T&T Online Store

T&T Online Store ခေတ်မီဆန်းသစ်တဲ့ လူသုံးကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာ ရရှိနိုင်ပါပြီရှင့်

ချောင်းဆိုးတာ ၃ ညရှိပြီ၊ အိပ်လိုကို မရဘူး။ဆေးသောက်ပေမဲ့လည်း သိပ်မထူးခြားဘူး၊ ချောင်းခြောက်ဆိုးပြီး လည်ချောင်းထဲမှာ သလိပ်...
03/05/2026

ချောင်းဆိုးတာ ၃ ညရှိပြီ၊ အိပ်လိုကို မရဘူး။
ဆေးသောက်ပေမဲ့လည်း သိပ်မထူးခြားဘူး၊ ချောင်းခြောက်ဆိုးပြီး လည်ချောင်းထဲမှာ သလိပ်ကပ်နေသလိုမျိုး။
တစ်ရက်တော့ အမေက ရှောက်နုသီးတစ်လုံးကို ကိုင်ပြီး ရောက်လာတယ်၊ ပြီးတော့ ပြောတယ်... "ဒီဆေးလေး စမ်းကြည့်ပါဦး၊ ဒါ အရင်က မင်းအဖွား သုံးနေကျနည်းပဲ" တဲ့။
အမေက ရှောက်သီးကို အခွံလေးနူးပြီး မွှေးလာတဲ့အထိ မီးအေးအေးနဲ့ ကင်လိုက်တယ်။ ပြီးတော့ ထက်ခြမ်းခွဲ၊ အရည်ကို ခွက်ထဲညှစ်ထည့်ပြီး ဆားလေး အနည်းငယ် ခပ်လိုက်တယ်။
"နည်းနည်းချင်းစီ မျှောချသွားနော်၊ လည်ချောင်းထဲကို စိမ့်ဝင်သွားအောင်လို"
အဲဒီညက အိပ်ခါနီးမှာ တစိမ့်စိမ့် သောက်လိုက်တာ... တစ်ညလုံး ကောင်းကောင်းမွန်မွန် အိပ်ပျော်သွားတယ်၊ ချောင်းဆိုးလို တစ်ခါမှ နိုးမလာတော့ဘူး။
ဒီနည်းအတိုင်း ၂ ရက်လောက် ဆက်လုပ်ကြည့်တော့ လည်ချောင်းထဲ တော်တော်လေး ရှင်းသွားပြီး သလိပ်တွေလည်း ကုန်သလောက် ဖြစ်သွားတယ်။
ဒါမျိုးရှိမှန်းသိရင် လုပ်နေတာ ကြာပြီ၊ ကောင်းတဲ့ဆေးက ကိုယ့်မီးဖိုချောင်ထဲမှာတင် ရှိနေတာပဲ။ 😊
(ဒါပေမဲ့ ချောင်းဆိုးတာ အရမ်းပြင်းထန်ရင် ဒါမှမဟုတ် ဖျားတာပါတွဲရှိရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်နော်)"
Alin Thit Media
#ရောက်သီးဆေးနည်း #ကျန်းမာရေးဗဟုသုတ

ကျော်မသွားခင် ဖတ်လိုက်ပါ"ဖာလာစေ့ (Cardamom) ရဲ့ အံ့မခန်းစွမ်းပကားများဖာလာစေ့ကို ရေနွေးပူပူမှာ စိမ်သောက်တာပဲဖြစ်ဖြစ်၊ ကျိ...
27/04/2026

ကျော်မသွားခင် ဖတ်လိုက်ပါ"
ဖာလာစေ့ (Cardamom) ရဲ့ အံ့မခန်းစွမ်းပကားများ
ဖာလာစေ့ကို ရေနွေးပူပူမှာ စိမ်သောက်တာပဲဖြစ်ဖြစ်၊ ကျိုချက်သောက်တာပဲဖြစ်ဖြစ် မိမိနှစ်သက်သလို အသုံးပြုနိုင်ပါတယ်။ သူ့မှာ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဆာလဖာ၊ မဂ္ဂနီစီယမ်နဲ့ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ဖာလာစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
ဦးနှောက်နှင့် အာရုံကြော: ညအိပ်ရာဝင်ခါနီး သို့မဟုတ် မနက်ပိုင်းမှာ အနည်းငယ်စီ မှန်မှန်စားပေးရင် ခေါင်းကိုက်ဝေဒနာကို သိသိသာသာ ပျောက်ကင်းစေပါတယ်။
ဆီးနှင့် ကျောက်ကပ်: ဆီးရွှင်စေပြီး ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်းနဲ့ ဆီးခဏခဏသွားခြင်းတို့ကို သက်သာစေပါတယ်။ ကျောက်ကပ်ထဲက မလိုအပ်တဲ့ Urea နဲ့ ကယ်လ်စီယမ်တွေကို ဖယ်ရှားပေးပါတယ်။
အဆိပ်အတောက်နှင့် အဆီကျ: ရေနွေးကြမ်းလို သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး မကောင်းတဲ့ ကိုလက်စထရော (Cholesterol) ကို ကျဆင်းစေပါတယ်။
အစာခြေစနစ်: အစာချေဖျက်မှုကို အားကောင်းစေပြီး လေပွတာနဲ့ ဖောရောင်တာတွေကို လျော့ကျစေပါတယ်။ အစာမကြေတာ၊ အော့အန်တာနဲ့ သရက်ရွက်ကြီးတဲ့ ရောဂါတွေအတွက်လည်း အသုံးဝင်ပါတယ်။
အသက်ရှူလမ်းကြောင်း: ချောင်းဆိုး၊ ရင်ကျပ်နဲ့ လည်ချောင်းနာရင် ဖာလာစေ့ကို ကြိတ်ပြီး ပျားရည်နဲ့ ရောလျက်ပေးပါ။
ခံတွင်းကျန်းမာရေး: ခံတွင်းနံ့ ဆိုးတာနဲ့ ပိုးမွှားကင်းစင်ဖို့ ဖာလာစေ့ကို ဝါးစားပေးနိုင်ပါတယ်။
အလှအပနှင့် အခြားအာနိသင်များ
အသားအရေ: သွေးအားကို မြှင့်တင်ပေးလို့ အသားအရေကို စိုပြေလန်းဆန်းစေပါတယ်။ အနာဒဏ်ရာရှိရင်လည်း ဖာလာစေ့ကို ထုထောင်းပြီး အုံပေးပါက ပိုးမွှားသေစေပြီး အနာကျက်မြန်စေပါတယ်။
ဆံကေသာ: ဆံပင်ပြတ်ခြင်း၊ ဘောက်ထခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်းနဲ့ ဦးရေပြားယားယံခြင်းတို့ကို သက်သာစေပြီး ဆံသားကို သန်စွမ်းစေပါတယ်။
ရောဂါကာကွယ်မှု: ကင်ဆာနဲ့ အခြားပြင်းထန်ရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ ဖာလာစေ့ကို ကွမ်းယာထဲထည့်စားသလို ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း အသုံးပြုကြပါတယ်။ အထူးသဖြင့် အခုလို ဇွန်လကနေ အောက်တိုဘာလအထိ ကြာမြင့်မယ့် မိုးရာသီ (တုတ်ကွေးရာသီ) မှာ ဂျင်း၊ ဖာလာစေ့၊ ထန်းလျက်တို့ကို ရောကျိုပြီး ရေနွေးနွေးလေး သောက်ပေးရင် တုတ်ကွေးဖျားနာမှုကို မြန်မြန်သက်သာစေပါတယ်။
မိမိကျန်းမာရေးအတွက် ဖာလာစေ့ကို နေ့စဉ်ဘဝမှာ အမြဲဆောင်ထားဖို့ တိုက်တွန်းလိုက်ပါရစေရှင်။
အဆုံးအထိဖက်ပြီးပြီးဆိုရင် လွယ်ကူပြီး အရမ်ကောင်းတယ် လို့ Comment ရေပေးခဲ့ပါဦးနော်
အားလုံးကျမ်းမာချမ်းသားကြပါဗျာ
အများသိအောင် ရှဲပေးကြပါ ကျေးဇူးတင်ပါတယ်

မူရင်းရေးသူ... crd..
ကူးယူဖော်ပြပါသည်..

နှစ်သစ် နေ့ရက်မှ စလို့ ကိုယ်. စိတ်.နှလုံး သုံးပါးစလုံး ကျန်းမာ ချမ်းသာကြပါစေ...လို့..T&T မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအ...
17/04/2026

နှစ်သစ် နေ့ရက်မှ စလို့ ကိုယ်. စိတ်.နှလုံး သုံးပါးစလုံး ကျန်းမာ ချမ်းသာကြပါစေ...လို့..T&T မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်နော်. 🙏🙏🙏 #ဆုတောင်းမေတ္တာ

မနက်အိပ်ယာထပြီး ဒါတွေလုပ်နေမိရင် လေဖြတ်ဖို့ နီးနေလို့ လုံးဝ (ရှောင်ကြဉ်ပါ) (အသက် ၄၀ ကျော်သူများ အထူးသတိပြုရန်)မနက်နိုးခါ...
21/01/2026

မနက်အိပ်ယာထပြီး ဒါတွေလုပ်နေမိရင် လေဖြတ်ဖို့ နီးနေလို့ လုံးဝ (ရှောင်ကြဉ်ပါ)

(အသက် ၄၀ ကျော်သူများ အထူးသတိပြုရန်)
မနက်နိုးခါစမှာ အခုဖော်ပြမယ့် အချက် ၄ ချက်ထဲက တစ်ခုခုကို သင် ပြုလုပ်နေမိပါသလား?

😳 ဒါဆိုရင်တော့ သင့်ဦးနှောက်သွေးကြောက "အရေးပေါ်" အခြေအနေကို ဦးတည်နေပါပြီ။

အထူးသဖြင့် အသက် ၄၀ ကျော်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ပြန်လည်ရုန်းကန်နိုင်စွမ်းက အရင်လိုမဟုတ်တော့လို့ ပိုပြီး ဂရုစိုက်ရပါတယ်။

ဒီပို့စ်ကို ကြောက်စရာကြီးလို့ မမှတ်ယူပါနဲ့။

တကယ်တော့ "လေဖြတ်ခြင်း (Stroke)" ဆိုတာ ရုတ်တရက် ဖြစ်လာတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ နေ့စဉ် အလေ့အကျင့်ဆိုးတွေကြောင့် တဖြည်းဖြည်း နီးကပ်လာတာပါ။

မနက်ခင်းဟာ သွေးပေါင်တက်လွယ်ပြီး သွေးခဲနိုင်ခြေ အမြင့်ဆုံး "အစိုးရိမ်ရဆုံး" အချိန်ဖြစ်လို့ အောက်ပါအချက်တွေကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

၁။ အိပ်ယာကနေ ဝုန်းခနဲ ဆတ်ခနဲထခြင်း
လူအများစုက နိုးတာနဲ့ အိပ်ယာပေါ်ကနေ ချက်ချင်းထိုင်၊ ချက်ချင်း ထရပ်တတ်ကြပါတယ်။

ဒါဟာ အရမ်းအန္တရာယ်ကြီးပါတယ်။ မနက်ခင်းမှာ သွေးကြောတွေက အနားယူနေတဲ့ အနေအထားကနေ လှုပ်ရှားမယ့် အနေအထားကို ညှိယူနေတုန်းမို့လို့ပါ။

ဝုန်းခနဲ ထလိုက်တဲ့အခါ သွေးပေါင်ချိန် ရုတ်တရက်ပြောင်းလဲသွားပြီး မူးဝေတာ၊ မျက်စိပြာတာကနေ ဦးနှောက်သွေးကြောထဲမှာ ဖိအားတက်ပြီး လေဖြတ်နိုင်ခြေ ရှိပါတယ်။

ဒါကို ဘယ်လိုဖြေရှင်းမလဲ? (30-30-30 Rule ကို သုံးပါ)

အိပ်ယာပေါ်မှာ နိုးနိုးချင်း ၃၀ စက္ကန့်လောက် လက်ခြေတွေကို အရင်လှုပ်ရှားပေးပါ။

ပြီးရင် အိပ်ယာပေါ်မှာ ထိုင်ပြီး ၃၀ စက္ကန့်လောက် အသက်ရှူနှုန်းမှန်အောင် ညှိပါ။

အဲ့ဒီနောက်မှာမှ ၃၀ စက္ကန့်လောက် တည်တည်ငြိမ်ငြိမ်နဲ့ မတ်တပ်ရပ်ပြီး လှုပ်ရှားပါ။
၂။ နိုးနိုးချင်း ဖုန်းကြည့်ပြီး စိတ်ဖိစီးမှု ခံယူခြင်း 😵
မျက်စိပွင့်တာနဲ့ လူမှုကွန်ရက် ဒါမှမဟုတ် အလုပ်ကိစ္စ Message တွေ ချက်ချင်းကြည့်တာက သင့်ဦးနှောက်ကို "ရုတ်တရက်" ဝန်ပိစေသလို ဖြစ်စေပါတယ်။

မနက်ခင်းမှာ စိတ်လှုပ်ရှားတာ၊ စိတ်တိုတာ၊ စိတ်ပူတာတွေက သွေးပေါင်ချိန်ကို သိသိသာသာ ထိုးတက်စေလို့ပါ။

အစားထိုး လုပ်သင့်သည့်အရာများ
ဖုန်းကို အနည်းဆုံး ၁၀ မိနစ်ခန့် နောက်ကျမှ ကြည့်ပါ။
နိုးနိုးချင်း ရေ ၂ ခွက် အရင်သောက်ပါ။

အသက်ကို ဖြည်းဖြည်းချင်း ၅ ကြိမ်လောက် မှန်မှန်ရှူသွင်းရှူထုတ် လုပ်ပေးပါ။

ပြတင်းပေါက်ဖွင့်ပြီး မနက်ခင်းအလင်းရောင်ကို ထိတွေ့ပါ။

၃။ ရေမသောက်ဘဲ ကော်ဖီနဲ့ ဆေးလိပ်ကို အရင်သုံးစွဲခြင်း

အသက် ၄၀ ကျော်ရင် ခန္ဓာကိုယ်က ရေဓာတ် လျော့နည်းလွယ်ပါတယ်။

တစ်ညလုံး အိပ်စက်ပြီးချိန်မှာ သွေးက အနည်းငယ် ပျစ်နေတတ်ပါတယ်။

အဲ့ဒီအချိန်မှာ ရေမသောက်ဘဲ ကော်ဖီ ဒါမှမဟုတ် ဆေးလိပ်ကို အရင်သောက်လိုက်ရင် သွေးကြောတွေ
ကို ကျဉ်းစေပြီး သွေးပေါင်ချိန်ကို ပိုတက်စေပါတယ်။

အကောင်းဆုံးနည်းလမ်း

အိပ်ယာထပြီးတာနဲ့ ရေ 300ml ခန့် အရင်သောက်ပါ။
ကော်ဖီ သောက်ချင်တယ်ဆိုရင်တော့ ရေသောက်ပြီး မိနစ် ၃၀ ခန့် ကြာမှ သောက်တာ အန္တရာယ်အကင်းဆုံးပါ။

၄။ အိမ်သာထဲမှာ အားစိုက်လွန်းခြင်း
ဒါက လူသိနည်းပေမယ့် တကယ်အရေးကြီးတဲ့ အချက်ပါ။

အိမ်သာထဲမှာ အရမ်းအားစိုက်ပြီး ဝမ်းညှစ်တာက သွေးပေါင်ချိန်ကို ခဏချင်းအတွင်း အမြင့်ဆုံးထိ မြင့်တက်စေနိုင်ပါတယ်။

ဘယ်လိုပြင်ဆင်မလဲ?
ညစာမှာ အသီးအနှံနဲ့ အမျှင်ဓာတ်ပါတာတွေ များများစားပါ။

မနက်ခင်းမှာ ၅ မိနစ်လောက် လမ်းလျှောက်ပြီးမှ အိမ်သာသွားတဲ့ အကျင့်လုပ်ပါ။

Stroke Risk လျှော့ချဖို့ မနက်ခင်း လုပ်ရိုးလုပ်စဉ် ၅ ခု
၁။ 30-30-30 Rule ကို အမြဲလိုက်နာပါ။
၂။ ရေ ၂ ခွက် အရင်သောက်ပါ။
၃။ ဖုန်းကို ၁၀ မိနစ်ခန့် မထိပါနဲ့။
၄။ အလင်းရောင်နဲ့ လေကောင်းလေသန့် ရှူပါ။
၅။ မနက်စာမှာ ဆားနဲ့ ဆီ ကို အတတ်နိုင်ဆုံး လျှော့စားပါ။

ဘယ်လို လက္ခဏာပြရင် ဆရာဝန်ဆီ ချက်ချင်းသွားရမလဲ? (FAST Sign)

မျက်နှာတစ်ဖက် ရုတ်တရက် ရွဲ့သွားတာ ဒါမှမဟုတ် မပြုံးနိုင်တာ။

လက်တစ်ဖက် အားမရှိဘဲ ပျော့ကျသွားတာ။
စကားသံတွေ ဗလုံးဗထွေးဖြစ်တာ၊ မပြောနိုင်တာ။
ရုတ်တရက် မူးဝေပြီး လဲကျတာ။ ဒီအချက်တွေထဲက တစ်ခုခုဖြစ်ရင် အချိန်မဆွဲပါနဲ့။

သင်ရော မနက်ခင်းမှာ ဒီအချက်တွေထဲက ဘာကို အများဆုံး လုပ်မိနေလဲ? အောက်မှာ နံပါတ်လေးတွေ မှတ်ချက်ပေးခဲ့ပါဦး။ 😄

ဒီဗဟုသုတက တစ်စုံတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်လို့ သင့်ရဲ့ မိဘ၊ ဆွေမျိုးနဲ့ မိတ်ဆွေတွေဆီ ဝေမျှပေးဖို့ မမေ့ပါနဲ့ဦးနော်။ 🙏

"ကြိတ်မှန်ပင်" ဆိုတာ ပေါင်းပင်လို့ ထင်ရပေမယ့် တကယ်တော့ ရောဂါပေါင်း (၂၆) မျိုးကျော်ကို အောင်နိုင်တဲ့ "ဆေးဖက်ဝင် ရတနာ" တစ်...
13/01/2026

"ကြိတ်မှန်ပင်" ဆိုတာ ပေါင်းပင်လို့ ထင်ရပေမယ့် တကယ်တော့ ရောဂါပေါင်း (၂၆) မျိုးကျော်ကို အောင်နိုင်တဲ့ "ဆေးဖက်ဝင် ရတနာ" တစ်ပါးပါ။

ဆေးမြီးတိုဆိုပေမယ့် နိုင်ငံတကာသုတေသနတွေအရပါ "ဗီတာမင် K" အာနိသင်ရှိပြီး သွေးတိတ်စေတဲ့အစွမ်းရှိကြောင်း အသိအမှတ်ပြုထားတဲ့ အပင်ဖြစ်ပါတယ်။

၁။ ဆံကေသာနှင့် အလှအပဆိုင်ရာ (နတ်ဆေးတစ်ပါး)
ဆံပင်နက်စေရန်- အပင်သတ္တုရည်နဲ့ ဦးရေပြားကို နှိပ်နယ်ပေးရင် ဆံပင်သန်စွမ်းပြီး နက်မှောင်စေပါတယ်။
ဆံပင်ဖြူကာကွယ်ရန်- ကြိတ်မှန်ရွက်၊ ကွမ်းရွက်၊ မြင်းခွာရွက်၊ ဆီးဖြူသီး စတာတွေကို အုန်းဆီနဲ့ချက်ပြီး လိမ်းပေးရင် အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို တားဆီးပေးပါတယ်။
ဆံပင်ပြန်ပေါက်ရန်- ကြိတ်မှန်ရွက်၊ မန်ကျည်းသီး၊ ဆီးဖြူသီးတို့ကို ကြိတ်စားပေးရင် ဆံပင်ကျွတ်ခြင်းနဲ့ ထိပ်ပြောင်ခြင်းကို သက်သာစေပါတယ်။
အသားအရည်အတွက်- ကြိတ်မှန်ရွက်ကို အသုပ်လုပ်စားပေးရင် ဝက်ခြံပျောက်ပြီး အသားအရည် ကြည်လင်စေပါတယ်။

၂။ ကလေးသူငယ် ကျန်းမာရေး
နှာစေးချောင်းဆိုး- အပင်သတ္တုရည် (၂) စက်ကို ပျားရည်နဲ့ရောပြီး တိုက်ပေးနိုင်ပါတယ်။
နှာပိတ်ခြင်း- ကြိတ်မှန်ရွက်နဲ့ ခွေးသေးပန်းရွက်ကို ရှိန်းခိုအနည်းငယ်ထည့်ကြိတ်ပြီး ငယ်ထိပ်မှ နှာခေါင်းအထိ ဆွဲချလိမ်းပေးပါ။
သန်ကျစေရန်- ကလေးငယ်များ စအိုဝတွင် တုတ်ယားယံခြင်းအတွက် သတ္တုရည်ကို လူးပေးနိုင်ပါတယ်။

၃။ အသည်း၊ အစာအိမ်နှင့် အတွင်းရောဂါများ
အသည်းရောဂါ- အသည်းရောင်အသားဝါ၊ အသည်းကြီးခြင်းတို့အတွက် အပင်ပြုတ်ရည် သို့မဟုတ် သတ္တုရည်ကို သောက်သုံးပေးနိုင်ပါတယ်။
အစာအိမ်နှင့် သွေးအားနည်း- အစာမကျေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် သွေးအားနည်းရောဂါများအတွက် ကြိတ်မှန်ပင်မှုန့်ကို တြိဖလမှုန့်နဲ့ရောစားနိုင်ပါတယ်။
သည်းခြေ- အရွက်နဲ့ အမြစ်ကို ကြိတ်သောက်ခြင်းဖြင့် သည်းခြေရည်ကို ကောင်းစွာ ထွက်ရှိစေပါတယ်။

၄။ အမျိုးသမီးကျန်းမာရေး
မီးယပ်ရောဂါ- မီးယပ်သွေးငုပ်ခြင်း၊ သွေးလွန်ခြင်းနှင့် သားဖွားပြီး သားအိမ်ကိုက်ခြင်းအတွက် ထန်းလျက်နဲ့ ပြုတ်သောက်ပေးနိုင်ပါတယ်။
နို့ရည်ထွက်စေရန်- နို့တိုက်မိခင်များ နို့ရည်ခမ်းပါက ကြိတ်မှန်ရွက်ကို ဟင်းခါးချက်သောက်ပါ။

၅။ အရေပြားနှင့် ဒဏ်ရာအနာတရများ
အဆိပ်ဖြေ/အပူလောင်- မီးလောင်နာပေါ်တွင် ပင်စိမ်းရည်နဲ့ရောလိမ်းရင် အမာရွတ်မကျန်စေပါ။
အရေပြားရောဂါ- ရေယုန်၊ ပွေး၊ ဝဲ၊ နှင်းခူနှင့် အနူစွဲခြင်းများအတွက် နှမ်းဆီ သို့မဟုတ် နနွင်းနဲ့ရောပြီး လိမ်းကျံပေးနိုင်ပါတယ်။
၆။ အခြားအထွေထွေ အကျိုးကျေးဇူးများ
အာရုံငါးပါး- သွားခိုင်စေခြင်း၊ မျက်စိအမြင်သန်စေခြင်းနှင့် နားပင်းသူများ အသံကြားလာစေခြင်း စတဲ့ အစွမ်းများရှိပါတယ်။
အဆီကျစေရန်- ညအိပ်ရာဝင်တိုင်း သတ္တုရည်ကို ခန္ဓာကိုယ်မှာ လိမ်းပေးရင် (၆) လအတွင်း အဆီကျစေပါတယ်။
သွေးတိတ်စေရန်- နှာခေါင်းသွေးယို၊ ဝမ်းကိုက်သွေးပါနှင့် ဒဏ်ရာသွေးထွက်ခြင်းတို့အတွက် အလွန်ထိရောက်ပါတယ်။

ဆေးဖက်ဝင် "ကြိတ်မှန်ရွက်ယို" ပြုလုပ်နည်း
ကြိတ်မှန်ရွက်၊ ထန်းလျက်၊ ရှောက်သီးဖတ်၊ ကြက်သွန်နီနှင့် စမုံမျိုးငါးပါးတို့ကို ရောပြီး ယိုထိုးစားပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ အညောင်းအညာနှင့် ကိုယ်လက်ဖောရောင်ခြင်း စတဲ့ ဝေဒနာပေါင်းစုံကို သက်သာပျောက်ကင်းစေပါတယ်။

သတိပြုရန်
သဘာဝဆေးဖက်ဝင်အပင် ဖြစ်သော်လည်း မိမိတွင် ရောဂါအခံကြီးကြီးမားမားရှိပါက တတ်ကျွမ်းနားလည်သော တိုင်းရင်းသမားတော်များ၊ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှ အသုံးပြုသင့်ပါတယ်။

ဗဟုသုတအဖြစ် ပြန်လည်မျှဝေခြင်းဖြစ်လို့ မိမိမိတ်ဆွေများပါ သိရှိနိုင်ဖို့ Share ပေးလိုက်ကြရအောင်နော်။ 🙏
#ကြိတ်မှန်ပင် #ဆေးဖက်ဝင်အပင်များ

31/12/2025

Happy New Year..
ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ... လို့ ဆုမွန်ကောင်းတောင်းပေးပါတယ်..ချစ်တို့ရေ...

မ ချိန်း တော့ ဘူး ဂုန်း ဆင်း ကြ လို့ DDD😂😁
28/12/2025

မ ချိန်း တော့ ဘူး ဂုန်း ဆင်း ကြ လို့ DDD😂😁

'" မင်းမိန်းမနဲ့ ဘာလို့ကွာရှင်းချင်တာလဲ"'တရားသူကြီးက မေးတယ်။" ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူခွာခိုင်းတယ်။ကြက်သွန်နီလှီးခို...
26/12/2025

'" မင်းမိန်းမနဲ့ ဘာလို့ကွာရှင်းချင်တာလဲ"'

တရားသူကြီးက မေးတယ်။

" ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူခွာခိုင်းတယ်။
ကြက်သွန်နီလှီးခိုင်းတယ်။
ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့်"

" အဲဒါ ဘာများ အပန်းကြီးလဲ။
လွယ်လွယ်လေးဟာကို..
ကြက်သွန်ဖြူမခွာခင် မီးအပူလေး ပေးလိုက်။
အခွံခွာရတာ လွယ်သွားမယ်။

ကြက်သွန်နီလှီးခိုင်းရင် လှီးမဲ့ကြက်သွန်ကို ရေခဲသေတ္တာအထဲ ခဏထား..နောက်လှီးကြည့်။ မျက်စိမစပ်တော့ဘူးပေါ့။

ဒီလိုပဲလေ..
ပန်းကန်လည်း မဆေးခင်
ရေထဲ ဆယ်မိနစ်လောက်စိမ်ထား
ဆေးရတာ လွယ်လွယ်လေး။

ဒါပေမဲ့..မင်းကို
အဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား။
နောက် အဝတ်လျှော်ခိုင်းရင် ဒီလိုလုပ်ကွ...သေချာမှတ်ထား..
အဝတ်မလျှော်ခင် ဆပ်ပြာရည်အထဲ မှာအဝတ်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထား။
ဂျီးတွေ သူ့အလိုလို ထွက်လာမယ်။
လျှော်တဲ့အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့
ပြီးတော့...သနပ်ခါး..သွေး..."

" ရပါပြီ ခင်ဗျ...
ကျနော့ လျှောက်လွာ ပြန်ရုပ်သိမ်းခွင့်ပြုပါ..
တရားသူကြီးမင်း ခင်ဗျား"

"မင်း.. ငါပြောတာ နားလည်သွားလို့ပေါ့ ဟုတ်လား"

" အမှန်တော့ ကျနော်ဟာ တရားသူကြီး ထက်စာရင် အများကြီး သက်သာပါသေးတယ်ဆိုတာ
သိသွားလို့ပါ.."

😂😂😂😂😂😂😂

စာမဖတ်ချင်သူတွေ ကြော်ငြာပုံလေးကြည့်သွားပေးပါ..နော်😂

ခေါင်းလျှော်ဆပ်ပြာခေါင်းလျော်ဆပ်ပြာ..အခဲပုံစံလေးတွေ အသစ်ရောက်ထားပါတယ်ရှင့်..ဆံပင်တွေနက်တယ်သန်တယ်နော်Polygonum Soapတစ်ခဲ💵...
15/12/2025

ခေါင်းလျှော်ဆပ်ပြာခေါင်းလျော်ဆပ်ပြာ..အခဲပုံစံလေးတွေ အသစ်ရောက်ထားပါတယ်ရှင့်..

ဆံပင်တွေနက်တယ်သန်တယ်နော်

Polygonum Soap

တစ်ခဲ💵 စျေး နှုန်း~7500..ကျပ်..💰💰💰

📍 ထူးခြားတဲ့အချက်လေးတွေကတော့..

👉 ဆံပင်အသစ်ထွက်စေပြီး ဆံပင်အုံထူစေတဲ့

(1)အမြစ်များကို အာဟာရဖြစ်စေပီး ဆံပင်အမြစ်များကို သန်မာစေပါသည်။

(2)ဆံပင်ဖြူခြင်းကို လျော့ချပေးသည်။

(3)ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးသည်။

(4)နူးညံ့ပျော့ပျောင်းပြီး ဆံသားကို မထိခိုက်စေဘဲ အမျိုးသားရော အမျိုးသမီးပါ အသုံးပြုနိုင်ပါတယ်။

(5)ပျက်စီးနေသောဆံသားများကို ပြုပြင်ပေးခြင်း၊ ဆံပင်ပြန်ပေါက်နှုန်း မြန်စေခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်ပေါက်ခြင်းတို့ကို အရှိန်မြှင့်ပေးသည်။

🧪 သဘာဝဆေးဘက်ဝင် ပစ္စည်းများနဲ့ထုတ်လုပ်ထားတာဖြစ်လို့ ဦးရေပြားနဲ့ ဆံသား ထိခိုက်မှု မရှိစေပါဘူးရှင့်.. 🙆

မှာယူလိုပါက..

☎09776 876 316
(Viber..ok)
📩 Page Massenger သို့...အမည်.လိပ်စာ အပြည့်အစုံ ဖုန်းနံပါတ်..အရေအတွက်..ပေးပို့၍ မှာယူနိုင်ပါပြီ နော်...

💦 အညစ်အကြေးတွေကို သန့်ရှင်းပေးဖို့.... ၉၀၀၀..ကျပ်သာလိုပါတယ်...👸 အိမ်ရှင်မတို့ရဲ့ ပြဿနာကို အဖြေရှာ ပေးလိုက်ပါပြီ..နော်......
12/12/2025

💦 အညစ်အကြေးတွေကို သန့်ရှင်းပေးဖို့.... ၉၀၀၀..ကျပ်သာလိုပါတယ်...

👸 အိမ်ရှင်မတို့ရဲ့ ပြဿနာကို အဖြေရှာ ပေးလိုက်ပါပြီ..နော်...

👚👕👗 အိမ်ရှင်မတိုင်းအတွက် မရှိမဖြစ် အလိုအပ်ဆုံး ဆေးခဲလေး ရောက်ပါပြီ နော်...

☝ အနည်းဆုံးတစ်လ တစ်ကြိမ်တော့ အိမ်မှာရှိတဲ့ အဝတ်လျှော်စက်တွေကို သန့်ရှင်းရေးလုပ်ပေးစေချင်ပါတယ်...

✌ ကျွန်မတို့အဝတ်လျှော်စက်ကို သန့်ရှင်းအောင်ထားဖို့ အထူးလိုအပ်ပါတယ်ရှင့်..
👉 တန်ဖိုးကြီးတဲ့ အဝတ်အစားတွေကို သန့်ရှင်းနေတဲ့ စက်နဲ့ လျှော်မှသာ တန်ဖိုးလျော့ မသွားမှာပါ ..

🥼🧥 အဝတ်အထည်တွေလျှော်ဖွတ်ရင်းအထည်တွေပြောင်စင်မနေပဲ ဝါညစ်ညစ်ဖြစ်နေပြီဆိုရင် အဝတ်လျှော်စက်ကိုသန့်ရှင်း ရေးလုပ်ဖို့လိုနေပြီနော်...

🛀🥋 အဝတ်ညစ်တွေကို အကြိမ်ပေါင်းများစွာ လျှော်နေတဲ့ အတွက် ဘက်တီးရီးယားပိုးမွှားလေးတွေ အဝတ်လျှော်စက်ထဲမှာ သန်းပေါင်းများစွာရှိနေတတ်ပါတယ်...လေးတွေက

🛁 သံချေး ရေဂျိုးတွေ . ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေ . မှိုတွေနဲ့
ဆပ်ပြာ အညစ်အကြေးတွေကြောင့် အနံ့ဆိုး တွေ.ကနေ ကင်းဝေးစေဖို့ ဒီဆေးခဲ တာဝန်ယူပါလိမ့်မယ်ရှင့်..

📌 လွယ်ကူတဲ့အသုံးပြုနည်း...

အနည်းဆုံး ဆေးခဲ ၃.၄ ခဲကို ရေနဲ့စိမ်.
အရည်ပျော်ပြီဆို စက်ထဲလောင်းထည့်
အဝတ်ဟောင်း တစ်ထည် ထဲ့ပြီး
ရေ level အမြင့်ဆုံးနဲ့ လျှော်ပေးပါရှင့်..
အညစ်အကြေးတွေ များနေတယ်ဆို ရင် ၂ ကြိမ် ၃ကြိမ်လောက် ပြုလုပ်ပေးပါရှင့်...

💰 ဆေးခဲ ၁၂ ခဲပါ တစ်ဘူး...ကို ၉၀၀၀..ကျပ်..💶💵💸

🙏 ယခုပဲ မှာယူဖို့အတွက်...

☎ 09 776 876 316..(viber)
သို့ဆက်သွယ် လို့ရသလို..

Page Messengerမှာ

အမည်
လိပ်စာ..ဖုန်းနံပါတ် တို့ကို
ပြည့်စုံစွာရေးထားပေးပါ ရှင့်။

😘 အားလုံးကို သန့်သန့်လေးဖြစ်စေချင်တဲ့ T&T ပါရှင့်....

Address

Yangon

Website

Alerts

Be the first to know and let us send you an email when T&T Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share