19/05/2026
‼️ငလျင်ဒဏ်ခံနိုင်ဖို့ဆိုတာ Engineer တွေချည်းတာဝန်မဟုတ်ဘူး။
✅အိမ်ရှင်ကိုယ်တိုင်ကလည်း Structural Safety ကို တကယ်အရေးထားဖို့လိုတယ်။
-အခုများများတွေ့နေရတာက Archi Design လှရင်ရပြီ၊ Column လျော့၊ Beam ဖျောက်၊ Open Space များများလိုချင် ဆိုတဲ့ mindset တွေပါ။ ဒါပေမယ့် ငလျင်ဖြစ်လာတဲ့အချိန်မှာ အလှအပက အသက်မကယ်ပေးနိုင်ဘူး။ Structural System ကပဲ အသက်ကယ်ပေးနိုင်တာ။
-Engineer က seismic detailing အတိုင်း splice location, beam-column joint, shear wall position တွေ သေချာပေးထားပေမယ့် site ရောက်တော့ contractor convenience နဲ့ ပြောင်းပစ်တာတွေက အရမ်းအန္တရာယ်များတယ်။
-“ဒီလောက်လေးတော့ရပါတယ်” ဆိုတဲ့ culture က ငလျင်ဒဏ်မှာ အကြီးဆုံးပြဿနာဖြစ်လာနိုင်တယ်။
အိမ်ဆောက်မယ့်သူတွေ သိထားသင့်တာက —
✨Design fee သက်သာတာထက် design quality အရေးကြီးတယ်
‼️Structural drawing ကို site မှာ arbitrary ပြောင်းလို့မရဘူး
❌Supervision မရှိတဲ့ construction က drawing ကောင်းလည်း အန္တရာယ်ရှိနိုင်တယ်
‼️“Magnitude 8 ခံနိုင်တယ်” ဆိုတဲ့ marketing စကားထက် calculation နဲ့ detailing က ပိုအရေးကြီးတယ်
❌ငလျင်ဒဏ်ခံနိုင်မှုဆိုတာ အင်း၊ဂါထာ၊မန္တန် ကပ်ထားလို့မရဘူး၊ နှုတ်နဲ့ ပြောလို့မရဘူး။
✅Design + Construction + Owner awareness သုံးခုလုံးမှန်မှပဲ risk ကိုလျှော့နိုင်တာ။
💥 Engineering Express မှာ Construction Project Management Services ကို အပိုင်းလိုက် ရယူနိုင်ပါတယ် ခင်ဗျာ။
Photo from BBC News.
Disclaimer:
This article is shared for educational purposes only. Its aim is to help readers better understand and systematically use pages. No harmful or misleading intent is intended. The goal is to promote knowledge and responsible usage