AIA Universal Life Insurance - UL

AIA Universal Life Insurance - UL Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AIA Universal Life Insurance - UL, Financial Consultant, Bogyoke Aung San Road, Yangon.

မနက်ဖန်တိုင်းအတွက် စိတ်လုံခြုံမှုရှိနေပြီဆိုရင်.ရှင်သန်ရတဲ့ နေရက်တိုင်းကလည်း အေးချမ်းလာပါတယ်။
ဒါဟာ..အသက်အာမခံ ၊ ကျန်းမာရေးအာမခံ ထားခြင်းရဲ့ အဓိကရည်ရွယ်ချက်ပါဘဲ။

19/01/2025

♾️ တစ်သက်တာရွေးချယ် အသက်အာမခံ လို့ ဆိုတဲ့ အတိုင်း AIA Myanmar ရဲ့ Universal Life Insurance က ကျွန်မတို့ရဲ့ အသက် တစ်ရာအထိတိုင်အောင် အကာအကွယ်ပေးသွားမှာပါ။

ဒါဖြင့် ဘယ်လိုပုံစံနဲ့ အကာအကွယ် ပေးမှာလဲ❓️❓️❓️

🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️

♾️ (1) လသားမှ အသက် (65) နှစ်မတိုင်ခင်အထိသာ ဝယ်ခွင့်ရှိပြီး ဝယ်ပြီးတဲ့ နောက်ပိုင်း အသက်တစ်ရာအထိကို အကာအကွယ် ယူထားနိုင်ပါတယ်။
အာမခဲံ တစ်ခုထားခြင်းရဲ့ အဓိက ရည်ရွယ်ချက် က Protection အကာအကွယ် ရဖို့ပါ။
Protection အကြောင်း မပြောခင် နောက်ထပ် ရရှိနိုင်တဲ့ Savings Benefit ဖြစ်တဲ့ စုဆောင်းငွေ နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောချင်ပါတယ်။

💰 Savings benefit နဲ့ ပတ်သက်ပြီး တိုတို တုတ်တုတ် ပြောရမယ်ဆိုရင်..
မည်သည့် အသက်အာမခံဖြစ်စေ၊ အသက်အာမခံရဲ့ သဘောကိုက Long-term Financial Plan ဖြစ်တာကြောင့် အာမခံကြေးသွင်းပြီး 3 နှစ်လောက် အတွင်းမှာတော့ သွင်းခဲ့သော အာမခံကြေးတွေဟာ စုဆောင်းငွေအနေနဲ့ ကိုယ်သွင်းခဲ့ သလောက် ရှိနေမှာ မဟုတ်ဘဲ အနည်းငယ်သာ ရှိနေပါမယ်။ Universal Life Insurance သည်လည်း ထိုအတိုင်းပါဘဲ။ သို့သော် အာမခံကြေးသွင်းပြီး နောက် 10 နှစ် ၊15 နှစ် နှစ် 20 နောက်ပိုင်းလောက်မှာတော့ ကိုယ်သွင်းခဲ့သော ငွေတွေအားလုံးနီပါးဟာ ကိုယ့်ရဲ့ စုဆောင်းငွေအနေနဲ့ ရှိနေပါမယ်။
ကြိုက်တဲ့ အချိန် ပြန်ထုတ်သုံးလို့ ရပါမယ်။
ဥပမာ တစ်နှစ် သိန်း (100) သွင်းပါက နောက် အနှစ် 20 လောက်မှာ သိန်း (2,000) ဝန်းကျင်ကို စုဆောင်း​ငွေ အနေနဲ့ ပြန်ထုတ် သုံးနိုင်ပါမယ်။

📣 Savings အ ကြောင်းပြော ပြီးပြီဆိုတော့...အာမခံတစ်ခုရဲ့ အသက်လို့ ဆိုရမဲ့ Universal Life Insurance က ရရှိမယ့် Protection benefit ကို စပြောပါတော့မယ်။

👉 ပိုပြီး နားလည်လွယ်အောင်..Protection နဲ့ အတူ နှစ်စဥ်သွင်းရမဲ့ Premium ကြေးကိုပါ တွဲပြီး ပြောပြပါ့မယ်။
ဥပမာ.. အသက် 39 နှစ် အရွယ် အမျိုးသား တစ်ဦးက သိန်း (5,000) အကာအကွယ် Protection ယူမယ် ဆိုကြပါစို့။
သည့်အတွက် တစ်နှစ် ပေးသွင်းရမဲ့ အာမခံကြေးက သိန်း (100) ပါ။
ပုံမှန်ဆို..သိန်း (5,000) ပြည့်ဖို့ 1 နှစ်ကို သိန်း (100) နဲ့ နှစ်ပေါင်း 50 လောက် စုရမှာ ဖြစ်ပြီး အသက် 39 နှစ်မှ စပြီးစုပါက 89 နှစ်လောက်မှ သိန်း (5000) ပြည့်မဲ့ သဘောပါ။
ကျွန်မတို့ အားလုံး ဒီအသက် 89 နှစ်အထိ နေရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။
အသက် 89 နှစ် မတိုင်ခင် အများစုက သေဆုံးသွားကြမှာပါ။
ဒါပေမဲ့ ဒီအာမခံကတော့ 39 နှစ်မှာ အာမခံထားပြီးသည့် နောက်ပိုင်း ( Inforce ဖြစ်တဲ့ အချိန်မှစပြီး) အသက် 40 မှာဘဲ ဖြစ်ဖြစ် ၊ 50 မှာဘဲ ဖြစ်ဖြစ်၊ 60 မှာဘဲ ဖြစ်ဖြစ် အာမခံ ထားပြီး ဘယ်အချိန်မှာ သေဆုံးသည် ဖြစ်ပါစေ၊ သိန်း (5,000) နှင့်အတူ စုဆောင်းငွေကိုပါ( စုဆောင်းငွေကို ထုတ်မသုံးထားလျှင်) မိသားစုက အမွေတစ်ခုအနေနဲ့ အကျိုးခံစားခွင့် ရရှိမှာပါ။
ဒါက တသက်တာ ရွေးချယ် အသက်အာမခံရဲ့ Main Benefit လို့ ပြောလို့ရတဲ့ အကာအကွယ် ပေးထားတဲ့ ပုံစံကို သိန်း (5,000) ဥပမာ အနေနဲ့ ပြောပြခြင်းပါ။
အကာအကွယ်ကို စိတ်ကြိုက် ထားလို့ရပါတယ်။

နောက်ထပ် Benefit တွေလည်း ရှိပါသေးတယ်။

🏨 အသက် 65 မတိုင်ခင် ကင်ဆာ ဖြစ်ခဲ့ရင် အကာအကွယ်ရဲ့ 25% ကြိုထုတ်ပေးခြင်း။
သိန်း 5,000 အကာအကွယ်ယူထားသူအတွက်ဆို သိန်း 1,250 ကြိုထုတ်ပေးမဲ့ သဘောပါ။

♿️အသက် 70 မတိုင်ခင် ထာဝစဥ် မသန်စွမ်း Totally Permanent Disability TPD ဖြစ်သွားခဲ့ရင် အာမခံထားငွေရော စုဆောင်းငွေကိုပါ Death Benefit လိုမျိုး အားလုံးကို တခါတည်းထုတ်ပေးခြင်း။

🚭 ဆေးလိပ်မသောက်သူဖြစ်ပါက သေဆုံးချိန်မှာ Non Smoker Bonus အနေနဲ့ 10 % အပိုဆောင်း ထုတ်ပေးခြင်း။
သိန်း (5,000) Protection ယူထားသူအတွက်ဆို သိန်း (500) ထပ်ရမဲ့ သဘောပါ။

ဒီအာမခံက ကိုယ်တိုင်လည်း ကြိုက်လို့ လက်ရှိဝယ်ထားပါတယ်။ လူတိုင်းနီးပါးမှာ ရှိထားသင့်တဲ့ အသက်အာမခံတစ်ခုလို့လည်း ယုံကြည်မိတယ်။

အသက်အာမခံ ကျန်းမာရေး အာမခံ​များနဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုပါက အာမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင့်။

Khin Chan Myae
Financial Services Consultant
AIA Myanmar
Ph: 09 966933262
Viber: 09 266600494
Email: [email protected]

AIA Myanmar (Head Office )
22nd Floor, Junction City Office Tower
Bogyoke Aung San Road, Yangon

အသက်အာမခံ ထားမယ်ဆို ... ဘာကြောင့် Agent/ Advisor လိုအပ်တာလဲ။▪️သင့်ရဲ့အသက်အရွယ်နဲ့ ရရှိနိုင်မယ့် အာမခံအမျိုးအစားတွေကို သူ...
07/12/2024

အသက်အာမခံ ထားမယ်ဆို ... ဘာကြောင့် Agent/ Advisor လိုအပ်တာလဲ။

▪️သင့်ရဲ့အသက်အရွယ်နဲ့ ရရှိနိုင်မယ့် အာမခံအမျိုးအစားတွေကို သူ (Agent) ကအကြံပြု ဆွေးနွေးပေးမှာ ဖြစ်ပါတယ် ။
▪️တချို့အမျိုးအစားတွေဟာ အကျိုးခံစားခွင့်တွေ မတူသလို ပေးချေရမယ့် ပရီမီယမ်ကြေးတွေလည်း မတူပါဘူး။
▪️အာမခံတိုင်းမှာ အလျော်မရရှိနိုင်တဲ့ exceptions တွေလည်း ရှိနေကြပါတယ်။
ဒါတွေကို အသေးစိတ်ဆွေးနွေးဖို့ Agent/ Advisor တွေ လိုအပ်ပါတယ်။

သင့်ရဲ့ အမည် မှတ်ပုံတင် အလုပ်အကိုင် ဖုန်းနံပါတ် Gmail စတဲ့ ကိုယ်ရေးအချက်တွေ၊ သင့်ရဲ့ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေအားလုံးကို သက်ဆိုင်ရာ System ထဲကို မှန်ကန်စွာ ထည့်ပေးရပါတယ် ။

လိုအပ်ရင်
- သင့်ရဲ့အာမခံ အတွက် ဆေးစစ်ချက်တွေယူဖို့
ဆေးရုံနဲ့ချိတ်ဆက်ဖို့၊

- ပမာဏများတဲ့ အာမခံအမျိုးအစားတွေအတွက်
ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ တင်ပြဖို့

- သင့်ရဲ့အာမခံ, ခံစားခွင့် လွှဲပြောင်းထားတဲ့သူတွေကို
အပြောင်းအလဲပြုလုပ်ချင်ရင် ကူညီဖို့

- နေရပ်လိပ်စာပြောင်းတာ ဖုန်းနံပါတ်/email တွေ
ပြောင်းတာတွေကို ဆက်လက်ကူညီနေဖို့

- နောက်ဆုံး သင်ကိုယ်တိုင် ဆေးရုံရောက်ခဲ့ရင်
သော်လည်းကောင်း / သေဆုံးခဲ့ရင်
သော်လည်းကောင်း လျော်ကြေးရရှိဖို့အထိ
Agent တွေ လိုအပ်ပါတယ် ။

ဒီလို လူတစ်ယောက်ချင်းစီအတွက်
များပြားလှတဲ့ ကိစ္စတွေကို Agent မပါဘဲ
"ရုံးကိုပဲသွားမယ်၊ ရုံးကပဲ လုပ်ပေး" ဆိုတာမျိုးက လက်တွေ့မှာ မဖြစ်နိုင်ပါဘူး ။

✅ ဒါ့ကြောင့် မိမိကို စိတ်တိုင်းကျအောင်
ရှင်းပြပေးနိုင်မယ့် Agent/ Advisor ကို ရှာပါ။

✅ သူရောင်းတာကို မယူဘဲ ကိုယ်လိုချင်တဲ့
အာမခံအမျိုးအစားကို အနီးစပ်ဆုံးရအောင်ဆွေးနွေးပါ။

✅ အာမခံက ပေးနိုင်တဲ့ Benefits နဲ့
ကိုယ်လိုချင်နေတဲ့ Coverage
အဲဒီ နှစ်မျိုး အနီးစပ်ဆုံး ထပ်တူကျတဲ့
အာမခံအမျိုးအစားကိုရွေးချယ်ပါ။

✅ မိမိဘတ်ဂျက်နဲ့ နိုင်နင်းတဲ့ ငွေပမာဏကိုသာ
အာမခံထားပါ။
(နှစ်စဉ် ကိုယ်က ပရီမီယံ သွင်းနေရမှာကို သတိပြုပါ)

✅ ဖြစ်နိုင်ရင် ဖုန်းဆက်ဆွေးနွေးပါ၊ Appointment ပေးပြီး လူချင်းတွေ့ဆုံ ဆွေးနွေးပါ။
(တချို့က စာနဲ့ပဲမေးပြီး ဖုန်းမပြောချင်ကြပါဘူး။
ဒါဟာ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့
ကိုယ့်အာမခံကို ကိုယ်တိုင်က ပေါ့ပေါ့တန်တန်
သဘောထားတာပါ )
ဆွေးနွေးခြင်းအဆင့်မှာ တပြားမှ မကုန်ပါဘူး။

✅ Reputation ကောင်းတဲ့
Professional Agent/ Advisor ကို သေချာရွေးပါ။

*** မသေချာတဲ့ခေတ်ကြီးမှာ
အာမခံ တစ်စောင် ရှိထားခြင်းက
သင့်အပေါ် ကျရောက်လာမယ့် ဝန်ထုပ်ဝန်ပိုး
မိသားစုအပေါ် ကျရောက်နိုင်တဲ့ ဝန်ထုပ်ဝန်ပိုး တွေကို
အတိုင်းအတာတခုအထိ လျှော့ချပေးပါလိမ့်မယ်။

Credit to Min Yel Kyaw Swar

🔅 ရေတွေအများကြီး ဖြည့်ထားတာမို့ ရေပုံးပေါက်လို့ ရေ ယိုလည်း ကိစ္စမရှိပါဘူးဆိုပြီး မဖာဘဲ ထားကြမလား။ 🔅 ဒါမှမဟုတ် ဖာထေး ကြမလ...
06/12/2024

🔅 ရေတွေအများကြီး ဖြည့်ထားတာမို့ ရေပုံးပေါက်လို့ ရေ ယိုလည်း ကိစ္စမရှိပါဘူးဆိုပြီး မဖာဘဲ ထားကြမလား။

🔅 ဒါမှမဟုတ် ဖာထေး ကြမလား။

▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

👨‍👩‍👧‍👦အချို့သော မိသားစုတွေမှာ စီးပွားရှာတော်တဲ့ အဖေတွေ အမေတွေ ရှိကြတယ်။ ဒါပေမဲ့ အသက်အာမခံ ကျန်းမာရေးအာမခံတွေ ဝယ်မထားတဲ့အခါ သူတို့ရှာတဲ့ငွေတွေက သူတို့နာမကျန်းဖြစ်လို့ ကုသရတာနဲ့ ပြန်ကုန်သွားတာတွေ မကြာခဏဆိုသလို တွေ့ရပါတယ်။

🪣🫧 ဒါက ဘာနဲ့သွားတူသလဲဆိုရင်...ရေပုံးထဲကို ရေတွေပဲဖြည့်နေပြီး ရေပုံးပေါက်ရင် ဖာထေးဖို့ မေ့နေတာ နဲ့တူပါတယ်။

ဒါဖြင့်.. ရေတွေအများကြီး ဖြည့်ထားတာမို့ ရေပုံးပေါက်လို့ ရေယိုလည်း ကိစ္စမရှိပါဘူးဆိုပြီး မဖာဘဲ ထားကြမလား။ ❔️❔️

ဒါမှမဟုတ် ဖာထေး ကြမလား။ ❔️❔️

ရေပုံးပေါက်ရင် ဖာသလိုမျိုး
မိသားစုရဲ့ ဖြစ်လာနိုင်တဲ့ ငွေယိုပေါက်တွေကိုလည်း ကျန်းမာစဥ် အရွယ်ရှိစဥ်မှာ ကျန်းမာရေးအာမခံ အသက်အာမခံများနဲ့ ကြိုတင်ပြီး ဖာထေးထားသင့်လှပါတယ်။

🌎🌎အာရှ နိုင်ငံတွေ အလိုက် ကျန်းမာရေး အာမခံထားသူ ရာခိုင်နှုန်းကို လေ့လာကြည့်တဲ့အခါ....၁) ဂျပန် ၉၉ % ကျော်၂) တောင်ကိုရီးယား...
03/12/2024

🌎🌎အာရှ နိုင်ငံတွေ အလိုက် ကျန်းမာရေး အာမခံထားသူ ရာခိုင်နှုန်းကို လေ့လာကြည့်တဲ့အခါ....
၁) ဂျပန် ၉၉ % ကျော်
၂) တောင်ကိုရီးယား ၉၈ % ကျော်
၃) တရုတ် ၉၅ % ကျော်
၄) စင်ကာပူ ၉၅ % ကျော်
၅) ဗီယက်နမ် ၉၀ % ကျော်
၆) ထိုင်း ၈၅ % ကျော်
၇) မလေးရှား ၈၀ % ကျော်
၈) ဖိလစ်ပိုင် ၆၀ % ကျော်
၉) အိန္ဒိယ ၄၀ % ကျော်
၁၀) မြန်မာတွေကတော့ ၃ % ရာခိုင်နှုန်းကျော်ပဲ ရှိပါတယ်။

❌ ❌️ မြန်မာတွေ အားလုံးနီးပါး ကျန်းမာရေးအာမခံ မရှိကြတာက.. ကျန်းမာတဲ့ လူမျိုးတွေ ဖြစ်ကြလို့ မဟုတ်ပါ။

😒🥲မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အဆင့်က ကမ္ဘာ့ နိုင်ငံ ၁၆၇ နိုင်ငံမှာ အဆင့် ၁၀၉ မှာ ရှိ နေပါတယ်။

❓️❓️ဘာကြောင့် မြန်မာလူမျိုးအားလုံးနီးပါးမှာ ကျန်းမာရေးအာမခံ မရှိကြတာပါလဲ...

☑️☑️ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ စသဖြင့် အကြောင်းရင်း များစွာရှိပေမဲ့...

✅️✅️ ခေါတ်အဆက်ဆက်မှာ အာမခံနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အဖွဲ့အစည်း များစွာ မရှိခြင်းနှင့် အာမခံ အသိပညာ ဗဟုသုတ မျှဝေမှုပိုင်းမှာ အားနည်းကြခြင်းဟာလည်း အကြောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။

🔔🔔၂၀၁၉ နောက်ပိုင်းမှာ နိုင်ငံခြား အာမခံ ကုမ္ပဏီကြီးများ ဝင်ရောက်လာခြင်းနဲ့ ပြည်တွင်း အာမခံကုမ္ပဏီများစွာ ပေါ်ပေါက်လာခြင်းကြောင့် အာမခံအခန်းကဏ္ဍကို လူတွေ သတိပြုမိလာကြပါတယ်။

ဒါကြောင့်မို့..

🏆🏆ဒီလိုအခွင့်အလမ်း တွေရှိနေတဲ့ အချိန်မှာ...

👨‍👩‍👧👨‍👩‍👦Family Plan တစ်ခုအနေနဲ့

💝💝မိမိနဲ့ မိသားစုအတွက်

🏖☔️ကျန်းမာရေးကုန်ကျစရိတ်တွေ ရှိလာတဲ့အခါ ထိရောက်စွာအကူအညီဖြစ်စေနိုင်တဲ့ ကျန်းမာရေးအာမခံ အမျိုးအစားများကို ရွေးချယ်ဝယ်ယူထားသင့်နေပါပြီ။

Khin Chan Myae
Financial Services Consultant
AIA Myanmar
Ph: 09 966933262
Viber: 09 266600494
Email: [email protected]

AIA Myanmar (Head Office )
22nd Floor, Junction City Office Tower
Bogyoke Aung San Road, Yangon

 #အသက်အာမခံ ကျန်းမာရေး အာမခံမှာ  လူအများစု မသိသေးတဲ့ အရေးအကြီးဆုံး အရာတစ်ခု ရှိပါတယ်။ဘာလဲဆိုတော့..အာမခံဆိုတာ ငွေရှိတိုင်...
03/12/2024

#အသက်အာမခံ ကျန်းမာရေး အာမခံမှာ လူအများစု မသိသေးတဲ့ အရေးအကြီးဆုံး အရာတစ်ခု ရှိပါတယ်။
ဘာလဲဆိုတော့..အာမခံဆိုတာ ငွေရှိတိုင်း ဝယ်နိုင်တဲ့ ကုန်ပစ္စည်းတစ်ခု မဟုတ်ပါ။
အာမခံတစ်ခုကို ဝယ်ခွင့်ရဖို့နဲ့ အကာအကွယ်ကို အပြည့်အဝရဖို့ဆိုရင်...
ပထမအချက် အနေနဲ့ ..ရောဂါကြီးကြီးမားမားမရှိသေးတဲ့ ကျန်းမာရေးအခြေအနေ ဖြစ်ရပါမယ်။ တကယ်တော့ အာမခံကို ကျန်းမာခြင်းနဲ့ပဲ အဓိက ဝယ်ရတာပါ။
ဥပမာ.. #ကင်ဆာ​လို ရောဂါမျိုးတွေ ရလာတဲ့ အချိန်မှ ဆို.. အသက်အာမခံ ကျန်းမာရေးအာမခံတွေကို ဝယ်ခွင့်ရမှာ မဟုတ်ပါဘူး။ အာမခံဆိုတာ လူတိုင်းကြုံတွေ့ရမဲ့ အို၊ နာ၊ သေ ဆိုတဲ့ အရာတွေအတွက် ကိုယ်နဲ့ ကိုယ့်မိသားစုကို အထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ Plan တစ်ခု၊ Long-Term Plan တစ်ခုပါ။

နောက်တချက်ကတော့.. အာမခံ ဝယ်ယူခွင့်ရတဲ့ အသက်အရွယ် တစ်ခု ရှိနေရပါမယ်။
အရွယ်ရှိစဥ်မှာ ဝယ်ထားခြင်းက အာမခံကြေးက အရမ်းသက်သာပြီး အကာအကွယ်ဆ ပိုရပါတယ်။
အရွယ်လွန်မှဆို ဝယ်မရနိုင်ပါဘူး။

#အာမခံနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးလိုပါက အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင့်။

Khin Chan Myae
Financial Services Consultant
AIA Myanmar
IA ( N ) LI - 15064
Email [email protected]

📣⚡️လစဥ် ဖုန်းဘေလ်၊ အင်တာနက်ဘေလ် သုံးသလိုမျိုး   ကိုယ့်ကျန်းမာရေးစရိတ်အတွက် သုံးလိုက်မယ် ဆိုရင်ပဲ... 💰💰ကျန်းမာရေးအတွက် သိ...
28/11/2024

📣⚡️လစဥ် ဖုန်းဘေလ်၊ အင်တာနက်ဘေလ် သုံးသလိုမျိုး ကိုယ့်ကျန်းမာရေးစရိတ်အတွက် သုံးလိုက်မယ် ဆိုရင်ပဲ...

💰💰ကျန်းမာရေးအတွက် သိန်း ဆယ် ၊ ရာချီ စုဆောင်းထားတာနဲ့ ညီမျှသွားတယ်ဆိုရင် အံသြသွားမယ် ထင်ပါတယ်။

🤷‍♀️🤷မဖြစ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့.

💯💯AIA Myanmar ရဲ့ ကျန်းမာရေးအလုံးစုံအာမခံ လေးကို သေချာလေ့လာကြည့်ရင် အဖြေတစ်ခု တွေ့မှာပါ။

OHS နဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင် 09 966 933 262 ကို Hello လိုက်ပါနော်။

Khin Chan Myae
Financial Consultant
AIA Myanmar
A11525
License No. IA ( N ) LI - 15064

AIA Myanmar ရဲ့ နောက်ထပ် Unique Product လေး တစ်ခု အကြောင်း Sharing လေး လုပ်ပေးပါရစေရှင့် ကင်ဆာ အာမခံ Cancer Care အကြောင်...
28/11/2024

AIA Myanmar ရဲ့ နောက်ထပ် Unique Product လေး တစ်ခု အကြောင်း Sharing လေး လုပ်ပေးပါရစေရှင့်

ကင်ဆာ အာမခံ Cancer Care အကြောင်းပါရှင့်။

♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

ကင်ဆာဆိုတဲ့ ရောဂါက လူတွေကို ဘယ်လို ခြိမ်းခြောက်နေတယ်ဆိုတာ လူတိုင်းလည်း သိပြီးသားမို့ အများကြီး မရေးတော့ပါဘူးနော်။

သတိပြုဖွယ်ရာ သတင်းစကားပါးချင်တာ တစ်ခုကတော့..

World Cancer Day အရ
ကင်ဆာဆိုတာ...
"ကမ္ဘာပေါ်မှာ သေဆုံးမှုများရဲ့ ဒုတိယမြောက် အကြောင်းရင်းပါ " တဲ့...
"ကင်ဆာကြောင့် သေဆုံးသူများရဲ့ ၇၀ ရာခိုင်နှုန်းက ကျွန်မတို့ နိုင်ငံလို ဖွံ့ဖြုံးဆဲ နိုင်ငံတွေကပါ" တဲ့...

အားလုံး သိကြတဲ့အတိုင်း.. Cancer ဆိုတာက.... ဖြစ်လာခဲ့ပြီဆိုရင် ဝေဒနာခံစားရသူ နှင့် မိသားစုဝင်များကို စိတ်ပိုင်းဆိုင်ရာသာမက ငွေကြေးပိုင်ဆိုင်မှုတွေကိုပါ ကြီးမားစွာ ထိခိုက်နိုင်တာပါ...

ဒီလိုထိခိုက်နိုင်ခြေတွေကို Cancer Care ဆိုတဲ့ ကင်ဆာ အာမခံလေးနဲ့ ကြိုကာထားလို့ ရပါတယ်ရှင့်..

ဆေးပညာ တိုးတက်နေတဲ့ အခုခေါတ်မှာတော့...
အချို့သော ကင်ဆာတွေ( ဥပမာ ရင်သား ကင်ဆာ ၊ ဆီးကျိတ် ကင်ဆာ ၊ သိုင်းရွိုက်ကင်ဆာ )ကို စောစီးစွာ သိရှိပါက ပျောက်ကင်းအောင် ကုသနိုင်ပါပြီ။

ဒါဖြင့်...

🤔🤔 အာမခံကြေးက စျေးကြီးမှာလား ?????

📣📣 ၃၇ နှစ်အရွယ်အမျိုးသမီး တစ်ယောက်သည်...သိန်း ၃၀၀ အကာအကွယ်အတွက် ၉ သောင်းလောက်သာ ကျပါမယ်။
အာမခံထားငွေရဲ့ 0.3 % လောက်သာ ကျသင့်တာပါနော်..

နှစ်စဥ် အာမခံ ပေးသွင်းရငွေသည် . အသက်အရွယ် ကျား မ ပေါ်မူတည်ပြီး အနည်းငယ် ပြောင်းလဲပါမယ်။

☔️☔️ Rider လေးဖြစ်တဲ့ အတွက် တသက်တာရွေးချယ် အသက်အာမခံ UL သို့မဟုတ် အလုံးစုံ ကျန်းမာရေး အာမခံ OHS နဲ့ တွဲပြီး ဝယ်ယူနိုင်ပါတယ်ရှင့်။

🤝🤝 ကင်ဆာအာမခံအကာအကွယ် Cancer Care Rider နဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုပါက အခမဲ့ ဆွေးနွေး မေးမြန်းနိုင်ပါတယ်ရှင့်။

Khin Chan Myae
Financial Services Consultant
AIA Myanmar
Ph: 09 966933262
Viber: 09 266600494
Email: [email protected]

AIA Myanmar (Head Office )
22nd Floor, Junction City Office Tower
Bogyoke Aung San Road, Yangon

25/07/2024

Address

Bogyoke Aung San Road
Yangon
11141

Website

Alerts

Be the first to know and let us send you an email when AIA Universal Life Insurance - UL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share