Hybrid - Solar, Inverter, Battery Official Store

Hybrid - Solar, Inverter, Battery Official Store နေရောင်ခြည်စွမ်းအားကို 2x ပိုမိုသုံးနိုင်မည့် HYBRID (Solar, Inverter, Battery) Official Store

"ဆိုလာပြားများ မီးမလောင်အောင် ထိန်းသိမ်းခြင်း"ပြောင်းလဲလာသော လူနေမှုနှင့်အညီ စွမ်းအင်ချွေတာနိုင်ရန်အတွက် Solar ပြားများက...
15/04/2024

"ဆိုလာပြားများ မီးမလောင်အောင် ထိန်းသိမ်းခြင်း"

ပြောင်းလဲလာသော လူနေမှုနှင့်အညီ စွမ်းအင်ချွေတာနိုင်ရန်အတွက် Solar ပြားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုမှု၏ နောက်တွင် စနစ်တကျထိန်းသိမ်းနည်းများကို မသိရှိကြသဖြင့် Solar ပြားများ ကြာရှည်မခံခြင်း၊ အသုံးပြုနေစဉ် မီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

ဆိုလာပြားများမှတစ်ဆင့် မီးလောင်မှုများထဲတွင် အဓိကအချက်အနေနှင့် ပါဝင်နေတာကတော့ အားသွင်းရာတွင် အသုံးပြုသည့် Charger Controller ကို သေချာစွာ မတပ်ဆင်သောကြောင့်ဖြစ်ပါတယ်။ Charger Controller ဆိုတာကတော့ ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေးသည့် ကိရိယာပဲဖြစ်ပါတယ်။ နောက်ထပ် မီးလောင်ရခြင်းတွေကတော့ ဆိုလာနှင့် ချိတ်ဆက်ထားသော ကြိုးကို သင့်တော်သည့်ကြိုး အသုံးမပြုခြင်း၊ အရည်အသွေးပြည့်မီသော ကြေးကြိုးများ အသုံးမပြုခြင်း၊ ဝိုင်ယာကြိုးအပေါက်အပြဲများနှင့် တွဲဆက်၍ အသုံးပြုခြင်းတို့အပြင် ဆိုလာပြားတပ်ဆင်ချိန်တွင် သေချာစွာတုပ်နှောင်ခြင်းမရှိသောကြောင့် ဆိုလာပြားနှင့် ဘက်ထရီ အပေါင်းအနှုတ် ငုတ်ကြိုးများ ချောင်နေခြင်းတို့လဲ အပါအဝင်ပဲဖြစ်ပါတယ်ခင်ဗျာ။

ဆိုလာပြား မှမီးလောင်ခြင်းများ မဖြစ်ပွားရအောင်ဘယ်လိုကာကွယ်မလဲ
======================================
✅ကြားခံနယ် အဖြစ် Controller တစ်ခုခု ခံသုံးပါ။

✅သတ်မှတ်ထား သောoriginal ဝါယာကြိုးကိုသာစက်အဝင်ကြိုးအဖြစ် အသုံးပြုပါ။

✅အသုံးပြုခြင်းမရှိသည့် အခါမျိုးတွင် Controller or breaker main switch ပိတ်ထားပါ။

✅ဘက်တရီ အားအဝင်များမှုကြောင့် မီးလောင်မှုများမဖြစ်ပွားရအောင် ဆိုလာအဝင်ကြိုးကို breaker ခံသုံးပါ

✅ရာသီဥတုပူပြင်းသော နွေရာသီကာလမျိုးတွင် ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို အပူဒဏ်ခံနိုင်သောပိုက်လုံးထဲထည့်၍ အသုံးပြုပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hybrid - Solar, Inverter, Battery Official Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share