Real Hub Company Limited-ရေလုံဆေး၊ ရေတားဆေး-Waterproofing

  • Home
  • Myanmar
  • Yangon
  • Real Hub Company Limited-ရေလုံဆေး၊ ရေတားဆေး-Waterproofing

Real Hub Company Limited-ရေလုံဆေး၊ ရေတားဆေး-Waterproofing WATERPROOFING SPECIALIST Authorized Distributor and Approved Applicator of Fosroc Construction Chemical
(2)

𝗥𝗲𝗮𝗹 𝗛𝘂𝗯 𝗖𝗼.,𝗟𝘁𝗱 နှင့် ဆိုင်ခွဲများ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လစ်နေပြီ ဖြစ်ပါကြောင်း နှင့် မဂ်လာရှိသော နှစ်သစ် ဖြစ်ပါစ...
20/04/2026

𝗥𝗲𝗮𝗹 𝗛𝘂𝗯 𝗖𝗼.,𝗟𝘁𝗱 နှင့် ဆိုင်ခွဲများ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လစ်နေပြီ ဖြစ်ပါကြောင်း နှင့် မဂ်လာရှိသော နှစ်သစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလျက် .........

မြန်မာ့ နှစ်သစ်ကူး မဟာသင်္ကြန်ကာလ 𝟏𝟏.𝟒.𝟐𝟎𝟐𝟔 မှ 𝟏𝟗.𝟒.𝟐𝟎𝟐𝟔 အထိ ရုံးပိတ်ရက် ဖြစ်ပါကြောင်းနှင့် နှစ်ကူးအချိန်အခါတွင် ရွှင်လန...
10/04/2026

မြန်မာ့ နှစ်သစ်ကူး မဟာသင်္ကြန်ကာလ 𝟏𝟏.𝟒.𝟐𝟎𝟐𝟔 မှ 𝟏𝟗.𝟒.𝟐𝟎𝟐𝟔 အထိ ရုံးပိတ်ရက် ဖြစ်ပါကြောင်းနှင့်

နှစ်ကူးအချိန်အခါတွင် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း 𝗥𝗲𝗮𝗹 𝗛𝘂𝗯 𝗖𝗼.,𝗟𝘁𝗱 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ........

👉 အပြင်လား အတွင်းလား? .......👉 အပေါင်းလား အနုတ်လား? .........🔰 နေရာအားလုံးအတွက် ရေလုံစေနိုင်တဲ့ 𝑭𝒐𝒔𝒓𝒐𝒄 𝑩𝒓𝒖𝒔𝒉𝒃𝒐𝒏𝒅 𝑻𝑮𝑷 - ပ...
09/04/2026

👉 အပြင်လား အတွင်းလား? .......
👉 အပေါင်းလား အနုတ်လား? .........

🔰 နေရာအားလုံးအတွက် ရေလုံစေနိုင်တဲ့ 𝑭𝒐𝒔𝒓𝒐𝒄 𝑩𝒓𝒖𝒔𝒉𝒃𝒐𝒏𝒅 𝑻𝑮𝑷

- ပုံမှန် ရေလုံသုတ်ဆေး အများစုက ရေဝင်လမ်းကြောင်းနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ဘက်ခြမ်း (𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐒𝐢𝐝𝐞) ဘက်ကနေသာ ရေလုံအောင် အသုံးပြုနိုင်ပေမယ့်

- မြေကြီးနဲ့ ထိစပ်နေတဲ့ Underground Level တွေမှာ ရေယိုစိမ့်မှုကို ကြိုတင်ကာကွယ်ဖို့ အတွက်ရော ပြန်လည် ပြုပြင်ဖို့အတွက်ပါ ရေဝင်လမ်းကြောင်းနဲ့ တိုက်ရိုက်မထိတွေ့ပဲ နံရံ တဖက်ခြမ်း (𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐒𝐢𝐝𝐞) ဘက်ခြမ်းကပါ ရေလုံ ရေတားစေနိုင်တဲ့ 𝑭𝒐𝒔𝒓𝒐𝒄 𝑩𝒓𝒖𝒔𝒉𝒃𝒐𝒏𝒅 𝑻𝑮𝑷 (Crystalline Waterproofing) အမျိုးအစားပဲ ဖြစ်ပါတယ်

Crystalline Type အမျိုးအစား ဖြစ်တာကြောင့် ကွန်ကရစ်မှာရှိတဲ့ ဆံခြည်မျှင် အက်ကြောင်းတွေကို စိမ့်ဝင်ပြီး ရေဝင်လမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါတယ်

မြေအောက်ရေဖိအား ဘေးတိုက်တွန်းကန်အား (Lateral Water Pressure) တွေကို ခံနိုင်ရည် ရှိတာမို့

- Basement (မြေအောက်ခန်း)
- Retaining Wall (မြေထိန်းနံရံ)
- Lift Pit (ဓာတ်လှေကားကျင်း)
-Underground Water Tank (မြေအောက်ရေလှောင်ကန်) တွေနဲ့
- Water Leakage Area (ရေယို ရေစိမ့်နေတဲ့ နေရာ) တွေမှာ
အသုံးပြုဖို့ အထူးသင့်တော်ပါတယ်

Brushbond TGP မှာ 20 Kg / Bag ပါဝင်ပြီး ဆက်သွယ်ဝယ်ယူချင်တယ် ဆိုရင်တော့
𝗥𝗘𝗔𝗟 𝗛𝗨𝗕 𝗖𝗼.,𝗹𝘁𝗱
☎ 𝟬𝟵𝟮𝟱𝟯𝟬𝟰𝟭𝟮𝟴𝟬, 𝟬𝟵𝟮𝟲𝟭𝟯𝟭𝟮𝟰𝟳𝟮 ကို ဆက်သွယ် စုံစမ်း နိုင်ပါတယ်

21/03/2026

ဇကာခံပြီး ဆေးသုတ်ကြည့်ရအောင်

Real Proseal R2 ကို Fiber Mesh ဇကာသုံးပြီး ကွန်ကရစ် အမိုးစလပ်ပြင်တွေမှာ နှစ်ရှည်ခံ ရေလုံစေနိုင်အောင် အသုံးပြုလို့ ရပါတယ်

✅ အရည်အသွေးမြင့် ဆေးပစ္စည်း တွေ အသုံးပြုပြီး
အတွေ့အကြုံကောင်းတဲ့ အများကြီးရှိတဲ့ ကြီးကြပ်သူတွေနဲ့ ဝန်ဆောင်မှု ပေးနေတဲ့

✅ 𝗥𝗘𝗔𝗟 𝗛𝗨𝗕 𝗖𝗼.,𝗹𝘁𝗱 ကို အခုပဲ ဆက်သွယ်ပြီး ရေယို ရေစိမ့်တာတွေ အားလုံးအတွက် အကြံဉာဏ်များ ရယူနိုင်ပါတယ်

☎ 𝟬𝟵𝟮𝟱𝟯𝟬𝟰𝟭𝟮𝟴𝟬, 𝟬𝟵𝟮𝟲𝟭𝟯𝟭𝟮𝟰𝟳𝟮 ကို ဆက်သွယ် လိုက်ပါ......

🔻 အဆောက်အဦးသက်တမ်းက တော်တော်ကြာနေပြီ🔻 စလပ်တပြင်လုံးလည်း အခုလို အက်ကြောင်းအကြီးကြီးတွေ အပြည့်🔻 မျက်နှာကြက်တွေလည်း ပျက်စီး...
20/03/2026

🔻 အဆောက်အဦးသက်တမ်းက တော်တော်ကြာနေပြီ
🔻 စလပ်တပြင်လုံးလည်း အခုလို အက်ကြောင်းအကြီးကြီးတွေ အပြည့်
🔻 မျက်နှာကြက်တွေလည်း ပျက်စီးပြီး ရေတော်တော်ယိုနေတာမို့
🔻 ပြုပြင်လို့တောင် ရနိုင်ပ့မလားလို့ အိမ်ရှင်စိတ်ပူနေတာတွေ အတွက်

🔰 𝐑𝐞𝐚𝐥 𝐇𝐮𝐛 ရဲ့ 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ရေလုံဆေး ဝန်ဆောင်မှုနဲ့ တွေ့တော့မှပဲ အစစ အရာရာ အဆင်ပြေသွားတော့တယ်

တိုးယိုပေါက် အက်ကြောင်းတွေ ဖြစ်နေတာရယ် ကွန်ကရစ်ခံနိုင်အားလည်း လျော့နည်းနေပြီမို့ 𝐄𝐆 𝟏𝟓𝟐 (𝐄𝐩𝐨𝐱𝐲 𝐑𝐞𝐬𝐢𝐧) စစ်စစ်ကို အက်ကြောင်းအတွင်းထဲထိ စိမ့်ဝင်နေအောင် ပြုပြင်ပေးထားပြီးတော့မှ

𝐃𝐮𝐚𝐥 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 ဖြစ်အောင် 𝐄𝐙 𝐅𝐈𝐗 (𝐇𝐢𝐠𝐡 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 𝐄𝐩𝐨𝐱𝐲 𝐏𝐮𝐭𝐭𝐲 𝐌𝐨𝐫𝐭𝐚𝐫) နဲ့ ထပ်ပြီး ပြုပြင်ဖာထေးပေးထားပါတယ်

𝐏𝐨𝐥𝐲𝐦𝐞𝐫 ပေါင်းစပ်မှုများတဲ့ 𝐅𝐨𝐬𝐫𝐨𝐜 𝐁𝐫𝐮𝐬𝐡𝐛𝐨𝐧𝐝 𝐅𝐋𝐗 𝐈𝐈𝐈 (𝐂𝐞𝐦𝐞𝐧𝐭𝐢𝐭𝐢𝐨𝐮𝐬 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟𝐢𝐧𝐠) ရေလုံဆေးကို အမိုးတပြင်လုံး သုတ်ပေးထားပါတယ်

ရေလုံ မလုံ မိုးရွာမှာကို စောင့်စရာမလိုပါဘူး
အမိုးတပြင်လုံး ရေထည့်ပြီး စမ်းပေးပြီးမှ သေချာအပ်နှံပေးထားတာမို့ စိတ်ချရတဲ့ အမိုးစလပ်ပြင်ကို ရရှိနိင်သွားပါပြီ

ဒါတွေ အားလုံး အတွက်
✅ အရည်အသွေးမြင့် ဆေးပစ္စည်း တွေ အသုံးပြုပြီး
အတွေ့အကြုံကောင်းတဲ့ အများကြီးရှိတဲ့ ကြီးကြပ်သူတွေနဲ့ ဝန်ဆောင်မှု ပေးနေတဲ့

✅ 𝗥𝗘𝗔𝗟 𝗛𝗨𝗕 𝗖𝗼.,𝗹𝘁𝗱 ကို အခုပဲ ဆက်သွယ်ပြီး ရေယို ရေစိမ့်တာတွေ အားလုံးအတွက် အကြံဉာဏ်များ ရယူနိုင်ပါတယ်

☎ 𝟬𝟵𝟮𝟱𝟯𝟬𝟰𝟭𝟮𝟴𝟬, 𝟬𝟵𝟮𝟲𝟭𝟯𝟭𝟮𝟰𝟳𝟮 ကို ဆက်သွယ် လိုက်ပါ......

🌧 လေတွေပြိုလို့ တိမ်တွေငိုတဲ့ ဝဿန်အချိန်အခါမှာ ရေတွေမယိုအောင်လို့🌥 အခုလို ဂိမာန်နွေဦးမှာ အချိန်တွေမကုန်ခင် ရေယို ရေစိမ့်...
05/03/2026

🌧 လေတွေပြိုလို့ တိမ်တွေငိုတဲ့ ဝဿန်အချိန်အခါမှာ ရေတွေမယိုအောင်လို့

🌥 အခုလို ဂိမာန်နွေဦးမှာ အချိန်တွေမကုန်ခင် ရေယို ရေစိမ့်တာတွေကို အမြန်တားဆီးပေးနိုင်ဖို့

👉 Real Hub Co.,Ltd မှာ တော်ပင်ပေါ်မှာ သုတ်တဲ့ဆေးရော တော်ပင်အောက်မှာ ထားသုံးတဲ့ ဆေးရော အမျိုးမျိုးကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပါပြီ

👉 ကွန်ကရစ်မှာရှိတဲ့ အက်ကွဲကြောင်းအမျိုးမျိုးကို ပြုပြင်ဖာထေးပြီးမှ ရေလုံသုတ်ဆေးကို အသုံးပြုတာမို့ နှစ်တာရှည်ခံ ရေလုံစေနိုင်ပါတယ်

👉 အကြောင်းအမျိုးမျိုးကြောင့် ရေယို ရေစိမ့်တာပဲ ဖြစ်ဖြစ် ၊ ရေယို ရေစိမ့်တာကို ကြိုတင်ကာကွယ်ချင်လို့ပဲ ဖြစ်ဖြစ် စနစ်တကျ ရေလုံဆေး ဝန်ဆောင်မှုကို ရယူချင်တယ်ဆိုရင်တော့

𝗥𝗘𝗔𝗟 𝗛𝗨𝗕 𝗖𝗼.,𝗹𝘁𝗱
☎ 𝟬𝟵𝟮𝟱𝟯𝟬𝟰𝟭𝟮𝟴𝟬, 𝟬𝟵𝟮𝟲𝟭𝟯𝟭𝟮𝟰𝟳𝟮 ကို ဆက်သွယ် လိုက်ပါ ......

🔰 အဆောက်အဦးရဲ့ ဝန်ကို အဓိက ထမ်းပိုးထားတဲ့ Structural Member တွေမှာ  Structural Crack ကွန်ကရစ် အက်ကြောင်းတွေ ဖြစ်ပေါ်လာပြ...
04/03/2026

🔰 အဆောက်အဦးရဲ့ ဝန်ကို အဓိက ထမ်းပိုးထားတဲ့ Structural Member တွေမှာ Structural Crack ကွန်ကရစ် အက်ကြောင်းတွေ ဖြစ်ပေါ်လာပြီဆိုရင် ..

ကွန်ကရစ်ရဲ့ မူလ ခံနိုင်ရည်အားကို ပြန်လည် ရရှိစေနိုင်ဖို့အတွက် 𝗘𝗚 𝟭𝟱𝟮 လိုမျိုး 𝗛𝗶𝗴𝗵 𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵 𝗘𝗽𝗼𝘅𝘆 𝗜𝗻𝗷𝗲𝗰𝘁𝗶𝗼𝗻 𝗥𝗲𝘀𝗶𝗻 ဆေးရည်တွေကို ထိုးသွင်းပေးရပါတယ်

💉 Epoxy Injection ဆေးရည် အတွင်းထဲထိ စိမ့်ဝင်နိုင်ဖို့အတွက် လုံလောက်တဲ့ Pressure အားရှိတဲ့ ဆေးထိုးပြွန် ဆေးထိုးအပ် အမျိုးအစားတွေကို အသုံးပြုပြီး ထိုးသွင်းရပါတယ်

💉ဆေးထိုးပြွန် တစုံမှာ 50mm/cc Capacity ထိ ဆေးရည် ထည့်သွင်းနိုင်တဲ့ ဆေးထိုးပြွန်၊ အထိုင်ပြားနဲ့ 3kgf/cm2 အထိ Pressure အားရှိတဲ့ ရာဘာ သရေကွင်း နှစ်ကွင်း ပါဝင်ပါတယ်။

ကွန်ကရစ် အက်ကွဲကြောင်းတွေ အတွက် Epoxy Injection ဆေးရည် ထိုးဖို့ လိုအပ်လာပြီ ဆိုရင်တော့

𝗥𝗲𝗮𝗹 𝗛𝘂𝗯 𝗖𝗼.,𝗟𝘁𝗱
𝟬𝟵𝟮𝟲𝟭𝟯𝟭𝟮𝟰𝟳𝟮, 𝟬𝟵𝟮𝟱𝟯𝟬𝟰𝟭𝟮𝟴𝟬 တို့ကို အသေးစိတ် ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်

တပေါင်းလပြည့်နေ့  (မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့) 🙏🙏🙏🙏 တပေါင်းလပြည့်နေ့ အခါသမယကို မြတ်စွာဘုရားရှင် ပြည်တော်ဝင် အခါတော်န...
02/03/2026

တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့) 🙏🙏🙏

🙏 တပေါင်းလပြည့်နေ့ အခါသမယကို မြတ်စွာဘုရားရှင် ပြည်တော်ဝင် အခါတော်နေ့အဖြစ် သတ်မှတ်ထားကြပြီးတော့

🙏 ဖခမည်းတော်ဖြစ်သူ သုဒ္ဓေါဒနမင်းကြီး အပါအဝင် ကျွတ်ထိုက်သူအပေါင်းကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးပြီး အကျွတ်တရားရစေခဲ့တဲ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်

🙏 အခုလို ကောင်းမြတ်တဲ့ တပေါင်းလပြည့်နေ့ အချိန်အခါမှာ ၇ရက် သား၊ သမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံနိုင်ကြပြီး လိုအင်ဆန္ဒများလဲ ပြည့်ဝနိုင်ကြပါ​စေ​ကြောင်း REAL HUB Co.,Ltd မှ ဆု​တောင်း​မေတ္တာ ပို့သလိုက်ရပါတယ် 🙏

#လပြည့်နေ့ #တပေါင်းလပြည့်

ကွန်ကရစ်မှာ အက်ကွဲကြောင်းရှိပြီ ဆိုတာနဲ့ ရေကစိမ့်ဝင်နိုင်တာပါပဲ 🔺 ရေစိမ့်ဝင်ပြီဆိုတာနဲ့ မျက်နှာကြက်တွေ ပျက်စီးတာ၊ အစိုကွ...
26/02/2026

ကွန်ကရစ်မှာ အက်ကွဲကြောင်းရှိပြီ ဆိုတာနဲ့ ရေကစိမ့်ဝင်နိုင်တာပါပဲ

🔺 ရေစိမ့်ဝင်ပြီဆိုတာနဲ့ မျက်နှာကြက်တွေ ပျက်စီးတာ၊ အစိုကွက်ပြန်တာ နဲ့ ကွန်ကရစ်ရဲ့ ခံနိုင်ရည်တွေ ကျဆင်းနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်

🔺 ဒါတွေ ဖြစ်လာပြီဆိုရင်တော့ ရေရှည်မှာ အဆောက်အဉီးရဲ့ ကြံ့ခိုင်ရည်ကိုပါ ထိခိုက်လာနိုင်ပါတယ်

🔺 ကွန်ကရစ်မှာ အက်ကြောင်းတွေ့ပြီဆိုတာနဲ့ အမြန်ဆုံး ပြုပြင်ဖာထေးသင့်ပါတယ်

🛡 𝗘𝗭 𝗙𝗜𝗫 က 𝗛𝗶𝗴𝗵 𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵 𝗘𝗽𝗼𝘅𝘆 𝗠𝗼𝗿𝘁𝗮𝗿 အမျိုးအစား ဖြစ်ပြီးတော့ ကွန်ကရစ်မှာ ဖြစ်ပေါ်နေတဲ့ အက်ကြောင်းတွေကို အမြန်ဆုံး ပြုပြင်ဖာထေးနိုင်ပါတယ်

🛡 𝐂𝐨𝐦𝐩𝐫𝐞𝐬𝐬𝐢𝐯𝐞 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 မြင့်မားပြီး မတူညီတဲ့ ပစ္စည်းအမျိုးအစားတွေ ဖြစ်တဲ့
- ကွန်ကရစ် အချင်းချင်း
- ကွန်ကရစ် နှင့် သံ
- ကွန်ကရစ် နှင့် သစ်သား
- ကွန်ကရစ် နှင့် စတီး
- သံ နှင့် သံ အချင်းချင်း အစရှိသဖြင့် တွဲစပ်လို့ရတဲ့ 𝐁𝐨𝐧𝐝 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 ကောင်းတဲ့ 𝐄𝐩𝐨𝐱𝐲 𝐌𝐨𝐫𝐭𝐚𝐫 အမျိုးအစားပဲ ဖြစ်ပါတယ်

ကွန်ကရစ် အက်ကြောင်းတွေ နဲ့ ကွန်ကရစ် မျက်နှာပြင်တွေ ဖာထေး ပြုပြင်ဖို့အတွက် 𝗘𝗭 𝗙𝗜𝗫 - 𝗛𝗶𝗴𝗵 𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵 𝗘𝗽𝗼𝘅𝘆 𝗠𝗼𝗿𝘁𝗮𝗿 ကို ဝယ်ယူ သု

𝗥𝗲𝗮𝗹 𝗛𝘂𝗯 𝗖𝗼.,𝗟𝘁𝗱
𝟬𝟵𝟮𝟱𝟯𝟬𝟰𝟭𝟮𝟴𝟬, 𝟬𝟵𝟮𝟲𝟭𝟯𝟭𝟮𝟰𝟳𝟮 တို့ကို အသေးစိတ် ဆက်သွယ် စုံစမ်းမေးမြန်းလို့ရပါတယ်

🏠  မဂ်လာဒုံ မြို့နယ်မှာရှိတဲ့ အိမ်အမိုးစလပ်အတွက် Real Proseal R2 ကို အသုံးပြုပြီး ရေလုံဆေး Services လုပ်ပေးခဲ့တဲ့ Privat...
25/02/2026

🏠 မဂ်လာဒုံ မြို့နယ်မှာရှိတဲ့ အိမ်အမိုးစလပ်အတွက် Real Proseal R2 ကို အသုံးပြုပြီး ရေလုံဆေး Services လုပ်ပေးခဲ့တဲ့ Private House Project ပဲ ဖြစ်ပါတယ်

ရေညှိတွေနဲ့ မလှမပ အိမ်အမိုးစလပ်ပြင်ကနေ အခုလို လှလှပပ နဲ့ ရေလုံအောင် စနစ်တကျ ပြုလုပ်ပေးထားပါတယ်

🔰 ကွန်ကရစ်မျက်နှာပြင်မှာ ရှိတဲ့ အက်ကြောင်းတွေကို 𝗘𝗭 𝗙𝗶𝘅 - 𝗘𝗽𝗼𝘅𝘆 𝗣𝘂𝘁𝘁𝘆 နဲ့ အရင်ပြုပြင်ပေးပြီးတော့ နေရောင်ခြည် နဲ့ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်တဲ့ 𝗥𝗲𝗮𝗹 𝗣𝗿𝗼𝘀𝗲𝗮𝗹 𝗥𝟮 ကို Primer + 2 Coating s သုံးပေးထားပါတယ်

ကိုယ်တိုင်သုတ်ချင်လို့ပဲဖြစ်ဖြစ် ..... Services အပ်နှံချင်တာပဲ ဖြစ်ဖြစ်
𝗥𝗘𝗔𝗟 𝗛𝗨𝗕 𝗖𝗼.,𝗹𝘁𝗱
☎ 𝟬𝟵𝟮𝟱𝟯𝟬𝟰𝟭𝟮𝟴𝟬, 𝟬𝟵𝟮𝟲𝟭𝟯𝟭𝟮𝟰𝟳𝟮 ကို ဆက်သွယ် လိုက်ပါ ......

Address

South Dagon Industries Zone, No. 196, Watmasout Wondauk Road, 144 Quarter
Yangon
11431

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00

Telephone

+959261312472

Website

https://t.me/RHZPB_Bot, https://t.me/+u8mQnorD0m5lYjQ1, https://invite.viber.com/?g2=AQB

Alerts

Be the first to know and let us send you an email when Real Hub Company Limited-ရေလုံဆေး၊ ရေတားဆေး-Waterproofing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Real Hub Company Limited-ရေလုံဆေး၊ ရေတားဆေး-Waterproofing:

Share