Y.L.G Air-Con Sale &Service

Y.L.G Air-Con Sale &Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Y.L.G Air-Con Sale &Service, Damage restoration service, Yangon.

🛑အောက်ဈေး (သို့်မဟုတ်) ခွက်ဈေး🛑ဒီနေ့တော့ ဆားဗစ်လုပ်တဲ့ ညီလေးတွေနဲ့ စကားပြောရင်း သူတိုံပြောတာတွေ နားထောင်ဒီဆောင်းပါးလေးကိ...
15/11/2021

🛑အောက်ဈေး (သို့်မဟုတ်) ခွက်ဈေး🛑

ဒီနေ့တော့ ဆားဗစ်လုပ်တဲ့ ညီလေးတွေနဲ့
စကားပြောရင်း သူတိုံပြောတာတွေ နားထောင်

ဒီဆောင်းပါးလေးကို ရေးမယ်ဆိုပြီး
စဉ်းစားမိတာကြာပြီ။ အောက်ဈေးဆိုတာကို
လိုင်းမှာတွေ့တာကြာပြီ။
ဒါပေမယ့် မရေးဖို့ ဆုံးဖြတ်တာ မကြာခဏပဲ
အကြောင်းက ကိုယ့်ထမင်းကိုယ်စားပြီး
အမြင်မတော်လို့ ဝင်ရေးမိရင်
အဆဲတစ်လိုင်းတွေက ‌ထိုင်စောင့်နေတာလေ ။။။။

အချို့က ပေါ်တင်မဆဲတောင်
စိတ်ထဲက ကျိမ်ဆဲနေသူတွေ ရှိတတ်တာသိတယ်။

လွန်ခဲ့တဲ့ ၁၉ နှစ် လောက်က
စားရေးသူကိုယ်တိုင် လျှပ်စစ်ဝါယာရင်း
အိမ်တွေမှာ မီးဆင်တဲ့အလုပ်ကို
ကိုယ်ပိုင် ကန်ထရိုက်လိုက်လုပ်ဖူးခဲ့တယ်။
ဖြစ်နိုင်ပါ့မလားဗျာ။ လွန်ခဲ့တဲ့ နှစ် ၁၉ ဆို
စာရေးသူ အသက်က ၁၈ နှစ်လေ ....
မယုံရင် ကျော်သွားလိုက်ပါ။
ဆက်ဖတ်မနေပါနဲ့ အချိန်ကုန်မှာပါလို့ပြောရမှာပါ။

ဟုတ်ပြီ .... ၂၀၀၂ လောက်က
ရန်ကုန်မြို့ကြီးထဲမှာ မီးရိုက်ဖို့ (ဗန်းစကား)
အလုပ်လိုက်ရှာတော့ ကန်ထရိုက်တာ (Contactor)
တော်တော်များများနဲ့ ရင်းနှီးခဲ့ပါတယ်။
Main Contactor တွေက အလုပ်ပေးမှ
ကျုပ်တို့လို Sub contractor တွေက အလုပ်ရတာမို့
တိုက်ဆောက်တဲ့ ကန်ထရိုက်တွေနဲ့
အလုပ်လေးတစ်ခုရဖို့ မကြာခဏ
ထီးဖြူ ဖိနပ်ပါးဆိုသလို ......
ရန်ကုန်မြို့ကြီးမှာ အလုပ်ရှာရတာလဲ မလွယ်ပါဘူး။

အဲ့အချိန်တုန်းက အဲကွန်းအလုပ်ဆိုတာ
အင်မတန်ရှားတယ်။ လုပ်တဲ့လူလည်း နည်းတယ်။
လမ်းတစ်လမ်းထဲက အိမ်ခြေ ၂၀၀ ရှိရင်
၁၀ အိမ်လောက်ပဲ အဲကွန်းတပ်နိုင်ကြတာလေ။
တပ်တာလည်း Window Type Air-con ပါပဲ။

ဒီတော့ စာရေးသူက
လျှပ်စစ်ပိုင်းတွေကို အဓိကထားလုပ်ခဲ့ပါတယ်။
သိစေချင်တာ တစ်ခုက ......
အဲ့တုံးက ၆ ထပ် တိုက်တစ်လုံး မီးရိုက်မယ်ဆို
ဘယ် ညာ အခန်းကြောင့် ၁၂ ခန်း
မီးရိုက်ပေးရပါတယ်။

မီးရိုက်မယ်ဆိုရင် lighting & power ပါပြီဆို
PVC trunking ပါပြေးပေးရတယ်။
EPC မီတာဘောက်အထွက်ကနေ
တိုက်အောက်က MCB ဆီကို EPC ဘက်က
တာဝန်ယူပြီး မီးကြိုးဆွဲ‌ မီးဝင်တာလုပ်ပေးပါတယ်။

ကျန်တဲ့အပိုင်းက MCB အထွက်ကစလို့
အိမ်ခန်းထဲအရောက် မီးလင်းဖို့ ကြိုးဆွဲ
Trunking ရိုက် Power Main board ထိုင်တာက
စာရေးသူတို့အလုပ်ပါ။

Lighting + Power ဆိုတာဘာလဲ?
Lighting ဆိုတာ မီးလင်းဖို့ မီးလုံး ကိုဆိုတာပါ။
Power ဆိုတာ socket ပလပ်ပေါက်ကို ဆိုတာပါ။

Lighting တစ်ပွင့်ပေါက်ဈေးက ၈၀၀၀ ကျပ်
Power socket တစ်လုံးပေါက်ဈေး ၁၀၀၀၀ကျပ်

ပုံမှန်ကန်ထရိုက်တိုက်တစ်ခန်းမှာ
Lighting ၈ ပွင့် Power ၅ ခုပဲပါတယ်။

Lighting အိမ်ရှေ့အခန်း ၃ ပွင့်
ဝရန်တာ တစ်ပွင့်
လှေခါးတစ်ပွင့်
မီးသတ်လှေခါးတစ်ပွင့်
အိမ်သာ တစ်ပွင့်
ရေချိုးခန်းတစ်ပွင့်

Power socket က အိမ်ရှေ့ ၃ ခု
နောက်ဖေး ၂ခု

Total ပေါက်ဈေးက တွက်ကြည့်ရင်
တကယ်ရသင့်တဲ့ ပေါက်ဈေးအတိုင်း
လုပ်အားလက်ခ အပြီးအစီး တွက်ပြပါမယ်။

Lighting = ၆၄၀၀၀ ကျပ်
Power = ၅၀၀၀၀ ကျပ်

Lighting + Power = ၁၁၄၀၀၀ ကျပ် (တစ်ခန်း)
၁၁၄၀၀၀ ကျပ် × ၁၂ခန်း = ၁၃၆၈၀၀၀ ကျပ်

Main board ထိုင် ၁၅၀၀၀ ကျပ် × ၁၂ ခန်း
Main board = ၁၈၀၀၀၀ ကျပ်
ရေတင်တဲ့မော်တာအထိ trunk ရိုက် မီးကြိုးပြေး
Breaker ထိုင်ပေးရတာက တစ်လုံးကို ၅၀၀၀ ကျပ်
၁၂လုံးဆိုတော့ ၆၀၀၀၀ ကျပ်

ဆိုတော့ လက်ခ စုစု‌ပေါင်း ၁၆၀၈၀၀၀ ကျပ်
၁၆ သိန်း နဲ့ ၈ ထောင်ကျပ်ပေါ့ ။

ဒါက ပစ္စည်းဖိုးတွေ မပါသေးဘူး။
၆ ထပ်တိုက် ၁၂ ခန်းကို
၁၀ ရက်နဲ့ (သို့မဟုတ်) ၁၄ ရက်နဲ့ အပြီး
မီးအလင်း လုပ်ပေးနိုင်တယ်ဆိုရင် ....
၁၆ သိန်း နဲ့ ၈ ထောင်ကျပ်ရမယ်။
တစ်ခန်းကို ပျမ်းမျှ ၁၃၄၀၀၀ ကျပ်

တကယ်တော့ ကန်ထရိုက်တွေကို
အောက်ဈေးနဲ့ အဲ့ခေတ်ကတည်းက လုပ်ကြတော့
တကယ်ရသင့်တဲ့ ၁၆ သိန်းရဖို့ဝေး .....

တစ်ခန်းမှ ၆သောင်းနဲ့လုပ်သူတွေရှိသလို
တစ်ခန်းကို ၈ သောင်းနဲ့ လိုက်သူတွေရှိလို့

ကန်ထရိုက်တွေက တစ်ခန်းကို
၁၃၄၀၀၀ ကျပ်မပေးကြဘူး။
အောက်ဈေးသမားပြ ခိုင်းတာ ယနေ့ထိပဲ။

မြန်မာနိုင်ငံမှာ အလုပ်လုပ်ရင်
Quality ဆိုတာကို ကြည့်ဖို့ထက်
အိပ်ကပ်ထဲရောက်လာမယ့် Quantity ပဲကြည့်တာ။

အဲ့ဒီခေတ် ၂၀၀ဝ ခုနှစ်လောက်က
Labour အလုပ်သမားတစ်ယောက် နေ့စားခ
အကြမ်းသမားဆို ၃၅၀၀ ကျပ်
Trunking ရိုက်တတ်ရင် ၆၀၀၀ ကျပ်
Wiring နားလည်လို့ မီးကြိုးခွဲ လိုင်းရှင်းတတ်ရင်
နေ့စားခ ၈၀၀၀ ကျပ်

ဒါတော့ အပေါ်မှာရေးပြခဲ့တဲ့
၁၆သိန်းထဲက ပြန်နှုတ်ရတာပေါ့လေ။
တခါတရံ အလုပ်သမားတွေရဲ့ လမ်းစားရိတ်
Bus car ခ (မထသ) နော် ။
ခုလို YBS ခေတ်မဟုတ်ဘူး။

တစ်ခါစီး (၂၀) ကျပ် ရှေ့ခန်းထိုင်ရင် (၁၀ဝ)ကျပ်
အလုပ်သိမ်းချိန် ညမိုးချုပ်လို့ Outside car ဆို
တစ်ခါစီး (၅၀) ကျပ် ရှေ့ခန်းထိုင်ရင် (၂၀ဝ)ကျပ်

ဘာကို ရေးပြချင်တာလဲဆိုတော့
ဟိုခေတ်ဈေးနဲ့ ဒီခေတ်ဈေးကွာတာရယ်။
လုပ်အားလ လက်ခတွေ တိုးမလာပဲ
ကုန်ဈေးနှုန်းသာ စွတ်တိုးလာတာကိုလည်း
သိသာ မြင်သာစေချင်တာပါ။
-----------------------------------------------------

အချို့က အောက်ဈေးနဲ့လိုက်ကြတယ်။

အချို့က ဈေးကွက်မှာ အလုပ်ရဖို့ တစ်ခုကိုပဲ
ဂရုစိုက်တက်ကြတယ်။
ဒါဟာ မှားယွင်းတဲ့ အယူအဆတစ်ခုပါ၊

လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ပြီဆိုရင်

လုပ်ငန်းအသေး (SME) ဆိုတာမျိုးနဲ့
ကုမ္ပဏ္ဏီလုပ်ငန်း ပုံစံနဲ့ ဝန်ထမ်း အများစုနဲ့
တည်ထောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေရှိသလို

တစ်‌ကိုယ်တော် သိုင်းသမားလို့ခေါ်ရမယ့်
တစ်ပိုင်တစ်နိုင် အဲကွန်း ဆားဗစ်
လုပ်ငန်းတွေလည်းရှိကြပါတယ်။

ဒီနေရာမှာ အသက်နဲ့ရင်းပြီး လုပ်နေရတဲ့
အဲကွန်းဆားဗစ်လုပ်နေတဲ့ ညီအစ်ကိုတို့ရဲ့ဘဝ

တစ်နေကုန် အမြင့်မှာ တက်လုပ်ရတဲ့
အဲကွန်းဆားဗစ်လုပ်နေကြတဲ့ လုပ်သားတွေနဲ့
ဆားဗစ် ပညာရှင်တွေ ဘဝက ပိုဆိုးတယ်။

Safety နဲ့ ပြောရင် Working at High လို့
ခေါ်တဲ့ အမြင့်တက်လုပ်ကိုင်ရတဲ့အလုပ်က
Risk အရမ်းများတယ်။ ပိုဆိုးတာ ....
စာရေးသူတို့နိုင်ငံမှာ Safety harness အသုံးပြုတဲ့
ဆားဗစ်လုပ်ကိုင်သူတွေ အင်မတန်နည်းတယ်။
အချို့လုပ်ငန်းရှင်တွေက Safety harness
ကိုယ်လုံးပြည့် သိုင်းကြိုး ပေးပြန်တော့
အလုပ်သမားဝန်ထမ်းတွေက မသုံးဘူး။
အချို့က သုံးပြန်တော့ အိမ်ရှင်အချို့က
Safety ဖြစ်ဖို့ Hook ချိတ်ရမယ့်နေရာမရှိတော့
အပေါက်ဖောက်ဖို့ ပေးမဖောက်တာကြောင့်
ဆားဗစ်လုပ်သားတွေခဗျာ အလွတ်လုပ်ရပြန်

ဒီလို အသက်ကို စွန့်ပြီး ပိုက်ဆံရှာနေရတာကို
အချို့ အောက်ဈေးသမားနဲ့ လုပ်ငန်းရှင်အချို့က
အမြတ်ထုတ်ပြီ ပစ္စည်းရောင်းရရေးလောက်ပဲကြည့်တက်ကြပြန်တော့ Promotion ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ အဲကွန်းဝယ်ရင် Installation fess free ဆိုတဲ့ မဟုတ်က မဟတ်က အကြံတွေကြောင့်
အသက်စွန့်လုပ်ရတဲ့ ကလေးတွေ
အမှန်တကယ် နံမည်တစ်လုံးရဖို့
စေတနာအပြည့် ‌ဝန်ဆောင်မှုပေးနေတဲ့
အဲကွန်းဆားဗစ်လုပ်ငန်းတွေ
အင်မတန် အထိနာတယ်။

တရားခံစာရင်းမှာ အိမ်ရှင်တွေလည်းပါပါတယ်။
လုပ်ခိုင်းတုံးက ဈေးမမေးဘူး။
ပြီးရင်ပြောနေကျ စကားလေးတစ်ခွန်းက
ဈေးများတယ် လျှော့ပါဦးတဲ့။

နေမကောင်းလို့ ဆေးရုံဆေးခန်း သွားရင်
ဆရာဝန်တွေကို ဈေးဆစ်ဖူးသလား ပြန်တွေး
ဆရာဝန်က နားကြပ်ထောက် ဆေးစာရေး
ဆေးပေး ပြီးရင် ပညာခ ယူတာမို့
‌ပေးရတာ တန်တယ်ဆိုရင် ....
ဆား‌ဗစ်အင်ဂျင်နီယာ ဘဝက ဘာလဲ?

တစ်သောင်းတန်သမားကို ခိုင်းရင်
လက်ရာက တစ်သောင်းပဲတန်သလို
ပညာကလည်း တစ်သောင်းပဲ တန်မှာပါ။

တစ်သိန်းတန်သမားကို ခိုင်းရင်
လက်ရာက တစ်သိန်းတန်လာသလို
ပညာကလည်း တစ်သိန်း‌လောက်တန်ပါတယ်။

ရိုးရိုး MBBS ဆရာဝန်နဲ့ ကုတဲ့ဈေးနဲ့
ပါမောက္ခ သမားတော်ပြခကတော့ ကွာစမြဲ ....

ကိုယ်ချင်းစာတရားဆိုတာ
ကိုယ်တိုင် အဲ့နေရာရောက်မှ ခံစားနိုင်တာပါ။

တော်သေးပြီ။

မေတ္တာဖြင့်
✍️T.Y.M.M✍️

22/10/2021

⛔ဘာကြောင့် ဆွဲရတာလဲ

♦️အဲကွန်းရေခဲသေတ္တာပိုက်လိုင်းတွေထဲကလေကို
ပြောင်စင်အောင်စုပ်ထုတ်ပြီးဘာကြောင့် လေဟာနယ်ဖြစ်အောင် ဆွဲရတာလဲ?

♦️Aircon တစ်လုံးကို အသစ်ဆင်ပြီးချိန်မှာပဲဖြစ်ဖြစ်

♦️အဟောင်းကို ဖြုတ်ပီးနေရာရွှေ့ချိန်မှာဖြစ်ဖြစ်

♦️အဲကွန်းတစ်လုံးရဲ့ ပိုက်ပေါက်သွားလို့ စနစ်ထဲက
ဂက်စ် refrigerant တွေ လုံးဝမရှိတော့တဲ့ချိန်မှာ
ဖြစ်ဖြစ်

♦️အဲကွန်းတလုံးထဲက အဓိကပစ္စည်းတွေဖြစ်တဲ့
Compressor,Condensor,Expansion Valveနဲ့ Evaporator coil.တခုခုပျက်စီးလို့ဖြုတ်လဲချိန်မှာဖြစ်ဖြစ်

♦️စနစ်ရဲ့ပိုက်လိုင်းတွေအက်ကွဲလို့ဂက်စ်တွေယိုစိမ့်နေလို့ ပြန်လည်ပြီးဖာထေးပြုပြင်ဖို့လိုအပ်လာတဲ့
အခါမှာပဲဖြစ်ဖြစ်

♦️Compressor oil အသစ်လဲလှယ်ဖြည့်တင်းရာ
မှာဖြစ်ဖြစ်

♦️စနစ်အကူပစ္စည်းတွေဖြစ်တဲ့
valves
drier
Glass
valve
တွေပြုပြင်အစားထိုးဖို့လိုအပ်လာလို့
ပိုက်လိုင်းတွေဖြတ်တောက်ပြီးအသစ်လဲလှယ်
တဲ့အချိန်မှာပဲဖြစ်ဖြစ်

ဘက်ကျူန်း Vacuum ဆွဲတယ်လို့ခေါ်တဲ့
Evacuation လုပ်ခြင်းကို မဖြစ်မနေ
လုပ်ကြရပါတယ်။

⛔ဘာဖြစ်လို့လဲဆိုတော့ပုံမှန်အားဖြင့်အဲကွန်းတစ်လုံးရဲ့
ပိုက်လိုင်းတွေထဲမှာ Refrigerant လို့ခေါ်တဲ့ အဲကွန်းဂက်စ်တွေရှိနေချိန်မှာ ဂက်စ်ရဲ့ ဖိအားကလေထုဖိအားထက်များနေလို့စနစ်ထဲကို အပြင်လေနဲ့ရေခိုးရေငွေတွေမဝင်လာနိုင်ပါဘူး။

⛔ စနစ်ကို ပြုပြင်ချိန် ပိုက်လိုင်းတွေထဲမှာ ဂက်စ် မရှိတော့ဘူးဆိုရင်တော့ပြင်ပက
လေနဲ့ ရေခိုးရေငွေ့တွေဟာ စနစ်ရဲ့ ပိုက်လိုင်း၊Compressor oil နဲ့ စက်ပစ္စည်း
အစိတ်အပိုင်းတွေကြားဝင်ရောက်လာတော့မှာပါ။

အဲဒီထဲကမှ
🛑 #စနစ်ထဲမှာဝင်ရောက်ခိုအောင်းနေတဲ့
လေဟာ စနစ်ရဲ့ အပူစုပ်နိုင်စွမ်းကိုလျော့ကျစေပြီး
ကွန်ပရက်ဆာဆီရယ်၊
ဂက်စ်( )တွေရယ်နဲ့
ရေခိုးရေငွေ့တွေရယ်ရောနှောပြီးဓာတ်ပြုလို့
စနစ်ထဲက သံထည်အစိတ်အပိုင်းတွေကို
သံချေးတက်ပြီးပျက်စီးစေနိုင်ပါတယ်။

🛑 #ရေငွေ့တွေကပိုက်လိုင်းတလျှောက်
စနစ်ထဲမှာအေးခဲပြီးပိတ်ဆို့ရင်းစနစ်ကို
အနှောက်အယှက်ပေးနိုင်ပါတယ်။

🛑 #တခြားပစ္စည်းတွေနဲ့ဓာတ်ပြုပြီး
အက်ဆစ်ဖြစ်စေရင်း Compressor coil တွေရဲ့ လျှပ်ကာပစ္စည်းတွေရဲ့ခံနိုင်ရည်တွေကိုလျော့ကျစေနိုင်ပါတယ်။

🛑အဲဒီအခါအလုံပိတ်
Hermetic type Compressor တွေ
ဖြစ်ခဲ့မယ်ဆိုရင်Compressor motor ရဲ့ကွိုင်
(Winding)တွေရဲ့ လျှပ်ကာခံနိုင်ရည်ကို ပျက်စီးစေနိုင်ပါတယ်။

🛑အဲဒါကြောင့် စနစ်ထဲမှာ ဂက်စ်မရှိတော့တဲ့အခြေတခုကနေ ပြုပြင်ပြီးလို့ ဂက်စ်ပြန်ဖြည့်တော့မယ်ဆိုရင်
Evacuation လို့ခေါ်တဲ့
Vacuum ဆွဲတယ်လို့
ညီလေးတို့ပြောကြတဲ့ စနစ်ထဲကနေ လေနဲ့ ရေခိုးရေငွေ့တွေစုပ်ထုတ်တဲ့ လုပ်ငန်းစဉ်ကို မဖြစ်မနေ လုပ်ကြရပါတယ်။

🛑အဲဒီလို Evacuation လုပ်တဲ့အခါ
စနစ်ထဲမှာလေနဲ့ရေခိုးရေငွေ့တွေမကျန်တဲ့အခြေအနေ Absolute atmospheric pressure
-30 inHg ထိ ၊တနည်းအားဖြင့် Pressure Guage မှာဆိုရင် 0 Psig အောက် အစိမ်းလေးနဲ့ ပြထားတဲ့
#30 InHg သို့မဟုတ်
#0 micron သို့မဟုတ်
#760 mm Hg ရောက်တဲ့အထိ

🛑Vacuum pump နဲ့စနစ်ထဲကလေကို ဆွဲစုပ်ထုတ်ပစ်ရပါတယ်။ အဲဒါမှသာ လေနဲ့ရေခိုးရေငွေတွေစနစ်ထဲမှာပြောင် စင်မှာပါ။

🛑 လက်တွေ့အားဖြင့်တော့
0 micron လို့ခေါ်တဲ့ စနစ်ထဲမှာလေ လုံးဝမရှိတဲ့
အခြေအေ နအထိစုပ်ထုတ်ပစ်ဖို့မဖြစ်နိုင်တဲ့အတွက်
500 micron ထိစုပ်ထုတ်ပစ်နိုင်ရင်ကိုအဆင်ပြေပါတယ်။
တကယ်လက်ရှိသုံးနေတဲ့ ဂိတ်တွေ ပန့်တွေနဲ့ အဲဒီအဆင့်ရောက်ဖို့တောင်မလွယ်ကူပါဘူး။
0 ထိရောက်ရင်တော့ အကောင်းဆုံးပေါ့။

ပုံမှန်သုံးနေတဲ့ Pressure Guage တွေကတော့
အကြမ်းအားဖြင့် ပြတာဖြစ်တဲ့အတွက်
စနစ်ထဲမှာလေ 500 micron (0.01 PSI) ဖိအားထိ စကေးစိပ်စိပ် ပြထားလေ့ ပါလေ့မရှိကြပါဘူး။

🛑Micron အဆင့်ထိအသေးစိတ်ပြနိုင်တဲ့ ဒီဂျစ်တယ်ဂိတ် (DigitalMicron Guage) တွေနဲ့သာသိနိုင်ပါတယ်။

🛑သာမာန်အိမ်သုံးအဲကွန်းစက်တွေအနေဖြင့်တော့ ရိုးရိုး Pressure guage မှာ ပြထားတဲ့ 30 inHg ထိ ၂၀ မိနစ်လောက်ထိ စုပ်ထုတ်နိုင်ရင်ကိုလုံလောက်ပါတယ်။
အချိန်ရလို့ကြာကြာစုပ်နိုင်လေကောင်းလေပါ။

🛑ရေခဲသေတ္တာနဲ့ အရေးကြီးတဲ့စက်တွေမှာတော့
Digital micron guage တွေသုံးပြီးEvacuate လုပ်
စုပ်ထုတ်နိုင်ရင် အဲကွန်းစနစ်ထဲမှာ ပိတ်ဆို့အနှောက်အယှက်ပြုခြင်း(Choke) ကို သက်သာစေမှာ။ပိုလည်းကောင်းပါတယ်။

🛑Evacute လုပ်တာပဲပြောပြော
Vacuum ဆွဲတာပဲဆိုဆို လုပ်တဲ့အခါ
Aircon ကို Pressure Guage နဲ့ Micron
Gauage တွေတပ်ဆင်ပုံနဲ့ InHg နဲ့ Micron ယူနစ်တွေဆက်စပ်ပုံ ဇယားနဲ့ပုံတွေကို ပူးတွဲပေးထားပါတယ်။

🛑တချို့အဲကွန်းစက်ကြီးလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်စ
ညီလေးတို့အတွက် စက်ကြီးတွေ Evacuate လုပ်ရာမှာ Vacuum pump size ရွေးချယ်ရာမှာတော့
Vacuum pump ရဲ့ လေစုပ်ထုပ်နိုင်စွမ်း
Cubic Feet per Minute (CFM)
ရဲ နှစ်ထပ် ကိုရွေးချယ်ရမှာဖြစ်ပါတယ်။
ဥပမာအားဖြင့်
7 CFM ရှိတဲ့ Vacuum Pump ဟာ
7*7 =49 Tons စက်ကို စုပ်ထုတ်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။အဲဒီလိုနည်းအားဖြင့်ရွေးချယ်ပြီးအသုံးပြုရမှာပါ။

🛑နောက်တချက်ကတော့..အရေးကြီးတဲ့စက်တွေကို Evacuate တခါလုပ်ပြီးတိုင်း Vacuum pump ထဲက
ဆီCompressor oil ကိုလဲလှယ်နိုင်ရင်ပိုကောင်းပါတယ်ဗျ။

ဘာဖြစ်လို့လဲဆိုတော့ စက်ထဲကဆီက လေထဲက ရေငွေ့နဲ့တွေ့ရင်စုပ်ယူထားတတ်လို့ပါ။ဆီမလဲရင်
ရေငွေ့တွေ စနစ်ထဲကနေမပြောင်စင်ပဲနေတတ်လို့ပါ။

#ကိုနန္ဒမိုး

Y.L.G Air-con မှ Galanz 1.5Hp အားဖြုတ်၍ Chigo 1hp ပြန်လည်တပ်ဆင်ပေးခဲ့ပါသည် ယုံကြည်စွာ အပ်နှံပေးသော လူကြီးမင်းကိုလည်း ကျေ...
09/10/2021

Y.L.G Air-con မှ Galanz 1.5Hp အားဖြုတ်၍ Chigo 1hp ပြန်လည်တပ်ဆင်ပေးခဲ့ပါသည် ယုံကြည်စွာ အပ်နှံပေးသော လူကြီးမင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်
လူကြီးမင်းတို့အတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ သက်သာသောစျေးနှုန်း ကျသင့်ငွေထက် ပိုမတောင်းပါ။
အဲကွန်းနှင့်ပတ်သက်လို့ သိလိုသမျှကို page messanger သို့ ph 09422996038,09970960994ကို လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ

Chigo ရေတောက်လျောက်မနားတမ်းကျ နှစ်လုံး Y.L.G Air-Con မှ တာဝန်ယူဖြေရှင်းပေးခဲ့ပါတယ် ယုံကြည်စွာ အပ်နှံပေးသော လူကြီးမင်းအထူ...
05/10/2021

Chigo ရေတောက်လျောက်မနားတမ်းကျ
နှစ်လုံး Y.L.G Air-Con မှ တာဝန်ယူဖြေရှင်းပေးခဲ့ပါတယ်
ယုံကြည်စွာ အပ်နှံပေးသော လူကြီးမင်းအထူးကျေးဇူးတင်ရှိပါတယ်🙏
ေစျးနှုန်းမှန်ကန်ချိုသာပီး တာဝန်ယူမှု အပြည့်နဲ့ လူကြီးမင်းတို့ စိတ်တိုင်းကျ တပ်ဆင် ပြုပြင်ပေးနေပါသည်
ရေတေ အရမ်းကျနေလို့စိတ်ညစ်နေပီလား
အဲကွန်းက လေမထွက်တော့လို့
ဲအဲကွန်း နေရာချိန်းချင်လို့
့ဲအဲကွန်းက အအေးပေါ့နေလို့ ဘယ်မှာ လုပ်ရမှန်းမသိဘူး စျေးကြီးမှာလည်းကြောက်တယ် ပိုက်ဆံကုန်ပီး ခဏလေးနဲ့ ပြန်ပျက်သွားတာတို့လည်းမဖြစ်ချင်ဘူးဆိုရင် Y.L.G Air-Con Sale&Serviceကိုသာဆက်သွယ်လိုက်ပါ ကုန်ကျမှုနဲ့ တန်သော ဝန်ဆောင်မှု စိတ်ကျေနပ်မှုကို လူကြီးမင်းတို့ ရရှိစေဖို့ အာမခံပါတယ် လူကြီးမင်းတို့ အနေဖြင့် ဆက်သွယ်လိုပါက
☎09422996038
09970960994
09428120646ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ
လိပ်စာကတော့
ရွှေပေါက်ကံ၊ ပုဂံလမ်းမကြီး မင်းထူးကျော်မှတ်တိုင်အနီး။
လုံးဝဂျင်းမထည့်ပါ

04/10/2021

♦ကျနော့်တို့ကို ဘယ်အဲကွန်းကကောင်းသလဲလာမမေးပါနဲ့ကျနော်မဖြေတတ်ဘူး
♦ဘယ်အဲကွန်းကမီတာခသက်သာလဲလာမေးမယ်?
အအေးနှုန်းကစက်မှာဖော်ပြတဲ့အတိုင်းတကယ်ဟုတ်ရဲ့လားလာမေးမယ်?
ဘယ်စက်တာရှည်ခံလဲလာမေးမယ်?
အပိုပစ္စည်းပေါလဲလာမေးမယ်?
အာမခံစိတ်ချရလားလာမေးမယ် ?
ဆိုရင်တော့ တိတ်တိတ်ကလေးလာမေးပါ ကျနော်သေချာဖြေပေးပါမယ်။
♦စက်မပျက်အောင်-ရေမကျအောင်တော့
ကျနော်လည်းမတတ်နိုင်ပါ
စက်ပျက်ရင် ရေကျရင်တော့ ပြင်ပေးနိုင်ပါတယ်။
Mask တပ် ဂျယ်ဖြန်း လက် ဆေး​ရေင်း
ကိုယ်တောင်ဘယ်နေ့P ဖြစ်မလဲမသိတဲ့ခေတ်ကြီးမှာ😁။

♦​ စျေးနှုန်းပိုတောင်းတာလည်းဝါသနာမပါပါ။
ဂျင်းလဲမထည့်ပါ။သေရင်ကိုယ့်နောက်ပါတာမှမဟုတ်တာ။သေချာတာကတော့ ကျနော့်ဆီမှာ
အဲကွန်းဝယ်ရင် ပြင်ရင် စျေးမများစေရပါ။

အဲကွန်းနဲ့ပတ်သက်ရင် ကြိုက်တဲ့အချိန်သာလှမ်းခေါ်ပါ။
ပြင်ဖို့ ဆင်ဖို့ ကူညီပေးဖို့အသင့်ပါ။
မအားလပ်တဲ့အခါတော့ ခဏတော့စောင့်ပေးပေါ့နော်😍။

အဲကွန်းတပ်မည့်သူတွေမေးလေ့ရှိတဲ့မေးခွန်းတခုကိုလည်း အောက်မှာကျနော်မျှဝေထားပါတယ်။

⛔⛔ #အင်ဗာတာအဲကွန်းနဲ့ရိုးရိုးအဲကွန်းဘာကွာသလဲ? #ဘယ်ဟာကပိုကောင်းသလဲ?

🛑အင်ဗာတာဖြစ်စေရိုးရိုးဖြစ်စေ
အဲကွန်းတိုင်းက အခန်းထဲကအပူကို စုပ်ယူပြီး
အောက်ဒိုးယူနစ်ကနေ အပြင်ကို
အပူစွန့်ထုတ်ပေးတာချင်းအတူတူပါ။
အခန်းကိုအေး​ အေတာင်လုပ်​ ပေးတာချင်း အတူတူပါ။

🛑ပါဝင်တဲ့အစိတ်အပိုင်းအတွေကလည်းတူသလို
အလုပ်လုပ်ပုံကလည်းအတူတူပါ။

🛑ဒါဆိုဘာက မတူတာလဲဆိုရင်
#အင်ဗာတာအဲကွန်းမှာတော့
ပါဝင်တဲ့အစိတ်အပိုင်းတွေထဲကမှ
လျှပ်စစ်သုံးပြီးလည်ပတ်နေရတဲ့
အခန်းတွင်းအင်ဒိုးယူနစ်တွေထဲက
ပန်ကာမော်တာ၊အောက်ဒိုးယူနစ်တွေထဲက
ကွန်ပရက်ဆာမော်တာနဲ့ပန်ကာတွေရဲ့အလုပ်လုပ်တဲ့ အမြန်နှုန်းက အခန်းရဲ့အပူချိန်၊ရာသီဥတုနဲ့လူဦးရေလိုက်လို့ အလိုအ​ လေျာက် ပြောင်းလဲပြီး အတိုးအလျော့လုပ်လို့အမြန်နှုန်းကို ကစားပေးနိုင်တာပါ။

🛑ရိုးရိုးအဲကွန်းကတော့
ပန်ကာမော်တာတွေနဲ့ကွန်ပရက်ဆာရဲ့လည်နှုန်းက
အခန်းထဲမှာအေးသည်ဖြစ်စေပူသည်ဖြစ်စေ
ချိန်ညှိထားတဲ့အပူချိန်ထိမအေးမချင်း
လူကချိန်ထားတဲ့အတိုင်းလည်ပတ်နှုန်း
မပြောင်းလဲပဲစက်ကပုံသေအမြင့်ဆုံး
အမြန်နှုန်းနဲ့အမြဲအ လုပ်လုပ်နေမှာပါ။
သတ်မှတ်အပူချိန်ရောက်ပြီဆိုရင်လုံးဝရပ်သွားပြီး
အခန်းရဲ့အပူချိန်က ပြန်တက်ပြီး သတ်မှတ်ချိန်ညှိထားတဲ့
အပူချိန်ကျော်တာနဲ့ ပြန်လည်ပါတယ်။
(ကွန်ပရက်ဆာက ခဏခဏ လည်လိုက်ရပ်လိုက်လုပ်ရင်
သက်တမ်းတိုနိုင်ပါတယ်၊ စမောင်းမောင်းချင်းမှာ
လျှပ်စစ်ဆွဲအားကိုများလို့ အကြိမ်ရေများများလည်လိုက်ရပ်လိုက်ဖြစ်လေ
လျှပ်စစ်စွမ်းအင်ပိုကုန်လေပါ)

🛑အင်ဗာတာတွေမှာကတော့အခန်းထဲမှာ
ပူနေရင် ကွန်ပရက်ဆာနဲ့ပန်ကာတွေကို
မြန်မြန်လည်ပြီး အခန်းကိုသတ်မှတ်ထားတဲ့
အပူချိန်အနေအထားထိအေးစေဖို့
မြန်မြန်အလုပ်လုပ်ပေးမှာပါ ။
အေးမြသွားရင်တော့ လည်နှုန်းကိုလျော့ချပြီး
စွမ်းအင်ကိုချွေတာပေးပါလိမ့်မယ်။
(လျှပ်စစ်မော်တာတွေက သုံးစွဲတဲ့ဝန်အသေမှာဆိုရင်
လည်နှုန်းမြန်လေလေ လျှပ်စစ်စွမ်းအင်သုံးစွဲမှု
ပိုများလေလေပါ)

🛑အဲဒီလိုအခန်းမှာ
သတ်မှတ်အပူချိန်ရောက်ပြီဆိုတာနဲ့
အင်ဗာတာအဲကွန်းအများစုက ရိုးရိုးအဲကွန်းတွေမှာလို ကွန်ပရက်ဆာနဲ့ အောက်ဒိုးယူနစ်ကြီးတခုလုံးကို
လုံးဝရပ်တန့်ပစ်တာမျိုးမလုပ်ပဲ စက်ရပ်မပစ်ပဲ
အနိမ့်ဆုံးလည်ပတ်နှုန်းနဲ့ဆက်ပြီးတော့
လည်ပတ်နေစေပြီး လျှပ်စစ်ကိုချွေတာရင်း
အခန်းရဲ့အပူချိန်ကိုထိန်းပေးထားတဲ့အတွက်
ရံဖန်ရံခါ အပူများများထုတ်ဖို့ အခန်းကိုမြန်မြန်ပြန်အေးစေဖို့ လိုတဲ့အချိန်ကလွဲလို့
အမြဲတမ်းကြီး မြန်နှုန်းမြင့်မြင့်နဲ့လည်နေစရာမလိုပဲ
အခန်းကိုအေးနေအောင်
အငြိမ်ထိန်းထားနိုင်ပါတယ်။

⛔အဲဒီလိုမတူညီမှုတွေကနေ
သုံးစွဲသူတွေအတွက်ဘာတွေ
အားသာစေသလဲဆိုရင်တော့

♦️ရိုးရိုးအဲကွန်းတွေကစက်မောင်းနေတဲ့တလျှောက်
အခန်းကသတ်မှတ်ထားတဲ့အပူချိန်ထိမအေးမချင်း
ပုံသေနှုန်းနဲ့ လည်နေတဲ့အတွက် နာရီနဲ့အမျှ လျှပ်စစ်
ကပုံသေနှုန်းနဲ့ကုန်နေပြီး မီတာခတက်နေမှာပါ။

⛔ပြည်တွင်းမှာရောင်းချနေတဲ့
ရိုးရိုးအဲကွန်းတွေအများစုကတော့
9000BTU/hr (တကောင်စက်)
တနာရီမောင်းရင် စက်အများစု
မီတာယူနစ်အနေနဲ့( 0.9)ယူနစ်
(တယူနစ်နီးပါ) တက်ကြပါတယ်။
တချို့စက်အနည်းစုပဲ
တနာရီကို (0.7)ဝန်းကျင်လောက်သာတက်တာပါ။

⛔တနေ့ကို (၁၀) နာရီသုံးမယ်ဆိုရင်တော့
စက်အမျိုးအစားလိုက်လို့တနေ့ကို
လျှပ်စစ်ယူနစ် (၇) က ယူနစ်(၉) ကြား
ကုန်ကျပါလိမ့်မယ်။ တနှစ်ဆိုရင်တော့

✍🏻၉ ယူနစ် × ၃၆၅= ၃၂၈၅ယူနစ် ယူနစ်ကုန်ပါမယ်။♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

✍🏻မီတာခအနေနဲ့ ၃၂၈၅ × ၁၂၀= ၃၉၄၀၀၀ ကုန်ကျနိုင်ပါတယ်။
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

⛔အဲဒီအချိန်မှာ အင်ဗာတာအဲကွန်းကိုသုံးရင်တော့
တနေ့စာအတွက် ကွန်ပရက်ဆာနဲ့မော်တာတွေဟာ
အခန်းထဲမှာအေးနေချိန်
မလိုအပ်ရင်ဖြည်းဖြည်းပဲလည်လို့
လည်နှုန်းလျော့လေလေ လျှပ်စစ်စွမ်အင်ကုန်တာ
သက်သာလေလေပါ။အဲဒါကြောင့် စက်သံလည်းငြိမ်တဲ့အပြင် မီတာခလည်းသက်သာစေပါတယ်။

⛔ရိုးရိုးစက်နှင့်ယှဉ်ရင်စက်အမျိုးအစားလိုက်လို့ ၃၀%ကနေ ၅၀%ကျော်ထိသက်သာနိုင်ပါတယ်။

⛔အဲဒါကြောင့်တနှစ်ရဲ့မီတာခအနေနဲ့
တကောင်အားအဲကွန်း(9000Btu/hr)
အင်ဗာတာစက်အမျိုးအစားလိုက်လို့
စက်တလုံးအနေနဲ့တနှစ်ကို

ကျပ် 120000/- ဝန်းကျင်ကနေ
200000/- ဝန်းကျင်ထိသက်သာနိုင်ပါတယ်။

⛔အင်ဗာတာအဲကွန်းနဲ့ရိုးရိုးအဲကွန်းရဲ့
ဝယ်ရင်းစျေးက
တလုံးကို လက်ရှိပေါက်စျေးအရ
၁၀၀၀၀၀/- ဝန်းကျင်ပဲပိုကုန်လို့
တနေ့ ၁၀ နာရီနဲ့ တနှစ်ကျော်ကျော်
သုံးရင်ကို အတူတူကုန်ကျတာဖြစ်လို့
ရေရှည်မှာ အင်ဗာတာအဲကွန်းက
ငွေကြေးပိုချွေတာနိုင်မှာပါ။

⛔စက်ရဲ့သက်တမ်းကလည်း ရိုးရိုးစက်နဲ့ယှဉ်ရင်
အရပ်အပြုနည်းလို့ ပိုပြီးသက်တမ်းရှည်ပါလိမ့်မယ်။

⛔အဲကွန်းအလုံးရေအများကြီးသုံးတဲ့
အဆောက်အဦးတွေဆိုရင်တော့
အင်ဗာတာအဲကွန်းသုံးတဲ့ အဆောက်အဦးတွေက
အများကြီး ငွေကြေးချွေတာနိုင်မှာပါ။

♦️♦️အားသာချက်အားနည်းချက်အနေနဲ့♦️♦️

⛔အင်ဗာတာအဲကွန်းရဲ့စျေးနှုန်းက
ရိုးရိုးစက်နဲ့ယှဉ်ရင် ၁၀၀၀၀၀/- ဝန်းကျင်ပိုပါတယ်။

⛔အင်ဗာတာစက်က လျှပ်စစ်မီးမတည်ငြိမ်အတက်အကျများရင်ရိုးရိုးစက်လိုမဟုတ်မဟုတ်ပဲ လျပ်စစ်ပိုင်းဆိုင်ရာ
ဆားကစ်တွေ အခန့်မသင့်ရင်ပျက်စီးတတ်ပါတယ်ပါတယ်။
ဒါပေမယ့်ပုံမှန်အားဖြင့်တော့ ဗို့အားနည်းရင်ကို
ကောင်းကောင်းအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။

⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
အသံဆူညံမှုပိုနည်းလို့ အခန်းတွင်းမှာပိုပြီး
တိတ်ဆိတ် ငြိမ်သက်နေပါလိမ့်မယ်။အခန်းကို
အမြန်ဆုံးအေးမြစေပါလိမ့်မယ်။
အအေးနှုန်းတည်ငြိမ်စေပါလိမ့်မယ်။

⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
လည်အားကို အရမ်းမမြင့်စေပဲထိန်းချုပ်ပြီးထားလို့
လျှပ်စစ်သုံးစွဲမှု အများကြီးသက်သာတဲ့အတွက်
လစဉ်မီတာခတော့ ချွေတာနိုင်ပါလိမ့်မယ်။
(စက်အမျိုးအစားလိုက်လို့ လက်ရှိသုံးစွဲနေတဲ့
အဲကွန်းစာရင် မီတာခ ၅၀%ကျော်ထိသက်သာတဲ့
အင်ဗာတာအဲကွန်းအမျိုးအစားတွေကို
ရွေးချယ်ဝယ်ယူသင့်ပါတယ်)

⛔အင်ဗာတာအဲကွန်းဟာ
ဖုန်နဲ့အညစ်အကြေးထူထပ်ပီး၊ အင်းဆက်ပိုးတွေ များတဲ့နေရာဒေတွေမှာတပ်ဆင်သုံးစွဲရင်တော့ အောက်ဒိုးယူနစ်က လျှပ်စစ်ဆားကစ်တွေကို
ဒုက္ခပေးတတ်လို့ ထိန်းသိမ်းမှုစရိတ်ပိုကုန်ကျနိုင်ပါတယ်။

⛔အင်ဗာတာအဲကွန်းတွေရဲ့အပိုပစ္စည်းတွေဟာရိုးရိုးအဲကွန်းရဲ့အပိုပစ္စည်းတွေနဲ့ယှဉ်ရင်တော့
စျေးနည်းနည်းပိုကြီးနိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်
ပြုပြင်နိုင်သူတော့နည်းပါးနေပါသေးတယ်။
ပြုပြင်စရိတ်တော့ ပိုကုန်တာရှိနေပါသေးတယ်။
(အပိုပစ္စည်းတွေတော့အလွယ်တကူရရှိနေပါပြီ)

⛔လူတိုင်းအင်ဗာတာအဲကွန်းတွေသုံးရင်တော့
လျှပ်စစ်စွမ်းအင်ချွေတာနိုင်လို့ သဘာပတ်ဝန်းကျင်ကို ပိုပြီးထိန်းသိမ်းနိုင်သလို ပိုလျှံတဲ့လျှပ်စစ်ကို
တိုင်းပြည်အနေနဲ့အကျိုးရှိစွာသုံးစွဲနိုင်ပါမယ်။
(သုံးစွဲဖို့လည်းတိုက်တွန်းပါတယ်)

အင်ဗာတာအဲကွန်းကို စျေးမတတ်နိုင်လို့သုံးစွဲဖို့အဆင်မပြေသေးရင်တောင်
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့စွမ်အင်ချွေတာဖို့
အင်ဗာတာမဟုတ်တဲ့ရိုးရိုးအဲကွန်းတွေထဲကမှ တချို့သော အင်ဗာတာအဲကွန်းနီးပါး လျှပ်စစ်သုံးစွဲမှု သက်သာတဲ့
ပြည်တွင်းမှာရောင်းချနေပြီဖြစ်တဲ့
အဲကွန်းအမျိုးအစားတွေကိုရွေးချယ်သုံးစွဲကြဖို့
တိုက်တွန်းပါတယ်။

#အဲယားကွန်းအသစ်တပ်ချင်လို့ဖြစ်စေ
#အဲယားကွန်းရေကျနေလို့ဖြစ်စေ
#ဆားဗစ်လုပ်ဖို့ဆေးဖို့ဖြစ်စေ

လိုအပ်နေတယ်ဆိုရင်
Servicesရှိပါတယ်ခင်ဗျာ။

#ဂျင်းမထည့်ပါ
#ပိုမတောင်းပါဘူးခင်ဗျာ

♦️♦️♦️ဆိုင်လိပ်စာကတော့♦️♦️♦️

♦️♦️အမှတ်(၂၅၃) တပင်ရွှေထီးလမ်း၊မြောက်ဒဂုံ၊ရန်ကုန်မြို။ ရွှေ​​ေပေါက်ကံ ပုဂံလမ်းမကြီး မင်းထူးကျော်မှတ်တိုင်အနီးဖြစ်ပါတယ်ခင်ဗျ။

⛔လူကြီးမင်းတို့၏
# နေအိမ် အခန်း များ

#ဟော်တယ်
#ကျောင်း
#ဆေးရုံ များအတွက်

❤အဲကွန်းအသစ်ပဲဆင်ဖို့လိုအပ်ရင်ဖြစ်စေ
❤အဟောင်းပြင်ဖို့ လိုအပ်ရင်ဖြစ်စေ
❤ဆားဗစ်လုပ်ဖို့လိုအပ်ရင်ဖြစ်စေ
❤အဲကွန်းနဲ့၊အအေးခန်းနဲ့ပတ်သက်လို့
ဘာပဲဖြစ်ဖြစ်ထပ်မံသိချင်တာအကြံဥာဏ်
တောင်းချင်တာတွေရှိရင်ဖြစ်စေ
#အဲကွန်းService ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့
☎️ #09422996038
#09970960994
#09428120646☎
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ

04/10/2021

Y.L.G Air-Con Sale & Service မှ နွေးထွေးကြိုဆိုပါတယ်
လူကြီးမင်းတို့ရဲ့ Air-Con များကို အသစ်တပ်ဆင်ချင်လို့ပဲဖြစ်ဖြစ် ချေးတေပိတ်နေလို့ ရေတေကျနေလို့ လေမထွက်တော့လို့ သန့်ရှင်းရေးလုပ်ချင်လို့ပဲဖစ်ဖစ် အအေးပေါ့သွားလို့ ပြုပြင်ချင်လို့ပဲဖြစ်ဖြစ် သက်သာသောစျေးနှုန်းနဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပေးနေပါပီ
အသေးစိတ်အချက်လက်များကို
page messanger မှာပဲဖြစ်ဖြစ်
ph 09422996038
09970960994 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်

Address

Yangon

Telephone

+959970960994

Website

Alerts

Be the first to know and let us send you an email when Y.L.G Air-Con Sale &Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share