31/05/2017
လယ်သမားတွေကိုအခွန်ကောက်တော့မှာလား။
ဆဲဗင်းဒေးနယူးမှာဖတ်လိုက်ရတဲ့သတင်းကြောင့် အတွေးများခဲ့ရပါတယ်။ စပါး၊ ပဲ စတဲ့လယ်ယာထွက်ကုန် များ ရောင်းရငွေပမာဏကျပ်၅သိန်းကျော်လျင် ကြိုတင်ဝင်ငွေခွန် ၂%ဖြတ်တောက်ကောက်ယူမည်ဟု ဘဏ္ဍာအခွန်ဝန်ကြီးဌာနမှ အမိန့်ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သည်ဟုဖော်ပြထားပါသည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ အလတ်စားနှင့်အသေးစား အခွန်ထမ်းကုမ္ပဏီများအနေဖြင့် တကြိမ်တည်း ပေးချေမှု ကျပ်၅သိန်းနှင့်အထက်ပေးချေမှုများအတွက် ကြိုတင်ဝင်ငွေခွန် ၂% ဖြတ်တောက်ရမည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားချက်လည်းရှိထားပါသည်။ အခွန်ထမ်းကြီးများအတွက်မူ ကျပ်ငွေ ၁၅သိန်းနှင့်အထက်ပေးချေမှုတိုင်းအတွက် ကြိုတင်ဝင်ငွေခွန် ၂%ဖြတ်တောက်ပေးချေရမည်ဟုညွှန်ကြား ထားပါသည်။ ပြည်တွင်းတွင်လုပ်ငန်းခွဲမရှိသော နိုင်ငံခြားသားများအတွက်မူ ၎င်းတို့ကိုပေးချေမှုမှ ၂.၅% ဖြတ်တောက်ပေးချေရန်ဖြစ်ပြီး ထိုနိုင်ငံခြားသားအတွက်အပြီးသတ်ဝင်ငွေခွန်စည်းကြပ်ခြင်းလည်းဖြစ်ပါ သည်။
ဖော်ပြပါပြည်တွင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားချက်များကိုအခွန်ထမ်းများမှလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် နှစ်ချုပ်စာရင်းများရေးဆွဲတင်ပြလျက် ၀င်ငွေခွန်အပြီးသတ်စီးကြပ်မှုကိုခံယူရ မည်ဖြစ်ပါသည်။ ၎င်းကိစ္စသည် ကုမ္ပဏီများအတွက်လုပ်ရိုးလုပ်စဉ် ကိစ္စများဖြစ်၍ ထူးထူးခြားခြား အခက် အခဲဖြစ်သည်မဟုတ်ပါ။ ၀င်ငွေခွန်ဥပဒေအရ နိုင်ငံသားတိုင်း ၀င်ငွေခွန်ဆောင်ထိုက်သည့် ၀င်ငွေရရှိလျင် ၀င်ငွေခွန်ပေးရမည်ဖြစ်ပါသည်။လခစားဝန်ထမ်းများအတွက် မည်သို့ပေးဆောင်ရမည်ကိုတိတိကျကျ ညွှန်ကြားထားပြီးဖြစ်၍ အခက်အခဲမရှိပေးဆောင်၍ရပါသည်။ သို့သော်လယ်သမားများထံမှ ကြိုတင်ခွန် ဖြတ်တောက်ခြင်းနှင့် အပြီးသတ်ဝင်ငွေခွန်စည်းကြပ်ခြင်းသည် တိကျသောညွှန်ကြားချက်မရှိလျင် ဘေး ထွက်ဆီုးကျိုးအမြောက်အများထွက်ပေါ်လာမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် လယ်သမားများသည် နှစ်ချုပ် စာရင်းရေးဆွဲတင်ပြရန်အလွန်မလွယ်ကူသောကိစ္စတရပ်ဖြစ်ပါသည်။ ထို့အတွက်မည်သူက လယ်သမား များအတွက်နှစ်ချုပ်စာရင်းများရေးဆွဲပေးမည်နည်း။ ပုဂ္ဂလိက Audit Firm များသို့စာရင်းအပ်နှံရေးဆွဲစေ မည်လား သို့မဟုတ် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနက သတ်မှတ်ပုံစံဖြည့်စွက်စေပြီး အပြီးသတ်ဝင်ငွေ ခွန်စည်းကြပ်မည်လား၊ ထိုသို့ဆောင်ရွက်ရန်အတွက် ငွေပေးငွေယူအထောက်အထားများ အခိုင်အမာတင် ပြရန်လိုအပ်ပါသည်။
အထောက်အထားနှင့်ပတ်သက်၍ ကုမ္ပဏီများပင်လျင်ပြည့်စုံစွာတင်ပြနိုင်မှုအားနည်းလျက်ရှိသည်ကို ပြည် တွင်းအခွန်ဦးစီးဌာနအနေဖြင့်သိရှိထားပြီးဖြစ်ပါသည်၊ ထို့ကြောင့်ပင်လျင်ခန့်မှန်းအခွန်စည်းကြပ်မှုများ ဆောင်ရွက်နေရသည်များရှိနေပါသည်၊ လက်ရှိအခြေအနေဖြင့် လယ်သမားများထံမှကြိုတင်ခွန်ကောက် ယူပြီးနောက် အပြီးသတ်စည်းကြပ်မှုပြုလုပ်လျင် ခန့်မှန်းစည်းကြပ်မှုများသာလျင်ပြုလုပ်ရနိုင်ဖွယ်ရှိပါသည်။ ထိုအခြေအနေမျီုးတွင် လယ်သမားများအဖို့အခွန်ဝန်ထုပ်ဝန်ပိုးဖြစ်ရန်အလားအလာပိုများပါသည်။ လယ်၅ ဧကရှိသောလယ်သမားတဦးအားကိန်းဂဏန်းချတွက်ချက်ကြည့်နိုင်ပါသည်။
လယ်တဧကကုန်ကျစရိတ်
ထယ်ထိုး ၂လွှာ ၃၀၀၀၀ကျပ်
ထွန်မွှေ ၁လွှာ ၁၂၀၀၀ကျပ်
မျီုး ၂တင်း ၁၄၀၀၀ကျပ်
ပျိုးနုတ် ၁ဧကစာ ၁၀၈၀၀ကျပ်
ကောက်စိုက် ၁ဧက ၄၅၀၀၀ကျပ်
ယူရီးယား ၂အိတ် ၅၀၀၀၀ကျပ်
ကွန်ပေါင်း ၀.၅အိတ် ၁၅၀၀၀ကျပ်
ကောက်ရိတ် ၁ဧက ၄၅၀၀၀ကျပ်
အထွေထွေ ၁ဧက ၅၀၀၀၀ကျပ်
စုစုပေါင်း ၂၇၁၈၀၀ကျပ်
၅ဧကအတွက် ၁၃၅၉၀၀၀ကျပ်
စပါးအထွက် ၃၅၀တင်း
ရောင်းရငွေ ၁၄၀၀၀၀၀ကျပ် (၁၀၀တင်း ၄၀၀၀၀၀ကျပ်)
ဖော်ပြပါစရိတ်များသည် ၂၀၁၆ခုနှစ်အတွင်းကုန်ကျခဲ့သောစရိတ်များဖြစ်ပြီး ထိုကိန်းဂဏန်းများအရ ၅ဧက ပိုင်လယ်သမားတဦး၏အကြမ်းအမြတ်သည် ကျပ်၄၁၀၀၀၀န်းကျင်သာလျင်ရှိပါသည်၊ ထိုပမာဏသည် ၀င်ငွေခွန်ကင်းလွတ်ခွင်ပြုသည့်ငွေပမာဏဖြစ်သောကျပ် ၂၅၀၀၀၀ အောက်လျော့နည်းနေပါ၍ အခွန် ကောက်ခံရန်မလိုအပ်သောဝင်ငွေဖြစ်ပါသည်၊ သို့ဖြစ်လျင်ကြိုတင်ကောက်ခံထားသော ကြိုတင်ခွန် ၂% အားပြန်လည်ပေးအပ်ရမည်ဖြစ်ပါသည်။ ထိုအခါသက်ဆိုင်ရာဌာနနှင့် လယ်သမားအကြား အလုပ်ရှုပ်မှု၊ အငြင်းပွားမှုများနှင့်တကွမလိုလားအပ်သောပြသနာများဆက်တိုက်ပေါ်ပေါက်လာနိုင်ပါ၍ ဘဏ္ဍာအခွန် ၀န်ကြီးဌာနအား လယ်သမားများကိုအခွန်ကောက်တော့မှာလား၊ Value of Money အားတွက်ချက်ပြီးပါပြိ လားဟုမေးရန်သာရှိပါတော့သည်။