဲ တင်ပြခြင်းကိုပယ်ချခြင်း( Rejected)ကိုဆောင်ရွက်ရပါတယ်။

(၂) Analysis
ဒီအပိုင်းမှာတော့ ဖြစ်ရတဲ့ အကြောင်းရင်းကိုရှာဖွေခြင်း ( Root Causes) ၊ အဆိုပါပြသနာ အခက်အခဲကို ချက်ခြင်းပြုပြင်ဆောင်ရွက်နိုင်သော လုပ်ဆောင်ချက်ကို ဖေါ်ထုတ်ခြင်း( Immediate Corrective Action)၊ နောင်ထိုကဲ့သို့ အမှားမျိုး၊အားနည်းချက်မျိုး ထပ်မံမဖြစ်အောင် ကာကွယ်လုပ်ဆောင်ရမည့် အချက်ကိုဖေါ်ထုတ်ခြင်း (Preventive Action) စသည် တိုကို စိစစ်သုံးသပ်ရန်တာဝန်ပေးခြင်းခံရသူက ဆန်းစစ် ရပါတယ်။ထို့နောက် ဆန်းစစ်သူက လက်မှတ်ရေးထို တင်ပြရပါတယ်။

(၃) Action Completed and Comments
ဒီအပိုင်းမှာတော့ အဖွဲ့အစည်း(သို့) ကုမ္ပဏီ ရဲ့ အကြီးအကဲက အဆိုပါ Corrective and Preventive Action များ အကောင်အထည်ဖေါ်ရမည့် သူကို တာဝန်ပေးဆောင်ရွက်စေပြီး လုပ်ငန်းဆောင်ရွက်ပြီးကြောင်း ပြန်လည်တင်ပြစေပြီး Corrective and Preventive Action များ ဆောင်ရွက်ပြီးစီးကြောင်း အတည်ပြုလက်မှတ်ရေးထိုးပြီး ဆောင်ရွက်ချက်များကို ကျေနပ်လက်ခံပြီး Action Completed အဖြစ် Register စာအုပ်မှာ မှတ်တမ်းတင် ရမှာဖြစ်ပါတယ်။အဲဒီလို အားနည်းချက် ၊ လိုအပ်ချက်များကို တဖြည်းဖြည်းချင်းဖေါ်ထုတ်ပြီး ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်။

အဲဒီလို အားနည်းချက် ၊ လိုအပ်ချက်များကို တဖြည်းဖြည်းချင်းဖေါ်ထုတ်ပြီး ကောင်းသည်ထက်ကောင်းအောင်,ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်ဝသောစီမံခန်ခွဲမှုစနစ်များ ဖြစ်လာကာ
တိုးတက်အောင်မြင်သော အဖွဲ့အစည်း(သို့) ကုမ္ပဏီ ဖြစ်ကြပါစေကြောင်းဆုတောင်းလိုက်ရပါတယ်။

အားလုံးကျန်းမာကြပါစေ။

Thet Swe (B.Com, MBA, MBF)
Founder and Chief Consultant
TZP Financial and Management Consulting Firm

ရန်ကုန်သို့ပြန်လည်ရောက်ရှိကာမူလတာဝန်များဖြစ်သော1️⃣ Business Consultant တာဝန်များ2️⃣ FPB ၏ Independent Director တာဝန်များ...
21/04/2024

ရန်ကုန်သို့ပြန်လည်ရောက်ရှိကာ

မူလတာဝန်များဖြစ်သော

1️⃣ Business Consultant တာဝန်များ
2️⃣ FPB ၏ Independent Director တာဝန်များ နှင့်
3️⃣ မဟာတန်းဝင်ခွင့်-GMAT ၊ Finance for Non Finance Professionals သင်တန်းဆရာတစ်ဦး၏ တာဝန်များကို

ပြန်လည်ထမ်းဆောင်နေပြီဖြစ်ပါကြောင်း။

Thet Swe ( B.Com, MBA, MBF)
Founder and Chief Consultant
TZP Financial and Management Consulting Firm

✳️ ယနေ့တော့✅ မတူကွဲပြားတဲ့ ✅ Financial and Management ဆိုင်ရာ✅ New Style တစ်ခုကို✅ ဖေါ်ထုတ် တင်ဆက်ဖို့✳️ TZP ရဲ့ Consult...
11/04/2024

✳️ ယနေ့တော့

✅ မတူကွဲပြားတဲ့
✅ Financial and Management ဆိုင်ရာ
✅ New Style တစ်ခုကို
✅ ဖေါ်ထုတ် တင်ဆက်ဖို့

✳️ TZP ရဲ့ Consultant Partners တွေ
✳️ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

✳️ စီးပွါးရေးလုပ်ငန်းများ
✅ ယခုလက်ရှိဆောင်ရွက်နေတာတွေထက်
✅ သိသိသာသာ ပိုမို ပြောင်းလဲတိုးတက်စေဖို့အတွက်

1️⃣ To Develop Financial Sustainability Plans

2️⃣ To Identify Possible Income Generation Programs

3️⃣ To Identify specific Knowledge and Skills required for each Income Generation Programs

4️⃣ To Recommend the Management Structure for the Management and Development of each Income Generation Programs

✅ စတာတွေကို ဖေါ်ထုတ်တင်ဆက်ပေးဖို့ပါ။

Thet Swe ( B.Com, MBA, MBF)
Founder and Chief Consultant
TZP Financial and Management Consulting Firm.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thet Swe - Business Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share